ဂျီဝမ်ဖုန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ အဆုံးတွင် "ဘာမှမဟုတ်တော့ဘူး။ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က အရမ်းကောင်းတယ်။ သူမရဲ့ အရည်အချင်းက မင်းကို မမှေးမှိန်သွားအောင် သတိထားပါ" ဟု သူပြောသည်။
ထိုအခိုက်အတန့်တွင် သူမသည် မျက်လုံးများဖွင့်ကာ သူ့ကို စနောက်စွာ ကြည့်သည်။
"ပြောချင်တာက ဒါပဲလား"
"အဲဒီအကြည့်ကဘာလဲ" ဂျီဝမ်ဖုန်းနှာခေါင်းကို ပွတ်သပ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး။" ရှီရန်သည် မျက်လုံးများကို ပြန်မှိတ်ထားကာ သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးက ရှိနေသေးသည်။
ထိုအချိန်တွင် သူမ၏အိတ်ကပ်ထဲတွင် ဖုန်းမြည်လာသည်။
သူမ ကောက်ကိုင်လိုက်သည်။
-ရှီပိုင်လီ
သူမ ချက်ချင်းပြန်မဖြေပေ။ ၎င်းအစား သူမ က အတွေးထဲ၍ နစ်မျောနေသလို ဖုန်းကို မှောက်ပစ်လိုက်သည်။
အဖေရှီ (သို့) ရှီပိုင်လီက သူမကို ခေါ်သည်မှာ သေချာပေါက် ကောင်းသောအရာမဟုတ်ပေ။
မကြာသေးမီက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အားလုံးကို သူမ ပြန်တွေးကြည့်မိသည်။
ရှီရန်က လှောင်ရယ်မောလိုက်သည်။ သူမသည် တစ်ဖက်သား၏ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပြီဖြစ်သည်။
ဖုန်းဖြေရန်ခလုတ်ကို ပွတ်ဆွဲရင်း ဖုန်းကို နားရွက်နားသို့ မြှောက်လိုက်သည်။
"ခဏလောက် အိမ်ပြန်လာခဲ့။ ငါ မင်းနဲ့ စကားပြောဖို့လိုတယ်" လို့ ငြင်းခုံမရနိုင်သောလေသံနဲ့ သူ ပြောသည်။
"ဒီကိုလာပြီး ရှင် ကျွန်မကိုလာတွေ့လိုက်။"
ထိုသို့ပြောပြီး ရှီရန်က ဖုန်းချလိုက်သည်။
ဂျီဝမ်ဖုန်းက ဘေးကို ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောပေ။
လေးနာရီကြာပြီးနောက်တွင် ကားသည် ရှီရန်၏တိုက်ခန်းအဆောက်အဦးအပြင်ဘက်တွင် ရပ်သွားသည်။
သူမ ကားပေါ်မှ ဆင်းလိုက်သည်။
နောက်ကားတစ်စီးရောက်လာပြီး သူတို့ရှေ့တွင် ဘေးတိုက်ရပ်လိုက်သည်။
ကားပြတင်းပေါက်နိမ့်ဆင်းသွားကာ ရှီပိုင်လီ၏မျက်နှာကို တွေ့ရသည်။
သူ့မျက်လုံးက လိမ္မာပါးနပ်ပြီး ရှီရန်ကို သူ့သမီးကို ကြည့်နေသလိုမျိုး မဟုတ်ဘဲ ကုန်ပစ္စည်းတစ်ခု၏တန်ဖိုးကို အကဲဖြတ်နေသလို ကြည့်နေသည်။
"မင်း KT အဖွဲ့ရဲ့ တတိယမြောက်သခင်လေးချူးကို သိတယ်လို့ကြားတယ်" ရှီပိုင်လီက လိုရင်းကိုတိုက်ရိုက်ပြောသည်။
"ရှင် ဘာသိချင်တာလဲ?" ရှီရန်က လှောင်ရယ်မောလိုက်သည်။
"တတိယသခင်လေးချူးနဲ့ မင်းရဲ့ဆက်ဆံရေးက ဘာလဲဆိုတာကို ငါသိချင်တယ်" ဟု တိုက်ရိုက်မေးသည်။
ရှီရန်သည် သူမ၏အနီရောင်နှုတ်ခမ်းကို လက်ညိုးဖြင့် ပွတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "သူနဲ့ကျွန်မက...
ကျွန်မတို့ရဲ့ဆက်ဆံရေးကိုအတည်ပြုပြီးပြီ။"
"ဘမ်း-"
ဂျီဝမ်ဖုန်း၏လက်ထဲက လက်ဆွဲအိတ်က အသံကျယ်လောင်စွာဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားသည်။
သူ ထိတ်လန့်သွားသည်။
တတိယသခင်လေးနဲ့ ရှီရန်တို့က တွဲနေကြပြီလား။
'မင်း ငါ့ကို အမှန်အတိုင်းပြောနေတာလား။' ရှီပိုင်လီက သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားပြီး သူ ခံစားနေရသောခံစားချက်ကို မည်သူကမှ ခန့်မှန်းမရအောင် ကြိုးစားနေသည်။
"အဲ့ဒါက ရှင် ကြားချင်နေတဲ့အရာပဲ မဟုတ်လား"
ရှီပိုင်လီ၏မျက်နှာပေါ်ရှိအမူအရာ အေးခဲသွားသည်။ "မင်းငါ့ကိုလိမ်နေတာလား?"
"အဲ့ဒါမဟုတ်ရင် ဘာထပ်ဖြစ်နိုင်မလဲ?"
ရှီရန်ကို တိတ်တဆိတ်ကြည့်နေရင်း ရှီပိုင်လီ၏မျက်လုံးများသည် လက်နှိပ်မီးကဲ့သို့ပင် ဖြစ်နေသည်။
သူ့မွေးစားသမီးက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။
သူလာရသည့်ရည်ရွယ်ချက်ကို သတိရပြီး “ငါ မင်းနဲ့ စကားပြောဖို့ လိုတယ်” လို့ ပြောသည်။
"ကျွန်မ စိတ်မဝင်စားဘူး။" သူမ ချက်ခြင်း ငြင်းဆန်လိုက်သည်။
'မင်းရဲ့မောင်အကြောင်းကို မသိချင်တော့ဘူးလား'
ထို့နောက် ရှီရန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
ငါးမိနစ်အကြာတွင် ရှီရန်နဲ့ရှီပိုင်လီတို့သည် ကော်ဖီဆိုင်ထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
စားပွဲထိုးက ကော်ဖီတစ်ခွက်ကို ရှီရန်ရှေ့တွင် ချပေးသည်။
ရှီရန်သည် ရှီပိုင်လီကို တစ်ချက်ကြည့်လိုက်သည်။ "ဆက်ပြောလေ။"
"မင်း တော်တော်ပြောင်းလဲသွားပြီ။" ရှီပိုင်လီသည် ထိုင်ခုံပေါ်တွင် နောက်ပြန်မှီကာ သူ့ပေါင်ပေါ် လက်ကို တင်ထားသည်။
ရှီရန်က နှုတ်ခမ်းကို ဖိကာ စကားပြန်မပြောပေ။
၎င်းကိုမြင်သောအခါ ရှီပိုင်လီက ဆက်ပြောသည်။"မင်းရဲ့မောင် မသေခင်မှာ မင်းအတွက် တစ်ခုခု ထားခဲ့တယ်"
"ရှင့်ရဲ့အပေးအယူကိုသာ ပြောပါ" ရှီရန်က အေးစက်စွာပြောသည်။
ရှီပိုင်လီနဲ့ တခြားသူက သူမ၏မောင်က သူမအတွက် တစ်ခုခု ထားခဲ့သည်ကို မပြောဖူးပေ။
ယခု ထိုအရာက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူ့တွင် ရည်ရွယ်ချက်တစ်ခုရှိရမည်။
ရှီပိုင်လီက ရှီရန်ကို သဘောကျစွာ ကြည့်နေသည်။
ဤမွေးစားသမီးက တကယ်ကို မတူညီတော့ပေ။ သူမသည် ပို၍ ထက်မြက်လာသည်။
သူက သူ့လက်ထောက်ဆီက ဖိုင်တစ်ခုကိုယူပြီး ရှီရန်ကို ပေးလိုက်သည်။
ရှီရန်က တခဏအတွင်း လှန်ကြည့်လိုက်သည်။
၎င်းသည် တင်ဒါအဆိုပြုချက် ဖြစ်သည်။
"KT အဖွဲ့က ပရောဂျက်အသစ်ကို စတင်လုပ်နေတာ။ ငါတို့ကုမ္ပဏီက တင်ဒါမှာ ပါဝင်ထားတယ်။"
ရှီရန် ဖိုင်ကို ပိတ်လိုက်သည်။
"ရှင်က ကျွန်မကို ကူညီပေးခိုင်းချင်တာလား။ တတိယသခင်လေးချူးနဲ့ ကျွန်မရဲ့ဆက်ဆံရေးက ရှင် ဘယ်လိုထင်နေတာလဲ"
"ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် မင်းလုပ်နိုင်သရွေ့ မင်းမောင်ရဲ့ပစ္စည်းကို ငါပေးမယ်။" ရှီပိုင်လီ၏လေသံသည် အေးစက်ပြီး ပြတ်သားသည်။
"ဟား" ရှီရန်က လှောင်ရယ်မောလိုက်သည်။
သူမကိုင်ဆောင်ထားသောအရာကို သူဆီ ပစ်ပေးလိုက်သည်။
ရှီပိုင်လီ၏မဲနက်နေသောအမူအရာကို မြင်၍ သူမ ပြုံးလိုက်သည်။ "ကျွန်မကို ဒီအရာတွေနဲ့ လာလုပ်ခိုင်းလို့ရမယ် ထင်နေတာလား။"
"ဒါဆို မင်းဘာလိုချင်လဲ"
ရှီရန်သည် သူမ၏မေးစေ့ကို လက်ဖြင့် ထောက်လိုက်ကာ သူမ၏မျက်လုံးများက စိတ်ဝင်စားမှု ပြည့်နှက်နေသည်။ "ကျွန်မ ရှီဟုန်ရဲ့အိမ်ခြံမြေအကျိုးဆောင်ကို ငါးရာခိုင်နှုန်းလိုချင်တယ်။"
"မဖြစ်နိုင်ဘူး" ရှီပိုင်လီက ချက်ချင်းငြင်းလိုက်ပြီး သူ့မျက်နှာက ဖြူဖပ်သွားသည်။
"ဒါဆို ဘာဆက်ပြောစရာလိုသေးလို့လဲ" ရှီရန်က ထွက်သွားဟန်ဆောင်သည်။
"နေဦး"
ရှီပိုင်လီက ရှီရန်ကို ခေါ်လိုက်သည်။ ခဏလောက်စဉ်းစားပြီးမှ သူက ပြောသည်။ "သခင်ကြီး ကွယ်လွန်သွားတုံးက ရှယ်ယာ ၅% ကို မင်းအတွက် ချန်ထားခဲ့တာ အမှန်ပဲ။ ဒါပေမယ့် အဲဒါက ဖေးဖေးကို ပေးသင့်တယ်"
ရှီရန်သည် ရှီပိုင်လီဆက်ပြောရန် စောင့်ဆိုင်းရင်း သူမ၏ခွက်အနားသတ်ကို ပွတ်နေလိုက်သည်။
"ငါက မင်းရဲ့ရှယ်ယာတွေကို ဖေးဖေးကို ပြန်လွှဲဖို့ အစကတည်းက အချိန်တစ်ခုရှာဖို့ စီစဉ်ထားတာ။ မင်း ရှီဟုန်ကို ဒီတစ်ကြိမ်မှာ အောင်အောင်မြင်မြင်လေလံဆွဲနိုင်အောင် ကူညီပေးနိုင်ရင် 5% ကို လက်ဆောင်အဖြစ် မင်းကို ငါပေးမယ်။"
ရှီရန် ပြုံးရယ်မိသည်။ "အဖိုးက ဒီငါးရာခိုင်နှုန်းကို အစကတည်းက ကျွန်မအတွက်ချန်ထားခဲ့တာ။ဥပဒေနဲ့အညီဆိုရင်တောင် အဲဒါက ကျွန်မ ပိုင်ဆိုင်တုန်းပဲ။ ကျွန်မကို ညှိနှိုင်းဖို့အတွက် ကျွန်မအပိုင်ပစ္စည်းတွေကို အသုံးပြုနေတာလား။"
"ရှီရန်၊ မင်းက တတိယမြောက်သခင်လေးချူး ကို လက်ထပ်ချင်ပေမယ့် မင်းက သူနဲ့ထိုက်တန်တယ်လို့ ထင်နေတာလား။ ရှီမိသားစုကို ပိုကောင်းအောင်လုပ်ပေးမှ ချမ်းသာတဲ့မိသားစုမှာ မင်း လက်ထပ်ဖို့ အခွင့်အရေးရနိုင်မှာ။ အဲ့ဒါကိုတောင် မင်းကို ငါ ပြောပြဖို့ လိုသေးတာလား"
ရှီရန်သည် သူမ၏ဆံပင်များကို လက်ချောင်းဖြင့် ကစားနေလိုက်သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း အများဆုံး ကြားရသည့်စကားက သူမသည် ချူးကျင်းချန်းနှင့် မထိုက်တန်ဟူသောစကားဖြစ်သည်။
ချူးကျင်းချန်းအပေါ် သူမ ခံစားချက်မရှိသော်လည်း ယခုလိုနှိမ့်ချခံရခြင်းက တကယ်ကိုစိတ်အနှောင်အယှက်ဖြစ်မိသည်။
သူမသည် ရှီပိုင်လီကိုကြည့်ကာ ပြုံးလိုက်သည်။ "ရှီမိသားစု ဘယ်လောက်ပဲကောင်းနေပါစေ ချူးမိသားစုက ကျွန်မတို့ကို အထင်ကြီးမှာမဟုတ်ဘူး။ ဒါကြောင့် အိပ်မက်မက်နေတာတွေကို ရပ်လိုက်တော့။"
၎င်းကိုပြောပြီးနောက် သူမ ထထွက်သွားသည်။
သူမဘဝ၏အရေးကြီးဆုံးဆယ်မိနစ်ကို ဖြုန်းတီးမိသည်ဟု သူမ ခံစားရသည်။
အဓိပ္ပါယ်မဲ့တဲ့စကားဝိုင်းတစ်ခုပဲ
ဒါပေမဲ့... ဒါက လုံးဝ အသုံးမဝင်တာတော့မဟုတ်ဘူး။
ရှီရန်အိမ်ပြန်ရောက်သောအခါ သူမသည် အလုပ်ခန်းကို ချက်ခြင်းသွားကာ ဘဏ်ကတ်ကို ထုတ်ယူလိုက်သည်။
အဖိုးက သူမအား ဘဏ်ကတ်ကို ဟိုတုန်းက ပေးခဲ့ဖူးသည်။ နှစ်စဉ်သူမ၏ထောက်ပံ့ကြေးကို ဤကတ်သို့ ပေးပို့မည်ဟု သူက ပြောသည်။
ရှီရန်သည် ဘဏ်စနစ်သို့ ဝင်ရောက်ပြီး ငွေလွှဲမှုမှတ်တမ်းတိုင်းကို စစ်ဆေးသည်။
မူလပိုင်ရှင် အသက်ဆယ့်နှစ်နှစ်မှစ၍ ဤကတ်သည် လစဉ်လစဉ် ငွေအများကြီးရမည်ဖြစ်ပြီး ကနဦး တစ်လငါးထောင်မှ တစ်သောင်း၊ ငါးသောင်း၊ နောက်ဆုံးတစ်သိန်းအထိ ရရှိမည်ဖြစ်သည်။
လွန်ခဲ့သည့်ငါးနှစ်က ဇွန်လအထိ နောက်ဆုံးငွေလက်ခံရခဲ့သည်။ ပမာဏမှာ သုံးသိန်းအထိ မြင့်မားသည်။
မူလပိုင်ရှင် အသက် 15 နှစ်အရွယ်တွင် အဖိုးကွယ်လွန်ခဲ့သဖြင့် သူသေဆုံးသွားသည်မှာ ရှစ်နှစ်ရှိပြီဖြစ်သည်။ ဒါဆို ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ ဘယ်သူက ငွေတွေလွှဲနေခဲ့တာလဲ?
ရှီရန်သည် ပေးပို့သူ၏အသေးစိတ်အချက်အလက်များကို သေချာကြည့်သည်။ ကတ်နံပါတ်တစ်ခုသာရှိသည်။
အလုပ်လုပ်ရင်းနဲ့ သူမကလက်ချောင်းများက လျင်မြန်စွာလှုပ်ရှားနေသည်။
သူမ၏နက်မှောင်သောမျက်အိမ်သည် လျင်မြန်စွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောကုတ်များကို ရောင်ပြန်ဟပ်နေသည်။
'Newtown?'
နိုင်ငံခြားကမြို့တစ်မြို့
သူမ၏မောင်ဖြစ်သူမှာလည်း Newtown တွင် ဆေးကုသမှုခံယူခဲ့သည်။
ထို့အပြင် မူရင်းပိုင်ရှင်၏မောင်သည် လွန်ခဲ့သောငါးနှစ်က ဇွန်လကုန်တွင် ကွယ်လွန်သွားကြောင်း မူရင်းစာအုပ်တွင် ဖော်ပြထားသည်။
တိုက်ဆိုင်မှုတစ်ခုလား?
အတွေးနက်နဲစွာဖြင့် စားပွဲပေါ်လက်ညိုးကို ခေါက်နေလိုက်သည်။
ထိုအချိန်တွင် စားပွဲပေါ်ရှိ ဖုန်း အသံမြည်လာသည်။
သူမ ကောက်ကိုင်လိုက်သည်။
ချူးကျင်းချန်း၏မက်ဆေ့ဖြစ်သည်။
[ချူးကျင်းချန်း]- KT အဖွဲ့ရဲ့တင်ဒါပရောဂျက်မှာ ရှီဟုန်ရဲ့အိမ်ခြံမြေအကျိုးဆောင် ပါဝင်နေတယ်။
ရှီရန်က မျက်ခုံးပင့်လိုက်သည်။
ရှီပိုင်လီက ဒါက သေးငယ်တဲ့ပရောဂျက်တစ်ခုလို့ ပြောတယ်။ ချူးကျင်းချန်းလို CEO ကြီးတစ်ယောက်က ဒီလိုပရောဂျက်အသေးစားတစ်ခုကို ဂရုစိုက်နေရတာလဲ။
သူမ စာရေးပြီး ပို့လိုက်သည်။
[ရှီရန်]- တတိယသခင်လေးကလည်း အသေးစား ပရောဂျက်တွေကို စီမံခန့်ခွဲတာပဲလား။
[ချူးကျင်းချန်း]- လက်အောက်ကလူတွေက ကျွန်တော်တို့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ထင်ကြတဲ့အတွက် သူတို့တင်ပြလာကြတာ။ အားလုံးက ရှီရန်ကို ကျွန်တော်ကြိုက်နေတယ်လို့ ထင်တဲ့ပုံပဲ။
[ရှီရန်]- ကင်မရာရှေ့မှာ အရမ်းထွက်လာမပြနဲ့တော့။ ဒါဆို ဘယ်သူကမှ အထင်လွဲနေမှာ မဟုတ်ဘူး။
[ချူးကျင်းချန်း]- အထင်လွဲတယ်?
[ရှီရန်] - အရင်ကရေချိုးခန်းထဲဝင်လာမိလို့ ကျွန်မကို လက်စားချေချင်တယ်ဆိုရင်လည်း ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် ကင်မရာရှေ့မှာတော့ မလုပ်ပါနဲ့။ အဲ့ဒါက အရမ်းဒုက္ခဖြစ်လွန်းတယ်။