၄၈
Viewers 154

"မမ..." ရှီဝန်ဖေးက စိတ်ထိခိုက်စွာ ကြည့်နေသည်။

သူမ စကားတစ်ခွန်းမှပြန်မပြောနိုင်ခင် ရှီရန်က မတ်တပ်ထရပ်လာသည်။ သူမ၏အိတ်ကပ်ထဲမှ လက်တစ်ဖက်ထည့်၍ သူမသည် ပိုင်ကျင်းထျန်ဆီသို့ဦးတည်သွားကာ "ဒိတ်သွားလုပ်ကြရ​အောင်" ဟုဆိုသည်။

သူမ၏ထိုမိုက်လွန်း​နေ​သောပုံစံက ပိုင်ကျင်းထျန်ကို ရယ်မောစေသည်။

"ကောင်းပါပြီ" ဟု ညင်သာစွာ သဘောတူသည်။

သူတို့နှစ်​ယောက်ဘေးချင်းကပ်ပြီး ထွက်သွားကြသည်။ ကူကျားက သူတို့ထွက်သွားသည်ကိုကြည့်ပြီး ခေါင်းငိုက်စိုက်ကျသွားသည်။

ရှီဝန်ဖေးက ၎င်းကို သတိထားမိပြီး သစ္စာမဲ့သောအလင်းတန်းတစ်ခု သူမမျက်လုံးထဲတွင် လင်းလက်သွားသည်။

သူမသည် ကူကျားကို ရန်တိုက်ပေးရန်ကြိုးစားနိုင်မည့်ပုံပေါ်သည်။

ရှီရန်နှင့်ပိုင်ကျင်းထျန်သည် ဦးတည်ချက်မဲ့စွာ ထွက်လာကြသည်။

ယနေ့ညအတွက် ဒိတ်ကို အမျိုးသမီးဧည့်သည်များက ဆုံးဖြတ်ခဲ့သည်။

ရှီရန်က စကားမပြောသည်ကိုမြင်၍ ပိုင်ကျင်းထျန်က ယ​နေ့ည၏ဒိတ်က လမ်းလျှောက်ခြင်းဟုသာ တွေးနေလိုက်သည်။

ရှီရန်၏ပင်ကိုယ်စရိုက်ကြောင့် ၎င်းသည် ဖြစ်နိုင်ပေသည်။

သစ်ပင်များစီတန်းနေ​သောလမ်းအတိုင်း လမ်းလျှောက်လာရင်း လေက တစ်ဖက်တစ်ချက်စီတွင် သစ်ရွက်များကို တိုက်ခတ်အသံမြည်​နေစေသည်။

ဗီလာဧရိယာမှ ထွက်လာပြီးနောက် ပိုင်ကျင်းထျန်သည် အနက်ရောင် Haro ကို သတိပြုမိသည်။ ၎င်း၏ကိုယ်ထည်သည် လှပပြီး မိုက်ပြီး ဦးထုပ်နှစ်လုံးပါရှိသည်။

သူမသည် ရှေ့သို့ လှမ်းသွားကာ ဦးထုပ်ကို ကောက်ယူလိုက်ပြီး ခြေထောက်ကို ခွထိုင်လိုက်သည်။

ထို့နောက် သူမသည် အခြားဦးထုပ်တစ်လုံးကို ပိုင်ကျင်းထျန်အား ပေးလိုက်သည်။ပိုင်ကျင်းထျန်က နားမလည်​သော်လည်း ၎င်းကို လှမ်းယူလိုက်သည်။

"ဒါကို အ​တွေ့အကြုံယူကြည့်ချင်လား?" ရှီရန်က မျက်ခုံးပင့်ကာ မေးသည်။

ပိုင်ကျင်းထျန်အနည်းငယ် အံ့သြသွားသည်။ "ဘာလို့ ဒါကိုရွေးခဲ့တာလဲ"

"ဒီနေ့ ကား​မောင်းပြိုင်တာ မဝ​သေးလို့ထပ်မောင်းချင်သေးလို့ပေါ့" ဟု ရှီရန်က ပခုံးတွန့်ကာ ပြောသည်။

ပိုင်ကျင်းထျန် က ခဏလောက် အံ့အားသင့်သွားပြီး သူက ညင်သာစွာ ပြုံးပြီး "ကောင်းပြီလေ" ဟု ပြောသည်။

ဦးထုပ်ကို ဆောင်းပြီး နောက်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"မြဲမြဲကိုင်ထား" ရှီရန်က သူမအသံကို မြှင့်လိုက်သည်။

ပိုင်ကျင်းထျန် မသိစိတ်က သူ့လက်ကို နောက်ဘက်တွင် ထားလိုက်သည်။

"ဗူး-"

ဆိုင်ကယ်က အသံထွက်လာသည်။

ညရှစ်နာရီထိုးပြီဖြစ်ပြီး လမ်း ရှုပ်​နေသည်။

ရှီရန်သည် ကျယ်ပြန့်သောလမ်းကို အမြန်ဖြတ်ကူးကာ တတ်နိုင်သမျှ မြန်မြန်မောင်းသည်။

အကွေ့တွင် ဆိုင်ကယ်သည် တိမ်းစောင်းသွားကာ ၎င်း၏ကိုယ်ထည်သည် လမ်းနှင့်ထိလုနီးပါး ဖြစ်သွားသည်။

ပိုင်ကျင်းထျန်သည် ရှီရန်၏ခါးဘေးနှစ်ဖက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။

ဆိုင်ကယ်က သူ့ဘာသာသူ ဖြောင့်မတ်သွားသည်။

ပိုင်ကျင်းထျန်က စိတ်သက်သာရာ ရသွားသည်။
သို့​သော် စိတ်လှုပ်ရှားမှုက သူ့နှလုံးသားထဲတွင်ကျန်နေသည်။

သူ့နှလုံးခုန်သံ မြန်​နေသည်။

ဤခံစားချက်ကို သူ မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သည်...

မျက်လုံးအ​ရောင်များ ပြောင်းလဲသွားသည်။

လမ်းဆုံးက ဘယ်မှာရှိမှန်း မသိသော်လည်း သူ့အသားအ​ရေကို ဖြတ်သန်းသွားသော လေတိုက်နေ​သောခံစားချက်ကို သဘောကျသည်။

ဆိုင်ကယ် ရပ်သွားသောအခါ သူ အနည်းငယ် မ​ကျေမ​နပ်ဖြစ်သွားသည်။

သူတို့နှစ်ယောက်သား ချိန်းတွေ့နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။ သူသည် ချက်ချင်း အံ့အားသင့်သွားသည်။

"One Heart Paradise?"

One Heart Paradise သည် မြို့ A ရှိ အကျော်ကြားဆုံး အားကစားစင်တာဟု သတ်မှတ်ခံရပြီး စိတ်လှုပ်ရှားဖွယ်ရာ အားကစားအတွေ့အကြုံ မျိုးစုံရှိသည်။

၎င်းတို့အထဲတွင် အမြင့်ခုန်ချခြင်းသည် အကျော်ကြားဆုံးဖြစ်သည်။ ၎င်းသည် အမြင့် 240 မီတာရှိပြီး တရုတ်နိုင်ငံတွင် အမြင့်ခုန်ချခြင်း၏အဖိုးတန်သောနေရာများထဲမှ တစ်ခုဖြစ်လာသည်။

သူ ၎င်းကို ကြားဖူးသော်လည်း တစ်ခါမှ မခုန်ချဖူးပေ။

ထိုအတွေးက သူ့ကို အံ့အားသင့်စေကာ သူက ပြောသည်။“မဟုတ်မှလွဲရော…”

"ရှင် အမြင့်မခုန်ကြည့်ချင်ဖူးလား" ရှီရန်က ပြုံးပြုံးလေး မေးသည်။

ပိုင်ကျင်းထျန် မသိစိတ်က ဒရုန်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။

"ဆောရီး မခုန်ချင်ဘူး။"

"အမြင့်ကြောက်လို့လား"

"မဟုတ်ဘူး" ပိုင်ကျင်းထျန်ခေါင်းခါလိုက်သည်။ "ကိုယ်ခန္ဓာပိုင်းဆိုင်ရာအကြောင်းပြချက်​ကြောင့်ပါ။ ကျွန်တော် ပြန်ကောင်းလာပေမယ့် ကျွန်တော့်မိသားစုနဲ့ပရိသတ်တွေက ကျွန်တော့်ကို စွန့်စား​စေချင်မှာ မဟုတ်ဘူး။"

"ဒါပေမယ့် ရှင် အဲ့ဒါကို ကြိုက်တယ် မဟုတ်လား" စကားက အလျင်စလို ထွက်သွားသည်။

ပိုင်ကျင်းထျန်အံ့ဩသွားသည်။ "ဘယ်လို..." မင်းဘယ်လိုသိတာလဲ။
သူ ပါးစပ်ကိုဖွင့်ထားသော်လည်း နောက်ဆုံးစကားလုံးအနည်းငယ်ကို မပြောရန် ဆုံးဖြတ်လိုက်သည်။

"ကင်မရာက မဖွင့်ထားဘူး။ ကျွန်မတို့ အိမ်ကထွက်လာကတည်းက ဒရုန်းက ပိတ်ထားတာ။ မယုံရင် ရှင့်ရဲ့ဖုန်းကိုကြည့်လိုက်​လေ"  ရှီရန်ကပြောသည်။

ပိုင်ကျင်းထျန်စိတ်ရှုပ်ထွေးစွာနဲ့ သူ့ဖုန်းကို ထုတ်လိုက်သည်။ ထုတ်လုပ်ရေးအဖွဲ့နှင့် သူ၏မန်နေဂျာတို့မှ မရေမတွက်နိုင်သော လွတ်သွားသော ဖုန်းခေါ်ဆိုမှုများကို သူမြင်သောအခါ ချက်ချင်းပင် နားလည်သွားသည်။ "မင်း ဒရုန်းကို ပိတ်လိုက်တာလား။"

"သွားကြရအောင်။" ရှီရန်က ဦးဆောင်ပြီး ဝင်သွားသည်။

ပိုင်ကျင်းထျန်က အ​တွေး​လွှင့်မျော​နေသေးသည်။ အရာအားလုံးသည် အစစ်မဟုတ်ဟု သူခံစားမိသည်။

သူသည် ရှီရန်ကို စိုက်ကြည့်နေသည်။

လေက သူမ၏ဆံပင်ကို လှုပ်ယမ်း​နေပြီး မွှေးရနံ့က လေထဲမှာ ပြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် "ကျေးဇူးတင်ပါတယ်" ဟူသောသူ့အသံကို သူ ပြန်ကြားလိုက်ရသည်။

ထို့နောက် သူ ခေတ္တရပ်တန့်ကာ ပြုံးလိုက်သည်။

သူမ လုပ်ခဲ့သည့်အရာက အရေးမကြီး​တော့​ပေ။

ယခင်က မူလပိုင်ရှင်သည် ပိုင်ကျင်းထျန်နောက်ကို အရူးအမူးလိုက်ကာ သူ့ကို ကားမတော်တဆမှုဖြစ်သွား​မိခဲ့သည်။

ပိုင်ကျင်းထျန်၏မန်နေဂျာက သူမကို တရားစွဲပြီး အရာအားလုံးကို လူသိရှင်ကြားဖြစ်အောင်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ပိုင်မိသားစုတွင် သာမန်ထက်လွန်ကဲသော နောက်ခံရှိ၍ အဖြူအမည်းကမ္ဘာနှစ်ခုစလုံးတွင် လေးစားမှုခံရသည်။

ဤကိစ္စက သူတို့နားထဲရောက်သွားပါက မူလပိုင်ရှင်အတွက် ဖျော်ဖြေရေးလောကကနေ ထွက်သွားပြီး အသက်ဆုံးရှုံးသွားရ​အောင်လုပ်ခြင်းက သူတို့အတွက်သေးငယ်လွန်းသောကိစ္စဖြစ်မည်။

နောက်ဆုံးတွင် ပိုင်ကျင်းထျန်က ထိုကိစ္စကို ရပ်တန့်လိုက်ပြီး ၎င်းက မတော်တဆမှုတစ်ခုလို့ သာပြောလိုက်သည်။ ထို့​ကြောင့် မူလပိုင်ရှင်သည် ယခုထိအသက်ရှင်နေသေးသည်။

သူမသည် ဤကိုယ်ကို သိမ်းပိုက်ပြီးကတည်းက မူလပိုင်ရှင်ကြွေးမြီကို ဆပ်ရပေမည်။

ဝန်ထမ်းများ၏လမ်းညွှန်မှုနောက်ကိုလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ပြီးစီးကြောင်း လုပ်ပြီး သူတို့ ခုန်ချနိုင်​​ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် သူတို့သည် ခုန်ချရန်ပလပ်ဖောင်းပေါ်တွင် ရပ်နေကြသည်။

နည်းပြက ပိုင်ကျင်းထျန်အား ပစ္စည်းအားလုံးကို ကူညီဆင်​ပေးပြီး အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးနောက် ပိုင်ကျင်းထျန်က ကြိုးကိုဆွဲကိုင်ပြီး ပလက်ဖောင်းရှေ့ကို လျှောက်သွားသည်။

သူ ငုံ့ကြည့်လိုက်သည်။

ခုန်ချရန်ပလက်ဖောင်းသည် မှောင်မဲကာ အသူရာချောက်ကဲ့သို့ဖြစ်​​နေသည်။ ဖြတ်သန်းတိုက်ခတ်လာသော အေးစက်သောလေသည် အရိုးများကိုအေးခဲသွား​စေသည်။

ခုန်မြန်လွန်းသည့် သူ့နှလုံးကို ဖုံးအုပ်ကာ သူ့ဘေးနားကရှီရန်ကိုကြည့်လိုက်သည်။

"အရမ်းကြီးစိတ်လှုပ်ရှားနေစရာမလိုပါဘူး" ရှီရန်က နှစ်သိမ့်စွာပြောသည်။

"တကယ်တော့ ကျွန်​တော် အမြင့်မခုန်ချရတာ အ​တော်ကြာနေပြီ။" ပိုင်ကျင်းထျန်သည် နက်နဲသောအကြည့်ဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်က ပြင်းပြင်းထန်ထန်လုပ်ရတဲ့အားကစားတွေကို ကြိုက်တယ်။ မိုးပျံဒိုင်ဗင်ထိုးတာ၊ အမြင့်က​နေခုန်ချတာ၊ နှင်းလျှောစီးတာ... ကျွန်​တော် အကုန်လုံး ကစားဖူးတယ်။" သူ့မျက်လုံးက ပြုံးရိပ်သန်းနေကာ သူမကို ကြည့်လိုက်သည်။ "အံ့သြသွားလား?"

"အင်၊ အဲဒါတော့ သဘာဝမကျဘူး။" ပိုင်ကျင်းထျန်က ထပ်ပြောလိုက်သည်။ "မင်း ကျွန်​တော်ကိုဒီကိုခေါ်လာကတည်းက မင်း ခန့်မှန်းထားပြီးသားပဲ ဖြစ်ရမယ်"

"အင်းလေ" ရှီရန်က ပြန်ဖြေသည်။

ဇာတ်ကောင် ပိုင်ကျင်းထျန်သည် မူရင်းစာအုပ်တွင် ပါဝင်ခဲ့သည်။

သူသည် ဖျော်ဖြေရေးနယ်ပယ်တွင် အကောင်းဆုံးသရုပ်ဆောင်ဖြစ်ရုံသာမက ပိုင်မိသားစု၏တစ်ဦးတည်းသောသားလည်း ဖြစ်သည်။

မူရင်းစာအုပ်တွင် ပိုင်ကျင်းထျန်သည်အားကစားကို နှစ်သက်ပြီး အခွင့်အရေးကိုအမိအရဆုပ်ကိုင်တတ်သူဖြစ်ကြောင်း ရှီဝန်ဖေးမထင်မှတ်ဘဲ သိခဲ့သည်။

ထို​ကြောင့် ပိုင်ကျင်းထျန်က ရင်ထဲထိသွားကာ ရှီဝန်ဖေးအတွက် အရင်းအနှီးများစွာကို သုံးစွဲခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၏ ရာဇပလ္လင်သို့ တိုက်ရိုက်ပေးပို့ခဲ့သည်။

သူမ၏အကြွေးကို ပြန်လည်ဆပ်ချင်သည်။ ၎င်းကို စဉ်းစားပြီးမှ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

"ကျွန်တော်တို့ လေထီးခုန်နေတုန်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တယ်။ မီဒီယာတွေကတောင် အွန်လိုင်းမှာ အကျယ်ချဲ့ခဲ့သေးတယ်။"

"ပရိသတ်တွေက ကျွန်တော့်ကို လေထီးခုန်တာမျိုး ထပ်လုပ်ခွင့်မပြုတော့ဘဲ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ပြင်းထန်တဲ့ အားကစားတစ်ခုခုလုပ်တာကို ပွင့်ပွင့်လင်းလင်း တားမြစ်ထားတယ်။"

သူ့ရှေ့က မြင့်မားသောတောင်တန်းကြီးကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုများတောက်ပနေသည်။ "ငါးနှစ်ကြာပြီး​နောက် အမြင့်ခုန်တဲ့​နေရာမှာ ရပ်နေသေးတာကို မယုံကြည်နိုင်သေးဘူး"

သူ့အသံမှာ စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသေးသည်။

"အဆင်သင့်ဖြစ်ပြီလား?" နည်းပြက ပိုင်ကျင်းထျန်နောက်မှာ ရပ်နေသည်။

"အဆင်သင့်ပဲ"

ပိုင်ကျင်းထျန်က ရှေ့ကို လှမ်းပြီး စင်မြင့်၏အစွန်းမှာ ရပ်လိုက်သည်။

မဆိုင်းမတွဘဲ သူ ရှေ့သို့ ခုန်သွားသည်။

အေးမြသောလေညင်းသည် သူ့နားကို ဖြတ်သန်းသွားသည်။

မြေဆွဲအားနှင့်လွတ်​မြောက်၍အလေးချိန်ကင်းမဲ့မှု ပျောက်ကွယ်သွားပြီးနောက် လေက သူ့ပါးပြင်ကို တိုက်ခတ်သွားသည်။ သူ့အောက်ရှိ ရေကန်သည် တောက်ပနေသည်။

သူသည် မြူခိုးအလွှာများကို ဖြတ်၍ မျှော်ကြည့်သောအခါ အမြင့်ခုန်ချခဲ့သည့်ပလက်ဖောင်းကို မြင်ရသည်။

အမြင့်မှမခုန်ချရသည်မှာ ငါးနှစ်ကြာပြီးနောက် ဤခံစားချက်ကို သူအရမ်းလွမ်းနေသည်။

သူတို့နှစ်ဦးသည် One Heart Paradise မှ ထွက်ခွာလာချိန်တွင် ပိုင်ကျင်းထျန်က "ကျေးဇူးတင်ပါတယ်" ဟု ထပ်မံပြောသည်။

"ဒါက ကျွန်မတို့ရဲ့လျှို့ဝှက်ချက်လို့ မှတ်ယူထားလိုက်ပါ။" ရှီရန်က ချိုသာစွာ ပြုံးလိုက်သည်။

ပိုင်ကျင်းထျန်က ခဏလောက် ရပ်တန့်သွားပြီး ညင်သာစွာ ပြုံးပြသည်

သူတို့သည် Haro ဖြင့် ဗီလာသို့ ပြန်မောင်းလာပြီး ဆိုင်ကယ်ကို ထုတ်လုပ်ရေးအဖွဲ့ထံ ပြန်ပေးသည်။

သူ ဗီလာထဲကို ဝင်လာသည်နဲ့ပိုင်ကျင်းထျန်၏မန်နေဂျာက အလျင်အမြန် ရှေ့ကို တိုးလာသည်။ "ဒါရိုက်တာက ဒရုန်းက ပျက်သွားလို့ ဘာမှ မဖမ်းနိုင်ခဲ့ဘူးလို့ ပြောထားလို့
မင်းကိုလည်း ဆက်သွယ်လို့မရဘူး။"

"ဖုန်းကို တကယ် မကြည့်မိလိုက်ဘူး" ပိုင်ကျင်းထျန်က ညင်သာစွာပြောသည်။

"မင်း တစ်ခုခုဖြစ်သွားပြီလို့ထင်နေတာ" ဟု ပြောပြီးသည်နှင့် အေးဂျင့်က ရှီရန်ကို စောင်းကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် ရှီရန်က အရူးအမူးဖြစ်​နေ​သောပရိတ်သတ်ဖြစ်​နေသည်။

ကင်မရာမပါဘဲ သူ၏အနုပညာရှင်နှင့်ချိန်းတွေ့ရန် တရားမ၀င်အမာခံပရိသတ်တစ်ဦးကို ယုံကြည်မိပါက သူ့ကိုယ်ကျိုးနည်းသွားရမည်ဖြစ်သည်။

ရှီရန်သည် အေးဂျင့်၏အကြည့်ကို ပွင့်ပွင့်လင်းလင်း ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် ဒါရိုက်တာသည် သူတို့၏မြင်ကွင်းထဲသို့ လျှောက်လာပြီး သူတို့​​ တွေ့ဆုံမှုကို အ​နှောက်အယှက်​ပေးလိုက်သည်။

"ခုနက မင်းတို့ရဲ့ဒိတ်ကို ရိုက်ကူးလို့မရနိုင်ခဲ့ဘူး။ ထုတ်လုပ်ရေးအဖွဲ့က မင်းတို့ကို ရိုက်ကူးဖို့အတွက် ထပ်ပြီးဒိတ်လုပ်ဖို့လိုအပ်တယ်။"