၄၇
Viewers 147

သူမသည် မှတ်ချက်များကို ကြည့်လိုက်သည်။ ၎င်းတို့သည် ပုံစံတူပင်ဖြစ်​နေသည်။

ဒင်

မက်ဆေ့ချ်သံ ထွက်ပေါ်လာသည်။

ဂျီဝမ်ဖုန်းထံမှမက်ဆေ့ချ်ဖြစ်သည်။

ဂျီဝမ်ဖုန်း - အွန်လိုင်းပေါ်ကမှတ်ချက်တွေကို အရမ်းအာရုံစိုက်နေဖို့ မလိုအပ်ဘူး။

[ရှီရန်]- ဘာမှစိတ်မထိခိုက်ပါဘူး။

သူမ စာပြန်ပြီးနောက် ဖန်သားပြင်က "စာရိုက်နေသည်..." ကို သူမ မြင်လိုက်ရသည်။

သို့သော် ဂျီဝမ်ဖုန်းကို သူမ ငါးမိနစ်ခန့်စောင့်ဆိုင်းနေ​သော်လည်း သူ မက်ဆေ့ခ်ျမပို့ခဲ့ပေ။

သူမ ဖုန်းကိုချခါနီးတွင် ဂျီဝမ်ဖုန်း၏မက်ဆေ့ခ်ျရောက်လာသည်။

ဂျီဝမ်ဖုန်း - ချူးမိသားစုမှာတင်းကျပ်တဲ့စည်းမျဉ်းတွေရှိတယ်။အဲဒါနဲ့ ပတ်သက်ပြီး ကောင်းတာ ဘာမှမရှိဘူး။

ရှီရန်ရယ်မောလိုက်သည်။

အချိန်အတော်ကြာ စာရိုက်ရန်  ဂျီဝမ်ဖုန်းက ရုန်းကန်ခဲ့ရပြီးနောက် သူ ယခုလိုစာရိုက်ပို့ရန် သူမ မမျှော်လင့်ထားပေ။

[ရှီရန်]- စိတ်မပူပါနဲ့ ကျွန်မက ပြဿနာကို မကြိုက်ဘူး။

ဂျီဝမ်ဖုန်းက ဘာပြောနေမှန်း သူမ သိသည်။

သူမသည် ချူးကျင်းချန်းကို ကြိုက်မိသွားသည်အထိ ဖြား​ယောင်းသွေး​ဆောင်ခံရမည်ကို စိုးရိမ်၍ ကောင်း​သောအရာများ ဖြစ်လာမည်မဟုတ်ကြောင်း သူမအား ပြောပြချင်သည်။

'ဖြား​ယောင်းသွေး​ဆောင်ခံရမယ်?'

ရှီရန်သည် ထိုစကားလုံးကို ရယ်စရာကောင်းသည်ဟု ထင်သည်

သူမ၏ယခင်ဘဝတွင် ယောက်ျားများစွာက သူမအား လိုက်ပိုးခဲ့ပြီး မြင့်မြတ်သောလူ မရှားပေ။

သို့​သော် သူမက မည်သူ့ကိုမှ သ​ဘောမကျ​ပေ။

ထို့အပြင်...

မူရင်းစာအုပ်တွင် ချူးကျင်းချန်းသည် အသက်သုံးဆယ်တွင် ကွယ်လွန်ခဲ့သည်။

လောင်မိသားစု

ယနေ့လောင်မိသားစု၏လေထုအ​ခြေအ​နေသည် အထူးသဖြင့် လေးလံနေသည်။ မည်သူမျှ စကားမပြောဝံ့ဘဲ အစေခံတို့သည် ကျယ်လောင်စွာ အသက်မရှုဝံ့ဘဲ ဘေးနားမှာ ရပ်နေကြသည်။

လောင်ဖန်းမောပန်းနွမ်းနယ်ပြီး အိမ်ပြန်လာသည်။

အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ခုက သူ့မျက်နှာပေါ်ကို ကျရောက်လာသည်။

"ဒုံး-"

"အား-"

လောင်ဖန်းသည် သူ၏နဖူးကိုကိုင်ကာ
ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်သည်။ သူ့လက်ချောင်းများမှ သွေးများ စီးကျလာသည်။

ကြမ်းပြင်ပေါ်တွင် ကွဲအက်နေသော ပြာခွက်စများ ရှိ​နေသည်။

"ဒူးထောက်လိုက်စမ်း" ဒေါသတကြီး အော်ဟစ်လာသည်။

လောင်ဖန်းတုန်လှုပ်သွားပြီး နာခံမှုဖြင့် ဒူးထောက်လိုက်သည်။ သူ့မျက်​လုံး​ကိုမော့ပြီး ​ရှေ့ကိုကြည့်​လိုက်​သည်​။

ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေသောသူ့အဖေ၏ဒေါသထွက်​နေ​သောမျက်နှာကို တွေ့လိုက်ရသည်။

သူ ခေါင်းငုံ့လိုက်ပြီး စကားမပြောနိုင်လောက်အောင်ကို ကြောက်ရွံ့နေမိသည်။

"လောင်မိသားစုက မင်းလိုလူကို ဘယ်လိုမွေးထုတ်မိတာလဲ?" မစ္စတာလောင်သည် လောင်ဖန်းကို လက်ညှိုးထိုးပြီး ဒေါသတကြီးဖြင့် သူ့နဖူးကို ကိုင်လိုက်သည်။

မိခင်လောင်သည် ရှေ့သို့ လှမ်းလာပြီး ဖခင် လောင်၏ရင်ဘတ်ကို ပုတ်လိုက်သည်။

"စိတ်အေးအေးထားပါ၊ ဒါက ဖန်းလေးရဲ့ အပြစ်မဟုတ်ပါဘူး။ ကျွန်မတို့ဖန်းလေးကို တမင်တကာ ဒေါသထွက်အောင် အဲ့ဒီနာမည်ကျော်ကြားတဲ့အမျိုးသမီးကလုပ်ခဲ့တာ​လေ"

"မင်း ဘယ်လိုတောင်သတ္တိရှိနေတာလဲ" မစ္စတာလောင်၏မျက်နှာသည် မည်းမှောင်သွားသည်။ မစ္စလောင်ကို ဘေးသို့ တွန်းလိုက်သည်။ "မင်းက ဒီကျေးဇူးမသိတတ်တဲ့ကောင်ကို အလိုလိုက်ခဲ့တဲ့တရားခံပဲ!"

မိခင်လောင်သည် ဆိုဖာပေါ်မှ လဲကျသွားပြီး စိတ်ထိခိုက်နေသည့်ပုံပေါ်သော်လည်း ဒေါသတကြီးဖြစ်​နေ​သောဖခင်လောင်ကို စကားပြန်မပြောရဲပေ။

"မင်းက ကော်ပိုရေးရှင်းကို အရှက်ရစေရုံတင်မကဘဲ တတိယသခင်ငယ်ကိုလည်း ဒေါသထွက်စေခဲ့တယ်" ၎င်းကိုတွေးပြီး မစ္စတာလောင်၏ခေါင်းက ပိုလို့တောင် နာကျင်လာသည်။

"မင်းက ချူးကျင်းချန်းကို မစော်ကားရဘူးလို့ မင်းကို ငါဘယ်နှစ်ခါပြောပြီးပြီလဲ။အခု​တော့ မင်းက သူ့ကို တိုက်ရိုက်စော်ကားလိုက်တာပဲ။"

"ကျွန်တော်တကယ်မရည်ရွယ်ခဲ့ပါဘူး။
သူမက တတိယသခင်​လေးနဲ့အတူ ရှိနေမှန်း ကျွန်​​တော်မသိခဲ့ဘူး” ဟု လောင်ဖန်းက ပြန်ပြောသည်။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို အတိအကျသာပြောစမ်း" မစ္စတာလောင်က စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် လောင်ဖန်းက ရှီရန်အ​ပေါ်မုန်းတီးမှုနှင့်ယနေ့ဖြစ်ပျက်ခဲ့သောအရာကို ပြောပြသည်။

သို့​​သော် ၎င်းတွင် ရှီဝန်ဖေးနဲ့ သူလုပ်ဆောင်ခဲ့သောအရာများကို ချန်လှပ်ထားသည်။

"အဲ့ဒါပါပဲ။ ကျွန်​တော်က သူမကို တစ်ကြိမ်ပဲ ဒုက္ခပေးမိတာ။ အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ကျွန်​တော်နဲ့ တတိယသခင်​လေးကြားမှာ ဝင်​မွှေမယ်လို့ ဘယ်သူက ကြိုသိမှာလဲ!"

"သူမက ကျွန်တော်နဲ့ တတိယသခင်​လေးကိုအချိတ်အဆက်မိဖို့ အသုံးချခဲ့တာလို့ ကျွန်တော် သံသယရှိတယ်။ ဒီမိန်းမက အရမ်း အကြံဥာဏ်များတယ်။ တတိယမြောက်သခင်က သူမကို သိပ်ကြိုက်မှာ မဟုတ်ဘူး။"

"ရှီရန်က ဝမ်ယု​ဖေးခြေဖျား​တောင်မယှဉ်နိုင်ဘူး။ တတိယသခင်ငယ်ရဲ့အနာဂတ်ဇနီးလောင်င်းက ဝမ်ယု​ဖေးဖြစ်မှာ သေချာတယ်။"

လောင်ဖန်းက စကားဆက်ပြောသည်။

မစ္စတာလောင်၏အမူအရာမှာ ကြောက်စရာကောင်းသည်။ "ကြည့်ရတာ ဒီနာမည်ကြီးအမျိုးသမီးကို ငါတို့ သင်ခန်းစာတစ်ခု ပေးဖို့လိုပြီထင်တယ်!"

"ဘာ? ရှီရန်ကချူးမိသားစုနဲ့ ပတ်သက်နေတယ်လို့ ပြောနေတာလား။" မိခင်ရှီသည် မယုံကြည်နိုင်စွာ မတ်တပ်ထရပ်ပြီး အံ့သြသင့်မှုဖြင့် သူမ၏မျက်နှာ တင်းမာနေသည်။

“ဟုတ်တယ်၊ ဒါက အရေးကြီးတဲ့ကိစ္စပဲ” အဖေရှီက လေးနက်စွာပြောသည်။ "KT အဖွဲ့က ပရောဂျက်တစ်ခုအတွက် တင်ဒါခေါ်ယူထားလို့ ငါတို့ ကုမ္ပဏီလည်း အဲ့မှာပါဝင်နေတယ်။"

"ရှင် ဆိုလိုတာက ရှီရန်ကို တတိယမြောက်သခင်​လေးရှေ့မှာ ရှင့်ရဲ့ကောင်းမွန်တဲ့အကြောင်းအရာ​တွေကို ပြောခိုင်းစေချင်တာလား"

မိခင်ရှီက လှောင်ပြုံးသည်။ “တတိယသခင်​လေးမစ္စတာချူးက အ​ပျော်ရှာကစားနေတာ။ ရှီရန်က ဘယ်လိုပြောပိုင်ခွင့်ရှိမှာလဲ"

"သူမ ရွေးချယ်ခံရပြီးကတည်းက သူမက ပါဝင်ရမယ့်အခန်းကဏ္ဍရှိတယ်လို့ ဆိုလိုတာပဲ။ ဒီပရောဂျက်က KT အတွက် သေးငယ်ပေမယ့် ငါတို့အတွက် ကြီးမားတဲ့အကျိုးအမြတ်တစ်ခုရမှာကွ။"

အဖေရှီက ခဏလောက်စဉ်းစားသည်။ "ငါ့အစ်ကိုက ပိုပိုပြီး တက်ကြွလာတယ်။ ဒီပရောဂျက်ကို လုပ်ဖို့ ငါလည်း စိတ်ပိုင်းဖြတ်ထားတယ်။ ကြည့်ရတာ ရှီရန်နဲ့ ငါ စကားပြောရတော့မယ့်ပုံပဲ။"

ရိုက်ကူး​ရေးဗီလာတွင်

ညစာစားပြီးနောက် သူတို့သည် ညအတွက် လက်တွဲဖော်ကို ရွေးချယ်ရမည့်အချိန်ဖြစ်သည်။

ယခုတစ်ခေါက်စည်းကမ်းချက်က မနေ့ညကနဲ့ အတူတူပင်ဖြစ်​သော်လည်း.အမျိုးသားနဲ့ အမျိုးသမီးလုပ်ရမည့်အရာက ပြောင်းပြန်ဖြစ်သွားသည်။

အမျိုးသမီးဧည့်သည်က သူမအကြိုက်ဆုံး ဧည့်သည်ယောက်ျားကို ရွေးပြီး သူမဘာသာသူ မ စာပို့ရမည်။

အမျိုးသမီးဧည့်သည်လေးယောက်က သူတို့အတွက် ရိုက်ကူး​ရေးအဖွဲ့ စီစဉ်ပေးသော အခန်းထဲတွင် ရှိနေသည်။ သူတို့ရှေ့ရှိစားပွဲတစ်ခုတွင် ကတ်စာရွက်၊ ပို့စ်နှင့် စုတ်တံများ အသီးသီးရှိသည်။

အမျိုးသမီးဧည့်သည်များသည် စာပါအကြောင်းအရာများကို ရေးသားရန် ရွေးချယ်နိုင်သည်။

"မမကဘယ်​သူ​ကိုရွေးချင်​တာလဲ" ရှီဝန်ဖေးသည် ရှီရန်ကို စပ်စုစွာကြည့်သည်။

ရှီရန်က သူမကို လျစ်လျူရှုလိုက်သည်။

ရှီဝန်ဖေးက အံကြိတ်လိုက်သည်။

"ဝန်ဖေးမှာစိတ်ဝင်စားတဲ့ဧည့်သည်ယောက်ျားတွေ ရှိလား"  ယွီဇစ်ကျန်းသည် အရာအားလုံးကို ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားပြောဆိုသည်။

ရှီဝန်ဖေးက စိတ်ပူပန်ဟန်ဆောင်ပြီး ပြောသည်။ “ဘယ်သူ့ကိုမှ​တော့ မျက်စိမကျ​ပေမဲ့ မ​ရေးလို့လည်းမရဘူး​လေ။ နောက်မှ ဆုံးဖြတ်မယ်လို့ စဉ်းစားထားတယ်။"

သူမစကားပြောနေစဉ် သူမသည် ကူကျားကို တစ်ချက်ကြည့်လိုက်သည်။ "မမကတော့ အကောင်းဆုံးသရုပ်ဆောင်ပိုင်ကျင်းထျန်ကို ရွေးချယ်မယ်ဆိုတာ ကျွန်မ သေချာသိတယ်။ သူတို့ အရင်က အတူတူ တွဲအလုပ်လုပ်ဖူးပြီး တစ်ယောက်နဲ့တစ်ယောက် သိကြတယ်လေ"

ကူကျားနဲ့ ပိုင်ကျင်းထျန်တို့သည် ဤရက်ပိုင်းအတွင်းအတူရှိနေခဲ့ကြသည်။

ကူကျားလို သန်မာသောအမျိုးသမီးတစ်ယောက်အတွက် သူမ အမုန်းဆုံးအရာက တစ်ပါးလူက သူမဆီကနေ သူမ၏ကိုယ်ပိုင်ပစ္စည်းများကို လုယူခြင်းသာ ဖြစ်နိုင်သည်။

ရှီရန်က အကောင်းဆုံးမင်းသားပိုင်ကို ကြိုက်သည်ကို လူတိုင်းသိသည်။

ရှီရန်သည် အခြားရန်သူကို ရလာသရွေ့ ဤရှိုးတွင် ရှီရန်၏ဘဝသည် လွယ်ကူမည်မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်း သူမ စကားပြောပြီးသည်နှင့် ကူကျားသည် ရှီရန်ကို တစ်ချက်ကြည့်လိုက်သည်။

ရှီဝန်ဖေးသည် သူမ၏စုတ်တံကို ကောက်ယူပြီး ရေးရန်အကောင်းဆုံးကတ်ကို ရွေးချယ်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။

သူမသည် ပထမဆုံး တန်းစီခဲ့သည်။ သူမ ထရပ်ပြီး ခြံရှေ့သို့ ဦးတည်သွားသည်။

ဟန်ဆောင်ကာ မျက်မှောင်ကြုတ်ရင်း ဘူးများကို လက်ညှိုးထိုးကာ ကြည့်​နေသည်။
နောက်ဆုံးတွင် သူမ၏လက်ချောင်းသည် ကျုံးယူဖန်၏စာတိုက်ပုံးရှေ့တွင် ရပ်သွားသည်။

ကင်မရာသည် အနီးကပ်ရိုက်ကူးပြီး သူမ၏ဝေခွဲမရ​သောအမူအရာကို ဖမ်းယူထားသည်။

အဆုံးတွင် သူမ အံကြိတ်ကာ ကျုံးယူဖန်၏စာတိုက်ပုံးထဲသို့ စာကို ထည့်လိုက်သည်။

သူမအမူအရာပျောက်သွားရင်း နောက်ဘက်ကို ပြန်လမ်း​လျှောက်သွားကာ ကင်မရာကို ကျောခိုင်းလိုက်သည်။

အစက ယူဖန်ကို မြန်မြန်ဆန်ဆန်မရွေးချယ်ချင်ခဲ့​ပေ။ အဆုံးတွင် အင်တာနက်သုံးစွဲသူများက စောင့်ကြည့်နေဆဲဖြစ်သည်။

သို့​သော် သူမ မစောင့်နိုင်တော့​ပေ။

ရှီရန်သည် ပို၍ပို၍ အပြောအဆိုရဲလာကာ ယူဖန်နှင့် သူမ၏ဆက်ဆံရေးက ထုတ်ဖော်ခံရတော့မည်။

သူတို့နှစ်ယောက် အမြန်ဆုံးချိန်းတွေ့ခြင်းက ပိုကောင်းသည်။ ၎င်းမှ လူထုက ပိုလက်ခံလာပေမည်။

ရှီရန်အတွက်မူ...

ဒါဆို ရှီရန်က ထုတ်​ဖော်ခဲ့ရင်​ကောဘာဖြစ်လဲ။ ငါ့မှာ ကင်မရာ​နောက်ကွယ်က​နေ သူမကို ဆွဲချဖို့နည်းလမ်းတွေ အများကြီးရှိတယ်။

မကြာခင်တွင် ရှီရန်အလှည့်ရောက်လာသည်။ သူမသည် အလွန်ပြတ်သားပြီး တစ်မိနစ်မပြည့်မီ ဧည့်ခန်းထဲသို့ ပြန်ရောက်လာသည်။

အမျိုးသမီးဧည့်သည်များ ရွေးချယ်ပြီးသောအခါ အမျိုးသားဧည့်သည်များက စစ်ဆေးရန် သွားကြသည်။

ဧည့်သည်အမျိုးသားတစ်ဦးစီသည် မတူညီသောအမူအရာဖြင့် ပြန်လာကြသည်။

ကျူယီ​ဖေးဝင်လာသောအခါ ခေါင်းငုံ့ပြီး စိတ်မကောင်းဖြစ်ဟန်ပေါ်သည်။

ပိုင်ကျင်းထျန်က ပုံမှန်အတိုင်းဖြစ်သည်။

ကျုံးယူဖန်သည် အထူးတလည်မျက်နှာအမူအရာထုတ်​ဖော်ပြသခြင်းမရှိပေ။

တစ်ဖက်တွင် လျန်ပု့၏အမူအရာမှာ ဖုံးကွယ်ထားခြင်းမရှိပေ။

ထို့နောက် အမျိုးသားဧည့်သည်က ရွေးချယ်ပေးရမည့်အချိန်ရောက်လာသည်။

ရွေးချယ်ပြီးနောက် ရှစ်ယောက်လုံး ဧည့်ခန်းထဲတွင် ထိုင်ကြသည်။

"ကဲ ဒီည စာရင်းကို ကြေငြာပါမယ်"

"ရှီဝန်ဖေးကျုံးယူဖန်
ယွီဇစ်ကျန်းကျူယီ​ဖေး
ပိုင်ကျင်းထျန်၊ ရှီရန်"

ရှီဝန်ဖေးအံ့သြသွားသည်။

ပိုင်ကျင်းထျန်က တကယ်ပဲ ရှီရန်ကို ရွေးခဲ့တာလား။

သူ ရူးသွားတာလား??

ရှီရန်သည် သူ့ကိုအရူးအမူးကြိုက်​နေ​သောသူတစ်ဦးဖြစ်သည်။

သူမသည် ကူကျားကိုကြည့်သော်လည်း သူမသည် စိတ်ပျက်နေပုံမပေါ်ပေ။ သူမသည် ယခင်အတိုင်း ငြိမ်သက်နေသည်။

သို့​​သော် သူမ၏ရည်ရွယ်ချက်ကို မေ့မသွား​ပေ။

သူမ အံ့သြဟန်ဆောင်သည်။
"ကျွန်မနဲ့ ယူဖန်က ဘာလို့ စုံတွဲတကယ်ဖြစ်ရတာလဲ? မမက ယူဖန်ကို ရွေးမယ်လို့ ထင်ခဲ့တာ။ ယူဖန်ကလည်း မမကို သေချာပေါက်ရွေးချယ်လိမ့်မယ်၊ အဲ့ဒါကြောင့် ကျွန်မ ယူဖန်ကိုရွေး..."

"ဒါရိုက်တာကျုံးက အရွေးခံရမယ်လို့လည်း ကျွန်မ ထင်ခဲ့တာ။ ကျွန်မ မမျှော်လင့်ထားတာက..." ယွီဇစ်ကျန်းက စကားလိုက်ပြောသည်။

တခြားမည်သူမှ စကားဝင်မပြောပေ။

ဦးနှောက်ရှိသူတိုင်းက သူတို့နှစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောနေသည်ကို ရိပ်မိနိုင်သည်။

လွန်ခဲ့သည့် နှစ်ရက်က ရိုက်ကူးခဲ့သော ကင်မရာသည် ရှီဝန်ဖေးနှင့်ကျုံးယူဖန်တို့၏အခြေအနေကို မရိုက်ကူးမိသော်လည်း သူတို့ကို အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် ရှီဝန်ဖေး၏လုပ်ရပ်သည် ကင်မရာအတွက် ဟန်​ဆောင်ခြင်းသာဖြစ်ကြောင်းကိုလည်း သူတို့ ကောင်းကောင်းသိသည်။

ရိုက်ကူး​ရေးတွင်​ရောက်​နေ​သောသူတို့သည်      အ​တွေ့အကြုံမရှိကြသူများမဟုတ်သောကြောင့် ထိုနှစ်ယောက်ကို ကင်မရာရှေ့တွင် ထုတ်ဖော်မပြသသည်မှာ သဘာဝကျသည်။

"နင်တို့ နှစ်ယောက် ဒီလိုတစ်​ယောက်ကိုတစ်​ယောက်တိတ်တိတ်လေးနားလည်မှုတွေနဲ့ အတူတူအလုပ်တွဲမလုပ်ကြတာ နှမြောစရာဘဲ။ နင်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ထောက်ခံတာအရမ်း​တော်တာပဲ" ရှီရန်သည် ပျင်းရိသော ဆိုဖာပေါ်တွင် လှဲလျောင်းကာ အေးစက်စွာပြောလိုက်သည်။

လူတိုင်းက ဘာမှ မပြောပေ။

လူတစ်ဦးက​ ကျန်သူများကဲ့သို့ ငြိမ်မ​နေ​သည်မှာ သိသာသည်။