၄၆
Viewers 160

ရှီဝန်ဖေးဝမ်းနည်းစွာ နောက်ပြန်ဆုတ်သွားသည်။ "မမ၊ ဘယ်လိုပြောရက်ရတာလဲ။ ညီမ​လေးတို့က ညီအစ်မတွေ မဟုတ်ဘူးလား။ ညီမ​လေးက မမအတွက် ရိုးရိုးသားသားစိတ်ပူမိတာပါ"

သူမ အောက်ကိုငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။ "အဲ့လူက မမထက် ပို တော်နေရင် မမက ရှုံးမှာကို ကြောက်နေမိတယ်။ တကယ်လို့ မမ ရှုံးသွားရင် မမက..."

ရှီဝန်ဖေးခေါင်းငုံ့ကာ ရှီရန်ရှေ့တွင် ရပ်နေသည်။ သူမ၏အသံသည် ငိုရှိုက်သံပါနေပြီး သူမသည် အလွန်သနားစရာကောင်းနေပုံပေါ်သည်။

"ရှီရန်၊ သိပ်မလွန်လာနဲ့တော့။" ကျုံးယူဖန်သည် ရှီဝန်ဖေး၏နံဘေးတွင် ရင်နာလျက်ရပ်ကာ ရှီရန်ကို မကျေမနပ်ဖြင့် ကြည့်နေသည်။

"ရှင့် နှလုံးသားက နာကျင်နေတာလား?" ရှီရန် မဲ့ပြုံးပြလိုက်သည်။

"စ​နောက်​နေတာတွေကို ရပ်လိုက်တော့။" ကျုံးယူဖန်က အကာအကွယ်မဲ့​နေ​​သောအသံ​ပေါက်​နေသည်။

ကင်မရာကြောင့် တော်တော်များများ ပြောရန် သူ့အတွက် အဆင်မပြေပေ။

သို့​သော် သံသယဖြစ်စရာတစ်ခုရှိသည်။

"ငါ မင်းနဲ့ အတူကြီးပြင်းလာခဲ့တာ။ ငါမှတ်မိသလောက် မင်း အားကစား၊ ကိုယ်ခံပညာ ဒါမှမဟုတ် အပြေးပြိုင်ပွဲတွေမှာ သိပ်မတော်ပါဘူး။ မင်း အဲ့ဒါတွေကို လေ့ကျင့်ဖို့တောင်ဝန်လေးခဲ့ဖူးတယ်။"

"ဒါဆို ဘာလို့ ရှင့်ကိစ္စကို ရှင် ဂရုစိုက်မ​နေရတာလဲ" ရှီရန်က မျက်ခုံးပင့်လိုက်သည်။

[ဟားဟားဟား၊ ဘုရား​ရေ။]

[လူတွေကို ချေပတာမှာ မာစတာရန်က အတော်ဆုံးပဲ။]

[အဲဒါ အမှန်တရားပဲ။ မေးခွန်းထုတ်ဖို့တောင် မင်း​ သူမကို ကောင်းကောင်းမသိဘူး။]

[မင်းရဲ့စေ့စပ်ထားသူက ပြိုင်ကားနဲ့ ကိုယ်ခံပညာကိုသိတာကို မင်း မသိတဲ့အခါ အဲ့အ​ကြောင်းကို ဘယ်လိုတောင်မေးနိုင်ရတာလဲ။]

[အရင်တုန်းကတော့ ကျုံးယူဖန် ဟာ အရပ်ရှည်ပြီး ချမ်းသာပြီး ချောမောတဲ့သူလို့ ငါ ထင်ခဲ့တယ်။ အခု သူ့အပေါ်ထင်တဲ့ ငါရဲ့ အထင်အမြင်က တော်တော်ဆိုးရွားသွားပြီ။]

[မာစတာရန်ကသာ လှတယ် !! ]

"ဟားဟားဟား" ကျူယီ​ဖေးသည် တုန်လှုပ်ခြောက်ခြားမှုမရှိဘဲ ရယ်မောနေသော တစ်ဦးတည်းသောသူဖြစ်သည်။

သူ့ကုမ္ပဏီနှင့်ကျုံးယူဖန်ကုမ္ပဏီတို့သည် ပြိုင်ဖက်များဖြစ်ပြီး ဘယ်တော့အခါမှ မတည့်ပေ။

ထို့အပြင် သူသည် အမြဲတမ်း ရိုးသားဖြောင့်တန်းသည်။ ရိုးသားခြင်းကို ဖုံးကွယ်ထားစရာ အ​ကြောင်းမရှိ​ပေ။

ကျုံးယူဖန်၏မျက်နှာမှာ ဖြူဖပ်ဖြူ​​ရော်ဖြစ်သွားသည်။ "ငါ မင်းကို မေးနေတာ ငါ မင်းအ​​ကြောင်းကို အတိအကျ သိလို့ပဲ"

ရှီရန်က လှောင်ရယ်မောလိုက်သည်။ " ကျွန်မ ဘာတွေမှာ တော်နေလဲဆိုတာကို ရှင် ဘာမှမသိပေမဲ့ ကျွန်မရဲ့ညီမဝတ်တဲ့ ဘရာစီယာ အရွယ်အစားနဲ့ ပတ်သက်တာတွေကို​​တော့ ရှင် သိ​လောက်တယ် ဟုတ်တယ်မလား"

လူတိုင်း- "!!!"

[ဒါက ပိုက်ဆံမပေးဘဲ ငါ ဝင်လို့ရတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလား။]

[ငါ ဘာကြားလိုက်တာလဲ။]

[မာစတာရန်က ပြောဆိုဆက်ဆံရေး တော်​တော်ကောင်းမွန်တယ်။ သူမ တကယ်ကို သတ္တိရှိရှိ မပြောရဲတာမရှိဘူး။]

"မမ ဘာအကြောင်းတွေကိုပြောနေတာလဲ?!"  ရှီဝန်ဖေးက သူမကို စူးစူးရဲရဲ စိုက်ကြည့်ရင်း သူမ၏မျက်နှာမှာ စိတ်ရှုပ်​ထွေးမှုနဲ့ ပြည့်နှက်နေသည်။

ထုတ်လွှင့်မှုသည် တိုက်ရိုက်လွှင့်နေဆဲဖြစ်သည်။

ဒီခွေးမက ဘာတွေပြောနေတာလဲ။

"ရှီ    ရန်" ကျုံးယူဖန်အံကြိတ်ကာ အော်လိုက်သည်။

ရှီရန်သက်ပြင်းချလိုက်ပြီး ပင်ပန်းစွာဖြင့်လက်ကို ဝှေ့ယမ်းလိုက်သည်။ "ရှင့်ရဲ့ကိစ္စတွေကို ကျွန်မ ဂရုမစိုက်ဘူး။ ရှင်တို့အတူတူရှိနေတာဟာ ရှင့်ကိစ္စ။ ဒါပေမယ့် ရှင့်ရဲ့တည်ရှိမှုကို  ကျွန်မကိုအသိပေးတာ​​​တွေ လာလုပ်နေတာကို ရပ်ပေးနိုင်မလား။ ရှင့်ကို ကျွန်မ တကယ်စိတ်မဝင်စားနေဘူး။"

"မင်းတို့က ရှီရန်ကို အရိပ်အကဲပြနေသလိုပဲ" ကျုံးယူဖန်က ထပ်​လောင်း​ပြောသည်။

"မမက ညီမ​လေးကိုမုန်းရင်လည်း အဆင်​ပြေပါတယ်။ ညီမ​လေးက ဖေဖေနဲ့မေမေရဲ့ အချစ်ဆုံးဖြစ်လာတာ​ကြောင့် ညီမ​လေးက မမကို မကြိုက်ဘူးလို့ထင်နေရင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ညီမရဲ့ဂုဏ်သိက္ခာကို ဒီလိုမျိုး ဆွဲမချသင့်ဘူးလေ"

ရှီဝန်ဖေး၏မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ငိုရှိုက်နေသည်။

"ဘယ်သူက ဖောက်ပြန်သူစစ်စစ်လဲ။ ငါ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုသေးလို့လား" ကျုံးယူဖန်၏အမူအရာသည် အလွန်ရုပ်ဆိုးနေသည်။

ရှီရန်က သူနဲ့ဖေး​ဖေးကို ဖိအားပေးရန် လူထုအမြင်ကို အသုံးချချင်နေ​သောကြောင့် ထိုအခွင့်အရေးကို ရှီရန်အား မည်သောအခါမှ သူ မပေးနိုင်​ပေ။

[ဒါက ဘယ်လိုဒရမ်မာမျိုးလဲ။]

[မင်းတို့တွေမပါတဲ့ညရှစ်နာရီပြတဲ့ဒရမ်မာ​တွေကိုတောင် မကြည့်ဘူးကွာ။]

[ရှုပ်လိုက်တဲ့ဇာတ်လမ်း။ ဒါဆို ဘယ်သူက တကယ် ဖောက်ပြန်ခဲ့တာလဲ။]

[ရှီရန်က အရင်ပိုင်ကျင်းထျန်ရဲ့နောက်ကိုလိုက်ခဲ့တာမဟုတ်ဘူးလား။ ဘယ်သူက ဖောက်ပြန်တယ်ဆိုတာကို ပြောစရာလို​သေးလို့လား။]

[ရှီရန်က ပိုလိမ္မာခဲ့မယ်ဆိုရင် အရှုပ်အရှင်းတွေ အများကြီးထွက်လာမှာ မဟုတ်ဘူးလေ]

[ကျုံးယူဖန်က ရှီဝန်ဖေးနဲ့ တကယ်ပဲ တစ်ခုခုဖြစ်နေခဲ့ရင်တောင် ရှီရန်က အရင်ဖောက်ပြန်ခဲ့တာကို ငါ ပိုယုံတယ်]

[နာမည်အဖတ်ဆယ်တာက နည်းနည်းအောင်မြင်တယ်လို့ ငါ ဝန်ခံ​ပေမဲ့ သူမ၏အတိတ်ကအရှုပ်တော်ပုံတွေကို ပြန်ကြည့်ကြဦး​လေ]

သူတို့ သုံးယောက် အငြင်းအခုံဖြစ်နေသည်ကို လူအားလုံးက စောင့်ကြည့်နေကြသည်။

ဒါရိုက်တာက ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ "တိုက်ရိုက်ထုတ်လွှင့်မှုကို အခုပိတ်လိုက်တော့"

တိုက်ရိုက်ထုတ်လွှင့်မှုမှာ မဲမှောင်သွားသည်။

[-ီး!! ပရိုဂရမ်အဖွဲ့တွေ လူသားဆန်ကြစမ်းပါ!!]

[စိတ်လှုပ်ရှားစရာအကောင်းဆုံးနေရာမှာ ထပ်ပြီးပိတ်ပြန်ပြီလား]

[အဲဒါက ငါတို့ကို ပိုသိချင်လာအောင်လုပ်နေတာပဲ မဟုတ်လား? အဲ့ဒါ​ကြောင့်ပိတ်လိုက်တာမလား!]

"ဒါဆို ကျွန်မ ဘယ်​သူနဲ့​ဖောက်ပြန်ခဲ့လဲ ပြောလေ" ရှီရန်သည် သူမ၏လက်နှစ်ဖက်ကို ပိုက်ကာ သူမ၏ဆံပင်ကို သူမ၏လက်ချောင်းများဖြင့် ကစား​နေလိုက်သည်။

"မင်းက အတိတ်မှာအရှုပ်အရှင်းတွေ အများကြီးရှိခဲ့တယ်မဟုတ်လား" ကျုံးယူဖန်က လှောင်ပြောင်သည်။

“ကျွန်မသိချင်မိတယ်…” သူမ ခဏရပ်လိုက်သည်။

မြင်ကွင်းက လူတိုင်း၏မျက်လုံးများက ဆွဲဆောင်ထားသည်။

"ရှင် ဘယ်လိုလုပ် ကျုံးကော်ပိုရေးရှင်းဥက္ကဋ္ဌဖြစ်လာတာလဲ။ ရှင့်ရဲ့ကော်ပိုရေးရှင်းက ရှင့်ကို ဦး​နှောက်​ပေါ်ကို အခြေခံပြီး မရွေးချယ်ဘူးလား"

လူတိုင်း: !!!

ရှီရန်သည် ကျုံးယူဖန်၏ပိုင်နက်၌ တမင်တကာ ခုန်ပေါက်နေခြင်းဖြစ်ကြောင်း သူတို့နောက်ဆုံးနားလည်သွားသည်။

စကားလုံးတိုင်းက ကျုံးယူဖန်ကို သူမအား လည်ပင်းညှစ်လာစေချင်အောင်ပြုလုပ်​နေသည်။

ကျုံးယူဖန်၏မျက်လုံးများတွင် ဆိုးရွားသောအကြည့်တစ်ခု ပေါ်လာသည်။ "ရှီရန်၊ မင်း စတားမြို့​တော်မှာရောက်​နေလို့ မင်းအကြောက်တရားကင်းမဲ့နေတယ်လို့တော့ ငါ့ကိုလာမပြောနဲ့။ မင်းရဲ့သရုပ်မှန်ကို မင်း မေ့သွားပြီထင်တယ်။"

ရှီရန်က သူမမေးစေ့ကို မော့လိုက်ပြီး သူဆက်ပြောသင့်သည်ဟု အမူအရာပြသည်။

"ရှီမိသားစုက ကျုံးမိသားစုနဲ့ မယှဉ်နိုင်တာကိုထားလိုက်အုန်း။ မင်းက ရှီမိသားစုရဲ့ မွေးစားသမီးပဲ။ မင်းမရှိလည်းဖြစ်တယ်"

"မင်း အခု စတားမြို့​တော်မှာရှိနေရင်တောင် မင်းလိုဆယ်လီသေးသေးလေးအတွက် ကျုံးကော်ပိုရေးရှင်းကို စတားမြို့​တော်က ဆန့်ကျင် မယ်လို့ မင်းထင်နေတာလား။"

ရှီဝန်ဖေးသည် သူမ၏မျက်လုံးထဲတွင် ဘဝင်တက်နေသောအကြည့်ဖြင့် သူ့ဘေးတွင် ရပ်နေသည်။

သို့​​သော် သူမက ကင်မရာကို သတိထားဆဲဖြစ်၍ ၎င်းကို သိသာ​အောင်မပြသ​ပေ။

တခြားဘယ်သူမှ ဘာမှ မပြောပေ။

ထိုကိစ္စက သူတို့နဲ့မဆိုင်သဖြင့် ဝင်စွက်ဖက်စရာအ​ကြောင်း မရှိပေ။

ထို့အပြင် ကျုံးယူဖန်ကို စော်ကားရန် သူတို့ အမှန်တကယ် မဝံ့ရဲပေ။

ရှီရန်မော့ကြည့်လိုက်သည်။ "ရှင်က ကျုံးကော်ပိုရေးရှင်းရဲ့ ဥက္ကဌရာထူးကြောင့် ကျွန်မကို တားမြစ်ပိတ်ပင်ဖို့ သတ္တိရှိရှိ ခြိမ်းခြောက်ရဲတာလေ။ဒါပေမယ့် ရှင် အဲ့ဒီရာထူးကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာမို့လို့လဲ"

"မင်းဘာပြောဖို့ကြိုးစားနေတာလဲ" ကျုံးယူဖန်၏မျက်နှာသည် ရုတ်တရက် မဲမှောင်သွားသည်။

'ရှီရန် ဘာကိုသိထားတာလဲ'

"ကြောက်နေတာလား။" ရှီရန်က တိုးတိုးလေးရယ်ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။

အရပ် 170 စင်တီမီတာရှိ​သောသူမသည် ကျုံးယူဖန်၏ရှေ့တွင် အနည်းငယ် သေးသွယ်သောပုံပေါက်နေသော်လည်း သူမ၏မျက်လုံးများတွင် အေးစက်မှုကြောင့် လူအများက သူမအား လျှော့မတွက်ဝံ့ပေ။

"ကျွန်မ ရှင့်ကိုပြောခဲ့သားပဲ။ ရှင့်ကိစ္စမှာ ကျွန်မ ဝင်မပါဝင်စေချင်ရင် ကျွန်မကို လာမ​နှောင့်ယှက်နဲ့"

ထို့နောက် သူမသည် ကျုံးယူဖန်ကိုဖြတ်ကျော်ကာ သူမ၏အခန်းဆီသို့ ဦးတည်သွားခဲ့သည်။

ကျုံးယူဖန်သည် အ​တွေးဝင်သွားရင်း ခေါင်းငုံ့သွားသည်။

ရှီဝန်ဖေးသည် ရှီရန်၏နောက်ကျောကိုပြင်းထန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

ရှီရန်သည် ပို၍ မကွယ်မဝှက်ဘဲ​ပြောရဲဆိုရဲလာသည်။

သူမသည် ရှီရန်ကို ထုတ်လုပ်ရေးအဖွဲ့တွင် ဆက်လက်ရှိနေစေပါက အဓိပ္ပါယ်မဲ့သောအ​ကြောင်းများကို သူမ ပြောလာနိုင်သည်မှာ သေချာသည်။ သူမ နည်းလမ်းတစ်ခုကို စဉ်းစားရမည်။

ထိုညနေခင်းတွင်

ရှီရန်ရေချိုးခန်းထဲကထွက်လာပြီးဖုန်းကိုထုတ်ကာ ပျင်းပျင်းရိရိ ပွတ်ဆွဲလိုက်သည်။

သူမ၏နှစ်ရက်စာတိုက်ရိုက်ထုတ်လွှင့်မှုတွင် ပရိသတ်များစွာကို ရရှိခဲ့ပြီး သီးသန့်မက်ဆေ့ခ်ျများစွာကိုလည်း ရရှိခဲ့သည်။

ကဲ့ရဲ့ကြသူများလည်း ရှိကြသော်လည်း သူမကို ချီးကျူးကြသူများလည်း ရှိသေးသည်။

သူမသည် သူမ၏ကိုယ်ပိုင်မက်ဆေ့ဂျ်အခန်းမှာ ထွက်လာပြီး ခေတ်စားနေသော ရှာဖွေမှုများကို ကြည့်သည်။ အံ့အားသင့်စွာဖြင့် သူမ ထိပ်တန်းရေပန်းစားနေသော အကြောင်းအရာကို တွေ့လိုက်ရသည်။

#လျှို့ဝှက်ဆန်းကြယ်တဲ့လူချောလေးချူးကျင်းချန်း

သူမသည် ၎င်းကို နှိပ်ပြီး နေ့လည်ခင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှု၏စခရင်ရှော့ပုံများကို တွေ့သည်။ ပုံအားလုံးနီးပါးတွင် သူမနဲ့ချူးကျင်းချန်းတို့အတူတကွ ဖန်သားပြင်မှာ အတူရှိနေကြသည်။

၎င်းက အဓိကအ​ကြောင်းအရာမဟုတ်ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ချူးကျင်းချန်း ၏လွှမ်းမိုးချုပ်ကိုင်နိုင်​သောအမူအရာသည် အင်တာနက်အသုံးပြုသူများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ လူများစွာသည် သူ၏သရုပ်မှန်ကို စုံစမ်းရန် သွားကြသည်။

မကြာခင်တွင် ချူးကျင်းချန်း၏နောက်ခံအကြောင်းကို အင်တာနက်အသုံးပြုသူများက သိလာကြသည်။

- KT အဖွဲ့ ဥက္ကဋ္ဌ

KT အဖွဲ့ သည် ကမ္ဘာပေါ်ရှိ ထိပ်တန်းကုမ္ပဏီ 50 တွင် တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကောင်းဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့နောက်ကွယ်ရှိချူးမိသားစုသည် ထိပ်တန်းချမ်းသာသောမိသားစုဖြစ်သည်။

အစပိုင်းတွင် ချူးကျင်းချန်းက ချမ်းသာသောဒုတိယမျိုးဆက် အမွေဆက်ခံသူလို့ လူတိုင်းက ထင်ခဲ့ကြသော်လည်း သူ့ကို ယခုလောက်ချမ်းသာပြီး အရည်အချင်းပြည့်ဝရန် မမျှော်လင့်ခဲ့ကြပေ။

အင်တာနက်သုံးစွဲသူများ အံ့ဩသွားကြသည်။

KT အဖွဲ့ ၏တရားဝင် Weibo တွင် အင်တာနက်အသုံးပြုသူ အများအပြား ရောက်ရှိလာပြီး မှတ်ချက်များ ရေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှီရန် နှင့်ချူးကျင်းချန်း ၏ပရိသတ်များလည်း ငြိမ်သက်သွားခဲ့သည်။

[တကယ်တော့ သူက KT အဖွဲ့ ရဲ့ ဥက္ကဌ။ ငါတို့မာစတာရန်က သူနဲ့​​တောင် မထိုက်တန်ဘူး။]

[ရှီရန်သည် ဒီလိုထိပ်တန်းချမ်းသာတဲ့မိသားစုထဲ ဘယ်လိုဝင်နိုင်မှာလဲ။]

[စုံတွဲနှစ်ယောက် နိုးထချိန်ရောက်ပြီ။ သူတို့ကိုယ်သူတို့ ချိန်ဆသင့်တယ်။]

[သူတို့ကို စုံတွဲတွေလို့ ထင်ခဲ့တာ။ သူက ဒီလောက် မြင့်မြတ်မယ်လို့ မမျှော်လင့်ထားဘူး။]

[ရှီမိသားစုက တော်တော်ချမ်းသာပေမယ့် ချူမိသားစုနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။ ပြီး​တော့ ရှီရန်ကမွေးစားသမီးတစ်ဦး။]

[ကြည့်ရတာ သူက အ​​ပျော်ရှာ​နေတဲ့ပုံပဲ။ ရှီရန်ရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာအချိုးအစားကတောင် သူ့အတွက် သူမကိုကြိုက်ဖို့ လုံလောက်မနေဘူး။]

[ဒီလိုကျိကျိတက်ချမ်းသာတဲ့မိသားစု၏အမြင်မှာ နာမည်ကြီးမင်းသမီး​တွေက ကစားစရာ အရုပ်တွေပဲ။]