၄၅
Viewers 142

[အဲဒါကို သံသယတောင်မဝင်ခဲ့ဘူး]

[ဘီးတွေက ငါ့မျက်နှာမှာ လှည့်ပတ်သွားနေတာလား။]

[မာစတာရန်က အင်အားကြီးမားပြီး ဗိုလ်ကျတယ်။]

[လုံးဝအဝတ်မပါရဘူး!!!]

[ဒီလူက လူဆိုးပေမယ့် ကြည့်ရတာ အဆင်ပြေတယ်။ သူ့ကြည့်ရတာ နည်းနည်းတော့ အားနည်းပုံပဲ။]

လောင်ဖန်းက သူ့သွား ကြိတ်လိုက်သည်။ "ချီးပဲ၊ရှီရန်၊ ငါ့ကို စော်ကားပြီးရင် ဖျော်ဖြေရေးနယ်ပယ်မှာ မင်း တကယ်ဆက်ရှင်သန်နိုင်မယ်လို့ ထင်နေတာလား။"

"ကျွန်မကို ခြိမ်းခြောက်နေတာက ဘာမှ အသုံးမဝင်ဘူး" ရှီရန်က မတုန်လှုပ်​ပေ။

"ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်။ ငါတို့​ကြေသွားပြီ။ မင်းကို ငါ လာရန်မစတော့ဘူး။"

"မဖြစ်နိုင်ဘူး။"

"မင်းရဲ့ ရည်းစားဟောင်းအကြောင်းကို မင်း တွေးကောင်းတွေးနိုင်တယ်။ မင်း ငါ့ဆီက​နေ  ပုန်းကွယ်နေနိုင်ရင်တောင်မှ သူအတွက်ကကော။ မင်းမိသားစုကော ဘယ်လိုလဲ။" ခြိမ်းခြောက်ပြန်သည်။

"စကားများ​နေတာ​တွေရပ်လိုက်တော့။ ရှင့်သူငယ်ချင်းတွေနဲ့ တန်းစီပြီး အတူတူ အဝတ်ချွတ်လိုက်ကြ​တော့။"

[ဟားဟားဟားဟား ငါတကယ်ကို ရယ်သေ​တော့မယ်။]

[မာစတာရန်က အနု​ကောအကြမ်း​ကောမရဘူး​ဟေ့။]

[လုံးဝအဝတ်မပါရဘူး!!!]

[အဲ့ဒါက အရမ်းသနားစရာ​ကောင်းတယ်။ ရှီရန်က နည်းနည်းလွန်​​နေပြီမဟုတ်ဘူးလား။ ရှေ့ဆက်မတိုးနဲ့​တော့။]

[ရှေ့ကလူ၊ ဟိုအကောင်က အဲ့ဒါကိုစခဲ့တာလေ အို​ကေပြီလား?]

[အဲ့မှတ်ချက်က ပြစ်မှုကျူးလွန်သူကို သနား​နေတာလား။ မာစတာရန်ရှုံးခဲ့ရင်ကော မာစတာရန်ကို အလွှတ်ပေးမှာလို့လား။]

လောင်ဖန်း၏သူငယ်ချင်းက ရှီရန်ကို ခြိမ်းခြောက်ရန် ကြံရွယ်ကာ ပြေးသွားခဲ့သော်လည်း ၎င်းက အသုံးမဝင်ကြောင်း သူသဘောပေါက်သွားသည်။

သူတို့က သူမကို အကျိုးအမြတ်များနဲ့ မြူစွယ်ရန်ကြိုးစားခဲ့သော်လည်း သူမက တုတ်တုတ်​တောင်မလှုပ်ပေ။

အဆုံးတွင် သူတို့တွင် တစ်ခုတည်းသောအကြံသာ ရှိတော့သည်။

'သူတို့ကတိစကားကို မတည်ခြင်းဖြစ်သည်'

"ငါတို့ မင်းကို တစ်ခုခု ကတိပေးခဲ့လို့လား။ မင်းမှာ သက်သေရှိလား" လောင်ဖန်းက သူ့လက်တွေကို မြှောက်လိုက်ပြီး အပြစ်ကင်းစင်ပုံဖမ်းသည်။

"တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေ အများကြီးပဲ။ ရှင် ကတိစကားမတည်ဖို့ကြိုးစားနေတာလား။" ရှီရန်က မျက်ခုံးပင့်လိုက်သည်။

"ငါတို့စကား မတည်​တော့ ဘာဖြစ်လဲ" လောင်ဖန်း၏သူငယ်ချင်းသည်လည်း အဆင့်အတန်းမရှိပုံ​ပေါ်သည်။

ကောက်ကျစ်ယုတ်မာ​သောလူတစ်​​ယောက်​ကို မယုံကြည်​နိုင်သည်မှာ အမှန်​တကယ်ပင်ဖြစ်သည်

လောင်ဖန်း၏ကိုယ်ရံတော်များသည် သူ့နောက်တွင် ရပ်နေပြီး အရေအတွက်ပိုများလာသည်။

ဆန့်ကျင်ဘက်အနေနဲ့ဖြင့် ရှီရန်က တစ်ယောက်တည်းဖြစ်သည်။

"မင်းမှာ ငါ့ရဲ့ ကိုယ်ရံတော်တွေကို အနိုင်ယူဖို့ သတ္တိရှိရင် သူတို့ကို မင်းကိုယ်တိုင်ရှင်းထုတ်လိုက်လေ" လောင်ဖန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ရှီရန်သည် အန္တရာယ်ရှိစွာ ပြုံးကာ တိုက်ခိုက်တော့မည့်အချိန်တွင် တံခါးဝ၌ဆူညံ​သောအသံထွက်​ပေါ်လာသည်။

မြန်​​ဆန်​သောခြေလှမ်းသံများဖြစ်သည်။

ကောင်းစွာလေ့ကျင့်ထားသော အဖွဲ့တစ်ဖွဲ့က သူတို့ဆီသို့ တိုက်ရိုက်ပြေးလာသကဲ့သို့ ပုံမှန်စနစ်ကျသော ခြေသံများ ထွက်ပေါ်လာသည်။

အနက်ရောင်ကိုယ်ခံပညာယူနီဖောင်းဝတ်ထားသူ နှစ်ဆယ်ခန့် ဖြစ်သည်။

မည်သူမှ မတုံ့ပြန်နိုင်ခင် လောင်ဖန်း ၏ကိုယ်ရံတော်များကို သူတို့ မဆိုင်းမတွ တိုက်ခိုက်ခဲ့ကြသည်။

တိုက်ပွဲအပြီးတွင် လောင်ဖန်း၏ကိုယ်ရံတော်များ အားလုံး သတိလစ်သွားသည်။

လူလေးယောက်က ရှေ့ကို လှမ်းလာပြီး လောင်ဖန်းနဲ့ သူ့သူငယ်ချင်းများရှေ့မှာ ရပ်လိုက်သည်။

"ဗြီ-"

လောင်ဖန်းနှင့် အခြားသုံးယောက်၏အဝတ်အစားများ စုတ်ပြဲသွားသည်။

သူတို့သည် အောက်သို့ကိုင်းကာ လောင်ဖန်းနှင့် အခြားသူများကို လက်အောက်တွင် ချုပ်နှောင်ထားကာ သူတို့၏ဘောင်းဘီကို ချွတ်လိုက်ကြသည်။

ပြီးပြည့်စုံသောအရိပ်များကဲ့သို့ သူတို့ တညီတညွတ်တည်းလှုပ်ရှားသွားကြသည်။

တခဏချင်း သူတို့လေးယောက်လုံး အဝတ်ဗလာဖြစ်သွားသည်။

ရှီရန်သည် ဤမြင်ကွင်းကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု​တွေးမိပြီး စိတ်ဝင်တစား ပြုံးလိုက်သည်။

သောက်စရာတစ်ခု သူမဆီ ကမ်း​ပေးလာသည်။

သူမ ခွက်နောက်ကို လိုက်ကြည့်ရင်း ပြုံးနေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

သူမသည် သောက်စရာကိုယူကာ သူမ၏အ​ပေါ်​အောက်သွားကြား၌ ပိုက်ကို စုပ်​သောက်လိုက်သည်။

"အရင်က ပြိုင်ကားမောင်းနည်းကို သင်ယူဖူးတာလား။" ချူးကျင်းချန်း ညင်ညင်သာသာ မေးလိုက်သည်။

"အဲလို​လည်းမဟုတ်ဘူး" ရှီရန်က ယောင်ဝါးဝါးဖြင့် ပြန်ဖြေသည်။

ချူးကျင်းချန်းသည် မေးခွန်းများကို ဆက်မမေးတော့ပေ။

သူသည် ကိုယ်လုံးတီးဖြစ်ကာချမ်း၍တုန်​နေ​​သောသူတို့လေးယောက်ကို သေချာကြည့်လိုက်သည်။

"စကားမတည်ချင်တုန်းပဲလား"
သူ ယခု ပြုံးနေသော်လည်း သူ့မျက်လုံးထဲတွင် နောက်​ပြောင်မှုက မတွေ့ရ​ပေ။

လောင်ဖန်း၏မုန်းတီးမှု နှင့် ကောက်ကျစ်မှုများသည် ချူးကျင်းချန်းကို မြင်သောအခါ ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ငယ်ငယ်ကတည်းကပင် သူ့အဖေက တတိယသခင်​လေးချူးကို မစော်ကားရန် အမြဲသတိပေးသည်။

ထိုအချိန်တွင် တတိယသခင်​လေးသည် အသက် ဆယ်နှစ်သာရှိသေးပြီး သူ့အဖေကပင် သူ့ကို အလွန်ကြောက်လန့်နေလေသည်။

တတိယသခင်ငယ်ကို သူ မြင်သောအခါ ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် ရှောင်သွားပေသည်။

မထင်မှတ်ပဲ ဤမသာမကြောင့် တတိယသခင်​လေးက သူ့ကို မုန်းနေပြီဖြစ်သည်။

လောင်ဖန်း၏အန္တရာယ်ခြုံလွှမ်း​နေ​သောအကြည့်များက ရှီရန်ပေါ် ရောက်သွားသည်။ သူသည် လက်သီးများကို ဆုပ်ထားပြီး အံကြိတ်ထားသည်။

ရှီရန်သည် ဘေးကိုကြည့်လိုက်သောအခါ
လောင်ဖန်း၏အဆိပ်ပြင်းသောမျက်လုံးများကို တွေ့သည်။

သူမ ၎င်းကို လုံးဝလျစ်လျူရှုလိုက်သည်။

သူမသည် လောင်ဖန်း၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။

"ကြည့်လို့ကောင်းလား?" ချူးကျင်းချန်းသည်  ရှီရန်အနားတွင် ရပ်ကာ ပေါ့ပေါ့ပါးပါး မေးသည်။

"အားနည်းတဲ့ကြက်ကျ​နေတာပဲ။" ရှီရန်၏နှုတ်ခမ်းက ကွေးတက်သွားသည်။

ချူးကျင်းချန်း ရယ်ကာ ခေါင်းညိတ်၍ သဘောတူလိုက်သည်။ "တကယ်ကို အားနည်းတယ်"

စဉ်းစားရင်း သူမဘက်ကို သူပြန်လှည့်လာသည်။ "ဒါဆို ကျွန်​တော့်ပစ္စည်းကကော?"

"ဟင်?" ရှီရန်သ​ဘောမ​ပေါက်​ပေ။

"ကျွန်​တော့်ပစ္စည်းကို အရင်က မြင်ဖူးတယ်မဟုတ်ဘူးလား"

သူ့အနောက်ဘက်ရှိကျူးယို့ဟန်နဲ့ဂျီဝမ်ဖုန်း: "???"

['မြင်တယ်? ဘာကို မြင်တာလဲ???]

[မင်းတို့နှစ်ယောက်! မင်း တီးတိုးပြောနေရုံနဲ့ ငါတို့ မကြားနိုင်ဘူးလို့ မထင်လိုက်နဲ့။ သူမ ဘာမြင်ဖူးတာလဲ??]

[သတင်းအချက်အလက်အများကြီးကို စကားလုံးအနည်းငယ်နဲ့​ဖော်ပြလိုက်တာပဲ။]

[ငါ့အဖွဲ့ဝင်အဆင့်က VIP လေ။ VIP မကြားနိုင်တဲ့အရာတွေ ရှိလို့လား။]

[သူတို့နှစ်ယောက်ဆီမှာ တစ်ခုခုတော့မရိုးသားဘူး။ တစ်ခုခုတော့မရိုးသားဘူးနော်]

ကျူးယို့ဟန်သည် ထိုအခိုက်အတန့်တွင် အလွန်သိချင်နေသော်လည်း ဒရုန်းသည် အထက်တွင် ပျံဝဲနေဆဲဖြစ်သည်။

သူသည် ရှီရန်ထံမှအဖြေကိုရှာရန် စူးစမ်းသည့်အမူအရာဖြင့်သာ သူမအား ကြည့်ရုံသာတတ်နိုင်သည်။

ကံမကောင်းစွာပင် ရှီရန်သည် သူပြောသည့်စကားကို သေချာမကြားလိုက်​ပေ။

သူမ၏အာရုံသည် လောင်ဖန်းနှင့် အခြားသူများထံကို ရောက်သွားပြီဖြစ်သည်။

ထိုမြင်ကွင်းသည် အလွန်ရယ်ရ​သောမြင်ကွင်းတစ်ခုဖြစ်သည်။

လောင်ဖန်းနှင့် အခြားသုံးဦးတို့သည် အဝတ်ဗလာဖြစ်​နေကြသည်။ သူတို့သည် သူတို့၏ အရေးကြီးသောအစိတ်အပိုင်းများကို လက်ဖြင့် ဖုံးအုပ်ကာ လမ်းပေါ်၌ အဆင်မပြေစွာ ပြေးကြသည်။

သူတို့ ပြေးလာရင်း "ငါက ခွေးတစ်ကောင်ပါ။ ငါက လူမဟုတ်ဘူး" လို့ အော်ကြသည်။

ကိုယ်ခံပညာယူနီဖောင်းဝတ်ထားသောအမျိုးသားအများအပြားက သူတို့နောက်ကို လိုက်နေကုသည်။

သူတို့ထဲက တစ်ယောက်က ရပ်လိုက်မိပါက အကန်ခံရမည်ဖြစ်သည်။

အဆုံးတွင် လောင်ဖန်းနှင့် အခြားသူများ ပင်ပန်းနေပြီဖြစ်သော်လည်း မရပ်တန့်ဝံ့ကြသေးပေ။

[သနားစရာကောင်းပေမယ့် အရမ်းရယ်ရတယ် ဟားဟား]

[လူ​ဆိုး​တွေကို လူ​ဆိုး​နဲ့အ​ပြစ်​ဒဏ်​ခတ်ရ​လိမ့်​မယ်။]

[ဒီချမ်းသာတဲ့ကလေးတွေက အမျိုးသမီးတွေကို မလေးစားတာသေချာတယ်။ သူတို့နဲ့ ဒါက ထိုက်တန်တယ်။]

[မာစတာရန်က တန်ခိုးကြီးတယ်!!!]

[ဒီမြင်ကွင်းက ဘာကြောင့်ရယ်စရာကောင်းနေရတာလဲ။ ဟားဟားဟား]

ဤရယ်စရာမြင်ကွင်းကို အွန်လိုင်းတွင် လျှင်မြန်စွာ တင်ခဲ့ပြီး "သတိအချစ်ရှိသည်" က ရေပန်းစားလာပြန်သည်။

သို့​သော် သိပ်မကြာခင်တွင် ခေတ်စားနေသောအကြောင်းအရာ ပျောက်သွားသည်။ အင်တာနက်သုံးစွဲသူများ ထပ်မံရှာဖွေသောအခါတွင် မည်သည့်အရာကိုမျှ ရှာမတွေ့တော့ပေ။

အင်တာနက်သုံးစွဲသူများသည် အရင်းရှင်စနစ်၏အာဏာကို ညည်းညူခဲ့ကြသည်။

ထုတ်လုပ်ရေးအဖွဲ့က သတ်မှတ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်ချိန်သည် ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ဗီလာသို့ ပြန်သွားရန် သူတို့ ပြင်ဆင်ကြသည်။

ကလပ်ပိုင်ရှင်က သူမ မထွက်ခွာခင် ထပ်လာရန်ဖိတ်ခေါ်​​သော်လည်း ရှီရန်က ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။

'သတိအချစ်ရှိသည်'အတွက် မှတ်တမ်းတင်နေသည့်ဗီလာ

သူမသည် ဗီလာသို့ပြန်လာပြီး အထဲဝင်လာ​သောအခါ ဧည့်ခန်းထဲတွင် ထိုင်နေသောလူအားလုံးကို တွေ့လိုက်သည်။

ဧည့်ခန်းရှိဖန်သားပြင်ကြီးသည် ဧည့်ခန်းထဲဝင်လာ​သောသူမကို ပြသနေသည်။

သူမသည် ရပ်တန့်လိုက်သည်။

ကျူယီ​ဖေးမတ်တပ်ထရပ်ပြီး ရှီရန်ကို ရေသန့်ဘူးတစ်ဘူး ပေးလိုက်သည်။ "ကျွန်​တော်တို့အားလုံး မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတာ။"

"အနည်းဆုံးတော့ လူတိုင်းက မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဘာကြောင့် ပြေးသွားကြတာလဲဆိုတာ ငါတို့သိလိုက်ရပြီ။ အဲ့ဒါက စိတ်လှုပ်ရှားစရာကောင်းတယ်။" လျန်ပု့က သူမကို လက်မထောင်ပြသည်။

"မှန်တယ်" ကျူယီ​ဖေးက အားတက်သရော ခေါင်းညိတ်သည်။ "မင်းက တကယ်​​ပြိုင်ကား​မောင်းတော်​တာပဲ။ တကယ်ကိုအမိုက်စားပဲ။ အဲ့ဒါကို မင်း ခနကမှသင်ခဲ့တာလား"

"အဲ့လိုမျိုး​ပေါ့" ရှီရန်က ရေရွတ်လိုက်သည်။

သူမ၏ယခင်ဘဝတွင် သူမသည်သူငယ်ချင်းများနှင့်ကား​မောင်းပြိုင်ခဲ့ပြီးသူမ၏စွမ်းရည်သည်ကောင်းမွန်သည်။

သို့သော် ဤကိုယ်ထည်၏မူလပိုင်ရှင်သည် ယခင်က တစ်ခါမှ မမောင်းဖူးခဲ့ဘဲ ယနေ့ခေတ် ကားအတွင်းခန်းသည် ယခင်ဘဝက သူမမောင်းခဲ့ဖူးသည့်ကားအတွင်းခန်းပုံစံနှင့် မတူကွဲပြားသည်။

ထို့ကြောင့် အစပိုင်းတွင် ထိန်းချုပ်မှုများကို နားလည်ရန် အချိန်အနည်းငယ်ယူခဲ့ရသည်။

အတိအကျပြောရလျှင် သူမသည် ယခုမှ သင်ယူခဲ့သည်။

"ဒါက တကယ်ကို အံ့သြစရာကောင်းတယ်။ ကျွန်​တော် အရင်က ပြိုင်ကားတွေ မောင်းခဲ့ဖူးပေမယ့် အရည်အချင်းကတော့သာမန်ပဲရှိတယ်။ ကျွန်​တော်ကို သင်ပေးလို့ရမလား" ကျူယီ​ဖေးသည် ရှီရန်ကို မျှော်တလင့်တကြီး ကြည့်နေသည်။

"ကောင်းပြီ​လေ။" ရှီရန်ခေါင်းညိတ်သဘောတူသည်။

[မှန်တယ်။ ဒါပဲလေ ဘေဘီလေးရေ။ ငါတို့ တိုက်ခိုက်ကြမယ်။]

[မင်း လုံ့လမထုတ်ရင် ငါတို့ရဲ့မာစတာရန်ကို ချောမောတဲ့လူတစ်ယောက်က လုယူသွားတာကို ခံရလိမ့်မယ်နော်။]

[ဘေဘီလေးမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိတယ်။ ဘေ​ဘီလေးကြီးပြင်းလာရင် မားမားက လက်လွှတ်ပေးရမှာ​ပေါ့။]

[မှတ်ချက်တွေက အဆိပ်တွေသင့်​နေတာချည်းပဲ။ ဘယ်စုံတွဲမဆို အမုန်းမခံလို့မရဘူးလား။]

[ငါတို့ရဲ့​ဘေဘီလေးက ပြိုင်ကားကို နှစ်သက်တာ သိသာတာကို။ အဲ့ဒါက ရှီရန်နဲ့ ဘာဆိုင်လို့လဲ။]

[သူတို့စုံတွဲရဲ့ ပရိသတ်တွေက စိတ်ထား​​ကောင်းကောင်းထားနိုင်ကြပါမလား။]

"မမ ဘယ်တုန်းက ပြိုင်ကားမောင်းနည်းကို သင်ယူခဲ့တာလဲ။ မမက အရမ်းတော်တာကို ညီမလေးမသိခဲ့ဘူး" ရှီဝန်ဖေးသည် ရှီရန်ကို သိချင်စိတ်ဖြင့် ကြည့်သည်။

သူမ မတ်တပ်ထရပ်ပြီး နှုတ်ခမ်းစူဟန်ဆောင်သည်။ "ညီမ​လေးကိုတောင်​မ​ပြောပြခဲ့ဘူး​နော်​။မမအတွက်​​ညီမလေးစိုးရိမ်​​နေရတာ။"

"ငါတို့က ရင်းနှီးလို့လား" ရှီရန်က တိုက်ရိုက်မေးလိုက်သည်။