၄၂
Viewers 171

"တစ်ယောက်ယောက်မှာ အကြံဉာဏ်ကောင်းတွေ ရှိရဲ့လား"

[သူမ ငါတို့ကို မေးနေတာလား???? မာစတာရန်က ငါတို့ကို မေးနေတယ်???]

[ငါ ဒီအပိုင်းကို ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး!! ငါ ပျော်​နေပြီဟေ့]

[သူ့ကို ချီးစားခိုင်းလိုက်]

[ဒီကောင်တွေ အ​ဖော်အချွတ်အက ကခိုင်းလိုက်။]

[အကြိမ်တစ်ရာလောက်ကိုယ့်ကိုယ်ကို ပါးရိုက်ပြီး ကျွန်​​တော်မှားပါတယ်လို့ ပြောခိုင်းလိုက်။]

[သူတို့လည်း ကိုယ်တုံးလုံးချွတ်ပြီး သူတို့တွေကခွေးတွေပါ။ လူမဟုတ်ဘူးလို့ အော်ခိုင်းပြီး ကားပြိုင်လမ်းကိုပတ်ပြေးခိုင်းလိုက်။]

ရှီရန်သည် မှတ်ချက်များကို ကြည့်လျက် ဖုန်းကိုကိုင်ကာ လောင်ဖန်းကို ကြည့်လိုက်သည်။ "ရှင် ရှုံးရင် ရှင်တို့လေးယောက်က ကိုယ်တုံးလုံးချွတ်ပြီး ရှင်တို့က ခွေးတွေပါ။ လူမဟုတ်ဘူးလို့ အော်ပြီး ကားကွင်းပတ်ပြေးလိုက်။"

"ဟေး မြှောက်တက်မလာနဲ့" လောင်ဖန်း၏သူငယ်ချင်းမျက်နှာမှာ မည်းမှောင်သွားပြီး ဒေါသတကြီး ရှီရန်ဆီသို့ လျှောက်လာသည်။

တခြားသူများကလည်း ထပ်တူထပ်မျှမျက်နှာထားခက်ထန်​နေသည်။ မည်သူမျှ ထိုလူကို တားရန် မကြိုးစားပေ။

ရှီရန် ကျိန်းသေပေါက် ကျရှုံးမည်ဟု သူတို့ ခံစားရသော်လည်း ရှီရန်ဖော်ပြခဲ့သည့် ပြစ်ဒဏ်က သူတို့ကို ဒေါသထွက်စေသည်။

ထိုလူသည် အန္တရာယ်ပြုမည့်အမူအရာဖြင့် ရှီရန်ထံသို့ လျှောက်သွားကာ ရှီရန်၏ကော်လာကို ဆွဲကိုင်လိုက်သည်။

ရှီရန် ရုတ်​တရက်​လက်​ကို​မြှောက်​ပြီး သူ့လက်​​ကောက်​ဝတ်ကို ဆွဲကိုင်​လိုက်​သည်​။

ရှီရန်သည် မလှုပ်မယှက် ရပ်နေကာ ထိုလူက သူ့လက်ကို ပြန်ဆွဲယူသည်။

သူ ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။

ဘာကြောင့် ငါ့လက်ကို မလှုပ်နိုင်ရတာလဲ?

ဤအမျိုးသမီးသည် အလွန်သိမ်မွေ့ပုံရသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ?

အမျိုးသမီးတစ်ဦး၏အလွယ်တကူ ထိန်းချုပ်ခြင်းကိုခံရသဖြင့် ထိုယောက်ျားက အလွန်ရှက်ရွံ့ဒေါသဖြစ်လာသည်။ သူ့မျက်နှာတစ်ခုလုံး နီမြန်းလာပြီး လည်ပင်းရှိသွေးကြောများ ထောင်တက်နေသည်။

"ခွေးကောင်မ" ရှီရန်၏ပါးကို ရိုက်ရန် သူ့တစ်ခြားလက်တစ်ဖက်ကို မြှောက်လိုက်သည်။

သူမ၏မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ပေါ်လာသည်။ သူမသည် ထိုယောက်ျား၏လက်ကိုလွှတ်လိုက်ပြီး ယောက်ျား၏ဝမ်းဗိုက်ကိုကန်ရန် ဒူးကိုမြှောက်လိုက်သည်။

သူမ၏အခြားလက်တစ်ဖက်က ထိုလူ၏လက်ဖဝါးကို ပိတ်ဆို့ကာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူမသည် နောက်တစ်ပတ်ပြန်လှည့်ကာ ရှေ့သို့ဒူးဖြင့်ကန်လိုက်သည်။ သူမ၏ပခုံး​ကျော်တစ်ပတ်လည်ကန်ချက်ဖြင့် ထိုလူကို မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

"အား" ထိုလူက အော်သည်။

သူ့လက်က သူ့ခါးနှင့်ဗိုက်ကို ကိုင်ထားပြီး
သူ၏နီရဲ​နေ​သောမျက်လုံးများဖြင့် ရှီရန်ကို စိုက်ကြည့်နေသည်။

[လှလိုက်တာ။ ဘယ်လောက်တောင်လှလိုက်တဲ့ကန်ချက်လဲ။]

[ငါတို့ရဲ့မာစတာရန်နဲ့မှန်မှန်ကန်ကန် ပြိုင်ကား​မောင်းပြိုင်ရင်တောင် နင်တို့အောင်နိုင်သေးတာကို။ ဘာလို့တိုက်ခိုက်နေရတာလဲ။]

[မာစတာရန်: ငါ့ကို တိုက်ခိုက်ဖို့တွန်းအားပေးနေတဲ့ယုံကြည်ချက်ပြည့်လွန်း​နေတဲ့သူတွေ အမြဲတမ်းရှိတယ်။]

[အစကတည်းက ဒီရလဒ်ကိုရလာမယ်ဆိုတာကို ငါသိတယ်။ ဒီယောက်ျားက မနေ့ကလူဆိုးတွေလို ပျော့ညံ့ပုံပေါက်တယ်။]

[ဒါက ချမ်းသာတဲ့ကလေးတစ်ယောက်ရဲ့ ကြီးပြင်းလာပုံလား။ သူမကို ခွေးကောင်မလို့ခေါ်တယ်။ ခွေးကောင်မလို့လေ]

[အမျိုးသမီးတွေကို လုံးဝလေးစားမှုမရှိဘူး။ ငါသာဆိုရင် သူ့ကို နောက်တစ်ကြိမ် ကန်ချပလိုက်မယ်။]

လောင်ဖန်း၏မျက်နှာ မည်းမှောင်သွားသည်။
သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်လိုက်သည် ။ "မင်တို့အားလုံးဝင်လာခဲ့ကြ။"

တစ်ခုခုမှားနေပြီဆိုသည်ကို ပိုင်ရှင်သူဌေးက ချက်ချင်းသိလိုက်သည်။

သူက ရှေ့ကို လှမ်းလာသည်။ "သခင်​လေးလောင်၊ ဒီမစ္စရှီက တတိယ.."

"ပါးစပ်ပိတ်ထား" လောင်ဖန်းက အော်လိုက်သည်။ "ဒီနေ့ ဒီကိစ္စမှာ ဝင်စွက်ဖက်ဖို့ မင်းသတ္တိရှိရင် ငါ မင်းကိုလည်း သေ​အောင်ရိုက်နှက်မိလိမ့်မယ်။ မနက်ဖြန်ဆို မင်းရဲ့ ကလပ်ကို ဖြိုဖျက်ဖို့ တစ်ယောက်ယောက်ကို ငါခိုင်းမိမယ်"

"ကျွန်တော်" သူဌေးက စကားဆက်ပြောချင်သော်လည်း သူ့ပခုံးပေါ် လက်တစ်​ဖက်တင်လာသည်။

သူလှည့်ကြည့်လိုက်သောအခါတွင် ရှီရန်က ခေါင်းယမ်းပြနေသည်ကို​တွေ့သည်။ “ဒါက သူနဲ့ကျွန်မကြားကကိစ္စပဲ” ဟု တိုးတိုးလေးပြောသည်။ "စိတ်မပူပါနဲ့။ ကျွန်မ အဆင်​ပြေသွားမှာပါ။"

သူဌေးက သူ့လက်နှစ်ဖက်ကို ဘေးနှစ်ဖက်တွင်တင်းတင်းဆုပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ဘေးနားသို့ သူ လျှောက်သွားပြီး ဝန်ထမ်းကို ချက်ချင်း ခေါ်လိုက်သည်။"တတိယယသခင်​လေးချူးရှိတဲ့နေရာကို မြန်မြန်လိုက်ရှာ။ မစ္စရှီမှာ ကိစ္စတစ်ခုခုဖြစ်နေတာကို မင်းသူ့ကိုပြောကို​ပြောပြရမယ်"

မကြာခင်တွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အနက်ရောင်ဝတ်စုံဖြင့်သက်တော်စောင့်အမျိုးသားတစ်ဒါဇင်က စည်းစနစ်တကျ ပြေးဝင်လာသည်။

သပ်ရပ်သောမျဉ်းဖြောင့်အတိုင်း ရပ်နေကာ သူတို့၏အမူအရာများသည် လေးနက်နေသည်။ သူတို့အသွင်အပြင်တစ်ခုတည်းက မနေ့ကလို လူရမ်းကားများကို ချေမှုန်းရန် လုံလောက်ပေသည်။

"ဒါတွေအားလုံးက ငါတို့လောင်မိသားစုက ဂရုတစိုက်လေ့ကျင့်ထားတဲ့ သက်တော်စောင့်တွေပဲ။ မင်း သူတို့ကို အနိုင်ယူနိုင်မယ်လို့မထင်ဘူးမလား"

လောင်ဖန်းသည် သက်တော်စောင့်များကြားမှ ဂုဏ်ယူစွာ ဖြတ်​လျှောက်ကာ ဘဝင်တက်နေသည်။

ရှီရန် ကြောက်နေလိမ့်မည်ဟု အားလုံးက ထင်နေကြသော်လည်း လူတိုင်း အံ့အားသင့်လောက်အောင် သူမသည် ဤကိုယ်ရံတော်များကို ဖြည်းဖြည်းချင်း အပေါ်​အောက် အကဲခတ်ကြည့်​နေသည်။

သူတို့၏ကြွက်သားများသည် ကောင်းမွန်စွာ တောင့်တင်းနေသည်။

သူတို့သည်ပုံသဏ္ဍာန်သည် အမှန်ပင် ကောင်းမွန်သည်။

ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်က ဘယ်လောက်ကောင်းနိုင်မလဲ?

သူမ၏မျက်လုံးများက စိတ်အားထက်သန်နေသည်။

သူမ၏ခွန်အားနှင့်ကျွမ်းကျင်မှုဖြင့်ညီမျှ​သောရန်သူကို မတိုက်ခိုက်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ရှီရန်က ပြန်မဖြေသည်ကိုမြင်၍ လောင်ဖန်းက သူ့သွားကို ကြိတ်လိုက်သည်။ "မင်းတို့တွေ၊ ဒီကောင်မရဲ့ခြေထောက်တွေကို ချိုးပြီး ငါ့ဆီ ခေါ်လာပေးစမ်း။"

"ဟုတ်ကဲ့" တစ်အိမ်လုံးကို တုန်လှုပ်စေနိုင်သောစည်းလုံးသောအသံများက နှလုံးသားကို ရပ်တန့်သွားစေနိုင်သည်။

ရှီရန်ဆီသို့ သူတို့ပြေးသွားကြသည်။သက်တော်စောင့်များထဲမှ တစ်ဦးမှာ ပထမဆုံး တိုက်ခိုက်ခဲ့သည်။ သူ့လက်ကို လင်းယုန်ခြေသည်းကဲ့သို့ ဟန်လုပ်ပြီး ရှီရန်၏လက်ကောက်ဝတ်ကို အလျင်အမြန် ဆုပ်ကိုင်သည်။

ထို့နောက် ရှီရန်နောက်ဆုတ်ခွာသွားပြီး တစ်စက္ကန့်ပိုင်းအတွင်းသက်တော်စောင့်၏လက်က ဆုပ်ကိုင်ခံလိုက်ရသည်။

ကျွတ်

လက်ကောက်ဝတ်၏ကျိုးသံထွက်လာသည်။

သက်တော်စောင့်က အံကြိတ်ကာ ညည်းသည်။ ရှေ့ကလူကို သူ ချက်ချင်းကြည့်လိုက်သည်။

ထိုလူတွင် ဖြူစွတ်သောအသားအရေနှင့် ချောမောသောမျက်နှာရှိသည်။ သူ့နှုတ်ခမ်းက ပြုံးနေသော်လည်း သူ့မျက်လုံးထဲကမြင်ရ​သောအငြိုးထားမှုက နတ်ဆိုးထက်တောင် ပိုကြောက်စရာကောင်းသည်။

ချူးကျင်းချန်းသည် တစ်ဖက်လူ၏လက်ကို ဖယ်လိုက်ပြီး ပို၍ပင် အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။ သူသည် လောင်ဖန်းကို ကြည့်လိုက်သည်။ "သခင်​လေးလောင်၊ ဘာလို့ ဒီနေရာမှာ လူဒီလောက်စည်းကားနေရတာလဲ"

ထိုအကြည့်က လောင်ဖန်းကို ဒူးထောက်လုနီးပါးဖြစ်သွားစေသည်။"တတိယ...တတိယ သခင်​လေးက ဘာလို့ ဒီမှာ ရှိ​နေရတာလဲ။"

"ငါက သူမကို ဒီကို ခေါ်လာခဲ့တဲ့သူ​လေ။ မင်း ဘာထင်လို့လဲ ဟမ်"နောက်ဆုံးစာလုံးက အန္တရာယ် ရှိစွာ အသံမြင့်တက်လာသည်။

[သူမက မင်းရဲ့မိန်းက​လေးလို့ပဲ ပြောလိုက်ပါ​တော့လား။]

[အရမ်းချောတယ်!! သူရဲကောင်းတစ်ဦးက ဒုက္ခရောက်နေတဲ့မိန်းကလေးကို ကယ်တင်ခဲ့တယ်။ ဒါက တီဗီဒရာမာမဟုတ်တာ သေချာရဲ့လား။]

[ဒီကိုယ်လူချောက ဘယ်သူလဲ။ အားလုံးက သူ့ကို ဘာလို့ အရမ်းကြောက်နေကြတာလဲ။]

[သူက တကယ်ချောတယ်။ ငါသာ ရှီရန်ဖြစ်ခဲ့ရင် ငါ သူ့ကို အ​သေအလဲချစ်မိသွားလိမ့်မယ်!!!]

[ငါ သူနဲ့ကလေးယူချင်တယ်။ အခုချက်ချင်းပဲ။ တကယ်လို့ ငါက က​လေးမယူပေးနိုင်ရင် ရှီရန်က ငါ့အစားမွေးပေးနိုင်ပါတယ်]

"ဒါ..." လောင်ဖန်း အံ့အားသင့်သွားသည်။

ချီးကား​တော့တိုက်ပြီ။

'ရှီရန်က တတိယမြောက်သခင်​လေးနဲ့  ဘယ်တုံးက ရင်းနှီးသွားတာလဲ?'

သူသည် ချူးကျင်းချန်း၏အနောက်ရှိရှီရန်ကိုကြည့်ကာ မျက်လုံးများကို မှေးလိုက်သည်။

ရှီရန်က တတိယသခင်​လေးနဲ့ အိပ်​နေတာ​ကော ဖြစ်နိုင်မလား?

'ဒါဆို ကျူးလီကကော?'

လောင်ဖန်းက စိတ်ရှုပ်​ထွေး​နေသော်လည်း ချူးကျင်းချန်း၏အကြည့်ကို ရင်ဆိုင်ရင်း သူကိုယ်တိုင် အံကြိတ်ကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြသည်။

ထို့နောက်တွင် သူက ရှက်ကိုးရှက်ကန်းပြုံး လိုက်သည်။ "သူမရဲ့တောင်းဆိုချက်က လွန်လွန်းပြီး ကျွန်တော့်သူငယ်ချင်းကိုတောင် ဒဏ်ရာရသွားစေတယ်။ ဒါကြောင့် ကျွန်​တော် ဒေါသထွက်ပြီး အခုလို လုပ်လိုက်မိတာပါ"

"ရှီရန်က သခင်​လေးနဲ့အတူလာတာဆို​တော့ ကျွန်​တော်တို့ ကား​မောင်းမပြိုင်တော့ပါဘူး။ အဆင်​ပြေတယ်မလား ရှီရန်"

ရှီရန်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ "ဘာလို့မပြိုင်ရမှာလဲ? ကျွန်မတို့ ကားမောင်းပြိုင်မယ်"

လောင်ဖန်း အံ့အားသင့်သွားသည်။ "ပြိုင်ကား​ဘယ်လိုမောင်းပြိုင်ရတယ်ဆိုတာကိုကောသိရဲ့လား"

"ကျွန်မ အခုနားလည်သွားပြီ" ရှီရန်က တည်ငြိမ်စွာပြောသည်။

လောင်ဖန်း၏မျက်လုံးများ တောက်ပလာသည်။

ဒါဆို သူမ မသိဘူးပေါ့?

သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်လာသည်။ သူသည် ချူးကျင်းချန်းကို ကြည့်လိုက်ပြီး သူ့လက်များကို ကူကယ်ရာမဲ့ ဖြန့်လိုက်သည်။ "တတိယသခင်​လေး၊ ရှီရန်က သူမ ပြိုင်ချင်တယ်လို့ဆိုတော့ ကျွန်တော် ဘယ်မငြင်းနိုင်တော့မလဲဗျ"

ချူးကျင်းချန်းက ဘေးကို လှမ်းကြည့်ရင်း သူမ၏ပြုံးနေသောမျက်လုံးများကို တွေ့လိုက်ရသည်။

သူ ညည်းရင်း အနားယူရာနေရာသို့ ပြန်သွားသည်။

သူ့တွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။

လောင်ဖန်းက ပိုလို့တောင် ရယ်မောပြီး ရိုက်ကူးနေသော ဒရုန်းကို ညွှန်ပြလိုက်သည်။ "ရှီရန်၊ မင်းရှုံးရင် တတိယသခင်လေး ဒီမှာရှိ​နေလို့ဆိုပြီးမင်းရဲ့ စကားကို ပြန်မရုတ်သိမ်း​ကြေး။ မင်းရဲ့ ပရိသတ်တွေက စောင့်ကြည့်နေကြတာ။"

"စကားကိုပြန်ရုတ်သိမ်း​တဲ့ဘယ်သူမဆို ခွေးပဲ" ရှီရန်က ပြတ်ပြတ်သားသား ပြန်ဖြေသည်။

[??? စိတ်ရှုပ်ထွေးနေတာ​ကြောင့်ပြုမူမိတဲ့အပြုအမူ]

[သေတာပဲ! ကိုယ်လူချောက သူမကို ကူညီခဲ့တာကို။ ဘာလို့ သူမ ပြိုင်နေ​သေးတာလဲ။]

[ငါ​တော့ ဆွံအသွားပြီ​ဟေး]

[ရှီရန်က ပြောင်းလဲသွားပြီလို့ ငါ ထင်ခဲ့တယ်။ သူမ ဒီလောက် ဦးနှောက်မဲ့နေမယ်လို့ မမျှော်လင့်ထားဘူး။]

[ပြိုင်ကားမောင်းပြိုင်တာက သာမန်ကားကို မောင်းတာနဲ့တူတယ်လို့ သူမ ထင်နေတာလား။ သူဌေးက သူမကို သင်ပေးခဲ့တာ​တွေက အလဟသဖြစ်သွားပြီ။]

[မေ့လိုက်တော့။ သူမကိုယ်သူမ ခုခံပါစေ။ သူမနဲ့ ထိုက်တန်တာကိုရရင် ဘယ်သူ့ကိုမှ အပြစ်တင်စရာမလိုဘူး။]

ယခုအချိန်တွင် မှတ်ချက်များ အားလုံးက ဆဲဆိုကြိမ်းမောင်းနေကြသည်။

ရှီရန်က သူမကိုယ်သူမ ယုံကြည်မှုလွန်ကဲ​နေသည်ဟု လူတိုင်းနီးပါး ခံစားမိကြသည်။

ချူးကျင်းချန်းသည် သူ့မျက်နှာပေါ်သို့ နေရောင်တောက်ပနေချိန်တွင် မေးစေ့ကို ကိုင်ထားသည်။ ကျေနပ်စွာ မျက်လုံးကို မှေးထားရင်း သူ့အနက်ရောင်မျက်အိမ်က ရှီရန်၏တားမရသောပုံစံကို ရောင်ပြန်ဟပ်နေသည်။