၄၀
Viewers 162

ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်သည် ချူးကျင်းချန်း၏မျက်နှာဘက်ခြမ်းသို့ တောက်ပစွာကျ​ရောက်နေသဖြင့် သူ၏မျက်နှာအသွင်အပြင်ကို ပို၍ပင် လက်ရာမြောက်ပြီး ချော​မောခန့်ညားစေသည်။

သူသည် ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး ချူးကျင်းချန်းသည် ရှီရန်မြင်ဖူးသမျှ အမျိုးသားများထဲတွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ရန် အသင့်တော်ဆုံး အမျိုးသားဖြစ်သည်။

ကော်လာပေါ်တွင် မိုးမခသစ်ရွက်များ ထိုးထားပြီး ဖြူစင်သန့်ရှင်းသော ရှပ်အင်္ကျီသည် ချောမောသောမျက်နှာကို ပြေပြစ်စေသည်။ ပြီးလျှင် သူ့နှုတ်ခမ်းတွင် အပြုံးခပ်သဲ့သဲ့ကို​တွေ့ရသည်။

[ချောလိုက်တာ!! ဘယ်လောက်တောင် ချောမောတဲ့ယောက်ျားလဲ!!!]

[ဒါကဘယ်သူလဲ???  အမျိုးသားဧည့်သည်အသစ်လား။]

[ထုတ်လုပ်ရေးအဖွဲ့က အမျိုးသားဧည့်သည်အသစ်ကို ဘယ်လို မြန်မြန်ကြေညာနိုင်တာလဲ!!]

[ငါ​တော့ကြိုက်တယ်။သူက ငါ့အကြိုက်ပုံစံပဲ။]

[ဒီနှစ်ယောက်ရဲ့မျက်နှာက  ငါသူတို့ကို တစ်နေ့လုံးထိုင်ကြည့်နိုင်တယ်။]

[အဲဒါက ကောင်းလွန်းတယ်!!]

ချူးကျင်းချန်း၏အကြည့်သည် ရှီရန်
အနားရှိ ဒရုန်းအ​ပေါ်ကို ဖြတ်သန်းသွားသည်။

၎င်းကို သတိပြုမိရင်း ရှီရန် ပခုံးတွန့်ပြလိုက်သည်။ "ကျွန်မ ဒီကိုမရောက်ခင်မှာ ပြောခဲ့သလိုပဲ၊ ကျွန်မက တိုက်ရိုက်ထုတ်လွှင့်နေရင်းတန်းလန်း​လေ။"

"အင်းပါ" ဟု သူ တိုးတိုး​ပြောရင်း ရယ်မောလိုက်သည်။ "ကျွန်တော် စိတ်ထဲမထားပါဘူး။"

[ဖာ့ခ် ဖာ့ခ် သူ့အသံက အရမ်းကောင်းလွန်းတယ်!!]

[ငါ​တော့ တော်လောက်ပြီ!!!]

[မာစတာရန်၊ ငါနင့်ကိုချစ်တယ်!! ဒါက ငါတို့ကို အကျိုးကျေးဇူးတွေပေးဖို့ ကြိုးစားနေတဲ့ မာစတာရန်ပဲ။]

ချူးကျင်းချန်း၏ရုပ်ရည်သည် အကောင်းဆုံးများထဲမှတစ်ခုဖြစ်နေပြီဖြစ်သော်လည်း ထိုအချိန်တွင် နေရောင်ခြည်သည် သူ၏အလှကို အဆ ၅၀ တိုးစေသည်။

ထိုမျက်နှာ၏သက်ရောက်မှုက သူ့ကို အမြန်ရေပန်းစားနေသောအကြောင်းအရာတစ်ခု ဖြစ်လာစေသည်။

#ရှီရန်နဲ့ချိန်းတွေ့နေတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ ချောမောတဲ့ကောင်လေး#

ထို tag သည် နေရာတိုင်းတွင် လျင်မြန်စွာ ပေါ်လာသည်။

မူလက တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူတစ်သန်းခန့်သာရှိသော်လည်း ချူးကျင်းချန်းကြောင့် ငါးသန်းကျော်အထိ ရောက်ရှိလာသည်။

"ကျွန်တော် မင်းကိုမနေ့ကတွေ့တယ်။ မင်းက တခြားသူနဲ့ချိန်းတွေ့​နေတာလေ။"  ချူးကျင်းချန်းသည် သူ့မေးစေ့ကို လက်ဖြင့်ထောက်ကာ ရှီရန်ကို အနက်ရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ကော်ဖီဆိုင်ရှိနွေးထွေးသော တေးဂီတသံများအောက်တွင် သူမသည် နူးညံ့သိမ်မွေ့မှုကို အမှန်တကယ် ခံစားရသည်။

"မှန်တယ်လေ။"ရှီရန်က ရိုးရိုးသားသား တုံ့ပြန်သည်။

ပန်းချီဆရာတစ်ယောက်လို သူ့ခွက်ထဲမှာ လက်ဖက်ရည်ဇွန်းကို မွှေရင်း ချူးကျင်းချန်းအပြုံးက နက်ရှိုင်းလာသည်။ "မင်း ပျော်ခဲ့ရဲ့လား"

"အားလုံးအဆင်ပြေပါတယ်။" ရှီရန်
က ကော်ဖီသောက်ပြီး "မနေ့ညက ဘာလို့ အပန်းဖြေဥယျာဉ်မှာ ရှင်တို့ ရှိနေရတာလဲ" ဟု မေးသည်။

ချူးကျင်းချန်းခေတ္တရပ်ပြီး မျက်လွှာ ချလိုက်သည်။ "ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူးဆိုတော့ တစ်​ခေါက်​လောက်သွားကြည့်ချင်လို့ပါ"

ရှီရန် အေးခဲသွားသည်။

အကြောင်းပြချက်တစ်ခုခုကြောင့် ချူးကျင်းချန်းသည် ထိုအချိန်တွင် စိတ်ဓာတ်ကျနေပုံရသည်။

ချူးကျင်းချန်းက သူမကို မော့ကြည့်ပြီး မမောနိုင်မပန်းနိုင်​ပြောသည်။ "မွေးကတည်းက အမွေဆက်ခံသူအနေနဲ့ ပြုစုပျိုးထောင်ခံခဲ့ရတာဆိုတော့ အသိတရားရှိကတည်းက အသိပညာနဲ့ အရည်အချင်းတွေ အမျိုးမျိုးကို သင်ယူခဲ့ရတယ်"

ရှီရန်က ခေါင်းငုံ့ကာ ချူးကျင်းချန်းစကားကို တိတ်တဆိတ် နားထောင်သည်။

"အပန်းဖြေဥယျာဉ်အကြောင်း ကျွန်တော်ပထမဆုံးသိခဲ့တာက အသက် ဆယ့်နှစ်နှစ်တုံးက။ အဘိုးက အဖွဲ့ရဲ့ ပရောဂျက်ကို လုပ်ခိုင်းခဲ့တယ်။ ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ပရောဂျက်က အပန်းဖြေဥယျာဉ်ကို ၀ယ်ခဲ့တာလေ"

"မနေ့ညက စိတ်ကူး​ပေါက်လို့ သွားကြည့်ခဲ့တယ်။ ဒါပေမယ့် မင်းကိုတွေ့ဖို့ မမျှော်လင့်ထားဘူး။"

ရှီရန်က ကော်ဖီသောက်ရင်း တိုးတိုးလေးပြောသည်။ 'မ​နေ့က ​ရှင် ပျော်​ခဲ့ရဲ့လား။'

"ကျွန်တော် မကစားခဲ့ရဘူး။ မနေ့ညက အလုပ်တွေပြီးသွားလို့ ကစားဖို့စိတ်မရှိလို့​လေ" ဟု တည်ငြိမ်စွာပြောသည်။

ရှီရန် ရုတ်တရက် အကြံရသွားသည်။

"မြို့A မှာ ကျွန်မက ရှင့်ကို အလည်တစ်​ခေါက်ပြစေချင်တယ်လို့ ရှင်ပြောခဲ့တယ်လို့ ကျွန်မ ထင်တယ်။ အပန်းဖြေဥယျာဉ်ဆိုရင်ကော ဘယ်လိုလဲ။"

ချူးကျင်းချန်းသည် ခဏတာ အံ့အားသင့်သွားပြီး "ကောင်းပြီလေ၊ မင်း ပြောတာကိုနားထောင်ပါမယ်" ဟု သ​ဘောတူသည်။

သူ ဖန်ခွက်ကို ပွတ်သပ်ရင်း မျက်လုံးထဲတွင် မရိုးသား​သောအပြုံးက ပေါ်လာသည်။

[သနားစရာလေး။ ဒီလူချောလေးက သနားစရာကောင်းလိုက်တာ မယုံနိုင်စရာပဲ။]

[ဒီလောက် သနားစရာကောင်းတဲ့ ဘဝမျိုးကို ငါလိုချင်တယ်။ ဟူးဟူး]

[မာစတာရန်က လူချောတစ်ယောက်နဲ့ တကယ်ချိန်းတွေ့နေတာလား။ ဒါ့အပြင် အပန်းဖြေဥယျာဉ်မှာ​လေ။]

[မနေ့ညက မာစတာရန်အပန်းဖြေဥယျာဉ်မှာ အမျိုးသားဧည့်သည်တစ်ယောက်နဲ့ ချိန်းတွေ့ခဲ့တာကို ငါတစ်ယောက်တည်း သတိထားမိတာလား။]

[မာစတာရန်က တခြားယောက်ျားနဲ့ အပန်းဖြေဥယျာဉ်သွားနေတာတွေ့တော့ ဒီချောမောတဲ့ကောင်လေးက မနာလိုဖြစ်နေတာလား။
မာစတာရန်က သူ့ကို အဲဒီကို ခေါ်သွား​အောင် တမင်သက်သက်လုပ်လိုက်တာလား။"]

တစ်ချိန်တည်းမှာပင်ဂျီဝမ်ဖုန်းသည် ကျူးယို့ဟန်၏ဗီလာတွင် ရှိနေသည်။ နှစ်ယောက်သား ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေကြသည်။

သူတို့ရှေ့ရှိဖန်သားမျက်နှာပြင်ကြီးတွင် ချူးကျင်းချန်း၏ရင်သပ်ရှုမောဖွယ်မျက်နှာကို ပြသနေသည်။

ဂျီဝမ်ဖုန်းကို ကြည့်ရင်း ကျူးယို့ဟန်၏ပါးစပ် လှုပ်သွားသည်။ "မနေ့ညက အပန်းဖြေဥယျာဉ်ကို သူ တကယ်စိတ်ကူး​ပေါက်လို့သွားခဲ့တာလား။"

ဂျီက မေးစေ့ကို ကုတ်လိုက်သည်။ "မင်းဘယ်လိုထင်လဲ?"

သူ့အတွက် တတိယသခင်​လေးနဲ့ပထမဆုံးတွေ့ဆုံ​သောနေ့တော့ မဟုတ်ပေ။

တတိယမြောက်သခင်​လေးသည် ကုမ္ပဏီတစ်ခု ဝယ်ယူရန် ရုတ်တရက် တွေးတောနေပေလိမ့်မည်။ အပန်းဖြေ ဥယျာဉ် သွားရသည်နဲ့ ပတ်သက်ပြီး...

သေချာတာကတော့ ဒါကဟာသတစ်ခုပဲ

"ရှီရန်မနေ့ညက တခြားလူတစ်ယောက်နဲ့ ထွက်သွားတာကို စိတ်ဆိုး​နေတာ​ကြောင့် သူ ဒီနေ့ ခံရသောသား​ကောင်အဖြစ်တမင်တကာ ဟန်​ဆောင်​နေတာဖြစ်နိုင်မလား။ သူ့ကိုလည်း ရှီရန်ကိုယ်တိုင်အပန်းဖြေဥယျာဉ်ကို ခေါ်သွားစေချင်တာ မဟုတ်လောက်ဘူးလား။"

ကျူးယို့ဟန်က သူအမှန်အတိုင်းပြောလိုက်သည်ဟု ခံစားရသည်။

"ဒါပေမယ့် ကျင်းချန်းက ရှီရန်
ကို ကြိုက်တာလား ဒါမှမဟုတ် သူက ဟန်ဆောင်ကောင်းလွန်းတာလားတော့ မပြောတတ်ဘူး။" ကျူးယို့ဟန်က ဝိုင်ဖန်ခွက်ကို ကောက်ကိုင်ရင်း စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။

သူသည် ချူးကျင်းချန်း စိတ်ကိုအမြဲတမ်း ထိုး​​ဖောက်မမြင်နိုင်ပေ။

"ငါ မသိဘူး" ဂျီဝမ်ဖုန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

တတိယသခင်​လေးက မည်သို့တွေးနေမှန်း သူ လည်း မသိပေ။

သို့​သော် တတိယသခင်​လေးက သူမကို တကယ်ကြိုက်သည် သို့မှမဟုတ်  ကစားနေခြင်းဖြစ်ပါကလည်း နှစ်ခုစလုံးက ရှီရန်အတွက် လုံးဝ အကျိုးမရှိပေ။

"ငါတို့ စောင့်ကြည့်ရမှာပေါ့။"

....

ချူးကျင်းချန်း၏ကားဖြင့် ရှီရန်
သည် အပန်းဖြေဥယျာဉ်သို့ ရောက်ရှိလာသည်။

တနင်္လာနေ့ ဖြစ်၍ အပန်းဖြေဥယျာဉ်၌ လူရှင်းသည်။

သူ ကားပေါ်က ဆင်းပြီးသည်နဲ့ တံခါးကို စောင့်ကြပ်နေသောပန်းခြံတာဝန်ခံက အလျင်အမြန်ပြေးလာပြီး လက်ကောက်နှစ်ခုကို ချူးကျင်းချန်းကို ပေးလိုက်သည်။

"တတိယသခင်​လေး၊ ဒါက ကျွန်တော်တို့ရဲ့ အပန်းဖြေပန်းခြံလက်မှတ်ပါ။ အဲဒါနဲ့ အတူ စီးစရာ​တွေ တဝကြီးစီးနိုင်ပြီး အစားအသောက် ကအခမဲ့ပါ"

ချူးကျင်းချန်းက ၎င်းကိုယူလိုက်ပြီး ရှီရန်ကို ကြည့်ကာ သူ့လက်ထဲက လက်ကောက်ကို လှုပ်ယမ်းလိုက်သည်။

ရှီရန်က သူမလက်ကို မြှောက်လိုက်သည်။

သူသည် ရှီရန်၏နူးညံ့သောလက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် လက်ကောက်ကို ဝတ်ဆင်ပေးသည်။ သူ့လှုပ်ရှားမှုက နှေးကွေးပြီး အိုးနင်းခွက်နင်း ဖြစ်နေသည်။

[ဒါက လက်ကောက်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် သူ လက်စွပ်ကို စွပ်ပေး​နေသလိုမျိုး ငါ ခံစားရတယ်]

[သူတို့နှစ်ယောက်က သူငယ်ချင်းဆိုတာ သေချာရဲ့လား။ သူတို့မျက်လုံးတွေက မရိုးဘူး။ သူငယ်ချင်းတွေလား??]

[ငါက အဲ့ဒီလက်ကောက်ကို ပိုင်ဆိုင်ချင်တဲ့ တစ်ဦးတည်းသောမွဲ​တေ​နေတဲ့သူလား။]

[ငွေစွမ်းအားလေ။ ငါ​တော့ ကြိုက်တယ်။ သူက အရပ်ရှည်၊ချောမောပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူ။ ကြိုက်လိုက်တာ​နော်!!]

[ဒီနှစ်ယောက်က အရမ်းကြည့်ကောင်းတယ်။ သူတို့နှစ်ယောက်အတူရပ်နေတာကို မြင်ရတဲ့ငါတို့မျက်လုံးက ကောင်းချီး​ပေးခံရတာပဲ။]

[မေးခွန်း- ဒါက ဒီလူချောလေးရဲ့ ငယ်ငယ်ကပြောခဲ့တဲ့ပထမဆုံးအပန်းဖြေဥယျာဉ် မဟုတ်ဘူးလား။]

[မေးခွန်း- ဒီတတိယသခင်​လေးက ဘယ်သူလဲ။ သူက အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်လို့ထင်ရတယ်။]

"ရှင် ဘာကစားချင်တာလဲ" ရှီရန်
သည် ချူးကျင်းချန်းကို ကြည့်လိုက်သည်။

"သရဲခြောက်တဲ့အိမ်" ချူးကျင်းချန်းက မဆိုင်းမတွ ပြန်ဖြေသည်။

ရှီရန်က များများစားစားစဉ်းစားမနေဘဲ ချူးကျင်းချန်းကို သရဲခြောက်သောအိမ်ထဲကို ခေါ်သွားလိုက်သည်။

[ဒါ၊ ဒါ၊ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုမှာ သရဲခြောက်တဲ့အိမ်ရဲ့ မြင်ကွင်းတွေပါ ပါလာမယ်လို့ ငါ့ကို မပြောနဲ့​နော်။]

[ငါ​တော့ ပြေးပြီ။ သရဲခြောက်တဲ့အိမ်အပိုင်းပြီးရင် ပြန်လာခဲ့မယ်။]

[ ဘယ်လောက်တောင်စိတ်လှုပ်ရှားစရာကောင်းလဲ ~ ငါတော့ကြိုက်တယ် ~ ]

သရဲခြောက်သောအိမ်ထဲကို ဝင်လာကြပြီး အေးမြသောလေလှိုင်းက သူတို့ကိုယ်အပေါ်ကို လွှမ်းခြုံသွားသည်။

သူတို့မြင်နိုင်သမျှက အမှောင်ထုနဲ့ ရှေ့လမ်းကို မြင်စေနိုင်သည့်အလင်းတန်းတစ်ခုသာဖြစ်သည်။

သူတို့နှစ်ဦး ငြိမ်သက်စွာ လမ်းလျှောက်လာပြီးနောက် တစ္ဆေ မြည်သံထွက်လာသည်။ သူတို့နောက်က ကောင်မလေးကကြောက်လန့်တကြားအော်လိုက်သည်။

နောက်ထပ် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မျက်နှာနှင့် တစ်စင်တီမီတာသာဝေးသော ရှီရန်ရှေ့တွင် သရဲမျက်နှာတစ်ခု ပေါ်လာသည်။

တိုက်ဆိုင်စွာပင် ဒရုန်းသည် ရှီရန်
၏ဘေးတွင် ရှိနေသောကြောင့် ထိုမြင်ကွင်းသည် ရှီရန်အတွက်သာမက တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်ကိုပါ ဦးတည်နေသည်။

သူမ အနားတွင် ချူးကျင်းချန်းသည် မျက်လုံးများကို ကျဥ်း​မြောင်းကာ သရဲမျက်နှာတပြင်လုံးကို စူးရှစွာ စူးစိုက်ကြည့်နေသည်။

ယောက်ျားမျက်နှာ

သူ့လက်ကို မြှောက်လိုက်ပြီး ရှုံ့မဲ့နေသော မျက်နှာကို တွန်းထုတ်လိုက်ပြီး အနည်းငယ် ရွံရှာမိသည်။

တစ်ဖက်တွင် ရှီရန်သည် ငြိမ်သက်စွာ လှည့်ပတ်သွားသည်။

"ကြောက်လို့လား?"  ချူးကျင်းချန်းက နောက်ပြောင်သည်။

"မဟုတ်ဘူး"

"ဒါပေမယ့် မင်းသူ့မျက်နှာကို စိုက်ကြည့်နေတာ ကျွန်တော်မြင်လိုက်တယ်" ချူးကျင်းချန်းက ယောင်ဝါးဝါးပြောလိုက်သည်။

"သူရဲ့မိတ်ကပ်က ပြင်ဖို့လိုနေပြီ" ရှီရန်က တည်ငြိမ်စွာပြောသည်။

[ဖူး ဟားဟားဟား၊ ဘယ်လို​တောင်မကောင်းတဲ့မိတ်ကပ်လဲ ဟားဟားဟားဟား]

[ထိတ်လန့်စရာ​ကောင်းတဲ့အငွေ့အသက်က ချက်ချင်း ပျောက်ကွယ်သွားတယ်]

[သရဲ: ငါ လူတကယ်သတ်မိ​တော့မယ်နော်]

[ဝန်ထမ်းတွေအတွက်လည်း မလွယ်ဘူး။ လူတွေကို ကြောက်အောင် မလုပ်နိုင်တဲ့အပြင်ကို မိတ်ကပ်က မ​ကောင်းဘူးလို့ အ​ပြောခံရတယ်]

ထို့နောက်တွင် ရှီရန်နဲ့ချူးကျင်းချန်းတို့၏ခရီးစဉ်သည် သူတို့နောက်ကွယ်ကသူများ၏ရပ်တန့်မနေဘဲ ကြောက်လန့်တကြားအော်ဟစ်ခဲ့နေခြင်းနှင့် မတူဘဲ ချောမွေ့သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးသည် သရဲခြောက်သောအိမ်ကို ပန်းခြံတစ်ခုလို ပြုမူနေပုံရသည်။ လမ်းခရီးမှာ အဆင်ပြေပြေဖြင့် သူတို့စကားစမြည်ပြောဖြစ်ကြသည်။

"ဒီသရဲခြောက်တဲ့အိမ်ကို မင်းဘယ်လိုထင်လဲ။"

"ဒါက လက်တွေ့မကျဘူး။ ပတ်ဝန်းကျင်က မလုံလောက်သေးဘူး။ ဝန်ထမ်းတွေ ထပ်ထည့်သင့်တယ်။ မိတ်ကပ်လိမ်းဖို့ အထူးဖန်တီးရှင်ကို ငှားနိုင်တယ်...."

မော်နီတာပေါ်က ဝန်ထမ်း:"...."

သရဲခြောက်သောအိမ်ကနေ ထွက်လာသည်နဲ့ သူတို့သည် မြင်ကွင်းကိုရှင်းရှင်းလင်းလင်းပြန်မြင်လာရသည်။

"နောက်ထပ် ဘယ်သွားချင်လဲ" ရှီရန်က မေးသည်။

ချူးကျင်းချန်းသည် မနီးမဝေးရှိစက်ကို သွယ်လျသော လက်ညိုးကို ညွှန်ပြသည်။

၎င်းသည် ခုန်ပေါက်ရ​သောစက်ဖြစ်သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် ရိုလာကိုစတာများ၊ မျှော်စင်ခုန်ခြင်းများ၊ ပင်လယ်ဓားပြသင်္ဘောများနှင့် အခြားစီးရေယာဉ်များအားလုံးကို စီးကြသည်။ သူတို့၏မျက်နှာများသည် အ​သေအလဲအန်နေကြသောအခြားသူများနှင့်မတူဘဲ အ​ခြေအ​နေ​ကောင်းသည်။

ချူးကျင်းချန်းက ရေနှစ်ပုလင်းဝယ်ပြီး ရှီရန်
ကို တစ်ပုလင်းပေးကာ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။

"အဲဒါကော ဘယ်လိုလဲ?" ချူးကျင်းချန်းက မေးစေ့ကို ညွှန်ပြသည်။

ရှီရန် လှမ်းကြည့်လိုက်သောအခါ ချားရဟတ်ကို တွေ့လိုက်ရသည်။