အမျိုးသမီးဧည့်သည်တစ်ယောက်က အရွေးမခံရဘူး?
ရှီဝန်ဖေးက သူမ နားကြားမှားသည်ဟု ထင်ခဲ့သည်။
သူမသည် မည်သည့်စာအိတ်မှ မရခဲ့ပေ။
ဆိုလိုချင်တာက...
သူမ ရှီရန်ကို ကြည့်လိုက်သည်။
ရှီရန်က စာအိတ်တစ်အိတ် တကယ်ရခဲ့တာလား။
"စာအိတ်မရတဲ့သူတစ်ယောက်ရှိတယ်တဲ့လား? အဲ့ဒါက အနေရခက်မနေဘူးလား" ယွီဇစ်ကျန်းက အံ့အားသင့်စွာဖြင့် ပါးစပ်ကို ဖုံးကာ ရှီရန်ကို စိုက်ကြည့်နေသည်။
ရှီဝန်ဖေးသည် သူမ၏လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်ပြီး သူမ၏အမူအရာသည် အလွန်ရုပ်ဆိုးနေသည်။
ရှီရန်သည် ရှီဝန်ဖေးကို တစ်ချက်ကြည့်လိုက်သည်။ "အဲ့ဒါက တော်တော်ရှက်စရာကောင်းတယ်။"
ယွီဇစ်ကျန်းဆွံအသွားသည်။ သူမက ရှီဝန်ဖေးကို ကြည့်ပြီး ခဏလောက် ထိတ်လန့်သွားသည်။
ကူကျားရဲ့ စာတိုက်ပုံးကို အရင်ကြေညာလိုက်ရအောင်။ စာတစ်စောင်ရခဲ့ပါတယ်။စာကိုပို့တဲ့ ဧည့်သည်က ပိုင်ကျင်းထျန်ပါ"
ယူဖန်မဟုတ်ဘူးလား?
ရှီဝန်ဖေးသည် ယခု ယွီဇစ်ကျန်းဘက်သို့ လှည့်သွားသည်။
'ယူဖန်က ယွီဇစ်ကျန်းကို ရွေးခဲ့တာလား?'
သူမသည် ယွီဇစ်ကျန်းကို အပေါ်အောက် ကြည့်ရင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ယွီဇစ်ကျန်းက ယူဖန်အကြိုက်ပုံစံမဟုတ်သည်မှာ ကံကောင်းပေသည်။ သူမ စိတ်သက်သာရာ ရသွားသည်။
"နောက်တစ်ခုကတော့ ယွီဇစ်ကျန်းရဲ့ စာတိုက်ပုံးပါ။ စာတစ်စောင်လည်း ရှိနေပါတယ်။ ပို့လိုက်တဲ့ ဧည့်သည်က လျန်ပု့
ပါ။"
ရှီဝန်ဖေးသည် မိုးကြိုးပစ်ခံရသကဲ့သို့ အေးခဲသွားသည်။
ဆိုလိုသည်မှာ စာနှစ်စောင်လက်ခံရရှိသူမှာ ရှီရန်ဖြစ်သည်။
ယူဖန်က ရှီရန်ကို ရွေးခဲ့တာလား?
ရှီဝန်ဖေးသည် ရလဒ်ကို လုံးဝလက်မခံနိုင်ပေ။
မနာလိုမှုမျိုးစေ့များသည် သူမ ကိုယ်အတွင်း၌ ပေါက်ထွက်လာကာ ပြင်းထန်စွာကြီးထွားလာသည်။
ဘယ်သူမဆို ဖြစ်နိုင်ပေမယ့် ဘာလို့ ရှီရန်ဖြစ်ရမှာလဲ။
ဒီခွေးမက ဘာ အခွင့်အရေးရှိလို့လဲ!!
"ကဲ ရှီရန်၊ အမျိုးသမီးဧည့်သည်ရဲ့ ရွေးချယ်မှုအတွက် အိမ်ရှေ့ဝင်းထဲက ရှုခင်းကြည့်နိုင်တဲ့အဆောက်အအုံငယ်ဆီကို သွားပေးပါ။ အမျိုးသားနှစ်ယောက်က မင်းကိုစောင့်နေပါတယ်။"
ထို့နောက် ရှီရန် မတ်တပ်ရပ်လိုက်သည်။ ရှီဝန်ဖေးရှေ့ဖြတ်သွားသောအခါ သူမမျက်လုံးထဲ၌အမုန်းတရားကို မြင်လိုက်ရသည်။
သူမက သရော်လိုက်သည်။
ယောက်ျားတစ်ယောက်ကသာ ရှီဝန်ဖေးက သူမအား အလွန်မုန်းအောင်ပြုလုပ်နိုင်သည်။
ဒီလိုတုံးတဲ့မိန်းမက ဒီစာအုပ်ရဲ့ဇာတ်လိုက်မ ဘယ်လိုဖြစ်လာတာလဲ။
သူမ စာအုပ်ဖတ်နေသည့်အချိန်မှာတောင် ဇာတ်ဆောင်အမျိုးသမီးက ဤလောက် မမိုက်မဲသည်ကို သတိရမိသည်။
ရှီရန် နားမလည်နိုင်ဖြစ်ကာ အပြင်ထွက်လာသည်။
အဆောက်အအုံထဲတွင် ကျုံးယူဖန်နဲ့ ကျူယီဖေးစောင့်နေသည်။
ကျူယီဖေးသည် သူ့လက်များကို စိတ်ဂနာမငြိမ်စွာဖြင့် ပွတ်သပ်ကာ လမ်းအဝင်ပေါက်ကို ရံဖန်ရံခါ စိုက်ကြည့်နေသည်။
တစ်ဖက်တွင် ကျုံးယူဖန်သည် ခေါင်းငုံ့ကာ ငြိမ်သက်စွာ ထိုင်နေကာ အလွန်ငြိမ်သက်နေပုံရသည်။
ယခုတစ်ကြိမ်တွင် ရှီရန်က သူ့စေ့စပ်ထားသူဖြစ်နေဆဲအပြင်ကို ယနေ့သည် ပထမဆုံးနေ့ဖြစ်သောကြောင့် ရှီရန်ကို ရွေးချယ်ခဲ့သည်။
ဖေးဖေးကို သူရွေးချယ်ချင်သော်လည်း ပထမနေ့တွင် ထိုကဲ့သို့လုပ်ပါက ဖေးဖေးကို ပါဝင်ပတ်သက်စေပြီး သူမက အဆဲဆိုခံရပေလိမ့်မည်။
ယခုသည် ရှီရန်နဲ့ ချိန်းတွေ့ခြင်းသာ ဖြစ်သည်။ သူသည် သူမနှင့် ခပ်ဝေးဝေးနေပြီး သူပြန်ရောက်လာသောအခါ ဖေးဖေးကို ရှင်းပြနိုင်ပေသည်။
ယခုအချိန်တွင် ကျုံးယူဖန်သည် ရှီရန်ရွေးချယ်မည့်သူက သူဖြစ်မည်ကို အလွန်သေချာနေပြီဖြစ်သည်။
ရှီရန်းသည် ယခုအချိန်တွင် အလွန်ပြောင်းလဲသွားသော်လည်း...
သူက ကျူယီဖေးကို ကြည့်လိုက်သည်။
ရှီရန်က သူ့ကိုမရွေးဘဲ ကြီးကောင်ပေါက်တောင်မဖြစ်သေးသောကောင်ဆိုးလေးကို ရွေးမည်ဟု သူ မယုံပေ။
ထို့နောက် သီချင်းသံထွက်လာသည်။
ကျုံးယူဖန်နှင့်ကျူယီဖေးသည် တံခါးဝကို တစ်ပြိုင်နက် ကြည့်လိုက်သည်။
နူးညံသောတေးဂီတသံများကြားတွင် ရှီရန်သည် ဖြည်းညှင်းစွာ လျှောက်လာသည်။
သူမသည် တင်းတင်းကျပ်ကျပ်အဖြူရောင်အင်္ကျီကို ၀တ်ထားသဖြင့် သူမ၏ရုပ်သွင်ကို နှစ်လိုစရာကောင်းစေပြီး ဆွဲဆောင်မှုဖြစ်စေသည်။
မီးခိုးရောင်အားကစားဘောင်းဘီသည် ကျယ်ပြီး ဖြောင့်စင်းကာ သူမ၏ခြေထောက်များကို နှစ်မီတာ ရှည်ပုံပေါ်သည်။
နွေးထွေးသော အဝါရောင်အလင်းရောင်အောက်တွင် သူမ၏လှပသောမျက်နှာလေးသည် ပိုချောမောလှပသွားကာ လူများ၏မျက်လုံး ရှောင်လွှဲ၍မရလောက်အောင် လှပသွားသည်။
အခြေအနေအရ ရှီရန်ကို မူလကရွေးချယ်ခဲ့ရသောကျုံးယူဖန်သည် သူမကို ထိုကဲ့သို့ မြင်လိုက်သောအခါတွင် တုံ့ဆိုင်းမှုက သူ့မျက်လုံးထဲ၌ တောက်ပလာသည်။
ရှီရန်က အဆောင်အအုံထဲကို ဝင်လာသည်။
ကျူယီဖေးက ရှီရန်ကို တောက်ပစွာ ပြုံးပြပြီး "အဆင်ပြေပါတယ်။ မင်းဆန္ဒရှိတဲ့အတိုင်း ရွေးချယ်နိုင်ပါတယ်" ဟု ပြောသည်။
တစ်ယောက်က သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရှီရန်စေ့စပ်ထားသူဖြစ်သည်။ ရှီရန်က သူ့ကို ရွေးမည်ဟု သူ မထင်ပေ။
ထို့အပြင် သူသည် ယနေ့နံနက်တွင် စူပါမားကတ်၌ ရှီရန်အပေါ် ဖော်ဖော်ရွေရွေ မဆက်ဆံခဲ့ပေ။
ထို့ကြောင့် သူ့ကို သူမအား ရွေးခိုင်းရန် သူ ရှက်လွန်းပေသည်။
နေ့ခင်းဘက် မြင်ကွင်းက သူ့ကို အသဲထဲခိုက်သွားစေသဖြင့် သူ လိုချင်သည့်အမျိုးသမီးဧည့်သည်ကို ရွေးချယ်ချင်ခဲ့သည်။
ကျူယီဖေးနဲ့ယှဉ်ပါက ကျုံးယူဖန်၏ပုံစံသည် ပိုအေးစက်သည်။
ရှီရန်၏အကြည့်သည် သူတို့နှစ်ဦးပေါ်ကို ဖြတ်သန်းသွားပြီး ကျုံးယူဖန်ကို ကြည့်လိုက်သည်။
ကျုံးယူဖန်က ၎င်းကို မျှော်လင့်ထားသည်။ သူသည် ရှေ့သို့ လှမ်းကာ သူ့လက်ကို အင်တင်တင်ဖြင့် ဆန့်ထုတ်လိုက်သည်။ "သွားကြရအောင်..."
"ကျွန်မ ကျူယီဖေးကို ရွေးတယ်။" ဆွဲဆောင်မှုရှိသောအသံက ပြတ်သားပေသည်။
ကျုံးယူဖန်သည် မြေပြင်ပေါ်တွင် ကျောက်ရုပ်ဖြစ်သွားသည်။
"တ-တကယ်လား?" ကျူယီဖေးသည် သူကြားသည့အရာကို မယုံနိုင်ဖြစ်နေသည်။
ရှီရန်က ခေါင်းငဲ့ပြီး ပြုံးပြသည်။ "တကယ်ပါ"
"ဘာလို့လဲ?" ကျုံးယူဖန်သည် မျက်လုံးများကို ကျဥ်းထားပြီး စိတ်မရွှင်လန်းစွာ မေးလိုက်သည်။
"ကျွန်မက ဖောက်ပြန်တဲ့ယောက်ျားတွေကို စိတ်မဝင်စားဘူး" ဟု ရှီရန်က ပေါ့ပြက်ပြက်ပြောသည်။
နောက်အခိုက်အတန့်တွင် ကျူယီဖေးသည် ရှီရန်ဆီသို့ သူ့လက်ကို ဖြန့်ပေးလိုက်သည်။
သူသည် အသက်နှစ်ဆယ်သာရှိသေးသဖြင့်
သူ့ခံစားချက်ကို မည်ကဲ့သို့ဖုံးကွယ်ရမှန်းမသိသေးပေ။ သူ့ပျော်ရွှင်မှုကို သူ့မျက်နှာတစ်ခုလုံးတွင် ရေးခြယ်ထားသည်။
ရှီရန်က သူ့လက်ပေါ်ကို လက်တင်လိုက်ပြီး သူတို့နှစ်ယောက် လှည့်ထွက်သွားသည်။ ကျုံးယူဖန်ကိုပင် မကြည့်ကြပေ။
ကျုံးယူဖန်သည် သူရှိနေသည့်နေရာတွင် ရပ်ကာ သူတို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ငါနဲ့ဖေးဖေး ကြားကဆက်ဆံရေးကြောင့် ဒီလိုဖြစ်သွားတာလား?
ရှီရန်နှင့်ကျူယီဖေးသည် ဗီလာမှ ထွက်ခွာပြီးနောက် လက်ကို လွှတ်လိုက်ကြသည်။
သူမလက်ကို အိတ်ကပ်ထဲထည့်ကာ ကျူယီဖေးကို မျက်ခုံးပင့်လိုက်သည်။ "ရှင် ဘယ်သွားချင်လဲ"
ထိုည၏ချိန်းတွေ့ခြင်းကို ဧည့်သည်ယောက်ျားက ဆုံးဖြတ်ရမည်ဖြစ်သည်။
"အပန်းဖြေဥယျာဉ်ဆိုရင်ကော ဘယ်လိုလဲ။" ကျူယီဖေးက စိတ်လှုပ်ရှားစွာ အကြံပြုသည်။
"အိုကေလေ" ရှီရန်က အဆင်သင့် သဘောတူလိုက်သည်။
....
မြို့ A ရှိ ဗီလာအချို့
"ဒီနေ့ 'သတိအချစ်ရှိသည်' ရဲ့ ရိုက်ကွင်းရေးဆိုက်ကို သွားကြည့်တော့ ရှီရန်ကို ရှာမတွေ့ပေမယ့် ဘာတွေမြင်လဲဆိုတာ ခန့်မှန်းကြည့်ပါဦး။" ကျူးယို့ဟန်က သူ့မေးစေ့ကို ထိလိုက်ပြီး ချူးကျင်းချန်းကို ကြည့်လိုက်သည်။
မူလက သူ ၎င်းကို မပြောရန် ဆုံးဖြတ်ထားသော်လည်း သူ တကယ်ကို သိချင်မိသည်။
ထို့ကြောင့် ယနေ့တွင် သူ တစ်ခုခုပြောစရာရှိသည်။
ချူးကျင်းချန်းသည် မျက်ခုံးပင့်ကာ ပျင်းရိစွာ မော့ကြည့်လိုက်သည်။
"ရှီရန်အတွက် မင်း ဘယ်လိုခံစားချက်ရှိလဲ" ကျူးယို့ဟန်က မျက်လုံးတစ်ဖက်မှိတ်ပြကာ စပ်စုစွာ မေးသည်။
"မင်း ဘယ်လိုထင်လဲ?" ကျင်းချန်း၏နှုတ်ခမ်းသည် နက်နဲသောအပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။
တခဏလောက် ကျူးယို့ဟန်က ချူးကျင်းချန်း၏အတွေးကို နားမလည်နိုင်ပေ။ သူက ဆိုဖာမှာ ခေါင်းညိတ်ပြသည်။ "ရှီရန်ကို မင်းကြိုက်နေတာလား"
ချူးကျင်းချန်းက မျက်လုံးကို ငုံ့ပြီး ဘာမှ မပြောဘဲ သူ့လက်ထဲက ဖန်ခွက်ကို ပွတ်သပ်လိုက်သည်။
ထိုအချိန်တွင် တံခါးခေါက်သံ မြည်လာသည်။ ထောက်လှမ်းရေးကင်မရာမှတဆင့် ကျူးယို့ဟန်သည် ရင်းနှီးသောမျက်နှာကိုမြင်ပြီး တံခါးကိုချက်ချင်းဖွင့်လိုက်သည်။
ဝင်လာသောလူသည် ခေါင်းတုံးဆံတောက်ဖြစ်နေသည်။ သူက အရပ်ရှည်၊ကြွက်သားရှိပြီးချောမောသည်။
သူက ပြုံးပြသည်။ "မတွေ့ရတာ တော်တော်ကြာပြီ။"
"တစ်နှစ်ခွဲလောက်ရှိပြီ။ ဒီတခေါက် ပြည်သူတွေကို ကာကွယ်ဖို့ မင်းလုပ်ခဲ့တဲ့အလုပ်က အဲ့လောက်တောင်ကြာတာပဲ" ကျူးယို့ဟန်က ဝမ်ယွီကို ဝိုင်အပြည့်တစ်ခွက် ကမ်ပေးလိုက်သည်။
ဝမ်ယွီသည် သူ့ညီအစ်ကိုများထဲမှ တစ်ဦးဖြစ်သည်။
"ဒီတစ်ခေါက်က နည်းနည်းတော့ ခက်တယ်။" ဝမ်ယွီသည် ဖန်ခွက်ကိုယူကာ မော့ချလိုက်သည်။
သူက ချူးကျင်းချန်းကို ကြည့်ပြီး သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြုံးပြသည်။
ဂျီဝမ်ဖုန်း မရောက်လာခင်အထိ ခဏတာ စကားစမြည်ပြောကြသည်။
"မင်းတို့အားလုံး မြို့ A မှာ ဘာလို့ ရောက်နေတာလဲ" ဝမ်ယွီက မေးသည်။
"လူတစ်ယောက်ကြောင့်ပေါ့" ကျူးယို့ဟန်သည် ချူးကျင်းချန်းကို ထူးထူးခြားခြား ကြည့်လိုက်သည်။
သို့သော် ချူးကျင်းချန်း ပြန်ကြည့်လာသောအခါ ကျူးယို့ဟန်သည် ချက်ချင်းပြုံးပြီး အဝေးကို လှမ်းကြည့်လိုက်သည်။
"ဘယ်သူလဲ?" ဝမ်ယွီသည် စပ်စုသည်။ "ယုဖေးက မကြာသေးခင်ကပဲ မြို့A မှာ ရိုက်ကူးနေတာဆိုတော့ သူမ ကြောင့်လား?"
ဝမ်ယုဖေးက သူ့အစ်မဖြစ်သည်။
"ငါ့ကုမ္ပဏီရဲ့ အနုပညာသမားရဲ့ မတော်တဆမှုတစ်ခုကြောင့်မို့ အမြန်လာကြည့်ရတာလေ" ဟု ကျူးယို့ဟန်က ရုတ်တရက် အကြံတစ်ခုရသွားသည်။
သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး အမြန်နှိပ်လိုက်သည်။ ထို့နောက် ဝမ်ယွီအား ပေးလိုက်သည်။ "မင်းက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ။ ဒီလူ ဘယ်လောက်တော်လဲဆိုတာကို ကူညီကြည့်ပေး။"
ဝမ်ယွီက ဖုန်းကို ယူလိုက်သည်။
သူက ဗီဒီယိုကို ဖွင့်သည်။
ဗွီဒီယိုက နေ့ခင်းဘက် လမ်းကြားလေးတွင် ရိုက်ကူးထားသည်။
၎င်းကိုကြည့်ပြီးနောက် ဝမ်ယွီသည် ထိတ်လန့်သွားခဲ့သည်။ "အရမ်းသန်မာတယ်။"
"သူမရဲ့ လှုပ်ရှားမှုတွေက အရမ်း သန့်ရှင်းပြီး ထိရောက်တယ်။ နာကျင်စေနိုင်တဲ့နေရာကို သူမ ရိုက်ပြီး ရေလိုပဲ လှုပ်ရှားတယ်။ ဆယ်စုနှစ်ကျော်လောက် မလေ့ကျင့်ဘဲနဲ့ အဲဒီအရှိန်ကို မင်း မရနိုင်ဘူး။"
"ရှီရန်ရဲ့ အချက်အလက်တွေမှာ သူမက ကိုယ်ခံပညာတစ်ခုခုကို သင်ယူခဲ့တယ်လို့ ဖော်ပြထားပုံမပေါ်ဘူး။" ကျူးယို့ဟန်က သူ့မျက်လုံးကို မှေးထားရင်း သူ့အဓိပ္ပါယ်က မရှင်းမလင်း ဖြစ်နေသည်။