၃၆
Viewers 145

[ဖူး ဟားဟားဟား ငါ အရင်ရယ်လိုက်ဦးမယ်။]

[တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖူးသူတိုင်း အဲ့စကား မပြောနိုင်ဘူး။]

[ရှီဝန်ဖေးက ဥာဏ်သိပ်​ကောင်းပုံမပေါ်ဘူး။ ဟားဟား]

[အခြားသူတွေရဲ့ ရုပ်တွေကိုလည်း ကြည့်လိုက်ဦး။ ငါ ရယ်ရလို့ သေတော့မယ် ဟားဟားဟား]

[ဖေး​ဖေးသတိထားဦး။]

ရှီရန်သည် ရွေးချယ်ထားသောအသီးအရွက်များကို လျန်ပု့ထံသို့ ပေးပြီး ရှီဝန်ဖေးအား လျစ်လျူရှုသည်။

သို့သော်လည်း ရှီဝန်ဖေးသည် အခြားသူများ၏အပြုအမူကို မမြင်ဘဲ ရှေ့ကို ပိုမိုနီးကပ်စွာ တိုးဝင်လာသည်။ "မမ ဒီနေ့ ဘာအ​ကြောင်းအရာကိုလွှင့်ခဲ့တာလဲ"

ရှီရန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဆန်းကြယ်စွာ ပြုံးလိုက်သည်။ "လေ့ကျင့်ခန်း"

လူတိုင်း ဆွံအသွားသည်။

[-ီးလေ့ကျင့်ခန်း ဟားဟားဟား]

[ဘာမှ မှားနေတဲ့ပုံမပေါ်ပါဘူး။ သေချာတာကတော့ အဲ့ဒါလည်းလေ့ကျင့်ခန်းပဲ။]

[မာစတာရန်က ငါးမိနစ်လောက် လေ့ကျင့်ခန်းလုပ်ပြီး လူတစ်​ယောက်ကို ရဲစခန်းကို ပို့တယ်။]

[ဒါက တကယ်ကို ဟာသပဲ။]

"ညီမလေး နေ့ခင်းတစ်ခင်းလုံး စန္ဒယားတီးနေတာ။ မမလည်း မမရဲ့ အရည်အချင်းတွေကို နောက်တစ်ခေါက် လိုက်ပြနိုင်အောင် ကြိုးစားလို့ရတယ်။ မမမှာ အရည်အချင်းတွေ ရှိသေးတ..."

"နင် အရမ်းစကားများနေတာပဲ" ရှီရန်က ဖြတ်​ပြောသည်။ "နင့်မှာ ဘာမှလုပ်စရာမရှိရင် နင် ကူညီပေးလို့ရတယ်။"

ရှီဝန်ဖေး ချက်ခြင်း ရှက်သွားသည်။

သူမသည်  ရှီရန်ကို နက်မှောင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး ဘေးဘက်သို့ သနားစရာကောင်းစွာ လမ်း​လျှောက်သွားသည်။

ကျုံးယူဖန်သည် ရှီဝန်ဖေး၏ထိုကဲ့သို့ပုံစံကိုမြင်သောအခါ စိုးရိမ်စိတ်နဲ့ မေးသည်။

ရှီဝန်ဖေးက ရှီရန်ကို စိတ်ထိခိုက်​နေ​သောအကြည့်ဖြင့်ကြည့်ကာ ခေါင်းခါလိုက်သည်။

ကျုံးယူဖန်က ရှီရန်ဘက်သို့ လှည့်လိုက်သည်။ "မင်း ဖေး​ဖေးကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီလား"

"ကျွန်မ လူတွေကို ဘယ်လိုအနိုင်ကျင့်တယ်ဆိုတာ ရှင့်ကို ထပ်ပြဖို့လိုသေးလို့လား" ရှီရန်က မျက်ခုံးပင့်ကာ မေးသည်။

"ရှီရန် အခုနက ဘာမှမလုပ်ခဲ့တာကို ကျွန်​တော် သက်သေခံနိုင်တယ်" ကျူယီ​ဖေးသည်  ရှီရန်နှင့်ကျုံးယူဖန်ကြား ဝင်​ရောက်လာသည်။

ချက်ခြင်းပြုံးပြီး သွားရှစ်ချောင်းကိုဖော်ပြနေသောကျူယီ​ဖေးကို ရှီရန်တစ်ချက်ကြည့်လိုက်သည်။

[ကိုယ့်ရဲ့သားသမီးက ဘယ်​လောက် အသုံးမကျလဲကြည့်ကြ]

[ငါတို့ရဲ့မာစတာရန်ရဲ့ အနိုင်ကျင့်တာကို အမှန်တကယ်ခံရရင် မတ်တပ်​တောင်ရပ်နိုင်မှာမဟုတ်ဘူး။]

[ ရှီဝန်ဖေးက အပြစ်ကင်းစင်သလိုဟန်ဆောင်ရတာကို နှစ်သက်သူလို့ ငါတစ်ယောက်တည်းထင်နေတာလား။]

[ကျုံးယူဖန်ရဲ့ တကယ့်စေ့စပ်ထားသူက ဘယ်သူလဲ?]

[သူမရဲ့စေ့စပ်ထားသူက​တောင် ဖေး​ဖေးအပေါ်ဘက်လိုက်တယ်။ ဆိုလိုတာက ရှီရန်က ဖေး​ဖေးကို မကြာခဏ အနိုင်ကျင့်လို့​ပေါ့။]

[ရှီရန်ပရိသတ်တွေက မျက်စိတကယ်ကော ပါကြရဲ့လားဟယ်?]

"စီအီးအိုကျုံး၊ ကျွန်မ အဆင်ပြေပါတယ်" ရှီဝန်ဖေးကပြောသည်။ "မမနဲ့ခဏလောက် စကားစမြည်ပြောဖြစ်ခဲ့တာပါ။ နောက်ဆုံးနေရာရတဲ့အတွက် မမ စိတ်မကောင်းဖြစ်မှာကို ကြောက်လို့ ကျွန်မ ကူညီချင်ခဲ့တာ"

"နောက်ဆုံးနေရာ?" ကျုံးယူဖန်၏မျက်လုံးများ တစ်ဖျပ်ဖျပ်လှုပ်ကာ ကူကယ်ရာမဲ့စွာ​ပြောသည်။ "ဖေး​ဖေး၊ တကယ်တော့ ဒီနေ့လည်က..."

ကျုံးယူဖန် စကားမဆုံးခင် ပရိုဂရမ်အဖွဲ့၏အသံက ထပ်မံထွက်ပေါ်လာသည်။

"ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ပထမနှင့် အဋ္ဌမနေရာများကို အခုကြေငြာပါမယ်။ ပထမနေရာက ကြည့်ရှုသူ 15.67 သန်းရှိပြီး နောက်ဆုံးနေရာမှာ ကြည့်ရှုသူ 170,000 ရှိပါတယ်။"

"15,670,000?!" ရှီဝန်ဖေးက ယွီဇစ်ကျန်းကို ထိတ်လန့်စွာ ကြည့်သည်။

ယွီဇစ်ကျန်း၏တိုက်ရိုက်ထုတ်လွှင့်မှုစာရင်းဇယားသည် ဤမျှမြင့်မားနိုင်သည်ကို သူမ မယုံနိုင်ပေ။ သူမ ဘာကို အတိအကျ ထုတ်လွှင့်ခဲ့တာလဲ?

ပြီး​တော့

ရှီဝန်ဖေးက ရှီရန်ဘက်သို့ လှည့်လိုက်သည်။

ရှီရန်က 170,000 ရတယ်။

“ကဲ အခု ကျွန်တော်တို့ရဲ့ ပထမဆုံးနေရာကို ကြေငြာပါမယ်။ သူမကတော့ ရှီရန် ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်"

"ဘယ်လိုဖြစ်နိုင်မှာလဲ!" ရှီဝန်ဖေး၏မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

အားလုံး၏မျက်လုံးကို သူမ သတိပြုမိလိုက်သောအခါ သူမထိတ်လန့်သွားသည်။

အလျင်အမြန် အပြုံးပန်းဆင်လိုက်သည်။ "ကျွန်မဆိုလိုတာက ကိန်းဂဏန်းတွေက မယုံနိုင်လောက်အောင်ပါပဲ။"

ရလဒ်ကို မယုံနိုင်လောက်အောင် သူမ တုန်လှုပ်သွားသည်။

သူမ၏ကြည့်ရှုနှုန်းအများဆုံးတောင် သုံးသန်းပဲရှိသည်။ ရှီရန်က ငါ့ထက် အများကြီး ဘယ်လိုပိုနေနိုင်ရတာလဲ?

သူမက ကြည့်ရှုသူတွေကို ဝယ်ခဲ့တာလား?

ဤဖြစ်နိုင်ချေကို တွေးတောရင်း ရှီဝန်ဖေးသည် ထွက်ပေါက်တစ်ခုကို ဆုပ်ကိုင်ထားမိသလို ငြိမ်သက်နေသောရှီရန်ကို တစ်ချက်ကြည့်သည်။

"မမ၊ ဒီနေ့နေ့လည်က မမရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ညီမ သွားကြည့်တုန်းက လူနှစ်ယောက်ပဲ ရှိတယ်။  ဒီလောက်များပြားတဲ့ကြည့်ရှုမှုကိုရနိုင်မည့်ပညာကို ညီမတို့နဲ့ မျှဝေပေးနိုင်မလား?" သူမ သိချင်ဟန်ဆောင်ကာ မေးသည်။

ရှီရန်သည် ပိန်ပိန်ပါးပါးရှီဝန်ဖေးကိုကြည့်ကာ ပြုံးလိုက်သည်။ "နင် သင်ယူနိုင်မှာ မဟုတ်ဘူး။"

"ညီမကို မသင်ပေးဘဲနဲ့ ညီမ မသင်နိုင်တာကို မမ ဘယ်လိုသိလဲ" ရှီရန်သည် တမင်တကာ လှည့်စားနေသည်ဟု ထင်၍ ရှီဝန်ဖေးသည် သူမ၏မှန်းဆချက်အပေါ် ပို၍ပင် သေချာသွားသည်။

"အိုး?" ရှီရန်က စိတ်ဝင်တစား ပြုံးလိုက်သည်။ "ဒါဆို ခြေ​ထောက်ကို ၁၈၀ ဒီဂရီ​လောက်ကားပြပြီး ငါ ကြည့်​ပေးရအောင် အကြိမ်နည်းနည်းလောက် လှိမ့်ချလိုက်။"

"ဖူး" ကျူယီ​ဖေး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နောက်တစက္ကန့်တွင် သူသည် ပါးစပ်ကို အလျင်အမြန် ဖုံးလိုက်သည်။

တခြားဧည့်သည်များလည်း မရယ်ဘဲ မနေနိုင်ပေ။

[ဟားဟားဟား၊ ငါ ကြည့်ဖို့ အကြိမ်နည်းနည်း​လောက် လှိမ့်လိုက် ဟားဟားဟား]

[မမ ညီမ ခြေ​ထောက်ကားလို့ရတယ်!! ညီမ ကားနိုင်တယ်လို့!!!]

[အဲဒါ စော်ကားတာမဟုတ်ဘူးလား။ တစ်စုံတစ်ယောက်ကို လှိမ့်ခိုင်းနေတာ? သူကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ။]

[ မှတ်ချက်​တွေက ဦးနှောက်မဲ့ကြွားလုံးထုတ်နေတာကို ရပ်တန့်လို့ရပြီလား။ လူအနည်းငယ်ကို ရိုက်နှက်တာဘဲကို။ သူမ ရည်ရွယ်ပြီး ကြံစည်ထားတာလည်းဖြစ်နိုင်တာပဲ။]

[ဖေး​ဖေးက စိတ်ရင်းမှန်နဲ့ တောင်းဆိုနေတာ​လေ။ ရှီရန်က အရမ်းအရိုအ​သေမဲ့လွန်းတယ်။]

ရှီဝန်ဖေးသည် ထိုအချိန်တွင် ကြောက်စရာကောင်းပုံပေါ်​နေသည်။

ရှီရန်၊ ဒီခွေးမ!

ပရိတ်သတ်တွေဝယ်ပြီးတော့ ငါ့ကို ဒီလို စော်ကားရဲတယ်

"မမရဲ့မန်နေဂျာ ဒီနေ့နေ့လည်က လျှို့ဝှက်ဖုန်းခေါ်နေတာကို ညီမတွေ့တယ်။ မဟုတ်မှလွဲ​ရော..." ရှီဝန်ဖေးက တစ်ခုခုမှားနေသလို ပါးစပ်ကိုပိတ်လိုက်ပြီး ကျုံးယူဖန်ကို ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် ကျုံးယူဖန်သည် ထိုအချိန်တွင် သူမနှင့် ပူးပေါင်းဆောင်ရွက်တတ်သည်။

သို့သော် ဤတစ်ကြိမ်တွင် ကျုံးယူဖန်က သူ့နှုတ်ခမ်းကို ဖိကာ "သူမရဲ့စာရင်းက မှန်ကန်တယ်" ဟု ပြောသည်။

ရှီဝန်ဖေး အံ့အားသင့်သွားသည်။

ကျုံးယူဖန်သည် သူမနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ဘဲ ရှီရန်အတွက်ပင် ရပ်တည်​ပေးခဲ့သည်ကို သူမ မမျှော်လင့်ခဲ့ပေ။

ရှီဝန်ဖေးဒေါသမထွက်ခင် ကျုံးယူဖန်က သူ့ဖုန်းကို ပေးလိုက်သည်။ "ဒါက သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်တမ်း။"

ရှီဝန်ဖေးက စိတ်ရှုပ်ထွေးစွာ ယူလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါတွင် သူမ အံ့ဩသွားသည်။

ဖန်သားပြင်ပေါ်တွင် ရှီရန်၏လှုပ်ရှားမှုများသည် လျင်မြန်ပြီး သူမ၏အမူအရာသည် အေးစက်နေသောကြောင့် လူများကို ထိတ်လန့်စေသည်။

'အင်း...'

ဒါ ရှီရန် လား!!

[သေစမ်း! မာစတာရန်ရဲ့ ကျက်သရေရှိတဲ့ အခိုက်အတန့်ကို ပြန်ကြည့်ချင်မိတယ်။]

[အရင်အပိုင်းကို ငါ ပြန်ကြည့်ပြီးသွားပြီ။ မာစတာရန်က အရမ်းမိုက်တယ်။ အိုးးးးး!!]

[ငါ့တို့ရဲ့မာစတာရန်က ကြည့်ရှုသူကိုလုပ်ကြံထားတယ်? အဲ့လိုလုပ်စရာကို လုံးဝမလိုတာ]

[ငါတို့ဖေး​ဖေးက ရှီရန်က ကြည့်ရှုသူကိုလုပ်ကြံထားတယ်လို့ မပြောခဲ့ဘူး။ ကျေးဇူးပြုပြီး လိုက်ဟောင်မ​နေနဲ့။]

[သူမ မပြောဘူး? ရှီဝန်ဖေးဟာ အတုအ​ယောင်​ခွေးမဆိုတာကို အရင်က ငါ ဘာလို့ သတိမထားမိတာလဲ။]

[အခြားအရာတွေအပြင် ကျုံးယူဖန်နဲ့ရှီဝန်ဖေး တို့မှာ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးရှိနေတယ်လို့ ငါထင်တယ်။]

"မမ ဘယ်တုန်းက သင်ယူခဲ့တာလဲ။ ညီမ ဘာလို့ မသိရတာလဲ"  ရှီဝန်ဖေးအံ့သြစွာမေးလိုက်သည်။

"ငါ သင်ယူခဲ့သမျှ နင့်ကို သတင်းပို့ရမှာလား" ရှီရန်က မေးသည်။

"ရှီရန်၊ မင်းရဲ့ဆက်ဆံပုံကို ပြန်အာရုံစိုက်လိုက်ဦး။ ဝန်ဖေးက မင်းရဲ့ညီမနော်။" ကျုံးယူဖန်က လက်မခံသလို မျက်မှောင်ကြုတ်လိုက်သည်။

ရှီရန်၏နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ခန့်မှန်း၍မရပေ။ "ညီမ​လေးတင်​မကဘဲ ကျွန်မရဲ့မတ်(ညီမဖြစ်သူရဲ့​ယောကျာ်း)လည်း​ ဒီမှာရှိနေတယ်​လေ"

လူတိုင်း: !!!

[နတ်ဘုရားမ မိန့်တော်မူပြီ​ဟေ့!]

[မာစတာရန်က ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူပဲ​ဟေ့။ သူမ တကယ်ကို ပြောရဲဆိုရဲတယ်]

"ရှီရန်" ကျုံးယူဖန်မျက်နှာ မည်းမှောင်သွားသည်။

ထိုအခိုက်အတန့်တွင် ပိုင်ကျင်းထျန်က ညင်သာစွာ ပြောသည်။ "ကျွန်တော် ဝိုင်တစ်ပုလင်း ယူလာခဲ့တယ်။ ရှီရန်က ကျွန်တော်နဲ့အတူ လိုက်ယူ​ပေးလို့ရမလား"

ရှီရန်းသည် နူးညံ့သိမ်မွေ့သောအတော်ဆုံးသရုပ်ဆောင်ကို ကြည့်လိုက်ကာ သူ့အတွေးများကို နားလည်ကာ ခေါင်းညိတ်လိုက်သည်။

သူတို့ အတူတူ ထွက်သွားကြသည်။

မှောင်မိုက်သောခြံဝင်းထဲတွင် လမ်းလျှောက်ရင်း ပိုင်ကျင်းထျန်က ညင်သာစွာပြောသည်။ "ထက်မြက်တာက မဆိုးပါဘူး။ ဒါပေမယ့် မင်း ထက်မြက်လွန်းရင် ဒီနယ်ပယ်ထဲကလူတွေကို စော်ကားဖို့ လွယ်ကူသွားတယ်"

"ကျွန်မက ဒုက္ခရှာ​နေတဲ့သူ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ့အရှက်ကိုလာခွဲတော့မှာသေချာတယ်။ ဒါဆို ကျွန်မကလည်း ပြန်အရှက်ခွဲ​ပေးရမှာ​ပေါ့" ဟု ရှီရန်က ပြတ်ပြတ်သားသား ပြောသည်။

သူမဘေးနားရှိ ပိုင်ကျင်းထျန်ကို လှမ်းကြည့်လိုက်သည်။ "ဒီကမ္ဘာမှာ ဘယ်အချိန်ရပ်တန့်ရမှန်းမသိတဲ့သူတွေ အများကြီးရှိတယ်။ ကိုယ်ကနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တဲ့အခါ သူတို့ကရှေ့ကို ဆယ်လှမ်းတက်လာလိမ့်မယ်"

"အဲ့လိုသာဖြစ်လာမယ်ဆိုရင် ကျွန်မက သူမကို အစကတည်းကမလှုပ်မယှက်ဖြစ်​အောင် ဘာလို့မလုပ်နိုင်ရမှာလဲ"