နေ့စဥ်သုံးပစ္စည်းများကိုဝယ်ပြီးနောက် ရှီရန်သည် အနီးနားတစ်ဝိုက်တွင် လမ်းလျှောက်ရန် ပြင်ဆင်သည်။
ဒရုန်းနှစ်စင်းက တစ်ခုပြီးတစ်ခု သူမအားရိုက်ကူးသည်။
သူမ ကုန်တိုက်ကို ဖြတ်လျှောက်ရင်း ခေတ္တရပ်ကာ နှုတ်ခမ်းပေါ်မှ အပြုံးများ နက်ရှိုင်းလာသည်။
"ဘော့စ်၊ ဒီမှာ လူအရမ်းများတယ်။ ကျွန်တော်တို့က သူမကို ပြန်ပေးဆွဲကြရအောင်။" လက်ပါးစေတစ်ယောက်က ဆံပင်ရွှေရောင်ရှိလူကို အကြံပေးသည်။
ဆံပင်ရွှေရောင်ရှိအမျိုးသားသည် ရှီရန်ကိုကြည့်ကာ ကျိုးသွားသောခြေလက်များ နာကျင်နေသေးသည်ဟု ခံစားရသည်။
ရှီရန်၏ကျောကို စိုက်ကြည့်ရင်း သွားများကို ကြိတ်ကာ မုန်းတီးမှုများ ပြည့်နှက်နေသည်။ "သူမ နောက်ကို ဆက်လိုက်။ ဘယ်သူမှ မသိစေရဘူး။ငါ သူမကို သေစေချင်တယ်"
"သူမ... သူမ အဲ့ဒီလမ်းကို သွားနေတယ်။ အဲဒီနေရာက လူရှင်းတယ်" လက်ပါးစေသည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
ရွှေရောင်ဆံပင်ရှိအမျိုးသားက ကြောက်စရာကောင်းစွာပြုံးပြီး သူ့နောက်ရှိလူတစ်ဒါဇင်နဲ့အတူ ချက်ချင်းလိုက်သွားသည်။
ရှီရန် များများလမ်းလျှောက်လေ ပိုလူရှင်းလေလေပင်ဖြစ်သည်။ နောက်ဆုံးတွင် သူမ လမ်းကြားထဲကို လှည့်ဝင်သွားသည်။
"ရှီရန်" ထိုယောက်ျား၏အသံသည် အရိုးအေးစေသော မုန်းတီးမှုဖြင့် ပြည့်နက်စွာ အော်ဟစ်လိုက်သည်။
သူမ လှည့်ကြည့်လိုက်သောအခါတွင် ဆံပင်ရွှေရောင်ရှိယောက်ျားကို မအံ့သြစွာ ကြည့်သည်။
သူမ စူပါမားကတ်မှ ထွက်လာသည့်အချိန်မှစ၍ တစ်စုံတစ်ယောက်သည် သူမ နောက်အား လိုက်နေသည်ကို သူမ သတိပြုမိခဲ့သည်။
သူမသည် ကုန်တိုက်ကိုဖြတ်သွားစဉ် ကုန်တိုက်၏မှန်ပြတင်းပေါက်များကို အသုံးပြုကာ သူမကို လိုက်နေသူသည် ဆံပင်ရွှေရောင်ဆံပင်ရှိသူဖြစ်ကြောင်း သူမ မြင်လိုက်ရသည်။
ဆံပင်ရွှေရောင်ရှိအမျိုးသားက ရှေ့ဆုံးမှာ ရပ်နေသည်။ သူ့နောက်တွင် သူကဲ့သို့ ၀တ်ဆင်ထားသော လူတစ်ဒါဇင်ခန့်သည် လမ်းအ၀င်ဝကို ပိတ်ဆို့ထားသည်။
တစ်ချိန်တည်းမှာပင် ရှီရန်၏နောက်တွင် မညီမညာသော ခြေသံများ ထွက်ပေါ်လာသည်။
သူတို့သည် လမ်း၏နောက်ဘက်သို့ လှည့်ပတ်သွားကြသည်။
သူမသည် အလယ်တွင် ပိတ်မိနေသည်။ နံရံကို ကျော်မတက်ပါက သူမ ရုန်းမထွက်နိုင်ပေ။
ဒရုန်းသည် လေထဲတွင် ပျံဝဲပြီး အောက်ဘက်သို့ မျက်နှာမူကာ ရိုက်ကူးသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက်သည် '2' မှ '3' သို့ ပြောင်းလဲသွားသည်။
[သမိုင်းမှာ အဆိုးရွားဆုံးတိုက်ရိုက်ထုတ်လွှင့်မှုကို ငါ လာကြည့်ကြည့်တာ။]
နောက်တစ်စက္ကန့်တွင်...
[ချီးပဲဟေ့ ၊ ဒါက ရုပ်ရှင်လား။ ဒါက ဘာမြင်ကွင်းကြီးလဲ။]
ဆံပင်ရွှေရောင်ရှိအမျိုးသားသည် သူ့လက်ထဲတွင် ဘေ့စ်ဘောရိုက်တံတစ်ချောင်းကို ကိုင်ထားပြီး ရှီရန်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်းချဉ်းကပ်လာသည်။ "မင်း ငါ့လက်ထဲ တစ်နေ့ကျရှုံးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးမလား ရှီရန် ဒီနေ့ ဒီနေရာကနေ အရှင်လတ်လတ် ထွက်သွားဖို့ စဉ်းစားမနေနဲ့တော့"
[-ီး!!! ဒါ တကယ်ဖြစ်နေတာလား???]
ထိတ်လန့်သွားသောပရိသတ်က သူ့သူငယ်ချင်းများနဲ့ ချက်ချင်းဆိုသလို သတင်းမျှဝေ
ပြီးနောက် ထိုကိစ္စကို လူသိရှင်ကြားဖြစ်အောင်လုပ်ရန်တခြားတိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုက သွားသည်။
မကြာခင်တွင် သတင်းက တောမီးလို ပျံ့နှံ့သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူအရေအတွက်သည် မျက်စိတစ်မှိတ်အတွင်း 30,000 သို့ လျင်မြန်စွာ တိုးလာသည်။
[ဒါက ရန်ပွဲလား။ ကြည့်ရှုသူတိုးပွားဖို့အတွက် ဒါက လူသိရှင်ကြားစတန့်တစ်ခုမဟုတ်တာကော သေချာလို့လား။]
[ငါ ဒီဆံပင်ရွှေရောင်ကောင်ကို သိတယ်။ သူက နာမည်ကြီး လူဆိုးဂိုဏ်းသား ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့သူလေ။]
[နင် တကယ်ပြောနေတာလား? ငါက အသိပညာသိပ်မကြွယ်ဝဘူး ဒါကြောင့် ငါ့ကို လာလိမ်မနေနဲ့။]
[ငါတို့ ရဲစခန်းကို ဖုန်းခေါ်ရမှာလား။ ဒါက အမှန်ဖြစ်နေရင်ကော...]
[ဘာလို့ ရဲကို ခေါ်ရမှာလဲ။ ထုတ်လုပ်ရေးအဖွဲ့က ကြည့်နေတာမဟုတ်ဘူးလား။ အမှန်သာ ဆိုရင် ထုတ်လုပ်ရေးအဖွဲ့က ရဲကို လှမ်းခေါ်တာ ကြာလောက်ပြီပေါ့။]
၎င်းကို လူတိုင်းက တစ်ဝက်လောက်သာ လက်ခံယုံကြည်ကြသည်။ မည်သူကမှ ရဲကိုမခေါ်ကြသလို ထွက်မသွားကြပေ။ သူတို့အားလုံးသည် အခြေအနေကို စောင့်ကြည့်နေကြသည်။
"ဘော့စ်၊ သူမ ဒီလိုသေရတာ လွယ်လွန်းတယ်" လက်ပါးစေများထဲမှ တစ်ယောက်က ရှီရန်ကို သရေကျလျက်ကြည့်ကာ ပြုံးပြသည်။
"အိုး..ဒါဆို မင်းဘာလိုချင်လို့လဲ" ရွှေရောင်ရှိအမျိုးသားက အလိုက်အထိုက်မေးသည်။
"ကျွန်တော်တို့ ညီအကိုတွေက အမျိုးသမီးနာမည်ကြီးတွေကို မမြည်းစမ်းရသေးဘူး ဒါကြောင့် သူမ မသေခင် ကျွန်တော်တို့ မြည်းစမ်းကြည့်သင့်တယ်။ သေချာတာကတော့ ဘော့စ်က သူမကို အရင်မြည်းစားလို့ရတာပေါ့"
ရွှေရောင်ဆံပင်ရှိလူရမ်းကားသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် မေးစေ့ကိုပွတ်သပ်ကာ ရက်စက်သောအကြည့်ဖြင့်ကြည့်၍ "မှန်တယ်။ ငါတို့ညီအစ်ကိုတွေကို မြည်းစမ်းကြည့်ခိုင်းရအောင်။ အချိန်တန်ရင် ငါတို့ သူမကိုသတ်ပြီး ငါတို့ခွေးကို ကျွေးလိုက်မယ်" လို့ပြောလိုက်သည်။
[ဒါက တကယ်ဖြစ်ပုံပေါ်နေတယ်နော် သူငယ်ချင်းတို့ရေ။]
[ထုတ်လုပ်ရေး အဖွဲ့သားတွေ ဘယ်မှာလဲ။ သူတို့ရဲ့ အနုပညာရှင်တွေကို မကာကွယ်ဘူးလား။]
[ ရှီရန်လို လူတစ်ယောက် သေသွားရင်ကော ဘာဖြစ်လဲ။ အရင်က သူမ ဘယ်သူ့ကို တမင် ရန်စခဲ့တာလည်းဆိုတာကို ဘယ်သူကသိနိုင်မှာလဲ။]
[လူတစ်ယောက်ကို ဒီလိုသေခွင့်ပြုရမယ်။ မင်းက လူမှ ဟုတ်သေးရဲ့လား?]
ငါးမိနစ်မပြည့်မီမှာပင် "သတိအချစ်ရှိသည်" ၏တရားဝင် Weibo အကောင့်သည် လျင်မြန်စွာ ပရမ်းပတာဖြစ်သွားသည်။ အင်တာနက်အသုံးပြုသူအားလုံးသည် ရှီရန်ကိုကယ်တင်ရန် ထုတ်လုပ်ရေးအဖွဲ့အား သီးသန့်တောင်းဆိုပြီး မှတ်ချက်များ ဝင်ရေးကြသည်။
ထိုအချိန်က မြင်ကွင်းကို တစ်စုံတစ်ယောက်က မှတ်တမ်းတင်ထားသဖြင့် ၎င်းသည် ရှာဖွေမှုစာရင်းတွင် ခေတ်စားလာသည်။ လူတိုင်း အံ့အားသင့်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ ပြေးသွားကြသည်။
မကြာမီတွင် ရှီရန်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူဦးရေ လေးသန်းကျော်ရှိလာသည်။
[ဒီနေရာကို ငါသိတယ်။ ငါ ရဲကို ခေါ်ထားပြီးပြီ။ သူတို့ အချိန်မှန်ရောက်မယ်လို့ ငါမျှော်လင့်တယ်။]
[ပရိုဂရမ်အဖွဲ့က ဘာလုပ်နေတာလဲ။ သူတို့ ဒီမှာတောင် မရှိကြဘူးလား?]
ထိုအချိန်တွင် ဒါရိုက်တာဝမ်သည် ဝန်ထမ်းများထံမှ သတင်းရရှိသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းဖွင့်ရန် တစ်စုံတစ်ဦးကို ခိုင်းသည်။
ရှီရန် အဝိုင်းခံထားရသည်ကိုတွေ့သဖြင့် သူလည်း ထိတ်လန့်သွားသည်။
"ရဲခေါ်ပြီးသွားပြီလို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောတယ်။ အခု လူတစ်ယောက်ကို ပို့ပေးလိုက်ရမလား။" ဝန်ထမ်းတစ်ယောက်က မေးသည်။
ဒါရိုက်တာဝမ်က “အခု မပို့နဲ့ဦး" လျင်မြန်စွာပြောသည်။ သူက ဖန်သားပြင်ကို စိုက်ကြည့်ရင်း ပါးနပ်စွာ ပြုံးလိုက်သည်။ "ငါးမိနစ်ကျော်သွားရင် ငါတို့ လိုက်သွားမယ်။ အလျင်မလိုပါဘူး။"
၎င်းသည် သတင်းကြီးဖြစ်ပြီး အကြီးကြီးရိုက်ခတ်ပေသည်။
အလားတူဖြစ်ရပ်မျိုး ယခင်က အခြားပရိုဂရမ်တစ်ခုတွင် ဖြစ်ခဲ့ပြီး ၎င်းတို့၏ကြည့်ရှုနှုန်းမှာ ယခင်ကတည်းကပင် အထွတ်အထိပ်ကို ပိုင်ဆိုင်ထားသည်။
သူသည် ရှီရန်၏စတေးခံမှုကို အသုံးပြု၍ အစီအစဉ်၏ကြည့်ရှုသူအဆင့်သတ်မှတ်မှုကို မြှင့်တင်သင့်သည်။
"ဘာ" ဂျီဝမ်ဖုန်းသည် ထိုသတင်းကို လက်ခံရရှိပြီး ပေါက်ကွဲသွားသည်။ သူသည် ကားသော့ကို ကောက်ကိုင်လိုက်ပြီး ရှီရန်၏တည်နေရာကို အမြန်ပြေးကာ ဝန်ယူဖေးကို အနောက်တွင် ချန်ထားခဲ့သည်။
စန္ဒရားတီးနေသည်ကို အာရုံစိုက်ထားသောဝန်ယူဖေးကလွဲ၍ တခြားသူများက တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကို သိသည်။
ပထမဆုံး အလျင်စလိုထွက်လာသူမှာ ကျူယီဖေးနှင့်ပိုင်ကျင်းထျန်တို့ဖြစ်သည်။ သူတို့ နှစ်ယောက် ထွက်သွားပြီးနောက် အခြားသူများကလည်း ပြေးထွက်လာကြသည်။
ထိုအချိန်တွင် ချူးကျင်းချန်းသည် နိုင်ငံတကာအစည်းအဝေးတစ်ခု ထိုင်နေသည်။
ခဏအကြာတွင် သူ့အတွင်းရေးမှူး တံခါးခေါက်ပြီး ဝင်သွားသည်။ အစည်းအဝေးဝင်နေသည်ကိုတွေ့၍ သူ တုံ့ဆိုင်းသွားသည်။
ထို့နောက် တက်ဘလက်ပေါ်ရှိ စခရင်ရှော့ကို ချူးကျင်းချန်းအား ပြသသည်။
ဓာတ်ပုံထဲတွင် သူမ၏နူးညံ့သောခန္ဓာကိုယ်ကို ကွတ်ကီး၏ခရမ်ကဲ့သို့ လူတစ်စုက ဝိုင်းရံထားသည်။
သူ့အကြည့်များ တင်းမာလာပြီး အစည်းအဝေးကိုအဆုံးသတ်ပြီး အပြင်သို့ အမြန်ထွက်လာသည်။
"မြို့Aကလူတွေကို ချက်ခြင်းအပြေးသွားခိုင်းလိုက်"
...
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသည် ကြည့်ရှုသူ ဆယ်သန်းအထိ ရှိနေပြီဖြစ်သည်။ ဖတ်ရသည်မှာ ခေါင်းမူးလောက်သည်အထိ မှတ်ချက်များစွာရှိနေသည်။
"ငါမင်းကိုသတ်ပြီးရင် မင်းရဲ့ချစ်သူဟောင်းကိုရှာပြီး မင်းကြုံခဲ့သလိုမျိုး တစ်ထပ်တည်း တွေ့ကြုံခံစားခိုင်းမယ်" ဆံပင်ရွှေရောင်ရှိအမျိုးသားက မောက်မာစွာ ပြုံးသည်။
အေးစက်သောအလင်းတန်းတစ်ခုက သူမမျက်လုံးများကို လင်းလက်စွာဖြတ်သွားသည်။
"မင်း ဒူးထောက်ပြီး ငါ့ကို အခု တောင်းပန်လို့ရ သေးတယ်နော်။ နဖူးတိုက်ပြီးတောင်းပန်လိုက်စမ်းပါ။ ငါ စိတ်ကောင်းဝင်သွားရင် ငါ မင်းကို လွယ်လွယ်လေးနဲ့ပေးသေပေးမှာပေါ့"
ရှီရန်သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး ဆံပင်ရွှေရောင်ယောက်ျား၏ဒေါသဆွနေခြင်းကို မထီမဲ့မြင်ပြုကာ ပြုံးနေလိုက်သည်။ "အဲဒီလိုလုပ်ခိုင်းဖို့ပဲ နင်တို့ သိတာလား"
ရွှေရောင်ဆံပင်ရှိဂိုဏ်းသားသည် ချက်ချင်းပင် ဒေါသဖြစ်သွားသည်။ သူသည် သူ့တုတ်ကို မြှောက်ပြီး သူမဆီသွားချင်သော်လည်း ရှီရန်၏ယခင်ကကျွမ်းကျင်မှုကို ပြန်သတိရပြီး သူ့လုပ်ရပ်တွင် ချက်ချင်း ရပ်လိုက်သည်။
"မင်းတို့အားလုံး တိုက်ခိုက်ကြ။ သူမလက်တွေ ခြေထောက်တွေကို အရင်ချိုး" ဆံပင်ရွှေရောင်ရှိအမျိုးသားက ရက်စက်စွာ ပြောသည်။
[ရှီရန်က ရူးနေတာလား။ ဒီလိုအချိန်မျိုးတောင် တစ်ဖက်သားကို လိုက်ဆွနေတုန်းပဲလား။]
[ဒီလိုမှန်း ငါသိရင် ရဲခေါ်ခဲ့မှာတောင်မဟုတ်ဘူး။ သူမ ကိုယ်တိုင် ကိုယ့်သေတွင်း ကိုယ်တူးနေတယ်။ ငါတို့က ဘာလို့ သူမကိစ္စကို ဝင်စွက်ဖက်မိရတာလဲ။]
[သူမက ရဲတွေရောက်လာတာကိုတောင် ကောင်းကောင်းစောင့်မနေနိုင်ဘူးလား။ သူမကပါးစပ်အရမ်းလွယ်တာပဲ။]
[ဒါပေမယ့် ရှီရန်က အရမ်းမိုက်တယ်လို့ ငါထင်တယ်။ အဲဒါက နောက်ပိုင်း သူမ အသတ်မခံရရင်ပေါ့။]
[အမျိုးသမီးတွေက တကယ်ကို ဦးနှောက်မရှိတဲ့ သတ္တဝါတွေပဲ။]
[ယခင် မှတ်ချက်ပေးတဲ့သူ ၊ နင်က ဘာလို့ မိန်းမတွေအကြောင်း ပြောနေရတာလဲ။ နင့်ပြဿနာကဘာလဲ။]
[ရဲတွေက ရှီရန်ရဲ့ အလောင်းကိုပဲ ကောက်ယူနိုင်တော့မယ်။ နောက်ဇာတ်ကွက်ကို ကြည့်ဖို့ ငါတို့ ငွေပေးချေရမှာလား။]
[ကူညီကြပါဦး။ ငါ မကြည့်ရဲဘူး!]
ဆံပင်ရွှေရောင်ရှိအမျိုးသားက အမိန့်ပေးပြီးသည်နဲ့ လူအုပ်စုက ရှေ့ကို ဝိုင်းတက်လာကြသည်။ တချို့လက်ထဲမှာ လက်နက်များတောင် ရှိသည်။ အားလုံးက ကြောက်စရာကောင်းစွာ ပြုံးပြီး ရှီရန်ဆီသို့ ပြေးသွားကြသည်။
ရှီရန်က လက်ကောက်ဝတ်ကို ဆန့်တန်းကာ ပြုံးပြသည်။
နောက်တစ်စက္ကန့်တွင်
သူမသည် လေးမှပစ်လွှတ်လိုက်သောမြှားတစ်စင်းနှင့်တူသည်။