ရှီရန်က တစ်ချက်ကြည့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
ကျုံးယူဖန်အနားက ဖြတ်သွားခါနီးတွင် သူက ရှီရန်၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
ရှီရန်ဘေးဘက်သို့ ရှောင်လိုက်ကာ ကျုံးယူဖန်ကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။ "နင်ရဲ့ချစ်သူနဲ့ ပရောပရီလုပ်မယ့်အစား ဒီမှာ ဘာလာလုပ်နေတာလဲ"
"ဒါဆို ဒါက မင်း မနာလိုဖြစ်နေလို့လား?" ကျုံးယူဖန်က မေးသည်။
သူမ၏ပုံရိပ်ကို ထိန်းသိမ်းရန်မလိုပါက ရှီရန်က သူ့မျက်ခွက်ကို ထိုးမိလိမ့်ပေမည်။
သို့သော် ကျုံးယူဖန်က အဖြေကို ဆုံးဖြတ်ပြီးသားဖြစ်ပြီး တိုးတိုးလေး ရေရွတ်သည်။ "ဒါတွေအားလုံးက မင်းမနာလိုတာကြောင့်ဖြစ်ခဲ့တာ ဟုတ်တယ်မလား?"
"ကျုံးယူဖန်" ရှီရန်သည် ကျုံးယူဖန်ကို လေးလေးနက်နက် မျက်နှာထားဖြင့် ရင်ဆိုင်လိုက်သည်။ သူမ၏နှုတ်ခမ်းသည် အနည်းငယ် ဖွင့်ဟသွားသည်။ "ရှင် စိတ်မှန်သေးရဲ့လား?"
ကျုံးယူဖန်က မျက်မှောင်ကြုတ်လိုက်သည်။
ရှီရန်က ဆက်ပြောသည်။ "ငါ အဲ့လိုပြောခဲ့တာက နင့်လို့မကောင်းတဲ့ကောင်စုတ်နဲ့အပျက်မရဲ့ ခိုးကြောင်းခိုးဝှက်ချိန်းတွေ့နေတာတွေက နင်တို့အတွက် အရမ်းပင်ပန်းစရာကောင်းတယ်လို့ ငါထင်လို့လေ။ ဒါကြောင့် နင်တို့ တရားဝင်ဖြစ်သွားအောင် ငါက ကူညီပေးနေတာ"
ကျုံးယူဖန်သည် မျက်လုံးများကို မှေးလိုက်သည်။ "ရှီရန်က ဒီလိုပုံစံမျိုး ဘယ်တော့မှ မပြောဘူး"
သူသိဖူးသောရှီရန်းက မိုက်မဲပြီး စိတ်မြန်သောကောင်မလေးဖြစ်ကာ ယခုရှီရန်ကဲ့သို့ သတိရှိမနေပေ။
ဖေးဖေးက ရှီရန်ကို လှည့်စားရန် ဝန်ထမ်းကို တောင်းဆိုခဲ့သည်ကို သူသိပြီး မန်နေဂျာ၏အကြံအစည်မှာ အမှားအယွင်းမရှိဟုလည်း သူခံစားမိသည်။
သို့သော်လည်း ရှီရန်သည် သတိထားမိပြီး ကြိုတင်ပြင်ဆင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူတို့ အကြံအစည်ပျက်ရုံတင်မကဘဲ သူကိုယ်တိုင်လည်း ရှုံးနိမ့်ခဲ့သည်။
ဒါက အရင်ရှီရန်း တွေးနိုင်တဲ့အရာ မဟုတ်ဘူး။
"ဒါဆို ငါ ဘာပြောသင့်တယ်လို့ထင်လဲ" ရှီရန်က မျက်လုံးပင့်ကြည့်ပြီး ကျုံးယူဖန်ကို ပြုံးပြလိုက်သည်။
အဆုံးမရှိသော ချစ်ခြင်းမေတ္တာများရှိနေသကဲ့သို့ သူမမျက်လုံးများထဲက အချစ်များလှိုင်းထနေသည်။
ကျုံးယူဖန်သည် တဖြည်းဖြည်း စွဲလန်းလာသည်။
နောက်တစ်စက္ကန့်တွင် သူမ၏မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။
နွေရာသီအစောပိုင်းသာရှိသေးသည်မှာ ထင်ရှားသော်လည်း ၎င်းက လူများကို အကြောင်းပြချက်မရှိဘဲ အေးခဲစေသည်။
"ငါ နင်နဲ့ရန်မဖြစ်ချင်ဘူး။ ငါ့အတွက်တော့ နင်တို့နှစ်ယောက်က မကောင်းတဲ့ကောင်စုတ်နဲ့အပျက်မပဲ။ ဒါပေမယ့် နင်က ငါ့ကို စိန်လာခေါ်နေတယ်။"
"နင် ပြန်သွားတဲ့အခါ နင့်ခွေးမကို ကြိုးနဲ့ချည်ထားဖို့ သတိရလိုက်ဦး။ နင့်ခွေးမက ငါ့ကိုထပ်ဟောင်ရင် အခုလောက်တော့ရိုးရှင်းနေမှာ မဟုတ်တော့ဘူး။"
ထို့နောက် ရှီရန်လှည့်ပြီး ထွက်သွားသည်။
လေသည် ပြတင်းပေါက်မှ ဝင်လာကာ သူမ၏ အနက်ရောင်ဆံပင်ကို လွှင့်သွားစေပြီး သူမ၏ ဆံပင်များသည် ကျုံးယူဖန်၏အဝတ်အစားကို ပွတ်တိုက်သွားရာ မွှေးရနံ့သင်းသင်းလေး ကျန်ခဲ့သည်။
ကျုံးယူဖန်သည် ရှီရန်၏ပုံသဏ္ဌာန်ကို ကြည့်ကာ နှုတ်ခမ်းကို စိလိုက်သည်။
နာရီဝက်အကြာတွင် အစီအစဉ်ကို ပြန်လည်ရိုက်ကူးသည်။
အားလုံးက ဆိုဖာဘေးမှာထိုင်ပြီး ဘာမှမဖြစ်ခဲ့သလို စကားစမြည်ပြောကြသည်။
"ဒါက ကျွန်တော်တို့ ပထမဆုံးစတွေ့တဲ့နေ့ပဲ။ ကိုယ့်ကိုယ်ကို မိတ်ဆက်ကြရအောင်။" လျန်ပု့က ပြောသည်။
မည်သူကမှ မကန့်ကွက်သောအခါ သူက အရင်ပြောသည်။ "ကျွန်တော့်နာမည်က လျန်ပု့ပါ။ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။"
"ကျွန်တော့်နာမည်က ကျူယီဖေးပါ။ ကျွန်တော်က အဆိုတော် တေးရေးဆရာပါ။"
"အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်က သရုပ်ဆောင်မင်းသားပိုင်ကျင်းထျန်ပါ။"
"ကျုံးယူဖန်၊ ကုမ္ပဏီမန်နေဂျာပါ။"
ယောက်ျားလေးများ မိတ်ဆက်ပြီးပြီးနောက်မှာမိန်းကလေးများ၏အလှည့်ရောက်လာသည်။
"ကူကျား၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်ပါ။"
"အားလုံးပဲမင်္ဂလာပါ။ ကျွန်မက eSports ဖျော်ဖြေရေးကဒီဂျေယွီဇစ်ကျန်းပါ။ အားလုံးကို တွေ့ရတာဝမ်းသာပါတယ်။"
"မင်္ဂလာပါ ကျွန်မက ရှီဝန်ဖေးပါ။ ဒီလိုမျိုးပွဲကိုပါဝင်တာ ကျွန်မရဲ့ ပထမဆုံး အကြိမ်ပါ။ ကျေးဇူးပြုပြီး ကျွန်မကို စောင့်ရှောက်ပေးပါ။"
အားလုံး၏အကြည့်များသည် ရှီရန်ဆီသို့ ကူးပြောင်းသွားကြသည်။
ရှီရန်သည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်။
နေရောင်သည် ပြင်သစ်ပြတင်းပေါက်များမှတဆင့် ဖြာကျနေသည်။ သူမသည် မြင့်မြတ်ပြီး ပျင်းရိသော ပါရှားကြောင်လေးကဲ့သို့ ကျေနပ်စွာ မှေးကြည့်လိုက်သည်။
"ရှီရန်၊ မင်းသမီးပါ" သူမသည် ညင်သာစွာ ထုတ်ဖော်ပြောဆိုသော်လည်း သူမ၏လေသံမှာ ချိုမြိန်ပြီးဆွဲဆောင်မှုရှိသည်။
မိတ်ဆက်ပြီးနောက် လေထုသည် အေးခဲသွားသည်။
နောက်ဆုံးတွင် ယနေ့ရောက်ရှိလာသူအားလုံးနီးပါးသည် ပထမဆုံးနေ့တွင် တွေ့ဆုံခဲ့ပြီးသားဖြစ်သည်။
ထိုထဲအဓိကဇာတ်ကောင်အချို့ကြားက ဆက်ဆံရေးက သိပ်ကိုမကောင်းမှန်း သိသာပေသည်။
အဆုံးမှာ လျန်ပု့က အရင်ပြောလာသည်။ "ရေခဲသေတ္တာထဲကို ကျွန်တော်ကြည့်လိုက်တော့ စားစရာနည်းနည်းပဲ ရှိတယ်။ ညစာ ကိုယ်တိုင်ချက်ရမယ်ဆိုရင် ဒီနေ့လည်က စူပါမားကတ်ကို သွားရမှာဗျ။"
"ဒါဆို ကျွန်တော်တို့ အုပ်စုနှစ်စု ခွဲလိုက်မယ်။ တစ်ဖွဲ့က နေ့လည်စာအတွက် ကျန်နေသေးတဲ့ပါဝင်ပစ္စည်းတွေကို သုံးဖို့ ကျန်ခဲ့ပြီး နောက်အုပ်စုတစ်စုက ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ အပြင်ထွက်ရမယ်။" ကျုံးယူဖန်က နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။
"အဆင်ပြေမယ်လို့ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုအုပ်စုခွဲကြမလဲ" ကျူယီဖေးလှည့်ကြည့်ပြီးနောက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ "ဟင်းချက်နည်းကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်စျေးလိုက်ဝယ်လိုက်မယ်။"
တခြားသူများက သူတို့အဖွဲ့ကို ချက်ချင်းရွေးသည်။ ရှီဝန်ဖေးအလှည့်ရောက်သောအခါ သူမက ပြုံးပြီး "မမက ဟင်းချက်တာ အရမ်းကောင်းတယ်ဆိုတာကို ညီမလေးမှဝတ်မိတော့ မမက ကျန်ခဲ့ပြီး အစားအစာချက်လို့ရတယ်နော်" ပြောသည်။
ထိုစကားကို ပြောပြီးနောက် သူမ မျက်တောင်ခတ်ရန် မမေ့ဘဲ မေးသည်။ "မှန်တယ်မလား မမ?"
ရှီရန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "သူတစ်ပါးဒုက္ခရောက်အောင်မကြံစည်ရင် နင့် တစ်ကိုယ်လုံး ယားယံလာလို့လား" ဟု မေးလိုက်သည်။
လေထုသည် ချက်ချင်း တိတ်ဆိတ်သွားသည်။
"ဘာကိုဆိုလိုတာလဲ?" ယွီဇစ်ကျန်းက ပြောလိုက်သည်။
"မွေးကတည်းကနေတောင် ဟင်းမချက်ဖူးဘူး။ ငါဟင်းချက်တတ်တယ်ဆိုတဲ့အကြံကို နင် ဘယ်ကရတာလဲ၊ ဟမ်?" နောက်ဆုံးစကားက အန္တရာယ်ရှိပုံ ပေါ်သည်။
"ညီ...ညီမ အိမ်ဖော်တွေဆီကကြားတာပါ" ရှီဝန်ဖေးက မကျေနပ်၍ ခေါင်းငုံ့ပြောလိုက်သည်။ "တောင်းပန်ပါတယ် မမ။"
"ရှီရန်..." ကျုံးယူဖန်၏နှလုံးသားက နာကျင်သွားပြီး ရှီဝန်ဖေးအတွက် စကားရပ်တည်ပြောချင်သည်။
"ရှင့်ပါးစပ်ပိတ်ထား" ရှီရန်က အေးစက်စွာ ဖြတ်ပြောသည်။
တခြားသူများကို လှည့်ကြည့်လိုက်ကာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ပျင်းရိသောပုံစံအသွင်အပြင်ကို ပြန်ရောက်သွားသည်။ "ကျွန်မ ဘယ်လိုချက်ပြုတ်ရမယ်မှန်းမသိဘူး။ အပြင်ထွက်ပြီး စျေးဝယ်တာကိုရွေးလို့ရနိုင်မလား"
သူတို့၏စိတ်နေသဘောထားက ကွဲပြားလွန်းသောကြောင့် အကောင်းဆုံးမင်းသား ပိုင်ကျင်းထျန်ကတောင် မျက်စိစောင်းကြည့်သည်။
လျန်ပု့သည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သည်။ "အဲဒီလိုဆို ရှီရန်၊ အစ်ကိုထျန်၊ ယီဖေးနဲ့ ကူကျားတို့ အတူတူစျေးဝယ်သွားနိုင်ပါတယ်။ ကျန်တဲ့လေးယောက်က ဒီမှာနေပြီးတော့ အစားအစာ ချက်လို့ရတယ်။"
"ဟုတ်တယ်။" ကူကျား ခေါင်းညိတ်လိုက်သည်။ "ကဲ အားလုံးဘဲ ကိုယ်ရဲ့အခန်းတွေဆီ ပြန်သွားပြီး ထုပ်ပိုးလိုက်ကြဦး။ နာရီဝက်အတွင်း တံခါးဝမှာ ဆုံကြမယ်။"
နာရီဝက်လောက်အကြာတွင် သူတို့လေးယောက် ထွက်သွားသည်။
ယခုတစ်ကြိမ်တွင် ပရိုဂရမ်အဖွဲ့က ကင်မရာသမားနဲ့ မရိုက်ပေ။ ၎င်းအစား ရိုက်ကူးရန် ဒရုန်းကို အသုံးပြုကြသည်။
မောင်းသူမဲ့လေယာဉ် အများအပြားသည် အပေါ်ယံတွင် လှည့်ပတ်နေကြသည်။ အနီးကပ်ရိုက်ချက်အတွက် သူတို့ နီးကပ်လာမှာလား?
ထိုအချိန်မှာပင် မူလကပိတ်ထားသောတိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသည် ပြန်ပွင့်လာသည်။
[ငါ ဒီကို ထပ်ရောက်လာပြန်ပြီလား။ ဘာတွေဖြစ်နေတာလဲ? ဘာလို့ အခု ဗီလာအပြင်မှာ ရှိနေတာလဲ။]
[ရှီရန်!! ကျေးဇူးပြုပြီး အခန်း 5602 ရဲ့ တည်းခိုသူကို ပြောပြပေးပါ။ ဒါရိုက်တာဝမ်လား။]
[ရှေ့ကလူတွေက သူတို့ ကောလဟာလတွေကို ငြင်းဆိုထားကြတယ်။ ဒါရိုက်တာဝမ်က မနေ့ညက အဲ့ဟိုတယ်မှာတောင် မနေဘူး။]
[ချောမောတဲ့အမျိုးသား၊ အမျိုးသမီးတွေကရောက်လာပြီ။ မျက်လုံးအစားကျွေးလို့အကောင်းဆုံးပဲ]
[ဖေးဖေးအရမ်းလှတယ်!]
သူတို့လေးယောက်က စူပါမားကတ်ထဲကို ဝင်သွားတယ်။
"ကျင်းထျန်နဲ့ ကျွန်မက အသားသွားဝယ်လိုက်မယ်။ ယီဖေးနဲ့ရှီရန်က အသီးအရွက်တွေသွားဝယ်ပေးပါ။" ကူကျားသည် ၎င်းတို့ကို အုပ်စုများခွဲပေးသောပထမဆုံးသူဖြစ်သည်။
၎င်းတို့လေးဦးသည် အုပ်စုနှစ်စုဖြင့် လှုပ်ရှားကြသည်။
[အမျိုးသမီးစွန့်ဦးတီထွင်သူမှာ အကြံရှိနေတာလား။]
[ငါတို့ကိုကိုထျန်က ဆွဲဆောင်မှုအရှိဆုံး။ အမျိုးသမီးစွန့်ဦးတီထွင်သူတောင်မှ မလွတ်မြောက်နိုင်ဘူး။]
[ ယီဖေးက ရှီရန်နောက်ကို ဘာလို့လိုက်နေတာလဲ!!! ငါ့ယီဖေးပြန်ပေး!!!]
[ယီဖေးက အရမ်းသနားဖို့ကောင်းတယ်။ ရှီရန်စတူဒီယိုက သူတို့ကို စုံတွဲအဖြစ် ကြော်ငြာဖို့ အခွင့်အရေးယူမှာလား။]
ရှီရန်နှင့်ကျူယီဖေးသည် ဟင်းရွက်စျေးတန်းဆီသို့ လျှောက်သွားသည်။ နှစ်ယောက်စလုံး နှုတ်ဆိတ်နေကြပြီး ဘယ်သူမှ စကားမပြောဖြစ်ကြပေ။
ကျူယီဖေးသည် သရေစာနေရာကို ဖြတ်သွားသောအခါတွင် သူသည် ရပ်တန့်သွားပြီး ချောကလက်ပေါ်၌ စက္ကန့်အနည်းငယ်ကြာအောင် ငေးကြည့်နေသည်။
သူ့လက်က ချောကလက်ကို လှမ်းယူလိုက်သော်လည်း သူ့ဘေးမှာ ပျံဝဲနေသောဒရုန်းကို မြင်လိုက်သောအချိန်မှာ ပြန်ချထားလိုက်သည်။
အစ်ကိုကျွင်းက ဤလမှာ သူ ငါးပေါင် တက်လာသည်ဟုပြောသည့်အတွက် ချိုသောအစားအစာများကို မစားရဟု သူတားမြစ်ခံထားရသည်။
ရှီရန်က ဈေးဝယ်ခြင်းကို မြန်မြန်အဆုံးသတ်ပြီး ငွေရှင်းကောင်တာထံ လျှောက်သွားစဉ် ကျူယီဖေးသည် စောစောက ချောကလက်ပြည့်နှက်နေသောစိတ်ဖြင့်ခေါင်းငိုက်စိုက်ချကာ သူမနောက်သို့ လိုက်သွားသည်။
ငွေရှင်းရာနေရာရှေ့တွင် ပစ္စည်းများကို သူ ကောင်တာပေါ်တင်ပေးနေကာသူ၏လှုပ်ရှားမှုများသည် စက်ရုပ်ကဲ့သို့ဖြစ်နေသည်။ ထို့နောက် ချောကလက်တစ်တုံးကို တွေ့သောအခါ သူ့မျက်လုံးများ တောက်ပလာသည်။
"ချောကလက် ကြိုက်တာလား" ကျူယီဖေးသည် စူပါမားကတ်ထဲသို့ ၀င်ပြီးကတည်းက ပထမဆုံးအကြိမ် စကားပြောဆိုခြင်းဖြစ်သည်။