ရှီဝန်ဖေးအံ့ဩသွားကာ ရှီရန်ကို ချက်ခြင်းပင်ကြည့်သည်။
သို့သော်လည်း သူမသည် နားမလည်သောအမူအရာကို အမြန်ထုတ်ဖော်ပြလိုက်သည်။ "မနေ့ညက ဝန်ထမ်းတစ်ယောက်က ဒီနေ့ ကိုးနာရီမှာ စပြီး ရိုက်ကူးဖို့ အကြောင်းကြားခဲ့တယ်။မမ မြင်တဲ့လူနဲ့ အတူတူပဲဖြစ်မယ်လို့ ထင်တယ်ကော။"
ထိုစကားကို ပြောပြီးနောက် သူမ တုံ့ပြန်လာပေါ်ပုံသည်။ သူမ ပါးစပ်ကို မယုံကြည်နိုင်စွာ ဖြင့် ဖုံးအုပ်လိုက်သည်။ "မမကို ဆယ်နာရီထိုးမှစမယ်လို့ တစ်ယောက်ယောက်ကို ညီမလေးက ပြောခိုင်းတာလို့ ထင်နေတာမဟုတ်ဘူးမလား"
"အဲဒီလိုမဟုတ်ဘူးလား?" ရှီရန်သည် သရုပ်ဆောင်နေသောရှီဝန်ဖေးကို စူးစူးရဲရဲ ကြည့်နေသည်။
ရှီဝန်ဖေး၏မျက်လုံးများတွင် မျက်ရည်များ ဝဲနေပြီဖြစ်သည်။ အထင်မှားခံရသလိုမျိုး သူမ၏လေသံက စိတ်ထိခိုက်နေပုံပေါ်သည်။ "မမ ညီမကို အဲ့လိုဆိုးဆိုးရွားရွား တွေးမှရမှာလား။"
ကျုံးယူဖန်သည် ချက်ခြင်းထရပ်လိုက်သည်။ "ရှီရန်၊ မင်းအတော်လွန်နေပြီ။ သက်သေမရှိဘဲ ဖေး... သူမက မင်းကို ချောက်ချတယ်လို့ ပြောရအောင် မင်းမှာဘာလုပ်ပိုင်ခွင့်ရှိလို့လဲ"
[ဒါက ရယ်စရာပဲ။ သူမက အဓိပ္ပါယ်မဲ့တာတွေပြောနေတာပဲ။]
[ဖေးဖေး အရမ်းသနားစရာကောင်းတယ်။ သူမက နောက်ကျနေတာ အသိသာကြီးကို ဖေးဖေးကို လာအပြစ်တင်နေတယ်။]
[မိသားစု၊ ငါ့သွေးပေါင်ချိန်တောင် ဆောင့်တက်နေပြီ။]
[ဖေးဖေးအတွက် ငါ့နှလုံးသားလေးက နာကျင်နေတယ်!!!]
ရှီရန်သည် သူမ၏အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီး ဖြေးညင်းစွာပြောသည်။
"ကျွန်မ ဒီကိုမလာခင်မှာ ဟိုတယ်ရဲ့ လုံခြုံရေးစောင့်ကြည့်ရေးအခန်းကို သွားပြီး စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့ခဲ့တယ်"
ဖုန်းကိုမြင်လိုက်သည်နှင့် ရှီဝန်ဖေး၏နှလုံးခုန်သံ တစ်ချက်ခုန်တက်သွားသည်။
မနေ့ညတွင် သူတို့သည် ကျုံးကော်ပိုရေးရှင်း၏နာမည်ဖြင့် ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့သည်။ ဤအကြောင်းကို ယူဖန်က လုံခြုံရေးစောင့်ကြည့်ခန်းထဲက လူများကို အသိပေးခဲ့သည်။
ရှီရန်က စီစီတီဗီဗီဒီယိုကို ဘယ်လိုရလာခဲ့တာလဲ။
တစ်ခုခုကို တွေးနေသလိုမျိုး ရှီဝန်ဖေး၏ အမူအရာ ပြောင်းသွားသည်။
ရှီရန်သည် ယခင် Weibo အဖြစ်အပျက်၌စောင့်ကြည့်ဗီဒီယိုကိုလည်း ရယူခဲ့ပြီး သူမက ၎င်းကို သတိမေ့သွားသည်။
'ရှီရန်က အဲဒီဟက်ကာကို ထပ်ပြီး အကူအညီတောင်းခဲ့တာလား။'
ရှီဝန်ဖေးခေါင်းငုံ့ကာ တွေးလိုက်မိသည်။
ရှီရန် မရောက်လာခင် သူမက ချောက်ချခံထားရတာကို မသိဘဲနဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းကို ဘယ်လိုကြိုတင်ရထားတာလဲ?
ရှီရန်က ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားဖို့ ကြိုးစားနေတာဖြစ်မယ်။ ငါက ယုံလိမ့်မယ်လို့ သူမ ထင်နေတာလား။
၎င်းကိုတွေးပြီး ရှီဝန်ဖေးက မျက်နှာပေါ်က မျက်ရည်ကို သုတ်လိုက်ပြီး စိတ်မကောင်းစွာပြောသည်။ "ဒါဆို မမ ကျေးဇူးပြုပြီး စောင့်ကြည့်ကင်မရာ ဗီဒီယိုကို ဖွင့်ပြလိုက်လေ။ ညီမ မလုပ်ဘူးပြောရတာကလည်း ညီမ တကယ်မလုပ်ခဲ့လို့ဘဲ"
သူမသည် ကြောက်ရွံ့ခြင်း သို့မဟုတ် လိပ်ပြာမလုံစိတ်ကို မပြသောကြောင့် လူအများက သူမအား ချက်ချင်းယုံကြည်ကြသည်။
ဧည့်သည်များအားလုံး ရှီရန်ကို လှည့်ကြည့်လိုက်သည်။
အားလုံးက ကြည့်နေချိန် ရှီရန်က ဗီဒီယိုကို နှိပ်ပြီး ကင်မရာကို ပြသလိုက်သည်။
ဒါရိုက်တာက ချက်ချင်းပင် အနီးကပ်ရိုက်ပေးသည်။
ဗီဒီယိုသည် မနေ့ညကိုးနာရီခွဲအချိန်က ရိုက်ကူးခဲ့သည်ကို ပြသနေသည်။
ဝန်ထမ်းကတ်ကိုလည်ပင်း၌ဆွဲထားသောအမျိုးသားတစ်ဦးသည် ရှီရန်၏တံခါးကို လာခေါက်သည်။ စကားအနည်းငယ်ပြောပြီးနောက် အခြားတံခါးကို ခေါက်လိုက်သည်။
ရှီဝန်ဖေး၏မန်နေဂျာက တံခါးကိုဖွင့်လိုက်သည်။ ထို့နောက် ထိုလူသည် အခန်းထဲသို့ ဝင်သွားသည်။
"မမ၊ ဒီနေ့ ရိုက်ကူးရေးစတင်ဖို့ ဝန်ထမ်းတစ်ယောက်က မနေ့ညက လာအကြောင်းကြားခဲ့တယ်လို့ ညီမ ပြောခဲ့တယ်လေ။ ဒီဗီဒီယိုက ဘာမှ သက်သေပြလို့မရဘူး။"
ရှီရန် အရူးမ အသံမပါတဲ့စောင့်ကြည့်ကင်မရာဗီဒီယိုနဲ့ ငါ့ကို ချောက်ချလို့ရမယ်လို့တကယ်ထင်နေတာလား။
"ဝန်ထမ်းကဘာလို့ဝင်သွားရတာလဲ" ကျူယီဖေးသည် စောင့်ကြည့်ရေးဗီဒီယိုကို စူးစူးစိုက်စိုက်ကြည့်ကာ သိချင်လာ၍မေးလိုက်သည်။
ရှီဝန်ဖေးသည် ကျူယီဖေးကို တစ်ချက်ကြည့်လိုက်သည်။
ကျူယီဖေးက ရှီရန်ကို ကူညီနေခြင်း မဟုတ်ကြောင်း သူမ သိသည်။ သူသည် ငယ်ရွယ်ပြီး အပျော်အပါး မက်သည်။ ထို့ကြောင့် ယခုကဲ့သို့အရာများကို သိချင်သည်။
"ကျွန်မမန်နေဂျာက ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို စာနာနားလည်ပြီး ရေတစ်ခွက်တိုက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူက ပရိုဂရမ်အသင်း၏လုပ်ထုံးလုပ်နည်းအချို့ကို မေးမြန်းချင်လို့ပါ။"
အဆုံးတွင် ရှီဝန်ဖေးသည် ရှက်ရွံ့စွာ ပြုံးကာ အနည်းငယ် ရှက်သွားသည်။ "ဒါက ရသရှိုးပွဲတွေမှာ ကျွန်မ ပထမဆုံးအကြိမ် ပါဝင်ဖြစ်တာလေ။ ကျွန်မ နည်းနည်းတော့ စိုးရိမ်မိတယ်။ ဒါကြောင့် ကျွန်မမန်နေဂျာက ကျွန်မလွယ်လွယ်ကူကူ ပါဝင်နိုင်ဖို့အတွက် အကူအညီပေးချင်နေတာလေ"
ကျုံးယူဖန်သည် ဗီဒီယိုကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ "ရှီရန်၊ မင်းက ဒီနေ့ အချိန်မှန်မလာတဲ့သူတစ်ယောက်ပဲ။ မင်းအမှားကို အစကတည်းက ဝန်ခံခဲ့မယ်ဆိုရင် အဆင်ပြေသွားမှာပေမယ့် မင်းဘာကြောင့် တခြားသူတွေကို အပြစ်တင်ခဲ့ရတာလဲ"
[မှန်တယ်!! ဒီပြဿနာက တောင်းပန်လိုက်ရင် ပြီးသွားမှာကို ဖေးဖေးနှင့် ဝန်ထမ်းအပေါ်ကို အပြစ်တင်ချင်နေသေးတယ်။]
[-ီး၊ ပရိုဂရမ်အဖွဲ့မှာ ဒီလိုလူရှိတာက တကယ့်ကိုခေါင်းကိုက်စရာဖြစ်နိုင်တယ်။]
[ရှီရန်ကို တစ်သက်တာ ပိတ်ပင်တားမြစ်လိုက်တော့!!!]
[ ဒီလိုလူနဲ့ဆုံတွေ့ရအောင် ငါတို့ဖေးဖေးက ဘာအမှားလုပ်မိလို့လဲ။]
[ကောင်းတယ် မစ္စတာ CEO! သတ္တိရှင်!]
[ငါဘာလို့ CEO က သူ့မိန်းမကို ကာကွယ်နေတယ်လို့မြင်နေရတာလဲ။ ရုတ်တရက် ဒီစုံတွဲကို နမ်းစေချင်လိုက်တာနော်။]
စခရင်ပေါ်ကလူများတင်မကဘဲ ရှီရန်သည် နောက်ကျနေခြင်းအတွက် ဆင်ခြေများပေးနေသည်ဟု အားလုံးက ခံစားမိကြသည်။
နာရီဝက်ကြာအောင် စောင့်ပြီးနောက် လူတိုင်းသည် ရှီရန်အပေါ် စိတ်ခုသွားကြသည်။
ယခုလည်း သူမ မဝန်ခံရုံသာမက အပြစ်ပုံချမည့်သူကိုပင် ရှာနေသည်။
ဧည့်သည်များက ထိုအခြေအနေကြောင့် ချက်ခြင်း မကျေမနပ်ဖြစ်သွားသည်။
လေထုက လေးလံနေချိန်၌ ရှီရန်က ရယ်မောလိုက်သည်။
အားလုံးက သူမကို ကြည့်နေကာ ထူးဆန်းသည်ဟုမြင်လာကြသည်။
'ရူးနေတာလား။'
ရှီရန်သည် နှုတ်ခမ်းပေါ်မှ အပြုံးတစ်ခုဖြင့် ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။ 'ငါ့မှာ CCTV တစ်ခုထဲရှိတယ်လို့ထင်နေတာမဟုတ်ဘူးမလား'
တစ်စက္ကန့်အကြာတွင် အသံဖမ်းထားသောဖိုင်ကို ဖွင့်လိုက်သည်။
၎င်းသည် ဝန်ထမ်းက သူမကို မနေ့ညနေက အကြောင်းကြားသောအခါ၌ အသံသွင်းထားခဲ့ခြင်းဖြစ်သည်။
အသံက ကြည်လင်ပြတ်သားသည်။ ဆယ်နာရီဟု ဝန်ထမ်းက ပြောသည်။
ကျူယီဖေးက ရှေ့ကို တိုးကြည့်လိုက်သည်။ ပရိုဂရမ်အဖွဲ့ကလည်း ကင်မရာကို ရှေ့သို့ တွန်းလိုက်သည်။
"မှတ်တမ်းတင်ထားတဲ့အချိန်က မနေ့ည ကိုးနာရီခွဲမှာ ဖြစ်နေတယ်လို့ ပြထားတယ်။ စောင့်ကြည့်ဗီဒီယိုအချိန်နဲ့ ကွက်တိပဲ။" ကျူယီဖေးက ရှီဝန်ဖေးကို တစ်ချက်ကြည့်လိုက်သည်။
သူက မေးစေ့ကို ပုတ်သည်။ "သူမ နောက်ကျမှာနဲ့ စောစောစီးစီးပြင်ဆင်တာမှာ မပါဝင်မိနိုင်မှာကို သူမ မသိတဲ့အတွက် ဒါက အမှန်တရားဖြစ်လိမ့်မယ်။"
ပိုင်ကျင်းထျန်က ရှီဝန်ဖေး၊ကျုံးယူဖန်နဲ့ရှီရန်ကို အဓိပ္ပါယ်ပါသောအကြည့်နဲ့ ကြည့်လိုက်သည်။
ယခုကဲ့သို့ လုပ်ကွက်များကို အကြိမ်ပေါင်းများစွာ မြင်ဖူးသည့်အတွက် သူ မအံ့သြတော့ပေ။
သို့သော်
သူက ရှီရန်ကို ကြည့်လိုက်သည်။
ရှီရန်သည် ယခင်ကနှင့် မတူတော့ပုံပေါ်သည်။
စူးစမ်းလိုစိတ်ကြောင့်မေးသောကျူယီဖေး၏စကားမှလွဲ၍ အခြားဧည့်သည်များသည် စကားတောင် ဝင်မပြောကြပေ။
ရှိုးပွဲလာသူတိုင်း ဥာဏ်ကောင်းသည်။ ရှီရန်သည် အမှန်တကယ် ချောက်ချခံရကြောင်း သူတို့သိသည်။
သို့သော် ရှီရန်ဘက်ကနေ မည်သူမှ ဝင်ရပ်တည်မပေးကြပေ။ မည်သူမျှ ဤအရှုပ်အထွေးတွင် မပါဝင်ချင်ကြပေ။
ရှီဝန်ဖေး၏အမူအရာသည် မှန်းဆမရလောက်အောင် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူမက အတင်းပြုံးပြသည်။ "ဒါဆို ညီမလေး မမကို အထင်လွဲသွားမိလို့ တောင်းပန်ပါတယ်နော်"
"ဒါက ညီမအမှားပါ။ ဒီမနက်က မမကို ညီမနဲ့ခေါ်လာခဲ့သင့်တာ။ အဲ့လိုဆို မမလည်း ညီမနဲ့တချိန်တည်းအတူရောက်လာရင် မမကိုမုန်းတီးနေတဲ့ပရိတ်သတ်ရဲ့အစီအစဥ်က အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။"
ရှီဝန်ဖေးသည် ဝန်ထမ်းက ရှီရန်အား မုန်းတီးနေသောသူတစ်ဦးအဖြစ် သဘာဝကျကျ ပုံဖော်ပြသည်။
ဖျော်ဖြေရေးနယ်ပယ်၌ ၎င်းလိုလူမျိုးများ ရှိနေသည်မှာ မဆန်းလှပေ။
ထုံးစံအတိုင်း မည်သူကမှ သံသယဝင်မှာမဟုတ်ပေ။
"တကယ်လို့ မင်းတစ်နာရီနဲ့၃၀မိနစ်လောက်စောပြီး လာခဲ့ရင် မင်းနောက်ကျမှာမဟုတ်ဘူး" လို့ ကျုံးယူဖန်ကပြောသည်။
ရှီရန်ကို အစကတည်းက သူ မကြိုက်သောကြောင့် သူမလုပ်သမျှအရာသည် သူ့မျက်လုံးများတွင် မှားယွင်းနေပုံပေါ်သည်။
အကယ်၍ နားလည်မှုလွဲနေခြင်းဖြစ်နေပါက ယခုကဲ့သို့ရိုးရှင်းသောထောင်ချောက်တစ်ခုကို မိုက်မဲစွာ ယုံမိသည့်အတွက် ရှီရန်ကိုသာ အပြစ်တင်ပေမည်။
[ဒါဆို ဒီအချိန်မှာ ရှီရန်က တကယ်ကို ထောင်ချောက်အဆင်ခံထားရတာလား။]
[ဒါက ရှီရန်ရဲ့ပြဿနာပဲ။ သူမကို ဆန့်ကျင်တဲ့ပရိတ်သတ်တွေ အရမ်းများနေတယ်။ တစ်ယောက်ယောက်က သူမကိုဆက်သည်းမခံနိုင်တော့ဘူးထင်ပါရဲ့။]
[ငါကတော့ CEO ပြောတာမှန်တယ်လို့ ထင်တယ်။ ရှီရန်သာစောစောလာရင် သူမ ဒီလိုပြောခံရမှာ မဟုတ်ဘူး။]
[ချီးပဲဟေ့။ ခံရတဲ့သူကို အပြစ်တင်နေကြတယ်?]
[မေးရမဲ့မေးခွန်းက အဲဒီဝန်ထမ်းက ဘယ်သူလဲဖြစ်ရမှာ မဟုတ်ဘူးလား။ အဲ့အစားလူတိုင်းက ရှီရန်ကို ဘာလို့ ကျိန်ဆဲနေကြတာလဲ။]
[ဒါက အမှန်တရားပဲ။ ဝန်ထမ်းက ဘာလို့ ရှီရန်တစ်ယောက်တည်းကို ဒုက္ခပေးချင်ရတာလဲ။]
လျင်မြန်သောမှတ်ချက်များက ငြင်းခုံနေပြန်သည်။ ရှီရန်၏ပြဿနာများအပြင်လူမှုရေးပြဿနာများအထိပါ ဆွေးနွေးလာကြသည်။
ရှီဝန်ဖေးသည် စခရင်ကို မမြင်ရသော်လည်း ယေဘုယျအကြောင်းအရာကို ခန့်မှန်းနိုင်သည်။
"မမ နောက်တစ်ခါ CEO ကျုံးဆီက သင်ယူသင့်တယ်။ သူ မနေ့ညက အလုပ်တွေရှုပ်နေပေမယ့် ဒီမနက် အစောကြီး အပြေးလာတုန်းပဲ။ တကယ်တော့ သူ နာရီဝက်လောက်စောပြီး ရောက်လာတာ။" ရှီဝန်ဖေးက သူမကို နှစ်သိမ့်ဟန်ဆောင်သည်။
"ဒီကို မနက်အစောကြီးရောက်လာတယ်?" ရှီရန်သည် သူမ၏ဖုန်းဖြင့် ကစားနေပြီး သူမ၏ အပြုံးသည် ဖတ်၍မရပေ။ "မနေ့ညက နင့်အခန်းထဲမှာ သူအိပ်တာမဟုတ်ဘူးလား"