၂၇
Viewers 141

အင်တာနက်အသုံးပြုသူများသည် "သတိအချစ်ရှိသည်" ၏တရားဝင် Weiboတွင် ရှီရန်သည် အစီအစဉ်မှထုတ်ပယ်ခြင်းခံရခြင်းရှိ၊မရှိကို မကြာခဏကြည့်ရှုလေ့ရှိကြသည်။

ထိုည ၈ နာရီတွင် "သတိအချစ်ရှိသည်" တွင် မမျှော်လင့်ထား​သော တစ်စုံတစ်ခုကို တင်လာသည်။

အားလုံးက အားတက်သရော ကလစ်နှိပ်လိုက်ပြီး ဂုဏ်ပြုရန် အသင့်ဖြစ်နေကြသည်။

ဖွင့်ကြည့်လိုက်သောအခါ မမျှော်လင့်ထား​သောရှိုးပွဲဓာတ်ပုံတစ်ပုံ ပေါ်လာသည်။

[-ီး!!!]

[ဒီလိုအမိုက်စား ရှုခင်းပုံတွေကို ဘယ်သူကမြင်ချင်လို့လဲ။ ရှီရန်ကို ဖြုတ်လိုက်တာကိုပဲ မြင်ချင်တယ်။]

[ရှီရန်က အစွမ်းထက်တဲ့ရှူးဂါးဒယ်ဒီကို ရှာတွေ့ခဲ့တာလား။ အခုထိတောင် အထုတ်မခံရသေးဘူး။]

[ထုတ်လုပ်ရေးအဖွဲ့က ဘာ​တွေတွေးနေကြတာလဲ။ ငါတို့လိုကြည့်ရှုသူတွေက အရေးမကြီးဘူးလို့ သူတို့ တကယ်ထင်နေတာလား။]

[သူတို့ကို ငါတို့စောင့်နေတော့မှာမဟုတ်ဘူး။ ကြည့်ချင်သူတိုင်း ကြည့်နိုင်တယ်။ 'သတိအချစ်ရှိသည်' က ယခု ငါမကြည့်မယ့်အမည်ပျက်စာရင်းမှာ ပါပြီးသားပဲ။]

[ရှီရန်က ပွဲကို ကြည့်ရှုသူတိုးလာ​အောင်လုပ်ပေးနိုင်မယ်လို့ ထင်နေတာ​တော့ မဟုတ်ဘူးမလား]

ထုတ်လုပ်ရေးအဖွဲ့မှသတင်းကို ရှီဝန်ဖေးမြင်သောအခါတွင် သူမ၏အမူအရာမှာ မည်းမှောင်သွားသည်။ "အစ်မချန်း ဘာတွေဖြစ်နေတာလဲ"

"ငါ လူတစ်ယောက်ကို အဲ့​အကြောင်းစုံစမ်းခိုင်းထားတယ်။ အကောင်းဆုံးသရုပ်ဆောင်ပိုင်ကို ထုတ်လုပ်ရေးအဖွဲ့က ဘာပြောလဲတော့ မသိပေမယ့် အခုချိန်မှာတော့ ကန့်ကွက်စရာ မရှိဘူးတဲ့” လို့ အစ်မချန်းက အံကြိတ်ကာ ပြောသည်။

"ရှီရန်း က သူမကို ထောက်ပံ့ပေးဖို့ အစွမ်းထက်တဲ့ရှူးဂါးဒယ်ဒီကို ရှာတွေ့ခဲ့တာများဖြစ်နေမလား။" ရှီဝန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။

"ရှီရန်က KT အဖွဲ့ရဲ့အဆင့်မြင့်အရာရှိတွေနဲ့ နီးစပ်နေတဲ့အလားအလာရှိတယ်လို့ သခင်​လေးကျုံးက မပြောခဲ့ဘူးလား။ ဒီတစ်ခေါက်ရင်းနှီးမြှုပ်နှံသူက KT အဖွဲ့မို့ သူမ အထုတ်မခံရတာ ဖြစ်နိုင်တယ်။"

"ဘယ်လိုလူက ဒီလိုရင်းနှီးမြုပ်နှံမှု ပရောဂျက်အ​ပေါ်ကို ချုပ်ကိုင်နိုင်မှာလဲ။ "ရှီဝန်ဖေး မျက်လုံးများကို မှေးထားလိုက်သည်။

"သူမ ထွက်သွားမလားနေမလားဆိုတာ အရေးတော့မကြီးပါဘူး။ သူမက ဘာမှမသိတာ​ကြောင့် ဘာပဲဖြစ်ဖြစ် နင် သူ့ကို ရှိုးပွဲမှာ ချေမှုန်းဖို့ အချိန်ရှိတယ်"

"ဒီတစ်ခါ 'သတိအချစ်ရှိသည်' က ဖြုတ်ချတဲ့ပုံစံကို အခြေခံထားတာလို့ ငါကြားတယ်။ သူမကို ဖယ်ရှားဖို့က လွယ်လိမ့်မယ်"

အေးဂျင့်က သူမကို စိတ်ချစေပြီး ရှီဝန်ဖေးချက်ခြင်းစိတ်သက်သာလာသည်။ "အမှန်ပဲ။ သူမမှာ ငါနဲ့ နှိုင်းစရာ ဘာရှိလို့လဲ"

ရှီရန်က အမှိုက်တစ်စလောက်ပဲရှိတာကို ငါ ဘာကြောင့် ဂရုစိုက်နေရမှာလဲ။

....

ဂျီဝမ်ဖုန်းသည် သတင်းကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

'ပွဲမှာ မင်းရဲ့နေရာကို အောင်မြင်စွာ ငါတို့ထိန်းသိမ်းထားနိုင်ပြီးပြီ။'

ရှီရန်အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။

ပိုင်ကျင်းထျန်က ထုတ်လုပ်ရေးအဖွဲ့ကို ဖိအားတွေပေးနေပြီသား။ ဒါပေမယ့် သူတို့က ငါ့ကိုဆက်ပါဖို့ တောင်းဆိုနေကြတုန်းပဲလား။

ဂျီဝမ်ဖုန်းက “ဒါက ရင်းနှီးမြုပ်နှံသူတွေရဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ငါကြားရတယ်။ " ဟု မ​ရေမရာ​ပြောသည်။

'ချူးကျင်းချန်း?'

ရှီရန်သည် ထိုလူအကြောင်း ချက်ချင်း တွေးမိသည်။

သူမလက်ထဲရှိ ဖုန်းကို လှည့်လိုက်ပြီးခဏလောက် စဉ်းစားပြီး​နောက် ချူးကျင်းချန်း၏ စကား​ပြောခန်းကို ဖွင့်သည်။

[ရှီရန်]: ဒီတစ်ခါအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မ ရှင့်ကို ထမင်းတစ်နပ်ကျွေးပါမယ်။

ထိုအချိန်တွင် ချူးကျင်းချန်းသည် အစည်းအဝေးတစ်ခုတွင် ရှိနေသည်။ သူ့ဖုန်းက အသံမြည်နေသော်လည်း ဂရုမစိုက်ပေ။

ထိုစာကို အစည်းအဝေးပြီးမှ သူမြင်သည်။

[ချူးကျင်းချန်း]- မင်း ကျွန်​တော့်ကို တကယ်ကျေးဇူးတင်ချင်ရင် ကျွန်​တော့်ကိုလက်ထပ်ဖို့ စဉ်းစားနိုင်တယ်နော်။

[ရှီရန်]- ကျွန်မ ကျူးလီကို သိမ်းသွင်းစည်းရုံးပေးပါမယ်။

ချူးကျင်းချန်းသည် လမ်း​လျှောက်​နေခြင်းကိုရပ်လိုက်ပြီး သူ့နောက်မှ အတွင်းရေးမှူးလည်း အမြန်ရပ်လိုက်သည်။

မျက်နှာခပ်တည်တည်ထားလေ့ရှိသော တတိယသခင်​လေးသည် ကြောက်စရာ​ကောင်းစွာ ပြုံးနေလေသည်။

သူ ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

တတိယသခင်လေးကို မည်သူက စော်ကားမိခဲ့သလဲလို့ သူ တွေးမိသည်။

ချူးကျင်းချန်းသည် သူ့ဖုန်းကို အကြိမ်အနည်းငယ် နှိပ်လိုက်သည်။

[ချူးကျင်းချန်း]: ကျွန်​တော် မင်းကို လာ​ခေါ်မယ်။

ချူးကျင်းချန်းသည် သူ့ရုံးခန်းသို့ ပြန်လာသည်။ သူ့ဝတ်စုံကို ကောက်ကိုင်လိုက်ပြီး ထွက်လာ​သော်လည်း ကြည့်မှန်ကို ဖြတ်သွားသောအခါ သူရပ်တန့်လိုက်သည်။

'ဝတ်စုံဝတ်ထားရတာ အရမ်းတင်းကျပ်နေမလား'

၎င်းကိုတွေးရင်း ချူးကျင်းချန်းသည် နား​နေခန်းဆီသို့ လျှောက်သွားပြီး ဗီရိုထဲမှ ပေါ့ပေါ့ပါးပါး အဝတ်တစ်ထည်ကို ထုတ်ကာ ရေချိုးရန် ရေချိုးခန်းသို့ သွားလိုက်သည်။

သူ ပြန်ထွက်လာ​သောအခါ ပေါ့ပေါ့ပါးပါးအဝတ်အစားကို ပြောင်းဝတ်လိုက်သည်။

အတွင်းရေးမှူးက သူ့နောက်ကို လိုက်လာသည်။

ထိုနေ့တွင် ယာဉ်မောင်းက ခွင့်ယူထားသဖြင့် ယာဉ်မောင်းတာဝန်ကို သူထမ်းဆောင်ရသည်။

ထို့နောက် တတိယမြောက်သခင်​လေးကို တိုက်ခန်းတစ်ခုသို့ လိုက်ပို့သည်။

အတွင်းရေးမှူးသည် ကားပြတင်းပေါက်မှ အကြိမ်ပေါင်းများစွာ ကြည့်လိုက်သည်။

တတိယသခင်​လေး ပိုင်ဆိုင်သည့်အရာတစ်ခုမှမရှိသောမြို့လယ်ရှိတိုက်ခန်းတစ်ခုတွင် သူတို့​ရောက်ရှိနေသည်။

'ဒါဆို သူက တစ်ယောက်ယောက်ကို စောင့်နေတာလား။'

သိပ်မကြာခင်တွင် အတွင်းရေးမှူးက အနောက်ဘက်ခရီးသည်အခန်း တံခါးပွင့်လာသည်ကို သတိထားမိလိုက်သည်။

သူက နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်​သောအခါ ရှီရန်၏မျက်နှာပြောင်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ထိတ်လန့်သွားသည်။

ရှီရန်?

'သူမက ဒီနေ့အရှုပ်တော်ပုံသတင်းရဲ့အဓိကလူ မဟုတ်ဘူးလား။'

'ဒါဆို သခင်​လေးနဲ့ ရှီရန်က တစ်ယောက်နဲ့တစ်ယောက် သိနေပြီးသားလား?

ဒါဆို ဒီနေ့ပွဲမှာ တတိယသခင်​​လေးက သူမကို ပွဲရဲ့နာမည်ကျော်ကြားမှုကို မြှင့်တင်ပေးစေချင်တဲ့အတွက် ချန်ထား​စေချင်တယ်လို့ ပြောတာက အမှန်လား ဒါမှမဟုတ်...

လျှို့ဝှက်စွာ ဘက်လိုက်ပြီး မျှတသလို ဟန်ဆောင်နေတာလား

"ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။"

ရှီရန်ထံမှ ထိုစကားကိုကြားသောအခါ အတွင်းရေးမှူးက သူ၏သံသယကို အတည်ပြုခဲ့သည်။

"ကောလဟာလက အမှန်ပဲလား?" ချူးကျင်းချန်းသည် သူ့ပေါင်ကို လက်ချောင်းထိပ်များဖြင့် ခေါက်ကာ တိုက်ရိုက်မေးသည်။

"အဲဒါက အမှန်ပါပဲ။"

ချူးကျင်းချန်း၏အပြုံးသည် တဖြည်းဖြည်း ကြောက်စရာကောင်းလာသည်။ ထို့နောက် သူက “မင်းရဲ့အကြိုက်က တကယ်ဆိုးရွားတာပဲ” လို့ လှောင်လိုက်သည်။

"ဟုတ်တာ​ပေါ့။ သူက ရှင့်ကိုတောင် မယှဥ်နိုင်ဘူး" လို့ ချောမွေ့စွာ ပြန်ဖြေသည်။

အဆုံးတွင် တစ်ပါးသူက သူမကို ကူညီခဲ့သည်။ ကောင်းမွန်သောစကားအနည်းငယ်ပြောခြင်းသည် ဘယ်တော့မှမမှားပေ။

ချူးကျင်းချန်းက ဝမ်းသာအားရ ပြုံးလိုက်သည်။

အတွင်းရေးမှုးသည် တစ်ချိန်လုံး တတိယဘီးဖြစ်နေသကဲ့သို့ ခံစားရသည်။

ညစာစားပြီး ရုံးခန်းကို ပြန်ရောက်သည်အထိတောင် အတွင်းရေးမှူးက စိတ်ရှုပ်နေတုန်းပင်ဖြစ်သည်။

တစ်နည်းနည်းနဲ့ ထို့နေ့က အမှတ်အသားကို
သူ သတိရလာသည်။

'ဒါဆို တတိယသခင်​လေးနဲ့ရှီရန်က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား။'

ဒါပေမယ့် သူတို့ တကယ်လို့ တွဲ​နေတာဆိုရင် တတိယသခင်​လေးက ရှီရန်ကို ဒိတ်တင်ရှိုးမှာ ဘာလို့ ပါဝင်ခွင့်ပေးရတာလဲ။

ပဟေဠိဖြစ်နေချိန်တွင် အတွင်းရေးမှူးက အခေါ်ခံရသည်။

သူ၏ညွှန်ကြားချက်ကို ရရှိပြီးနောက် အတွင်းရေးမှူးသည် ချက်ချင်း မထွက်ခွာပေ။ ထိုအစား သူက မေးသည်။ "တတိယသခင်​လေး၊ မစ္စရှီကို ပိုအ​လေး​ပေးရိုက်ပေးဖို့အတွက် ထုတ်လုပ်ရေးအဖွဲ့ကို သတိပေးလိုက်ရမှာလား။"

"မလိုဘူး။" ချူးကျင်းချန်း၏အမူအရာမှာ ဘာမှမထူးခြားပေ။

"ဒီပရိုဂရမ်က ဖြုတ်ချတဲ့စနစ်ကို အသုံးပြုမှာ။ မစ္စရှီရဲ့ လက်ရှိအခြေအနေအရ၊ သူမ ပြုတ်ဖြစ်နိုင်ချေ အရမ်းများ...."

"မင်း အခု အရမ်းအားနေတာလား" ချူးကျင်းချန်းက အတွင်းရေးမှူးကို စကားဖြတ်ပြောသည်။ "ဒါဆို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေကို စာရွက်စာတမ်းတွေအဖြစ် စုစည်းပြီး မနက်ဖြန်မနက်မတိုင်ခင် ငါ့အီးမေးလ်ကို ပို့လိုက်။"
အတွင်းရေးမှူး ဆွံအသွားသည်။

'ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ။'

တတိယမြောက်သခင်​လေးက မစ္စရှီကို ကြိုက်ပုံမပေါ်​ပေ။

ငါ သူ့ကို အထင်လွဲသွားတာလား?

"သတိအချစ်ရှိသည်" ကို မြို့A တွင်ရှိသော ဗီလာတစ်ခုတွင် ရိုက်ကူးမည်ဖြစ်သည်။

ရိုက်ကူး​ရေးမစခင် တစ်ရက်အလိုမှာ ဂျီဝမ်ဖုန်းက ရှီရန်ကို သူ့ရုံးခန်းခေါ်​တွေ့သည်။

သူမ ဝင်လိုက်သည်နှင့် ရုံးခန်းထဲတွင် ဂျီဝမ်ဖုန်းအပြင် လူ၃ယောက် ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။

"ဒါတွေက မင်းအတွက် ငါရွေးပေးခဲ့တဲ့ လက်ထောက်တွေပဲ။ မင်းကြိုက်တဲ့သူကို ရွေး​လေ။"

ရှီရန်၏အကြည့်များက သူတို့ သုံးယောက်အ​ပေါ်ကို ဖြတ်သွားကာ စိတ်လှုပ်ရှားနေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

"အဲဒါက...နင်ပဲ!" အရုပ်မျက်နှာနဲ့ကောင်မလေးသည် စိတ်လှုပ်ရှားမှုဖြင့် နီမြန်းသွားသည်။

ရှီရန်ကလည်း သူမကို မှတ်မိသည်။

သူမသည် လု​​ဖေးဖေး၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော မိန်းကလေးဖြစ်သည်။

နောက်ဆုံးတွင် က​လေးမျက်နှာနှင့် မိန်းကလေးက သူမ၏လက်ထောက်အဖြစ် ရွေးချယ်ခံရပြီး သူမကိုယ်သူမ မိတ်ဆက်ခဲ့သည်။

-ဖန်တုံတုံ

"ညီမက... အစ်မရန်ရဲ့ လက်ထောက် တကယ်ဖြစ်လာပြီလား?" ဖန်တုံတုံသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမသည် ပြောစရာစကားပျောက်​နေသည်။

"မင်းမှတ်ထားသင့်တဲ့အရာရဲ့စာရင်းနဲ့ မင်းရဲ့လုပ်မယ့်အလုပ်ပရောဂျက်တွေကို ငါ မင်းကိုပို့ထားပြီးပြီ" လို့ ဂျီဝမ်ဖုန်းကပြောသည်။

ဂျီဝမ်ဖုန်းသည် အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင် လေးနက်ပြီး စီးပွားရေးသမား ဆန်​သောသဘောထားကို အမြဲပြသသည်။

“မနက်ဖြန်မတိုင်ခင် မြို့A ကို ရောက်ဖို့ လိုတာကြောင့် ဒီည ငါတို့ ထွက်ခွာရမယ်။ မင်းလည်းလိုက်လာရမယ်။"

ဖန်တုံတုံက နာခံစွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ အစ်ကိုဖုန်း"

ထို​နေ့ညတွင် သူတို့ သုံးယောက်သား မြို့ A မှာရှိသောဟိုတယ်ကို ရောက်သွားသည်။

ရိုက်ကူးရေးအဖွဲ့သားက နောက်နေ့မနက် ဆယ်နာရီမှာ စတင်မယ်လို့  တံခါးလာခေါက်ကာ ပြောသည်။

ဖန်တုံတုံက မှတ်လိုက်သည်။

ဝန်ထမ်းက ထွက်သွားပြီး ရှီဝမ်ဖေး၏အခန်းကို ထပ်ခေါက်သည်။

'ခိုင်းတဲ့အတိုင်း လုပ်ပြီးပါပြီ'

မန်နေဂျာက ကျေနပ်စွာ ပြုံးလိုက်သည်။ "ငွေက နောက်မှ နင့်အကောင့်ထဲ ရောက်လာလိမ့်မယ်။"

သူမအခန်းထဲကို ပြန်ဝင်လာ​သောအခါ ရှီဝန်ဖေးက ရေချိုးခန်းထဲက ထွက်လာသည်။

"ရှီရန်ကို အကြောင်းကြားပြီးသွားပြီ။"

ရှီဝန်ဖေးက မှန်တင်ခုံရှေ့မှာထိုင်ကာ ပြုံးပြသည်။ "ရုပ်ရှင်ရိုက်ကူးတဲ့ပထမဆုံးနေ့မှာ နောက်ကျတယ်။ ဟားဟား။ ဒီသတင်းကို သတိ​ပေးစာမှာ ပုံနှိပ်ပြီး ဖြန့်ဝေဖို့ မမေ့နဲ့။"

"စိတ်မပူပါနဲ့။" အေးဂျင့်က 'ကောင်းပြီ' အမူအရာလုပ်ပြသည်။

နောက်တစ်နေ့ နံနက် ၈း၃၀ နာရီတွင် သတိအချစ်ရှိသည်၏ရိုက်ကွင်း၌

ပရိုဂရမ်အဖွဲ့သည် ၎င်းတို့၏ကင်မရာများကို တပ်ဆင်ထားပြီး စတင်ရိုက်ကူးနေပြီဖြစ်သည်။

အဖြူရောင်ကားတစ်စီး ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။