"မင်းရဲ့ ဒရာမာ ရိုက်ကူးရေးပြီးဆုံးသွားတဲ့ အတွက်ဂုဏ်ပြုလက်ဆောင်" ချူးကျင်းချန်း သည် ပန်းစည်းကို ရှီရန်၏လက်ထဲသို့ ထည့်လိုက်သည်။
သူ၏လှုပ်ရှားမှုများသည် သဘာဝကျပြီး ရှက်နေခြင်းမရှိပေ။
ရှီရန်က ယူလိုက်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
သူမသည် ယခုဘဝတွင် ဂရုတစိုက်နေရသဖြင့် ယနေ့ ပန်းစည်းသုံးစည်းကို ရရှိခြင်းက သူမ၏နှလုံးသားကို များစွာနွေးထွေးစေသည်။
သူမ၏ယခင်ဘဝအင်ပါယာ၏မဟာမိတ်တွင် သူမ၏ပထမဆုံးရုပ်ရှင်ရိုက်ကူးမှုအပြီးတွင်(စာကြွင်း_ အရင်ဘဝမှာ တိုက်ခိုက်ရေးကျွမ်းကျင်သူဖြစ်သလို မင်းသမီးလည်းလုပ်ခဲ့ပါသေးတယ်) ထိုကောင်စုတ်လေးများသည် အခန်းတစ်ခုလုံးကို ပန်းများဖြင့်ပြည့်နှက်စေသည်။ ထို့နောက် သူမသည် သူတို့အား လေ့ကျင့်ရေးစခန်းသို့ သုံးရက်သုံးညကြာ ဆွဲခေါ်သွားခဲ့သေးသည်။
သူမ မှတ်မိနေသေးသည်။
ရှီရန်က ထိုင်ခုံကို ပြန်မှီလိုက်ကာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
သေစမ်း။ သူတို့ဘယ်လိုလုပ်နေကြလဲဆိုတာကိုတွေးရင်းနဲ့ အဲဒီကောင်တွေ(တိုက်ခိုက်ရေးလက်အောက်ခံတွေ)ကို လွမ်းလိုက်တာ
ချူးကျင်းချန်းသည် ရှီရန်၏ဘေးမျက်နှာကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင် သူမသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
"ဘာစားချင်လဲ?" ချူးကျင်းချန်း ထိုင်းမှိုင်းနေသောလေထုကို ချိုးဖျက်လိုက်သည်။
"ကျွန်တော် ဒကာခံပါမယ်။ ဘာစားချင်လဲ"
"ဟင်?" ချူးကျင်းချန်းက သူ့မျက်လုံးထောင့်ကို ပင့်လိုက်ပြီး နက်မှောင်သောမျက်လုံးနဲ့ သူမကို စိုက်ကြည့်နေသည်။
"ပြီးခဲ့တဲ့အချိန်က ရှင် ကျွန်မကို စာချုပ်ဖျက်သိမ်းတာကူညီပေးဖို့ ရှေ့နေငှားပေးခဲ့တယ်လေ။ ဒါကြောင့် ရှင့်ကို ညစာကျွေးဖို့ ကျွန်မတို့ သဘောတူခဲ့တယ်လေ"
ချူးကျင်းချန်း ရယ်မောလိုက်သည်။ "ဒီတစ်နပ်က ကျွန်တော်ရှင်းပါမယ်။ မင်း နောက်တစ်ခါထပ်ဝယ်ကျွေးလို့ရပါတယ်"
ရှီရန်က မျက်မှောင်ကြုတ်လိုက်သော်လည်း မငြင်းပေ။
သူတို့က အနောက်တိုင်းစားသောက်ဆိုင်ကို ရောက်သွားသည်။
ညစာထမင်းစားပြီး ဆိုင်ကထွက်လာချိန်၌ ညကိုးနာရီဖြစ်သွားပြီဖြစ်သည်။
ရှီရန် ကားထဲကို ရောက်သည်နဲ့ ကျူးယို့ဟန်ဆီက ဖုန်းဝင်လာသည်။
"ရှီရန်၊ လောင်ဖန်းက Jade Hunter ထဲဝင်သွားတာကို ကျွန်တော် အခုပဲမြင်လိုက်ရတယ်။ သေချာစဉ်းစားပြီးမှ မင်းကို ပြောသင့်တယ်ထင်လို့"
သူမ၏အမူအရာမှာ မည်းမှောင်သွားပြီး သူမ၏မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။
သူမ ကားထဲမှ ဆင်းတော့မည့်အချိန်တွင်သူမလက်ကောက်ဝတ်ကို နွေးထွေးသောလက်ဖဝါးတစ်ခုက ဆုပ်ကိုင်လာသည်။
"ကျွန်တော် လိုက်ပို့ပေးပါမယ်။" ချူးကျင်းချန်း၏အသံသည် တည်ငြိမ်သောစွမ်းအားရှိပုံရသည်။
ရှီရန် ခေါင်းညိတ်လိုက်သည်။
ဖုန်းချပြီးနောက်တွင် သူမသည် ဖုန်းကိုဖွင့်လိုက်ပြီး သူမ၏လက်ချောင်းများသည် ဖန်သားပြင်ပေါ်တွင် ဖြတ်သန်းသွားသည်။
မကြာမီ မျက်နှာပြင်ပေါ်တွင် အနီစက်တစ်ခု ပေါ်လာသည်။ ၎င်းသည်Jade Hunter နိုက်ကလပ်ဖြစ်သည်။
ချူးကျင်းချန်း သည် ဤမြင်ကွင်းကိုမြင်ပြီး တိတ်တဆိတ်ပြုံးလိုက်သည်။
သူတို့ နှစ်ယောက်သည် Jade Hunterဆီ ရောက်သွားသောအခါ ကျူးယို့ဟန်နှင့်ဂျီဝမ်ဖုန်းတို့သည် ထိုနေရာတွင် စောင့်နေကြသည်။
"မင်းတို့နှစ်ယောက်က ဘာလို့အတူရှိနေကြတာလဲ" ကျူးယို့ဟန်က ထိတ်လန့်သွားသည်။
ချီး
ဒါဆို ကျင်းချန်းက ရှီရန်ကိုရှာဖို့သွားခဲ့တာလား?
ထိုအခိုက်အတန့်တွင် ကျူးယို့ဟန်သည် ဝန်ယုဖေးကို ဦးစွာပြန်ပို့ရန် တစ်စုံတစ်ဦးကို ခိုင်းခဲ့သည့်အတွက် ဝမ်းသာမိသွားသည်။
ရှီရန်သည် ဓာတ်လှေကားဆီသို့ လျင်မြန်စွာ လျှောက်သွားကာ VIP အလွှာဆီသို့ ဦးတည်သွားသည်။
ရှီရန်မှာ အစီအစဉ်ရှိနေသည်ကိုမြင်ရသဖြင့် ကျူးယို့ဟန်နဲ့ဂျီဝမ်ဖုန်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း နည်းနည်းထူးဆန်းသွားသလို ခံစားလိုက်ရသည်။
ရှီရန်သည် VIP အခန်း၆၏တံခါးကိုတွန်းဖွင့်လိုက်သည်။
သီးသန့်အခန်းသည် အလွန်အသက်ဝင်နေပြီး ဖန်ခွက်အချင်းချင်းတိုက်သံများကို အဆက်မပြတ်ကြားနေရသည်။
ထိုအချိန်တွင် ကျူးလီသည် ဆိုဖာပေါ်တွင် အပေါ်ပိုင်းဗလာဖြင့် လဲလျောင်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ဒဏ်ရာဟောင်းနှင့် အသစ်များ ဖုံးလွှမ်းထားသည်။ ၎င်းသည် ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်သည်။
သူ့ရှေ့မှာ ဝဖြိုးနေသောလူတစ်ယောက် သူ့အဝတ်ကို ချွတ်လိုက်သည်။ သူ့ဗိုက်သားက တဆတ်ဆတ်တုန်နေသည်။
သူက ကျူးလီရှေ့မှာ ရပ်လိုက်ပြီး
သူ၏ရွံရှာဖွယ်ကောင်းသောအရာကို ကျူးလီ၏မျက်နှာတွင် ထိုးထည့်လိုက်သည်။
ကျူးလီ၏မျက်လုံးများသည် ဗလာဖြစ်နေသော်လည်း သူ၏လှပသောမျက်နှာသည် လူတို့၏လိုအင်ဆန္ဒကို အမြဲနှိုးဆွပေးနိုင်ပြီး ပိုမိုဆိုးရွားလာသည်။
"ဘယ်လိုတောင် လူတွေနဲ့ပြည့်နက်နေရတာလဲ"
သူမ၏အသံသည် ဒီဇင်ဘာလ၏ အအေးဆုံးဆောင်းရာသီကဲ့သို့ဖြစ်ပြီး ထိုအခန်းရှိ မူလလေထုကို ချက်ချင်းအေးခဲသွားစေသည်။
ထိုအချိန်တွင် လောင်ဖန်းသည် သူ၏လက်တစ်ဖက်စီတွင် အလှလေးကို ပွေ့ဖက်ထားသည်။ ရှီရန် ပေါ်လာသည်ကို သူမြင်လိုက်သောအခါ ပြန်ပြီး ပျောက်ကင်းသွားသောဒဏ်ရာက ထပ်နာကျင်လာကာ မသိစိတ်က တုန်လှုပ်သွားသည်။
ထို့နောက် ဝဖြိုးသောလူသည် နောက်ပြန်လှည့်ကြည့်ကာ သူ့ဗိုက်အဆီများက တဆတ်ဆတ်တုန်နေသည်။
ရှီရန်ကို မြင်လိုက်သောအခါတွင် ကျဉ်းမြောင်းသောသူ့မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ သူသည် လောင်ဖန်းအား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ "သခင်လေးလောင်၊ ဒီအမျိုးသမီးကိုကော ကျွန်တော် သုံးလို့ရမလား"
"ရတယ်" လောင်ဖန်းက အဆင်သင့်သဘောတူသည်။
သူက ရှီရန်ကို မောက်မာစွာ ကြည့်နေသည်။
ယခုတစ်ကြိမ်တွင် သူနှင့်အတူ အထူးကိုယ်ရံတော်ဆယ်ဦးကျော်ကို ခေါ်ဆောင်လာခဲ့သည်။ သူသည် ရှီရန်၏ရည်းစားဟောင်းအပေါ်တွင် သူ့ဒေါသကို ဖြေဖျောက်ရန် မူလက ရည်ရွယ်ခဲ့သည်။
၎င်းအစား ရှီရန်က သူ့တံခါးကိုလာခေါက်ရန် သူ မမျှော်လင့်ထားပေ။
"ရှီရန်၊ ခွေးကောင်မ မင်းငါ့ကိုလာရှာရလောက်တဲ့အထိ သတ္တိရှိနေတာပေါ့။ ဒီနေ့ မင်းကို ဒုက္ခရောက်အောင်ငါလုပ်ပြမယ်... သေ"
လောင်ဖန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
နောက်ဆုံးစကားလုံး "သေ" သည် သူ့နှုတ်ခမ်းတွင် ပျံဝဲနေသော်လည်း သူကိုယ်တိုင် ပြောရန် မတတ်နိုင်ပေ။
ထို့နောက် သူသည် ရှီရန်အနောက်ကို လှမ်းကြည့်လိုက်ရာ တံခါးဘောင်ဘက်သို့ ပျင်းရိစွာ မတ်တတ်ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
တတိယသခင်လေး???
'သူ ဒီမှာ ဘာလုပ်နေတာလဲ'
ချူးကျင်းချန်းသည် ရှီရန်ကို စကားမပြော (သို့မဟုတ်) ခုခံပြောဆိုခြင်းမရှိပေ။
ထိုနေရာတွင် သူ ရပ်နေရုံဖြင့် လောင်ဖန်းသည် လေလျှော့သွားသောဘောလုံးကဲ့သို့ ခံစားရသည်။
ရှီရန်သည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာသည်။
လူဝကြီးသည် ရှီရန် လျှောက်လာသည်ကိုမြင်သောအခါ ရာဂစိတ်မြင့်တက်လာသည်။ သူ့လက်နှစ်ဖက်ကိုဖွင့်ပြီး ရှီရန်ဘက်သို့ ခုန်အုပ်လိုက်သည်။
ရှီရန်၏အကြည့် စူးရှလာကာ သူမသည် သူ့ကို ကန်ကျောက်လိုက်သည်။
ထိုနည်းဖြင့် ပေါင်သုံးရာရှိသောလူဝကြီးကို ဆိုဖာဆီသို့ လေထဲလွှင့်သွားစေသည်။
မူလကဆိုဖာပေါ်တွင် ထိုင်နေသော လူသည် ချက်ချင်းပင် ထိတ်လန့်ကာ ရှောင်ထွက်သွားသည်။
ဘုန်း
ဆိုဖာ အပိုင်းပိုင်း ကွဲသွားသည်။
ရှီရန်က ကျူးလီဆီကို လှမ်းသွားပြီး ဆွဲထူလိုက်သည်။
ကျူးလီ၏မျက်လုံးသည် အာရုံပြန်စိုက်လာသည်။
သူ့မျက်လုံးများသည် ဖန်ကဲ့သို့ ကြည်လင်နေပြီး ရှီရန်၏မျက်နှာကို ရောင်ပြန်ဟပ်နေသည်။
ထိုအချိန်တွင် သူ့မျက်လုံးများ တောက်ပလာသည်။
သို့သော် ၎င်းသည် အလျင်အမြန်ပျောက်ကွယ်သွားပြန်သည်။
"ရှင် ကျွန်မရဲ့ဘဝကို ငရဲလိုဖြစ်အောင်လုပ်မယ်လို့ ပြောမှာမလား? ရှင့်ရဲ့လူတွေကို ဒီကိုပို့လိုက်လေ။ ဘယ်သူအရင်ဆုံးသေမလဲဆိုတာကို ကြည့်ကြသေးတာပေါ့"
ရှီရန်က ကျူးလီကို သူမအနောက်၌ထားကာ စိန်ခေါ်လိုက်သည်။
သူမသည် ကျူးလီ၏လည်ပင်းလောက်သာ အရပ်ရှည်သော်လည်း ယခုအချိန်တွင် သူမကို မည်သူမျှ လျှော့မတွက်ဝံ့ပေ။
ပေါင်သုံးရာရှိတဲ့အမျိုးသားကို ကန်ချက်တစ်ချက်နဲ့ ပျံသန်းအောင်လုပ်နိုင်တဲ့အမျိုးသမီးကို ဘယ်သူက ရန်စရဲမှာလဲ?
လောင်ဖန်း စကားတစ်ခွန်းမှ မပြောဝံ့ပေ။
တတိယသခင်လေးသည် ရှီရန်နှင့်အတူလာခဲ့သည်မှာ ထင်ရှားသည်။
သို့သော် နောက်ဆုံးတစ်ခေါက်တုံးက တတိယသခင်က ရှီရန်နဲ့မသိကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သည်။ ဘာတွေဖြစ်နေတာလဲ?
"တတိယသခင်လေးက ဘာလို့ဒီကိုရောက်နေတာလဲ။" လောင်ဖန်းက ခခယယပြုံးလိုက်သည်။
အခြားလူများက 'တတိယသခင်လေး' ဟူသော စကားကိုကြားသောအခါ အချင်းချင်းကြည့်လိုက်ကြသည်။
သူတို့၏နယ်ပယ်တွင် 'တတိယသခင်လေး' ဟုခေါ်ဆိုနိုင်သည့်လူတစ်ယောက်သာရှိသည်။
"လမ်းကြုံနေလို့" ဟု ချူးကျင်းချန်း က ပြောသည်။
ထိုနက်မှောင်သောမျက်လုံးများသည် ရှီရန်နှင့်ကျူးလီဆီသို့ ရောက်သွားသည်။
ရှီရန်၏ကာကွယ်ပေးနေသောပုံကို မြင်လိုက်ရသဖြင့် သူ့နှုတ်ခမ်းပေါ်ရှိအပြုံးသည် နက်ရှိုင်းလာသည်။
ကျူးယို့ဟန် ခိုက်ခိုက်တုန်သွားသည်။
'ဒီမှာ ဘာတွေဖြစ်နေတာလဲ'
တတိယသခင်လေးက ဘာလို့ ကြောက်စရာကောင်းအောင်ပြုံးနေရတာလဲ?
"ပြီးခဲ့တဲ့အကြိမ်တုံးက ရှီရန်ကိုမသိဘူးလို့ တတိယသခင်လေး ပြောခဲ့တာမဟုတ်ဘူးလား" လောင်ဖန်းက ဂရုတစိုက် မေးသည်။
"ဟုတ်တယ်" ချူးကျင်းချန်း ခေါင်းညိတ်သည်။
'ဒါဆို သူကဘာလို့ ဒီမှာရှိနေရတာလဲ။'
လောင်ဖန်း ငိုချင်သော်လည်း အသံထွက်မမေးရဲပေ။
တတိယသခင်လေးသည် အရက်စက်ဆုံးလူဖြစ်သည်ကို လူတိုင်းသိကြသည်။ သူ့ကို နှောင့်ယှက်ပါက အကျိုးဆက်ကို အမှန်တကယ်ခံစားရမည်ဖြစ်သည်။
ထိုအချိန်တွင် သူ့အဖေပင်လျှင် တတိယသခင်ငယ်ကို လက်စားချေပေးဖို့ နေနေသာသာ နောက်ထပ်အကြိမ်အနည်းငယ် သူ့သားကိုပင်သခင်လေးက ရိုက်နက်ခြင်းခံခိုင်းမည်ဖြစ်သည်။
လောင်ဖန်းသည် ချူးကျင်းချန်း ကို တစ်ချက် ခိုးကြည့်လိုက်ပြီး သူက ရှီရန်နှင့်ကျူးလီကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့ဦးနှောက်ထဲကလိုင်းက ချက်ချင်း ချိတ်ဆက်မိသွားသည်။
တတိယသခင်လေးသည် နှစ်ကြိမ်တိုင်တိုင်ပေါ်လာပြီး သူက ရှီရန်ကို မသိဟု ပြောသောကြောင့် ဖြစ်နိုင်ချေတစ်ခုသာရှိတော့သည်...
"တတိယသခင်လေး၊ကျူးလီကြောင့် ဒီလိုလုပ်နေတာလား?" ဟု မရဲမဝံ့မေးလိုက်သည်။
ချူးကျင်းချန်းသည် လောင်ဖန်းကို ကြည့်ကာ ငြင်းဆိုခြင်းမရှိပေ။
လောင်ဖန်းက အမှန်တရားကို ရှာဖွေတွေ့ရှိပြီဟု တွေးပြီး အပြုံးနဲ့ အလျင်စလို ရှင်းပြသည်။ "တတိယသခင်လေး၊ ကျူးလီက သခင်လေးရဲ့လူမှန်း ကျွန်တော်မသိခဲ့ဘူး။ ကျူးလီက ရှီရန်ရဲ့ရည်းစားဟောင်းလို့ပဲ ကျွန်တော်အမြဲတွေးနေခဲ့တာ... အား"
သူ စကားမဆုံးခင်မှာ လောင်ဖန်း၏တင်ပါးအကန်ခံရပြီး ရှေ့ကို လဲကျသွားသည်။
ချူးကျင်းချန်း ရှောင်လိုက်သည်။
လောင်ဖန်းသည် တံခါးပေါ် ပြုတ်ကျပြီး သူ့သွားများသည် မာကျောသောကြမ်းပြင်ပေါ်တွင်ခိုက်မိသွားသောအခါ သူ့သွားတစ်ပိုင်း ချက်ချင်း ပြုတ်ကျလာသည်။
"ခွီး.."
ကျူးယို့ဟန်က ထိုမြင်ကွင်းကိုမြင်ပြီး ရယ်မိသွားသည်။
သူသည် လောင်ဖန်းနှင့် အမြဲတမ်းမတည့်သောကြောင့် သူ၏ရယ်မောသံသည် ယခင်ကထက် ပိုရွှင်လန်းနေသည်။
ချူးကျင်းချန်း သည် ရှီရန်ကို ကြည့်လိုက်သည်။ သူက ပြုံးနေသည်မှာသေချာသော်လည်း ၎င်းသည် အပြင်ရှိညလေထက် ပိုအေးသောအအေးဓာတ်ကို ပေးစွမ်းသည်။
"မင်း သူ့ကို ဘာလို့ ကန်လိုက်တာလဲ" ချူးကျင်းချန်း က မေးသည်။
မူလကဒေါသထွက်နေသော လောင်ဖန်းသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ရင်ထဲထိသွားသည်။
တတိယသခင်လေးက ငါ့အတွက် ရပ်တည်ပေးနေတာလား?
ငါ အရမ်းရင်ထဲထိသွားပြီ။