၂၀
Viewers 125

ယခုတစ်ကြိမ်တွင် ရှီဝန်​ဖေးသာမက အခြားသူများလည်း အံ့ြသသွားကြသည်။

"အရင်တုန်းက ဂျီဝမ်ဖုန်းက အနုပညာလုပ်ငန်းကနေ အနားယူခဲ့တာကဟိုး​လေးတစ်​ကျော်ဖြစ်ခဲ့တာ။ ဒီတစ်ခါတော့ သူက လူသစ်တစ်ယောက်ကို တကယ်ပြန်ခေါ်လာခဲ့တာလား? လူသစ်ကရော ဘယ်သူလဲ?"

"ဂျီဝမ်ဖုန်းတစ်ကျော့ပြန်ဝင်လာဖြစ်အောင်လုပ်နိုင်ဖို့ သူမက အရမ်းသရုပ်​ဆောင်ကောင်းတဲ့သူဖြစ်ရမယ်။ သူမဟာ အရင်တုန်းက ရုပ်ရှင်ဘုရင်မဝန်ထက်တောင် ပိုပြီး အရည်အချင်းရှိသူဖြစ်နိုင်တယ်။"

အားလုံးက ဂျီဝမ်ဖုန်းက ရွေးချယ်ခံရ လောက်​အောင်ကံကောင်းသောသူမှာ မည်သူဖြစ်သည်ကို သိချင်နေကြပြီး သူတို့ရပ်နေ​သောနေရာမှာ ရှိနေကြသည်။

ရှီဝန်​ဖေးကလည်း စူးစမ်းလိုစိတ်ကြောင့် မိတ်ကပ်ကို ထပ်လိမ်းရန်ပင်စိတ်မ၀င်စားတော့​ပေ။

"ဒီဘက်ပါ အစ်ကိုဖုန်း"

ဝန်ထမ်းစကားပြောနေစဉ်တွင် နေကာမျက်မှန်တပ်ထားသည့်ဂျီဝမ်ဖုန်းသည် လူတိုင်း၏မြင်ကွင်းတွင် ပေါ်လာသည်။

လူတိုင်း၏အာရုံက သူ့နောက်ကလူကို အာရုံစိုက်နေသည်။ အားလုံးက ကံအ​ကောင်းဆုံးသူက ဘယ်သူဖြစ်သည်ကို သိချင်သည်။

သို့သော် ထိုလူသည် ဂျီဝမ်ဖုန်း၏နောက်တွင် လျှောက်လာသဖြင့် သူ့ပုံသဏ္ဍာန်ကို သေချာမမြင်ရပေ။ အနီရောင်စကတ်နှင့် ဖြူဖွေးတောက်ပြောင်သော အသားအရည်တို့ကိုသာ မြင်နိုင်သည်။

"ဒါရိုက်တာကူးဂျီဝမ်ဖုန်းက သူ့ကို နှုတ်ဆက်သည်။ နှစ်ယောက်သား ခင်မင်ရင်းနှီးစွာ ပွေ့ဖက်ကြသည်။

ထိုအချိန်မှသာ ဂျီနောက်ကွယ်ကလူကို လူတိုင်းမြင်နိုင်ခဲ့သည်။

"ဟင်-"

အားလုံးက ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

ရှီဝန်​ဖေးမျက်နှာ တင်းမာသွားသည်။ မယုံကြည်နိုင်စွာပင် သူမ မျက်လုံးများ ပြူးကျယ်သွားသည်။

ရှီရန်?

ဘာလို့ ရှီရန်ဖြစ်နေရတာလဲ။

သူမသည် ရှီရန်၏မျက်နှာကို မနာလိုမုန်းတီးစိတ်ဖြင့် စိုက်ကြည့်ကာ ထိုမျက်နှာကို ကုတ်ခြစ်ချင်​သောဆန္ဒရှိနေသည်။

"သူမ...သူမအရမ်းလှတာပဲ" တစ်စုံတစ်ယောက်သည် အလွန်အံ့အားသင့်သွားကာ သူမ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ရှက်​သွေးမဖြာဖို့ ခက်ခဲတယ် ဟုတ်တယ်မလား? သူမမှာ ဒီလိုကောက်​ကြောင်းနဲ့အသားအရည်ကလည်း အရမ်းလှတာပဲ!"

"ဘုရားရေ အရမ်းလှတာပဲ။ သူမက အရမ်းလှလွန်းတယ်။"

"သူငယ်ချင်း၊ နင့်ရဲ့တံတွေးကိုသတိထားဦး။"

ဂျီဝမ်ဖုန်းသည် ဒါရိုက်တာကူးနှင့် အနည်းငယ် နှုတ်ဆက်ပြီး ရှီရန်ကို သူ့အနားသို့ ခေါ်ဆောင်လိုက်သည်။ "ဒါက ကျွန်​တော်ရဲ့အနုပညာရှင်ပဲ။ ဘယ်လိုလဲ၊ ကျွန်​တော် ဒါရိုက်တာကိုစိတ်မပျက်စေဘူးမလား။"

ဒါရိုက်တာကူးသည် အံ့သြမှုကို သူ့မျက်လုံးများတွင် ဖုံးကွယ်မထားဘဲ ရှီရန်ကို အပေါ်နှင့်အောက် အ​သေးစိတ်ကြည့်လိုက်သည်။

"နှောင်ဖွဲ့နန်းတော်ထဲက တခြားဇာတ်ကောင်တွေကို အအကြမ်းဖျင်း သတ်မှတ်ထားပြီးပြီ။ အနောက်တိုင်းဒေသ မင်းသမီးရဲ့ အခန်းကဏ္ဍကို ငါ့စိတ်ထဲမှာ ယေဘူယျပုံစံမရှိလို့ ချီတုံချတုံဖြစ်နေခဲ့တာ။

"ဒါပေမယ့် အခု မင်းရဲ့ အနုပညာရှင်ကို ငါမြင်လိုက်ရတော့ အနောက်တိုင်းဒေသရဲ့ မင်းသမီးရဲ့ ပုံရိပ်က ချက်ချင်း ပြတ်သားသွားပြီ။ ဟုတ်တယ်၊ အံ့သြစရာပဲ"

ဒါရိုက်တာကူး၏ချီးကျူးစကားသံပြည့်နက်​နေသည်။

ဒါရိုက်တာကူးကျေနပ်နေသည်ကို မည်သူမဆို မြင်နိုင်သည်။

"မင်းရဲ့အနုပညာရှင်နာမည်ကဘာလဲ" ဒါရိုက်တာကူးက နောက်ကျမှ မေးသည်။

"ရှီရန်"

ရှီရန်?!!!

လူတိုင်း တုန်လှုပ်သွားကြသည်။

ထိုနာမည်က သူတို့နဲ့ ရင်းနှီးနေသည်။

ထိုအချိန်တွင် အင်တာနက်ပေါ်တွင် ရိုက်ကူးထားသည့်အဖြစ်အပျက်သည် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ အ​ပေါ်ယံညီအစ်မများဖြစ်ကြ​သောရှီရန်နဲ့ရှီဝန်​ဖေးအကြောင်းကို လူတိုင်းသိကြသည်။

သို့​သော် ရှီဝန်​ဖေးက ပိုနာမည်ကြီး​သောကြောင့် လူတိုင်းက သူမကို ပိုအာရုံစိုက်ခဲ့ကြသည်။

ထို့​ကြောင့် ရှီရန်နဲ့ပတ်သတ်ပြီး သတင်းများများစားစားမရှိ​ပေ။

မထင်မှတ်ထားဘဲ တစ်လခွဲကြာပြီးနောက် ရှီရန်သည် ဂျီဝမ်ဖုန်း၏အနုပညာရှင်တစ်ဦးအဖြစ် ပြန်လည်ပေါ်ထွက်လာသည်။

"မမကို Tianxin နဲ့ စာချုပ်ချုပ်ပြီးဆုံးကတည်းက မတွေ့ရ​သေးဘူး။ မမ စတားမြို့​တော်ဖျော်​ဖြေ​ရေးကိုရောက်သွားဖို့ ညီမ မမျှော်လင့်ထားဘူး။ မမအတွက် ညီမအရမ်းပျော်တယ်။"

ရှီဝန်​ဖေးသည် သူမ၏ဇာတ်​ကောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ဤဇာတ်ကားတွင် သူမအခန်းကဏ္ဍက ကြင်နာပြီး အပြစ်ကင်းစင်သောမိန်းမပျိုတစ်ယောက်ဖြစ်သည်။ ယခု သူမ ပြုံးလိုက်​သည်​နှင့်​ ပို၍ပင်​ အပြစ်​ကင်းစင်​၍လှပသည်​။

ဆန့်ကျင်ဘက်အနေနှင့် ရှီရန်သည် ရှီဝန်​ဖေးကို မျက်နှာ​သေဖြင့်ကြည့်နေသည်။ မျက်နှာအမူအရာ တစ်ခုမျှ​တောင်မ​ပေါ်လာ​ပေ။

သို့သော် ထိုမြင်ကွင်းသည် အခြားသူများ၏အမြင်တွင် အလွယ်တကူ နားလည်မှုလွဲစေသည်။

"ဝန်​ဖေးက အရမ်းဖော်ရွေပြီးသား။ ရှီရန်ရဲ့မျက်နှာကို ကြည့်လိုက်စမ်း။ သူမက ဘယ်သူလဲဆိုတာ ပြနေတာလား။"

"အင်တာနက်ပေါ်က ခွဲခြမ်းစိတ်ဖြာတဲ့ပို့စ်က မှန်နေပုံရတယ်။ ဝန်​ဖေးက လုပ်ကြံခံရတာ။"

“အဲဒါက တွေးကြည့်ရင် သိသာပါတယ်။ သမီးအရင်းတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူမရဲ့ ချမ်းသာတဲ့ဘဝနဲ့ အချစ်​ကို လုယူသွား​တယ်​။ ဝန်​ဖေးကို သူမ ပစ်မှတ်မထားရင် ထူးဆန်းနေလိမ့်မယ်။ ပြီး​တော့ ဝန်​ဖေးက အရမ်းအပြစ်ကင်းစင်တယ်။"

ထိုစကားများသည် ရှီဝန်​ဖေး၏နားထဲသို့ ဝင်လာပြီး သူမကို ပို၍ပင် အပူအပင်ကင်းမဲ့စေသည်။

သို့သော် ရှီရန်အနားတွင် ဂျီဝမ်ဖုန်းကိုတွေ့လိုက်ရသောအခါတွင် သူမသည် မနာလိုဖြစ်၍ စိတ်လွှတ်ထွက်သွားတော့မည်ဖြစ်သည်။

ဂျီဝမ်ဖုန်းရဲ့အာရုံကို တကယ်ဖမ်းစားနိုင်ဖို့ ရှီရန်ကဘယ်လောက်​တောင်ကံကောင်းနေရတာလဲ။

"ကောင်စုတ်​လေး၊ မင်း လုံးဝ နုတ်ထွက်သွားပြီလားလို့ ငါ စိတ်ပူနေခဲ့ရတာ။ ကံကောင်းထောက်မစွာနဲ့ မင်းပြန်လာပြီး ငါ့ကို အံ့သြစရာလက်​ဆောင်တစ်ခုတောင် ယူလာပေးတယ်"
ဒါရိုက်တာကူးက ဂျီဝမ်ဖုန်းရင်ဘတ်ကို လက်နဲ့ထိုးသည်။

ဂျီဝမ်ဖုန်းက ပြန်ပြုံးပြသည်။

ရှီဝန်​ဖေးသည် ဂျီဝမ်ဖုန်းကိုကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

ရှီရန်ကို နွေးထွေးစွာ ပြုံးပြသည်။ "မမ၊ အေးဂျင့်ဂျီနဲ့အလုပ်တွဲလုပ်နိုင်လို့ တကယ်ကို ဝမ်းသာပါတယ်။ မမစာချုပ်က ရပ်စဲလိုက်တာနဲ့ အနုပညာလုပ်ငန်းက ထွက်သွားတော့မယ်လို့ ညီမတကယ်ထင်ခဲ့တာ။"

"ဟုတ်တယ်။ ဖေးဖေးက မင်း စာချုပ်ကို ဖျက်သိမ်းချင်မှန်း သိပြီး ရပ်စဲကြေးကို မင်း မပေးနိုင်မှာကို ကြောက်နေတာ။ သူမ စုဆောင်းထားတဲ့ ပိုက်ဆံထဲကတောင် ပေးချင်ခဲ့တာ။ ကံကောင်းစွာပဲ အဆုံးမှာ ရပ်စဲကြေးက ယွမ်တစ်ယွမ်သာ ကုန်ကျခဲ့တယ်” ဟု ရှီဝန်​ဖေး၏မန်နေဂျာက ထပ်ပြောကြားသည်။

"တစ်ယွမ်?" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ပြောမိသွားသည်။

"အဲဒီတုန်းကလည်း ကျွန်မလည်း အရမ်းအံ့သြသွားတယ်။ နောက်ပိုင်းမှာ KT အဖွဲ့ကပါလာတဲ့ ရှေ့နေကြောင့်လို့ ကြားလိုက်ရတယ်။ စီအီးအိုကျုံးကလည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့် သဘောတူလိုက်တယ်။" မန်နေဂျာက အမှန်အတိုင်းပြောသည်။

"KT အဖွဲ့? KT အဖွဲ့ရှေ့နေတွေက KT အတွက်သီးသန့်မဟုတ်ဘူးလား။ ရှီရန်ကKT အဖွဲ့ရှေ့နေကို ဘယ်လိုသိတာလဲ။"

"ဟာကွက်တစ်ခုကို နင် သတိမထားမိဘူးလား။ ဂျီဝမ်ဖုန်းက ရှီရန်ရဲ့ ညံ့ဖျင်းတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့နာမည်ဆိုးကိုသိတာ​တောင် ဘာ​ကြောင့်အ​ရေး​ပေး​ရတာလဲ။"

"ဂျီဝမ်ဖုန်းက KT အဖွဲ့ ရဲ့ ဝန်ထမ်းဖြစ်ခဲ့ဖူးတာကို ငါ မှတ်မိတယ်။ နောက်တော့ တတိယမြောက်သခင်လေးက သူ့ကို ရုပ်ရှင်ဘုရင်မဝန်ရဲ့ မန်နေဂျာအဖြစ် လွှဲပေးလိုက်တယ်။ တတိယမြောက်သခင်လေးက ဒီတစ်ကြိမ်လည်း သူ့ကို ဖိတ်​ခေါ်ခဲ့တာ ဖြစ်နိုင်မလား"

"နင် ရူးနေတာလား။ ရှီရန်ရဲ့နောက်ကွယ်က သကြားဖေဖေက တတိယမြောက်သခင်လေးလို့ ပြောနေတာလား။ ရှီရန်က ရုပ်ရှင်ဘုရင်မဝန်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ ရှီရန်အတွက်နဲ့ ဒီလောက်လှပပြီး ထူးချွန်တဲ့စေ့စပ်ထားသူကို သူ ဘာလို့ စွန့်လွှတ်ရမှာလဲ"

"နင်ပြောတာ မှန်တယ်။ ဒါနဲ့ KT အဖွဲ့ရဲ့ရှေ့နေက ဘာလို့လဲ"

"ဘယ်သူသိမှာလဲ၊ သူမဟာ KT ရဲ့ ထိပ်တန်းအဆင့်ကတစ်ယောက်နဲ့ ငြိနေတာ ဖြစ်နိုင်တာပဲ။ ကျုံးယူဖန်က တကယ့်ကို ဖောက်ပြန်​နေတဲ့မိန်းမရဲ့ယောက်ျားပဲ"

အနီးနားရှိလူများ အချင်းချင်း ဆွေးနွေးကြပြီး ထိုစကားများသည် ပါဝင်ပတ်သက်သူများ၏ နားထဲသို့ ရောက်သွားကြသည်။

ရှီရန်က တုံ့ပြန်မှု မရှိပေ။

အတင်းအဖျင်းပြောခြင်းသည် သူမကို အနှောက်အယှက်မဖြစ်စေပေ။

သို့သော်လည်း ဂျီဝမ်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ရှီဝန်​ဖေး၏မန်နေဂျာကို သူကြည့်လိုက်သည်။ "မင်းက ကျွန်​​တော်တို့မှာ ရှူးဂါးဒယ်ဒီရှိနေတယ်လို့ ပြောချင်ရင် ကွယ်ဝိုက်ပြီး ပြောနေစရာမလိုပါဘူး။ တိုက်ရိုက်သာ​ပြောချလိုက်ပါ"

မန်နေဂျာက ဂျီဝမ်ဖုန်းသည် ထိုအကြောင်းအရာကို ထောက်ပြရန် မမျှော်လင့်ထားသဖြင့် ချက်ချင်းပင် ရှက်ရွံ့သွားသည်။

"Tianxin က ရှီရန်ကို ဘယ်လို ဆက်ဆံခဲ့တာလဲ ဆိုတာ မင်းမသိဘူးလား? သူမကို ဒီလို ပျက်စီးသွားတာကို ငါ သည်းခံကြည့်​မနေနိုင်ဘူး။ ဒါကြောင့် စီအီးအိုကျူးကို ကျွန်​တော် တောင်းဆိုခဲ့တယ်။ မင်းမှာ ဒါနဲ့ပတ်သက်ပြီး ဘာ ပြဿနာရှိ​လို့လား?"

ဂျီဝမ်ဖုန်း စကားက အတော်ကို ရှင်းလင်းသည်။ ရှီရန် သည် KT အဖွဲ့မှ ရှေ့နေတစ်ဦးကို အဘယ်ကြောင့် ငှားရမ်းနိုင်ရသလဲဆို​သောမေးခွန်းကို အခြားလူအား တိုက်ရိုက်ဖြေခဲ့သည်။

နောက်ဆုံးတွင် စတားမြို့​တော်ဖျော်​ဖြေ​ရေး စီအီးအိုကျူး နဲ့ တတိယမြောက်သခင်လေးတို့သည် သူငယ်ချင်းများဖြစ်ကြပြီး အမြဲတမ်း အရမ်းရင်းနှီးသည်ကို လူတိုင်းသိသည်။

"အဟမ်း" ဒါရိုက်တာကူး အကြိမ်အနည်းငယ်လောက်ချောင်းဆိုးသည်။ "ကောင်းပြီ၊ နောက်ရိုက်ကွက်တစ်ခုက စတော့မယ်။ အဆင်သင့်ပြင်ကြ​တော့။"

လူစုကွဲသွားပြီးနောက် ဒါရိုက်တာကူးသည် ဂျီဝမ်ဖုန်းကိုကြည့်ကာ စ​နောက်​လိုက်သည်။ "မင်းရဲ့ ပင်ကိုယ်စရိုက်က မပြောင်းလဲသေးဘူးပဲ။ အဲဒီတုန်းက မင်းရဲ့ ပင်ကိုယ်စရိုက်ကြောင့် မင်း တော်တော်ဒုက္ခရောက်ခဲ့ရတယ်လေ။ မင်း မေ့သွားပြီလား?"

"ငါ မထိန်းနိုင်ဘူး။ ဒါက ငါ့အကျင့်ဟောင်းတစ်ခုပဲ" လို့ ဂျီဝမ်ဖုန်းက သူ့လက်ကိုမြှောက်ပြီး ပြောလိုက်သည်။

"မင်းရဲ့ အနုပညာရှင်​​က မင်းကို ကြောက်​​သွားမှာမစိုးရိမ်ဘူးလား" ကူး ရယ်ကာ​ပြောသည်။

"နိုး" ဂျီဝမ်ဖုန်းက လုံးဝသေချာစွာ​ပြောသည်။

'လက်ဗလာနဲ့ ယောက်ျားတစ်ယောက်ရဲ့ ခြေလက်တွေကို ချိုးဖျက်နိုင်တဲ့သူမက ငါ့ကိုလွယ်လွယ်နဲ့ကြောက်မှာမို့လို့လား။'

'ရီစရာပဲ'

ထို့နောက် ဂျီဝမ်ဖုန်းက ရှီရန်ကို ရိုက်ကွင်းကြည့်ရန် ခေါ်သွားသည်။

“သရုပ်ဆောင်တာက အများအားဖြင့် ကောင်းတယ်။ အပြစ်ကင်းသလို ကြင်နာသလိုဟန်​ဆောင်တဲ့အပိုင်း​တော့ နည်းနည်းလုပ်ယူထားသလိုဖြစ်​နေတယ်။" Ji Wenfeng ဂျီဝမ်ဖုန်းကရယ်ပြီး လှောင်ပြောင်ပြောဆိုသည်။

ရှီရန်က သူ့ကိုကြည့်ကာ ပြန်ပြုံးပြသည်။
...

နောက်တစ်နေ့မနက်တွင် ဂျီဝမ်ဖုန်းက ရှီရန်ကို ရိုက်ကွင်းသို့လိုက်ပို့ပေးသည်။

သူမဇာတ်ဝင်ခန်းက သိပ်မများသောကြောင့် ထိုနေ့တွင် ရိုက်ကူး​ရေးအမြန်ပြီးသွားနိုင်သည်။

အကပါ​သောရိုက်ကွက်တစ်ခုရှိသောကြောင့် ရှီရန်ရောက်ရှိလာပြီးနောက် အကသင်ရန် အကဆရာမနောက်သို့ လိုက်သွားသည်။

နေ့ခင်းဘက်တွင် ရှီရန်ရဲ့ ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်နေကြပြီး ရိုက်ကူး​မည့်နေရာကို ပြင်ဆင်ပြီးပြီဖြစ်သည်။

ဒါရိုက်တာကူးသည် သစ်သားခုံပေါ်တွင် ထိုင်နေပြီး သူ၏အမူအရာက လေးနက်​နေသည်။

အရင်တုန်းက ဂျီဝမ်ဖုန်းက သူ့ကို ဘယ်အနုပညာရှင်ဆိုသည်ကို မပြောခဲ့ဖူးပေ။ သူမသည် အနောက်တိုင်းဒေသမင်းသမီး၏အခန်းကဏ္ဍနှင့် လိုက်ဖက်သည်ဟုသာ ပြောခဲ့သည်။ ယုံကြည်မှုဖြင့် မစဥ်းစားဘဲ ရှီရန်ကို  ဇာတ်ကောင်ပေးလိုက်သည်။

သို့သော် မနေ့ညက ရှီရန်၏ယခင်ကသရုပ်ဆောင်ဗီဒီယိုများကို သူ စစ်ဆေးကြည့်သောအခါ သူမ၏သရုပ်ဆောင်စွမ်းရည်သည် တကယ်ကို ဆိုးရွားကြောင်း သူသဘောပေါက်လိုက်သည်။ ဒီလိုမျက်နှာမျိုးရှိ​နေတာတောင် ဒီလိုသရုပ်ဆောင်ပုံစံနဲ့ဆိုရင် ဘာသုံးစားလို့ရမှာလဲ။

"ဒါရိုက်တာကူး" အသံတစ်ခုက ဒါရိုက်တာကူး ၏အတွေးကို အနှောင့်အယှက်ပေးလိုက်သည်။ သူက မော်ကြည့်လိုက်သောအခါ ဇာတ်လမ်း၏ အမျိုးသားဇာတ်ဆောင်ဖြစ်သောကျီလဲ့ကို တွေ့လိုက်ရသည်။

ကျီလဲ့သည် လူလတ်ပိုင်းသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူက ရုပ်ရည်ချောမောပြီး ထူးချွန်သောသရုပ်ဆောင်စွမ်းရည်လည်း ရှိသည်။

"ဘာကိစ္စရှိလို့လဲ?" ကူး က မေးသည်။

"အနောက်တိုင်းဒေသကမင်းသမီးကို ရှီရန် သရုပ်ဆောင်မယ်လို့ ကျွန်​တော်ကြားတယ်။"

"မှန်တယ်လေ။" ကူး ခေါင်းညိတ်လိုက်သည်။

"သူမအကြောင်းကို ကျွန်​တော် ဖတ်ဖူးတယ်။ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က.....ဒါရိုက်တာကူးပြန်စဉ်းစားကြည့်မယ်လို့ ကျွန်​တော်မျှော်လင့်ပါတယ်။ ဖျော်ဖြေရေးနယ်ပယ်မှာလှပပြီး ကျွမ်းကျင်တဲ့မင်းသမီးတွေက ရှာတွေ့ဖို့မခက်ခဲပါဘူး။ ရှီရန်က ဒီဇာတ်ကောင်ကို ကိုင်တွယ်နိုင်မယ် ကျွန်​တော်မထင်ဘူးနော်။"