"ရှီရန်၊ ငါ...မင်းကို ပြောလိုက်မယ်။ မင်း ငါ့အပေါ်ကိုတစ်ခုခုလုပ်လိုက်ရင် ငါတို့မိသားစုက မင်းကို အလွှတ်ပေးမှာမဟုတ်ဘူး။ ငါမင်းကိုအကြံပေးလိုက်မယ်... အား"
ချွန်ထက်သောဖန်စသည် သူ့အသားထဲသို့ နစ်မြုပ်သွားသဖြင့် လောင်ဖန်း နာကျင်သွားကာ သူ့မျက်လုံးများကို တစ်ပတ်လှည့်လိုက်သည်။
"ငါ့ကို နှစ်ခါမေးရအောင်မလုပ်နဲ့"
လောင်ဖန်းသည် အကူအညီတောင်းရန်အတွက် သူ့ရှေ့ရှိချူးကျင်းချန်းကို ကြည့်လိုက်သည်။ "တတိယသခင်လေး၊ ကျွန်တော့်ကိုကယ်ပါဦး။ ဒီမိန်းမက ရူးနေပြီ"
ရှီရန်သည် ချူးကျင်းချန်းကို မှုန်မှိုင်းစွာဖြင့် မော့ကြည့်လိုက်သည်။
ချူးကျင်းချန်းက အေးစက်စွာပြုံးလိုက်သည်။ "ငါ တခြားသူတွေရဲ့ကိစ္စကို ဝင်စွက်ဖက်ရတာမကြိုက်ဘူး။"
ရှီရန် အကြည့်လွှဲလိုက်ပြီး သူမလက်ထဲက ဖန်စကို နောက်ထပ်တစ်လက်မပိုနက်အောင် ဖိလိုက်သည်။ "ကြည့်ရတာ ရှင့်အသက်ကိုတောင်ဂရုမစိုက်တော့ဘူးထင်တယ်။"
"စောင့်ဦး၊ ခဏ၊ ခဏစောင့်!" လောင်ဖန်း က ထိတ်လန့်စွာ အော်လိုက်သည်။
"တစ်ယောက်ယောက်ကို ငါကိုယ်တိုင် စုံစမ်းခိုင်းလိုက်တာ။ မင်း Jade Hunter ဆီကို ဒီကောင်ကြောင့် မကြာခဏလာနေတာကို ငါသိလိုက်ရတယ်။ ဒါပေမယ့် ခုနကသူ့ကိုတိုက်ခိုက်ခဲ့တာက ငါမဟုတ်ဘူးလေ"
ဘေးဥပဒ်ကျရောက်တော့မည့်အချိန်တွင် လောင်ဖန်းသည် ညီအစ်ကိုအပေါင်းအသင်းကိုပင် ဂရုမစိုက်နိုင်တော့ပေ။
ထို့အပြင် ထိုလူများသည် ရှီရန်ကို အရှက်ရစေရန် ငှားရမ်းထားသောလူဆိုးများသာဖြစ်သည်။
သူ့ကိုရိုက်နှက်သောဆံပင်ရွှေရောင်ရှိဆံပင် အမျိုးသားသည် ထိုစကားကိုကြားလိုက်ပြီး
အထူးသဖြင့် ရှီရန် သူ့ကိုလှမ်းကြည့်လာသောအခါ တုန်လှုပ်သွားသည်။
မနှစ်မြို့ဖွယ်အနံ့အသက်တစ်ခု ပျံ့နှံ့လာသည်။
"ချီး၊ သူ သေးပေါက်ချလိုက်ပြီ။" ကျူးယို့ဟန်သည် ရွံရှာစွာဖြင့် နှာခေါင်းကို အုပ်လိုက်သည်။
ဆံပင်ရွှေရောင်ရှိအမျိုးသားကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရှီရန်သည် ကျူးလီနှင့်အတူ ဗီအိုင်ဒီအခန်းနံပါတ်၄မှထွက်လာသည်။
လူသတ်မှုက ဥပဒေနဲ့မညီသည့်အတွက် သူမ ဘယ်သူ့ကိုမှ မသတ်နိုင်ပေ။
သို့သော် သင်ခန်းစာပေးရန်ထိုက်တန်သောသူနဲ့ ကြုံရသောအခါ သူမသည် သက်ညှာနေမည် မဟုတ်ပေ။
ဗီအိုင်ဒီအခန်းနံပါတ်၃သို့ရောက်သောအခါ ကျူးယို့ဟန်သည် ရှီရန်ကို မျက်လုံးထောင့်မှ ချောင်းကြည့်သည်။
ဤပိန်ပါးသော လက်နှင့်ခြေထောက်များသည် လူတစ်ဦး၏ခြေလက်အင်္ဂါများအားရိုက်ချိုးခဲ့ပုံကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
ဆံပင်ရွှေရောင်ရှိယောက်ျား၏အော်ဟစ်သံသည် သူ့နားထဲတွင် အခုထိမြည်နေပုံရသည်။ ကျူးယို့ဟန်သက်ပြင်းချလိုက်သည်။
'အပြင်ပုံပန်းအသွင်အပြင်က လှည့်စားနိုင်တာပဲ'
ချူးကျင်းချန်း၏သီးသန့်အခန်းသို့ ရောက်ရှိလာသောအခါ ကလပ်မန်နေဂျာသည် ဆေးဘက်ဆိုင်ရာကိရိယာအစုံအလင်ကို ယူလာပေးရန် တစ်ယောက်ယောက်ကိုခိုင်းထားပြီးပြီဖြစ်သည်။
ကျူးလီက ဆေးရုံကို မသွားချင်သောကြောင့် ရှီရန်က သူ့ဒဏ်ရာကို ပတ်တီးနဲ့ ကိုယ်တိုင်စည်းပေးရမည်။
ဆေးသေတ္တာကို သူမ ဖွင့်လိုက်သည်နဲ့ ချူးကျင်းချန်းအသံက "ဝမ်ဖုန်းက အရင်က သူနာပြုပညာကိုသင်ယူခဲ့ပြီးသား။ ကျွမ်းကျင်တဲ့သူက လုပ်ပေးတာပိုကောင်းမယ်" ဟူ၍ ထွက်လာသည်။
ရုတ်တရက်နာမည်အခေါ်ခံရလိုက်သဖြင့် ဂျီဝမ်ဖုန်းအံ့အားသင့်သွားသည်။
"ငါ လုပ်လိုက်မယ်။" ဂျီဝမ်ဖုန်းက ထပြီး ရှီရန်ရဲ့ နံဘေးကို လျှောက်သွားသည်။
ရှီရန် ခေါင်းညိတ်သဘောတူသည်။
သူမသည် အနည်းငယ်သာသိသော်လည်း များသောအားဖြင့် ပတ်တီးကို အကြမ်းဖျင်းစည်းရုံမျှသာစည်းနိုင်သည်။ သူမ၏ပတ်တီးစည်းကျွမ်းကျင်မှုသည် ပရော်ဖက်ရှင်နယ်တစ်ယောက်နှင့် နှိုင်းယှဉ်၍မရပေ။
"ဒါဆို ရှီရန်၊ လောင်ဖန်း က မင်းရည်းစားဟောင်းနဲ့အကျပ်ကိုင်ခြိမ်းခြောက်ပြီးလာခိုင်းလို့ဒီကိုလာတာလား?" ကျူးယို့ဟန်က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
ရှီရန်က နှုတ်ခမ်းကို အနည်းငယ်ဟလိုက်သော်လည်း သူမ မငြင်းပေ။
"လောင်ဖန်းက ဒီတစ်ကြိမ် မင်းရဲ့လက်ထဲမှာရှုံးနိမ့်သွားခဲ့ရတယ်။ သူက မင်းကို လွယ်လွယ်နဲ့အလွှတ်ပေးမှာ မဟုတ်ဘူး။ ဒီလူက လူယုတ်မာတွေရဲ့ အရိပ်အဝါရှိပေမယ့် ချန်ဖန်းအဖွဲ့ရဲ့ အဖိုးတန်မင်းသားလေးလေ"
"အချိန်တန်ရင် သူ မင်းကို ဘာမှမလုပ်နိုင်တော့ဘဲ မင်းရဲ့ ချစ်သူဆီမှာဒေါသတွေ ပုံချသွားမှာကို ငါ စိုးရွံမိတယ်"
ရှီရန်က ကျူးလီကိုကြည့်သည်။
သူ တိတ်တိတ်ဆိတ်ဆိတ်နေပြီး ဂျီဝမ်ဖုန်းက သူ့အသားအရည်အပေါ်၌ ဆေးလိမ်းခွင့်ပေးလိုက်သည်။
ဂျီဝမ်ဖုန်းသည် တင်းမာသောမျက်နှာထားရှိသော်လည်း သူ၏လှုပ်ရှားမှုများသည် အံ့သြစရာကောင်းလောက်အောင် နူးညံ့သည်။
"ကျူးလီ နုတ်ထွက်ဖို့ကောစဉ်းစားဖူးလား" ရှီရန်က မေးသည်။
Jade Hunter တွင် ယနေ့ကဲ့သို့အခြေအနေမျိုးသည် အမှန်တကယ်တွင် အထူးအဆန်းမဟုတ်ပေ။
အမျိုးသားဧည့်ခံသူအများစုသည် နှာဘူးထသောဧည့်သည်များနှင့် ကြုံတွေ့ရသောအခါတွင် ပို၍ပင် ဆိုးရွားစွာ အနာရဖွယ်အလားအလာရှိသည်။
ကျူးလီ၏ခံစားချက်မဲ့နေသောအကြည့် ပြေလျော့သွားသည်။ သူ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
ကျူးယို့ဟန်က “Jade Hunter က အကျင့်စာရိတ္တမြင့်မားတဲ့နေရာတော့မဟုတ်ပေမယ့် ဒီမှာ တစ်နေ့ရတဲ့ငွေက သာမန်အလုပ်လုပ်နေတဲ့မိသားစုရဲ့ တစ်နှစ်ဝင်ငွေထက် ပိုတယ်။"
"Jade Hunter ကို အမျိုးသားပြည့်တန်ဆာအဖြစ် ဝင်လာတဲ့သူတိုင်းက ငွေလိုအပ်နေတာချည်းပဲ။ မဟုတ်ရင် ဘယ်သူက ဒီလိုအရှက်ရစရာတွေကို သည်းခံချင်မှာလဲ။"
ရှီရန်၏ လက်သီးနှစ်ဖက်ကိုဆုပ်လိုက်ပြီး ဖြေလျှော့လိုက်သည်။
သူမ၏ယခင်ဘဝတွင် သူမသည်တစ်စုံတစ်ဦးကိုစော်ကားခဲ့ပြီး ရလဒ်အနေဖြင့်သူမ၏လက်အောက်ငယ်သားများ အဖမ်းဆီးခံရပြီးသတ်ဖြတ်နှိပ်စက်ခံခဲ့ရသည်။
၎င်းသည် သူမ အမုန်းဆုံးအရာဖြစ်သည်။
အတိတ်ကအဖြစ်ဆိုးများ ထပ်ဖြစ်လာအောင် သူမ လွှတ်မထားနိုင်ပေ။
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က သူ့အပေါ် ရှိနေသောခံစားချက်ကို ထည့်မစဥ်းစားသော်လည်း
သူမသည် ယခုတစ်ကြိမ်တွင် ကျူးလီကို အမှန်တကယ် ငြိစွန်းမိစေမှန်း သူမ သိသည်။
"ကျူးလီ" ရှီရန်က တိုးတိုးလေးပြောသည်။
ကျူးလီ ခေါင်းလှည့်လာသည်။
"နင်"
သူမ ပါးစပ်ကိုဖွင့်ပြီး သူလိုအပ်ပါက သူ့ကို သူမ ပိုက်ဆံပေးနိုင်သည်ဟု ပြောချင်ပေသည်။
စကားလုံးများက သူမနှုတ်ခမ်းပေါ်၌ရောက်နေပြီဖြစ်သည်။
သူမ ရုတ်တရက် ပြုံးလိုက်သည်။ "ငါ လောင်ဖန်းနဲ့ ဖြေရှင်းလိုက်မယ်။ မင်းရဲ့အလုပ်တွေကို သူ ထိခိုက်အောင်လုပ်လို့မရစေရဘူး"
ကျူးလီ၏မျက်အိမ်များသည် အနည်းငယ် တုန်လှုပ်သွားသည်။
သူက ညင်သာစွာ ခေါင်းညိတ်ပြပြီး ပတ်တီးစကို ကိုင်ထားသည့်လက်ဆီသို့ ပြန်လှည့်လာသည်။
ဂျီဝမ်ဖုန်းက ကျူးလီ၏ဒဏ်ရာကို ပတ်တီးစည်းပြီးသွားသောအခါ မန်နေဂျာက လာပြီး ကျူးလီကို ခေါ်သွားသည်။
ကျူးလီသည် အစမှအဆုံးအထိ စကားသိပ်မပြောပေ။ သူသည် ကြိုးဖြင့်ဆွဲထားသောရုပ်သေးတစ်ရုပ်ကဲ့သို့ပင် အသက်မဲ့နေသည်။
ကျူးလီ ထွက်သွားပြီးနောက် ကျူးယို့ဟန်က ရှီရန်ကို "မင်း ဘာလုပ်မလို့လဲ" ဟု မေးသည်။
ရှီရန် လှမ်းကြည့်နေသည်ကို မြင်၍ "လောင်ဖန်းက ခွေးရူးလို့နာမည်ကြီးတယ်။ လွန်ခဲ့တဲ့ငါးနှစ်က ချန်းမိသားစုရဲ့ သခင်ငယ်လေးက သူ့ကို စော်ကားခဲ့တယ်။ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်လိုက်လေ" ဟု သူက စိတ်လှုပ်ရှားစွာပြောသည်။
ကျူးယို့ဟန် က သူ့စကားကို ဆိုင်းငံ့ထားလိုက်ပြီး ရှီရန်က သိချင်နေပုံပေါ်သည်။
"သခင်လေးချန်းရဲ့ ကောင်မလေးကို လောင်ဖန်းက တောင်ပေါ်ကလူတွေဆီမှာ ရောင်းစားလိုက်တယ်လေ။ လူတိုင်းက သူမကို နိုင်ငံခြားမှာ ကျောင်းတက်နေတယ်လို့ အစက ထင်နေကြတာ။ မနှစ်က သူမ ထွက်ပြေးလွတ်မြောက်လာချိန်မှပဲ အမှန်တရားကို သိရတာ"
'တောင်မှာ ရောင်းစားလိုက်တာလား။'
ရှီရန်သည် သူမ၏အသိဥာဏ်ကို ပြန်လည်ရရှိလာသည်။
စာအုပ်ထဲတွင် ဒီခန္ဓာကိုယ်၏မူလပိုင်ရှင်သည် တောင်တန်းဆီမှာ ရောင်းစားခံခဲ့ရသည်။
ထို့ကြောင့် လောင်ဖန်းက ထိုအရာကို ပြုလုပ်ခဲ့သူဖြစ်သည်။
"စိတ်မပူပါနဲ့။ မင်းက ငါ့ရဲ့ အနုပညာရှင်ပဲ။ ကျူးယို့ဟန်က မင်းရဲ့ သူဌေးလေ။ ငါတို့က မင်းကို တစ်ကိုယ်တည်းတိုက်ခိုက်ဖို့ ချန်ထားခဲ့မှာ မဟုတ်ပါဘူး။"
ရှီရန် ကြောက်သွားသည်ဟု ထင်ကာ ဂျီဝမ်ဖုန်းက သူမကို နှစ်သိမ့်သည်။
"ဟမ်" ရုတ်တရက် ဆွဲထည့်ခံရသော ကျူးယို့ဟန်က အံ့အားသင့်သွားသည်။
သို့သော် သူ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ "ဒီရက်ပိုင်းမှာ ဂျီဝမ်ဖုန်းနဲ့အတူရှိနေတာအကောင်းဆုံးပဲ။ သူက ကရာတေးကို အရင်သင်ဖူးပြီး မင်းကို ကာကွယ်နိုင်တယ်..."
ကျူးယို့ဟန် ရုတ်တရက်ရပ်သွားသည်။
ဗီအိုင်ဒီအခန်းနံပါတ် ၄ မှာ ဖြစ်ပျက်ခဲ့သောအရာများက သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေတုန်းပင်ဖြစ်သည်။
'ဒါပေမယ့် မင်းက ငါတို့ရဲ့ အကာအကွယ်ကို မလိုအပ်တဲ့ပုံပဲ'
ရှီရန်သည် အချိန်ကို မော့ကြည့်လိုက်ပြီး ထလိုက်သည်။ "အားလုံးသူကို ကျေးဇူးတင်ပါတယ်။ နောက်ကျနေပြီဆိုတော့ အရင်ပြန်နှင့်ပါမယ်"
လောင်ဖန်း၏ကိစ္စကို သူမ တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမည်။
ဂျီဝမ်ဖုန်းက သူ့ကားသော့ကို ကောက်ယူလိုက်ပြီး ရှီရန်ကို လိုက်ပို့ရန် အဆင်သင့်ဖြစ်နေသည်။ "ငါ လိုက်ပို့..."
"ငါ သူမကိုပြန်လိုက်ပို့ပေးလိုက်မယ်။" ချူးကျင်းချန်းက ထပြီး သူမဆီတည့်တည့်လျှောက်သွားသည်။
ဂျီဝမ်ဖုန်း ခေတ္တရပ်သွားပြီး ကျူးယို့ဟန်နှင့် လျှို့ဝှက်စွာ အကြည့်ချင်းဖလှယ်လိုက်သည်။
'တတိယသခင်လေးက ရှီရန်ကို စိတ်မဝင်စားတာ သေချာရဲ့လား။'
မြန်မြန်လုပ်၊ သူ့ကို တားလိုက်လေ
ကျူးယို့ဟန်က အလျင်အမြန် 'ကောင်းပြီ' ဆိုသောအမူအရာလုပ်ပြသည်။
သူ လှည့်လိုက်သည်နှင့် နားလည်မလွယ်သောအနက်ရောင်မျက်လုံးတစ်စုံနှင့် မျက်လုံးချင်းဆုံမိသည်။
သူ့နှလုံးခုန်ရပ်သွားသည်။
ကျူးယို့ဟန်က " လောင်ဖန်းက ဘာကြံနေလဲ ငါတို့ မသိရသေးဘူးဆိုတော့ ရှီရန်ကို ချူးကျင်းချန်းက ပြန်ပို့ပေးတာကပိုလုံခြုံတယ် " ဟု အတည်ပေါက်ကြီးဖြင့် ပြောသည်။
ဂျီဝမ်ဖုန်း ဒေါသတကြီး စိုက်ကြည့်သည်။
ချီးပဲ သူရဲဘောကြောင်တဲ့ကျူးယို့ဟန်
"မင်းဘယ်လိုထင်လဲ ဂျီဝမ်ဖုန်း" ကျူးယို့ဟန်က ဂျီဝမ်ဖုန်းကို ပြုံးပြသည်။
ဂျီဝမ်ဖုန်းလည်း ပြောစရာစကားပျောက်ရှသွားသည်။
ချူးကျင်းချန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဂျီဝမ်ဖုန်းသည် သူ၏ဖြူဖွေးနေသောသွားရှစ်ချောင်းကို ချက်ချင်းထုတ်ဖော်လိုက်သည်။ "ငါ့မှာ ကန့်ကွက်စရာမရှိပါဘူး"
ထိုမြင်ကွင်းက တကယ့်ကို ရယ်စရာကောင်းလှသည်။
ရှီရန်က ရယ်ပြီး ခေါင်းခါလိုက်သည်။ သူမသည် ချူးကျင်းချန်းကိုကြည့်ကာ ပြုံး၍ပြောသည်။ "ဒါဆို ကျွန်မ တတိယသခင်လေးချူးကိုပဲ ဒုက္ခပေးရတော့မှာပေါ့နော်"
ချူးကျင်းချန်း က ပြုံးပြီး "ကိစ္စမရှိပါဘူး" လို့ ပြန်ဖြေသည်။
ထို့နောက် နှစ်ယောက်သား ဘေးချင်းကပ်လျက်လမ်းလျှောက်ကာ ထိုနေရာမှ ထွက်သွားကြသည်။
"တတိယငယ်သခင်လေးက ငါ့နတ်ဘုရားမကို သိတာလား" ဂျီဝမ်ဖုန်းသည် ကျူးယို့ဟန်၏ပခုံးကို အားမထိန်းချုပ်ထားဘဲ တွန်းလိုက်သည်။
ကျူးယို့ဟန် တုန်လှုပ်သွားသည်။ "ချီးပဲ၊ မင်း ငါ့အပေါ် နူးနူးညံ့ညံ့ဆက်ဆံပေးလို့မရဘူးလား။ နောက်ပြီး မင်းရဲ့နတ်ဘုရားမက ဘာလို့ ထပ်ပြီး ပြောင်းလဲသွားရတာလဲ။"
"ငါက အဲ့လိုပြောင်းချင်တယ်လို့ ခံစားရတယ်။"
"တကယ်လို့ မင်း တစ်ပတ်လောက် စောပြီး ပြန်လာခဲ့ရင် မင်း စိတ်ဝင်စားစရာကောင်းတာ တစ်ခုကိုတွေ့ ခဲ့ရမှာ။ ကံမကောင်းစွာပဲ သဲလွန်စတွေက ပျောက်ကွယ်သွားပြီ။" ကျူးယို့ဟန် က ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။
"-ီး၊ ကျူးယို့ဟန်! စကားတွေ ဝေ့ဝှိက်ပြောနေတာ ရပ်လိုက်ပြီး တည့်တိုးသာပြောစမ်း။" ဂျီဝမ်ဖုန်းက သူ့ကို ကန်လိုက်သည်။
ကျူးယို့ဟန်က မေးခွန်းကို ရှောင်လိုက်သည်။ "သူတို့ရဲ့ ဆက်ဆံရေးကို မင်းက ဘာလို့ဂရုစိုက်နေတာလဲ။ သူတို့က ဘယ်လိုမှအတူရှေ့ဆက်လို့မရဘူးလေ။"
ဂျီဝမ်ဖုန်း ချက်ချင်းနားလည်သွားသည်။ "မင်းပြောတာ မှန်တယ်။ သခင်ကြီးချူး သဘောအတိုင်းသာဆိုရင် သခင်မလေးချူးရဲ့ နေရာက ဝမ်ယုဖေးအတွက်ပဲဖြစ်မှာ"
ကျူးယို့ဟန်က ထိုလူ၏မျက်နှာမှာ စိတ်သက်သာရာရသွားသောပုံစံကိုမြင်၍ သူက ချက်ချင်း "ရှီရန်နဲ့ ပတ်သက်ပြီး မင်းမှာ အကြံဆိုးတွေမရှိဘူးမလား?" ဟု စနောက်သည်။
"ထွက်သွားစမ်း" ဂျီဝမ်ဖုန်းက သူ့ကို ထပ်ကန်သည်။
ထို့နောက် သူက လေးလေးနက်နက်ပြောသည်။ "သခင်ကြီးချူးက ဝမ်ယုဖေးကလွဲ၍ အခြားဘယ်အမျိုးသမီးကိုမှ မိသားစုထဲဝင်ခွင့်မပြုမှာမဟုတ်ဘူး။ တတိယသခင်လေးကသာ ရှီရန်ကို တကယ်ကြိုက်နှစ်သက်ရင် သူမကတော့ အခက်အခဲကြုံရတော့မှာပဲ"
"တကယ်တော့ ငါတို့ စိုးရိမ်ပူပန်သောကရောက်နေစရာမလိုအပ်ဘူးလို့ ငါ ထင်တယ်။ သူ့အတွက်က ရှီရန်ကို ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင်းရှင်းပြောရရင် ချူးကျင်းချန်းမှာ စိတ်ခံစားမှုခုနစ်ခုနဲ့ လိုအင်ဆန္ဒခြောက်ခုတောင် ရှိမယ်လို့ ငါမထင်ဘူး။"
ထိုအချိန်တွင် စိတ်ခံစားမှုနှင့်လိုအင်ဆန္ဒမရှိသူ ချူးကျင်းချန်းသည် သူ့ရင်ခွင်ထဲသို့ ရှီရန်ရောက်ရှိစေရန် သူမဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။