"သခင်လေးကျူး၊ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျူးလီက အခု တခြား ဧည့်သည်တွေကို ဧည့်ခံနေပါတယ်။ အဲဒီဧည့်သည်က တစ်ညလုံး သူ့ကို ဌားထားတာပါ။"
"တစ်ညလုံးအတွက် ခေါ်ထားတာလား?" ကျူးယို့ဟန်၏မျက်လုံး ပြူးကျယ်သွားသည်။
ချူးကျင်းချန်းက သူ့ဝိုင်ခွက်ကို ဝေ့နေသည်ကို ရပ်လိုက်ပြီး ပြုံးလိုက်သည်။ "မင်းရဲ့ အနုပညာရှင်စီမံခန့်ခွဲမှုက အတော်ကောင်းတာပဲ။"
ကျူးယို့ဟန်က နှာခေါင်းကို ပွတ်လိုက်သည်။
ဤသည်မှာ သေချာပေါက် ချီးကျူးစကားမဟုတ်ပေ။
ချီးကျူးနေတာ လုံးဝမဟုတ်ဘူး!!
"ဗီအိုင်ဗီဧည့်သည်က ဘယ်သူလဲ။" ကျူးယို့ဟန်က စိတ်ဝင်တစား မေးသည်။
"တောင်းပန်ပါတယ် သခင်လေးကျူး၊ ကျွန်တော်တို့မှာဖောက်သည်တွေရဲ့ အချက်အလက်တွေကို မထုတ်ဖော်ရဘူးဆိုတဲ့စည်းမျဉ်းတွေ ရှိလို့ပါ" ဟု မန်နေဂျာက တောင်းပန်စကားပြောကြားသည်။
"ဘယ်သူလဲဆိုတာအတိအကျပြောပြဖို့မလိုပါဘူး။ ဘယ်အခန်းလဲ ဆိုတာသာ ပြောပြ။"
မန်နေဂျာသည် ပြောရခက်ခဲသောအခြေအနေတွင် ရှိနေပုံရသော်လည်း ချူးကျင်းချန်း၏နားမလည်နိုင်သောအနက်ရောင်မျက်လုံးနှင့် တွေ့သောအခါ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး "ဗီအိုင်ဒီအခန်းနံပါတ် ၄ပါ " ဟု ချက်ချင်း ပြောလိုက်သည်။
"ဗီအိုင်ဒီအခန်းနံပါတ်၄?" ဂျီဝမ်ဖုန်းမျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
"ငါ ဒီကိုလာတဲ့လမ်းမှာ ဗီအိုင်ဒီအခန်းနံပါတ် 4 ကို ဖြတ်လာတော့ အော်ဟစ်သံနဲ့ ညည်းသံတွေ ကြားခဲ့ရတယ်" ဟု ဂျီဝမ်ဖုန်းက ပြောသည်။
"အော်သံနဲ့ညည်းသံတွေလား?" ကျူးယို့ဟန်မျက်ခုံးပင့်လိုက်သည်။ "ဒါဆို ရှီရန်က ဒီလိုမျိုးကိုကြိုက်တာလား?"
"မဟုတ်ဘူး" ဂျီဝမ်ဖုန်း ခေါင်းယမ်းလိုက်သည်။ "အထဲမှာ တခြားအသံတွေလည်း ကြားရသေးတယ်။ အနည်းဆုံး ယောက်ျားနှစ်ယောက်လောက်"
"ယောက်ျားနှစ်ယောက်?" အံ့အားသင့်စွာဖြင့် ကျူးယို့ဟန်သည် ကလပ်မန်နေဂျာဘက်သို့ လှည့်သွားသည်။ "ဗီအိုင်ဒီအခန်းနံပါတ်၄ ရဲ့ ဧည့်သည်တွေက ဘယ်သူတွေလဲ။"
မန်နေဂျာက ဘာမှပြန်မပြောသည်ကိုမြင်သောအခါတွင် ကျူးယို့ဟန်က "မင်းငါ့ကို မပြောပြရင်တောင် ငါစုံစမ်းလို့ရတယ်။ မင်းငါ့ကို ဘာလို့အချိန်မကုန်အောင် တိုက်ရိုက်ပြောပေးလို့မရတာလဲ။ ငါမင်းကို သစ္စာမဖောက်ပါဘူးကွ"
"အဲ့ဒီအကြောင်း ပြောစမ်းပါဦး" ချူးကျင်းချန်းက တည်ငြိမ်စွာပြောသည်။
မန်နေဂျာသည် ထိုစကားကိုကြားပြီးနောက် နှုတ်ဆိတ်မနေရဲတော့ပေ။ "သူက ချန်ဖန်းအဖွဲ့ရဲ့ သခင်လေးလောင်ပါ"
"လောင်ဖန်း? ဘာလို့ အဲ့ဒီကောင်ဖြစ်နေရတာလဲ" ကျူးယို့ဟန်က သဘောမကျစွာဖြင့် သူ့နှုတ်ခမ်းကို တွန့်လိုက်သည်။
လောင်ဖန်းသည် မကောင်းသောသူအဖြစ် လူသိများသည်။
လူအချို့အတွက် အပျော်ရှာခြင်းသည် သာမာန်ဖြစ်သည်။
သို့သော် သူတို့မိသားစုနောက်ခံကို အခွင့်ကောင်းယူပြီး သူတို့လုပ်ချင်သောအရာမှန်သမျှလုပ်သောချမ်းသာသောဒုတိယမျိုးဆက် အမွေဆက်ခံသူများကို သူမုန်းတီးသည်။
"ရှီဝန်ဖေးကိုရှာမယ့်အစား Jade Hunterက ယောက်ျားတစ်ယောက်ဆီကို ဘာလို့လာရတာလဲ။" စိတ်ရှုပ်နေသောကျူးယို့ဟန်က မေးလိုက်သည်။
"ရှီဝန်ဖေး?" ချူးကျင်းချန်းက တိုးတိုးလေးရေရွတ်သည်။
"အင်း။ အရင်က Weibo မှာ ရှီရန် နဲ့ ရန်ဖြစ်တဲ့သူလေ။ သူမက ရှီမိသားစုရဲ့ သမီးအရင်း။ လောင်ဖန်းက ရှီဝန်ဖေးရဲ့ ပရိတ်သတ်ဖြစ်သလို သူမကို အရူးအမူးဖြစ်နေတာ။"
"အရင်တုန်းကလည်း လောင်ဖန်းက ရှီဝန်ဖေးကြောင့် ရှီရန်ကို ပြဿနာရှာဖို့ အမြဲကြိုးစားခဲ့တယ်..."
"နေပါဦး" ကျူးယို့ဟန်သည် ထိုစကားကိုပြောပြီးနောက် တစ်ခုခုမှားနေပြီဟု ချက်ချင်းခံစားလိုက်ရသည်။ သူက ဂျီဝမ်ဖုန်းကိုကြည့်လိုက်သည်။ "ရှီရန် ဒီကိုအမြန်လာရတယ်လို့ မင်းပြောခဲ့တာလား"
ဒီတစ်ကြိမ်တွင် ဂျီဝမ်ဖုန်းလည်း နားလည်သဘောပေါက်လိုက်သည်။
သူချက်ချင်းထရပ်လိုက်သည်။ "ငါ သွားကြည့်လိုက်မယ်။"
ကျူးယို့ဟန် ချက်ချင်း လိုက်သွားသည်။
ရှီရန်ကိုလည်း သူ့ရဲ့ အနုပညာသမားအဖြစ် သတ်မှတ်ထားသောကြောင့် ဒီကိစ္စကို သူ ကျော်သွားရန် မဖြစ်နိုင်ပေ။
ချူးကျင်းချန်းနောက်ဆုံးမှထရပ်သည်။အေးအေးဆေးဆေးလမ်းလျှောက်ကာ အခန်းထဲမှ ထွက်လာသည်။
တံခါး ပွင့်လာသည်။
ဂျီဝမ်ဖုန်းနှင့်ကျူးယို့ဟန်တို့သည် ဗီအိုင်ဒီအခန်းနံပါတ် 4 တံခါးဝတွင် ကျောက်ရုပ်တုများကဲ့သို့ အေးခဲသွားသည်။
အခန်းတွင်းမှအော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ချူးကျင်းချန်းက သူတို့နှစ်ယောက်ကို ကျော်ကြည့်လိုက်ပြီး ဗီအိုင်ဒီအခန်းနံပါတ် 4 တွင်ဖြစ်ပျက်နေသည့်အရာများကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
ရှီရန်သည် ဒစ္စကိုဘောလုံးအောက်တွင် ရပ်နေသည်။
သူမသည် အလယ်တွင်ရပ်နေကာ ရင်ဘတ် သို့မဟုတ်သူတို့၏အောက်ပိုင်းကိုယ်ခန္ဓာကို ကိုင်ထားသည့်အမျိုးသားအနည်းငယ်သည် သူမဘေးပတ်ပတ်လည်မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူတို့မျက်နှာပေါ်ရှိ အမူအရာများသည် အလွန်နာကျင်နေပုံပေါ်သည်။
ရှီရန်သည် သေမင်းတံမန်နှင့်တူသည်။ သူမသည် အေးစက်သောအမူအရာဖြင့် မြေပြင်ပေါ်ရှိလူအပေါ်ကိုကျော်ဖြတ်သွားကာ သွေးများပေကျံနေသော အဖြူရောင်ဝတ်ထားသော ချောမောသောလူငယ်လေးဆီသို့ လျှောက်သွားသည်။
သူမ ငုံ့လိုက်ကာ ချောမောလှပသောကောင်လေးဆီသို့ သူမ၏လက်ကို ပေးလိုက်ရင်း သူမ၏အမူအရာ ပျော့ပြောင်းသွားသည်။ "မတ်တပ်ရပ်လို့ရရဲ့လား?"
"ဒါ... ဒါကရှီရန်လား?"
ထိုအချိန်တွင် ကျူးယို့ဟန်၏အတွေးသည် ရှုပ်ထွေးနေပြီဖြစ်သည်။
ဂျီဝမ်ဖုန်းလည်း ထိုနေရာတွင်ရပ်ကာ အံ့သြသွားသည်။ သူ့မျက်လုံးများက ရှီရန်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုက တဖြည်းဖြည်း စိတ်အားထက်သန်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ရှီရန် ခွေးမ။ ငါပြန်သွားတဲ့အခါ မင်းကိုသတ်မယ့်လူကို ငါသေချာပေါက် ရှာမယ်။ မဟုတ်ဘူး မင်းရဲ့အသက်ကို ငရဲထဲမှာအသက်ရှင်နေရသလိုဖြစ်အောင် ငါလုပ်ပြမယ်!"လောင်ဖန်းက မြေပြင်ပေါ်လှဲပြီး ကျိန်ဆဲလိုက်သည်။
သူ့မျက်နှာက ဝက်တစ်ကောင်လို ရောင်နေသည်။ ခါးပတ်ဖြင့်အရိုက်ခံရသောအရာများပင် ရှိသည်။
"လောင်ဖန်း၊ တစ်နေ့ မင်း သနားစရာကောင်းလောက်အောင် ကျရှုံးရလိမ့်မယ်။" ကျူးယို့ဟန်သည် သူ၏ဝမ်းသာအားရဖြစ်နေသည့်အမူအရာကို ဖုံးကွယ်မထားဘဲ ဝင်လာသည်။
"ကျူးယို့ဟန်၊ ငါ့ကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ" လောင်ဖန်းသည် မြေပြင်ပေါ်၌ တံတွေးထွေးလိုက်သည်။
"ရှီရန်က ငါ့ရဲ့ အနုပညာရှင်။ မင်းက သူမကို တိုက်ခိုက်ချင်တာဆိုရင်တော့ အခု ငါနဲ့ ဆိုင်သွားပြီ"
"ဒီခွေးမက ဘယ်တုန်းက မင်းရဲ့... အား..." လောင်ဖန်းစကားမပြီးဆုံးခင်မှာ အနက်ရောင်ဖိနပ်က သူ့ပါးစပ်ကို တက်နင်းလိုက်သည်။
ကူကယ်ရာမဲ့သော အသံထွက်သွားကာ အရှက်တရားနှင့် ဒေါသကြောင့် သူ့ကိုတက်နင်းသူကို ဆုပ်ဖြဲလိုက်ချင်သည်။
ဖိနပ်ပိုင်ရှင်က သူခေါင်းကိုဖိထားသောကြောင့် သူလှုပ်မရပေ။ မည်သူဖြစ်သည်ကိုသိရန်အတွက် သူ့မျက်လုံးကိုသာ ရွှေ့နိုင်သည်။
သို့သော်လည်း တက်နင်းနေသောလူကို မြင်သောအခါတွင် သူ၏ဒေါသသည် ကြောက်ရွံ့မှုဖြင့် ချက်ချင်း အစားထိုးပြောင်းလဲသွားသည်။
"တတိယ... တတိယမြောက်သခင်လေး"
လောင်ဖန်း တုန်လှုပ်သွားပြီး စကားကောင်းကောင်း မပြောနိုင်ပေ။
"စကားကို ကြည့်ပြော၊ ဟုတ်ပြီလာ"
အသံက သူ့ခေါင်းထက်မှာ ပျံဝဲနေသည်။
သူ ပြုံးနေသော်လည်း သူ့မျက်လုံးက အေးစက်မှုနဲ့ ပြည့်နေသည်။
ဆန့်ကျင်မိမည်ကိုကြောက်သဖြင့် လောင်ဖန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ချူးကျင်းချန်းသည် သူ့ခြေထောက်ကို ဖြည်းညှင်းစွာ ပြန်ဆုတ်လိုက်သည်။
ရွံရှာသွားသလိုမျိုး ဖိနပ်ခြေဖဝါးကို မြေပြင်နဲ့ အကြိမ်အနည်းငယ် ပွတ်တိုက်လိုက်သည်။
လောင်ဖန်းက စောဒကမတက်ဝံ့ဘဲ "တတိယသခင်လေး၊ ရှီရန်ကို သိတာလား?" ဟု သတိထားစွာ မေးလိုက်သည်။
တတိယမြောက်သခင်လေးက ရှီရန်ကိုသိပါက သူသည် သူ့သေတွင်း သူတူးမိသွားပြီဖြစ်သည်။
တတိယမြောက်သခင်လေးသည် အကာအကွယ်ပေးမှုနှင့် ရန်ငြိုးထားခြင်းတို့ဖြင့် ကျော်ကြားသည်။ တတိယမြောက်သခင်လေး၏လူများကို သူ အနိုင်ကျင့်ပြီးနောက် မနက်ဖြန်တွင် သူအသက်မရှင်နိုင်တော့ပေ။
လောင်ဖန်းသည် အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။
ချူးကျင်းချန်း၏အကြည့်သည် ရှီရန်ဆီသို့ရောက်သွားသည်။
ကျူးလီစကားကို စောင့်မနေဘဲ ရှီရန်က ငုံ့ကာ သွေးစွန်းနေသောကျူးလီကို လက်နှစ်ဖက်ဖြင့် ထူလိုက်သည်။
လူငယ်၏သွေးများသည် ရှီရန်၏အဖြူရောင်တီရှပ်ကို စွန်းထင်းစေသည်။
သို့သော် ရှီရန်က လုံးဝစိတ်ထဲမထားပေ။
သူမ သူ့ကို ဆိုဖာပေါ် ညင်သာစွာ ချထားလိုက်ပြီး ကျူးလီ၏ဒဏ်ရာကို စတင်စစ်ဆေးသည်။
သူမ၏လှုပ်ရှားမှုများသည် နူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်ဖြစ်နေသည်။
သူတို့နှစ်ဦးနှင့် တခြားလူများ၊သူတို့ပတ်ဝန်းကျင်ရှိအရာများကို ပိုင်းခြားထားသည့် တံတိုင်းတစ်ခုဖြစ်ပေါ်နေပုံပေါ်သည်။
ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများက အေးစက်သွားသည်။ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြန်မဖြေခင် နတ်ဆိုးဆန်စွာပြုံးလိုက်သည်။ "ရှီရန်က ဘယ်သူလဲ"
လောင်ဖန်း သက်ပြင်းချလိုက်သည်။
တတိယမြောက်သခင်လေးက ရှီရန်ကို မသိပုံပေါ်သည်။ သူသည် ကျူးယို့ဟန်နှင့်အတူ လိုက်လာပုံပေါ်သည်။
"သူ ဒဏ်ရာအပြင်းအထန်ရနေတယ်။ ဆေးရုံသွားရမယ်" ဟု ဂျီဝမ်ဖုန်းက ရှီရန်၏နောက်သို့လိုက်လာ၍ အသံနက်ကြီးဖြင့် ပြောသည်။
'ဆေးရုံ' ဟူသောစကားကိုကြားသဖြင့် အစပိုင်းငြိမ်သက်နေသော ကျူးလီက ကြောက်ရွံ့တုန်လှုပ်သွားသည်။ "ဆေးရုံကို မသွားဘူး"
လူငယ်လေး၏အသံသည် ကြည်လင်ပြီးသာယာနာပျော်ဖွယ်ရှိသည်။ သူ၏ဒဏ်ရာနှင့် အမူအရာက မြင်သူတိုင်း၏နှလုံးသားကို ပို၍နာကျင်စေသည်။
"ဒါဆို ငါပတ်တီးစည်းပေးရမလား" ရှီရန်က အသံကို နူးညံ့စွာပြောလိုက်သည်။
ကျူးလီ၏ကြည်လင်သောမျက်လုံးများသည် နောက်ဆုံးတွင် ရှီရန်၏မျက်လုံးနှင့်ဆုံမိသွားသည်။ အကြာကြီး တုံ့ဆိုင်းသွားပြီးနောက် သူ့ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
"ဒီမှာက အဆင်မပြေဘူး။ ငါတို့ရဲ့သီးသန့်ခန်းကိုသွားရအောင်" ဂျီဝမ်ဖုန်း သည် ကျူးလီ၏ဒဏ်ရာများကို စာနာမှုအပြည့်ဖြင့် ကြည့်နေသည်။
ရုပ်ရည်ချောမောသည်ကို စွဲလမ်းသောသူတစ်ယောက်အနေနဲ့ အလွန်လှပေသာလူတစ်ယောက်ကို လျစ်လျူရှုရန် ခက်ခဲလှသည်။
"အိုကေ။" ရှီရန် ခေါင်းညိတ်လိုက်သည်။
သူမသည် ကျူးလီ ကို သယ်သွားတော့မည်ဟန်ပြင်နေသည်။
"ငါကိုယ်တိုင်လမ်းလျှောက်နိုင်ပါတယ်" ကျူးလီက ထပ်ပြောသည်။
သူဘာကိုဆိုလိုသည်ကိုသိသဖြင့် ရှီရန်သည် ကျူးလီကိုကူညီ၍ထူပြီး ဂျီဝမ်ဖုန်းလက်ထဲအပ်လိုက်သည်။ "သူ့ကို ဂရုစိုက်ပေးပါဦး။ ကျွန်မ အခင်းဖြစ်ရာနေရာကို ရှင်းလိုက်ဦးမယ်။"
"အခင်းဖြစ်ရာနေရာကို ရှင်းမယ်? ရှီရန်၊ မင်း တစ်ယောက်ယောက်ကို သတ်လိုက်သလိုပုံစံနဲ့ဘာလို့ပြောနေရတာလဲ" ကျူးယို့ဟန်သည် သူ့လက်မောင်းများကို ပွတ်သပ်ပြီး တုန်တုန်ယင်ယင်ဖြစ်လာသည်။
သူသိသောရှီရန်က ယနေ့ အလွန်ကြောက်ဖို့ကောင်းသည်။
သူက ရည်းစားဟောင်းဖြစ်နေတာကြောင့်လား။
ရှီရန်က ဝိုင်ပုလင်းကို ကောက်ကိုင်လိုက်ပြီး နံရံနဲ့ လှမ်းရိုက်လိုက်သည့်အတွက် ပုလင်းကွဲကြေသွားစေသည်။
ရှီရန်၏လက်ထဲတွင် ကျန်ခဲ့သောအရာမှာ ပုလင်း၏နှုတ်ခမ်းအဝနှင့် စတီးလက်သည်းကဲ့သို့ ချွန်ထက်သောပုလင်း၏အစွယ်များသာဖြစ်သည်။
သူမသည် ဒူးတစ်ဖက်ထောက်ကာ ချွန်ထက်သောဖန်စွယ်ကို လောင်ဖန်း၏လည်ပင်း၌ ဖိလိုက်သည်။
လောင်ဖန်း၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး မလှုပ်ရှားဝံတော့ပေ။
"ကျူးလီကိုရှာဖို့ ဘယ်သူက ရှင့်ကိုခိုင်းလိုက်တာလဲ။"
ရှီရန်သည်မျက်နှာဖုံးကိုဝတ်ဆင်ထားကာ နက်နဲသောမျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ပြသထားသည်ကိုမြင်သဖြင့် လောင်ဖန်း၏ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။