၁၅
Viewers 118

ဗီအိုင်ဒီအခန်းနံပါတ် ၄

ထိုလူ၏ရှပ်အင်္ကျီသည် စုတ်ပြဲပြီး ညစ်ပတ်နေသည်။

သူ့ရှေ့မှာ ရပ်နေသောသူက ဖန်ကွဲစတစ်စကို ကိုင်ထားသောဆံပင်ရွှေရောင်ရှိ​သောသူဖြစ်သည်။

ဒူးထောက်နေသောလူသည် ဖန်စက သူ့လက်ကိုဖိထားသည့်တိုင် တုံ့ပြန်ခြင်းမပြုပေ။

၎င်းကိုမြင်၍ ဆံပင်ရွှေရောင်ရှိအမျိုးသားက စက်ဆုပ်စရာကောင်းစွာ ပြုံးပြပြီး အားပိုသုံးလိုက်သည်။

ချွန်ထက်သောဖန်စသည် နုနယ်သော အရေပြားအနှံ့ပြတ်သွားကာ အနီရောင်သွေးများ စီးကျလာသည်။

ထို့နောက်တွင် နီရဲနေသောသွေးများက လှပစွာ ညှဥ်းပန်းထား​သောပုံစံကဲ့သို့ သူ၏ချောမွတ်သောအသားအရည်ကို စီးဆင်းသွားသည်။

ဆံပင်ရွှေရောင်ရှိ​သောအမျိုးသားသည် ၎င်းကိုမြင်ကာ ပို၍ပင်ပျော်ရွှင်စွာပြုံးလာပြီး သူ့လက်ထဲရှိဖန်စကို အသုံးပြုကာ အမျိုးသား၏ အရေပြားအနှံ့ ဖြတ်တောက်မှုများ ပြုလုပ်လိုက်သည်။

သိပ်မကြာခင်တွင် ထိုလူ၏လက်မောင်းတွင် သွေးများ ဖုံးလွှမ်းသွားသည်။

ထိုလူ၏မျက်နှာမှ သွေးများ ဖြူဆုပ်သွားပြီး နှုတ်ခမ်း ဖြူဖျော့လာသော်လည်း သူ့မျက်နှာတွင် အမူအရာတစ်ခုမှရှိမ​နေပေ။

ကျိုးပျက်နေသောအရုပ်တစ်ရုပ်ကဲ့သို့ပင် သူ့တွင်ဖြစ်ပျက်နေသည့်အရာများကို အာရုံမခံနိုင်ပုံ​​ပေါ်သည်။

ဆံပင်ရွှေရောင်ရှိသော အမျိုးသားသည် လျှာဖျားဖြင့် ကျစ်အသံပြုလုပ်လိုက်ကာ ခါးပတ်ကို ဖြုတ်ရန် မတ်တပ်ထရပ်လိုက်သည်။ "မျှော်လင့်ထားသလိုပဲ Jade Hunter ရဲ့ ထိပ်တန်းဧည့်ခံသူဖြစ်တဲ့မင်းက အသံတောင်ထွက်မလာဘူး"

"မင်းဘာလုပ်နေတာလဲ။ မင်း အရမ်းငတ်​နေလို့ ယောက်ျားကို​တောင်အလွှတ်မ​ပေး​တော့ဘူးလား။" သူ့ဘေးနားရှိလူများက သူ့ကို စနောက်ကြသည်။

ဆံပင်ရွှေရောင်ရှိအမျိုးသား၏လှုပ်ရှားမှုများသည် စိတ်လှုပ်ရှားမှုနှင့်အတူ အလျင်စလိုဖြစ်လာသည်။

"သူ့မျက်နှာတစ်ပြင်လုံး ဆီးပေနေတာကို ငါမြင်ချင်တယ်။ ဒါမှ သူ တုံ့ပြန်မလားဆိုတာ ငါတို့ စောင့်ကြည့်ရမယ်။"

"မင်းက ဘာဆက်လုပ်ရမလဲဆိုတာကို တကယ်သိတာပဲကွ!"

ဆံပင်ရွှေရောင်ရှိယောက်ျားကို တားမည့်အစား တခြားသူများက သူ့ကို အားတက်သ​ရော အားပေးကြသည်။

ထို့နောက် ဆံပင်ရွှေရောင်ရှိအမျိုးသားက သူ့ခါးပတ်ကို ချွတ်လိုက်ပြီး ရွံ့ရှာစရာအပြုံးဖြင့် ကြည့်လိုက်သည်။

သူ့ခါးပတ်ကို မြှင့်လိုက်ပြီး ထိုလူကို ခါးပတ်ဖြင့် လှမ်းရိုက်သည်။

"ဖြန်း!"

ခါးပတ်သည် ထိုလူ၏လက်မောင်းကို ထိမှန်သွားကာ ဒဏ်ရာကြောင့် သူ့အသားရောင်သည် ချက်ချင်းမဲနက်သွားသည်။

ထိုလူသည် တုန်ခါသွားသော်လည်း ဆိတ်ဆိတ်နေသည်။

ဆံပင်ရွှေရောင်ရှိအမျိုးသား၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲလာသည်။

ခါးပတ်သည် ထိုလူပေါ် ထပ်ခါထပ်ခါ ကျရောက်လာသည်။

လောင်ဖန်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ သူ့ဝိုင်ဖန်ခွက်ထဲရှိဝိုင်ကို ဝေ့နေလိုက်သည်။

တစ်စုံတစ်ယောက်၏အရေပြားကို ရိုက်နှက်​နေသောခါးပတ်၏သာယာသောအသံသည် သူ့နားထဲတွင် ပြည့်သွားသဖြင့် အရသာခံရန် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

ရှီရန်သည် ဗီအိုင်ဒီအခန်းနံပါတ် ၄ သို့ဝင်ရောက်လာသောအခါတွင် သူမအား ကြောက်စရာကောင်းသောမြင်ကွင်းက ကြိုဆိုနေသည်။

သူမ၏မျက်အိမ်သည် ချက်ချင်းပင် ကျယ်လာသည်။ ထိုလူသည် ဒူးထောက်လျက်ရှိကာ ထိုလူ၏ရှပ်အင်္ကျီအဖြူရောင်တွင် သွေးများဖြင့် စွန်းထင်းနေသည်။

သွေးအရောင်က သူမ၏မျက်လုံးကို ကျိန်း​စေသည်။

သူမ၏အေးစက်သောအကြည့်က ဆံပင်ရွှေရောင်ရှိ​သောယောက်ျားအပေါ်သို့ ကျရောက်သွားသည်။

လူသတ်ချင်​သောဆန္ဒ ထွက်ပေါ်လာသည်။

သူမသည် ရှေ့သို့ ပြေးသွားကာ ဒူးထောက်နေသောအမျိုးသားကို ခါးပတ်ဖြင့်လွှဲမရိုက်မိခင်ဆံပင်ရွှေရောင်ရှိအမျိုးသား၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ဂွက်

"အား"

အရိုးကွဲအက်သံနှင့် အော်သံများ ထွက်ပေါ်လာသည်။

အခန်းထဲရှိလူများက အချိန်မီ မတုံ့ပြန်နိုင်လောက်အောင် အဖြစ်အပျက်ကမြန်ဆန်လွန်းသည်။

ဆံပင်ရွှေရောင်ရှိအမျိုးသားလက်ကောက်ဝတ်သည် ရှီရန်ကြောင့်ကျိုးသွားသည်။

လောင်ဖန်း၏မျက်လုံး ပွင့်လာသည်။

ထိုအမျိုးသမီးသည် မျက်နှာဖုံးတပ်ထားကာ ဝင်ရောက်လာသော်လည်း သူသည် သူမကို မှတ်မိနေသေးသည်။

ထိုအချိန်တွင် ရှီရန်သည် သေမင်းတမန်ကဲ့သို့ ဆံပင်ရွှေရောင်ရှိလူ၏ကော်လံကို ဆုပ်ကိုင်ထားသည်။

ထို့နောက် သူမသည် ကောက်ကျစ်သောအပြုံးကို ပြုံးလိုက်သည်။

ထို့နောက် သူမသည် သူ့ကော်လာကို အောက်ဘက်သို့ ဆွဲကာ သူမ ခြေထောက်အသုံးပြုပြီး သူ့ကိုခြေချော်သွားအောင် ပြုလုပ်ကာ ကော်လာကိုလွှတ်ချလိုက်သည်။

ထို့ကြောင့် ဆံပင်ရွှေရောင်ရှိအမျိုးသားသည် ကြမ်းပြင်ပေါ်သို့ လဲကျကာ ကွဲနေသောဖန်စများ အပေါ်ပြုတ်ကျ၍ သူ့အသားများ ပေါက်ပြဲသွားသည်။

ကျယ်လောင်သောအော်ဟစ်သံများကို အဆောက်အအုံတစ်ခုလုံးတွင် ကြားနေရသည်။

သို့သော် အခန်းထဲရှိ​လေထုက တိတ်ဆိတ်နေသည်။

လူအားလုံး၏မျက်လုံးများသည် လူတစ်ဦးအပေါ်၌သာရှိနေသည်။

ရောင်စုံမီးလုံးကြီးသည် လင်းလက်တောက်ပနေဆဲဖြစ်ပြီး သူမ၏အညိုရင့်ရောင်မျက်ဆံကို ရောင်ပြန်ဟပ်နေကာ သူမမျက်လုံးများက ပို၍အေးစက်နေပုံပေါ်သည်။

ဆံပင်ရွှေရောင်ရှိအမျိုးသားသည် နာကျင်စွာ အော်ဟစ်နေချိန်တွင် ရှီရန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုလူရှေ့တွင် ထိုင်ချလိုက်လေသည်။

ထိုလူက မော့ကြည့်လိုက်သောအခါ သူ့မျက်လုံးက ခံစားချက်ဗလာဖြစ်​နေသည်။

ဒါပေမယ့် သူမ မျက်လုံးကို သူစိုက်ကြည့်နေသသည်ဟု သူမ ခံစားရဆဲဖြစ်သည်။

"တောင်းပန်ပါတယ် ကျူးလီ။ ငါ နင့်ကို ပြသနာထဲဆွဲထည့်မိပြီ"

ကျူးလီသည် Jade Hunter နိုက်ကလပ်၏ ထိပ်တန်းအမျိုးသားဖြစ်သည်။

ယခင်က ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် အပတ်တိုင်းလိုလို Jade Hunter ထံသို့ ရောက်ရှိလာပြီး အကြိမ်တိုင်း ဧည့်ခံသူအဖြစ် ကျူးလီကို ရွေးချယ်ခဲ့သည်။

ကျူးလီသည် စကားနည်းသောလူချောတစ်ယောက်ဖြစ်သည်။

မူလပိုင်ရှင်ရောက်လာတိုင်း ထိုလူချောက သူမကို မပြုံးပြပေ။ သူ့ကြည့်ရသည်မှာ ထုံကျင်နေသဖြင့် ခံစားချက်လုံးဝမရှိပုံပေါ်သည်။

အခြားတစ်ဖက်တွင် လောင်ဖန်းသည် ရှီဝန်ဖေး၏အမာခံပရိသတ်တစ်ဦးဖြစ်သည်။

ဤခန္ဓာကိုယ်၏မူလပိုင်ရှင်အား အနိုင်ကျင့်ရန် သူ့အား ရှီဝန်ဖေးမှ အမြဲတမ်း ညွှန်ကြားခဲ့သည်။

ယခုတစ်ကြိမ်တွင် လောင်ဖန်းသည် အသံဖိုင်ကြောင့် သူမကို ဒုက္ခလာရှာနေခြင်းဖြစ်သည်။

သူ ကျူးလီကို ဆွဲထည့်ရန် သူမ မမျှော်လင့်ထားပေ။

ကျူးလီကို သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်နှင့် သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ခံစားချက်များကြောင့် စိတ်ထိခိုက်သွားသည်။ သူမ နှလုံးသား နာကျင်လွန်းလို့ အသက်ရှူမဝတော့ပေ။

"ခဏစောင့်ပေးဦး" ရှီရန်က တိုးတိုးလေးပြောသည်။

ကျူးလီထံမှ စကားတစ်ခွန်းမှထွက်မလာ​ပေ။

သူမ ထလာပြီး ဆံပင်ရွှေရောင်ရှိအမျိုးသား ပြုတ်ကျထားခဲ့​သောခါးပတ်ကို ကောက်ကိုင်လိုက်သည်။

သူမ၏စူးစူးရှရှအကြည့်များက ရှိနေသူအားလုံးအ​ပေါ်ကို ဖြတ်သန်းသွားသည်။

သူမလက်ကို မြှောက်လိုက်သည်နှင့် ခါးပတ်က ဓားကဲ့သို့ လေကိုဖြတ်သန်းသွားသည်။

"ဖြန်း"

"အား"

ဆံပင်ရွှေရောင်ရှိအမျိုးသားက နာကျင်စွာ တွန့်လိမ်နေသည်။

ခါးပတ်ဖြင့် သူ့ကို ဆက်ရိုက်နှက်သည်။ နာကျင်မှုကြောင့် မြေပြင်ပေါ် လှိမ့်ချလိုက်သဖြင့် မှန်ကွဲစများက သူ့ဗိုက်အသားကို ပိုစူးဝင်သွားသည်။

နာကျင်စွာနဲ့ အံ့အားသင့်နေသောသူ့သူငယ်ချင်းကို ကြည့်သည်။

"ဘာကိုစောင့်နေကြတာလဲ။ ဒီခွေးမကို ဖမ်းကြစမ်း။ ယောက်ျားတစ်စုက မိန်းမတစ်ယောက်ကိုတောင်အနိုင်မတိုက်နိုင်ဘူးလား"

ထိုမှသာ အခန်းထဲရှိလူများ နိုးကြားလာသည်။

"ရှီရန်၊ မင်း သေမင်းကို တကယ်လာရှာဖို့ ငါ မမျှော်လင့်ထားဘူး။"  သူ့လူအ​ရေအတွက်က ပိုများသဖြင့် လောင်ဖန်းယုံကြည်ချက် မြင့်တက်လာသည်။

"ငါမလာရင် နင့်ကို ငါဘယ်လိုသတ်လို့ရမှာလဲ"
သူမ၏လေသံက အေးစက်နေသည်။ "နင်က   သူတစ်ပါးဖိနပ်​ပြေးယက်ရတာကို အရမ်းကြိုက်တာဆို​တော့ နောက်ဘဝမှာ လူသားတစ်ယောက် ဖြစ်မလာစေနဲ့။"

ရှီရန်က ခါးပတ်ကို လွှဲယမ်းလိုက်ပြန်သည်။

လောင်ဖန်း၏မျက်နှာသည် တွန့်သွားသည်။ "ဒီကောင်မ ကို ရ​အောင်ဖမ်း။ ဒါဆို ဒီကောင်မမျိုးကို ငါတို့အချိန်ကောင်းလေးပေးနိုင်မှာ​ပေါ့"

"သေချာတာပေါ့"

သီးသန့်အခန်းထဲရှိ အခြားအမျိုးသားများ၏ စူးစူးဝါးဝါးအကြည့်များက ရှီရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ သူတို့သည် စိတ်ပျက်စရာ​ကောင်းစွာ ပြုံးပြပြီး သူမထံ ခြေလှမ်း လှမ်းလာကြသည်။

ရှီရန်သည် မျက်လုံးကို ကျဥ်းလိုက်ကာလှောင်ရယ်လိုက်သည်။

သူတို့ကိုယ်သူတို့ ဘယ်လောက်တောင် အထင်ကြီး​နေကြတာလဲ။

သူမ ရှေ့ကို တိုးလာသည်။

...

ဂျီဝမ်ဖုန်းသည် ကားသော့ကို လက်ညိုးဖြင့် လှည့်နေသည်။ ဗီအိုင်ဗီအခန်းနံပါတ်၄ကို ဖြတ်လျှောက်သွားသောအခါတွင် အထဲကအော်သံကိုကြားရသည်။

သူသည် သူ့ခြေလမ်းကို ရပ်လိုက်သော်လည်း ခဏအကြာတွင် ၎င်းကို သိပ်ပြီး စိတ်ထဲမထား​ပေ။

Jade Hunter သို့ရောက်လာသောဧည့်သည် အများအပြားကို ဆက်ဆံရန်မလွယ်ကူလှပေ။

ဧည်ခံသူများသည် စိတ်ရောဂါဝေဒနာများနှင့်ကြုံတွေ့ရသောအခါတွင် ရိုက်နှက်ခံရလေ့ရှိသည်။

Jade Hunter က ထိုကဲ့သို့ဝန်ဆောင်မှုများပေးသဖြင့် အော်သံများထွက်လာသည်မှာအံ့သြစရာမရှိပေ။

သူ ထိုအခန်းကိုကျော်ဖြတ်ပြီး အခန်းနံပါတ် ၃တံခါးကို တွန်းဖွင့်လိုက်သည်။

"မင်း ဒီကိုရောက်ဖို့ အ​တော်အချိန်ယူခဲ့တာပဲ။  ရှီရန်ဘယ်မှာလဲ၊ မင်း သူ့ကို ဒီကို ခေါ်လာတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား။"

ဂျီဝမ်ဖုန်းတစ်ယောက်တည်းလာသည်ကို မြင်သောအခါ ကျူးယို့ဟန်က စပ်စုပြီး မေးလိုက်သည်။

"သူမ ငါ့ကို ထားသွားခဲ့တာ။" ဂျီဝမ်ဖုန်းက စားပွဲပေါ်ရှိ ဝိုင်ကို ကောက်ယူပြီး တစ်ကျိုက်တည်းမော့ချလိုက်သည်။

သူက စားပွဲပေါ်မှ ဝိုင်ခွက်ကိုချလိုက်ပြီး ကျူးယို့ဟန်ကို ကြည့်လိုက်သည်။ "မင်းဘာလို့ ဒီကိုရုတ်တရက်ရောက်နေတာလဲ။ မင်းတို့ထဲက ဘယ်သူက ဒီလိုဝန်ဆောင်မှုမျိုးကိုကြိုက်တာလဲ။"

ကျူးယို့ဟန်သည် ဆိုဖာအလယ်တွင် ပျင်းရိငြီးငွေ့စွာ အရက်သောက်နေသော အမျိုးသားကို တိတ်တဆိတ်လှည့်ကြည့်လိုက်သည်။

ချူးကျင်းချန်းသည် အပြာရောင်အစင်း​ကြောင်းပါ​သောရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်အစနားကို ခေါက်တင်ထားသည်။ အမှောင်ထဲမှာ သူက အိပ်မောကျနေသောကျားသစ်တစ်ကောင်လို ဖြစ်နေသည်။

ဂျီဝမ်ဖုန်းအံ့အားသင့်သွားသော်လည်း ထပ်မံတောင်းဆိုကာ မ​မေးချင်တော့ပေ။

"ရှီရန်က ဘာလို့ ဒီကိုလာတာလဲ။ ဒါမှမဟုတ် မင်း သူမကို ဒီကို လာပို့တာလား။ ဘာဖြစ်လို့လဲ" ကျူးယို့ဟန် က ဆက်မေးသည်။

"ဘာလို့ ငါ့အနုပညာရှင်ကို မင်း အရမ်းအာရုံစိုက်နေရတာလဲ"

ဂျီဝမ်ဖုန်းသည် ကျူးယို့ဟန်ကို သတိထားကာ ကြည့်လိုက်သည်။

ကျူးယို့ဟန် ဆွံအသွားသည်။ "မင်းရဲ့ အနုပညာရှင်၊ ဘာကိုဆိုလိုတာလဲကွ။ သူမက ငါ့ရဲ့ အနုပညာရှင်ပဲလေ၊ ဟုတ်ပြီလား။ သူဌေးက သူ့အနုပညာရှင်ကို ဂရုစိုက်တာက ထူးဆန်းနေလို့လား"

"ဒါ့အပြင် ငါတစ်​ယောက်တည်းကဘဲ သိချင်နေတာ မဟုတ်ဘူး" ကျူးယို့ဟန်သည် ချူးကျင်းချန်းကို မျက်စောင်းထိုးကြည့်လိုက်သည်။

ချူးကျင်းချန်းသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူသည် စကားမပြောသော်လည်း သူ၏အားပြင်းသောအရှိန်အဝါကြောင့် သူ့တည်ရှိမှုကို လျစ်လျူရှုရန် မဖြစ်နိုင်ပေ။

ဂျီဝမ်ဖုန်း နှင့် ကျူးယို့ဟန် တို့သည် အကြည့်ချင်းဖလှယ်ကြသည်။

ခဏအကြာတွင် သူက “သူမ ဒီကိုလာတာအ​ပျော်လာရှာတာမဟုတ်ဘူးလို့ ပြောတယ်။ အရေးတကြီးလုပ်စရာ ရှိတယ်လို့ ငါထင်တာပဲ"

"အရေးတကြီးကိစ္စလား?" ကျူးယို့ဟန်က မေးစေ့ကို ပွတ်လိုက်သည်။

သူ့ဦးနှောက်က စိတ်လှုပ်ရှားမှုဖြင့်ဆောင့်တက်သွားပြီး လက်ခုပ်တီးလိုက်သည်။ "အခုမှ မှတ်မိတယ် Jade Hunter မှာချစ်သူဟောင်း ရှိနေတယ်လို့ ရှီရန်ရဲ့အချက်အလက်မှာဖော်ပြထားတယ်မဟုတ်ဘူးလား။"

"ရည်းစားဟောင်းလား?" ဂျီဝမ်ဖုန်းအံ့ဩသွားသည်။

သူဖတ်ရသောအချက်အလက်ထဲမှာ ရည်းစားဟောင်းအကြောင်း ဖော်ပြထားခြင်း မရှိပေ။

"ရှီရန်က Jade Hunter ကို အပတ်တိုင်း လာပြီး တူညီတဲ့ဧည့်ခံသူတစ်​ယောက်ကိုပဲ ရွေးချယ်တယ်။ သူက ကျူးလီလို့ ထင်တာပဲ။
သူက ရည်းစားဟောင်းပဲ"

ထို့​နောက် ကျူးယို့ဟန်က ချူးကျင်းချန်းကို တစ်ဖန်ပြန်ကြည့်သည်။ "မင်းက ငါ့ကို သတင်းအချက်အလက်စာစောင်ပေးတဲ့သူပဲ ဟုတ်တယ်မလား"

"အင်း" ချူးကျင်းချန်းဆိုလိုပုံက မရှင်းမလင်းဖြစ်​နေသည်။

ကျူးယို့ဟန်က ကလပ်မန်နေဂျာကို ချက်ချင်းခေါ်လိုက်သည်။

"ကျွန်တော် အခုပဲ ထိပ်တန်းဧည်ခံသူကျူးလီကို လိုချင်တယ်" ဟု ကျူးယို့ဟန်က တိုက်ရိုက်ပြောလိုက်သည်။