၁၀
Viewers 130

Weibo မှ အင်တာနက်အသုံးပြုသူတစ်ဦးသည် ထိုဗီဒီယိုအစအဆုံးကို အွန်လိုင်းပေါ်တွင် တင်ခဲ့သည်။

တံခါးဝတွင် ရှီရန်ရောက်လာသည်မှစ၍ ထွက်သွားချိန်အထိ စုစုပေါင်း နာရီဝက်အတွင်း ဖြစ်ပျက်ခဲ့သည်ကို ပြသထားသည်။

[ဒါက အခြေအနေ လုံးဝပြောင်းပြန်ဖြစ်သွားတာပဲ။]

[ဒီနေ့ရဲ့ထိပ်ဆုံးရှာဖွေမှုစာရင်းက ရှီရန်နှင့် ရှီဝန်​ဖေး ကလွှမ်းမိုးထားတာပေါ့။]

[ဒီလုံခြုံရေးအစောင့်က အရမ်းရွံ့ဖို့​ကောင်းတယ်။ သူအကန်ခံရတာ​တောင် နည်း​သေးတယ်။]

[ရှီရန်ရဲ့ ကန်ချက်က အရမ်းမိုက်တယ်လို့ထင်နေတဲ့သူက ငါတစ်ယောက်တည်းလား။ အရမ်းမိုက်တဲ့မမ ကျေးဇူးပြုပြီး ကျွန်မကိုလည်း အခွင့်အရေးပေးပါ။]

[တံခါးမှာ အဝတ်တွေ ဘာ့ကြောင့် စုပုံနေတာလဲလို့ ငါတွေးနေမိတာ။ ရှီမိသားစုက အဝတ်အစားတွေကို တံခါးဝမှာ ပစ်ထားတာပဲ။]

[ ရိုးရိုးသားသားပြောရရင် ရှီရန်က တကယ်အပြစ်ကင်းတယ်လို့ ငါထင်တယ်။ မွေးစားခံရကတည်းက သူမမှာ ဆုံးဖြတ်ချက်တွေချပိုင်ခွင့်မရှိတော့ဘူး။ ဒါ့အပြင် သမီးအရင်းပြန်လာတဲ့အခါမှာ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုအားလုံးကို သူမဆီက​နေရုတ်တရက် လုယူသွားတာကြောင့် သူမ ဘယ်လိုခံစားရမယ်ဆိုတာကို ငါ နားလည်ပေးနိုင်တယ်။]

[နင် ဘာလို့ ဒီမိန်းမကို ချစ်နေသေးတာလဲ။ ရှီရန်ရဲ့မိုက်မဲမှုတွေကို နင့်ကို သတိထပ်ပေးဖို့လိုအပ်နေတာလား။]

[ဒီကိစ္စရဲ့အမှန်တရားက ဘာပဲဖြစ်​နေပါ​စေ အရင်ဗီဒီယိုက တမင်တည်းဖြတ်ထားတာ။
အဲ့ဒါရဲ့ရည်ရွယ်ချက်က ရှီရန်ကို အသရေဖျက်မလို့ဆိုတာ အထင်အရှားပဲ။]

[ဗီဒီယိုကို တည်းဖြတ်ထားတဲ့သူကိုတော့ ရှီဝန်​ဖေးက ခိုင်းထားတာမဟုတ်ဘူးမလား။]

ရှီရန်က ကျောကိုဆန့်လိုက်သည်။

မနက်အိပ်ရာထကတည်းကပင် သူမ၏ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေခဲ့သည်။

မနေ့ညက ပြန်ရောက်ပြီးကတည်းကပင် သူမသည် ရှီမိသားစု၏ လုံခြုံရေးစနစ်သို့ ခိုးဝင်ရောက်ခဲ့သဖြင့် ဗီဒီယိုအပြည့်အစုံကို ရရှိခဲ့သည်။

ရှီမိသားစုသည် ယင်းပြဿနာကို အမှန်တကယ်ချပြရန် သူမ မမျှော်လင့်ထားသောကြောင့် ထိုဗီဒီယိုကို နဂိုတည်းကပင် ကြိုတင်ကာကွယ်မှုအဖြစ်အတွက်သာ ယူထားခဲ့ခြင်းဖြစ်သည်။

သူမ စားပွဲပေါ်မှ ရေတစ်ခွက်ကို ကောက်ယူပြီး ထကာ မီးဖိုချောင်ဘက်သို့ ဦးတည်သွားသည်။

ယခု သူမသည် စတုရန်းပေရှစ်ဆယ်ခန့်ရှိသော တိုက်ခန်းတွင် နေထိုင်သည်။

သူမ၏အဘိုးက ဤတိုက်ခန်းကို သူမအသက်နှစ်ဆယ်ပြည့်မွေးနေ့မှာ မွေး​နေ့လက်​ဆောင်ပေးခဲ့သည်။

မူလပိုင်ရှင်သည် ဤနေရာတွင် တစ်ကြိမ်မျှ မနေခဲ့ဖူးကာ ရှီလင်မယားကလည်း ဤအကြောင်းကို မသိခဲ့ပေ။

ရှီရန်သည် ရေအနည်းငယ်လောင်းထည့်ပြီးနောက် စာဖတ်ခန်းထဲသို့ ပြန်သွားလိုက်သည်။

ရှီဝန်​ဖေး ဘက်ကလည်း တုံ့ပြန်လာသည်။

သူမကိုယ်သူမ အဖတ်ဆယ်ကယ်တင်ရန်အတွက် သူမကိုမုန်းတီး​နေ​သောပရိသတ်များအ​ပေါ်၌သာ အပြစ်ပုံချထား​ပေသည်။

ရှီဝန်​ဖေး၏ပရိသတ်များသည်လည်း ကောင်းစွာလေ့ကျင့်ခံထားရသူများပီပီ  အ​ခြေအ​နေတည်ငြိမ်စေရန် စတင်လုပ်​ဆောင်လာကြသည်။

ရှီရန်သည် ၎င်းကို နှစ်ကြိမ်လောက်အသေအချာဖတ်ပြီး သူမ၏နှုတ်ခမ်းကို အထင်အမြင်သေးစွာဖြင့် တွန့်လိုက်သည်။ "ငတုံးတွေ။"

ထို့နောက် မျက်နှာပြင်ညာဘက်အောက်ထောင့်ရှိ ပင်ကွင်းသင်္ကေတသည် အကြိမ်အနည်းငယ် မှိတ်တုပ်မှိတ်တုပ်ဖြစ်သွားသည်။

ထိုအသိပေးချက်သည် ရှီရန်၏အသစ်မှတ်ပုံတင်ထားသောအကောင့်မှဖြစ်သည်။

[ဒစ္စကိုသ​ဘောကျသူ]- အစ်ကို ပြောထားတဲ့အတိုင်း ကျွန်​တော်​​ဖြေရှင်းပြီးပါပြီ။ အဲ့ဒီဖိုင်ကို အခုဖျက်ပေးနိုင်မလား။

ဤလူသည် Weibo မှာ ရှီရန်ကို ချောက်ချရန်လာဘ်ထိုးခံခဲ့ရသူဖြစ်သည်။

ထိုအချိန်တွင် ရှီရန်သည် သူ၏ကွန်ပြူတာအတွင်းသို့ ဟက်ကာဝင်ရောက်၍ ဖိုင်တစ်ခုကို ရယူခဲ့သည်။

၎င်းသည် အမျိုးသားတစ်ဦးသည် မိန်းကလေးမျိုးစုံကို မုဒိမ်းကျင့်သည့် ဗီဒီယိုဖိုင်ဖြစ်သည်။ ဤဗီဒီယိုပုံစံကဲ့သို့ ငါးဆယ်ကျော်ဖိုင်အထိရှိသည်။

ရှီရန်သည် အထင်​သေးစွာဖြင့် သူ့ကို ဘ​လော့လိုက်သည်။

ထို့နောက် သူမသည် သူမ၏အီးမေးလ်ကို ဖွင့်ကာ ဖိုင်နှင့်အတူသတင်းအချက်အလက်များ အားလုံးကို ရဲထံ အမည်ဝှက်ဖြင့် ပေးပို့လိုက်သည်။

ဥပဒေကို ချိုးဖောက်လျှင် ပေးဆပ်ရ​ပေမည်။

......

KT အဖွဲ့၏ဥက္ကဌရုံးခန်း

"သတင်းထူးပါတယ်​ သတင်းထူး!" ကျူးယို့ဟန်သည် ချူးကျင်းချန်း၏ရုံးခန်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်လာသည်။

ချူးကျင်းချန်းသည် သူ၏ချောမောသောမျက်နှာပေါ်တွင် ရွှေရောင်မျက်မှန်တစ်လက်ဖြင့် စာရွက်စာတမ်းကိုကြည့်​နေသည်က​နေ သူ့ကို မော့ကြည့်လိုက်သည်။

သူ၏အဖြူရောင်အင်္ကျီ၏အပေါ်ပိုင်း ကြယ်သီးကို ဖြုတ်ထား၍ သူ့ညှပ်ရိုးပေါ်နေသည်။

သူ့မျက်နှာပေါ်က အပြုံးက ကျယ်ပြန့်လာသည်။ "စတားမြို့​တော်အေဂျင်စီ ပိတ်လိုက်ရပြီလား?"

ကျူးယို့ဟန် စကားမပြောနိုင်ဖြစ်သွားသည်။

အားထုတ်မှုမရှိတာ​ကြောင့် ငါ့ကို လှောင်ချင်ရင်တောင် လှောင်ချင်စရာကြီးလို့​တိုက်ရိုက်ပြောရင်လည်းရတာကို  ငါ့ကုမ္ပဏီ ပြိုကွဲသွားတယ်လို့ ဘာလို့ပြောရတာလဲ။

ကြမ်းတမ်းလိုက်တဲ့လျှာ

ကျူးယို့ဟန်သည် ချူးကျင်းချန်း၏ဆန့်ကျင်ဘက်ရှိကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။

"ငါမင်းကိုပြောပါတယ်။ ​​ဒီမနက်က အံ့မခန်းပဲ။ အင်တာနက်သုံးပြီးရန်ဖြစ်ရတာ ဘာကိုဆိုလိုတာလဲဆိုတာကို ငါ သိလိုက်ပြီ။"

ချူးကျင်းချန်း စာဖိုင်ကိုပိတ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။

ဤသို့ရိုးရှင်းသောလုပ်ရပ်တစ်ခုကတောင် သူ့ဆွဲ​ဆောင်မှုကို တိုးစေသည်။

ချူးကျင်းချန်း နှင့် နှစ်ပေါင်းများစွာသိကျွမ်းလာသော ကျူးယို့ဟန်ပင်လျှင် ဤမျက်နှာကို ခုခံရန်ခက်ခဲလှ​ပေသည်။

"အဟမ်း" ကျူးယို့ဟန်က ချောင်းဆိုးပြီး အဝေးကို အနည်းငယ်လှမ်းကြည့်လိုက်သည်။

ထို့နောက် မနက်ခင်းWeibo မှာ ရှီရန် နှင့် ရှီဝန်​ဖေးတို့၏တိုက်ပွဲအ​ကြောင်းကို အ​သေးစိတ်ပြန်ပြောပြသည်။

ထို့နောက် အဆုံးသတ်တွင် သူက "ရှီရန်ကို ဒီလိုအကွက်မျိုးရွှေ့မယ်လို့ဘယ်တုန်းကမှ ငါ မမျှော်လင့်ထားဘူး။ မဟုတ်ဘူး၊ အကွက်အများကြီးရွှေ့တယ်လို့ ငါ ပြောသင့်တယ်။ ဒါက တကယ်ကိုအံ့သြစရာပဲ"

ချူးကျင်းချန်း၏မျက်လုံးထဲတွင် စိတ်ဝင်စားမှုပြည့်နှက်​နေကာ သူ၏စားပွဲပေါ်ကိုလက်ညိုးဖြင့် ခေါက်နေသည်။

"ဒါပေမယ့် ဒါက အရမ်းထူးဆန်းတယ်။ အစကနေအဆုံးထိ ရှီရန်လုပ်ခဲ့တာဆိုလို့ ရဲကို ခေါ်ထားတာကိုကြေငြာလိုက်တာပဲရှိတယ်"

အဆိုပါအမျိုးသား၏ထုတ်ပြန်ချက်ကို ပြောင်းလဲပြီးနောက်တွင် အေးဂျင့်ကို ဖမ်းဆီးခြင်းခံရသည်နှင့် စောင့်ကြည့်ကင်မရာမှတ်တမ်းများပေါ်ထွက်လာသည့်အပိုင်းများသည် သူမကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ။ သို့​သော် ထိုအရာကို တိုက်ဆိုင်မှုလို့ ခေါ်ရန် အဖြစ်အပျက်များက တိုက်ဆိုင်လွန်း​နေသည်။

ကျူးယို့ဟန်က စကားပြောနေရင်း ချူးကျင်းချန်းကို ကြည့်လိုက်သည်။ "မင်း ရှီရန်အ​ကြောင်းကို စုံစမ်းဖို့ တစ်ယောက်ယောက်ကိုခိုင်းထားတယ်မလား။ အ​ခြေအ​နေဘယ်လိုလဲ"

ချူးကျင်းချန်းသည် သူ့ဘေးနားရှိ စာရွက်စာတမ်းအမြောက်အများထဲမှ စာဖိုင်တစ်ဖိုင်ကို ထုတ်ကာ ကျူးယို့ဟန်ရှေ့သို့ ပစ်ချလိုက်သည်။

ကျူးယို့ဟန်က စူးစမ်းလိုစိတ်ဖြင့် လှန်ကြည့်လိုက်သည်။

သတင်းအချက်အလက်၏အကြောင်းအရာသည် ရိုးရှင်းသည်။ မိနစ်အနည်းငယ်အကြာတွင် ကျူးယို့ဟန်က စာဖိုင်ကို ပိတ်လိုက်သည်။

"ထူးဆန်းလိုက်တာ။"

၎င်းသည် စာဖိုင်ကို ဖတ်ပြီးနောက် ကျူးယို့ဟန်၏ပထမဆုံးတွေးမိ​သောအတွေးဖြစ်သည်။

"မိုက်မဲတဲ့သူတစ်ယောက်က ရုတ်တရက် ဘယ်လိုဉာဏ်ကောင်းလာတာလဲ။ သူမက  အရမ်းမြန်နေတယ်။ သူမ နောက်မှာ ပုန်းနေတဲ့ဟက်ကာနဲ့ သက်ဆိုင်တယ်လို့ ငါထင်တယ်။"

"ဒီတိုက်ဆိုင်မှုတွေလို့လူတိုင်းက ယူဆထားတဲ့အရာ​တွေက ဒီဟက်ကာရဲ့လုပ်ရပ်ပဲဖြစ်မယ်။"

"ငါ့ကို စိတ်ရှုပ်စေတာ တစ်ခုရှိတယ်။ ဘာကြောင့် ဗီဒီယိုကို ထုတ်ပြမယ့်အစား ရှစ်သန်းတောင်းရတာလဲ"

"အခုဖြစ်ပျက်​နေတဲ့အရာ​တွေထက် အဲ့ဒီဗီဒီယိုကို ကြည့်ရင် မင်း အ​​ဖြေရှာရတာအများကြီး ပိုလွယ်လိမ့်မယ်"

ချူးကျင်းချန်းက သူ့မေးစေ့ကိုထောက်ကာ ကျူးယို့ဟန်ကို စောင့်ရင်း ဖြည်းညင်းစွာ မေးသည် "ရှီရန်ရဲ့စာချုပ်အတွက် ရပ်စဲကြေးကဘယ်လောက်လဲ"

"ရှစ်သန်း..." ထိုအခါ ကျူးယို့ဟန်ဉာဏ်အလင်းရသွားပေသည်။ "မင်းဆိုလိုတာက သူမ စာချုပ်ဖျက်ဖို့အတွက် ဒီလိုမျိုးလုပ်ခဲ့တာပေါ့။"

ယခုတော့ အားလုံးက အဓိပ္ပါယ်ရှိသွားပြီဖြစ်သည်။

ရှီရန်က ဘာကြောင့် ဗီဒီယိုကို ချက်ချင်း မထုတ်ပြခဲ့တာလဲဟု သူ သိချင်နေခဲ့သည်။ ကျုံးယူဖန်၏ကုမ္ပဏီနှင့် စာချုပ်ဖျက်ရန် သူတို့သည် ရှစ်သန်းကို အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။

"ဒါဆို ကျုံးယူဖန်က သူ့ဘယ်ဘက်အိတ်ကပ်ထဲကပိုက်ဆံကို ညာဘက်အိတ်ထဲကို ထည့်လိုက်တာဖြစ်သွားမှာမဟုတ်ဘူးလား?" ကျူးယို့ဟန်ကျေနပ်သွားပေသည်။

သို့​သော် မကြာခင်မှာပဲ သူ့မှာ တခြားအကြံဥာဏ်များရလာသည်။

"ငါ ရှီရန်ကို ဘာလို့ စာချုပ်ချုပ်ဖို့မချဥ်းကပ်မိတာလဲ။ ရှီရန်ရဲ့ရုပ်ရည်နဲ့ကိုယ်လုံးကိုယ်ပေါက်က ဒီနယ်ပယ်အတွက် ကွက်တိပဲ​လေ။ သူမ ငယ်ငယ်ကတည်းက မမိုက်မဲခဲ့ဘူးဆိုရင် အခု မင်းမိသားစုမှာအဲဒီသူထက်တောင် ပိုနာမည်ကြီးနိုင်တယ်။"

သူစကားပြောနေစဉ် ကျူးယို့ဟန်သည် ချူးကျင်းချန်းကို နောက်ပြောင်သလို မျက်လုံးတစ်ဖက် မှိတ်ပြသည်။

"အိုး?" ချူးကျင်းချန်းက ကျူးယို့ဟန်နဲ့အကြည့်ချင်းစုံရင်း လှောင်ပြုံးပြုံးပြသည်။

ကျူးယို့ဟန်တုန်လှုပ်သွားပြီး ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်။ "ငါ နောက်နေတာပါ။ နောက်နေတာနော်။"

"မင်း ကြိုးစားကြည့်လို့ရတယ်။"ချူးကျင်းချန်း သည် သူ့လက်ထဲတွင် အနက်ရောင်ဖောင်တိန်ကို လှည့်ပတ်လိုက်သည်။

အနက်ရောင်ဖောင်တိန်က သူ၏လှပ​သောလက်ဆစ်များကို ကျောက်စိမ်းကဲ့သို့ဖြူဖွေး​နေအောင် ပံ့ပိုး​ပေးနေသည်။

ကျူးယို့ဟန်၏တုံ့ပြန်မှုသည် သုံးဆ​လောက်နှေးကွေးသွားသည်။ "မင်းဆိုလိုတာက ရှီရန်ကို ငါတို့ ချဥ်းကပ်ဖို့ကြိုးစားလို့ရတယ်​ပေါ့"

"အင်း" ချူးကျင်းချန်းက စိတ်ရှည်ရှည်နဲ့ ပြန်ဖြေသည်။

"ဟီးဟီး" ကျူးယို့ဟန်သည် လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး ချူးကျင်းချန်း၏ လည်ပင်းတွင် အမှတ်အသားကို စိုက်ကြည့်လိုက်သည်။ "အချိန်တန်ရင် ယု​ဖေးနဲ့ ရှီရန်တို့က ကုမ္ပဏီတစ်ခုထဲမှာရှိလာမှာ။ အချစ်သစ်နဲ့ အချစ်ဟောင်း..."

"ကြည့်ရတာ စတားမြို့​တော်ကပိတ်တော့မယ်ထင်တယ်။" ချူးကျင်းချန်းက သူ့ထိုင်ခုံကို နောက်ပြန်မှီပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

"မလုပ်ပါနဲ့၊ ငါက စနေတာပါ။"ကျူးယို့ဟန်က ချက်ချင်းအသနားခံကာ တောင်းပန်လိုက်သည်။

ထိုအချိန်တွင် လက်ထောက်သည် အဖြူရောင်လက်​ဆောင်အိတ်ကို ကိုင်ဆောင်ကာ တံခါးခေါက်ပြီးဝင်လာသည်။

"တတိယသခင်​လေး၊ မိန်းက​လေးတစ်ယောက်က ဒါကို ရုံး​​ရှေ့စားပွဲခုံမှာ ထားခဲ့ပြီး ဒါက သခင်​လေးရဲ့ဝတ်စုံလို့ ပြောပါတယ်။ ဒါက သခင်​လေးကိုယ်တိုင်းအတိုင်း Ottavioချုပ်​ပေးထားတဲ့  ပေါ့ပေါ့ပါးပါးဝတ်စုံသုံးမျိုးထဲကတစ်ခု အစစ်အမှန်ဖြစ်ကြောင်းကို ကျွန်​တော်အတည်ပြုပြီးပါပြီ။"

Ottavio ဟူသော စကားလုံးကို ကြားသည့်နှင့် ကျူးယို့ဟန်သည် တိုက်ရိုက်အင်တာဗျူးတွင်  ရှီရန်ဝတ်ထားသည့် ရှပ်အင်္ကျီကို ချက်ခြင်း တွေးမိသည်။

သူသည် အလွန်သိချင်နေသော်လည်း ချူးကျင်းချန်း၏ရှေ့တွင် မဆင်မခြင် မပြုမူဝံ့ပေ။

ချူးကျင်းချန်း လက်ဆောင်အိတ်ကို ဖြည်းညှင်းစွာယူသွားသည်ကိုသာ သူစောင့်ကြည့်နေခဲ့သည်။

ထို့နောက် သူ အဖြူရောင်ကတ်ပြားကို ထုတ်ယူလိုက်သည်။

ကျူးယို့ဟန်ချက်ချင်းလှမ်းကြည့်လိုက်သောအခါတွင် အဖြူရောင်ကတ်ပေါ်မှာ အနက်ရောင်မှင်ဖြင့်ရေးထားသော "ကျေးဇူးတင်ပါတယ်" ဆိုသောစကားလုံးကို တွေ့လိုက်ရသည်။

မှင်ဆွဲချက်များသည် မဲနက်ပြီး အားကောင်းလှသောကြောင့် စကားလုံးများကို ခမ်းနားထည်ဝါပုံ​ပေါ်စေသည်။

"ရှီရန်က ဒီစာကို ပို့ခဲ့တာလား။ သူမ ဒီလောက်လှပအောင် ရေးနိုင်မယ်လို့ မထင်ထားဘူး" ဟု ကျူးယို့ဟန် ချီးကျူးလိုက်သည်။

မျှော်လင့်ထားသလိုမဟုတ်ပဲ ချူးကျင်းချန်းက သာမန်ကာလျှံကာ ကတ်ကို ဖယ်ချထားလိုက်ပြီး "ဒါက ရှီရန်ရဲ့ လက်ရေးမဟုတ်ဘူး" ဟု အသံြသ ြသကြီးဖြင့်ပြောလိုက်သည်။