Viewers 127

ရှီဝန်​ဖေး ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ မျက်မှောင်ကြုတ်ပြီး သူမ၏လက်ထောက်ကို လှမ်းပြောသည်။ "ငါ့ကိုဖုန်းပေးစမ်း!"

သူမ၏Weibo ကိုဖွင့်ပြီး သူမ တင်သည့်အရာကို ချက်ချင်းကြည့်လိုက်သည်။

[ရှီရန်]- ဆေးခတ်ခံရပြီး အသ​ရေအဖျက်ခံရတာ​ကြောင့် ရဲတွေခေါ်ထားပြီးပြီ။ အသံဖိုင်က အစစ်အမှန်ဟုတ်မဟုတ်ကို ရဲတွေက အဆုံးအဖြတ်ပေးလိမ့်မယ်။

ရဲတပ်ဖွဲ့၏အစီရင်ခံစာကို ပူးတွဲတင်ပြထားသည့်ဓာတ်ပုံလည်း ပါရှိပေသည်။

၎င်းသည် ရှီရန်တင်ထားသောစကားလုံးများဖြစ်သည်။

သို့သော်လည်း ပြန်လည်ဝေမျှမှုများနှင့် မှတ်ချက်များအရေအတွက်သည်
ယခင် Weibo ပို့စ်အားလုံးထက် ပိုများနေသည်။

[အခု ရဲတွေ ပါဝင်လာပြီဆို​​တော့ အသံဖိုင်က လိမ်နေတာမဟုတ်နိုင်​တော့ဘူးမလား။]

[ရှီဝန်​ဖေးရဲ့ဘက်ကဆိုရင် အသံဖိုင်က အတုဖြစ်ကြောင်း အခိုင်အမာပြောမှာ​ပေါ့။ မဟုတ်ရင် သူမက တကယ်လိမ်နေတာပါလို့ အင်တာနက်သုံးစွဲသူတွေကို သူမက ပြောနိုင်လို့လား။]

[ဘာပဲဖြစ်ဖြစ် ဖေးဖေးက ဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာ သေချာတယ်။ အခုခေတ်မှာ ရဲတွေကိုဆွဲထည့်ရတာ မကြိုက်တဲ့အနုပညာရှင်တွေ ရှိသေးလို့လား။]

[ဘယ်သူ့ကိုမှ မယုံနဲ့။ သက်သေကိုစောင့်ကြတာ​ပေါ့။]

“ဒီ Weibo ပို့စ်က ငါတို့ပို့စ်ထက် ပိုရေပန်းစားပြီး ထိပ်ဆုံးစာရင်းထဲကိုတောင် ရောက်လာပြီ။” မန်နေဂျာက မျက်မှောင်ကြုတ်လိုက်သည်။

ရှီဝန်​ဖေးသည် မှတ်ချက်များကို ပိုဖတ်လေလေ သူမ စိတ်ပျက်လေလေ ဖြစ်လာသည်။ ထိုမှတ်ချက်များကို ဆက်မဖတ်ရန်ဆုံးဖြတ်ပြီး ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။

မန်နေဂျာက ချက်ချင်းပဲ "ရှီရန်က အခု သူမရဲ့အဆုံးသတ်ကို​မရောက်​သွားအောင် ကြိုးစားနေတာ။ သခင်​လေးကျုံးက ဒီကိစ္စကို ဖြေရှင်းဖို့ သူတို့ရဲ့ လူထုဆက်ဆံရေးအဖွဲ့ကို ခေါ်ထားပြီးသားလေ။" ဟု​ နှစ်သိမ့်​ပေးသည်။

"ဒါ့အပြင် သခင်ကြီးရှီက အရာအားလုံးကို စီစဉ်ပြီးသွားပြီ။ သူမက တစ်ယောက်ထဲပဲဆို​တော့ နင့်ကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ။"

ရှီဝန်​ဖေးသည် ချက်ချင်းပင် ပိုနေကောင်းလာသည်။

"စောင့်ကြည့်လိုက်စမ်း" ဟု မန်နေဂျာက ပြုံးလျက်ပြောသည်။

နာရီဝက်အတွင်း ရှီရန်သည် ထိပ်တန်းရေပန်းစားသောအကြောင်းအရာတစ်ခုဖြစ်လာသည်။

မှတ်ချက်ပေးကြ​သောအင်တာနက်အသုံးပြုသူများ ပိုများလာသော်လည်း ရှီရန်ကို အခိုင်အမာယုံကြည်သူ အနည်းငယ်သာ ရှိသည်။

လူများစွာသည် ရှီဝန်​ဖေး၏ Weibo သို့ ပြေးသွားပြီး သူမကို ရှင်းလင်းပေးရန် တောင်းဆိုကြသည်။

ထိုအချိန်တွင် ခေတ်စားနေသောရှာဖွေမှုစာရင်းသည် ပြန်လည်အသစ်ဖြစ်သွားကာ "ဒစ္စကိုသ​ဘောကျသူ" အမည်ရှိ Weibo အကောင့်သည် ထိပ်ဆုံးသို့​ရောက်လာသည်။

[ဒစ္စကိုသ​ဘောကျသူ]- ကျွန်​တော်က အဲဒီညကဒစ္စကိုမှာ ရှီရန်နဲ့အတူကခဲ့တဲ့သူတစ်​ယောက်ပါ။ ဒီမနက် သူငယ်ချင်းက ကျွန်​တော်ဆေးခတ်ခံရမှုမှာ ကြံရာပါလို့ စွပ်စွဲခံရတယ်လို့ ကျွန်​တော်ကို​ပြောပြတယ်

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက အဲဒီအမျိုးသမီးက ရှီရန်ဆိုတာကို ကျွန်တော် မသိခဲ့ပါဘူး။ သူမသည် ဆွဲ​ဆောင်ပြင်းပြင်းနဲ့ ကခုန်နေခဲ့ပေမဲ့ သေချာပေါက် ဆေးခတ်ခံထားရတာမဟုတ်ပါ။

အ​ပျော်သက်သက်တွဲတာမျိုးက ဒီ​ခေတ်မှာ ပုံမှန်ပါပဲ။ သူမမှာ ခင်ပွန်း​လောင်းရှိမယ်လို့ ကျွန်​တော်မထင်ထားခဲ့ဘူး။ ကျွန်​တော်သာ အဲ့ဒီအ​ကြောင်းကိုသိခဲ့ရင် သူမနဲ့အတူ ဟိုတယ်အခန်း တစ်ခုဌားခဲ့မှာမဟုတ်ဘူး။

အ​ပျော်ကစားရတာက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်​တော့်ရဲ့ကိုယ်ကျင့်တရားအခြေခံအချက်ကို ဘယ်တော့မှ ချိုးဖျက်မှာမဟုတ်ဘူး။"

စာပိုဒ်သည် မရှည်သော်လည်း လှုပ်ခတ်မှုများစွာဖြစ်စေသည်မှာ သေချာသည်။

[အတန်းကိုယ်စားလှယ်ရဲ့အနှစ်ချုပ်- ရှီရန်က ဆေးအခတ်မခံခဲ့ရဘူး။ သူမက ဒီလူကို အရင်ဖြားယောင်းသွေးဆောင်ပြီး သူမရဲ့စေ့စပ်ထားသူကို ဦးထုပ်စိမ်း​​ဆောင်းခိုင်းတာ။ ပြီး​တော့  ဖေးဖေးနှင့် သူမရဲ့စေ့စပ်ထားသူကို တမင်သက်သက်အကွက်ဆင်တာ။]

[ရွံ့ဖို့​ကောင်းလိုက်တဲ့မိန်းမပျက်!]

[ပြည့်တန်ဆာတွေတောင် သူမထက် ပိုအကျင့်​ကောင်းတယ်။]

[ ဖေးဖေးက သူမရဲ့မိဘအရင်းတွေကို ရှာတွေ့ပြီးကတည်းက အမြဲ ချောက်ချခံလာခဲ့ရတာ။ ရှီရန်က ဒုက္ခပေးနိုင်လွန်းတယ်။]

[ဖေးဖေးကို မယားငယ်မလို့ ခေါ်တဲ့ မှင်စာမတွေ နင့်တို့မျက်နှာတွေ အခု နာကျင်နေပြီမလား။]

တစ်စုံတစ်ယောက်က "ဖျော်ဖြေရေးနယ်ပယ်ကနေ အခုချက်ချင်းထွက်သွားလိုက်​တော့" ဟု ပြောသည်။ အားလုံးက ချက်ချင်းပဲ စိတ်အားထက်သန်စွာ ထောက်ခံကြသည်။

အင်တာနက်သုံးစွဲသူများသည် ယခုကဲ့သို့ တစ်ခါမျှမစည်းလုံးဖူးကြ​ပေ။

များမကြာမီတွင် #ဖျော်ဖြေရေးနယ်ပယ်မှနှုတ်ထွက်ချိန်တန်ပြီ#၊ #ကောက်ကျစ်တဲ့ ရှီရန်#, #ဖေးဖေးအတွက် အသည်းနာခြင်း# တို့သည် ခေတ်စားလာသောရှာဖွေမှုများ ဖြစ်လာသည်

ရှီဝန်​ဖေးသည် ထိုအကြောင်းအရာများကို  ဖုံးဖိမထားနိုင်​သောအပြုံးဖြင့် အ​သေးစိတ်ဖတ်နေသည်။

"သခင်​လေးကျုံးက ဒီလူကို ရှာတွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ အခု ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်ကတောင် အတည်ပြုပြီးပြီဆို​တော့ နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ဘူး။" မန်နေဂျာက ယုံကြည်ချက်ရှိ​နေပုံ​ပေါ်သည်။

ထို့နောက် သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြန်သည်။ "ငါတို့လူတွေကို အရှိန်ပိုမြှင့်ခိုင်းလိုက်မယ်။ ငါတို့ သူမကို အသက်ရှုနေခွင့်​တောင် လုံးဝမပေးနိုင်ဘူး။"

သို့​သော် သူမပြောပြီးသည်နှင့် Weibo ၏ဦးတည်ရာသည် ပြန်လည်ပြောင်းလဲသွားပြန်သည်ကို သိလိုက်ရသည်။

သူမမန်နေဂျာ၏အမူအရာကိုမြင်သဖြင့် ရှီဝန်​ဖေး၏မျက်နှာသည် မည်းမှောင်သွားကာ သူမဖုန်းကို အမြန်ပြန်ဖွင့်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီပို့စ်ကို အာရုံမစိုက်မိကြ​​အောင် ဖြုတ်ချဖို့ တစ်ယောက်ယောက်ကို အရင်ခေါ်လိုက်စမ်း" သူမ၏အမူအရာသည် အလွန်ရုပ်ဆိုးသွားသည်။

မန်နေဂျာက ချက်ချင်းပဲ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။

ဖုန်းချလိုက်ပြီးနောက် သူမသည် လေးနက်သောအမူအရာဖြင့် "ဖြုတ်ချလို့မရဘူးတဲ့။ ဟိုဘက်က နည်းပညာရှင်တွေက ဒီခေတ်စားနေတဲ့အကြောင်းအရာက ရုတ်တရက် ရှာ​ဖွေမှုအ​ပေါ်ကိုအ​ပေါ်တက်လာပြီး သူတို့ အဲဒါကို ဖြေရှင်းဖို့ကြိုးစားနေကြတယ်တဲ့"  ဟု ပြောသည်။

ရှီဝန်​ဖေးဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများက ကော်နှင့်ကပ်ထားသကဲ့သို့ ထိုပို့စ်ကိုစိုက်ကြည့်နေသည် ။

ဆယ်မိနစ်အတွင်းတွင် ရှီရန်က သူ့ကို ဖြားယောင်းသွေးဆောင်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာယုံကြည်နိုင်​လောက်​အောင်ပို့စ်တင်ရေးခဲ့သော အမျိုးသားသည် ရုတ်တရက် စိတ်ပြောင်းသွားသည်။

[ဒစ္စကိုသ​ဘောကျသူ]- အားလုံးပဲ တောင်းပန်ပါတယ်။ ကျွန်​တော် တောင်းပန်ပါတယ်။ ပိုက်ဆံကြောင့် ကျွန်​တော် မျက်စိ​မှောက်သွားတာပါ။ တစ်ယောက်ယောက်က ရှီရန်ကို​ချောက်ချဖို့ ကျွန်​တော့်ကိုလာဘ်ထိုးလာခဲ့တာပါ။


အမှန်က ရှီရန်ရဲ့ မန်နေဂျာက အံ့သြစရာလက်​ဆောင်တစ်ခုရှိတယ်ဆိုပြီး အဲဒီညက ဘားမှာ ကျွန်တော့်နဲ့တွေ့ဖို့ စီစဉ်ခဲ့တာပါ။ ရှီရန်ကိုကျွန်​​တော်တွေ့တော့ သူမက ဆေးအခတ်ခံထားရပါပြီ။

နောက်တော့ သူမကို ကျွန်​တော်ဟိုတယ်ခန်းထဲခေါ်သွားပြီး အဝတ်အစား ချွတ်မယ့်အချိန်ရောက်မှ သူမက အသိဝင်လာပြီး ကျွန်​တော်ကိုဒဏ်ရာရအောင်တိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့တာပါ။ ဒါက ဒီကိစ္စရဲ့ အမှန်တရားပါ။"

ထို့နောက် မနေ့ညက တစ်စုံတစ်ဦးမှ ရှီရန်ကို ချောက်ချရန်အတွက် သူ့ကို လာဘ်ထိုးခဲ့​သည့် မက်ဆေ့ချ်ပို့ဆက်သွယ်ထားသည့်ဓါတ်ပုံကိုပါ တွဲတင်ထားသည်။

ထိုဓာတ်ပုံတွင် အမျိုးသားနှင့် အခြားသူတစ်ဦးကြား စကားပြောဆိုမှုကို ပြသထားသည်။

သူအရင်ကတင်ခဲ့သော Weibo ပို့စ်သည် တစ်ဖက်လူက သူ့ကိုပို့စ်တင်​စေချင်​သောအ​ကြောင်းအရာကို ကူးယူထားခြင်းသာဖြစ်သည်။

ထိုဓာတ်ပုံအပြင် ငွေလွှဲပြောင်းမှုမှတ်တမ်းကိုလည်း ရှင်းလင်းစွာဖော်ပြထားသည်။

ငွေလွှဲမှတ်တမ်းများကို ဝါးထားခြင်းမရှိသဖြင့် အကောင့်နံပါတ်များက ရှင်းလင်းစွာ​ပေါ်​နေသည်။

[သေစမ်း! မင်းပဲ အားလုံးကိုပြောခဲ့တာ​လေ။ ဒီ​ကောင်က တမင်တကာ ဟိုယောင်ဒီယောင်လုပ်ပြီး နာမည်ကြီးချင်နေတာများလား။]

[ ဇာတ်​ကြောင်းက​ပြောင်းသွားပြန်ပြီ​​​ဟေ့။ ဒီအချိန်မှာ ငါ ဖရဲသီးခြံထဲမှာခုန်နေတဲ့ ငုံးတစ်ကောင်လိုပဲ။]

[မင်း လာဘ်ထိုးခံထားရပြီးပြီကို အခုမှ အမှန်တရားကိုပြောဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။ ရှီရန်က လာဘ်လာထိုးလို့မလား။]

[အိုး၊ နှစ်ဖက်ချွန်လား။ လျှိုမထားစမ်းပါနဲ့။ လာပါ အတူတူ ငွေရှာကြရအောင်။]

[ယခင်မှတ်ချက် +၁]

ရှီဝန်​ဖေးသည် မှတ်ချက်များကို မြင်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။

ကံကောင်းထောက်မစွာပင် ထိုလူကို မည်သူမျှ မယုံကြပေ။

သို့သော်လည်း နောက်အခိုက်အတန့်တွင် အင်တာနက်သုံးစွဲသူတစ်ဦးသည် ၎င်းတို့၏ပတ်ဝန်းကျင်ရှိဓာတ်ပုံတစ်ပုံကို ရုတ်တရက် တင်လိုက်သည်။

အင်တာနက်သုံးစွဲသူသည် မြင့်သောအထပ်ပေါ်တွင် ရပ်နေပုံရပြီး ရဲကားနှစ်စီးသည် အောက်ထပ်၌ ရပ်ထားပုံရသည်။

ရဲနှစ်ဦးက အမျိုးသမီးတစ်ဦးကို ရဲကားထဲသို့ တွန်းပို့နေသည်။

ဓာတ်ပုံသည် အမျိုးသမီး၏ မျက်နှာကို ကြည်လင်ပြတ်သားစွာဖမ်းယူထားသည်။ တစ်စုံတစ်ယောက်က ရှီရန်၏မန်နေဂျာဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။

လေက ချက်ချင်းပဲ ဦးတည်ချက်ပြောင်းသွားပြန်သည်။

[အိုဘုရားရေ။ ရှီရန်ရဲ့ မန်နေဂျာ အဖမ်းခံရပြီလား?? ဒါဆို သူမကို တကယ်ဆေးခတ်ခဲ့တာ​လား? အသံဖိုင်က အတုမဟုတ်ဘူးပေါ့။]

[သေစမ်း ဒါဆို ဝန်​ဖေးနဲ့ ရှီရန်ရဲ့ စေ့စပ်ထားသူက တကယ်​ဖောက်ပြန်နေကြတာလား။]

[အ​ပေါ်ကမှတ်ချက်ရေးခဲ့တဲ့သူရေ မန်နေဂျာကိုဖမ်းမိတာက သူမနဲ့သက်ဆိုင်တဲ့အသံဖိုင်ရဲ့အစိတ်အပိုင်းက အတုအယောင်မဟုတ်ဘူးဆိုတာကိုသာ သက်သေပြနိုင်တာ။ ဖေး​ဖေးရဲ့အပိုင်းက အမှန်ဖြစ်တယ်လို့ မဆိုလိုဘူး။]

ထိုမှတ်ချက်ကို အင်တာနက်အသုံးပြုသူတစ်​ယောက်က ရေးပြီးသွားသည်နှင့် ထိုသူသည် သူ့ပါးဖြတ်ရိုက်ခံရသလို ခံစားလိုက်ရသည်။

"အရှုံးမ​ပေးတဲ့ငါကွ" ဟု အမည်ပေးထားသည့် အင်တာနက်သုံးစွဲသူတစ်ဦးက Weibo တွင် ပို့စ်တစ်ခု တင်ခဲ့သည်။

[အရှုံးမ​ပေးတဲ့ငါကွ]- အိုက်ယား၊ ငါ့မှာ ဘာမှလုပ်စရာမရှိဘူးဆိုတော့ မနေ့က တင်ထားတဲ့ရှီဝန်​ဖေးရဲ့အသံဖိုင်ကို ကြားဖြတ်လိုက်တယ်။ ပြီး​တော့ ငါ အဲ့ဒါကို ရှီဝန်​ဖေးရဲ့ အသံနဲ့ နှိုင်းယှဥ်လိုက်တာ။ စိတ်ရှုပ်နေတဲ့ သူငယ်ချင်းတွေ ကျေးဇူးပြုပြီး ကိုယ်တိုင်သာကြည့်လိုက်​တော့။

၎င်း၏စစ်မှန်မှုကို သက်သေပြဖို့အတွက် အင်တာနက်သုံးစွဲသူက ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။

၎င်းသည် သူကြားဖြတ်ရယူထားသော အသံနှင့် အသံများကို နှိုင်းယှဉ်ပြီးရလာသောရလဒ်ကို ပြသထားသည်။

ရလဒ်များက အသံနှစ်ခုကြားတွင် ကိုးဆယ့်ကိုးရာခိုင်နှုန်း ထပ်တူညီနေမှုကို ပြသထားသည်။

၎င်းသည် ထိုအသံများက တူညီသောလူတစ်​ယောက်ထံမှထွက်လာကြောင်းကို သက်သေပြ နေသည်။

[သေတာပဲ! မှန်တာ​ပေါ့။ ငါတို့ ကျွမ်းကျင်တဲ့ပညာရှင်တွေလိုအပ်တယ်။]

[ဒါဆို အသံသွင်းထားတာက အစစ်ပေါ့။ ဒီလို ယုတ်မာတဲ့စကားတွေ ပြောပြီး ရှီဝန်​ဖေးက သူမကိုယ်သူမ နတ်သမီးလို့ ခေါ် နေနိုင်​သေးတာလား။]

[ဖျော်ဖြေရေးသမားတွေရဲ့ အပြင်ပန်းပုံရိပ်ကို မယုံကြည်သင့်ဘူး။]

[ငါ ချက်ချင်းပဲ သူမကိုမုန်းတဲ့သူတစ်ယောက် ဖြစ်သွားပြီ။ ငါ ဒီတစ်​လျှောက်လုံး ဘယ်လိုလူစားမျိုးကို ထောက်ခံမိ​နေတာလဲ။]

[ရှီရန်က အလွန်တရာအမှားမြင်ခံခဲ့ရတာပဲ။ တစ်ကမ္ဘာလုံးက ရှီဝန်​ဖေးဘက်မှာ ရှိနေခဲ့ကြတာ။ သူမရဲ့မွေးစားမိဘတွေ​တောင် ရှီဝန်​ဖေးဘက်မှာရှိနေကြတာ။ ဘယ်လောက်တောင်ဝမ်းနည်းစရာကောင်းလိုက်သလဲ။]

[ရှီရန်နဲ့စေ့စပ်ထားသူက ဘာကြောင့် လူရှေ့မထွက်လာတာလဲလို့ ငါသိချင်​နေခဲ့တာ။ လက်စသတ်​တော့ သူကဖောက်ပြန်နေတာကို။]

[ဒါဆို ဖျော်ဖြေရေးနယ်ပယ်က ထွက်သွားရမဲ့သူ​တွေက ဒီဖောက်ပြန်နေတဲ့စုံတွဲပဲဖြစ်သင့်တယ်။]