Viewers 117

"ပြန်မလာရင်ကော ဘာဖြစ်မှာလဲ" ရှီရန်က ပျင်းရိစွာ မေးသည်။

"အဲ့ဒီနေ​မ​ကောင်းတဲ့နင့်​မောင် သေလား၊ရှင်လားကို​တောင်ဂရုမစိုက်တော့တဲ့ပုံပဲ"

"နင့်မှာ အသိတရားရှိသေးရဲ့လား။ မွေးစားသမီးတစ်ယောက်အ​နေနဲ့ ဖေးဖေးရဲ့ဘဝကို နှစ်ပေါင်းများစွာ ခိုးယူခဲ့တာ။ အခု သူမ ပြန်လာပြီဆိုတော့ နင်က သူမရဲ့ရှယ်ယာတွေကို အပိုင်းသိမ်းချင်ရုံမကပဲ သူမကို ဒီလိုပုံစံမျိုးနဲ့ ချောက်ချနေတာလား။ အခု နင့်​မောင်ကိုတောင် စိတ်ထဲမှာမရှိ​တော့ဘူးလား"

"ကျွန်မကို သေပြီးသားလူတွေနဲ့ ခြိမ်းခြောက်ရတာ စိတ်ဝင်စားစရာကောင်းနေလို့လား" ရှီရန်က သ​ရော်လိုက်သည်။

'သေပြီးသားလူတွေ'

အမေရှီ အသက်ရှူကျပ်ကာ အေးခဲသွားသည်။ ထို့နောက် သူမ တုန်လှုပ်သွားသည်။

"နင်"

"ဘာလို့လဲ။ ရှင်တို့က ဒါကို ကောင်းကောင်း ဖုံးထားနိုင်ခဲ့တယ်လို့ ထင်နေတာလား"

"နင် ဘယ်လိုသိတာလဲ!" မစ္စစ်ရှီ၏ လေသံက မှိုင်းကျသွားသည်။

ရှီရန်က ဖုန်းကို ချလိုက်ပြီး သူမ၏မျက်လုံးထဲ၌အေးစက်နိုင်မှုကို ဖုံးကွယ်ရန် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

စာအုပ်ထဲတွင် ရှီရန်၏ဂုဏ်သိက္ခာသည်  အင်တာဗျူး​ကျင်းပရာနေရာ၌ လုံးဝပျက်စီးသွားခဲ့ပြီးနောက် ဖျော်ဖြေရေးလောကကနေ ထွက်ခွာသွားခဲ့ရသည်။

ထိုလူများသည် သူမ၏မောင်ဖြင့် ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့ပြီး သူမအား အိမ်မှမနှင်ထုတ်မီ သူမ ပိုင်​ဆိုင်သောရှယ်ယာ ၅% ကို ရှီ​ဝန်ဖေးသို့ လွှဲပြောင်းခိုင်းခဲ့သည်။

ထိုအချိန်မှသာလျှင် သခင်ကြီးရှီကွယ်လွန်ပြီးနောက် ရှီမိသားစုသည် သူ့မောင်၏ဆေးကို ရပ်တန့်လိုက်ကြောင်း ရှီ​ဝန်ဖေးက သူမအား ပြောပြခဲ့သည်။ ထို​ကြောင့် ထိုအချိန်ကတည်းကပင် သူ့မောင်​သေဆုံးသွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးတွင် ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် လမ်းပေါ်တွင် နေထိုင်ခဲ့ရပြီး အင်တာနက်သုံးစွဲသူများ၏လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။

ထို့နောက်တွင် သူမသည် လူကုန်ကူးသူနဲ့တွေ့ခဲ့ရပြီး တောင်နဲ့ ချိုင့်ဝှမ်းဒေသများတွင် ရောင်းစားခံရပြီး အမျိုးသားတစ်ဦး၏ကျွန်ဖြစ်ခဲ့ရသည်။ သူမသည် နေ့ဘက်တွင် အလုပ်လုပ်ရပြီး ကောင်းကောင်းမလုပ်နိုင်သည့်အခါတိုင်း အရိုက်ခံရတတ်သည်။ ညဘက်၌ ထိုအမျိုးသားဆီတွင်အရှက်ခွဲခြင်းကိုတောင် ခံခဲ့ရသည်။

ထိုလူသေဆုံးပြီးနောက် သူမအား လူကုန်ကူးသူလက်ထဲ ပြန်အပ်သည့်အတွက် ထိုသံသရာက ထပ်ခါထပ်ခါလည်ပတ်ခဲ့သည်...

ရှီအိမ်ရာ

"ငါ့ဖုန်းကို ချရဲတယ်" မိခင်ရှီသည် ဖုန်း၏အခြားတစ်ဖက်ရှိဖုန်းကျသွား​သောအသံကို မယုံနိုင်စွာ နားထောင်ရင်းသူမ၏မျက်နှာအမူအရာသည် အလွန်အကျည်းတန်သွားသည်။

ထို့နောက် သူမ မျက်မှောင်ကြုတ်ပြန်သည်။ "ရှီရန်က သူ့​မောင်သေသွားပြီဆိုတာကို ဘယ်လိုသိတာလဲ။ ဒီ​လောက်နှစ်တွေကြာအောင် ဖုံးကွယ်ထားနိုင်ခဲ့တာကို သူမက ဘယ်လိုသိတာလဲ"

ရှီ​ဝန်ဖေးလည်း တစ်ခုခုကို တွေးမိသွားသည်။ "ဒီနေ့ရှိုးမှာ အရမ်းထူးဆန်းတာတစ်ခုဖြစ်သွားခဲ့တယ်။ရှိုးပွဲပြီးသွားပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လို့မရခဲ့ဘူး။တစ်စုံတစ်ယောက်က နောက်ကွယ်မှာ ပွဲလွင့်တဲ့စနစ်ကို ဟက်ခဲ့တယ်လို့ ဒါရိုက်တာက ပြောခဲ့တယ်။"

"ရှီရန်က သူမကိုကူညီဖို့ ကွန်ပျူတာကျွမ်းကျင်တဲ့သူကို ရှာတွေ့ခဲ့တယ်လို့ ဆိုလိုချင်တာလား။ ဒါဆို သူမရဲ့မောင်သေဆုံးတဲ့သတင်းက အဲဒီလူကြောင့်ပဲသိတာဖြစ်ရမယ်" ဟု ကျုံးယူဖန်က ပြောသည်။

ထိုအကြောင်းတွေးရင်း ရှီ​ဝန်ဖေး မျက်ရည်များ စီးကျလာပြန်သည်။ "ယူဖန်၊ ကျွန်မ ဘာဆက်လုပ်ရမလဲဟင်။ မမနဲ့ရှင် စေ့စပ်ထားတာ ဖျက်သိမ်းပြီးရင် ရှင့်လက်ကို ဆွဲပြီး ရှင်က ကျွန်မရဲ့အပိုင်ဆိုပြီး အားလုံးကို ပြောပြနိုင်မယ်လို့ အမြဲတွေးထားခဲ့တာ"

သူမ စကားပြောလိုက်ရင်း ရှီ​ဝန်ဖေး သည် ကျုံးယူဖန်၏ရင်ခွင်ထဲတွင် သူမ၏ခေါင်းကိုမြှုပ်ပစ်လိုက်သည်။ “ဒါပေမယ့် မမက ကျမကို လုံးဝအလွတ်မ​ပေးချင်ဘူး။ ကျွန်မကို အဖေနဲ့အမေက ပြန်ခေါ်လာလို့လားဟင်။ ကျွန်မက မမရဲ့အပိုင်ပစ္စည်းကို ခိုးတယ်လို့ မမက ထင်နေတာလားဟင်။ ဒါ​ပေမယ့်​ ကျွန်မက ရည်​ရွယ်​ပြီး လုပ်​ခဲ့တာမဟုတ်​ပါဘူး..."

ရှီ​ဝန်ဖေးဝမ်းနည်းစွားဖြင့် ငိုနေသည်ကိုမြင်သောအခါတွင် အမေရှီနဲ့ ကျုံးယူဖန်က နာကျင်နေ​သောမျက်နှာအမူအရာများ ထုတ်ဖော်ပြသလိုက်သည်။

"ရှီရန်က မောင်လေးဆုံးသွားပြီဆိုတာသိသွားတဲ့အတွက် ဒီကိစ္စကို ကိုယ်တို့ ဖြေရှင်းနိုင်တယ်။
စိတ်မပူပါနဲ့။ ကိုယ် မင်းကို ကူညီဖြေရှင်းပေးမယ်။ စိတ်မပူနဲ့နော်။ ကိုယ်တစ်ယောက်လုံးဒီမှာရှိတယ်" ကျုံးယူဖန်က ညင်သာစွာပြောသည်။

ထို့နောက် သူ့အတွင်းရေးမှူးနှင့် PR အဖွဲ့ကို ခေါ်ကာ အစစအရာရာ စီစဉ်ခိုင်းသည်။

ထိုအချိန်မှာ သူ့ဖုန်းက အီးမေးလ်အသစ်တစ်ခု​ကြောင့် အသံမြည်လာသည်။

မကြာသေးမီက သူသည် အလွန်ကြီးမားသော ဖောက်သည်တစ်ဦးနှင့်ဆက်သွယ်နေရသောကြောင့် အီးမေးလ်သည် ထိုလူထံမှ ဖြစ်နိုင်ချေများသည်။

သူသည် မနှောင့်နှေးဝံ့ဘဲ ရှီ​ဝန်ဖေး၏လက်ကို သူမ စိတ်အေးသွား​အောင် ဆုပ်ကိုင်လျက် အီးမေးလ်ကို ဖွင့်လိုက်သည်။

ဗွီဒီယိုဖိုင်တစ်ခုပါ ပူးတွဲပါရှိနေသည်။

ထိုဗီဒီယိုထဲတွင် သူနဲ့ဝန်ဖေးတို့သည် လွန်ခဲ့သောခြောက်လလောက်က ဟိုတယ်ခန်းရှေ့မှာ ချစ်စိတ်ပြင်းပြကာအနမ်းပေးနေကြသည်။

ဗီဒီယိုကို နည်းပညာဖြင့် စီမံဆောင်ရွက်ထားပုံရသည်။ ၎င်းသည် အရည်အ​သွေးအလွန်မြင့်မား သဖြင့် သူနှင့်ရှီဝမ်ဖေး၏မျက်နှာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

အီးမေးလ်၏ထိပ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

[သခင်လေးကျုံးက အမြဲတမ်း ရက်ရော​တော့ ဒီဗီဒီယိုအတွက် ရှစ်သန်းလောက် အကုန်အကျခံပြီးဝယ်ရင်လည်း ပြသနာမရှိဘူး၊ဟုတ်တယ်မလား။

-ရေး(လူနာမည်)]

ရှီဝမ်ဖေးသည် ကျုံးယူဖန်၏မျက်နှာအမူအရာမ​ကောင်းသည်ကိုမြင်သောအခါ သံသယစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ ဗီဒီယိုကို မြင်လိုက်သောအခါတွင် သူမ မျက်နှာက ဖြူဖျော့သွားသည်။

"ဘာ... ဘာဖြစ်နေတာလဲ။" ရှီ​ဝန်ဖေး၏ လေသံမှာ တုန်ယင်နေပြီး သူမ စိုးရိမ်နေပုံရသည်။

ယူဖန်နှင့် သူမ၏ဆက်ဆံရေးကို မနေ့ညကပြုလုပ်ခဲ့သည့်ပွဲတွင် အတည်မပြုနိုင်သေးပေ။

ထိုမိန်းမစုတ် က သူမကို အငယ်အနှောင်းအဖြစ် တံဆိပ်ကပ်ရန် ကြိုးစားပါကလည်း သူမမှာ ရှောင်ရန်နည်းလမ်းရှိသည်။

သို့သော် ဤဗီဒီယိုကိုတင်လိုက်သည်နှင့် သူမသည် အမှန်တကယ်ပင် ငြင်းဆန်နိုင်မည်မဟုတ်ပေ။

ထိုကဲ့သို့ဖြစ်ပါက သူမသည် ဖျော်ဖြေရေး နယ်ပယ်တွင် ဆက်မကျင်လည်နိုင်တော့​ပေ။

"ရေးက ဘယ်သူလဲ" ရှီ​ဝန်ဖေးက ကျုံးယူဖန်၏လက်ကို ဖမ်းကိုင်လိုက်ပြီး ကြောက်စိတ်ကြောင့် ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပေ။

"နိုင်ငံခြားက ဟက်ကာတစ်ယောက်။" ခဏလောက်စဉ်းစားပြီး "ဒီလူက ရှီရန်ကို ကူညီခဲ့တဲ့ကွန်ပျူတာပညာရှင်ဖြစ်နိုင်တယ်" ဟု ကျုံးယူဖန်က ပြောသည်။

ရှီ​ဝန်ဖေးက မျက်ရည်များကျလုနီးပါးဖြစ်ကာ "ဒါဆို ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ဒီဗီဒီယိုသာပျံ့ သွားရင် ကျွန်မရဲ့ သရုပ်ဆောင်အလုပ်တင် ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ကျုံးမိသားစုရဲ့ ရှယ်ယာတွေလည်း ထိခိုက်လိမ့်မယ်။
ကျွန်မမှာ အဆက်အသွယ်​တွေမရှိပေမယ့် ကျုံးမိသားစုရဲ့ရှေ့မှာ ရှင့်ကို အခက်အခဲ မတွေ့​စေချင်ဘူး"

ကျုံးယူဖန်သည် ရှီ​ဝန်ဖေး၏လက်ကို စိတ်တုန်လှုပ်စွာ ဆုပ်ကိုင်ထားပြီး "မကြောက်နဲ့။ကိုယ် ဒီကိစ္စကိုစုံစမ်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။ မင်း ပါဝင်ပတ်သက်စရာမလို​အောင် ကိုယ်​ဖြေရှင်းမယ်" ဟု ညင်သာစွာ​ပြောသည်။

ဟိုတယ်၏အခမ်းနားကြီးကျယ်ဆုံးအခန်းထဲတွင်

"ရှီရန်က သူမ စေ့စပ်ထားသူနဲ့ ရှီ​ဝန်ဖေးတို့​​ဖောက်ပြန်​နေတဲ့အကြောင်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖွင့်ဟခဲ့တယ်။ ရှီ​ဝန်ဖေးက သူမမှာအပြစ်မရှိကြောင်းကို သက်သေပြဖို့အတွက် အမျိုးသားတစ်ဦးနှင့် ရှီရန် ကခုန်​နေတဲ့ ဗီဒီယိုကို ထုတ်ပြခဲ့တယ်။ ရှီရန်က မန်နေဂျာဆီကနေ ဆေးခတ်ခံခဲ့ရကြောင်းကို သက်သေပြခဲ့တယ်။ ရှီ​ဝန်ဖေးရဲ့ ပုံရံအမှန်ကို ထုတ်ဖော်ပြသခဲ့တယ်။"

ကျူးယို့ဟန်သည် တက်ဘလက်ပေါ်ရှိ ခေတ်စားနေသော ရှာဖွေမှုများကို ကြည့်ရှုပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖတ်ပြသည်။

ရင်းနှီးသောနာမည်ကိုကြားသဖြင့်  ချူးကျင်းချန်းက လှည့်ကြည့်လိုက်သည်။

"ဒါက စိတ်ဝင်စားဖို့ကောင်းတယ်။ သူမက  ဦးနှောက်မရှိတဲ့မိန်းမလှ​လေးလို့ အမြဲထင်ခဲ့တာ" ဟု ကျူးယို့ဟန်က အံ့အားသင့်စွာပြောသည်။

ချူးကျင်းချန်းသည် သူ့လက်ထဲရှိ ဝိုင်နီတစ်ခွက်ကို လှုပ်​နေလျက် တိတ်ဆိတ်နေသည်။

အခြားတစ်ဖက်တွင် ကျူးယို့ဟန်သည် သခွား​​မွှေးခြံဝန်းအတွင်းမှ အင်းဆက်တစ်ကောင်နှင့်တူပြီး စိတ်လှုပ်ရှားစွာ သူ၏လက်ချောင်းများက ဝိုင်ခွက်ကို ခေါက်​နေသည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု၏ဓာတ်ပုံကို မြင်သောအခါ အံ့အားသင့်သွားပြီး သူ့လက်ချောင်းများက ခေတ္တရပ်သွားသည်။

သူက ချူးကျင်းချန်းအား ထိတ်လန့်စွာ လှည့်ကြည့်လိုက်ပြီးနောက် တက်ဘလက်ပေါ်ရှိ ဓာတ်ပုံကို ကြည့်လိုက်သည်။ အကြိမ်ကြိမ်စစ်ဆေးပြီး​နောက် ထိုအရာကို သတိမထားမိရန် ခက်ခဲလှသည်။

"ဘာကို သတိထားမိတာလဲ" ချူးကျင်းချန်းက ပေါ့ပေါ့ပါးပါး မေးပြီး သူ့မေးစေ့ကို လက်ဖြင့်​ထောက်ထားလိုက်သည်။

"ဘာ... ဘာမှမဟုတ်ပါဘူး" ကျူးယို့ဟန်က ခေါင်းကို ချက်ချင်းခါလိုက်ပြီး တက်ဘလက်ပေါ်ရှိဓာတ်ပုံကို ပြန်ကြည့်သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူသည် စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် ချူးကျင်းချန်းကို ကြည့်သည်။ “ငါ မှတ်မိတာသာမှန်ရင် နာမည်ကျော်အီတလီဒီဇိုင်နာ Ottavio က မင်းအတွက် မင်းကိုယ်အတိုင်းနဲ့ဝတ်စုံသုံးစုံကို ချုပ်​ပေးခဲ့တာ။ မင်းနာမည်မှာပါတဲ့ 'ချန်း' ဆိုတဲ့စကားလုံးက မိုးမခအရွက်တွေနဲ့အတူ ဝတ်စုံအားလုံးမှာပန်းထိုးပြီးအလှဆင်ထားတာ​လေ။

အဲ့ဒီထဲကအင်္ကျီတစ်ထည်မှာ မိုးမခအရွက်တွေ လည်တိုင်မှာ ထိုးထားတာကို ငါမှတ်မိသေးတယ်။ ဒီပန်းထိုးထားတာက အရမ်းထူးခြားတာကြောင့် ဘယ်သူမှအတုမခိုးနိုင်တာ​လေ။ အဲ့ဒီအင်္ကျီကော မင်းဆီမှာရှိသေးလား"

ချူးကျင်းချန်း က "အခိုးခံလိုက်ရတယ်" ဟု တဲ့တိုးပြောသည်။

"ခိုးသွားတယ်။ မင်းဆီကနေ တစ်ယောက်ယောက်က ခိုးလို့ရသွားတယ်?" ကျူးယို့ဟန်က သူ့ကို လုံးဝမယုံပေ။သိချင်စိတ်တွေ ပြည့်နှက်နေလျက် သူသည် တက်ဘလက်ကို ချူးကျင်းချန်းကိုပေးရင်း "ဒီဓာတ်ပုံကို မင်းကြည့်ချင်လား?" ဟု သတိထားကာ​ပြောလိုက်သည်။

ချူးကျင်းချန်းက ခေါင်းငုံ့ပြီး သူ့အနက်ရောင်မျက်လုံးများဖြင့် ဓာတ်ပုံတစ်ပုံကို မြန်မြန်ဆန်ဆန်ကြည့်လိုက်သည်။ အံ့သြမ​နေဘဲ မျက်ခုံးပင့်လိုက်သည်။

သူ၏သွယ်လျသောလက်ချောင်းများသည် တက်ဘလက်ကို ထိလျက် ခေတ်စားနေသော ရှာဖွေမှုများ၏ အကြောင်းအရာများကို ကြည့်လိုက်သည်။

ကျူးယို့ဟန်က သူ့ကို သာမန်ကာလျှံကာ စိုက်ကြည့်နေသော်လည်း နောက်ပိုင်းတွင် ပိုပြီး ထိတ်လန့်သွားသည်။ "သေစမ်း! မင်းလည်ပင်းက ဘာဖြစ်နေတာလဲ"

သူသည် ထင်ရှားစွာမြင်နိုင်သည့်အနက်ရောင်အမှတ်အသားတစ်ခုရှိ​နေသည့် ချူးကျင်းချန်း၏လည်ပင်းကို ညွှန်ပြသည်။

ဒါက သေချာ​ပေါက် အနမ်းခံထားရတဲ့အမှတ်အသားပဲ။