Ch 5 - အခင်းဖြစ်ပွားရာ နေရာအား ပြန်လည်စစ်ဆေးခြင်း
Viewers 691

ညနက်နေပြီမလို့ ချန်မီကို ဝန်ထမ်းတွေက နားဖို့ ပြန်ခေါ်သွားပြီး ငါကလည်း လူနည်းနည်းပဲ ကျန်တော့တဲ့ ရုံးခန်းထဲကို ပြန်သွားခဲ့တယ်။ 


ချန်မီရဲ့ အိမ်ကို ရှာဖို့ လွှတ်လိုက်တဲ့ အရာရှိတွေဆီက ဘာသတင်းမှ မကြားရသေးဘူး။ ဒီညတော့ အိပ်မပျော်တဲ့ညဖြစ်မှာကို သံသယဝင်စရာတောင် မလိုတော့ဘူးပဲ။


လက်ဖက်ရည် ပြင်းပြင်းတစ်ခွက်ကို သောက်ဖို့ မတ်တပ်ရပ်လိုက်တယ်။ ဆေးလိပ်ကို မီးညှိလိုက်ပြီး မရေမတွက်နိုင်တဲ့ သုံးသပ်ချက်တွေနဲ့ အမှုဖိုင်တွဲကို ဆွဲထုတ်လိုက်တယ်။


လက်ဖက်ရည်ထဲက တက်လာတဲ့ ‌အငွေ့တွေနဲ့အတူ ငါ့မျက်ဉာဏ်‌တွေက ‌နေ့လည်ခင်းတုန်းက အခင်းနေရာကို ပြန်သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်ကို ပြန်ရောက်သွားတယ်။


မှုခင်းဆေးအဖွဲ့က သူတို့ကို အလောင်းအိတ် စစ်ဆေးမှုမှာ စိတ်ချနိုင်ကြောင်း အာမခံထားပေမယ့် ငါ မှုခင်းဖြစ်ပွားရာ နေရာကို ပြန်သွားချိန်ထိ သူတို့ဆီက အကြောင်းကြားတာကို မရသေးဘူး။


စဉ်းစားကြည့်ရင် ရယ်ရတယ်။ အဲအချိန်က ငါတို့ ဒီအမှုစစ်ဆေးမှုမှာ တိုးတက်မှုမရှိသေးရင် အဆုံးမှာ ငါပဲ အပြစ်တင်ခံရမှာကြောင့် စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အပေါ်ယံပဲ ကြည့်လိုက်မယ်ဆိုရင် ငါက ဒီအတိုင်း ငါဂရုမစိုက်ခဲ့မိတာကို ဆင်ခြေပေးဖို့ ကြိုးစားနေခဲ့တာ။ အဲအချိန်က မှုခင်းဆေးအဖွဲ့ရဲ့ လုပ်နိုင်စွမ်းက တော်တော်လေးပြည့်မီပါတယ်။ အဲတော့ သွားဝေဖန်စရာတော့ မရှိပါဘူး။


ရဲအရာရှိအသစ်တွေထဲက တ‌စ်ယောက်က ငါ့ကို မေးတယ်။


" အဖွဲ့မှူးလီ... ကျွန်တော်တို့ ဒီ တာယာရာတွေကနေ တစ်ခုခု‌ပြောနိုင်တာလား "


ငါ ခေါင်းညိတ်လိုက်တယ်။


" အင်း ‌ပြောနိုင်တယ် "


ငါ သူ့ကို အနီးကပ်လာကြည့်ဖို့ ခေါ်လိုက်တယ်။ 


" ဒီ‌နားက မြေသားက နည်းနည်းပျော့တယ်၊ စက်ဘီးက အဲအပေါ်ဖြတ်သွားရင် တချို့မြေသားတွေက ဘီးကို ကပ်သွားလိမ့်မယ်၊ ဆက်သွားနေရင် အဲမြေသားတွေက အရာတွေရဲ့ ဘေးဘက်တွေကို ပြုတ်ကျသွားလိမ့်မယ်၊ အဲပြုတ်ကျသွားတဲ့ မြေသားက လွှသွားအချွန်ပုံစံနဲ့ ကျသွားလိမ့်မယ် "


ငါမြေကြီးပေါ်ကို ထိုးပြလိုက်တယ်။


" အဲမှာ တွေ့လား ၊ အဲချွန်နေတဲ့ အမှတ်ရဲ့ ထိပ်တွေက ဘယ်ဘက်ကို စက်ဘီးက သွားနေလဲဆိုတာ ပြနိုင်တယ် အဲဘက်ကို သွားနေသလိုပေါ့ "


ငါလက်ကို မြှောက်ပြီး အရှေ့ကို ထိုးပြလိုက်တယ်။


" စခန်းကို ဆက်သွယ်လိုက်၊ သူတို့ကို ဒီလမ်းရဲ့ အနောက်မြောက်ဘက်ပိုင်းက စောင့်ကြည့်ကင်မရာတွေကို အကုန် စစ်ဆေးဖို့ ပြောလိုက်၊ ၉၀ ရာခိုင်နှုန်လောက်ထိ အသစ်ဖြစ်တဲ့ စက်ဘီး စီးထားတဲ့ ဘယ်သူ့ကိုမဆို သေချာပိုပြီး အာရုံစိုက်ထားဖို့‌ကော "


" ၉၀ ရာခိုင်နှုန်းထိ အသစ်လား... "


ငါ တံတွေးမြိုချလိုက်တယ်။ 


" ၉၈ ရာခိုင်နှုန်းလောက်ထိ အသစ်ဖြစ်နေတာမျိုး ဖြစ်နိုင်တယ်၊ ဒီတာယာအရာတွေကို ကြည့်ရတာ အရင်က သုံးဖူးတာမျိုး ရှိပုံမပေါ်ဘူး၊ တာယာပန်း‌တွေကော ကိုယ်ထည်ပါ ပျက်စီးနေတာမျိုး မတွေ့ရဘူး၊ ဒါပေါ့ လူသတ်သမားက အမှုမဖြစ်ခင် တာယာတွေ လဲထားတာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် တုံးနေတဲ့ ဓားကိုတောင် မလဲတဲ့လူက လုပ်နေကြတွေကို ချော်ပြီး ခန္ဓာအစိတ်အပိုင်းတွေ သယ်ဖို့သပ်သပ်နဲ့ တာယာအသစ်လဲမယ်လို့တော့ မထင်ဘူး၊ တာယာအဟောင်း နှစ်ခုလုံး တစ်ချိန်ထဲမှာ မ‌ကောင်းတော့တာမျိုးလို အရမ်းကို တိုက်ဆိုင်လွန်းတာဆိုရင်တော့ တစ်မျိုးပေါ့ "


ငါပြောပြီးတာနဲ့ သိပ်မဝေးတဲ့ နေရာမှာ လူခြေရာတွေနဲ့ တူတာကို သ‌တိထားမိလို့ လူသစ်ကို ထားခဲ့ပြီး ပြေးသွားကြည့်လိုက်တယ်။


သေချာ‌တာကတော့ လူခြေရာတန်းက ငါ့ရှေ့မှာ အစီအရီရှိနေတယ်။


ခဏလောက်တော့ အဆဲစာလုံးတိုင်းဟာ ငါ့လျှာပေါ်မှာ လှည့်ပတ်နေပြီး လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ထုတ်ပြောမိတော့မလို ဖြစ်သွားတယ်။ ‌ကံကောင်းတာက ငါ့ကိုယ်ငါ ထိန်းလိုက်နိုင်ပြီး စကားလုံးတွေကို မြိုချနိုင်လိုက်တယ်။


ခြေရာတွေက ချုပ်ရိုးတွေနဲ့ အထည်ရဲ့ ပုံစံကို နည်းနည်း မြင်နေရတယ်။ မြေပေါ်မှာ ပေါ်နေတဲ့ ခြေရာတွေက ကောင်းကောင်းဝတ်လို့ရတဲ့ လက်လုပ်ဖိနပ်မျိုးဖြစ်ကြောင်း ပြထားတယ်။ ပွတ်တိုက်မှုတွေရဲ့ အရာတွေနဲ့ ဖိအားများတဲ့ အမှတ်တွေကို ကြည့်ရရင် ထူးထူးခြားခြား ဝတ်ထားတာကို ပြပြီး အစွန်းတစ်ဝိုက်က မပြည့်စုံတဲ့ အရာတွေက အဲတာကို အတည်ပြုနိုင်တယ်။


ငါ ခြေရာတွေကို တိုင်းကြည့်လိုက်တော့ သူတို့က ၂၉ စင်တီမီတာလောက်ထိ ရှိတယ်။ ဝတ်တဲ့ ဖိနပ်အမျိုးအစားနဲ့ ငါတို့သုံးတဲ့ ခြေထောက်အရှည်ကနေ လူအရပ်ကို ခန့်မှန်းတဲ့ အခြေခံ‌တွက်ချက်မှု‌တွေအပေါ် မူတည်ရရင် သံသယရှိသူက ၁၇၈ စင်တီမီတာနဲ့ ၁၈၅ စင်တီမီတာကြား ရှိနိုင်‌တယ်။


သံသယရှိသူက ခြေရာတွေကို ဖုံးကွယ်ဖို့အတွက် သူ့ဆိုဒ်ထက်ကြီးတာကို ဝတ်ထားလား သေးတာကို ဝတ်ထားလားဆိုတဲ့ သက်သေမရှိတာကြောင့် ဖိနပ်တွေက အတော်လေး ကျယ်ပြန့်လွန်းတယ်။


အဖိခံထားရတဲ့ အမှတ်က မညီမညာဖြစ်နေပေမယ့် ၃.၅ စင်တီမီတာ ရှိတဲ့ နက်ပြီး ကျယ်တဲ့ အရာက ကျန်းမာသန်စွမ်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်‌ကြောင်းကို ထောက်ပြနေတယ်။


ဒီအောင်မြင်မှုက တစ်ဖွဲ့လုံးကို ခွန်အားဖြစ်စေခဲ့တယ်။ ဓာတ်ပုံတွေရိုက်ပြီး သက်သေတွေ စုဆောင်းပြီးတော့ စခန်းကို ပြန်လာခဲ့ကြတယ်။ အချိန်ကိုက်ပဲ မှုခင်းဆေးအဖွဲ့ဆီကနေ သတင်းကောင်းတွေ ထပ်ကြားလိုက်ရတယ်။


~~~