ငါ အခု ငါ့ဦးနှောက်မှာ ပြဿနာရှိလား၊ ဒါမှမဟုတ် စိတ်ရောဂါများ ရှိနေလားလို့ သံသယဝင်လာတယ်။
ဘာလို့ ဒီနေရာမှာ အနိုင်ယူချင်စိတ်တွေ ရှိပြီး ဒီလို မိုက်မဲတဲ့စကားတွေ ပြောမိတာလဲ။
ဒါပေမယ့် ဖေကျစ်လင်က အရမ်းပျော်နေတယ်။ သူ့အပြုံးက နွေဦးနှင်းတွေလို အရည်ပျော်ကျသွားတယ်။
ငါ နှုတ်ခမ်းဆူပြီး ကိုယ့်ဘာသာကိုယ် ပြောလိုက်တယ်။
ပြိုင်ဆိုင်လိုစိတ်ရှိတာ ကောင်းတဲ့အရာပဲ! ဖေကျစ်လင်နဲ့ ငါ နှစ်ယောက်လုံးမှာ လှုံ့ဆော်မှုတွေ အများကြီးရှိတယ်လို့ ဆိုလိုတာပဲ။ အဲလိုဖြစ်မှာ သေချာတယ်။
နားမလည်နိုင်တဲ့ ရင်ခုန်မှုကတော့ ငါရဲ့ ထင်ယောင်ထင်မှားပဲ ဖြစ်ရမယ်။
နောက်တစ်စက္ကန့်မှာ ဖေကျစ်လင်က ငါ့ကို ဆိုဖာပေါ် အတင်းဖိချလိုက်တယ်။
သူ့ရဲ့ ပူနွေးတဲ့အသက်ရှူသံက ငါ့နှာခေါင်းပေါ် ပက်ဖျန်းလာတယ်။ ခေါင်းကို နည်းနည်းလေး လှည့်လိုက်ရုံနဲ့ ငါတို့ နမ်းမိတော့မလိုပဲ။
ငါ မျက်လုံးတွေကို မထိန်းနိုင်ဘဲ ဖေကျစ်လင်ရဲ့ နှုတ်ခမ်းတွေကို စိုက်ကြည့်နေမိတယ်။ သူ့နှုတ်ခမ်းအရောင်က ဒီလောက် ဖျော့တော့နေတာကို ပထမဆုံးအကြိမ် သတိထားမိတယ်။
ခြောက်နေတဲ့ အရေပြား မရှိဘူးပဲ၊ နမ်းချင်စရာကောင်းနေလွန်းတယ်....
ငါ့စိတ်တွေ ရှုပ်ထွေးနေတုန်းမှာ ကလစ်ခနဲ အသံလေးတစ်ခု ထွက်ပေါ်လာပြီး ဖေကျစ်လင် လုံးဝ ခွာသွားပြီ။
သူ သူ့ဖုန်းကို ငါ့ရှေ့မှာ မြှောက်ပြလိုက်တော့ ငါ သတိပြန်ဝင်လာတယ်။ ငါ သေချာကြည့်လိုက်တော့ ဖန်သားပြင်မှာ စီစဥ်ထားတဲ့ နမ်းနေတဲ့ပုံက ရှင်းရှင်းလင်းလင်း ပေါ်နေတယ်။
"မုန်တိုင်းငြိမ်သွားမှ ဒီပုံကို တရားဝင် ကြေညာဖို့ သုံးမယ်"
ငါ ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။ ဒါပေမယ့် ဆင်ခြင်တုံတရားကတော့ ညီအစ်ကိုတစ်ယောက်နဲ့ ဇာတ်တစ်ခု ကစားဖို့ ဒီလိုအကြီးအကျယ် စီစဥ်ဖို့ မလိုဘူးလို့ ပြောနေတယ်။ ငြင်းသင့်တယ်လို့ ထင်တယ်။
ဒါပေမယ့် ငါ စကားမပြောခင်မှာပဲ ဖေကျစ်လင်ရဲ့ ဖုန်းမြည်လာတယ်။
"ကောင်စုတ်လေး၊ မစ္စတာလင်က ငါ့ကို တိုင်ဖို့ လာရှာတယ်၊ မင်း လင်ယီလေးရဲ့ မင်္ဂလာပွဲကို ဘယ်လိုလုပ် ဖျက်စီးရဲတာလဲ"
"ဒါ့အပြင် စာချုပ်လက်ထပ်တာက ဖေမိသားစုအတွက် ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိရဲ့လား၊ ဘာပဲဖြစ်ဖြစ် အခုချက်ချင်း ပြန်လာပြီး ငါ့ကို ရှင်းပြ"
ဖေကျစ်လင်ရဲ့ ချစ်ရပါသော မိခင်ဆီကနေ ပြင်းထန်တဲ့ ဆူပူသံက ထွက်ပေါ်လာတယ်။
ငါက ဖေကျစ်လင်ရဲ့ ဘဝကို ဖျက်စီးလိုက်ပုံရတယ်။ ငါ့ရဲ့ ပြင်းထန်စွာ ခုန်နေတဲ့ နှလုံးခုန်သံက တဖြည်းဖြည်း ငြိမ်သက်သွားတယ်။
~~~