Chapter 3
Viewers 189

ဖေကျစ်လင်က သူ့နဖူးကို ကိုင်လိုက်ပြီး "မင်း ပိုပြီး ဉာဏ်ကောင်းစေချင်တယ်" ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ်။ 


"စိတ်မပူပါနဲ့၊ ငါ စောင့်ကြည့်ဗီဒီယိုတွေ အကုန်ရပြီးပြီ" 


ငါ လက်ခုပ်တီးလိုက်တော့ အသံကျယ်ကျယ်မြည်သွားတယ်။


"အရမ်းမိုက်တာပဲ" 


ဖေကျစ်လင်က သက်ပြင်းချလိုက်ပြီး ဖုန်းကို ဘေးကို ချလိုက်တယ်။ သူ့လက်တစ်ဖက်စီက ငါ့မျက်နှာ နှစ်ဖက်ကို ကိုင်ပြီး ပွတ်သပ်လိုက်တယ်။ 


"ပေါင်‌ပေ့ မင်း နည်းနည်းပါးပါးလေး ပိုပြီး စဥ်းစားလို့ မရဘူးလား"


ငါ ရှုပ်ထွေးသွားပြီး ရေရွတ်လိုက်တယ်။


"ငါထင်တာတော့ ဒီခိုးပြေးတဲ့အစီအစဥ်ကို တွေးနိုင်တဲ့အထိ တော်တာပဲကို!"


"နောက်ပြီး ကျစ်လင်ကော၊ မင်း ငါ့ဘေးမှာ ရှိနေတာပဲ၊ မင်းက ငါ့ အချစ်ဆုံးသူငယ်ချင်းပဲ၊ ငါ့နဲ့ ဘက်တူတူပဲ ဖြစ်မှာ သေချာတယ်"


ငါ ဒီစကားကို အရမ်းလေးလေးနက်နက် ပြောခဲ့တယ်။ ငယ်ငယ်ကတည်းက သူ့ဘေးမှာ ရှိနေသရွေ့ ငါ အရမ်းလုံခြုံတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတာ မသိပေမယ့်ပေါ့။ 


ဖေကျစ်လင်က ငါ့ရဲ့ မှန်ကန်တဲ့ ရဲရင့်မှုကြောင့် ရယ်မောပြီး လက်တွေကို လွှတ်လိုက်တယ်။ 


"အစပဲ ဂရုစိုက်ပြီး ကျန်တာတွေကို ဂရုမစိုက်တဲ့ အဆိုးလေး"


အဲဒီနောက် သူ သူ့လက်ထောက်ကို ဖုန်းဆက်ပြီး အရာအားလုံးကို အမြန်စီစဥ်လိုက်တယ်။ အမှန်တရားက မကြာခင်မှာပဲ ရှင်းလင်းသွားတယ်။ 


ဝမ်ကျားကျားက လူအများရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ 


ဒီနောက်မှာ ငါ့အဖေရဲ့ ရူးသွပ်တဲ့ဖုန်းခေါ်ဆိုမှုတွေ ပါလာတယ်။ ငါ မဆိုင်းမတွ ဖုန်းချပစ်လိုက်ပြီး တစ်ခါတည်းနဲ့ ဖုန်းကို ပိတ်ပစ်လိုက်တယ်။


ငါ ဖုန်းကို အိတ်ကပ်ထဲထည့်ပြီး ဖေကျစ်လင်နဲ့အတူ ကားပေါ်က ဆင်းလိုက်တယ်။ 


ဗီလာထဲကို လမ်းလျှောက်ဝင်လာတဲ့အချိန်မှာ ဖေကျစ်လင်က ငါ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ ငါ့ အကျင့်အရ လက်ငါးချောင်းကို ဖြန့်ပြီး သူ့လက်နဲ့ ထိစပ်လိုက်တယ်။ 


ဒါက ငါတို့ မကြာခဏ ကစားလေ့ရှိတဲ့ ဂိမ်းလေးတစ်ခုပဲ။ ဖေကျစ်လင် စိတ်မကောင်းဖြစ်တဲ့အခါတိုင်း သူ ဒီလိုလုပ်လေ့ရှိတယ်။ 


ဟင်? တစ်ခုခုတော့ မှားနေပြီ။ ဘာလို့ သူ ရုတ်တရက် မပျော်တာလဲ။


ငါ လှည့်ကြည့်လိုက်တော့ ဖေကျစ်လင်ရဲ့ ပြုံးနေတဲ့ပုံစံက အရာအားလုံးကို ပြောနေပြီ။ 


ဘာအကြောင်းပြချက်နဲ့လဲ။ မီတာတစ်ရာတောင် မဝေးတဲ့ ဒီနေရာလေးမှာ သူ ဘယ်လိုလုပ် စိတ်ဆိုးနိုင်တာလဲ။ ယောက်ျားတွေက တကယ်ပဲ စိတ်ပြောင်းလဲလွယ်တာပဲ! 


ဒါပေမယ့် သူက ဖေကျစ်လင်ပဲဆိုတော့ ငါ ချော့မော့ရုံပဲ တတ်နိုင်တယ်။ 


"ကျစ်လင်ကော ဘာလို့ စိတ်မပျော်တာလဲ" 


ဖေကျစ်လင်က ဘာမှမပြောဘဲ ငါ့ကို ဆွဲပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။ 


"ငါတို့ တစ်ခုခု လိုနေသေးတယ်၊ မင်း သတိမထားမိဘူးလား"


ငါ တကယ်ပဲ သတိမထားမိဘူးဟ!


ငါ သတိထားပြီး ကိုင်းညွတ်လိုက်တယ်။ 


"ဘာတွေ လိုနေတာလဲ" 


ဖေကျစ်လင်က ငါ့ကို ကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ 


"မင်း ငါနဲ့ စာချုပ်လက်ထပ်မယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမယ့် စာချုပ်လက်ထပ်တာကို တရားဝင် ကြေညာဖို့ လိုတယ်ဆိုတာ မေ့သွားပြီလား၊ ငါ အရမ်းကို ရှင်းရှင်လင်းလင်း မှတ်မိတယ်‌နော် ၊ မင်းနဲ့ ဝမ်ကျားကျားက စာချုပ်လက်ထပ်တုန်းက ပုံတူတွေ ရိုက်ခဲ့တယ်၊ ငါ့အတွက်ရော ဘာလုပ်ပေးမှာလဲ"


သူ့လေသံက ထူးဆန်းစွာ စိတ်မကောင်းဖြစ်နေတာကြောင့် ငါ့ရင်ထဲမှာ စူးလာတယ်။ 


ဖေကျစ်လင် စိတ်မကောင်းမဖြစ်စေရဘူးဆိုတဲ့ အတွေးက ငါ့စိတ်ထဲမှာ ပဲ့တင်ထပ်နေတယ်။ 


သတိပြန်ဝင်လာတဲ့အချိန်မှာ ငါ စားပွဲကို ရိုက်ပြီး ပြောလိုက်မိပြီ။


"ဒါဆို ကြီးကျယ်တာမျိုး လုပ်ကြတာပေါ့၊ ဝမ်ကျားကျားထက် သာ‌စေရမယ်!"


~~~