Chapter 15
Viewers 2k

သူ ငါ့ကို အရင်က နမ်းဖို့ ငြင်းခဲ့တာကို ငါ မှတ်မိတာကြောင့် တမင်တကာ ငြင်းလိုက်တယ်။ 


"မရဘူး"


ကျိုးယန် ဘာမှ မပြောဘဲ ငါ့ကို စိုက်ကြည့်နေတယ်။ ငါ့နှလုံးသား နူးညံ့သွားပြီး တိုးတိုးလေး ပြောလိုက်တယ်။


"ဒါဆို... တစ်ခါပဲ"


ဒါပေမယ့် ငါ့မျက်နှာကို မော့ပြီး သူ့ကို နမ်းတော့မလို့ ရှိတုန်းမှာပဲ မြေကြီး ရုတ်တရက် တုန်ခါသွားတယ်။


သစ်ကိုင်းတွေ စကျလာပြီး ငှက်တွေနဲ့ ပိုးကောင်တွေ ကမောက်ကမ ပျံသန်းကုန်တယ်။ 


စခန်းချရာနေရာက လူတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ မြေကြီးအောက်ကနေ မြည်ဟိန်းသံတွေက လူတိုင်းရဲ့ နှလုံးသားကို ခုန်စေတယ်။ 


"ငလျင်လှုပ်တာ!" 


"သတိထား!" 


ငါ မှင်တက်သွားတယ်။ 


ငလျင်လှုပ်တာလား! 


အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ လူတွေက ပုံမှန်အားဖြင့် တောင့်ခဲသွားတတ်တယ်။ 


ဒါပေမယ့် ငါ တုံ့ပြန်မိတဲ့အချိန်မှာ ကျိုးယန်က ငါ့ကို ဆွဲပြီး ပွင့်လင်းရာနေရာဆီ ပြေးနေပြီ။ 


သူ့ရဲ့ ပုံမှန် ပျင်းရိတဲ့အမူအရာ ပျောက်ကွယ်သွားပြီး လုံးဝကို အတည်ပေါက် ဖြစ်သွားတယ်။ 


ဒါက ငါ့ကို အရမ်းစိတ်အေးစေတယ်။ ကံကောင်းစွာနဲ့ပဲ ငါတို့က စခန်းချရာနေရာနဲ့ သိပ်မဝေးဘဲ မြန်မြန်ဆန်ဆန် ပြန်ပြေးလာနိုင်ခဲ့တယ်။ 


ငါ သက်ပြင်းချဖို့ ပြင်တုန်းမှာပဲ ကျိုးယန် က ငါ့ကို ပြင်းပြင်းထန်ထန် တွန်းလိုက်တယ်။ ငါ မြေပြင်ပေါ် လဲကျသွားပြီး သစ်ပင်ကြီးတစ်ပင်က ငါ့နောက်မှာ တည့်တည့်ကျသွားတယ်။ နာကျင်မှုကို မေ့ပြီး ငါ့ခေါင်းကို ထိတ်လန့်စွာ လှည့်လိုက်တယ်။ 


ကျိုးယန်က လဲကျနေတဲ့ သစ်ပင်ဘေးမှာ သတိလစ်ပြီး လဲလျောင်းနေတယ်။ အဲဒီအခိုက်အတန့်မှာ ငါ့သွေးတွေ နောက်ပြန်စီးဆင်းသွားသလို ခံစားရတယ်။ ငါ သူ့ဆီကို တရွတ်တိုက် သွားလိုက်တယ်။


"ကျိုးယန်" 


အဖြေမရှိဘူး။ 


နှောင့်နှေးရဲခြင်းမရှိဘဲ ငါ သူ့ကို ပခုံးပေါ် ထမ်းတင်ပြီး သူငယ်ချင်းတွေဆီ ဦးတည်သွားခဲ့တယ်။ 


ငါ ထပ်တလဲလဲ လဲကျနေရင်း ကျိုးယန် ငါ့ကို ထမ်းနေပုံကို ပြန်တွေးမိတယ်။ အမြဲတည်ငြိမ်ပြီး သန်မာတယ်။ ငါ့နှာခေါင်း စူးလာပေမယ့် ငါ ထိန်းထားလိုက်တယ်။ 


ကံကောင်းစွာနဲ့ပဲ ငါတို့ ကျိုးယန် ရဲ့ အခန်းဖော်တွေ လာရှာတာနဲ့ တိုးတယ်။ 


ငလျင်က ရပ်သွားပြီ။ 


ငါတို့ မြန်မြန်ဆန်ဆန် တောင်ပေါ်ကနေ မောင်းဆင်းလာကြပေမယ့် လမ်းက ပြန်ဖို့ ကြိုးစားနေတဲ့ ခရီးသွားတွေနဲ့ ပြည့်နေတယ်။ ငါ ကျိုးယန် ရဲ့ ခေါင်းကို ကားထဲမှာ ကိုင်ထားပြီး စိုးရိမ်နေတယ်။ 


"မုန်ထင်၊ စိတ်မပူပါနဲ့၊ ငါ သတင်းမှာ ကြည့်လိုက်တာ ငလျင်ပြင်းအား ၅ ပဲရှိတာ၊ လမ်းပျက်စီးတာ မပြင်းထန်ဘူး၊ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေပြီ"


"စကားရပ်လိုက်၊ ရှေ့ကလူတွေကို လမ်းရှင်းခိုင်းလိုက်၊ မဟုတ်ရင် ကျိုးယန် muggle ဖြစ်သွားလိမ့်မယ်"


( T/N : muggle - တစ်စုံတစ်ခုသောအခြေအနေမျိုးတွင် နုံအနေတတ်သူ )


သူ့သူငယ်ချင်းတွေက ချက်ချင်း ကားထဲကနေ ဆင်းပြီး ရှေ့ကလူတွေကို လမ်းဖွင့်ပေးဖို့ တောင်းပန်ကြတယ်။ 


အဲဒီအခိုက်အတန့်မှာ ငါ့လက်ထဲကလူ လှုပ်ရှားလာတယ်။ နာကျင်မှုကြောင့် ညည်းသံတိုးတိုးလေးနဲ့ 


"အာ့..." 


ငါ လန့်လည်းလန့်၊ စိတ်လည်းသက်သာရာ ရသွားတယ်။ 


"ကျိုးယန်၊ မင်း နိုးလာပြီလား၊ မင်းခေါင်းက အခုထိ အရမ်းကိုက်နေသေးလား" 


သူ့အခန်းဖော် ကားထဲ ခုန်ဝင်ပြီး ကြည့်လိုက်တယ်။


"ဟား၊ ကျိုးယန် က သန်မာတာပဲ၊ သစ်ပင်နဲ့ ခေါင်းထိတာတောင် ဘာမှမဖြစ်ဘူး!" 


"သူ တကယ်ကို University A မှာ အချောဆုံး ကောင်လေးပဲ"


ဆူညံနေတဲ့ စကားသံတွေကြားထဲမှာ လူငယ်လေး ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်တယ်။ သူ့အကြည့်က ငါ့ရဲ့ ပျော်ရွှင်နေတဲ့မျက်နှာနဲ့ ပြည့်နေတယ်။ မျှော်လင့်ချက်ကြီးစွာနဲ့ ကျိုးယန် က ငါ့ကို ကြည့်လိုက်တယ်။ သူ့မျက်ခုံးတွေ နည်းနည်းကြုံ့နေပြီး စိတ်မပါ့တပါနဲ့ ပြောလိုက်တယ်။ 


"မင်း ဘယ်သူလဲ"


?


??


လူတိုင်း မှင်တက်သွားကြတယ်။


~~~