Ch 57
Viewers 24k

🍉 Chapter 57

 

 

ယခုအချိန်တွင် ကျီဖေးသည် ချင်ရှန့်၏စာကြည့်ခန်းတွင် သူပြန်ယူလာခဲ့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစီရင်ခံစာကိုကြည့်နေခဲ့သည်။ သူ တကယ်နားမလည်ပေမယ့် ကြီးကြပ်ဟန်ဆောင်ခဲ့သည်။ အစီရင်ခံစာကို ဆန်းစစ်နေချိန်မှာပင် သူ့ အကြည့်တွေတခြားနေရာဆီလွင့်မျောသွားခဲ့သည်။

 

အဖြူရောင်ရေချိုးခန်းဝတ်စုံမှာ အနည်းငယ်ပွင့်ဟနေပြီး ကြည်လင်ပြတ်သားသောကြွက်သားလိုင်းများတစ် လျှောက် မီးအလင်းပြန်နေခဲ့သည်။ ရင်ဘတ်ကြွက်သားများသည် မာဆယ်အချို့ကိုထိန်းထားကာ တက်လာပြီး အသက်ရှုတိုင်း ပြန်ပြန်နိမ့်ဆင်းသွားသည်။ အစိုဓာတ်ဖြင့် စိုစွတ်နေသော သူ့မျက်ခုံးနှင့် ဆံပင်များသည် မှင်ပန်းချီကားကဲ့သို့နှယ်။ သူ့ပုံရိပ်ကိုအလင်းဖြင့် ဝန်းရံထားသောကြောင့် filter ထပ်ထည့်ထားသလိုပင်။

 

[အို မို၊ စွဲမက်ဖို့ကောင်းလိုက်တဲ့ မြင်ကွင်း။ CEO က သူ့ဝတ်စုံကိုချွတ်လိုက်တဲ့အခါ ဘယ်လိုလုပ်သန့်စင်တဲ့ အလှကိုပိုင်ဆိုင်ထားတာလဲ ? ငါ သူ့ကို ကွာရှင်းဖို့ စိတ်နည်းနည်းလျှော့ဦးမှ၊ သူ့ကို ဒီလိုမြင်ရတာဘယ်‌လောက် စိတ်ချမ်းသာဖို့ကောင်းလိုက်သလဲ ?]

 

ချင်ရှန့်၏မူလကျေနပ်နေသော အမူအရာသည်ရုတ်တ ရက်အေးခဲသွားသည်။ သူဘာလို့ ကွာရှင်းဖို့ကိုထပ်ပြီး တွေးနေပြန်တာလဲ ?

 

[ဒါပေမယ့် နှစ်လကြာရင် သူ့အချစ်ဦးပြန်လာတော့မှာ အဲဒီအခါကျရင် တွန်းလိုက်၊ ဆွဲလိုက်နဲ့ မရေရာတဲ့ခံစားချက်တွေ၊ နားလည်မှုလွဲတာတွေ၊ လက်လွတ်လိုက်ဖို့ တွန့်ဆုတ်နေတာမျိုးတွေဖြစ်လာလိမ်ါမယ်။ ပြီးရင် သူတို့ရဲ့ဒရာမာအတွက် ထောက်ကူဇာတ်ပို့အဖြစ်အလယ်မှာပိတ်မိနေမယ်။ တခြားသူတွေရဲ့ဒရာမာကို ကြည့်ရတာပျော်စရာကောင်းပေမယ့် ငါ ကိုယ်တိုင်တော့ အဲ့ဒရာမာထဲမပါချင်ပါဘူးနော်]

 

ချင်ရှန့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူတကယ်ပဲ ကျီဖေးရဲ့ခေါင်းကိုဖမ်းပြီး သူ့ရဲ့ကွဲပြားတဲ့အတွေးအမြင်တွေကို ရပ်တန့်လိုက်ချင်မိသည်။

 

ဒါတွေအားလုံး သူ ဘယ်ကရခဲ့တာလဲ ? သူ့ ကိုတိုက်ရိုက် လာမေးလို့မရဘူးလား ?

 

ဟုတ်သည်၊ ယုကျစ်သည် သူ့ရဲ့ပထမဆုံးအချစ်၊ ဒါပေမယ့် သူ့ရဲ့အချစ်ဦးမဟုတ်ပေ။

 

တက္ကသိုလ်တက်တုန်းက တစ်ယောက်နဲ့တစ်ယောက် သဘောကျကြသည်။ ယုကျစ် သူ့ကိုဆွဲဆောင်သလို သူကလည်း မကြိုက်တာမျိုးမဖြစ်တဲ့အတွက် သူတို့ ထုံးစံအတိုင်းချိန်းတွေ့ဖြစ်ရုံသာ။

 

သူသည် စိတ်ပိုင်းဆိုင်ရာနွေးထွေးရန် အလွန်နှေးကွေးပြီး ရင်းနှီးသောအပြုအမူကို မကြိုက်သောကြောင့်၊ ချိန်းတွေ့သည့် နှစ်များအတွင်း အတန်းထဲတွင် နေ့တိုင်းအတူ တကွ စာလုပ်ခြင်း၊ ကိုယ်တိုင်စာလေ့လာခြင်းနှင့် ပညာ ရပ်ဆိုင်ရာလှုပ်ရှားမှုများမှလွဲ၍ အနမ်းကိုပင်မမျှဝေခဲ့ကြပေ။

 

သို့သော်ယုကျစ်သည် သူတို့၏ဆက်ဆံရေးဘယ် လောက်ချိုမြိန်ကြောင်း တခြားသူများအားအရိပ်အ မြွက်ပြောပြသည်ကို မြင်ဖူးသည်။

 

ထိုအချိန်အတွင်းရေးမှူးကျင်းသည် များစွာကြားသိရပြီး တစ်ကျောင်းလုံးသည် ၎င်းတို့၏ 'စုံတွဲသကြားလုံး' စားကြရသည်။ နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ကြပုံပေါ်စေသည်၊ အမှန်မှာ ၎င်းတို့ ထိုသို့လုံးဝမဟုတ်ခဲ့ချေ။

 

နောက်ပိုင်းယုကျစ်သည် လမ်းခွဲချင်ပြီး နိုင်ငံခြားထွက်သွားချင်သည်ဟု ရုတ်တရက်ပြောသောတဲ့အခါ သူမကို ယခုထက်ပိုကောင်းစေချင်သဖြင့် သူ ဒါကို သဘာဝကျကျလက်ခံပေးလိုက်သည်။

 

မိသားစုလုပ်ငန်းကိုတာဝန်ယူဖို့ အရမ်းအလုပ်ရှုပ်နေတာခဲ့သဖြင့် အဲဒီကတည်းက ဘယ်သူနဲ့မှချိန်းတွေ့တာမျိုး   မရှိခဲ့ပေ။ စီအီးအိုတစ်ဦးထံ အချစ်ဇာတ်လမ်းအတွက် နေ့တိုင်းအချိန်မရှိချေ။

 

သို့သော်လူတိုင်းက သူ့အချစ်ဦးကို မကျော်ဖြတ်နိုင်လို့ဘူးဟုထင်နေကြသည်။ ဒါက လုံးဝမမှန်ပေ။

 

အတိအကျပြောရလျှင်၊ အထူးသဖြင့် သူ့ညီအကိုမောင် နှမအချို့ အချစ်အတွက်မိုက်မဲစွာပြုမူသည်ကိုမြင်ပြီးနောက် သူတို့၌ရှိသောအရာများကို စစ်မှန်သောအချစ်ဟု သတ်မှတ်နိုင်သလား ? ၎င်းသည် သူ့ကို ပိုလို့ပင်သံသယဝင်လာစေသည်။

 

တကယ်တမ်း ချင်းရှန့်၏အမူအကျင့်အရဆိုပါက ကျီဖေး၏နားသေးသေးလေးကိုဖမ်းဆွဲကာ မဖြစ်နိုင်ဘူးဟု ပြောမိလိမ့်မည်။

 

ကျီဖေးသည် အတင်းအဖျင်းပြောတတ်သူဟု အမြဲခံစားမိပြီး တစ်နေ့နေ့မှာ သူမ ကိုယ်တိုင်ရှာဖွေတွေ့ရှိလိမ့် မည်။ ထို့နောက် သူ ကျီဖေးအားအပြင်လူတစ်ယောက်အတွက်နှင့် ဘယ်တော့မှကွာရှင်းမည်မဟုတ်ကြောင်းအာမခံပြီး သူမသည် မစ္စချင်ဖြစ်ရသည့်အတွက်ကျေနပ်  စေရမည်။ နောက်ဆုံး သူတို့ရဲ့.......အိမ်ထောင်ရေးကို အစစ်အမှန်ဖြစ်အောင်လုပ်ဆောင်ရမည်။

 

ဥပမာအားဖြင့်၊ ယခုသူသည် သူ့မိဘများ၏ အကြံဉာဏ်ကိုလိုက်နာကာ တစ်ယောက်တည်းရှိစဉ်တွင် ကျီဖေး၏ ဝါသနာလေးများလေ့လာရန်၊ ၎င်းတို့၏ဆက်ဆံရေးကိုပြုစုပျိုးထောင်ရန်သင်ယူနေသည်။

 

သို့သော် အများအားဖြင့် ထိုကောင်မလေး သူ့အားငြူစူနေတာပိုများသည်။

 

တကယ်တော့ ကျီဖေး အတော်လေးမှားယွင်းထင်ခံရသည်။ သူမသည် privacy ကိုကျူးကျော်တတ်သူမဟုတ်ပေ။ အရည်ရွှမ်းသော အတင်းအဖျင်းများမရှိလျှင် သူမ အနည်းငယ်စူးစမ်းလိမ့်မည်။ မဟုတ်ပါက သူမသည် မည်သည့်အရာကိုမျှ လေးလေးနက်နက်းတွေးတောနေမည်မဟုတ်ပေ။

 

အမှန်တော့ချင်ရှန့်သည် သူမ၏အလှအပအရသာနှင့် ကိုက်ညီသူဖြစ်သည်။ အများဆုံး သူ့အား သူငယ်ချင်းလို့ပင်သတ်မှတ်လို့မရချေ။ သူတို့သည် အနှေးနှင့်အမြန် ကွာရှင်းကြမည်သာ။

 

သူ အရမ်းနားလည်လွန်းသွားပြီး ခံစားချက်တွေတကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ? ဒုက္ခဖြစ်လိမ့်မည်။ ထို့ပြင် ချင်ရှန့်၏ကိုယ်ပိုင်ဆွဲဆောင်မှုကို သူ အသိအ မှတ်ပြုခဲ့သည်။

 

ယခင်က ကျီဖေးတစ်ယောက်တည်းနေထိုင်ခဲ့ဖူးသည်။ သူသည် မိမိကိုယ်ကိုကာကွယ်နည်းနှင့် အန္တရာယ်များကိုရှောင်ရှားတတ်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူတစ်စုံတစ်ဦးကို အမှန်တကယ်ဂရုစိုက်ရန် ခဲယဉ်းသည်၊ မဟုတ်ပါက သူမသည် သူမ၏အတိတ်ဘဝတွင်တစ် ကိုယ်တည်းနေခဲ့လိမ့်မည်မဟုတ်ပေ။

 

ကျီဖေး တစ်စုံတစ်ယောက်၏ဗိုက်သားကိုထိရန်သည်းမခံနိုင်တော့ချိန် ဖုန်းကတုန်ခါသွားသည်။

 

"ဟမ်၊ ငါ့ရဲ့ လတ်တလောငွေကြေးကံက ဘာလို့နည်းနည်းယုတ္တိမရှိဘူးလို့ ခံစားနေရတာပါလိမ့် ? ငါ ပါဆယ်မှာပေးလို့များလား ? အဲ့တာက အဲ့လောက်မတန်ပါဘူး ? ဘာလို့ ဂဏန်းတွေအဲ့လောက်များနေရတာလဲ ?"

 

ကျီဖေး ဖုန်းစခရင်ကို ချင်ရှန့်အားအလိုလိုပြလာခဲ့သည်။

 

ချင်ရှန့် အနည်းငယ် မျက်ခုံးပင့်လိုက်ပြီး "သူ့ လက်ထဲမှာ ရှိတာအားလုံး လွှဲလိုက်တာထင်တယ်၊ လောလောဆယ် စာမေးပွဲအတွက်ပြင်ဆင်ဖို့ အိမ်မှာပန်းချီဆွဲဖို့အာရုံစိုက်နေတော့ သူ့အတွက် မလိုဘူးလေ။ ငါထင်တာတော့ သူ့ရဲ့စိတ်အနှောင့်အယှက်တွေကို ဖယ်ရှားပေးလို့နေမှာပေါ့"

 

"အဲဒါ အရမ်းရှက်ဖို့ကောင်းတာပဲ!"

 

"သူက သူ့ရဲ့စေတနာပါလို့ပြောလာမှတော့ လက်ခံလိုက် ပါ"

 

ကျီဖေးက 'ကျေးဇူးတင်ပါတယ်၊ သူဌေးသမီး' စတစ်ကာဖြင့် ပျော်ရွှင်စွာတုံ့ပြန်ခဲ့သည်။ ထို့နောက် သူလှည့်၍ အများစုအား ချင်ရှန်းထံလွှဲပြောင်းပေးခဲ့သည်။

 

ဖုန်းသတိပေးချက်ကိုကြားသဖြင့် ချင်ရှန်း၏နှုတ်ခမ်းများ အနည်းငယ်ကွေးတတ်သွားကာ စောစောကစိတ်အနှောက်အယှက်ဖြစ်စေသော ဒေါသမျာသဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

 

"ချင်ရုန်က တော်တော်စည်းကမ်းရှိတယ်။ သူ့ နေရာကို ပြန်ရဖို့အတွက် ရှင့်ကို ခွင့်တောင်းခဲ့တာဖြစ်နိုင်သည်။ ဒါပေမယ့် စာမေးပွဲဖြေဖို့ သူ့ကိုယ်ပိုင်အရည်အချင်းကို အားကိုးဖို့ပဲရွေးချယ်ခဲ့တာ"

 

ချင်ရုန် သူ့နေရာကိုဆုံးရှုံးလိုက်ရတာပြီးတကယ် ပျောက် ကွယ်သွားခဲ့သည်။ ဒါ သူမရဲ့မိုက်မဲမှုအတွက်ပြစ်ဒဏ် ဟုခံစားခဲ့ရသည်။ သို့သော် ယခုတော့ သူမ အသိစိတ်ဝင်လာသဖြင့် သူ့အိမ်မက်ကိုလွယ်လွယ်နှင့် အရှုံးမပေးခဲ့ချေ။

 

နေရာကိုအာမခံချက်မရှိဘဲ သူမကိုယ်တိုင်စာမေးပွဲဝင်ဖြေဖို့ရွေးချယ်ခဲ့ပြီး သူမ၏စိတ်ကူးယဉ်အနုပညာသင် တန်းကျောင်းကို ဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါသည်။

 

ဖြစ်စဉ်မှာ အဆတစ်ရာထက်ပိုခက်ခဲလျှင်ပင် သူမ စွန့်လွှတ်လိုစိတ်မရှိခဲ့ပေ။

 

"ဒါ သူ့အတွက် မကောင်းတာမှမဟုတ်တာ။ အဲ့အခက် အခဲက သူ့ကို ပိုတန်ဖိုးထားလာစေမှာ နောင်တချိန်ကျ    အမှိုက်ကောင်တချို့ဆီက ထပ်အရူးလုပ်မခံရအောင် တားဆီးနိုင်လိမ့်မယ်၊ သူ ပန်းချီဆွဲရတာတကယ်ဝါသနာ ပါတယ် အဲ့တော့ ဖြစ်နိုင်ချေရှိတယ်လို့ ငါ ယုံတယ်"

 

ကျီဖေး ပြန်လာပြီးနောက် လူတိုင်းကိုယ်ပိုင်အိမ်မက်တွေ ရှိပုံမပေါ်ဘူးဟု သူမတွေးနေမိသည်။ နှိုင်းယှဉ်ကြည့်ပါက သူမ အိပ်မက်များကင်းမဲ့နေခြင်းမှာ ယခင်ကငွေမရှိခြင်းနှင့် အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်‌ခဲ့ရတာ ကြောင့်များလား ?

 

အကယ်၍ သူမသာ ချမ်းချမ်းသာသာမွေးဖွားလာပါက သူ့ထံအမှန်တကယ် ပြီးမြောက်အောင်မြင်လိုသောအရာတစ်ခု ရှိလိမ့်မည်မဟုတ်ပါလော။

 

သူ့ကိုယ်သူချမ်းသာအောင်ကြိုးစားပြီး သူ့ကိုယ်ပိုင်အိမ် မက်ကို ရှာဖွေသင့်သည်။ နောက်ဆုံးတော့ အခုချိန်မှာ သူ့ထံပိုင်ဆိုင်မှုနည်းနည်းရှိနေသည်။

 

ရက်အနည်းငယ်ကြာပြီးနောက်

 

[ဟင့်အင်း၊ ငါ နောင်တရတယ်။ ငါးဆားနူးဘဝကို ဘာကြောင့် အိပ်မက်လို့မယူဆရနိုင်ရမှာလဲ။ ငါးဆာနူးဖြစ်အောင်ကြိုးစားချင်တယ်။]

 

စတူဒီယိုနေရာပြောင်းရွှေ့ရန် နီးကပ်လာသည်နှင့်အမျှ ကောင်းဟောင်သည် နောက်ဆုံး ကျီဖေးကိုသတိရသွားသည်။

 

ထို့ကြောင့် ကျီဖေးသည် ချင်ကျောက်နှင့် ကောင်းဟောင်တို့မှ သင်တန်းအမျိုးမျိုးစီစဉ်ရန် စတူဒီယိုသို့ဆွဲခေါ်သွားကြပြီး ကျီဖေးမထွက်မီတွင် အလားအလာရှိသောအနု ပညာရှင်တစ်ဦးအဖြစ်အသွင်ပြောင်းကာ အရည်အချင်းရှိသော မန်နေဂျာကိုလှည့်စားနိုင်ခဲ့သည်။

 

၎င်းတို့၏အစီအစဉ်အရ တစ်စုံတစ်ဦးကိုဦးစွာလှည့်ဖြား ပြီး မြင့်မားသောလစာပေးမည်ဟု ကတိပေးကာစတူဒီ ယိုကိုထိန်းသိမ်းခွင့်ပေးပြီး အခြားအနုပညာရှင်များကို စုဆောင်းရန်အခွင့်အာဏာပေးအပ်ခဲ့သည်။ ဤနည်းဖြင့် ကျီဖေးသည် ၎င်းတို့၏ကိုယ်ပိုင်စတူဒီယိုတွင် ဆက် လက်ပြီးအပျင်းထူနိုင်သည်။

 

ကျီဖေးသည် ခက်ခဲသော သုံးရက်ကိုခံနိုင်ရည်ရှိခဲ့သည်။ စတုတ္ထနေ့ နံနက် ၈ နာရီမှ ၈ နာရီ။ ပျော်ရွှင်စရာကောင်း သော ဒုတိယအိပ်စက်ခြင်းမစတင်မီ။ - ချင်ကျောက်၏ တံခါးခေါက်မှုကြောင့် သူမ နိုးထလာရပြန်သည်။

 

မနက်စာစားဖို့ထိုင်ရင်း ကျီဖေး အတွေးတွေပျောက်ပြီး ပျင်းရိစရာကောင်းသည့်ဘဝကို စွန့်လွှတ်ဖို့တွေးပြီး နောင်တရနေပြန်သည်။

 

သူ ဘာကြောင့် တစ်သက်လုံးဖျော်ဖြေရေးအလုပ်ဖို့ တွေးမိခဲ့တာလဲ?

 

အခုသူ အနုပညာရှင်အနေနဲ့ငွေရှာဖို့ကို တကယ်စွန့် လွှတ်လိုက်တော့မလားဆိုတာကို စဉ်းစားနေခြင်းပင်။

 

သူ့ကိုယ်သူစဉ်းစားခန်းဝင်အပြီး သူ မျှော်ကြည့်ရာ ချင်ကျောက်နှင့်ချင်ရုန်သာ စားပွဲ၌ရှိနေသည်ကိုသိလိုက်သည်။ ချင်ရှန့်နှင့် ချင်ရန်သည် မနက် 6 နာရီတွင်အိပ်ရာ ထပုံရသည်။

 

ဟမ်... သာမာန်လူတွေထက်ပိုထူးချွန်ပြီး သာမာန်လူတွေထက်ပိုကြိုးစားတယ်၊ သူတို့ချမ်းသာတာ အံ့သြစရာမရှိ တော့ပါဘူး။

 

ချင်ရုန် ကမန်းကတန်းထမင်းစားပြီးတာနဲ့ နှုတ်ဆက်ပြီး အနုပညာစတူဒီယိုမှာ အထီးကျန်ဖို့ထွက်ပြေးသွားသည်။

 

"မြန်မြန်စား၊ ငါတို့ မင်းကိုစောင့်နေတာ"

 

ဟုချင်ကျောက်သည် သူမ၏ အသုပ်တစ်လုပ်ကို နှစ်ပေါင်းများစွာဝါးစားနေသည်ကို မြင်လိုက်ရသဖြင့် စိတ်အချဉ်ပေါက်လာရသည်။ မသိပါက စားပွဲပေါ်အိပ်ပျော်နေသလိုပင်။

 

ကျီဖေးသည် စိတ်ပျက်မှုအတွက်ထွက်ပေါက်မရှိပေ။ ရုတ်တရက် တစ်ခုခုသတိရသွားပြီး

 

"ထူးဆန်းလိုက်တာ ဘယ်လိုဖြစ်ပြီး နင် ဒီနေ့ ဒီကိုရောက်  နေတာလဲ ?"