Ch 58
Viewers 24k

🍉 Chapter 58

 

 

"ဘာလဲ ?"

 

ချင်ကျောက် အမှတ်မထင်ပြန်ဖြေလိုက်ပုံရသည်။ ကျီဖေးက "ဒီနေ့ ရှင်းယွဲ့ နိုင်ငံခြားသွားမယ့်နေ့မဟုတ်ဖူးလား ? သူ့ကိုတွေ့ဖို့ လေဆိပ်မသွားဘူးလား ?"

 

"သူတို့လေယာဉ် မနက် 6 နာရီ၊ သူ့ကိုတွေ့ပြီးတာနဲ့ မင်းကိုခေါ်ပြီး ငါ ပြန်လာခဲ့တာ"

 

ကျီဖေး အံ့သြသွားပြီး "နင်တကယ် သူ့ကို သွားတွေ့ခဲ့တယ်ပေါ့။"

 

ထိုအချိန်အတွင်း ချင်ကျောက်သည် ၎င်း၏တရားဝင် Weibo အကောင့်တွင် လပုံစံအိုင်ကွန်တစ်ခုထပ်ထည့်ရုံမှလွဲ၍ ချူရှင်းယွဲ့အား ပွင့်ပွင့်လင်းလင်းမရှာခဲ့ပေ။ သူ့အ လုပ်ကို ဦးစားပေးပြောင်းရန်ဖြစ်သည့် သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရန်သာ အာရုံစိုက်နေခဲ့သည်။

 

သို့သော် သူ့ကိုယ်သူ မပြဝံ့သော်လည်း ချူရှင်းယွဲ့အားတိတ်တဆိတ်သွားကြည့်ဖူးကြောင်း ကျီဖေးသိသည်။

 

[အိုး၊ သူက ရှင်းယွဲ့ကိုတိတ်တဆိတ်သွားတွေ့ပြီး သူတို့အဖွဲ့တစ်ခုလုံးကို  First Class ပြောင်းပေးဖို့ ကုမ္ပဏီနာ မည်တောင် သုံးခဲ့သေးတယ်ပေါ့]

 

ချင်ကျောက် မျက်လုံးပြူးသွားသည်။ သူ သိပြီးသားဆိုရင်လည်း ဘာလို့လာမေးတာလဲ ? မလုံမလဲဖြစ်ပြီး သူ့ နှလုံးခုန်သံတွေ မလွဲမှားသွားအောင်ကြိုးစားနေရသည်။

 

[အဲ့နောက် သူ ချူရှင်းယွဲ့ရဲ့ အေးစက်တဲ့အမူအရာကို အဝေးကကြည့်ပြီး စစ်မှန်သောအပြုံးကိုမြင်လိုက်ရတာနဲ့ အရာအားလုံးကို ချန်ထားခဲ့ပြီးထွက်သွားတာက သူ့အတွက် တကယ်ပျော်ရွှင်စေရမှန်း သိလိုက်တယ်၊ အအဲ့ဒါနဲ့ သဲကွဲသွားပြီး မျက်ရည်တွေသုတ်ဖို့သန့်စင်ခန်းထဲ အပြေးသွားလိုက်ရသေးတယ်ပေါ့...]

 

"အဟမ်း၊ မင်း မပြီးသေးဘူးလား ? မင်းရဲ့ သင်ခန်းစာတွေကနေ လစ်ထွက်ဖို့မကြိုးစားနဲ့!" ကျိဖေး၏အတွေးအား ကြားဝင်နှောက်လိုက်ရသည်။

 

ချင်ကျောက်: ပါးစပ်ပိတ်ထား၊ မင်းက ငါ့နှလုံးသားကို တစစီဖြစ်အောင်လုပ်နေတာပဲ

 

[အိုး.. သူ စိတ်လှုပ်ရှားနေတာ! သူ့ကြည့်ရတာ ဝမ်းနည်းစရာတစ်ခုခုကိုသတိရသွားတာဖြစ်မယ်။ သူနိုင်ငံရပ်ခြားမှာ အလုပ်ချဲ့ထွင်မယ်ပြောနေပေမယ့် တကယ်တမ်းကျ ရှင်းယွဲ့ကို မမြင်နိုင်မှာကြောက်လို့လေ၊ ဟိုက သူ့နောက် လိုက်လာတာသိရင် အဆင်မပြေဖြစ်မှာကို သူ သိတယ်။ သူ့ကိုယ် သူ နိုင်ငံရပ်ခြားမှာ ကျော်ကြားလိမ့်မယ်လို့ တကယ်ကြီးတွေးနေတာ မဟုတ်ပါဘူး‌နော်]

 

ချင်ကျောက်:.....သောက်ကျိုးနဲ၊ ဒီပါးစပ်ကို ရပ်လို့မရ တော့ဘူးလား ? သူ့အတွက် နောက်ထပ်သင်ခန်းစာတွေ ထပ်တိုးလိုက်သင့်လား ??

 

[ဒါပေမယ့် သူ့ရဲ့တိတ်တဆိတ်ကာကွယ်မှုက လေးနက်တဲ့အချစ်လို့ သူ ထင်နေတာလား မထင်ပါဘူးနော် ? ရှင်းယွဲ့ သာ အချိန်တိုင်း သူတွယ်ကပ်နေတာကိုနောက်ဆုံးသိသွားခဲ့တဲ့အချိန်ကျ မတုန်မလှုပ်ဖြစ်နေနိုင်တာပဲလေ]

 

ချင်ကျောက်:... သူ ဘယ်သူ့ကိုမှ ရွှေ့ဖို့မကြိုးစားဘူး၊ .... ဒီတိုင်း သူ့မှာ တခြားရွေးချယ်စရာမရှိရုံပဲ။ သူ့နှလုံးသားက ရှင်းယွဲ့ဆီမှာထားခဲ့ပြီးသား၊ တူညီတဲ့ကောင်းကင်တစ်ခုတည်းအောက်မှာ နေထိုင်ချင်တယ်၊ ရံဖန်ရံခါ သွားခိုးကြည့်မိသည်။ အဲ့လိုမှမဟုတ်ရင် သူ ဘာလုပ်ရမှန်းမသိ တော့ဘူး။

 

ချင်ကျောက် အတွေးထဲနစ်မြုပ်သွားပြီး ရှင်းယွဲ့နှင့် ပိုပိုဝေးလာသည်ကိုစိတ်ကူးကြည့်ကာ သူ့ရင်ဘတ်ထဲနာ ကျင်လာပြီး အသက်ရှုရခက်လာသည်။

 

တစ်ချိန်တည်းမှာပဲ ကျီဖေး ထမင်းစားပြီးသွားသဖြင့် သူ့အနားခေါ်လိုက်သည်။ သူမ ဖုန်းစခရင်ကိုတစ်ချက်လှမ်း ကြည့်လိုက်သည်။

 

ဝမ်းနည်းဖို့ကောင်းလိုက်တာ၊ စိမ်းစိုနေတဲ့ ဒိုင်ယာလော့သေတ္တာတွေအပြည့်ပဲ။ ( wechat က စာပို့ရင် အစိမ်းလေးတွေလေ message box က အဲ့တာကိုပြောတာ)

 

သူ မတော်တဆ ချူရှင်းယွဲ့နှင့်တူသည့် Avatar တစ်ခုကိုမတော်တဆတွေ့လိုက်ရသည်။

 

မင်္ဂလာနံနက်ခင်းပါ၊ ကောင်းသောနေ့လည်ခင်းပါ ကောင်းသောညပါ၊ မင်း ဘာစားခဲ့လဲ ? ဘယ်လို အနား ယူခဲ့လဲ ? မင်းရဲ့တိုးတက်မှုအခြေ‌အနေကော ကောင်းရဲ့လား ? အားလုံးသည် ကိုယ်ရေးကိုယ်တာခံစားချက်များနှင့်ချစ်ခြင်းမေတ္တာများနှင့်ပြည့်ဝနေသော ဂရုစိုက်သည့်စာသားများပင်။

 

[ဒါ... လူချင်း မဆုံဖြစ်တာတောင် နှောင့်ယှက်နေတုန်းပဲလား ?]

 

ကျီဖေး မယုံသင်္ကာနဲ့ "ပြန်ဖြေထားတာ တစ်ခုမှမရှိဘူး၊ သူ နင့်ကို block ထားတာများလား ?"

 

ချင်ကျောက်က အဖြစ်မှန်ကိုပြန်ပြောပြီး သူ့ဖုန်းကိုပိတ်လိုက်သည်။ "အဲဒါ သူ မဟုတ်ဘူး။"

 

ကျီဖေး: [ငါ မကန်းသေးပါဘူး၊ အရှင်းကြီးကို... ဟမ်၊ မဟုတ်ဘူး... အိုး.. မိုက်နေရော.. သူ ရူးနေတာမဟုတ်ဖူးလား ? သူ ရှင်းယွဲ့ ဟန်ဆောင်ပြီး အကောင့်အတု ဖန်တီးပြီးတော့ အဲ့အကောင့်ကို သူ့ဘာသာ မက်ဆေ့ချ်တွေပို့ နေတယ်? ကိုယ့်ကိုကိုယ် ဖျော်ဖြေမယတာလား? နင် အဲဒါကို ဒိုင်ယာရီ ဒါမှမဟုတ် Note လိုသဘောထားနေတာလား။]

 

ချင်ကျောက်က ကျီဖေးအား နောက်ပြန်လှည့်ပြီး ထွက်သွားကာအရှိန်မြန်မြှင့်လိုက်ပြီး သူ့အမူအရာမှာရှက်ရွံ့နေခဲ့သည်။

 

သူ အမြဲတမ်းတက်ကြွနေသူတစ်ဦးဖြစ်သည်။ သူမအား အနှောက်အယှက်မဖြစ်အောင် သူ့ကိုယ်သူ တားထားလျှင်ပင် သူ့ထံထွက်ပေါက်တစ်ခုလိုသည်။ မဟုတ်ပါက နောက်ဆုံး သူပြိုကွဲသွားပြီး ချူရှင်းယွဲ့အားအနှောင့်အ ယှက်ပေးမိလိမ့်မည်။ ချူရှင်းယွဲ့အား နောက်ထပ်အဆင်မပြေသည့် အမှတ်တရများကို ဘယ်တော့မှမပေးတော့ဟု ကတိသစ္စာပြုထားသဖြင့် မက်ဆေ့ချ်များပို့ဟန် ဆောင်ကာ သူ့ကိုယ်သူ ပေးပို့ရုံသာတတ်နိုင်ခဲ့သည်။

 

အမှန်တွင်၊ သူလုပ်ဝံ့ဆုံးအရာမှာ ၎င်းတို့၏အဖွဲ့လိုက် Gp chat ထဲ အားလပ်ရက်နှုတ်ခွန်းဆက်စကားများပေးပို့ခြင်းပင်၊ သူ့အား လျှို့ဝှက်ဆက်သွယ်ဖို့ပင် သတ္တိမရှိခဲ့ ချေ။

 

[ဟင်း ၊ သူက အချစ်နာကျနေတာပဲ]

 

ချင်ကျောက်: ငါ မဟုတ်ဘူး! ငါ ဘာတွေလုပ်နေလဲ ဆိုလဲ ငါ့ကိုယ်ငါ သိတယ်၊ ငါ လုံးဝအချစ်နာကျနေတာမဟုတ်ဘူး။

 

[ဒါပေါ့၊ သူ မဟုတ်ဘူး]

 

ချင်ကျောက်: တွေ့လား ငါ ပြောသားပဲ

 

[အချစ်နာကျတယ်ဆိုတာ တကယ်တော့လက်တွဲဖော်ရှိတဲ့သူတွေကို ရည်ညွှန်းတာ၊ သူက လေးစားတာနဲ့ပိုတူ သည်။ နှိမ့်ချပြီး၊ အထင်ကြီးတတ်တဲ့ အမျိုးအစား။]

 

ချင်ကျောက်: ... ကောင်းပြီ၊ ငါ လေးစားချင်သလောက် သူ့ကိုလေးစားပစ်မယ်

 

[ချူရှင်းယွဲ့ လက်တွဲဖော်ရတဲ့အခါတွင် သူ တိတ်တိတ် လေးဆုတောင်းပေးပြီး ခိုးငိုဖို့လောက်ပဲသတ္တိရှိလိမ့်မည်။ ဒါ... ကံလို့ ယူဆရမယ်။]

 

ချင်ကျောက်:....မင်း ငါ့ကိုမယုံရင် ငါ အခု ချက်ချင်းငိုပစ်လိုက်မယ်။

 

ချင်ကျောက်သည် စိတ်ခံစားမှုတွေကုန်ဆုံးသွားသလို လမ်းလျှောက်ကာ ကျီဖေးအား ကောင်းဟောင် အရေးတ ကြီးဆင့်ခေါ်လာဖြင့် စတူဒီယိုကိုခေါ်သွားပေးခဲ့သည်။

 

"ဘာ မှားလို့လဲ ?"

 

ချင်ကျောက်က မျက်နှာပျက်နေသော ကောင်းဟောင်ကို မေးလိုက်သည်။

 

ကျီဖေးက သူနဲ့ ဘာမှမဆိုင်ဘူးလို့ ခံစားမိတာကြောင့် ဆိုဖာပေါ်ထိုင်ပြီး အမြန်တစ်ရေးတစ်မောအိပ်လိုက်သည်။ သူ စောစောထခဲ့ရတာ..

 

"ကျနော့်အတွက် အလုပ်အားလုံးဖျက်ဖို့ ပြောထားတယ်မဟုတ်ဘူးလား" ချင်ကျောက် မေးလိုက်သည်။

 

"အစကတော့ မင်းအတွက် လမ်းခင်းပေးတာ... အဟမ်း၊ ဒါကြောင့် ငါတို့အတွက် နေရာတစ်ခုကြိုတင်ထားခိုင်း သည်။ မင်းအဖွဲ့ကိုဖျက်လိုက်တာ တော်တော်ဒုက္ခရောက်နေပြီ။ ဒီလိုမျိုးမျိုးရှိုးကြီးတစ်ခုက Qin Corporation ရဲ့မျက်နှာကြောင့်သာမဟုတ်ရင် သဘောတူမှာမဟုတ်ဘူး။ ဒါပေမယ့် စာရင်းပေါက်ကြားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ မင်းပါဝင်မယ့်သတင်းက အွန်လိုင်းမှာပြန့်နေပြီ မင်းမိသားစုကို အတိုင်းအတာတစ်ခုအထိယုံမှားသံသ ယဖြစ်နေလိမ့်မယ်။ အဲ့ဒါကြောင့် သူတို့ အခုခေတ်စားနေတဲ့အကြောင်းအရာတွေနဲ့ဖိနှိပ်လိုက်ပြီး ချူရွှယ်ချီကျန်းမာရေးကြောင့် အနားယူတဲ့သတင်းကိုအလေးပေးနေကြပေမယ့် သိပ်ထိရောက်မှုမရှိသေးဘူး။”

 

"မဟုတ်ဘူး၊ ငါတို့ ဒီ PR ကပြဿနာကို ချက်ချင်းကိုင် တွယ်ရမှာ။" ချင်ကျောက်လည်း စိတ်တိုလာသည်။

 

ချူရှင်းယွဲ့သည် နိုင်ငံခြားသို့ထွက်သွားသဖြင့် သတင်းကို 1% မမြင်နိုင်ဟု ခံစားမိသော်လည်း သူမ မြင်ခဲ့ရင် သူ ဂရုမစိုက်ဘူးဆိုတာသိပေမယ့်  သူနှင့် ချူရွှယ်ချီတို့ ဆက်စပ်နေသည့်သတင်းများကို ရှင်းယွဲ့မြင်သွားရင် ဆိုသည့်အတွေးက သည်းမခံနိုင်ပေ။ မြင်လိုက်သွားရင် ဘယ်လိုလုပ်မလဲ... ရှက်စရာကောင်းမှာသေချာသည်။

 

"PR တိုက်ရိုက်ထိန်းချုပ်မှုက သေချာပေါက်စုံစမ်းစစ် ဆေးမှုဆီ ဦးတည်သွားလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ ပိတ် ဆို့ဖို့ထက် လမ်းပြတာပိုကောင်းတယ်။ မင်း ပါဝင်မယ်လို့ ငါတို့ ကြေညာသင့်သည်၊ ဒါပေမယ့် ချူရွှယ်ချီနဲ့ မဟုတ်ဘူး"

 

ကောင်းဟောင်က အိပ်ပျော်လုဆဲဆဲသူတစ်ယောက်ဆီသို့ သူ့မျက်လုံးများပို့လိုက်သည်။

 

"ဒါ အခွင့်ကောင်းပဲ။ အနည်းဆုံးတော့ နှစ်လလောက် နောက်ကျသွားလိမ့်မယ်။ ပြည်တွင်းဖျော်ဖြေရေးကို နှုတ်ဆက်ဖို့ကူညီပေးရုံတင်မကဘူး သူ့ကိုထိတွေ့ခွင့်ရဖို့ အခွင့်အရေးပေးလိုက်သလိုပဲ၊ အကျိုးမရှိဘဲမနေဘူး။"

 

ကောင်းဟောင်သည် အကြပ်အတည်းကြားမှ သူ့စီမံခန့်ခွဲမှုစွမ်းရည်ကို ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

 

သူတို့သည် ဒီစတူဒီယိုထဲကလူသုံးပုံနှစ်ပုံကို သူတို့နဲ့အတူ ခေါ်သွားသည်။ လူသစ်တွေစုဆောင်းထားလျှင်ပင် တခြားသူများသည် ၎င်းတို့အနုပညာရှင်၏အနာဂတ် အလားအလာကိုကြည့်ကြလိမ့်မည်။ထို့ကြောင့် ကျီဖေးအားကြီးမားသည့်ထိတွေ့မှုတစ်ခုပေးဖို့ လိုအပ်နေသေးသည်။

 

ကျီဖေး အိပ်ပျော်နေရင်းတုန်လှုပ်ခြောက်ခြားသွားသည်။ သူ့ထံ ဆိုးရွားသောခံစားချက်ရှိခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ လူနှစ်ယောက် သူ့ကိုစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့် လန့်သွားသည်။

 

"ဘာလဲ ? ငါ အပျင်းထူနေတာမဟုတ်ပါဘူး။ ညွှန်ကြား ချက်ကိုစောင့်နေတာပါ" ကျီဖေး ချက်ချင်းပြောလိုက်သည်။

 

"Variety Show ရှိတယ်၊ ငါ ချင်ကျောက်ကို မင်းကို ခေါ်သွားစေချင်တယ်" ဟုဆိုကာ ကောင်းဟောင် အခြေအနေကိုရှင်းပြလိုက်သည်။

 

ကျီဖေး မျက်တောင်ခတ်လိုက်ပြီး "ဘယ်လိုရှိုးလဲ ?"

 

ကောင်းဟောင်က "My Action, Cut!"

 

"ဒါ သရုပ်ဆောင်ရတဲ့ဟာလား၊ ‌ရေပန်းစားတဲ့ပြိုင်ပွဲတွေပေါင်းပြီးနဲ့ တစ်စိတ်တစ်ပိုင်းတိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ပုံစံလား ?" ကျီဖေး အကျဉ်းချုပ်မေးလိုက်သည်။

 

"ဟုတ်တယ်၊ ထုတ်လွှင့်တဲ့ကာလတစ်ခုစီမှာ ရေပန်းစားမှုကအမြဲတမ်းမြင့်တက်နေတာ၊ အဲဒါ မင်းကို နေ့ချင်းည ချင်းကျော်ကြားစေနိုင်တယ်"

 

"ဒါပေမယ့် ကျမ ဘယ်လိုသရုပ်‌ဆောင်ရမလဲဆိုတာ မသိသေးဘူး"

 

"အဲ့ဒါကြောင့် မင်း စီနီယာတွေဆီကသွားသင်သင့်တယ်၊ သူတို့ဆီကလေ့လာပြီး တစ်ခု နှစ်ခု လောက်ရခဲ့ရင် တောင် တော်တော်အကျိုးရှိလိမ့်မယ်။ စီနီယာတော် တော်များများနဲ့သိထားရင် အဆက်အသွယ်တွေအများကြီးရလာလိမ့်မယ်"

 

ကောင်းဟောင်သည် ကျီဖေး၏အနာဂတ်ကိုအမှန်တကယ်စဉ်းစားနေသည်။ သူမသည် ရံဖန်ရံခါ ယအားမလျှော့ဘဲ မကြာခဏငွေရှာချင်ပါက၊ သူမ၏ ရုပ်ရည်ပိုင်းကိုအားသာချက်မြှင့်တင်ရန်၊ အလွယ်တကူ comeos လုပ်နိုင်သော မင်းသမီးဖြစ်လာရန်၊ သို့မဟုတ် အခါအား လျော်စွာ အမျိုးမျိုးသောရှိုးများတွင် ပါဝင်သည်က အကောင်းဆုံးဖြစ်လိမ့်မည်။ ဒါတွေအားလုံး လူကြိုက်များဖို့လိုအပ်သည်။

 

"ကျမ ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှာ မဟုတ်ဘူးလား"

 

"အစအပိုင်းတော့ အမြဲတမ်း အသစ်ဝင်လာသူတွေရှိစမြဲပဲ။ အသစ်အသစ်တွေအပေါ် ပရိသတ်ရဲ့သဘောထားက ပုံမှန်တော့ဖော်ရွေကြပါတာ်။ နည်းနည်းတိုးတတ်ရင် တောင်မှ အားပေးကြမှာပါ။ အရင်က ပါခဲ့သူတွေအား လုံးက နောက်ပိုင်းမှာအလားအလားရှိလာကြတယ်။ တချို့ကတော့ အငြင်းပွားနိုင်တဲ့လမ်းကြောင်းကိုရွေး ချယ်ပြီး Traffic Star ဖြစ်ရတာကိုသဘောကျကြတယ်"။ မင်း ရွေးချယ်တဲ့အပေါ်မှာ မူတည်တယ်။ နောက်ဆုံး ဇာတ်ညွှန်းမရတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းလည်းရှိတယ်။ မင်း လုပ်ချင်ရင်တောင်မှ သရုပ်ဆောင်ဖို့ခက်တယ်။"

 

ကျီဖေး ခဏလောက်တွေးကာ ခေါင်းခါပြီး "အရမ်းပင်ပန်းတာပဲ။ ငါ တကယ်မသွားချင်ဘူး"

 

ထို့နောက် သူမသည် ချင်ကျောက်အား "ဒီအရှုပ်ကို နင်လုပ်တာ နင်ပဲ ရှင်းလိုက်"

 

ကျီဖေးငြင်းမည်ဟု ချင်ကျောက် ခန့်မှန်းထားသည်။ နောက်ဆုံးတော့၊ ဒီရှိုးသည် ကျီဖေးလို ပေါ့ပေါ့ပါးပါး   လူတစ်ယောက်အတွက် မသင့်တော်ပေ။

 

"ငါ ကြိုးစားလုပ်မှာပါ အားလုံး ငါပဲ လုပ်ပါ့မယ်"

 

ကျီဖေး- "ကျေးဇူးပြုပြီး ဒါက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဟဲ့၊ ငါ အဲဒီမှာ မလှုပ်မယှက်ရပ်နေမယ်ဆိုရင် နင့်ရဲ့ပရိသတ်တွေက ငါ့ကိုသေတဲ့အထိ ကျိန်ဆဲနေကြမှာ မဟုတ်ဘူးလား"

 

"ငါတို့နှစ်ယောက်လုံးရဲ့ အနုပညာကြေးအကုန် နင့်ကို  ပေးမယ်။"

 

"နင် မေ့သွားပြီလား။ ဒါ ချူရွှယ်ချီ အတွက် နင် ညှိနှိုင်းထားတဲ့ရှိုးလေ လာကြည့်ကြေးမပါဘဲ အခမဲ့လာကြည့်ကြတာ၊ စာချုပ်ကို ငါ မြင်ဖူးတယ်"

 

ကောင်းဟောင်ပေးခဲ့သည့် စာရွက်စာတမ်းတွေကို ကျီဖေးကထောက်ပြလာသည်။

 

ကောင်းဟောင် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

 

ချင်ကျောက်က "နင် ပိုက်ဆံမရှာချင်ဘူးလား၊ ဒီလုပ်ငန်းမှာနာမည်ကြီးတာက ပိုက်ဆံပဲ"

 

"ငါ ပိုက်ဆံရှာချင်တယ်၊ ဒါပေမယ့် ဒီရှိုးက ငါ့ အတွက် မြန်မြန်ဆန်ဆန်တဆင့်မြင့်သွားမှာ"

 

သူမသည် Time Travel ခဲ့သည့် အမျိုးသမီးဇာတ်ဆောင်တစ်ဦးမဟုတ်ပေ။ ဘယ်လောက် ပင်ပန်းမှာပါလိမ့်။ အာရုံစူးစိုက်ခံရရန် အဘယ်ကြောင့် မိမိကိုယ်ကို ညှင်း ပန်းနှိပ်စက်ရမည်နည်း။ သူသည် ဇာတ်ရံတစ်ဦး၊ နောက် ခံဇာတ်ကောင်တစ်ဦးသာ၊ ဤကမ္ဘာပေါ်တွင် ချမ်းသာ သော NPC ပရိသတ်တစ်ဦးဖြစ်ရန်၊ အခြားသူများ၏ဒရာမာကိုကြည့်ရုံဖြင့် ကျေနပ်သည်။ ထို့ကြောင့် နိမ့်နိမ့်ချချနေတာပိုကောင်းသည်။

 

ချင်ကျောက်သည် ရုတ်တရက် စိတ်အားထက်သန်လာသောအခါ သူမ အရှုံးပေးတော့မည်။

 

"ဒီရှိုးက တကယ်တော့ပဋိပက္ခတွေရှိတယ်။ ပထမအပိုင်းကိုနည်းနည်းစီ တိုက်ရိုက်ထုတ်လွှင့်ထားတော့ ကြည့်ရှုသူတွေက အရည်ရွှမ်းတဲ့ ဇာတ်ဝင်ခန်းတွေကိုမသိလိုက်ရဘူး‌လေ"

 

ဟမ် ?

 

ကျီဖေး တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး ချင်ကျောက်အား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

 

"တကယ်လား ? အဲ့ဒါ အမှန်ပဲလား?"

 

"ဒီတစ်ခါ ငါတို့အတွဲကလွဲလို့ ကျန်တဲ့စုံတွဲလေးယောက်စလုံးက အရမ်းမိုက်တယ်"

 

ဒင်! ကျီဖေး၏မျက်လုံးများ တောက်ပလာပြီး "အိုး ? ဒါပဲလား ?"

 

ကောင်းဟောင် ချက်ချင်းဆိုသလို အော်ဟစ်လာသည်။

 

"တိတတိတ်လေးလက်ထပ်ထားတဲ့ စူပါစတားမင်းသားကို သူ့ရဲ့ CP ဟောင်းနဲ့ ပရိသတ်တွေ Ship နေကြတာ"

 

"စိတ်ကူးယဉ်ဝူရှဒရာမာဇာတ်လမ်းတွဲရိုက်တဲ့ မင်းသားက သူ့ရည်းစားဟောင်းရဲ့လက်ရှိချစ်သူနဲ့ တစ်ဖွဲ့!"

 

"သူ့ဇနီးကိုအရမ်းချစ်တယ်ဆိုပြီး လူသိများတဲ့ဝါရင့်သရုပ်ဆောင်နဲ့ လုပ်ငန်းရှင်မိန်းမတွေဆီက နာမည်ပျက် စာရင်းအသွင်းခံထားရတဲ့ အလှလေးယန်ကွေ့ဖေးက တစ်ဖွဲ့”

 

"သူ့ရည်းစားနဲ့ပြတ်သွားပေမယ့် အခုတော့ မတော်လိုက်ရတဲ့ သူယောက္ခမနဲ့တွဲဖက်လုပ်ဖို့ အတင်းအကြပ်တွန်း အားပေးခံနေရတဲ့ တတ်သစ်စကြယ်ပွင့်လေး"

 

ကျီဖေးသည် စိတ်လှုပ်ရှားမှုကိုခံစားလိုက်ရပြီး သူမ၏ လက်ကိုဝှေ့ယမ်းလိုက်သည်။

 

"ကျမ ပါမယ်!"

 

[ဒီဒရာမာကို ကိုယ်တိုင်သာမမြင်ရရင် တစ်သက်လုံး နောင်တရနေမိတော့မှာပဲ]