Ch 56
Viewers 24k

🍉 Chapter 56

 

 

 

ဤအခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးများသည် ချင်ရုန့်ဖုန်းသို့ စိတ်လှုပ်ရှားစွာလှည့်သွားကြသည်။ ဘယ်လို အံ့ဩစရာဖြစ်ရပ်ကြီးလဲ ?

 

[နေဦး၊ သူ ဘာလို့ အရမ်းသေချာနေတာလဲ ? အဲ့တာတကယ်လား ? ငါလည်း ကြည့်ချင်တယ်၊ ဒါနဲ့ မဟုတ်သေးပါဘူး၊ ငါ့မျက်လုံးတွေညစ်ညမ်းသွားရင် ဘယ်လိုလုပ်မလဲ ? ဒါပေမယ့်… ငါ တကယ်ကြည့်ချင်တယ်လို့!]

 

ချင်မိသားစုလည်းအံ့အားသင့်သွားကာ ချင်ရုန်အားမယုံကြည်နိုင်စွာကြည့်နေကြသည်။ သို့သော် ချင်ရုန်တွင် စတူဒီယိုခန်းအား စောင့်ကြည့်ကင်မရာတပ်သည့် အလေ့ အထမရှိပေ။

 

ချန်မြောင်လည်း ချင်ရုန်၏အလေ့အထအား သိသော် ငြား ထိုဟောင်းနွမ်းနေသည့်ကင်မရာကို အငှားတိုက်ခန်းသို့ယူလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ချင်ရုန့် ဖုန်း မီးလင်းနေသည်ကိုမြင်သောအခါ ထိတ်လန့်သွားပြီး လုယူဖို့ ရှေ့တိုးလိုက်သည်။

 

ချင်ရှန့် တားဆီးရန် ချန်မြောင်ရှေ့ပိတ်ရပ်လိုက်သည့်အခါ ချန်ယွဲ့  အခွင့်အရေးအရယူပြီး ချင်ရုန်ထံ အပြေး အလွှားသွားကာ ဖုန်းအားလုလိုက်သည်။

 

နောက်တစက္ကန့်မှာပင်၊ ချင်ရုန် သူ့လက်ကိုရုတ်တရက်ပြန်ရုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ချန်ယွဲ့၏ မျက်နှာအား ကျယ်လောင်စွာရိုက်ချလိုက်သည်။

 

ချန်ယွဲ့ နာကျင်စွာအော်လိုက်ကာ နောက်သို့ယိုင်ထွက်သွားသည်။ သူ မတုံ့ပြန်ရသေးခင်မှာပင် ချင်ရုန်က နောက်တစ်ကြိမ် လက်ပြန်ပါးထပ်ချလိုက်သည်။

 

လူတိုင်း အံသြသွားကြသည်။

 

ချင်ရှန့် အလွန်တုန်လှုပ်သွားသဖြင့် ကြားဝင်ရန်ပင်မေ့ လျော့သွားသည်။ ချန်မြောင် ရှေ့ထွက်ကာ "နင် ကောကို ဘယ်လိုတောင်ရိုက်ရဲတာလဲ ?" ဟု အော်ဟစ်ရန် ခွင့်ပြုပေးလိုက်မိသည်။

 

ရလဒ်မှာတော့ နောက်ထပ်ကျယ်လောင်သည့် ရှေ့ဆင့် နောက်ဆင့်ပါးရိုက်သံနှစ်ခုပင်။

 

လူတိုင်း - … ချင်... မစ္စချင်… ကျောင်းရဲ့အလှလေး... လှည့်စားခံခဲ့ရတဲ့နုံချာပြီး နှလုံးလှတဲ့ကောင်မလေး… နူးညံ့တဲ့ပန်းပွင့်လေး... ကမ္ဘာလေးခုလောက် တုန်ခါသွားအောင်ကို ကျယ်လောင်တဲ့အသံနဲ့ ပါးရိုက်လိုက်တာပဲ။

 

ချန်ယွဲ့ နှင့် ချန်မြောင်၏မျက်နှာပေါ်မှ အနီရောင်အစင်းကြောင်းများအားကြည့်ကာ အားလုံးတိတ်ဆိတ်သွားကြသည်။

 

[... လှည့်စားခံရတာက လူကို ရင့်ကျက်သွားအောင် တကယ်လုပ်ပေးနိုင်တာပဲ။ ငယ်ရွယ်မှုကိုတန်ဖိုးသတ် မှတ်လို့မရပေမဲ့ ဒီလူယုတ်မာတွေကို ပါးရိုက်လိုက်ရတာကတော့ လုံးဝအဖိုးမဖြတ်နိုင်ဘူး။ ငါ နင့်အတွက် လက်မ ထောင်ပေးမယ်။]

 

ကျီဖေးပင်လျှင် ချင်ရုန်အားလက်ခုပ်မတီးဘဲ မနေနိုင်ပေ။ အချို့သည် လေချွန်သံဖြင့်အားပေးလာကြသည်။

 

"အရမ်းကောင်းတယ်၊"

 

နောက်ဆုံးတွင် လူယုတ်မာနှစ်ယောက်သည် ချင်ရုန်အား ကြောင်တက်တက်ဖြင့်ကြည့်လာသည်။

 

ချင်ရုန်က ဝမ်းနည်းခြင်းတစ်ဝက် လှောင်ပြောင်ခြင်းတစ်ဝက် အပြုံး မျိုးဖြင့်ပြုံးလိုက်ပြီး "ငါ တကယ်တော့ လိမ်နေတာ၊ နင့်တို့ရဲ့ အပြစ်တွေကို သက်သေပြပေးလို့ ကျေးဇူးပဲ"

 

ဤစကားသည် လူအုပ်ထဲမှကျယ်လောင်သောရယ်မောသံများ နောက်တစ်ကြိမ်ထွက်ပေါ်လာစေသည်။

 

ယခုမူ လူရွှင်တော်နှစ်ယောက်သည် အဆိပ်ပြင်းမျက် လုံးများဖြင့် ချင်ရုန်အား စိုက်ကြည့်နေကြသည်။ သူတို့လက်စားချေဖို့ အဆင်သင့်ဖြစ်နေပုံရပေမယ့် သူတို့မလုပ်ရသေးခင်မှာတင် အနောက်မှလူနှစ်ယောက်ပြေးဝင်လာသည်။

 

ပါးပါးချန် သူ့မယားပါသား၏မျက်နှာအား လက်သီးဖြင့်ထိုးကာ ဒေါသတကြီးကန်ကျောက်တော့သည်။

 

"F**k!! မင်း ငါ့သမီးနဲ့ရှုပ်နေတာပဲ၊ ငါ မင်းနဲ့ မင်းအမေကိုအိမ်ထဲခေါ်လာခဲ့တာကို မင်းက ဒီနည်းနဲ့ ကျေးဇူးဆပ်လိုက်တာလား၊ ကျေးဇူးကန်းတဲ့ လူယုတ်မာ"

 

မားမားချန် သူ့လင်ပါသမီး၏ဆံပင်အားဆွဲဆောင့်ပြီး အကြိမ်ကြိမ် ပါးရိုက်လိုက်သည်။

 

"ဖာသည်မလေး၊ နင် ငါ့သားကိုဖြားယောင်းခဲ့တာပဲဖြစ်ရမယ်။ မဟုတ်ရင် သူ ဘာလို့ဒီလိုလုပ်မှာလဲ ? အဲ့တာ နင့်ရဲ့ အမှားပဲ၊ နင်က...နင့်အမေလို အရှက်မရှိတဲ့ကောင်မ!! နင် ငါတို့မိသားစုကို ကောင်းကောင်းအရှက်ရစေတာပဲ!!"

 

"ပါးး၊ ကောကို မရိုက်နဲ့၊ ကော...ကယ်ပါဦး၊"

 

"မားးး၊ ကျနော့် မိန်းမကိုမရိုက်နဲ့၊ လွှတ်လိုက်... အသက် ကြီးပြီးအချိန်မစီးတဲ့ အဖွားကြီး!"

 

သူတို့လေးယောက်လုံး ရောထွေးလုနီးပါးဖြစ်နေသည်။

 

တခဏချင်းမှာပင် အပြင်လူဝင်လို့မရအောင် စည်းလုံးလွန်းသည့် ထိုမိသားစုလေးယောက်သည် အခုအချိန်မှာတော့ လုံးဝကိုပရမ်းပတာဖြစ်နေသည်။

 

ချင်မိသားစုသည် ချင်ရုန်အား အညစ်အကြေးများနှင့် မထိမိစေရန် ကာကွယ်ဖို့အမြန်ပြောင်းလိုက်သည်။

 

အဆိုပါ ဒရာမာအားဖျာခင်းကာ ဆက်လက်ကြည့်ရှုလိုသော်လည်း ရုံးဝန်ထမ်းများမှ ကြားဝင်ဖျန်ဖြေပေးခဲ့ရသည်။ တစ်ယောက်ယောက်သာ ပြင်းပြင်းထန်ထန် ထိခိုက်မိလျှင် ပြဿနာတက်လိမ့်မည်။

 

"ဒီရုံးက ကျောင်းသားလဲလှယ်ရေးလုပ်ထုံးလုပ်နည်းရုံး ပါ။ အကယ်၍ခင်ဗျားမှာ ပိုက်ဆံမရှိရင် အမြန်သွားရှာလိုက်၊ ဒီည ၆ နာရီနောက်ဆုံးပဲ။ ဒီမှာ ပြဿနာလာမရှာပါနဲ့၊ မဟုတ်ရင် လုံခြုံရေးကိုခေါ်ရလိမ့်မယ်” ဟု ဝန်ထမ်းက ပြင်းပြင်းထန်ထန် တားမြစ်လိုက်သည်။

 

ဒီထုတ်ပြန်ချက်က မိသားစုအား လက်ရှိအချိန်သို့ပြန်ရောက်လာစေခဲ့သည်။

 

"ငါ နားလည်ပြီ၊ နင် ငါ့သားကို နင် နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ အခွင့်အလမ်းအတွက် ရိုက်စားလုပ်ပြီး ရန်ပုံငွေရှာခိုင်းနေတာလား ? နင် အခု မသွားနိုင်တော့ဘူးမဟုတ်လား၊ အိမ်မက် မက်နေလိုက်!"

 

"သူ မသွားနိုင်ဘူးလို့ ဘယ်သူပြောလဲ? ငါတို့ပြန်ရောက်ရင် အိမ်ကိုရောင်းပစ်မယ်၊ ငါ့သမီးက ဒီသားရဲကောင်ရဲ့ တပ်မက်မှုတွေကိုရှောင်ဖို့ မင်းသားရဲ့ အဝေးဆုံးကို ထွက်သွားရမယ်၊"

 

"ရှင် ဒီလိုလုပ်လို့မရဘူး၊ အဲ့အိမ်က ကျွန်မသားအတွက်ပဲ၊ သူကမှ ရှင် အသက်ကြီးလာလို့ နေမကောင်းဖြစ်ရင် ပြုစုပေးရမှာ၊ အဲ့ဒီအိမ်ကို ရှင့်သမီးအတွက် သုံးလိုက်မယ်ဆိုရင် သူ အဝေးကိုထွက်သွားတဲ့အခါ ရှင် ဘယ်သူ့ကိုအားကိုးမှာလဲ"

 

"အနည်းဆုံးတော့ သူက ငါ့ရဲ့သွေးသားရင်း၊ ငါ့ပိုက်ဆံတွေကိုလိုချင်ပြီး ငါ့သမီးကိုပါအလွတ်မပေးတဲ့ မင်းရဲ့ သားနဲ့မတူဘူး၊ အရမ်းလောဘကြီးတာပဲ!"

 

မိဘများက စတင်ငြင်းခုံလာကြသည်။ ချန်ယွဲ့ က သူ့မိဘများသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသော်လည်း ကြားဝင်ဖျန်ဖြေခြင်းမရှိပဲ သည်းမခံနိုင်သည့် အမူအရာဖြင့်ကြည့်နေသည်။

 

ချန်မြောင်က အစိုးရိမ်ဆုံးဖြစ်သည်။ ဘေးပတ်ဝန်းကျင်အား ကူကယ်ရာမဲ့စွာကြည့်ရင်း နောက်ဆုံးတွင် သူမ ချင်ရုန်အား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။

 

ရုတ်တရက် ချင်ရုန်က သူ့ဖုန်းကိုထုတ်ပြီး မက်ဆေ့ချ်အချို့ရိုက်ကာ ချန်မြောင်အားကြည့်ရန် ပြလိုက်သည်။

 

ချန်မြောင် သံသယဖြင့် မျက်မှောင်ကြုတ်ကာစစ်ဆေးရန် ခေါင်းငုံ့၍ဖတ်လိုက်သောအခါတွင် သူ့မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

 

"တကယ်တော့ နင့်ကောက နင့်နောက်ကွယ်မှာ ငါနဲ့အ ကြိမ်ပေါင်းများစွာ တိတ်တဆိတ်တွေ့ ခဲ့ပြီး နင့်ကိုပြန်မပြောဖို့ပြောခဲ့တယ်။"

 

ကျီဖေးသည် ချင်ရုန်၏နောက်တွင်ရပ်နေသဖြင့် မက်ဆေ့ချ်ကိုမြင်လိုက်ရသည်။ သူ ခဏလောက်စဉ်းစားပြီးနောက် ချန်မြောင်နှင့် ချန်ယွဲ့အားကြည့်လိုက်သည်။

 

ချန်မြောင် မျက်နှာမှာဖြူဖျော့ပြီး ချန်ယွဲ့၏လက်အားဆွဲကာ "ကော၊ ဘာပဲဖြစ်ဖြစ် ငါ့ကိုအရင် နိုင်ငံခြားသွားခွင့်ပေး၊ ငါဒီမှာ နေမယ်ဆိုရင် ငါတို့နှစ်ယောက်စလုံးကို တောက်လျှောက်အတင်းအဖျင်းတွေ ပြောကြလိမ့်မယ်။ ဒီအခွင့်အရေးက ရခဲတယ်၊ ကျေးဇူးပြုပြီး မားကိုတားပေးပါ "

 

ချန်ယွဲ့  ငေးကြောင်ကြည့်ကာ "နင် နိုင်ငံခြားသွားမယ်ဆိုရင် ငါ ကရော ? ငါလည်း အတင်းအဖျင်းပြောခံရမှာပဲလေ၊ ပြီးတော့ နင့် အတွက်အိမ်ကိုရောင်းလိုက်ရင် ငါ့အနာဂါတ်က ဘယ်လိုလုပ်သေချာတော့မှာလဲ ? နင်ငါ့ကို ထားပြီးထွက်ပြေးဖို့ကြံနေတာတော့ မဟုတ်ဘူးမလား?"

 

"ကော၊ နင် ငါ့ကိုမယုံဘူးလား၊ ငါက ဘာလို့အဲ့လိုလုပ်ရမှာလဲ..."

 

"နင်က အခြားသူတွေထပ်တောင် ပိုလိမ်နိုင်တာ၊ ငါ ဘယ်လိုလုပ်ယုံရမှာလဲ"

 

တစ်ချိန်က ချစ်လှစွာသော မောင်နှမနှစ်ယောက်သည် နောက်ဆုံးတွင် ၎င်းတို့၏အကျိုးစီးပွားနှင့် ရင်ဆိုင်ကြရသောအခါတွင် ငြင်းခုံမှုများစတင်လာခဲ့သည်။

 

ထိုမက်ဆေ့ချ်သည် ချန်မြောင်အား သူ့အပေါ် ချန်ယွဲ့ ၏ခံစားချက်များကို သံသယဖြစ်စေခဲ့ပြီး သူမကိုယ်တိုင် စတင်တွေးတောစေခဲ့သည်။

 

ကျီဖေးသည် ချင်ရုန်ပြောတာအမှန်ဟု ယုံကြည်ပြီး သူတို့အားပထမဆုံးမြင်တုန်းက ချင်ကျောက်၏တုံ့ပြန်ပုံကို သတိရလိုက်သည်။

 

အကယ်၍ သူ့မေ့မေ့အားကူညီဖို့ လုပ်ရုံသာဆိုလျှင် ဘယ်သူမှကြည့်မနေသည့်အချိန်တွင် သူအဘယ် ကြောင့် ဤသို့ပြုမူခဲ့သနည်း ?

 

ထိုအရာကပင် ချန်ယွဲ့ သည် အစကတည်းကရိုးသားသူမဟုတ်ကြောင်း သက်သေပြခဲ့သည်။

 

အသစ်အဆန်းတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ဆုလာဘ်တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ချင်ရုန်ကဲ့သို့သော ချစ်သူနှင့်အတူနှစ်တွေကြာလာသည်နှင့်အမျှ ချန်မြောင်အပေါ် သူ့ခံစားချက်များအားလွှမ်းမိုးထားနိုင်ခဲ့သည်။ သူ့ထံ ဆန္ဒရှိလျှင်ပင် လောလောဆယ်သတ္တိမရှိသေးပေ။

 

အဆုံးသတ်မှာတော့၊ ထိုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် လူတစ်ယောက်ထံ စစ်မှန်သည့်အချစ်မည်မျှရှိနိုင်ပါမည်နည်း ?

 

နောက်ဆုံးတွင် ဝန်ထမ်းများသည်းမခံနိုင်တော့ပဲ သူတို့အား မောင်းထုတ်ရန် လုံခြုံရေးကိုခေါ်လိုက်သည်။

 

ထိုဇာတ်လမ်းသည် နောက်ဆုံးတော့ပြီးသွားခဲ့သည်။

 

ငှားထားသော တိုက်ခန်းတွင် ချင်ရုန်၏ပန်းချီကားများ ကျန်နေသေးသည်။ မူလကတော့ ချန်ယွဲ့ ညစ်ပတ်ပြီး သူတို့အား ပြန်ပေးရန်ငြင်းဆိုခဲ့ပေမယ့် ချင်ရှန့် ရဲကိုချက် ချင်းဖုန်းဆက်ခဲ့သည်။ ရဲများရောက်လာပြီးနောက် ပစ္စည်းများပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုမရှိတော့ပေ။

 

နောက်ဆုံးတော့ ချင်ရုန်သည် သူမ၏ပန်းချီကားများအားကိုင်ကာ အိမ်ပြန်လမ်းတစ်လျှောက်ကားပေါ်တွင်    ငိုနေခဲ့သည်။

 

ထိုအချိန်တွင် ချန်မိသားစုသည် ကိုယ်ထိလက်ရောက် ရန်နေဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ပါးပါးချန်၏မျက်နှာတွင်ခြစ်ရာများပြည့်လျက် သူ့သမီး နိုင်ငံခြားသို့သွားခွင့်ရရန်အိမ်ကိုရောင်းစားခဲ့သည်။

 

ချန်မြောင် ကျောင်းစတက်သည်နှင့်ပန်းချီကားများရောင်း၍ သေချာပေါက် ပြန်ဆပ်ပါ့မည်ဟု သူ့အဖေအား ကျိန်ဆိုခဲ့သည်။

 

ပါးပါးချန်သည် သူ့အား ပန်းချီပညာရှင်တစ်ဦးဖြစ်လာရန်မျှော်လင့်ခဲ့ ပြီး မားမားချန်နှင့် ချန်ယွဲ့တို့သည် ၎င်းတို့နှင့်ရန်သူဖြစ်သွားခဲ့သော်လည်း အဖြစ်မှန်ကို ကူကယ်ရာမဲ့စွာလက်ခံခဲ့ရသည်။

 

သို့သော်လည်း နောက်တစ်နေ့တွင် ချန်မြောင်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ နိုင်ငံခြားမှကျောင်းသည် နေရာအရေအတွက်အား လျှော့ချရန် ရုတ်တရက်ဆုံးဖြတ်ခဲ့ပြီး သူမသည် နောက်ဆုံးလက်ခံသူဖြစ်သောကြောင့် သူမ၏ ကမ်းလှမ်းချက်ကိုဖျက်သိမ်းခဲ့ပြိး ပိုက်ဆံတွေပြန်အမ်းမည်ဟုပြောလာသည်။

 

ချန်မိသားစုအတွက်မူ၊ ဤသတင်းသည် နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သလိုပင်။

 

သူတို့အိမ်အားမူလဈေးဖြင့် ပြန်မဝယ်နိုင်တော့ပဲ ကျန်ရှိသည့်ငွေဖြင့် သေးငယ်ပြီးဟောင်းနွမ်းသည့် တိုက်ခန်းငယ်လေးတစ်ခုသာ ဝယ်နိုင်တော့သည်။

 

မားမားချန်နှင့် ချန်ယွဲ့တို့သည် အပြင်ပန်းအားဖြင့်ငြင်းခုံနေကြသော်လည်း ကျိတ်၍ကျေနပ်နေကြသည်။သို့သော် သူတို့၏ပျော်ရွှင်မှုသည် ခဏတာမျှသာဖြစ်သည်။ ချန်ယွဲ့သည် လူရမ်းကားအချို့ ထံမှ ဆိုးဆိုးရွားရွားအရိုက်ခံခဲ့ရပြီး ဆေးဖိုးဝါးခအတွက် ပိုက်ဆံတော်တော်ကုန်သွားခဲ့သည်။

 

နောက်ဆုံးတော့ သူတို့ တိုက်ခန်းဟောင်းလေးကိုပင် မတတ်နိုင်တော့ချေ။ တစ်မိသားစုလုံး နေ့တိုင်းငြင်းခုံနေကြသည်။

 

ချန်မြောင် ကျောင်းပြန်တက်ချင်သော်လည်း ထိုနေ့မှ ဗီဒီယိုဖိုင်သည် ကျောင်း၏ဖိုရမ်တွင်ပျံ့နှံ့နေခဲ့ပြီးဖြစ် သည်။ ကျောင်းရှိလူတိုင်းသည် သူမ၏ရက်စက်ကြမ်း ကြုတ်မှုအကြောင်းကို သိသွားကြသည်။

 

လူတိုင်း၏ထူးဆန်းသည့်အကြည့်များအား မခံနိုင်တော့ဘဲ ကျောင်းထွက်ခဲ့သည်။

 

အဆုံးမှာတော့ ထိုမိသားစုဘယ်ကိုပြောင်းသွားမှန်း မည် သူမှ မသိကြတော့ချေ။

 

ချင်ကျောက်ထိုအကြောင်းကို ချင်ရုန်အား ပြောပြသည့်အခါ သူ ထိုစိတ်မကောင်းစရာအဖြစ်အပျက်များတွင် မျောနေသေးသည်။ ထိုအရာ ကိုကြားရပြီးနောက် သူ     မထိန်းနိုင်ဘဲ “ဒါ တကယ်ပဲ ကံတရားလား ?” ဟု မေးလိုက်သည်။

 

ကျီဖေး၏အတွင်းစိတ်မှ အသံကိုကြားသောအခါ ချင်ကျောက် ခေါင်းညိတ်ပြမိမလိုဖြစ်သွားသည်။

 

[ဒါပေါ့ ဘယ်ဟုတ်မလဲ ? နင့်အဖေနဲ့ နင့်အစ်ကိုတွေက တရားမျှတမှုရဲ့တမန်တော်တွေလို လုပ်နေတာလေ။ ချင်မိသားစုလိုလူကောင်းတွေက ဒီလိုလူယုတ်မာတွေရဲ့ လက်ထဲမှာ ဒုက္ခရောက်ရမှာလား ? ဒါဆို မတရားလွန်းရာကျလိမ့်မယ်။ ကောင်းကင်ကြီးကဘယ်လောက်မြင့်လဲ ဆိုတာကို သင်ခန်းစာပေးဖို့ လိုအပ်တဲ့အခါ အာဏာပါဝါတွေသုံးဖို့လိုတာပေါ့]

 

ချင်ရုန် ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံးပြုံးလိုက်သည်။

 

ထိုညနေခင်းတွင် အားလုံးနှင့် သူ ညစာစားရန်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ညစာစားပြီးနောက် မိသားစုနှင့် မျက်နှာချင်းဆိုင်ကာ သူ့ မိုက်မဲမှုအတွက် နောင်တရပြီးအလေးအနက် ဦးညွှတ်တောင်းပန်ခဲ့သည်။

 

ဒီကိစ္စနှင့် ပတ်သက်ပြီး ကျီဖေး၏မှတ်ချက်ကတော့ - [သူ အချစ်နာကျနေတုန်းကတော့ တကယ်ဒေါသထွက်စရာကောင်းလွန်းလို့ ဟင်းသီးဟင်းရွက်တွေတောင်သွားတူးခိုင်းချင်လုနီးပါးပဲ။ ဒါပေမယ့် သူလည်းမြန်မြန်အသိ တရားရလာတာပဲ၊သူ အားလုံးကို သင်ယူနိုင်မယ်လို့မျှော် လင့်တယ်။]

 

ချင်မိသားစုဝင်များသည် ၎င်းတို့၏ရှက်ရွံ့မှုအားဖုံးကွယ်ရန် လုပ်ချောင်းဆိုးလိုက်ကြသည်။

 

သို့သော် ချင်ရုန်သည် သူ့အားကယ်တင်ခဲ့သည့် အာ့စောင်ကို ဘလင်းဘလင်းအကြည့်များဖြင့် ကြည့်လိုက်သည်။

 

(ဒုတိယအစ်ကို - အာ့ကော၊ အာ့စောင် - ဒုတိယယောင်းမ)

 

နောက်တော့ သူ အာ့ကောကိုတိတ်တဆိတ်မေးလိုက်သည်။

 

"အာ့စောင်ကို ကျေးဇူးတင်ချင်လို့၊ သူ ဘာတွေကြိုက်တတ်လဲ သိလား?"

 

ချင်ရှန့် မလိုအပ်ကြောင်းပြောလိုက်သည်။ အဘယ် ကြောင့်ဆိုသော် စစ်မေ့အား ကယ်တင်သည့်အတွက် သူ့မိသားစုမှ ကျီဖေးထံသို့စာအိတ်နီများပို့ရန် အကြောင်းပြချက်အမျိုးမျိုးရှာထားပြီးသားဖြစ်သည်။ ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် မကြာခင်မှာပင် ကျီဖေး၏ ကွာရှင်းပြတ်စဲမှုအတွက် နစ်နာကြေး သန်းနှစ်ရာမှာပြည့်သွားတော့မည်ဟု သူ ခံစားလိုက်ရသည်။

 

ကံကောင်းထောက်မစွာ၊ ငွေအားလုံးသည် သူ့ထံသို့လွှဲ ပြောင်းပြီးဖြစ်သည်။

 

သို့သော် ချင်ရုန် သူ့ဘာသာသူရေရွတ်နေသည်ကိုကြား လိုက်ရသည်။ 

 

"အရင်တုန်းကတော့ အာ့စောင်က ကောကိုအရမ်းစွဲလမ်းခဲ့တယ်ဆိုတာကို ညီမ သိတယ်၊ အဲ့ဒါကြောင့် ကောနဲ့ပတ်သက်တာမှန်သမျှ လက်ဆောင်တစ်ခုပေးလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်။ ဒါပေမယ့် အခုကျတော့ အဲ့ဒီလိုမဟုတ်တော့ဘူး။ အာ့စောင်က အများကြီးပြောင်းလဲသွားပြီ။"

 

ချင်ရှန့်: ?

 

...အဲ့တာ လည်ချောင်းထဲ အရိုးစူးနေသလိုခံစားရတယ်။

 

ဒါက သူ့မေ့မေ့ အစစ်ကောဟုတ်ရဲ့လား?

 

"ငါ သူ့ကို ဘာပေးသင့်လဲ ?"

 

ချင်ရုန်သည် သူမ၏အာ့ကောအား အမှတ်မထင် ဓားဖြင့်ထိုးမိသည်ကို သတိမထားမိခဲ့ပေ။

 

ထို့ကြောင့် သူ့ အာ့ကောထံမှ အဖြေရှာမတွေ့ သောအခါ ပဟေဠိဖြစ်ခဲ့ရသည်။

 

တကျဲအားမေးကြည့်တော့မှ အဖြေမှန်ရခဲ့သည်- အာ့စောင်က အာ့ကောကို မကြိုက်တော့ဘူး။ သူက အခု ပိုက်ဆံကြိုက်တာ..

 

ဆိုးရွားသည့်အချစ်အား နဖူးတွေ့ ဒူးတွေ့ တွေ့ ကြုံလိုက်ရသည့် ချင်ရုန် - အာ့စောင်က အရမ်းဉာဏ်ကောင်းတာပဲ။

 

ယခု သူမ၏အသက်မွေးဝမ်းကြောင်းတွင် ကောင်းမွန်စွာလုပ်ဆောင်နေသော ချင်ရန်သည်လည်း သဘောတူကြောင်းခေါင်းညိတ်လိုက်သည်။

 

ထို့နောက် ကျီဖေး message တစ်စောင်နှင့်အတူ ဘဏ်မှ ငွေလွှဲခြင်းကိုလက်ခံရရှိခဲ့သည်။

 

Message- အာ့စောင် ကျမကို အသိတရားရလာအောင် လုပ်ပေးခဲ့လို့ ကျေးဇူးအရမ်းတင်ပါတယ်။ ဒါ ကျွန်မရဲ့ လှိုက်လှိုက်လှဲလှဲတုံ့ပြန်မှုပါ၊ ကျေးဇူးတင်တယ်နော် အာ့စောင်

 

ပမာဏက နှစ်သန်းကျော်ခန့်ရှိသည်။