Ch 55
Viewers 24k

🍉 Chapter 55

 

 

မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲထွက်သွားပြီး ရောက်ရှိလာသူအားလုံး ကြောင်အသွားကြသည်။ ရုံးခန်းအတွင်းရော အပြင်မှာပါ အားလုံးအေးခဲနေကြပြီး အပ်ကျသံပင် ကြားရလောက်သည်။ သူတို့ ဘာကြားလိုက်တာလဲ ?

 

ဖောက်ပြန်တာ ? ရွံစရာကောင်းတာ ? နင်တို့ ?

 

"နင်တို့" သည် ချန်ယွဲ့နှင့် ချန်မြောင်အားရည်ညွှန်းသည် - သူတို့က မောင်နှမများမဟုတ်ပါလား ??

 

လေးယောက်သား ထိုမိသားစုကို မယုံကြည်နိုင်စွာစိုက်ကြည့်နေကြစဉ် လူတိုင်း၏အရေပြားများ ချက်ချင်းဆိုသလို ကြက်သီးမွေးညင်းများပင်ထသွားရသည်။

 

ချင်ရုန်၏စွပ်စွဲချက်နှင့်ရင်ဆိုင်ရသောအခါ ချန်ယွဲ့နှင့် ချန်မြောင်တို့၏ စိတ်များသည် လွတ်ထွက်သွားသည်။ ထို့နောက် ငရဲမီးကဲ့သို့တောက်လောင်နေသည့် အကြည့်များကိုခံစားလိုက်ရသည်။

 

"နင် ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ ? နင် ရူးသွားပြီလား ? ငါ နားလည်ပါတယ်၊ မောင်နှမကိုတောင် မနာလိုဖြစ်နေတယ်၊ နင့်ကြည့်ရတာ ကယောင်ကတမ်းစိတ်ရောဂါဖြစ်နေတဲ့ပုံပဲ" ချန်မြောင်၏အမူအရာမှာ ထိတ်လန့်သွားသော်လည်း ချက်ချင်းသတိဝင်လာသည်။

 

"ချင်ရုန်၊ မင်း ဒီလိုဆက်ပြီးမနာလိုဖြစ်နေမယ်ဆိုရင် ငါတို့ လမ်းခွဲကြမယ်!"

 

"ဟက်၊ ငါ ကလည်း ဘာပဲဖုစ်ဖြစ် နင်နဲ့ လမ်းခွဲမလို့ပါပဲ။ နင့်ကို ကြည့်လိုက်ရုံနဲ့ ငါ ဖျားချင်နေပြီ။ မနာလိုဖြစ်တယ် နင်နဲ့ တန်လို့လား ? နင်က မြောင်းပေါက်ထဲကပိုးကောင်သာသာပဲ တစ်ချိန်လုံးရောယှက်နေလိုက်ကြပေါ့၊ နေ ထွက်လာမယ့်အချိန်ကိုစောင့်ပြီး နင်တို့ရဲ့ ညစ်ညမ်းတဲ့ခန္ဓာကိုယ်ကိုပြာကျသွားအောင် မီးရှို့လိုက်ကြ!"

 

ချင်ရုန် အော်ဟစ်ပြီး သူ့ ဒေါသတွေအားလုံး ဖယ်ထုတ်ဖို့ ကြိုးစားနေသလိုပင်။

 

[ကောင်းလိုက်တာ၊ သူက သံမဏိသွားယုန်လေးပဲ။ ရှုံးတဲ့အခါကျိန်စာ ဘယ်လိုတိုက်ရမလဲဆိုတာ သူ သိတယ်။ အဲ့လိုဆိုမှ ချန်ယွဲ့နဲ့ ချန်မြောင်ကြည့်ရတာ အံသြသွားတဲ့ပုံပဲ။ အစွန်းကနေ အတွန်းခံလိုက်ရတဲ့အခါ ကောင်းတဲ့လူတောင် မထိန်းနိုင်တဲ့ပုံစံနဲ့ ရိုင်းသွားနိုင်တယ်ဆိုတာ သူတို့ မတွေးဖူးဘူးပဲ။]

 

အံ့အားသင့်သွားခဲ့ကြသူများထဲ ချင်မိသားစုလည်းအပါ အဝင်ဖြစ်သည်။ ချင်ရုန်အားထိတ်လန့်စွာကြည့်ကာ သူတို့သမီးလေး ခုလိုဖြစ်လာဖို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ချေ။

 

ပါးပါးချန်နှင့် မားမားချန်တို့၏အမူအရာများသည် သံသ ယစိတ်ကြောင့် တခဏတုန်လှုပ်သွားသော်လည်း အပြင် လူများအား လျင်မြန်စွာစည်းရုံးခဲ့ကြသည်။

 

"နင် ကောင်မစုတ်လေး၊ နင့်ပါးစပ်က အညစ်အကြေးတွေနဲ့ပြည့်နေတာပဲ၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေလိုက်ဖြန့်နေတယ်၊ မင်း ဘယ်လိုလုပ်ဝံ့တာလဲ ? သတိထား အဲ့လိုမှမဟုတ်ရင် ငါတို့ မင်းကိုတရားစွဲရလိမ့်မယ်"

 

"သူ ရူးသွားပြီ၊ လုံးဝ ရူးသွားပြီ၊ ဒီလိုညစ်ပတ်တဲ့ရေတွေနဲ့ သန့်ရှင်းတဲ့ ငါတို့မိသားစုအပေါ် ဘယ်လိုလုပ်‌လောင်းချပစ်နိုင်ရတာလဲ ? ငါတို့ ကလေးတွေကိုဖျက်ဆီးဖို့ ကောလဟာလတွေ လွင့်နေတာလား ?"

 

ကြည့်ရှုသူများလည်း သတိပြန်ဝင်လာကြသည်။

 

"ဒါ ဆဲရေးတာဆိုရင် အရမ်းလွန်သွားပြီ။ မောင်နှမတွေကို ဘယ်လိုလုပ်အဲ့လိုပြောနိုင်တာလဲ။ ဘယ်လိုပဲကြည့်ကြည့် ရူးနှမ်းတဲ့စွပ်စွဲမှုပဲ"

 

"စဉ်းစားကြည့်လေ၊ တချို့ရည်းစားတွေက ခြင်မတစ်ကောင်ရှိရင်တောင် မနာလိုဖြစ်တတ်ကြတယ်။ အရင် သူ့ရည်းစားချင်ရုန် လုပ်ခဲ့တာတွေကိုတွေးကြည့်လိုက်တော့ သူ့ကြည့်ရတာ ဘာမဆို မနာလိုဖြစ်နိုင်တယ်"

 

"မောင်နှမတွေ ဆက်ဆံရေးကောင်းတာဖြစ်နိုင်တယ်၊ ပြီးတော့ သူ မနာလိုစိတ်နဲ့ ဒရာမာလာခင်းနေတာ။"

 

[ဒါ မကောင်းဘူး၊ ဒီတိုင်းဆက်သွားနေမယ်ဆိုရင် ချင်ရုန် ရူးသွားပြီလို့ လူတိုင်းထင်ကြလိမ့်မယ်။ ဒီနောက်ပိုင်း သူပြောသမျှ ဘယ်သူမှယုံမှာမဟုတ်တော့ဘူး။ ဒါနဲ့ ချင်ရုန် က ဘယ်လိုလုပ် ဒီကိစ္စကိုသိတာလဲ။]

 

ချင်မိဘများ စိုးရိမ်ပူပန်လာသည်။ ကျီဖေးရဲ့အတွင်းစိတ်ကအတွေးတွေကို သူ ကြားတာကြောင့် ချင်ရုန် ဒီလိုပြောနေမှန်း သူတို့သိပေမယ့် ဒီလိုအခြေအနေမှာ ကျီဖေးရဲ့အခြေအနေကို သူတို့ မဖော်ထုတ်နိုင်ပေ။

 

သို့သော် ၎င်းတို့ရှင်းပြချက်မပေးခဲ့ပါကလည်း ချင်ရုန်အား စိတ်မနှံ့ဟု လူတိုင်းထင်ကြလိမ့်မည်။

 

ချန်မိသားစုများ ယုံကြည်မှုပြန်လည်ရရှိလာပုံရချိန်၊ ချင်ရှန့်သည် လေးနက်သည့်အသံဖြင့်

 

"မင်းတို့က ရောနှောထားတဲ့မိသားစုတစ်ခုပဲ၊ သူတို့ချင်း သွေးသားမတော်ဆိုတာ သူတို့ သိတယ်။ မင်းတို့ ထူး ဆန်းတာ ဘာတစ်ခုမှ သတိမထားမိဘူးလား။ ညီမဖြစ်သူ တက္ကသိုလ်စတက်တော့ အစ်ကိုက ဘာလို့တိုက်ခန်းငှားရတာလဲ ? အစ်ကို အလုပ်တောင်ကောင်းကောင်းမလုပ်နိုင်ဘဲနဲ့ ပိုက်ဆံစုဖို့ မိဘတွေနဲ့ ဘာလို့အတူစုမနေရတာလဲ"

 

ဖော်ပြချက်တစ်ခုတွင် သူသည်အကြောင်းတရား၊ ယုတ္တိဗေဒ၊ သံသယဖြစ်ဖွယ်အချက်များကို ထုတ်ဖော်ပြောဆိုခဲ့ပြီး လူတိုင်း၏အတွေးကိုလမ်းညွှန်ခဲ့ရာ အခြေအနေ မှာ ချက်ချင်းပြောင်းပြန်ဖြစ်သွားသည်။

 

လူတိုင်းသည် ၎င်းတို့၏စိတ်များကိုအလင်းပွင့်သွားသလိုခံစားလိုက်ရသည်။

 

သူတို့က မောင်နှမအရင်းတွေဆိုရင် လူတိုင်း မဖြစ်နိုင်သလို လက်မခံနိုင်ဘူးဟု အလိုလိုထင်ကြလိမ့်မည်။ ဒါပေမယ့် ရောနှောနေတဲ့ မိသားစုလား ? အဲဒီလို ဇာတ် ကွက်တွေပါတဲ့ တီဗီဒရာမာတွေလည်းရှိခဲ့ဖူးတယ်။ အ ထူးသဖြင့် နောက်ဆုံးမေးခွန်းအပြီးတွင် လူတိုင်း ဤအတင်းအဖျင်း၏ဖြစ်နိုင်ချေကို လက်ခံခဲ့ကြသည်။

 

"ဟုတ်တယ်၊ သူ့ညီမနဲ့ ဘာလို့ရင်းနှီးနေတာလဲ၊ ငါ့မှာ အကိုတစ်ယောက်ရှိတယ်၊ ပြီးတော့ သူ ငါ့ကို အဲဒီလိုဂရုမစိုက်ပါဘူး။ အရမ်းရင်းနှီးတာက တင်းကြပ်တယ်လို့ ခံစားရတယ်!"

 

"သူတို့က သူတို့မိဘတွေနောက်ကွယ်မျာ သူများတွေမမြင်အောင် တစ်ခုခုလုပ်ဖို့ကြိုးစားနေကြတာလား ?"

 

"စဉ်းစားကြည့်လေ၊ သူ့ရည်းစားက သူနဲ့အတူနေတာကြာပြီဆိုတော့ ဘာမှမဖြစ်လောက်ဘူး။ သံသယဖြစ်စရာကို မလိုဘူး။ ချင်ရုန် တစ်ခုခုမြင်လိုက်တာကြောင့် အခုလို ပြဿနာတတ်နေတာဖြစ်ယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူက ရူးနေမှာလဲ။"

 

"ငါ သူတို့နဲ့မေဂျာတစ်ခုတည်းအတူတူပဲ၊ သူတို့မိသားစုက ရောနှောတဲ့မိသားစုတစ်ခုလို့ ငါ တစ်ခါမှမကြားဖူး ဘူး။ ချန်မြောင်က ချင်ရုန်ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတော့ သူ့အစ်ကိုနဲ့အောင်သွယ်ပေးလိုက်တာ၊ အဲ့လိုသာ ဆို တော်တော်ရွံဖို့ကောင်းတာပဲ၊ ငါသာ ချင်ရုန်ဆိုရင် အဲ့ဒီအမှိုက်ထုပ်နှစ်ယောက်ကို ဓားနဲ့ထိုးသတ်ပစ်လိုက်ပြီ"

 

"ဟေး၊ ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောပြ - မင်းတို့က ရောနှောနေတဲ့ မိသားစုဟုတ်လား ?"

 

လူအုပ်ထဲက တစ်ယောက်သည် မနေနိုင်ဘဲအော်ပြောလိုက်သည်။

 

ချန်မိသားစုလေးယောက် စိတ်မသက်မသာဖြစ်နေကြသည်။ မားမားချန်သည် သူမ၏လင်ပါသမီးဖြစ်သူ ချန်မြောင်အားကြည့်နေခဲ့ပြီး ပါးပါးချန်သည် မယားပါသား ဖြစ်သူ ချန်ယွဲ့အားစိုက်ကြည့်နေချိန် ၎င်းတို့၏အမူအရာများသည် ထပ်ခါတလဲလဲပြောင်းလဲနေသည်။

 

အချို့သောသဲလွန်စများ သူတို့၏စိတ်ထဲပေါ်လာတော့ သည်။ နောက်ဆုံး လုပ်ဆောင်ချက်တိုင်းတွင် သဲလွန်စကျန်နေပြီး တခြားသူများ မသိစေချင်ပါက လုံးဝမလုပ်သည်ကအကောင်းဆုံးပင်။

 

ပါဝင်ပတ်သက်သူများသည် ထိုအခြေအနေကိုအ ကြောက်ဆုံးဖြစ်သည်။

 

"ချင်ရုန်၊ ငါ မင်းကိုမထိဘူး မင်း ငါ့အကြောင်းကောလ ဟာလတွေ တမင်ဖြန့်နေတာလား ?"

 

ချန်ယွဲ့ ကြောက်လန့်ကာ ချင်ရုန်အား အရူးအမူးတိုက် ခိုက်လာသည်။

 

"ငါ့ကော နင့်ကိုလေးစားလို့ နင့်ကိုမထိတာ၊ နင် ငါတို့ကိုသံသယရှိတာနဲ့ နင့်အစ်ကိုကို ငါတို့မိသားစုအကြောင်း စုံစမ်းခိုင်းဖို့ စိတ်မရှည်ဘူးလို့ ငါ ဘယ်တုန်းကမှမထင်ခဲ့ ဖူးဘူး"

 

၎င်းတို့၏ ကောက်ကျစ်သည့်အမူအရာများနှင့် ရင်ဆိုင်ရချိန် တစ်ချိန်တည်းမှာပင် ချင်ရုန် ငိုချင်သလို ရယ်လည်းချင်ခဲ့သည်။ ၎င်းတို့သည် လူ့အဖွဲ့ အစည်းအားရင်မဆိုင်ဝံ့သော်လည်း အခြားသူများအား ဒုက္ခပေးဝံ့ကြသည်။

 

"ငါ သိပြီ"

 

ချင်ရုန် နူးညံ့သိမ်မွေ့သောအသံဖြင့် ရုတ်တရက်ပြောလာသည်။

 

"ငါ့ မျက်စိနဲ့တပ်အပ်မြင်တာ၊ ငါ နေနေတဲ့အခန်းမှာ နင်တို့ ဘာမှမလုပ်ဘူးလို့ပြောရဲလား။"

 

ထိုစကားကြောင့် ချန်နှင့်ချင်မိသားစု နှစ်စုလုံးအံ့သြသွားကြသည်။

 

ချင်မိသားစု မယုံနိုင်ဖြစ်သွားသည်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? တစ်ခုခုကို သူ တကယ်မြင်ဖူးရင် ပေါက်ကွဲဖို့  ဘယ်လိုလုပ် အခုအချိန်အထိစောင့်နေမှာလဲ ? ချင်ရုန်သည် နုံအပြီး အလွယ်တကူအလိမ်ခံရလျှင်ပင်၊ သူသည် မိမိကိုယ်ကို လှည့်စားသည့်အဆင့်သို့မရောက်နိုင်ပေ။

 

[တကယ်တော့ သူ ဘာမှမမြင်ခဲ့ပါဘူး။ အိုး ငါ နားလည်ပြီ၊ အြ့အပြစ်သားနှစ်ယောက်ကိုကြည့်လိုက် မျက်လုံးတွေပြူးပြီး လန့်နေပုံရရင်၊ ချင်ရုန့် မှန်းဆချက်ကမှန်နေ တဲ့ပုံပဲ။ ချင်ရုန် ခဏနေတဲ့အခန်းထဲမှာတောင် သူတို့ တကယ် တစ်ခုခုလုပ်လိုက်ကြတယ်။ ဒါ... သူတို့ရဲ့စိတ်လှုပ်ရှားစရာရှာဖွေမှုတွေကို ကန့်သတ်ချက်အဆုံးအထိ တွန်းပို့ချင်ခဲ့ကြတာလား။း ?]

 

ချင်ရုန်၏မျက်လုံးများသည် ဒေါသမျက်ရည်များဖြင့် ပြည့်နှက်နေသည်။

 

တကယ်တော့ ကျီဖေး အဲ့ဒါကိုပြောပြီးတဲ့အခါမှာ သံသ ယဖြစ်စရာအသေးစိတ်အချက်တချို့ကို သူမ ပြန်အမှတ် ရခဲ့သည်။

 

တခါတရံ အခန်းထဲပစ္စည်းရှာဖို့ ချန်မြောင် ဘာလို့ခဏ ခဏပြန်သွားတာလဲ ? ပန်းချီကျောင်းသားများအနေဖြင့် ၎င်းတို့သည် လူအများစုထက် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုအပေါ် ပိုအာရုံခံစားနိုင်ကြသည်။

 

အထူးသဖြင့် သူသည် ထိုအခန်းကို ကိုယ်တိုင်အလှဆင်ပြီး သန့်ရှင်းရေးလုပ်ထားသောကြောင့် မြင်ကွင်းထဲတွင် ထိုသို့သောကွဲလွဲမှုများ မည်သို့ရှိနိုင်မည်နည်း။

 

သူအဝေးရောက်နေချိန် အခန်းကိုတစ်ယောက်ယောက်အသုံးမပြုခဲ့ရင်...

 

ထိုဖြစ်နိုင်ချေကိုတွေးလိုက်ရုံဖြင့် တစ်ခန်းလုံးလောင် ကျွမ်းပြာကျသွားစေချင်ခဲ့သည်။

 

ချင်ရုန် ထိုကဲ့သို့သေချာစွာပြောပြီးနောက် နှစ်ယောက်စလုံး မည်ကဲ့သို့ချေပရမည်မသိဖြစ်သွားကြသည်။

 

ပါးပါးချန်နှင့် မားမားချန်သည် သားသမီးများဆီသို့ တစ်ယောက်တစ်လှည့် စိုက်ကြည့်နေကြသည်။

 

"မဟုတ်ဘူး! နင် ကောလဟာလဖြန့်နေတာ၊ နင် ရူးလို့ အဲ့လိုပြောနေတာ။ ငါ့ကောနဲ့ ငါ ဘာမှမဖြစ်ဘူး၊ နင့်မှာ သက်သေရှိလို့လား ? မဟုတ်ရင် ငါ နင့်ကိုတရားစွဲမယ်။ လျော်ကြေးပေးရမယ်မှတ်"

 

ချန်မြောင်၏အမူအရာသည် သူမအားလုံးဝသစ္စာဖောက် သွားသော်လည်း၊ သို့သော် ယခုအချိန်မှာ လူနည်းစုသည် သူ့အား ယုံကြည်လာကြသည်။

 

ထိုအချိန်တွင် ချင်ရုန် သူ့ဖုန်းကိုထုတ်လိုက်ပြီး "နင် မေ့နေတယ်နဲ့တူတယ်၊ ငါ အဲ့မှာ ပန်းချီဆွဲတတ်တဲ့အကျင့်ရှိတယ်၊ ဒါကြောင့် အဲ့အခန်းထဲ ကင်မရာတိတ်တိတ်လေးတပ်ထားခဲ့သေးတယ်၊ နင် ဗီဒီယို ကြည့်ချင်လား ? ငါ့ဘက်က အဲ့ဗီဒီရိုကို လူတိုင်းကိုပြလိုက်လို့ရတယ်နော်!"