Ch 54
Viewers 24k

🍉 Chapter 54

 

 

"ရုန်ရုန် ဘာဖြစ်နေတာလဲ"

 

"ငါ နင့်ကို ပိုက်ဆံမချေးပေးနိုင်ဘူး၊ အဲ့ဒီနေရာကိုရဖို့အတွက် စဉ်းတောင်မစဉ်းစားနဲ့"

 

ရုတ်တရက် ချင်ရုန် အေးစက်စွာပြောလိုက်သည်။

 

ချန်မြောင်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

 

"ရုန်ရုန် ဘာကိုဆိုလိုတာလဲ"

 

ပါးပါးချန်နှင့် မားမားချန်တို့ ချက်ချင်းစိုးရိမ်ပူပန်လာသည်။

 

ပါးပါးချန် မျက်မှောင်ကြုတ်ပြီး "မင်းက ငါ့သားရဲ့ရည်း စားမဟုတ်ဘူးလား ? ပြီး‌တော့ ငါ့သမီးရဲ့အချစ်ဆုံးသူငယ်ချင်းမဟုတ်ဖူးလား ? ဒါလေးကူညီရတာ ဘာဖြစ်နေတာလဲ၊ မင်း ဘာလို့ကြမ်းကြမ်းတမ်းတမ်းပြောနေတာလဲ၊ ငါတို့မှာသာ ပိုက်ဆံစုဖို့အချိန်ရှိရင် မင်းကို မေးစရာတောင်မလိုဘူး။ ငါတို့ မင်းကို ပြန်မပေးမှာလည်းမဟုတ်ဘူးလေ"

 

ထို့နောက် သူ မားမားချန်အား စိတ်မ၀င်စားစွာကြည့်ကာ "သူ နင့်သားကို လက်ကော လက်ထပ်ချင်သေးရဲ့လား?"

 

မားမားချန်က "ရုန်ရုန်၊ ငါတို့ နင့်ကို မိသားစုလိုဆက်ဆံခဲ့တယ်လေ၊ ဘာလဲ ချန်ယွဲ့ နင့်ဆီ လာမလည်တဲ့အတွက် စိတ်ဆိုးနေတာလား ? နင့်မိသားစုရဲ့ သဘောထားကိုလည်း နင် စဉ်းစားသင့်တယ်။ နင့်မိသားစုက ငါတို့အပေါ်    မလေးစားဘူး၊ ဒါကြောင့် ငါ့သား အဲ့ဒီကို မသွားနိုင်ဘူး။ နင် အားလုံးကိုအဆင်ပြေစေချင်ရင်တောင် ချန်အာကို အဲ့လိုအချိန်မျိုးတော့ မခေါ်သင့်ဘူးလေ၊ ပြီးတော့ နင့် ကိုယ် နင် မြောင်မြောင်ရဲ့ အကောင်းဆုံးသူငယ်ချင်းလို့ ပြောနိုင်သေးရဲ့လား ?!"

 

မားမားချန် အနည်းငယ်ပြုံးပြီး "တခြားအချိန်တွေမှာ အရှုပ်တွေလုပ်တာထားတော့၊ ဒါပေမယ့် အခုအချိန်လို အရမ်းအရေးကြီးတဲ့အချိန်မှာ အဲ့လိုမလုပ်သင့်ဘူး"

 

ချိန်းတွေ့ပြီးတစ်ပတ်မပြည့်မီ သားဖြစ်သူနှင့်အတူ ပြောင်းရွှေ့နေထိုင်သော အမျိုးသမီးတစ်ဦးအား အလွယ် တကူလှည့်စားနိုင်မည်ဟု သူ ထင်ခဲ့သည်။

 

မားမားချန်သည် လွှမ်းမိုးကြီးစိုးနိုင်သော ယောက္ခမကဲ့သို့ အာဏာများထုတ်လွှင့်ပြသနေပြီဖြစ်သည်။

 

ချင်ရုန်သည် မားမားချန်အား တင်းမာသောအမူအရာဖြင့် ကြည့်လိုက်သည်။ စင်စစ်တွင်မူ သူ တကယ်ကြမ်းတမ်းသောအကြည့်အား မထိန်းနိုင်သော်လည်း သူ့ မျက်နှာသည် အနည်းငယ်ကွဲအက်သွားသည်။

 

"ရှင့်ရဲ့သားက အမှိုက်ပဲ၊ ကျမမိသားစုက သူ့ကို လိုက် လျောညီထွေဆက်ဆံတယ်။ သူက ကျမမိသားစုရဲ့လေး စားမှုနဲ့ မထိုက်တန်ဘူး။"

 

ထိုစကားကိုကြားလိုက်ရသောအခါ ချန်မိသားစုဝင်သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။

 

ချန်မြောင်သည် ချင်ရုန်အားမယုံကြည်နိုင်စွာ ကြည့်ရင်း သူ့လက်ကိုဖမ်းဆုပ်ရန် ကြိုးစားသော်လည်း ချန်ရုန် သူ့အား ခါထုတ်လိုက်သည်။

 

"ဒီနေ့ ဒီကိုရောက်လာတာက ချန်ယွဲ့နဲ့ လမ်းခွဲဖို့ပဲ၊ သူ့ အငှားတိုက်ခန်းထဲက ပန်းချီကားတွေပြန်ယူဖို့လာခဲ့တာ။   နင်တို့ကိစ္စတွေဖုံးဖိနိုင်ဖို့ ငါ ဒီမှာ ရှိနေတာမဟုတ်ဘူး။"

 

သူ ထိုစကားများကို တစ်ရုံးလုံးနှင့် စင်္ကြန်တစ်ခုလုံး ကြားနိုင်လောက်အောင် ကျယ်လောင်စွာအော်လိုက်သည်။

 

ဓာတ်လှေကားကဆင်းလာသည့် ချင်မိသားစုဝင်လေးယောက်လည်းကြားလိုက်သည်။

 

သူတို့အားလုံး ထိုနေရာတွင်အေးခဲသွားကြသည်။

 

[အိုး သူ့ ဦးနှောက်ထဲမှာ ရေတွေကုန်သွားပြီလား ?]

 

ချင်မိသားစုဝင်များ၏မျက်နှာများသည် ချက်ချင်းဆိသလို တောက်ပလာသည်။ ချင်ရုန် ဒီလိုအော်တာကို သူတို့ ပထမဆုံးအကြိမ် ကြားခဲ့ဖူးခြင်းပင်။

 

ဒါပေမယ့် ချန်ယွဲ့ တံခါးကလှမ်းဝင်လိုက်တာနဲ့ မကြာခင်မှာပင် သူတို့ရဲ့နှလုံးတွေ လည်ချောင်းထဲမှာရောက်နေသလိုပင်။

 

သူ့နောက်ကို အမြန်လိုက်သွားကြသည်။

 

"ရုန်ရုန် မင်း ဘာတွေပြောနေတာလဲ ?" ချန်ယွဲ့ သူ့ဒေါသကိုထိန်းကာ မေးလိုက်သည်။

 

နောက်ဆုံး ချင်ရုန် ချန်ယွဲ့အားတွေ့လိုက်ရသည်။ အရင်ကတော့ သူ့ရုပ်ရည်ကိုချောပြီး အရမ်းမိုက်တယ်ထင်ခဲ့ တာ။ ထိုသို့သော သူတစ်ယောက်က သူ့အပေါ် လုံးလုံး လျားလျားစိတ်နှစ်ထားပုံရသည်ဆိုသော အချက်က သူ့အား မယုံနိုင်လောက်အောင်ပျော်ရွှင်စေခဲ့သည်။

 

ယခုမူ ချင်ရုန်၏မျက်လုံးထဲ သူသည် အပြုအမူမယဥ် ကျေး၊ ရိုင်းစိုင်းကာ မာနကြီးသည့် အရူးတစ်ယောက်သာဖြစ်နေခဲ့သည်။

 

သူ အရင်က အရမ်းဖမ်းစားခံထားခဲ့ရမှန်း သူ သိသည်။ သို့သော် ထိုညတွင် တသီတတန်းသိလိုက်ရသော သ တင်းများကြောင့် သူ့ ကမ္ဘာကြီးဖြိုခွင်းခံလိုက်ရသော အခါတွင် အသိပြန်ဝင်လာပြီး သူ အရာအားလုံးကိုချိတ် ဆက်နိုင်မိသွားသလို ခံစားလာရသည်။ သူ အရမ်းတုံးအခဲ့ပြီး သူ့အား စွဲဆောင်စေနိုင်သည့်အရာအားလုံးသည် သူ ကိုယ်တိုင်စစ်ထုတ်ထားသည့် အလွှာချည်းသပ်သပ်ပင်။

 

သူသည် သူ့ အနာဂတ်ကိုစွန့်ပစ်ခဲ့ပြီး ထိုအမှိုက်ကောင်အတွက် သူ့အလားအလာကိုပင်ဖျက်ဆီးခဲ့မိသည်။ သူ အရမ်းတုံးအမိသောကြောင့် သူ့ကိုယ်သူ ရွံရှာမိသည်။

 

ယခုပြန်ကြည့်တွေးလျှင် သူ လှည့်စားခံခဲ့ရခြင်းပင်။ ထို သို့ရွံရှာဖွယ်ကောင်းသော သတ္တဝါအတွက် သူ မည်သို့ လဲပြိုနိုင်မည်နည်း။ အတွေးနှင့်ပင် အန်ချင်လာသည်။

ချင်ရုန်က သူ့အားစကားမဆိုဘဲ စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်ကိုသာ ချန်ယွဲ့ မြင်လိုက်ရပြီး ဘာပြောရမှန်းမသိတော့ချေ။ နောက်ဆုံး ၎င်းတို့နှစ်ယောက်၏ဆက်ဆံရေးတစ်လျှောက် သူကသာ အမြဲတမ်းလွှမ်းမိုးခြယ်လှယ်နိုင်သည့် အနေအထားမှာရှိနေခဲ့ပြီး အများစုကတော့ ချင်ရုန်အားနည်းနည်းနောက်ပြောင်လိုက်ရုံပင်။ သူသည် နူးညံ့ခြင်း သို့မဟုတ် ထောက်ထားခြင်း လုံးဝမရှိခဲ့ပေ။

 

သူသည် သူ့အား အဓိပ္ပါယ်ရှိသောအကြည့်တစ်ချက်အမြန်ပေးလာကာ ချင်ရုန်အား ချွေးသိပ်ရန်ကြိုးစားသင့်သည်ဟု ညွှန်ပြနေသော ချန်မြောင်အား တစ်ချက်စိုက်ကြည့်လိုက်သည်။

 

ချင်ရုန် အစောပိုင်းပြောခဲ့သည့်စကားကိုတွေးရင်း၊ ယခုအချိန်တွင် ချောမောစွာမဆောင်ရွက်နိုင်ပါက ချန်မြောင် ၏နိုင်ငံခြားခရီးအတွက် ငွေကြေးအခက်အခဲဖြစ်ရလိမ့် မည်။

 

ချန်ယွဲ့အနည်းငယ် စိတ်မရှည်သော်လည်း သူသယ်လာသော ထမင်းဘူးကိုမူ ကိုင်ထားဆဲဖြစ်သည်။

 

"ဒီမှာ စိတ်ဆိုးမနေနဲ့ မင်း ဗိုက်ဆာနေလို့ဖြစ်မယ်။ မင်းအတွက် ငါ လုပ်ထားတာ၊ ရော့ တစ်ခုခုစားပြီးမှ ငါတို့စကားပြောကြမယ်"

 

သူ ဒီလှည့်ကွက်သုံးလိုက်တိုင်း၊ အရင်က သူ့ကို ဘယ်လိုကယ်တင်ခဲ့သလဲဆိုတာကို ချင်ရုန် အမှတ်ရနေမှာဖြစ်ပြီး သူ့ရဲ့ စိုးရိမ်မှုတွေအားလုံးကိုမေ့ထားကာ သူ့ဘေးမှာ ဆက်ပြီး နာခံမှုအပြည့်ဖြင့်ရှိနေမည်ပင်။

 

ဒီတစ်ခါတော့ ချင်ရုန် နေ့လည်ဘူးကို ယူလိုက်ပေမယ့် ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာ အဖုံးကိုဖွင့်ပြီး လက်ကိုမြှောက်ကာ ချန်ယွီရဲ့မျက်နှာပေါ်ပစ်ပေါက်လိုက်သည်။

 

အစားအသောက်တွေပြန်ကျဲသွားပြီး သူ မကျေနပ်သေးသလို ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့် အစားအ သောက်များဖြင့် ထပ်ပေါက်လိုက်သေးသည်။

 

နာကျင်မှုကြောင့် အော်ဟစ်သံသည်အောက်ထပ်တစ်ခုလုံး ပဲ့တင်ထပ်ကာ ဒရာမာကြည့်သူများအားပိုဆွဲဆောင်နေခဲ့သည်။

 

"အား!!!"

 

ချန်ယွဲ့သည် ပူနေသောအစားအသောက်များကို မျက်နှာပေါ်မှသုတ်ပစ်ရန် ရူးသွပ်စွာအော်ဟစ်လိုက်သည်။

 

ချန်မိသားစုသည်လည်း လုံးဝအံ့အားသင့်သွားပြီး ထိုနေရာတွင်အေးခဲသွားသည်။

 

ချန်ယွဲ့သည် နာကျင်မှုကြောင့် ဒေါသမထိန်းနိုင်တော့ဘဲ သူ့သဘောသဘာဝကို တည့်မတ်စွာထုတ်ဖော်ရန် လက်ကိုမြှောက်လိုက်သည်။

 

သို့သော် သူ့လက်ကျဆင်းခါနီးမှာ သံနှင့်တူသည့် ဆုပ် ကိုင်မှုတစ်ခုထံမှ အဖမ်းခံလိုက်ရသည်။

 

ချန်ယွဲ့သည် မည်သူမည်ဝါဖြစ်သည်ကို သတိမပြုမီတွင် အကန်ခံလိုက်ရသဖြင့် ညည်းတွားရင်းမြေပြင်ပေါ်သို့လဲကျသွားသည်။

 

သူ လှမ်းကြည့်လိုက်သောအခါ ချင်ရုန်၏နောက်တွင် ချစ်စရာကောင်းသော စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။ ချန်ယွဲ့ ချင်ကော်ပို ရေးရှင်းသို့ မသွားရောက်မီ ၎င်း၏ ဖြစ်နိုင်ချေရှိသော ကျောထောက်နောက်ခံများအ ကြောင်း အခြေခံသုတေသနအချို့ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် သူ့အားကန်ခဲ့သူမှာ ရင်းနှီးဟန်တူသည်။

 

ယခုမူ သူ့ရှေ့တွင်ရပ်နေသော သူ၏အထောက်အထား အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး သူ့အပေါ် အေးစက်သော အကြည့်တစ်ချက်ပစ်လွှတ်လိုက်ရာ ချန်ယွဲ့ခြေ ထောက်များသည် အထိန်းအကွပ်မဲ့စွာတုန်ယင်လာပြီး မတ်တပ်ပင် မရပ်နိုင်တော့ချေ။

 

တခဏချင်းမှာပင် ချန်ယွဲ့၏ဒေါသတွေပျောက်ဆုံးသွားသည်။ သူ မစော်ကားနိုင်တဲ့လူတွေကို သူ ကောင်း ကောင်းသိသည်။

 

ချန်မိသားစုသည် ချန်ယွဲ့အားကူညီရန် အမြန်ပြေးလာခဲ့သည်။ မားမားချန်သည် သူ့ အဖိုးတန်သားနာကျင်သည်ကြည့်ရင်း ပထမဦးဆုံး စတင်အော်ငေါက်လာခဲ့သည်။

 

"မင်း အကြမ်းဖက်တယ်၊ ဘယ်လောက်သတ္တိရှိရှိ နင်တို့အားလုံး သိက္ခာမဲ့နေကြတာပဲ၊ ငါ့သား ဒီဟင်းကိုစေတနာနဲ့လုပ်ခဲ့ပေးတာ..."

 

"အဟမ်း၊ ထမင်းဗူးထည့်ထားတဲ့ ပလတ်စတစ်အိတ်က တရုတ်စားသောက်ဆိုင်ကဟာထင်တယ်"

 

ကျီဖေး တံခါးဝကိုမှီကာ အသံကျယ်ကျယ်ဖြင့်အော်     ပြောလိုက်သည်။

 

 

 

 

 

 

 

‌

 

"အယ်၊ သိပါမကြာခင်က ရုန်ရုန် စားချင်စိတ်မရှိလို့ သူ့အတွက်ချက်ပြုတ်ပြီး အားပေးမလို့ပဲ၊ ဒါပေမယ့် ငါ့ရဲ့ ဆိုးရွားတဲ့ချက်ပြုတ်မှုနဲ့ မဖြစ်နိုင်မှန်းသိလို့ အဲ့စား သောက်ဆိုင်ကနေဝယ်ထွက်ဖို့ ချက်ချင်ဟန်ဆောင်လိုက်တာ။ ရှင့်သားက ကျမနဲ့ အတွေးတူတဲ့ပုံပဲသူ့ကြည့်ရတာ  အတော်လေးတုံးတယ်နော် ? ဟန်ဆောင်မယ်ဆိုရင်လည်း ပလပ်စတစ်အိတ်လေးတော့ပြောင်းမှပေါ့"

 

ထိုမှတ်ချက်ကြောင့် ပတ်ဝန်းကျင်ကကြည့်ရှုသူများကို ရယ်မောစေခဲ့သည်။

 

မားမားချန် မျက်နှာချက်ချင်းနီရဲသွားသည်။ ဟုတ်တယ် သူ ပါဆယ်ဝယ်သွားမှန်းသိပေမယ့် ထုတ်ဖော်ခ့ရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သို့တိုင် သူမသည်ခေါင်းမာမာဖြင့် "ငါတို့... ငါတို့ အိတ်အဟောင်းကိုပြန်သုံးရုံပါ"

 

"ရှင့်ပါးစပ်က ရက်ပေါင်းများစွာသေထားတဲ့ ဘဲတစ်ကောင်ထက်တောင် ပိုမာနေသေးတယ်။ ကျမ အခုချက် ချင်းစားသောက်ဆိုင်ကိုဖုန်းဆက်ပြီး အဲ့ပါဆယ်နဲ့ ယှဉ်ကြည့်ခိုင်းရမလား ?" ကျီဖေး ပြုံးပြီးဆက်ပြောသည်။

 

"နင်... နင့် ကိစ္စဘာပါလို့လဲ" မားမားချန် ဒေါသတကြီးအော်လိုက်သည်။

 

ချန်မြောင်သည် သူ့အမေ၏လက်ကိုမှင်တက်စွာ ဆွဲယူလိုက်သည်။

 

"မား ငြင်းမနေပါနဲ့၊ သူတို့က ချင်ရုန်ရဲ့မိသားစုပဲ!"

 

မားမားချန်သည် ချက်ချင်းနှုတ်ဆိတ်သွားသည်။

 

ကျီဖေး အစားအသောက်နှင့်ပတ်သက်သော လိမ်ညာမှုအားမတော်တဆ ထုတ်ဖော်ခဲ့ခြင်းကြောင့် ချင်ရုန်ဒေါသထွက်သွားလိမ့်မည်ဟု ချန်မြောင် ထင်မြင်ခဲ့သည်။

 

"ရုန်ရုန်၊ ငါ့ကော နင့်အတွက် ဟင်းချက်ပေးတယ်ဆိုပြီး လိမ်ခဲ့ရင်တောင် နင့်အပေါ်ထားတဲ့ သူ့ခံစားချက်တွေက တကယ်အမှန်ပါ။ နင် သူနဲ့ အတူတူနေခဲ့ဖူးတယ်လေ နင် ဒါကို ခံစားလို့ရမှာပါ။"

 

ဒါကိုကြားတော့ ကျီဖေး သူ့ဖုန်းကို အမြန်ထုတ်လိုက်ပြီး အသံသွင်းလိုက်သည်။

 

သူ့လုပ်ရပ်သည် ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ကြည့်ရှုသူ အများအပြားအား လိုက်လံဆောင်ရွက်စေခဲ့သည်။

 

ကျီဖေးသည် ချင်ရုန်အတွက် အညစ်အကြေးများကို ထိန်းထားရန်မဟုတ်သလို ဖြစ်လာနိုင်သော ကောလဟာလများအတွက်လည်း စိုးရိမ်ကြောင့်ကြမှုမရှိခဲ့ပေ။ ယခုအခါ ချင်ရုန် သဘောပေါက်လာသောကြောင့် နောက်ပိုင်း အရာအားလုံးကို သူ့ဘာသာ ရှင်းလင်းနိုင်လိမ့်မည်။ သို့ သော် ပြည့်စုံသော ဗီဒီယိုအထောက်အထားမရှိဘဲ ချန်မြောင်နှင့် သူ့မိခင်တို့ဘက်မှ ကောလဟာလများဖြန့်ပါက မည်သို့သော ကပ်ဘေးအားဖိတ်ခေါ်မိမည်မှန်း မသိနိုင်ချေ။

 

ချင်မိသားစုမကြောက်သော်လည်း အဆင်မပြေဖြစ်ရတုန်းပင်။ ထို့ကြောင့် ကျီဖေး လူအုပ်ကြီး၏အင်အားကို အသုံးချရန်ဆုံးဖြတ်လိုက်သည်။ ဗီဒီယိုများဖြင့်ဆိုပါက နောက်ပိုင်း ချန်မိသားစုအနေဖြင့် ဇာတ်လမ်းဆင်လှည့် စားရန်ခက်ပေလိမ့်မည်။

 

သို့သော် ကျီဖေးမထင်မျတ်ထားသည်မှာ ချင်ရုန်ဘက်မှပေါက်ကွဲပြီး စွဲချက်တစ်ခုစတင်လာမည်ဟုမမျှော်လင့်ထားခဲ့ပေ။

 

"အတူတူနေတာ ? နင့်အစ်ကိုကို စောင့်ရှောက်ဖို့ ငါ့ကိုအိမ်အကူအဖြစ်သုံးတာလား ? ပြီးတော့ ငါတို့နှစ်ယောက်ကို အတူရှိခွင့်မပေးတာမျိုးလား ?"

 

လူအုပ်ကြီးသည် အံ့ဩသင့်ခြင်း၊ ရှက်ရွံ့ခြင်း၊ စူးစမ်းခြင်း၊ သိချင်စိတ်များနှင့်အတူ ကြားသိလိုက်ရသော အတင်းအဖျင်းစကားအတွက် ဆာလောင်နေကြသည်။

 

ချန်မိဘများသည် ဘာဖြစ်နေမှန်းမသိသော်လည်း ချန်ယွဲ့နှင့်ချန်မြောင်သည် အံကြိတ်ကာ ချင်ရုန်အားစိုက်ကြည့်လိုက်ကြသည်။ ချင်ရုန့်လိုလူက ခုလိုတိုက်ရိုက်ပြောရဲသည်ကို သူတို့ မယုံကြည်နိုင်ပေ။

 

ချင်ရုန် သူတို့နှစ်ယောက်အား ပြင်းပြင်းထန်ထန်စိုက်ကြည့်ရင်း ရှေ့တိုးလာခဲ့သည်။

 

"ပြီးတော့ နင်တို့နှစ်ယောက်က ငါ့နောက်ကွယ်မှာဖောက် ပြန်နေကြသေးတယ်လေ၊ နင်တို့ တကယ်ရွံဖို့ကောင်းတာပဲ"