Ch 51
Viewers 24k

🍉 Chapter 51

 

 

ပတ်၀န်းကျင်တစ်ခုလုံး တုန်လှုပ်ချောက်ချားစွာတိတ် ဆိတ်နေသည်။ ချင်မိသားစု၀င်များ ဆိုဖာပေါ်မှခုန်ထလုနီးပါးပင်ဖြစ်နေသည်။

 

ဘာ ? ဒါကြောင့်နဲ့ ခိုးရာလိုက်ခဲ့တာလား?!

 

ကျီဖေး ဆိုဖာပေါ်တွင် လှုပ်လှုပ်ရွရွ အသံများကို ခံစားမိလိုက်သဖြင့် လှမ်းကြည့်လိုက်ချိန် ၎င်းတို့သည် တည့်မတ်စွာထိုင်နေကြပြီး ချင်ရွန်ဆီသို့ စူးစိုက်ကြည့်နေကြသည်။ ချင်ရုန်ရဲ့ အဓိပ္ပါယ်မရှိတဲ့ ပြောဆိုမှုတွေကြောင့် သူတို့ အံ့အားသွားတဲ့ပုံပဲ။

 

ချင်ရုန် မျက်နှာသည် ထိတ်လန့်နေသည့်ဟန်ပင်။ သူမ အကြံအစည်များကို အာ့စောင်သိသွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။

 

အစက သူ ခိုးပြေးရန် တကယ်မရည်ရွယ်ခဲ့သလို လုပ်ဖို့လည်းသတ္တိမရှိချေ။ ချန်မြောင် ထိုအကြောင်းကိုထပ်ခါတလဲလဲ အကြံပေးနေသောကြောင့်သာ သူမ တုန်လှုပ်သွားသည်။

 

သူမသည် မိသားစုနှင့် အေးအေးဆေးဆေး တိုင်ပင်ရန် မျှော်လင့်ထားသော်လည်း ၎င်းတို့၏ ပြတ်သားသော သဘောထားသညိ သူမကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

 

သူ အရဲစွန့်လိုက်ပါက မိသားစုလည်း ချန်ယွဲ့အားလက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟုထင်ခဲ့သည်။  ၎င်းတို့သာ လက်ခံလိုက်ပါက သူ့အားနိုင်ငံခြားအတင်းသွားခိုင်းတော့မည်မဟုတ်သလို ချုပ်ချယ်တော့မည်လည်းမဟုတ်ချေ။ ထို့နောက် မိသားစုနှစ်ခုလုံးတဖြည်း ဖြည်းနားလည်လာပြီး ချန်ယွဲ့သည် ၎င်းတို့တွေးထားသလောက်မဆိုးကြောင်း သဘောပေါက်သွားလိမ့်မည်။

 

သို့သော် ယခုအခါ သူမ မိသားစု၀င်များ၏မယုံကြည်နိုင်သောအကြည့်များဖြင့် ရင်ဆိုင်နေရင်း ကျီဖေး၏အတွေးများကိုထပ်မကြားချင်လုနီးပါး ရှက်ရွံနေခဲ့သည်။

 

ထိုသည်ကို သတိမမူမိသော ချန်မြောင်သည် ငတုံးမချင်ရုန် သူ့အား သသံယ၀င်သွားမည်ဆိုး၍ ခပ်သာသာလှမ်းဆွဲလိုက်သည်။

 

သို့သော် ထိုလှုပ်ရှားမှုသည် ကျီဖေး၏အာရုံကိုဖမ်းစားသွားသည်။

 

ကျီဖေးသည် စိတ်ထဲ လှောင်ပြောင်လိုက်မိသည်- [အဲ့ပါဆယ်တွေမှာပေးတဲ့သူကလည်း သူ့ နောက်ကျောကို ဓားနဲ့ထိုးတဲ့ အချစ်ဆုံငယ်သူငယ်ချင်းကြီးပဲ၊ သူက ချင်ရုန်နိုးလာတော့ ပြန်နွေးထားမှန်းမသိအောင် သူ့ဖာသာ ချက်ထားသလို ဟန်ဆောင်နေခဲ့တာပဲ]

 

ချင်ရုန်၏စိတ်များရှုပ်ထွေးနေစဉ် တစ်ဖန် ခပ်ပြင်းပြင်းရိုက်ချက်ဖြင့် ရိုက်ချခံလိုက်ရပြန်သည်။ ဟင့်အင်း... ဒါ ဘယ်လိုလုပ် အတုဖြစ်နိုင်မလဲ! မဖြစ်နိုင်ဘူး !

 

[ချင်ရုန်က သူ့လက်ရာကိုအရမ်းကြိုက်ပြီး ခံတွင်းတွေ့တယ်လို့တောင်ပြောခဲ့သေးတယ်၊ သူ တကယ်ကျေးဇူး တင်ရမဲ့သူက အဲ့တရုတ်အအစားအစာဆိုင်က စားဖိုမှူးပဲ ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်ပွဲကို ယွမ်သုံးဆယ်အောက်ပဲ ကျတယ်၊ ဘယ်လောက် ဈေးသက်သာလိုက်သလဲ]

 

ချင်ရုန်၏မျက်လုံးများ ပြူးကျယ်လာသည်။ သူ မယုံနိုင်သော်လည်း ကျီဖေး၏စကားများမှာ လျစ်လျူမရှုနိုင်   လောက်အောင်အသေးစိတ်ကျလှသည်။

 

[ငါတို့နားမှာ အဲ့ဆိုင်ခွဲရှိတယ်ဆိုတာ ငါ မှတ်မိပြီ၊ ငါတို့ သူအိမ်မှာရှိတုန်းလေး အဲ့ကမှာပြီး တကယ့်နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ဘာလို့မပြရမှာလဲ ? သူ အဲ့ဟင်းတွေကို တစ်လလောက်ဆက်တိုက်စားနေရရင် နေမကောင်းဖြစ်လောက်တယ်။]

 

ချင်ရုန် တုန်လှုပ်သွားပြီး လဲကျလုမတက်ပင်။

 

ချန်မြောင်သည် ချင်ရုန်အားထိန်းထားလိုက်ပြီး ဝမ်းနည်းနေသောမျက်နှာဖြင့် "ရုန်ရုန်ကို စိတ်ဆင်းရဲအောင်လုပ်နေတာ ရပ်လိုက်ပါတော့၊ ရှင့်မျက်လုံးထဲမှာ ကျွန်မကော ရုန်ရုန့်အတွက် ဟင်းချက်ပေးတာ အဓိပ္ပါယ်မရှိဘူးမှတ်လား ဒါပေမယ့် ဒါ သူဂရုစိုက်တာကိုပြတဲ့နည်းပဲ၊ ကျွန်မကော ဘယ်သူ့ကိုမှ အဲ့လိုမဆက်ဆံခဲ့ဖူးဘူး"

 

[Pfft! ဘာလို့ဆို သူ မချက်တတ်လို့ မဟုတ်ဖူးလား]

 

“ရှင်တို့ ကျွန်မကောကို သဘောမကျရင်တောင် တစ်စုံ တစ်ယောက်အတွက် သူ့ရဲ့စိတ်ရင်းမှန်နဲ့ ခံစားချက်တွေကိုပေါ့ပေါ့တန်တန်မစော်ကားပါနဲ့"

 

ကျီဖေး၏အတွေးများကိုမကြားပါက ၎င်းတို့ ထိုစကားများကြောင့်လှည့်စားခံရနိုင်သည်။ ယခုအခါ ထိုကောင် မလေး၏ပြောင်ပြောင်တင်းတင်း လိမ်ညာသံအားကြားရချိန် အားလုံးဒေါသဖြင့် ရယ်သာရယ်လိုက်ချင်တော့ သည်။

 

ထိုအခိုက် ချင်ရှန့်က “ကောင်းပြီ၊ မင်း အဲ့လိုပြောမှတော့ မင်းကောကို  ဒီကိုလာခိုင်းလိုက်ပါ”

 

ချန်မြောင် ထိုသို့ပြောလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ "ဟမ် ?"

 

"မင်းကောကို ဒီကိုလာခိုင်းပြီး ငါတို့အတွက် ဟင်းချက်ခိုင်းလိုက်လေ၊ သူ့ရဲ့ ရိုးသားမှုကို ငါတို့ ခံစားနိုင်ရင် သူတို့လမ်းကို မပိတ်တော့ဘူး" 

 

ချင်ရှန့်၏ နက်မှောင်သောမျက်လုံးသည် နားမလည်နိုင်စွာနက်မှောင်နေသည်။

 

[ဟားဟား! ချင်ရှန့် အရမ်းတော်တာ‌ပဲ၊ သူ ဘာတွေတွေးနေလဲ မသိပေမယ့် ဒီနည်းနဲ့ဆို လူလိမ်ကိုတစ်ခါတည်း ဖော်ထုတ်နိုင်လိမ့်မယ်၊ ဟားဟား အခုတော့ သူလည်း ကျည်ဆန်ကိုက်နေရတဲ့ အခြေအနေရောက်နေပြီပဲ]

 

ချန်မြောင်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူမ ခန္ဓာကိုယ်တောင့်တင်းလာကာ မည်သို့တုံ့ ပြန်ရမလဲ မသိတော့ချေ။ ထိုအခါ ချင်ရုန်လည်းနောက် ဆုံးကောက်ရိုးကို ဆွဲကိုင်လိုက်ပြီး "ချန်ယွဲ့ကိုလာခိုင်း လိုက်ပါ၊ သူတစ်နပ်လောက် ချက်ပြလိုက်တာနဲ့ ငါတို့တွေ အတူတူရှိနိုင်တော့မယ်"

 

ချန်မြောင်၏မျက်နှာသည် ပျက်ယွင်းလုမတက်ဖြစ်သွားကာ "ရုန်ရုန်၊ ငါ့ကောရဲ့စိတ်ကို နင်သိပါတယ်၊ သူသဘောတူမှာ မဟုတ်ဘူး။"

 

"ဘာလို့လဲ၊ သူ ငါ့အတွက် ထမင်းတစ်နပ်တောင်မချက်ပေးနိုင်ဘူးလား? သူ ငါနဲ့ အတူမနေချင်ဘူးလား"

 

ချန်မြောင်မျက်နှာ ချက်ချင်းမည်းမှောင်သွားကာ "ဘာလို့လဲဆိုတော့ သူတို့ကောကို တမင်ခက်ခဲအောင် လုပ်မယ်ဆိုတာ ငါ သိနေလို့ပဲ၊ ဟင်းတစ်နပ်ချက်ပြရုံနဲ့ ဘယ်သူက လွယ်လွယ် သဘောတူမှာ ? ငါ့ကော နင့်ကိုချစ်ပေမဲ့  သူ အရှက်မကွဲချင်ဘူး၊ သူ့ကို ဒီလို လှောင်ပြောင်တာကို နင်ကရော ဘယ်လိုလုပ်ရပ်ကြည့်နေနိုင်တာလဲ၊ နင် ကောကို  မချစ်ဘူးလား"

 

ထိုသည်ကိုကြားတော့ ချင်ရုန်၏အမူအရာသည် အဆုံးမဲ့ ရှုပ်ထွေးမှုများထဲနစ်မွန်းသွားသည်။

 

ချင်ကျောက် အေးစက်စွာ ရယ်မောလိုက်ပြီး "ဒါဆို ငါ့ညီမ သူနဲ့အတူနေဖို့အတွက် အကုန်လုံးကိုဆန့်ကျင်ပြီး သူနဲ့ယူပြီးရင် သူ့ကိစ္စတွေ အကုန်လိုက်လုပ်ပေးနေရမှာက ရှက်စရာမဟုတ်ဘဲနဲ့ ငါတို့အတွက် ဟင်းတစ်နပ်ချက်ပေးရတာက ရှက်စရာပေါ့ ? မင်းတို့ အဲ့လောက်ထိ သူ တော်ကောင်း ယောင်ဆောင်စရာမလိုဘူးနော်"

 

"သူတို့နှစ်ယောက် အတူနေတာ သူတို့အပိုင်းလေ ဒါပေမယ့် ရှင်တို့အတွက်ချက်ပြုတ်တာက..."

 

ချန်မြောင်အထိတ်တလန့်ဖြစ်သွားပြီး မည်သို့ပြန်ဖြေရမလဲ စဉ်းစားမရတော့ချေ။

 

ချင်မိဘများသည် ထိုဖျော်ဖြေပွဲကိုကြည့်ရှုရန် စိတ်မ၀င်စားတော့ချေ။

 

"ရုန်ရုန် ကြည့်! သူက ဒီလိုအသေးအမွှား တောင်းဆိုမှုကိုတောင် သဘောမတူနိုင်ဘူး၊ ဒါ နင်ရွေးထားတဲ့လူလား ? နင့်ကိုချစ်တယ်လို့ပြောတဲ့ အချစ်ကရော ဘယ်မှာလဲ ? သူက ပါးစပ်နဲ့ပဲပြောတက်တာတော့ မဟုတ်ပါဘူးနော်"

 

"သူက နင့်မိဘတွေဖြစ်တဲ့ ငါတို့ဆီကနေ ခွင့်ပြုချက်ရဖို့ နည်းနည်းလေးတောင် မကြိုးစားဖူးဘူး၊ အဲ့အစား နင့်ကိုခိုးရာလိုက်ပြီး အတူနေဖို့ကျ လှည့်စားတယ်ဆိုတော့… ဒါ ဘယ်လောက်တောင် တာ၀န်ကင်းမဲ့လဲဆိုတာ ပြနေတာပဲ၊ သူ့မှာသိက္ခာဆိုတာ ကုန်းကောက်ပြစရာမရှိမှာသေချာတယ်၊ ငါ မင်းရဲ့ပါးပါးအနေနဲ့ သူ လူကောင်းတစ်ယောက်လို့ပြောဖို့ သူကြည့်ရတာ အရည်အချင်းမပြည့်မီဘူးလို့ထင်တယ်!"

 

"အစကနေ အဆုံးအထိ နင့်ချစ်သူ နင့်အတွက် သတ္တိရှိရှိ ရပ်တည်ဖူးလား ? နင်ကပဲ အမြဲတမ်းတိုက်ပွဲဝင်၊ အနစ် နာခံပြီး ငါတို့နဲ့အပေးအယူလုပ်ခဲ့တာ၊ သူက အကျိုးအ မြတ်ပဲ လိုချင်တဲ့ကောင်မျိုး၊ နင် အဲ့လိုလူမျိုးကို တကယ်ရွေးချင်တာလား ?"

 

ချင်ရုန် မတုံ့ပြန်ခင် ချန်မြောင်တုန်လှုပ်သွားပြီး "ကောကို အဲလိုမပြောနဲ့!"

 

သူမ၏စစ်မှန်သော ခုခံကာကွယ်မှုသည် ချင်မိသားစုအား ခဏတာထိတ်လန့်စေခဲ့သည်။

 

သို့သော် နောက်တစက္ကန့်တွင် ကျီဖေးပြောသည်ကိုကြား လိုက်ရသည်- [ ဒါကမှ  တကယ့်အချစ်စစ်ပဲ၊ သူ အရမ်းကာကွယ်တက်တာပဲ၊ သူတို့က တော်တော့်လေးကိုလိုက် လည်းလိုက်တဲ့ အတွဲပဲ]

 

ခဏလေး ??

 

သူတို့ ဘာကြားလိုက်တာ ??

 

အချစ်စစ် ?

 

ဘယ်သူတွေကလဲ ?

 

အားလုံးအံ့အားသင့်သွားကာ ချန်မြောင်ဆီသို့လှည့်ကြည့်လိုက်သည်။ ချန်မြောင်သည် ဒေါသကြောင့် မျက် လုံးများပင် နီရဲနေသည်။ ထိုတုံ့ပြန်မှုသည် မိသားစုဝင်တစ်ဦးကိုကာကွယ်ခြင်းအဖြစ် ယူဆနိုင်သည်။ မဟုတ်မှလွဲရော... အမ်း... မဖြစ်နိုင်တာ! ‌ဒါ ဖြစ်နိုင်လို့လား။ ဘယ် လောက်တောင် ထူးဆန်းလိုက်လဲ!

 

ချင်ရုန်လည်း ထိတ်လန့်သွားပြီး ခေါင်းကိုခါယမ်းကာ သ့မျက်လုံးများထဲ မယုံကြည်မှုများအထင်းသားပင်။ အဲ့စကားတွေက စိတ်ကူးယဉ်ဆန်တဲ့ အတွေးတစ်ခုပဲဖြစ်မှာ၊ ကျီဖေး ရူးသွားတာလည်း ဖြစ်နိုင်တယ်။

 

ရုတ်တရက် စကားတစ်ခုသည် ဤကြောက်စရာကောင်းသည့် လေထုကိုအပြင်းအထန်ရိုက်ခတ်သွားသည်။

 

"မင်းတို့ မောင်နှမနှစ်ယောက်က သွေးသားမတော်တာတောင်မှ မောင်နှမအရင်းတွေထက် ပိုရင်းနှီးတဲ့ပုံပဲ"

 

ချင်ရှန့်၏ပေါ့ပေါ့ပါးပါးစကားတစ်ခွန်းသည် တူတစ်လက်ဖြင့် ထုလိုက်သလိုပင်။

 

လူတိုင်းသည် ထိုမျှော်လင့်မထားသောစကားကြောင့် ကမောက်ကမဖြစ်သွားသည်။

 

ထိုအရာသည် ချင်ရှန့်၏ စုံစမ်းစစ်ဆေးမှုအချက်အ လက်များကို ကျီဖေး၏အတွေးများနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။

 

သူတို့က နှစ်ဖက်မိဘမတူတဲ့ မောင်နှမတွေတဲ့လား ?

 

ထိတ်လန့်စရာပဲ! လုံးဝ ထိတ်လန့်စရာပဲ!!

 

"ရုန်ရုန်… သူတို့ သွေးမတော်ဘူးဆိုတာ သမီး သိလား"

 

 

မားမားချင်သည် ချင်ရုန်အား မယုံသင်္ကာကြည့်လိုက်ချိန် ချန်ရုန်သည် လိပ်ပြာလွင့်နေသည့်အတိုင်း  ကြောင်တက် တက်ဖြစ်နေသည်။ အဖြေမှာ ရိုးရှင်းလှသည်။ သူ ထိုလျှို့ဝှက်ချက်ကိုမသိခဲ့ချေ။

 

ထို့အပြင် ကျီဖေး၏စကားများသည် သူ့အတွက်အလွန်တုန်လှုပ်စရာဖြစ်ခဲ့သည်။ သူ ကြောင်အနေသဖြင့် နောက်ထပ်စကားများကို မကြားနိုင်တော့ချေ။

 

"မင်း ဘာလို့ အခုမှလာပြောတာလဲ ?" ပါးပါးချင် ချင်ရှန့်အားမေးလိုက်သည်။

 

"သူတို့မိသားစုက ငယ်ငယ်တည်းကတစ်အိမ်တည်းနေခဲ့ကြတာ၊ အဲ့တော့ ကျွန်တော်လည်း သူတို့ကိုတစ်ခြား မိသားစုတွေလို ရင်းနှီးတယ်ပဲထင်ခဲ့တာ" 

 

ချင်ရှန့်သည် ထိုသတင်းနှင့် ယခုအခြေအနေ မသက်ဆိုင်ဘူးဟုသာထင်ခဲ့သည်။ ဒီလိုထူးထူးခြားခြား အခြေအနေမျိုးကို ဘယ်သူကထင်မိမှာလဲ? သူတို့ အတူတူကြီးပြင်းလာတော့ တကယ့်မောင်နှမတွေလို ဖြစ်နေမယ်ပဲထင်ခဲ့တာ။

 

ယခုမူ ချင်မိသားစုဝင်များသည် ချန်မြောင်အားမြင်လိုက်ရချိန် ကျီဖေး၏အမူအရာ ဘာကြောင့်ရှုပ်ထွေးနေသလိုဖြစ်နေခဲ့လဲဆိုတာကိုနားလည်သွားကြသည်။ ဒီလို လျှို့ဝှက်ထားတဲ့ဆက်ဆံရေးကို သိလိုက်ရချိန် ရိုလာကိုစတာစီးလိုက်ရသကဲ့သို့ ရင်တထိတ်ထိတ်နှင့်ပင်။

 

သူတို့မောင်နှမက သမီးရည်းစားဆိုရင် ချင်ရုန်နဲ့ ဆက်ဆံရေးက ဘာအတွက်လဲ ?