Ch 50
Viewers 24k

🍉 Chapter 50

 

 

၎င်းတို့မှ ချန်ယွဲ့အား ရှာခွင့်မပေးထားသောကြောင့် အောင်းအီးသည်းခံနေရသော်လည်း မထင်မှတ်စွာ ခြံစောင့်မှ ဧည့်သည်ရောက်နေသည်ဟုဆိုကာ ခေါ်လာသောအခါတွင် ချန်မြောင်ဖြစ်နေခဲ့သည်။

 

ညနေစောင်းအချိန်ဖြစ်၍ လူစုံတက်စုံရှိနေကြသည်။ လူတိုင်း၏မျက်လုံးများသည် သူ့အပေါ်ကျရောက်နေသည်။

 

သူ့သွင်ပြင်သည် ချစ်စရာကောင်းကာ ယဉ်ကျေးသိမ်မွေ့လှသဖြင့် မိဘများသည် ၎င်းတို့သားသမီးများကို သူနှင့်ဆိုလျှင် စိတ်ချနိုင်မည်ဟု ထင်လောက်ပေမည်။

 

ယခင်တုန်းကဆိုလျှင် ချင်မိသားစုသည်လည်း သူ့အား ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပြီး လက်ဆောင်များ မကြာခဏပေးလေ့ရှိသော်လည်း သူ့အစ်ကိုအား ချင်ရုန်နှင့်တွဲပေးပြီးနောက် လူတိုင်း သူ့အပေါ် ဖော်ရွေမှုများလျော့ပါးလာသည်။

 

သူ ဧည့်ခန်းထဲ မတ်တပ်ရပ်ကာ  အဓိပ္ပာယ်မဖော်နိုင်သည့် အကြည့်စူးများအားရင်ဆိုင်လိုက်သည်။

 

သူသည် ၎င်းတို့အထဲ တမူထူးခြားသောအကြည့်အားခံစားလိုက်ရသဖြင့် လားရာကိုလိုက်ရှာရာ ချင်ရုန်၏ ဒုတိယခယ်မဖြစ်ကြောင်းတွေ့လိုက်သည်။ ယခင်က  သူမသည် ၎င်းနှင့် သိပ်အဆက်အဆံမရှိဖူးပေ။

 

သို့သော် သူမကိုကြည့်နေပုံမှာ ထူးဆန်းကာ အတွေးများပြန့်လွင့်နေပုံရသည်။

 

မားမားချင်သည် အကြီးတစ်ယောက်ဖြစ်သောကြောင့် ဦးစွာစကားစမည်အပြု ချင်ရုန်၏ခြေသံကိုကြားလိုက်ရသည်။

 

"မြောင်မြောင်!"

 

"ရုန်ရုန်!"

 

၎င်းတို့သည် သူငယ်ချင်းကောင်းများပြန်လည်ဆုံဆည်းခြင်းသည့်ပမာ ၀မ်းသာအားရဖြစ်သွားသောကြောင့် ၎င်းတို့၏ဆက်ဆံရေးသည် မည်မျှရင်းနှီးသည်ကိုဖော်ပြနေ သည်။

 

သို့သော် ချင်ကျောက်သည်တော့ မရွဲ့ပဲမနေနိုင်ချေ။

 

"ကောင်မလေးက အချစ်အတွက်အသည်းအသန် တိုက် ပွဲဝင်နေချိန်မှာ ကောင်လေးကတော့ သူ့ညီမကိုပဲလွှတ် လိုက်တာပဲ မျက်နှာတောင်လာမပြရဲဘူး၊ ဘယ်လိုတောင် သတ္တိမရှိတဲ့ ငကြောင်လဲ"

 

ချင်ရုန် ချက်ချင်းဆိုသလို "ကောတို့ ချန်ယွဲ့ကိုနေရခက်အောင်လုပ်မှာဆိုးလို့ ညီမ မလာဖို့ပြောခဲ့တာ "

 

"ကျွန်မ ရုန်ရုန်ကိုတွေ့ဖို့လာတာပါ၊ အစ်ကိုက ရုန်ရုန်ကို စိတ်ပူပေမယ့် သူ့ကိုတွေ့ရင် ချင်မိသားစုပိုဒေါသထွက်မှာဆိုးလို့ မလာတာပါ၊ ချင်မိသားစုကို အကြောင်းမကြားဘဲ ရုန်ရုန်ကိုခိုးပြေးတာက ညီမကောရဲ့အမှားပါ၊ ဒါကလည်း သူ ရုန်ရုန့်ကိုအရမ်းကြိုက်လို့ဖြစ်သွားရတာပါ၊ အဲ့ဒါကြောင့် ကောအစား ညီမကပဲ တောင်းပန်ပါတယ်"

 

ထို့နောက် သူသည် ချင်မိသားစုဝင်များထံဦးညွှတ်လိုက်သည်။

 

ချင်မိသားစုသည် အခြားမိန်းကလေးများကိုအခက်တွေ့စေမည့် ရည်ရွယ်ချက်မရှိသောကြောင့် မည်သို့မှမတုန့်ပြန်တော့ချေ။

 

ချင်ရုန်သည် ချန်မြောင်အားချက်ချင်း အခန်းထဲကိုဆွဲခေါ်သွားတော့သည်။

 

ဧည့်ခန်းထဲရှိ ချင်ကျောက်သည် ချန်ယွဲ့အားတိတ်တ ဆိတ်လှောင်ပြောင်နေဆဲပင်။ သူ ချန်ယွဲ့အား တစ်ကြိမ်သာမတော်တဆ ဆုံဖူးသော်လည်း ၎င်းတို့ထဲ သူသာ ချန်ယွဲ့၏ရုပ်ကိုမြင်ဖူးသူပင်။ ချန်ယွဲ့မှာ ရုပ်ရည်သန့်ပြန့်သော်လည်း သူ့အားတစ်ချက်ကြည့်ရုံဖြင့် လူကောင်းမဟုတ်မှန်းသိသာသည်။

 

သို့သော် ထိုသို့သောယောက်ျားလေးများသည် မိန်းမကောင်းလေးများအား ဆွဲဆောင်ရာတွင် အလွန်တော်ကြသည်။

 

ချင်မိသားစုဝင်များသည် အခြေအနေကိုမည်သို့ကိုင် တွယ်ရမည်ကို မသိသောကြောင့် သက်ပြင်းသာချမိတော့သည်။

 

ကျီဖေး ချန်မြောင်အားတွေ့ပြီးကတည်းက ဆိုဖာပေါ် တိတ်တဆိတ်ထိုင်နေခဲ့သည်။

 

ချင်ရှန့် ကျီဖေးအတွက် ဒိန်ချဉ်ယူလာသောအခါ သူမ မျက်မှောင်ကြုတ်နေသည်ကို သတိထားမိသဖြင့် "ဘာဖြစ်လို့လဲ ?"

 

ကျီဖေး ချင်ရှန့်ကိုကြည့်ရင်း နှုတ်ခမ်းဖျားအနည်းငယ်လှုပ်ရှားသွားသော်လည်း အခြားသူများကိုကြည့်ကာ "ဘာမှမဟုတ်ဘူး"

 

သူ့ အမူအရာသည် စကားနှင့်ဆန့်ကျင်စွာရှုပ်ထွေးလျက်ရှိသည်။

 

ချင်မိသားစုဝင်များ ? ဘာလို့လဲ သူတို့ မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတာလဲ ??

 

[ငါ သူတို့ကို ဘယ်လိုပြောရမလဲ၊ ဖြစ်နိုင်ရင် အိမ်မှာ အားကောင်းမောင်းသန် လုံခြုံရေးအစောင့်တွေကို ထား စေချင်တယ်လို့ ပြောရမလား]

 

ချင်မိသားစုဝင်များ- လုံခြုံရေးတွေ ? ဘာဖြစ်လို့လဲ ? ငါတို့ကို ကြိုးရှည်ရှည်နဲ့မလှန်ပါနဲ့တော့! အခုလိုဝေ့လည် ကြောင်ပတ်လုပ်နေတာက ငါတို့ ပိုစိတ်ပူရတယ်။

 

[ငါ လူတွေက ရက်စက်တက်တယ်ဆိုတာတော့ သိပါတယ်၊ ဒါပေမဲ့ မကောင်းမှုလုပ်ရပ်တွေက ငါ စိတ်ကူးနိုင်တာထက်ကိုကျော်လွန်နေတာပဲ]

 

ချင်မိသားစုဝင်များ ကြောက်ရွံ့စပြုလာသည်။ သူလေ သံက ဘာလို့ အရမ်းလေးနက်နေတာလဲ ?

 

[ဒါကို ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး၊ ချန်မြောင်ကို သာမာန်ချောမောပြီး ချမ်းသာတဲ့ခေတ်လူငယ်လို့ပဲထင်ခဲ့တာ၊ အခုတော့ သူက နတ်ဆိုးတမာန်တော်လိုမျိုး အရမ်းရက်စက်တာပဲ၊ ရန်သူကိုအမိဖမ်းဖို့ ပျားရည်ထောင်ခြောက်ဆင်ပြီး တုံးအတဲ့မိန်းကလေးရဲ့အလောင်းကို တက်နင်းချင်နေတာပဲ]

 

ချင်မိသားစုဝင်များ : !! ခဏလေး... ဒီစကားတွေက နည်းနည်းတော့ ကြောက်စရာကောင်းလွန်းနေတယ် မဟုတ်ဖူးလား ? ကျီဖေး အမြင်မှာ ချန်မြောင်ဆိုတဲ့ကောင်မလေးက ချန်ယွဲ့ထက်တောင် ပိုဆိုးနေတယ်လို့လား ?

 

ချင်ရှန့်၏မျက်လုံးများသည် ခဏတာပြောင်းလဲသွားသည်။

 

ထိုအချိန် အပေါ်ထပ်မှအသံတစ်ခုထွက်ပေါ်လာသည်။ ချင်ရုန်သည် ချန်မြောင်နှင့် အတူဆင်းလာပြီးပြန်ရန်ပြင်ဆင်နေပြီဖြစ်သည်။

 

၎င်းတို့သည် ချန်မြောင်ကို ယခင်ကထက် စူးစူးစိုက်စိုက်ကြည့်ကာ ပိုလို့ပင်သံသယဖြစ်လာရသည်။

 

ချင်ရှန့် ရုတ်တရတ်"ချင်ရုန်က သူရဲ့နိုင်ငံခြားထွက်ရမဲ့ အစီအစဉ်ကို စွန့်လွှတ်လိုက်တော့ အခု မင်း သူ့နေရာကို အစားထိုးယူလိုက်ရတယ်လို့ ကြားတယ်"

 

ကျီဖေး ချက်ချင်းလန့်သွားပြီး ချင်ရှန့်အားသဘောကျမှုတစ်ချို့နှင့်ကြည့်လိုက်သည်။

 

[ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်လဲ! သူအဓိကပြဿနာကို မြန်မြန်ရှာတွေ့သွားတာပဲ]

 

အခြားလူများလည်း ထိုစကားကိုကြားသောအခါ ချန်မြောင်ဆီသို့ကြည့်နေသော သူတို့၏အကြည့်များသည် ချက်ချင်းပင်ပိုစူးရှလာသည်။

 

အဲ့ဒါကြောင့် ဖြစ်နိုင်မလား ?

 

ချင်ရှန့်၏မွေးရာပါ ဖိနှိပ်လှသော စီအီးအိုရောင်ဝါနှင့် ရင်ဆိုင်ရချိန် ချန်မြောင်သည် သူ့ကိုယ်သူ ထိန်းချုပ်မှု များပျက်ပြားလုနီးပါးဖြစ်သွားသည်။

 

"ဟုတ်တယ်၊ ရုန်ရုန် နှုတ်ထွက်သွား‌တုန်းက ကျွန်မ ရုန်  ရုန်ကို နားချဖို့ကြိုးစားခဲ့ပေမဲ့..."

 

ချန်မြောင်သည် ကူကယ်ရာမဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။

 

သူမ ထိုနေရာကို မခိုးခဲ့ဘူးဆိုသည့် စကားကိုအလေး ပေးပြောနေသည်။ ချင်ရုန် လက်လွှတ်လိုက်သည့်အရာကို သူ လက်ခံလိုက်ရုံသာ။

 

ချင်ကျောက်သည် ကျယ်လောင်စွာထေ့ငေါ့တော့သည်။ 

 

"တိုက်ဆိုင်တာလား ? မင်းတို့မောင်နှမတွေ ပူးပေါင်းကြံစည်တာရော မဖြစ်နိုင်ဘူးလား? တစ်ယောက်က ငါ့ညီမရဲ့ခံစားချက်ကို လှည့်စားတယ်၊ နောက်တစ်ယောက်က ငါ့ညီမရဲ့နိုင်ငံခြားခရီးစဉ်နေရာအတွက် ကြံစည်နေတယ်"

 

[ဟုတ်တယ် သူတို့နှစ်ယောက်လုံးက တုံးအတဲ့မိန်းက လေးကိုလှည့်စားဖို့ အတူတူစီစဉ်နေကြတာ၊ ဒါပေါ့ သူတို့ရဲ့ရည်ရွယ်ချက်က ဒါလေးတင် မဟုတ်ဘူး...]

 

ချင်မိသားစုဝင်များ ပိုလို့ပင်စိုးရိမ်လာကြသည်။ တခြားဘာကိစ္စတွေ ရှိသေးလို့လဲ ?

 

ချန်မြောင်၏မျက်လုံးများသည် ချက်ချင်းနီရဲလာပြီး စော်ကားခံလိုက်ရသလိုခံစားရသည့်ပမာ သူ့ အနားရှိ ချင်ရုန်၏အင်္ကျီလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

 

ချင်ရုန် မျက်နှာသည်လည်း အနည်းငယ်ပျက်ယွင်းသွားပြီး မျက်လုံးများရီဝေလျက် "ညီမရဲ့ ရွေးချယ်မှုက မြောင်မြောင်နဲ့ဘာမှမဆိုင်ဘူး၊ အာ့ကော၊ စန်းကော၊ ကျေးဇူးပြုပြီး မြောင်မြောင်ကိုအခက်တွေ့အောင်မလုပ်ကြပါနဲ့"

 

[ဒါ အဖမ်းခံပြီးရတာတောင် ပြန်ပေးဆွဲသမားကို ပိုက်ဆံကူရေပေးနေတယ်လို့ ပြောရမလား ?]

 

ချင်ရုန် ချက်ချင်းတုန်လှုပ်သွားသည်။ သူ ကျီဖေးကို တစ်ချက် ခိုးကြည့်လိုက်မိသည်။ အာ့စောင် တွေးလိုက်တဲ့အတွေးတိုင်းကိုမှန်တယ်လို့ လူတိုင်းက ဘာလို့ထင်နေတာလဲ။ ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေက သေချာ ဖို့ခက်တယ် မဟုတ်ဘူးလား?

 

သူသည် သူ့သူငယ်ချင်းဖြစ်သူကိုယုံကြည်ရန် ရွေးချယ်ခဲ့သေးသည်။ သူ မကြားချင်ယောင်သာဆောင်ကာ သည်းခံခဲ့သည်။

 

ချန်မြောင်သည် ချင်ရုန်မှာယခင်အတိုင်း သူ့ဘက်တွင် ရပ်တည်ပေးနေသောကြောင့် သူ့အား အထင်မလွှဲဘူးဆိုတာကိုသိလိုက်ရသော်လည်း သူ သဘောမတူသော စကားတစ်ခုရှိသေးသည်။

 

သူ့ မျက်လုံးများဝိုင်းစက်လာပြီး ရုတ်တရက် ရိုးသားဟန် မျက်နှာလေးဖြင့်ပြောလိုက်သည်။

 

"နိုင်ငံခြားသွားရတဲ့ကိစ္စက တကယ့်တော့တိုက်ဆိုင်မှု တစ်ခုပါ၊ ကျွန်မ ကောက ရုန်ရုန်နဲ့ တွဲနေတာ ရှင်တို့အတွက်အဆင်မပြေမှန်း သိပါတယ်၊ ကျွန်မကောက ရုန်ရုန်အတွက် လုံလောက်အောင် ကောင်းတဲ့သူ မဟုတ်မှန်းလည်းသိပါတယ်၊ ဒါပေမယ့် သူ တကယ် ရုန်ရုန်ကိုကြိုက်ပြီး တစ်သက်လုံးလက်တွဲသွားချင်တာပါ၊ ရှင်တို့မိသားစု သူတို့ကိုအခွင့်အရေးပေးကြမယ်လို့ ကျွန်မမျှော်လင့်မိတယ်၊ အသည်းနှလုံးမမဲ့ကြပါနဲ့ရှင်"

 

ချင်ကျောက် ချက်ချင်းဒေါသထောင်းခနဲထွက်သွားပြီး "သူ တကယ်ကြိုက်တာ ဟုတ်လား ? အဲ့တာဆို သူ့ ရိုးသားမှုကိုရော ပြဖူးလား၊ မင်းတို့အားလုံး လူလိမ်တွေချည်းပဲ၊ ငါတို့ရှေ့မှာ လာဟန်ဆောင်တာကို ရပ်လိုက်တော့၊ ဒီနေ့ ငါ ပွင်ပွင့်လင်းလင်းပြောလိုက်မယ်၊ ငါတို့ ချင်မိသားစုက အဲ့လို စိတ်ဓာတ်အောက်တန်းကျတဲ့ ကောင်စားမျိုးနဲ့ ချင်ရုန်ကို ဘယ်တော့မှချစ်သူဖြစ်ခွင့်   မပေးဘူး!"

 

ထိုစကားကြောင့် ချင်ရုန်အေးခဲသွားသည်။

 

ချင်ကျောက် ဒေါသကြောင့်ပြောလိုက်မိသော်ငြား အခြားမည်သူကမှ မကန့်ကွက်လာသည့်အချက်ကိုကြည့်ပါက ချင်မိသားစု၏သဘောထားကို ပွင့်လင်းစွာမြင်ရသည်။

 

ချန်မြောင်၏မျက်လုံးများသည် ချင်ရုန်ကိုကြည့်ကာ တုန်ရီနေသော်လည်း သူ့ ပါးစပ်ထောင့်သည်တိတ်တ ဆိတ် ကွေးညွတ်သွားသည်။

 

ဒီလောက်ဆို သူ့ကို ဒေါသဆွဖို့လုံလောက်ပြီမလား…?

 

"ဘာလို့...ကော ဘာလို့ ဒီလောက်တောင် တစ်ဖက်သက်ဆန်နေရတာလဲ၊ ကော သူ့ကိုမကြိုက်ရင်တောင် သူ့ကိုအခွင့်အရေးနည်းနည်းမှ မပေးနိုင်ဘူးလား"

 

ချင်ရုန်၏မျက်လုံးများ နီရဲသွားသည်။

 

ချန်မြောင်သည် ချင်ရုန် သူ့ဘက်တွင် လျင်မြန်စွာရပ် တည်လာသည်ကိုကြည့်ပြီး သူတို့သာ အနိုင်ကျင့်ခံသည့်သူများဖြစ်သလို နတ်ဆိုးအုပ်စုကိုဆန့်ကျင်ရန် ငြိမ်သက်စွာအားပေးလျက်ရှိသည်။

 

"အရင်တုန်းက သမီး ဒီစကားမပြောချင်ဘူး၊ ဒါ ပါးပါးတို့စိတ်ပူမှာစိုးလို့ပဲ၊ သမီး အရင်ပြည်ပ ခရီးတုန်းသွားတုန်းက ချန်ယွဲ့သာ သမီးကိုမကယ်ခဲ့ရင် သမီးအခု ဒီနေရာမှာ ရပ်နေနိုင်မှာမဟုတ်ဘူးဆိုတာကော ပါးတို့ သိရဲ့လား"

 

"ဘာ!" ပါးပါးချင်နှင့် မားမားချင်တို့ ချက်ချင်းထိတ်လန့်သွားပြီး နေမထိထိုင်မသာဖြစ်နေတော့သည်။

 

"ဘာကိစ္စတွေ ဖြစ်ခဲ့ကြလို့လဲ ?"

 

ထို့နောက် ချင်ရုန် ချန်ယွဲ့အား သူမ၏နှလုံးသားကို တဖြည်းဖြည်းဖွင့်ပေးမိသည့် အကြောင်းရင်းကိုပြန်  ပြောင်းပြောပြလာသည်။

 

ယခင်က ချင်ရုန်သည် ပန်းချီကိုအရူးအမူး စွဲလမ်းပေသည်။ သူ့ကိုသာ တစ်ယောက်ယောက်ကြည့်မနေပါက ပန်းချီအဆွဲလွန်ပြီး ဆာလောင်မှုကြောင့်မူးဝေလာတတ်ကာ ပြင်းထန်သည့်အခြေအနေမျိုးတွင်သွေးတွင်းသကြားဓာတ်လျော့နည်းသဖြင့် မေ့ပင်လဲနိုင်သည်။ တစ်ညတွင် သူ စတူဒီယိုထဲတွင် တစ်ယောက်တည်းကျန်ခဲ့သည်။ သူ ပန်းချီအပေါ်ကို အလွန်အာရုံစိုက်နေသဖြင့် အစာစားရန်မေ့လျော့သွားကာ အဆုံးတွင်ဆာလောင်မှုကြောင့်မူးလဲသွားသည်။ ချန်ယွဲ့ သူ့အားရှာတွေ့ခဲ့ပြီး အဆောင်သို့ပြန်သယ်သွားခဲ့သည်။

 

"သမီး နိုးလာတော့ အခန်းထဲမှာ စားစရာနံ့တွေနဲ့ပြည့်နေတယ်။ မမြင်ရတဲ့လက်တစ်ဖက်က သမီးကို မှောင်ပြီး အေးခဲ့တဲ့နေရာကနေ ဆွဲထုတ်လိုက်သလိုပဲ၊ အရင်ကဆို သူ တစ်ခါမှဟင်းမချက်ဖူးပေမယ့် အဲဒီနေ့ကျ ဟင်းချက်ဖို့ အငှားတိုက်ခန်းက မီးဖိုချောင်သုံးပစ္စည်းတွေသုံးပြီး ဟင်းသုံးမျိုးနဲ့ညစွပ်ပြုတ်ချက်ပေးခဲ့တယ်၊ အဲဒီနောက် အချိန်တိုင်း နေ့တိုင်း သမီးကိုစောင့်ကြည့်ပေးခဲ့တယ်၊ သမီး အစာစားဖို့မေ့သွားတဲ့အခါတိုင်း သူ့ကိုယ်တိုင် ချက်ပြီး ယူလာပေးတယ်၊ သမီးအတွက် ဒီလောက်ကောင်းတဲ့ လူတစ်ယောက်ကို လက်လွှတ်လိုက်မယ်ဆိုရင် နောက်တစ်ယောက်ရေက ပေါ်လာပါတော့မလား"

 

ချင်ရုန် အတိတ်အကြောင်းများကိုပြန်တွေးကာ သူ့ကိုယ်သူ သနားစိတ်များကြားနှစ်မြုပ်သွားသည်။

 

သို့သော် ချင်ကျောက်က "ဒါလေး ကြောင့်နဲ့လား ? ငါတို့မိသားစုရဲ့ထမင်းချက်အဒေါ်ဆို မင်းကို ဟင်းခုနစ်မျိုးချက်ပေးနိုင်တယ်!"

 

ချင်ရုန် ချက်ချင်းပင် "ဒါ မတူဘူး၊ ညီမ သူ့ဆီကနေဆို နွေးထွေးမှုကို ခံစားရတယ်၊ အဲ့ဒီအစားအစာတွေမှာ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေပါတယ်၊ အရသာအရှိဆုံးမဟုတ်ရင်တောင် တစ်ခြားဟာတွေနဲ့တော့ ကွာခြားတာပဲ၊ ဒီလိုမျိုးနွေးထွေးမှုကို ညီမ ပထမဆုံးခံစားဖူးတာပဲ..."

 

ချင်ရန် ဆက်နားမထောင်နိုင်တော့ဘဲ "ညီမလေး နင်မေ့သွားပြီလား၊ ငါတို့ ငယ်ငယ်တုန်းက မားက ငါတို့အတွက် ဟင်းချက်ဖို့ ကြိုးစားခဲ့ပေမယ့် မီးဖိုချောင်ပျက်စီးတော့မလိုဖြစ်သွားတဲ့အချိန် အစာအဆိပ်သင့်နိုင်လို့ မားကို မီးဖိုချောင်ထဲ ၀င်ခွင့်ပိတ်လိုက်တာလေ၊ ပထမဆုံးဆိုတဲ့စကားက ဘာလဲ ? ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို  ငါတို့မိသားစုတစ်ခုလုံးက နင့်ကို နည်းနည်းလေးမှ မပေးခဲ့ကြလို့လား ?"

 

တစ်မိသားစုလုံး ချင်ရုန်အားကြည့်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲ မခံချိမခံသာဖြစ်နေဟန်များမှာအထင်း သားပင်။

 

ချင်ရုန် ဘာပြန်ပြောရမှန်းမသိ ထိတ်လန့်နေမိသည်။ ထို့နောက် ကျီဖေး၏အတွေးထဲမှ ကျယ်လောင်သော ရယ်မောသံကြီးကို ကြားလိုက်ရသည်။

 

[ဟားဟားဟား၊ ငါ ရယ်ရလို့ သေတော့မယ်၊ ဒါဆို ဒါက သူ့နှလုံးသားကို တုန်လှုပ်စေခဲ့တာလား ? ဒါလေးကြောင့်နဲ့ ချင်ရုန်က ခိုးရာလိုက်ပြေးဖို့ထိ တွေးနေခဲ့တာပေါ့လေ ?]

 

[အဲ့အစားအသောက်ဆိုတာ ပါဆယ်အိတ်ထဲက ထုတ်ပြီးပြန်နွှေးထားတဲ့ အစားအသောက်ထက် ဘာမှမပိုဘူးဆိုတာ သူ မသိဘူးပဲ]