Ch 49
Viewers 24k

🍉 Chapter 49

 

 

 

ချင်ကျောက်သည် သူ့သည်းခံနိုင်စွမ်းကို ပထမဆုံးအကြိမ်ဆုံးရှုံးသွားခဲ့သည်။

 

"ချီးပဲ၊ အဲ့ ကလေကချေကောင်က မကောင်းဘူးလို့ ငါ ပြောခဲ့တယ်လေ၊ ပြီးတော့ နင် တကယ် သူနဲ့အတူနေခဲ့တာလား၊ နင့် ခေါင်းထဲမှာ ချီးတွေနဲ့ပြည့်နေလို့လား?"

 

ချင်ကျောက် ဒေါသအရမ်းထွက်ပြီး ကျိန်ဆဲလိုက်သည်။

 

အော်ငေါက်ခံရ၍ဖြူဖျော့သွားသော မေ့မေ့၏မျက်နှာအားမြင်သော်လည်း ရပ်တန့်ရန် အရိပ်အယောင်မပြခဲ့ပေ။

 

"ငါ့ကို အမှန်အတိုင်းပြော၊ နင်တို့ အတူတူနေတုန်းက သူ နင့်ကို အခွင့်ကောင်းယူသေးလား ?" ချင်ကျောက်က ဒေါသတကြီးဖြင့် မေးလိုက်သည်။

 

လူတိုင်း၏အမူအရာမှာ အနည်းငယ်ကသိကအောက်ဖြစ်လာသည်။ လက်မထပ်ခင်အတူတူနေခြင်းအ ကြောင်းကို သူတို့နားလည်သော်လည်း၊ မားမားချင်ရော ချင်ရန်ပါ မေးခွန်းများစွာမမေးခဲ့ကြပေ။

 

အကိုတစ်ယောက်အနေနှင့် ကိုယ်ရေးကိုယ်တာကိစ္စများအား မမေးသင့်သော်လည်း သူ့မေ့မေ့အား ထိပါးနေသည့် ထိုအမှိုက်ကောင်အကြောင်း တွေးမိလိုက်ရုံဖြင့် လွန်ခဲ့သည့်ဆယ်နှစ် နှစ်သစ်ကူးညစာစားပွဲမှာ စားခဲ့သမျှပင် ပြန်အန်ချင်လာသည်။

 

ဒါကိုကြားတော့ ချင်ရုန်ရှက်လွန်း၍ခေါင်းမထောင်နိုင်တော့ဘဲ "ညီမတို့ အတူနေတယ်ဆိုပေမယ့် အခန်းခွဲပြီးနေကြတာပါ။ ညီမအပေါ်ထားတဲ့ သူ့အချစ်က စစ်မှန်ပြီး အိမ်ထောင်မပြုရသေးခင်အထိ ညီမကို ဘာမှမလုပ်ဘူးလို့ပြောတယ်။ သူ ညီမနဲ့ အတူရှိချင်ရုံပါ။ သူ တကယ် လူကောင်းတစ်ယောက်ပါ"

 

ချင်ရုန်သည် အရွယ်ရောက်ပြီးသူဖြစ်သဖြင့် သူ့ချစ်သူနှင့် တစ်ခုခုဖြစ်ခဲ့လျှင်ပင် ပြဿနာမရှိပေ။

 

သူ့အတန်းဖော် တော်တော်များများလည်း ထိုနည်းလည်း ကောင်းပင်... သူတို့နှင့်နှိုင်းယှဉ်ပါက ချန်ယွဲ့ ကောသည် သူ့အပေါ်တွင် ရှားပါးပြီးအဖိုးတန်သည့် အမှန်တကယ်ချစ်ခင်မြတ်နိုးခြင်း ဖြစ်ကြောင်းခံစားရသည်။

 

သို့သော် ချင်ရုန်၏အဖြေသည် တခြားသူများအားအံ့ဩသင့်စေခဲ့သည်။

 

ဤအဖြေသည် စိတ်ချမှုရှိသင့်သော်လည်း ပုံမှန်အားဖြင့် အမျိုးသားများသည် မည်သို့သောအတွေးမျိုးဖြင့် အတူ တူနေထိုင်ဖို့ တောင်းဆိုကြသည်ဆိုတာကို လူတိုင်းသိကြသည်။

 

ထို့ကြောင့် ချင်ကျောက်၏ပထမဆုံးတုံ့ပြန်မှုသည် ချင် ရုန် လိမ်ညာနေခြင်းဟုသာ။

 

သို့သော် တစ်စက္ကန့်အကြာမှာတော့ သူတို့ကျီဖေး၏ အတွေးများအား အဝေးကနေကြားလိုက်ရသည်။

 

[အဲ့တာ တကယ်ဟုတ်လို့လား? ထူးဆန်းလိုက်တာ။]

 

လူတိုင်းမျက်နှာပေါ်ရှိ အမူအရာများမှာ တူညီလုနီးပါးဖြစ်နေသည်-ဒါ ယုံကြည်နိုင်စရာမရှိဘူး။

 

မိန်းကလေးတစ်ယောက်၏ပေါင်အား လူရှေ့သူရှေ့မှာ မဖွယ်မရာပွတ်သတ်ဖို့ကြိုးစားခဲ့သည့် ဤကလေကချေကောင်သည် သူ့အား အတူတူနေထိုင်ရန်လှည့်ဖျားပြီးနောက် ဖြူစင်တဲ့အချစ်ဂိမ်း ကစားနေပြန်တာလား?

 

ကျီဖေး အခြားသူများကဲ့သို့စိတ်ရှုပ်ထွေးနေပြီး အသေး စိတ်သိရရန် အတင်းအဖျင်းများ မရှာဖွေပဲမနေနိုင်တော့ချေ။

 

[ဒါ အဓိပ္ပာယ်မရှိဘူး။ လူငယ်တွေက သူတို့ရဲ့အရွယ် ကောင်းမှာ ဘာမှမလုပ်ဘဲ အတူနေရုံပဲ နေကြလို့လား? သူ ပန်းသေနေတာဖြစ်နိုင်လား? ကြည့်ရအောင်...]

 

လူတိုင်း၏အမူအရာများမှာ သိမ်မွေ့ နက်နဲလာသည်။

 

ချင်ရုန်၏မျက်နှာသည် အနှောက်အယှက်ကြောင့်နီရဲလာသည်။

 

အဲ့တာ အတိအကျ အဲ့လိုမဟုတ်ပေ။ ချန်ယွဲ့ ကောသည် သူမအား တစ်ကြိမ်တစ်ခါသာဖက်ခဲ့ပြီး သူမလည်းပျော်ဝင်သွားခဲ့ပေမယ့် .. ချန်မြောင် နှောင့်ယှက်ခဲ့လို့သာ မဟုတ်ရင် သူတို့...

 

ကျီဖေးသည် ထိုလူ စွမ်းဆောင်နိုင်ခြင်းရှိမရှိကို ရှာမတွေ့ ခဲ့သော်လည်း အခြားအရာတစ်ခုကိုရှာတွေ့ ခဲ့သည်။

 

[အိုး ခိုင် မော့ !]

 

ဤအာမေဋိတ်သံကိုကြားလိုက်ရသောအခါ လူတိုင်း၏ နှလုံးခုန်နှုန်းများ အလွဲလွဲအချော်ချော်ဖြစ်သွားရပြီး ခိုးနားထောင်ရန် အသက်အောင့်ထားလိုက်ကြသည်။

 

ကျီဖေး၏အခြေအနေနှင့် သိပ်မရင်းနှီးသော ချင်ရုန်လည်း အနည်းငယ်ထိတ်လန့်သွားသည်။ အရင်က အာ့စောင်၏အနေအထားကိုသတိရပြီး ချင်ရုန်အမြဲ သံသယ ဝင်နေခဲ့သည်။ အကယ်၍ အာ့စောင်သာ အရာအားလုံးကိုတကယ်သိနေပါက၊ ချန်ယွဲ့ ကောကဲ့သို့ လူကောင်းတစ်ယောက်ကို သူ မည်သို့မနှစ်သက်ပဲနေမည်နည်း ?

 

သူ တွေးနေတုန်း၊ မယုံနိုင်လောက်တဲ့လေသံဖြင့် ကျီဖေး ပြောလာသည်ကို ကြားလိုက်ရသည်- [မဖြစ်နိုင်ဘူး၊ ချင်ရုန်က အချစ်ကြောင့် ကန်းသွားတာလား၊ ဒါမှမဟုတ် မျက်လုံးထဲ ရွှံ့တွေဝင်နေတာလား ?]

 

ချင်ရုန် ဤကဲ့သို့စော်ကားခံရမှုကြောင့် အံ့အားသင့်သွားသည်။

 

[ချန်ယွဲ့ က ငါ မင်းအပေါ်လုံလုံလောက်လောက်ကောင်းပေးထားတယ်။ တခြားကောင်မလေးတွေကိုကြည့်လိုက်၊ သူတို့အတူတူနေတဲ့အခါ အဝတ်လျှော်ရတယ်၊ ထမင်း ချက်ရတယ်၊ သူတို့ရဲ့ချစ်သူကောင်လေးကို ဂရုစိုက်ရပြီး ပိုက်ဆံတွေအားလုံးကို သူတို့ချစ်သူဆီ အပ်ရတယ်။ အဲ့ ဒါ မိန်းမကောင်းတွေလုပ်ရတဲ့အလုပ်ပဲ။ ဒါပေမယ့် မင်းက ငါ့ရဲ့ ဘေဘီလေး၊ မင်း မရင့်ကျက်သေးတာ နားမ လည်သေးတာတွေကို ငါ ဂရုမစိုက်ပါဘူး။]

 

[ဆိုတော့ ဒီအပြောတွေနဲ့ ချင်ရုန့်ကို အကွက်ရွေ့သွားတာလား !]

 

[ချန်ယွဲ့က ငါ့ဂျာစီကို မင်းကို လက်နဲ့လျှော်ခိုင်းတာ မင်းဒါကိုတောင် ကောင်းကောင်းမလုပ်တတ်ဘူး ဟုတ်တယ်ဟုတ်။ ဘယ်မိန်းကလေးက အဝတ်မလျှော်တတ်ပဲနေလို့လဲ။ ငါ မင်းကိုစိတ်မဆိုးသလို အထင်လည်းမသေးပါဘူး။ အခုကစပြီး ဂျာစီတွေကို ငါ ကိုယ်တိုင်လျှော်ပါ့မယ်။ ဒီလိုမျိုးအလိုလိုက်တတ်တဲ့ ကောင်လေးကို မင်း ဘယ်မှာ ရှာတွေ့ နိုင်မှာလဲ ?]

 

[အဲ့ဒါနဲ့ ချင်ရုန်ကတောင်းပန်လိုက်ပြီး အရမ်းချိုမြိန်တယ်လို့ ခံစားနေရတာကိုး၊ ကြည့်ရတာ သူ့ကိုယ် သူ သူ့ရည်းစားဆီက ဖူးဖူးမှုတ်ခံထားရတယ်လို့ ထင်နေတာပဲ]

 

[ဝေါ့ ~ ငါ့မျက်လုံးတွေ၊ ငါ ထပ်မကြည့်နိုင်တော့ဘူး၊ ငါ့အဖိုးတန်လေးတွေ ညစ်ညမ်းသွားပြီ။ ငါ့ဦးနှောက်ကြီးပါ မြေကြီးပေါ်ကျသွားပြီ။]

 

ကျီဖေးတင်မဟုတ်ပဲ တခြားသူများအားလုံး၏မျက်နှာ များပင် မီးပွိုင့်ကဲ့သို့အရောင်ပြောင်းနေသည်။ သူတို့ သည် တောက်လောင်နေသောအကြည့်များဖြင့် ချင်ရုန်အားစိုက်ကြည့်လိုက်ကြသည်။

 

ဤသည်မှာ မိသားစုဝင်တစ်ဦးအား ကြည့်သည့်ပုံစံမျိုးမဟုတ်တော့ဘဲ ထူးဆန်းသည့်သတ္တဝါတစ်ကောင်အား ကြည့်နေသည့်ပုံဖြစ်နေသည်။

 

ချင်ရုန် အံ့အားသင့်သွားသည်။ ကျီဖေး၏ထေ့ငေါ့သံအားကြားပြီးနောက် အစက သူ့အတွက် ချိုမြိန်မှုကိုခံစားရစေခဲ့သည့် ဤ 'စုံတွဲကြားမှအပြန်အလှန်ပြောစကား' များသည် ယခုမူ သူမအပေါ် ရှက်ရွံ့မှုများလွှမ်းခြုံသွားစေသည်။

 

ချင်ရုန် တစ်ခုခုကို မူမမှန်သလိုခံစားခဲ့ရသော်လည်း ၎င်းထက်ပိုအရှက်ခွဲခံနေရသည့် သူ့ချစ်သူကိုယ်စား မတရား မှုကိုခံစားလိုက်ရသည်။

 

သူ အသံတုန်တုန်ယင်ယင်ဖြင့် “သူ..”

 

"နင်က အချစ်ရူးဖြစ်နေတာပဲ!"

 

ချင်ကျောက်သည် မထိန်းနိုင်တော့ဘဲ ချင်ရုန်၏နှာ ခေါင်းတည့်တည့်ကို လက်ညိုးထိုးကာ ကြိမ်းမောင်းလိုက်သည်။

 

"ငါ မဟုတ်ဘူး!" ချင်ရုန် ထိတ်လန့်သွားသည်။

 

"အို ဒါပေါ့၊ ဒါပေါ့၊ 'အချစ်ရူး'ဆိုတဲ့စကားလုံးက အချင်း ချင်း ချစ်ကြတဲ့လူတွေအတွက်ပဲ။ ရှင်းရှင်းလေး၊ သူ နင့် ကိုလုံးဝမချစ်ဘူး၊ အဲ့တာကြောင့် နင်က ဦးနှောက်ပျက်နေရုံသက်သက်ပဲ" ဟု ချင်ကျောက် မညာမတာ ပြော လိုက်သည်။

 

"မား နင့်ကိုမွေးဖို့ ခက်ခဲနေတဲ့အချိန်တုန်းက ကြည့်ရတာမား နင့်ဦးနှောက်ကို သားအိမ်ထဲမှာထားခဲ့တာဖြစ်မယ် ?"

 

ချင်ရုန်သည် ချင်ကျောက်၏စကားလုံးများဖြင့်တိုက် ခိုက်မှုကို ပြန်မချေပနိုင်တော့ချေ။ သူ့ အချစ်အတွက် စွဲချက်များသည် လမ်းခုလတ်မှာပင် ရှုံးနိမ့်သွားခဲ့ပြီး မျက်ရည်များဝေ့သီနေသည့် မျက်လုံးများဖြင့်

 

"အဲ့လို မဟုတ်ပါဘူး၊ သူ ငါ့ကို ချစ်ပါတယ်။ ကောကရော ? ကောရော အချစ်ရေးမှာအောင်မြင်နေလို့လား ? ကော ငါ့ကို ဆုံးမခွင့် မရှိဘူး"

 

သူ မှန်ကြောင်းသက်သေပြရန် ချင်ရုန်သည် သူ၏မွေး ချင်းသုံးယောက်ကို စတင်တိုက်ခိုက်လာခဲ့သည်။

 

ဒါကိုကြားတော့ မွေးချင်းသုံးယောက်လုံး မျက်နှာထားအမျိုးမျိုးဖြစ်သွားသည်။ မိဘများသည် ဆက်နားမထောင်နိုင်တော့ပဲ စကားစရန်ပြင်လိုက်သည်။

 

[သူ အဓိကအချက်ကိုထောက်ပြလိုက်တာပဲ၊ ငါတို့မှာ တကယ် ပြော ပိုင် ခွင့် မ ရှိ ဘူး။]

 

ကျန်တဲ့ချင်မိသားစု - ဟေး ဟေး ဟေး၊ မင်း ဘယ်ဘက်ကလဲ ?

 

ချင်ရုန် ရုတ်တရက်ယုံကြည်မှုပိုရှိလာသည်။

 

[စဉ်းစားကြည့်လိုက်တော့၊ တစ်မိသားစုလုံး နုံအတဲ့ပင် ကိုစရိုက်ရှိတဲ့ပုံပဲ၊ လှည့်စားခံရပြီးပြီ (ချင်ရန်၊ ချင်ရှန့်၊ ချင်ကျောက်) ဒါမှမဟုတ် လှည့်စားခံရတော့မဲ့ (ချင်ရုန်)။အဲ့တာက မျိုးရိုးလိုက်တတ်တာလား ? ဧကန္တ ပါးပါးချင်နဲ့မားမားချင် ငယ်ငယ်တုန်းကရော... ငါ သိချင်မိသား]

 

ပါးပါးချင်နှင့်မားမားချင် ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။

 

ဤအကြောင်းအရာသည် ဆက်ပြောဖို့ရာမသင့်လျော်ချေ။

 

မားမားချင် ချောင်းဟန့်လိုက်ပြီး "ရုန်အာ ၊ ငါတို့ မင်းနဲ့ အကျိုးသင့် အကြောင်းသင့် မပြောရသေးခင် မင်း အိမ်မှာခဏနေရမယ်

 

ချင်ရုန် ချက်ချင်းမယုံနိုင်ဖြစ်သွားပြီး "မား သမီးကို ချုပ်ထားမှာလား ?! သမီး အရွယ်ရောက်နေပြီ၊ မား ဒီလို လုပ်လို့မရဘူး..."

 

"မင်း ဒီလိုဆိုးရွားတဲ့လူနဲ့ နေနေတာကို ငါတို့ ဆက်ကြည့်နေရမှာလား? မင်းက ငါ့ကလေး မဟုတ်တော့ဘူးဆိုရင် ပေါ့" ဒီတစ်ခါတော့ မားမားချင် ဝှက်ဖဲကိုသုံးလိုက်သည်။

 

သူ ရူးမိုက်သည့်အချစ်ကြောင့် ပုန်ကန်ထကြွလာခဲ့လျှင် ပင် သူ့ မူလဗီဇကတော့ပြောင်းလဲမသွားချေ။

 

ချင်ရုန် စိတ်ပျက်လက်ပျက်နှင့်ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေခဲ့သော်လည်း သူ ဘာမှထပ်မပြောရဲတော့ပေ။

 

ပါးပါးချင် အေးစက်စွာပြောလိုက်သည်။ "ကောင်းပြီ၊ အခု ဆွေးနွေးတာကို ရပ်လိုက်ကြရအောင်။ လျှောက်လွှာဖောင်ကိုဖြည့်ပြီး ဒီညပို့ းပေးလိုက်။"

 

"သမီး မလုပ်ချင်ဘူး" ချင်ရုန် ရုတ်တရက်ထပြောလိုက်သည်။

 

"ပြန်ပြောလိုက်စမ်း ?" ပါးပါးချင်၏လေသံသည် ပိုအေး စက်လာသည်။

 

"သမီး နိုင်ငံခြားကိုမသွားချင်ဘူး"

 

ချင်ရုန်သည် အစောပိုင်း သူ့မားနှင့် သဘောတူညီချက်ကြောင့် အခြားအရာများကိုပြင်းပြင်းထန်ထန် အတိုက် အခံလုပ်နေပုံရသည်။

 

"လျှောက်လွှာဖောင်ကို လွှင့်ပစ်လိုက်ပြီ။"

 

ပါးပါးချင် အသက်ရှုကြပ်လာပြီး "မင်း!! မင်း..."

 

ချင်ကျောက် ထပ်မထိန်းနိုင်တော့ဘဲ "အဲ့ဒီကောင်က နင့် မျက်လုံးတွေကိုထုတ်လိုက်တာလား ဒါမှမဟုတ် ဦး နှောက်ကို ထုတ်လိုက်တာလား ?"

 

ချင်ရုန် သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး တုံ့ပြန်ရန်ငြင်းဆန်နေခဲ့သည်။

 

ချင်ရှန့်က ရုတ်တရက် "ကောင်းပြီလေ"

 

ကြေမွနေသောစာရွက်၏နေရာကို လူတိုင်းအား းပြောပြရန် တွန့်ဆုတ်နေသော ကျီဖေးသည် ထိုစကားကြောင့် တုံ့ဆိုင်းသွားသည်။

 

အားလုံး ချင်ရှန့်ကိုကြည့်လိုက်သည်။

 

ချင်ရုန် မယုံကြည်နိုင်စွာဖြင့် "အာ့ကော၊ နင် ငါ့ကို နားလည်ပေးချင်တာလား ?"

 

"မဟုတ်ဘူး၊ ငါ နင့်ရဲ့ကိုယ်ပိုင်အနာဂတ်အတွက် နင့်ရဲ့ ရွေးချယ်မှုကို လေးစားပေးရုံပါ" ဟု ချင်ရှန့်လေးလေး နက်နက်ပြောလိုက်သည်။

 

"နင် သူ့ကိုချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ် မဖြစ်ဖြစ် နင်စဉ်းစားထားသမျှ၊ ဒါ နင့်ရဲ့ ရွေးချယ်မှုပဲ။ နောက်ကျရင် နင့်ကိုသတိမပေးတဲ့အတွက် မိသားစုကိုအပြစ်မတင်နဲ့။"

 

တစ်ခုခုလွဲချော်သွားသကဲ့သို့ ချင်ရုန်၏နှလုံးသည် စည်းချက်လွဲသွားကာ သူ့အား ၎င်းကိုခဏတာဆုပ်ကိုင်ထားချင်းလုပ်နေသလိုပင်။

 

အနည်းငယ်တွေဝေနေသော ချင်ရုန်မှလွဲ၍ ကျန်ချင်မိသားစုဝင်များသည် ချင်ရှန့် ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်ပုံရသည်။

 

လူတိုင်းသည် ၎င်းတို့၏ငယ်ရွယ်စဉ်က မိုက်မဲမှုများအ တွက် အမြဲတမ်းအဖိုးအခတစ်စုံတစ်ရာပေးချေရသည်။

 

ချင်မိသားစု၏တည်ရှိမှုကြောင့်သာ ဤအဖိုးအခများ သည် အလွန်ဒုက္ခရောက်ဖွယ် ဖြစ်မနေသော်လည်း ခိုင်မာသောသင်ခန်းစာတစ်ခုအဖြစ် ချင်ရုန်နှင့်အတူ ကျန်ရှိနေမည်ဖြစ်သည်။

 

ချင်ရုန်သည် တစ်ယောက်ယောက်မှ သူ့အားလာမတွေ့ မီအထိ သုံးရက်တာချုပ်နှောင်ခံခဲ့ရသည်။