Ch 52
Viewers 24k

🍉 Chapter 52

 

 

"ရှင်...ရှင်ဘာလို့ အဲ့တာကို ရုတ်တရက်ပြောရတာလဲ? တခြားတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ရှင်ဘယ်လိုတောင် စုံစမ်း၀ံ့တာလဲ"

 

ချန်မြောင်၏ နဖူးထက် ချွေးများဆို့နေသည်။ သူ့ အမူ အရာသည် စိတ်အနှောင့်အယှက်ဖြစ်နေမည့်အစား မလုံမလဲဖြစ်နေသည်။

 

"ထင်သားပဲ" ချင်ကျောက်သည် နှုတ်ခမ်းတစ်ဖက်ကွေးကာ နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။

 

ချန်မြောင်မျက်နှာသည် ဖြူဖျော့သွားပြီး သူ့ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရတုန်ရင်နေသည်။

 

ကျီဖေးလည်း အံ့သြသွားသည်။

 

[ ချင်ရှန့်က ဘာလို့ ဒါကို ရုတ်တရက်ပြောလာတာလဲ ? သူ စုံစမ်းပြီးတော့ ချန်မြောင်တို့ရဲ့ မောင်နှမဆက်ဆံရေးက ပုံမှန်မဟုတ်ဘူးဆိုပြီး သံသယ၀င်နေတာလား ? ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူကမှ သတိမထားမိကြတာကို သူကတော့ ဒီလောက်အရေးကြီးတဲ့သဲလွန်စကို ဘယ်လိုများရှာတွေ့ခဲ့တာပါလိမ့် ? တကယ် အထင်ကြီးစရာပဲ!]

 

ချင်ရှန့်- ငါ တကယ်တော့ ဘာမှရှာမတွေ့ခဲ့ဘူးဆိုတာ ဝနိခံရမှာ ရှက်လိုက်တာ…၊ သေချာမတွေးမိတာ ငါ့အပြစ်ပဲ

 

ချင်မိသားစု- နိုး နိုး နိုး! ဘယ်သူက ဒါကို တွေးမိမှာလဲလို့!

 

[ချင်ရုန်က ဒီလိုထူးဆန်းတဲ့ မောင်နှမနှစ်ယောက်နဲ့ ကြုံ ရတာကိုက ကံဆိုးတာပဲ၊ သူတို့က အပြန်အလှန်ကိုယ်စီ ခံစားချက်တွေရှိနေကြပေမဲ့ မိသားစုဆိုတဲ့ ဆက်ဆံရေးကြီးက သူတို့အတွက်တော့ အတားအဆီးကြီးဆိုပေမဲ့ ဖြေရှင်းလို့မရ‌တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့က ငယ်ငယ်တည်းက မိဘတွေနဲ့အတူနေထိုင်ခဲ့တော့ မိသားစုတစ်ခုလိုဖြစ်နေပြန်ရော အဲ့တော့ မိဘတွေနဲ့ သူငယ်ချင်းတွေကိုထုတ်ပြောရမှာ ကြောက်နေတာ၊ သူတို့က လူတွေပြောလာမဲ့ဘအတင်းအဖျင်းစကားတွေကို မခံနိုင်ကြဘူး]

 

[ပြီးတော့ ခိုးကြောင်ခိုးဝှက်တွဲခုတ်တာလည်း အဖြေတစ်ခုမဟုတ်ဘူး၊ ချန်ယွဲ့က အမြဲတမ်းပေါ့တီးပေါ့ပျက်နိုင်လို့ သူ့မိသားစုကတောင် သူ အိမ်ထောင်ကျရင် သူ ရင့်ကျက်လာမယ်လို့ထင်ပြိး အတင်းတွန်းအားပေးကြရော၊ ထုံးစံအတိုင်း ချန်မြောင်က သူ့ကောကို သူစိမ်းတစ်ယောက် ယူသွားမှာကိုလက်မခံနိုင်လို့ အခုလိုယုတ်မာတဲ့အစီအ စဉ်ကို အကောင်အထည်ဖော်ခဲ့တာပဲ]

 

သူ့ အတွေးကြောင့် ၎င်းတို့၏နှလုံးသားထဲ အေးခဲသွားသလိုခံစားလိုက်ရပြီး ၎င်းတို့၏အကြည့်များသည် ချင် ရုန်ဆီသို့ ကျရောက်သွားသည်။

 

ချင်ရုန်၏အမူအရာသည် ကြောင်အနေသော်လည်း အံ့သြစရာအပြည့်ပင်။ သူ အခြားတစ်ယောက်၏ပုံပြင်ကို နားထောင်နေသကဲ့သို့ခံစားရသည်။ ဒါ သူ့ ဘ၀မှာ ဖြစ်မလာနိုင်ဘူးမလား?

 

[ချန်မြောင်က ချင်ရုန်နဲ့ အခန်းဖော်ဖြစ်လာတော့ သူမရဲ့ ထုံအအပုံစံက လိမ်ရလွယ်မယ်ဆိုတာ သိလိုက်တယ်၊ ပြီးတော့ ချန်ယွဲ့က ချမ်းသာတဲ့မိန်းကလေးတွေကို အမုန်းဆုံးဆိုတာကိုသိလို့ ချင်ရုန်ကို သူ့ ယောင်းမအဖြစ်ရွေး ခဲ့တာပဲ]

 

[ဘာတုန်း‌ဟ! အဲ့ ချန်မြောင်က စိတ်ပိုင်းဆိုင်ရာတစ်ခုခု ချို့တဲ့နေတာများလား ? ဒီလို အပြစ်မရှိတဲ့သူတစ်ယောက်ကို သူတို့ရဲ့ထူးဆန်းတဲ့ ကစားပွဲထဲ ဆွဲသွင်းရလား?]

 

[ချန်မြောင်ရဲ့အတွေး‌က- ကောနဲ့ ငါ အတူမနေနိုင်မှတော့ ကောကို ထောက်ပံ့ပေးနိုင်တဲ့ ငတုံးမကိုပဲ လွယ်လွယ်ထိန်းချုပ်လိုက်တာပေါ့]

 

[သူက သူ့ကောကို အပြင်မှာ ကြိုးကြိုးစားစားအလုပ်လုပ်နေတာကိုလည်း မမြင်ရက်ဘူး၊ ဘုရားရေ! သူတော်တော် ကျွမ်းနေပါလား…၊ သူနဲ့အတူတူ ကောကိုပြုစုစောင့်ရှောက်မဲ့ တခြားမိန်းမကိုလှည့်စားဖို့ကြံခဲ့တာပဲ၊  စကားလုံးတစ်လုံးတည်းနဲ့ပြောရရင် တကယ့်မယုံနိုင်စရာပဲ!]

 

အခြားသူများလည်း ထိတ်လန့်သွားကာ ချန်မြောင်ကို  မကြည့်ပဲမနေနိုင်ချေ။ သူသည် ငယ်ရွယ်သော်လည်း ထိုသို့ မကောင်းသောအတွေးများရှိခြင်းသည် အမှန်ပင် ကျောချမ်းစရာကောင်းလွန်းသည်။ သူ့ကိုကြည့်လေလေ အရူးတစ်ယောက်နှင့် ပိုတူလာလေပေ။

 

ချန်မြောင်သည် အစထဲက မလုံမလဲဖြစ်နေသောကြောင့် ၎င်းတို့ ထူးဆန်းသောအကြည့်များကိုမြင်ချိန် မထဘဲမနေနိုင်တော့ချေ။

 

သူ ထွက်သွားတော့မည့်အခိုက် ချင်ရုန်သည် သူ့လက်ကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။

 

ချန်မြောင်သည် ချင်ရုန်ကိုထိတ်လန့်စွာ ကြည့်လိုက်ချိန် ချင်ရုန်၏မျက်လုံးများသည် ဗလာဖြစ်ကာ အာရုံစူးစိုက်မှုမရှိဘဲ သူ့အား လုံးဝကြည့်မနေကြောင်းတွေ့လိုက်ရသည်။

 

တစ်ခုခုမှားနေတယ်လို့ သူ ခံစားမိသွားတာများလား ?   မဖြစ်နိုင်တာ! သူက အရမ်းတုံးတာကို

 

"ရုန်ရုန် ငါ့ကောနဲ့ ငါ အတူတူကြီးပြင်းလာကြတာပါ၊ ငါတို့က သွေးသားရင်းချာမဟုတ်ပေမယ့် အရင်းနှီးဆုံးမိသားစုတွေပဲ၊ နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်လို့ နင်တို့နှစ်ယောက်ကို ငါ ကူညီချင်ပေမယ့် နင်မိသားစုက ငါ့ကိုခက်ခဲအောင်လုပ်နေပြီဆိုတော့ ငါ ထွက်သွားသင့်ပြီ"

 

[အမ်း... သူ တကယ့်ကို ကူညီနေတာပဲ၊ အစကတော့ ငါ တော်တော် အံသြသွားတယ်၊ ချင်ရုန်က အရမ်းလူကြိုက်များမယ့် မိန်းကလေးဆိုတာသိသာတယ်၊ သူမ ပတ်၀န်းကျင်မှာတကယ်တော်တဲ့ လူချောလေးတွေ အများကြီးရှိမှာသေချာတယ်၊ သူ သူတို့ကိုမကြိုက်ရင်တောင် အဲ့လို ဘာကောင်းကွက်မရှိတဲ့ အရှုံးသမားတစ်ယောက်ကို ချစ်မိမှာမဟုတ်တာ သေချာသလောက်ပဲ]

 

ချင်မိသားစုဝင်များသည် ရုတ်တရက် မတ်မတ်ထိုင်လိုက်ကြသည်။ အမှန်ပဲ! သူတို့လည်း အဲ့ကိစ္စကိုတော် တော်လေး ခေါင်းရှုပ်နေခဲ့တာ၊ ဒီလောက်ကောင်းတဲ့ မိန်းကလေးက ဘယ်လိုများကန်းသွားရတာလဲလို့?

 

ဒါက ထမင်းတစ်နပ်တည်းကြောင့် မဟုတ်တာ သေချာတယ်၊ ကိစ္စများသည်ထင်သလောက် မရိုးရှင်းနိုင်ပေ။

 

ချင်ရုန် တုံးအသည်ဟု သူတို့မယုံချင်ကြပေ။

 

[ချန်မြောင် အရမ်းလိမ္မာပါးနပ်လွန်းလို့ ချန်ယွဲ့ကိုယ်တိုင်တောင် အကွက်ချစရာမလိုဘူး၊ သူက ချင်ရုန်ရဲ့အမည်ခံ အချစ်ဆုံးသူငယ်ချင်းဆိုပေမဲ့ သူ ကြိုက်တာတွေ၊မကြိုက်တာတွေကို သေချာလေ့လာနိုင်ခဲ့တော့၊ ချန်ယွဲ့ရဲ့ ဝါသနာ၊ အလေ့အထနဲ့ ပုံစံအားလုံးက ချင်ရုန်ကြိုက်တဲ့အတိုင်း အတုလုပ်ထားတာပဲ၊ အပြုံးတွေနဲ့ လှုပ်ရှားမှုတွေကအစ ချင်ရုန်ကျဆုံးသွားအောင် သီးသန့်ဒီဇိုင်းထုတ်ထားတာ]

 

[ဥပမာ အဲ့ဒီထမင်းတစ်နပ်ကိုပဲ ကြည့်မယ်ဆို ချန်ယွဲ့က သူ ကြိုက်တဲ့အရသာအတိုင်း ကောင်းကောင်းချက်နိုင်လို့ အံ့ဩခဲ့ရတာ၊ တကယ်တော့ သူ ဘာမှမသိဘူး! အားလုံးကို ချန်မြောင်ကပဲစီစဉ်ပြီး ကြိုးကိုင်ထားတာ၊ ချန်ယွဲ့က အတင်းအကြပ် ပူးပေါင်းဆောင်ရွက်ခဲ့ရတာ၊ ဒါကြောင့်လည်း သူ အရမ်းမကျေမနပ်ဖြစ်နေရတာပေါ့… သူ အကြိမ်ပေါင်းများစွာ နှိမ့်နှိမ့်ချချနေခဲ့ရလို့ သူ သည်းမခံတော့တာပဲ]

 

[ချင်ရုန် အိပ်မပျော်တဲ့ညတွေမှာ သူ့ကိုအဖော်ပြုပေးခဲ့တဲ့ ချိုမြိန်တဲ့ စာသားမက်ဆေ့ချ်တွေ ဆိုတာကလည်း ချန်မြောင်ကိုယ်တိုင် ချန်ယွဲ့ရဲ့ဖုန်းကိုယူပြီး ရိုက်ထားတဲ့ဟာတွေဆိုတာ ချင်ရုန် ဘယ်တော့မှတွေးမိမှာတောင်မဟုတ်ဘူး]

 

[သူတို့ ခိုးရာလိုက်တုန်းက အခန်းခွဲနေတာကလည်း သူ့ကို လေးစားလို့မဟုတ်ဘူး၊ တကယ်က ချန်မြောင်ခွင့်မပြုလို့ပဲ၊ သူကိုယ်တိုင် ယောင်းမလေးကိုရွေးချယ်ခဲ့ပေမဲ့ သူတို့ကိုအတူတူတွဲမြင်ရတာကို သူ သည်းမခံနိုင်သေးတော့ သူ နိုင်ငံခြားမသွားမချင်း ချင်ရုန်ကိုမထိရဘူးလို့ ချန်ယွဲ့ကို ကတိပေးခိုင်းထားတာ၊ သူ လက်မခံလည်းမရဘူးလေ ချန်မြောင် အရမ်းဝုန်းဒိုင်းကြဲခဲ့တာကိုး]

 

[အဲ့မိန်းမက အရမ်းကြောက်ဖို့ကောင်းတာပဲ၊ သူက အသက်မွေးဝမ်းကြောင်းနှင့် ချစ်ခြင်းမေတ္တာနှစ်ခုစလုံးကိုလိုချင်တယ်၊ တစ်ဖက်မှာ ချင်ရုန်က သူ့အတွက် နိုင်ငံခြားမှာပညာသင်ဖို့ စပွန်ဆာပေးတဲ့အပြင် တစ်ခြားတစ်ဖက်မှာ ချန်ယွဲ့နဲ့ ချင်ရုန်တို့သာ လက်ထပ်သွားရင် သူလည်း စိတ်အေးရပြီ၊ တခြား သူစိမ်းအမျိုးသမီး‌ တွေနဲ့ယှဉ်ရင် ချင်ရုန်က သူနဲ့ ချန်ယွဲ့တို့ရဲ့ဆက်ဆံရေးကို သိသွားဖို့လုံးဝမဖြစ်နိုင်တဲ့ ငတုံးမ မို့လို့ပဲ]

 

[ချန်မြောင်ရဲ့မျက်လုံးထဲမှာ ချင်ရုန်က 'ကြားခံ' နဲ့ 'နိုင်ငံခြားလက်မှတ်' နှစ်ခု ကိုင်ထားတဲ့သူပဲ]

 

[ကျစ် ကျစ် ကျစ် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့နောက် ကွယ်မှာ အစ်ကိုဖြစ်သူနဲ့ တွဲရတာက စိတ်လှုပ်ရှားစရာကောင်းသလိုပဲ]

 

ထိုစကားကိုကြားချိန် ချင်မိသားစုဝင်များ အလွန်ဒေါသထွက်သွားခဲ့သည်။ အရာအားလုံးသည် ချင်ရုန်ကို ပစ်မှတ်ထားကာလိမ်လည်လှည့်ဖြားထားခြင်းဖြစ်သည်။

 

ဤမောင်နှမများသည် ချင်ရုန်ကို အရူးတစ်ယောက်လို ဆက်ဆံရာတွင်တော့ တူညီကြသည်။

 

ဒါရည်းစားရွေးတဲ့အခါ သတိထားဖို့နဲ့ သူငယ်ချင်းရွေး ချယ်တဲ့အခါ ပိုလို့တောင်သတိထားရမယ်ဆိုတာကို သက်သေပြလိုက်တာပဲ။

 

ပါးပါးချင်သည် ညိုးငယ်သည့်မျက်နှာနှင့် "ချင်ရုန် နင့်သူငယ်ချင်းက ထွက်သွားချင်နေပြီ၊ သူ့ကို လွှတ်လိုက်တော့ "

 

ချန်မြောင် အံ့သြသွားသည်။ သူ ဘာကို ဆိုလိုတာလဲ ? သေချာတာတော့ သူ ထွက်သွားဖို့ မတားဘူးတဲ့လား?

 

သို့သော် သူခေါင်းကို လှည့်ကြည့်ချိန် ချင်ရုန်၏သွေးလိုနီရဲနေသည့် မျက်လုံးများသည် တုန်ရီနေကာ တစ်ခုခုကို လက်မခံနိုင်သလို ခေါင်းခါယမ်းနေသည်ကို မြင်လိုက်ရသည်။

 

ချန်မြောင်သည် ကြောက်လန့်တကြားဖြစ်သွားပြီ သူမလက်ကိုလည်း အဝေးသို့ဆွဲထုတ်လိုက်သည်။

 

"ရုန်ရုန် ငါ့ကော တခြားသူအတွက် ထမင်းချက်မှာမဟုတ်တာ နင် သိပါတယ်၊ သူ နင့်အတွက်ပဲ ချက်ပေးတာ၊ ဒါကြောင့် သူ့ကို အခက်အခဲဖြစ်အောင် မလုပ်ပါနဲ့၊ အဲ့လိုမှမဟုတ်ရင် နင်တို့ ဆက်ဆံရေးကတော့… ငါ နင့်ကို နောက်မှပဲ လာတွေ့တော့မယ်"

 

ထို့နောက်သည် သူ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့သည်။

 

ချင်ကျောက် ဒေါသတကြီးလိုက်သွားရန်ပြင်လိုက်သော် လည်း ချင်ရှန့် တားလိုက်သည်။ ချင်ရှန့်သည် ချင်ရုန်ကိုကြည့်ကာ  "မင်း အစကနေအဆုံးအထိ လှည့်စားခံခဲ့ရတာလို့ ငါတို့ သံသယရှိတယ်၊ မင်း အခုထိ လက်မခံချင်ဘူးလား"

 

ချင်ရုန်၏မျက်နှာသည် အရောင်ပေါင်းစုံရောထွေးနေ သည်။ သူ၏ ဦးတည်ရာမရှိသော မျက်လုံးများသည် လူတိုင်းကိုကြည့်ပြီးနောက် သူ့ အခန်းထဲသို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ တိတ်တဆိတ်ပြန်သွားခဲ့သည်။

 

တခြား ချင်မိသားစုဝင်များသည်လည်း ချင်ရုန်ရုန်းကန်နေသည်ကို သိလိုက်ကြသည်။

 

၎င်းတို့လည်း ထိုသို့ ရုန်းကန်ဖူးပေသည်။ အဘယ့်ကြောင့်ဆိုကိစ္စတိုင်းသည် ကျီဖေး၏ အတွေးသာဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်သာ မ၀န်ခံပါကသက်သေပြရန် သက် သေမရှိချေ။

 

ထို့ကြောင့် ချင်ရုန်သည် အမှန်တရားကိုလက်ခံရန် ခက်ခဲသော်လည်း ယိမ်းယိုင်နေပြီဖြစ်သည်။

 

ကျီဖေးသည်တော့ သည်းမခံနိုင်တော့ချေ။ သူသည် ထိုဆိုင်ခွဲစားသောက်ဆိုင်မှ ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်ကို တမင်မှာကြားခဲ့ပြီး ထမင်းချက်အဒေါ်ကြီးအားထည့်ခိုင်းကာ အဒေါ်ကြီးကိုယ်တိုင် ရုန်အာအတွက် ချက်ထားတာဟုပြောခိုင်းကာ သွားပို့ခိုင်းခဲ့သည်။

 

အန်တီသည် သူ့အားထပ်ခါတလဲလဲချီးကျူးခဲ့ပြီး တခြားသူများကလည်း သူမကို ချီးကျူးကြသော်လည်း ၎င်းတို့၏အမူအရာများသည် ထူးဆန်းနေသည်။

 

သုံးရက်အကြာတွင် ချင်ရုန်သည် အိမ်မှနောက်တစ်ခေါက်ထွက်ပြေးခဲ့ပြန်သည်။

 

ဟင်း ၃ ခွက်နှင့် စွပ်ပြုတ်သည် သူမကို လှုံ့ဆော်ပေးခဲ့သလား ? သို့မဟုတ် သူ့စိတ်က အခုထိအမြင်မှန်မ‌ရသေးသဖြင့် တစ်စုံတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးပြန်တာလား မသေချာချေ။

 

သို့သော် ၎င်းတို့ စစ်ဆေးကြည့်လိုက်ရာ ဗီဒီယိုထဲတွင် သူမနှင့် တွေ့မည့်သူမရှိပဲ သူမကသာစောင့်နေသဖြင့် ခိုးရာလိုက်ပြေးခြင်းမဟုတ်ကြောင်း ထင်ရှားသည်။

 

ချင်မိသားစုသည် ချင်ရုန်၏နေရာကို လျင်မြန်စွာရှာတွေ့ခဲ့သော်လည်း သူ့အား ချက်ချင်းမဖမ်းဆီးနိုင်ခဲ့ပေ။

 

ချင်ရုန် ဘာဆက်လုပ်မယ်ဆိုတာကို သူတို့အတိအကျသိချင်သည်။