Ch 46
Viewers 24k

🍉 Chapter 46

 

 

ချင်မိဘများသည် သမီးငယ်အပေါ်အလွန်ချစ်ကြသော် လည်း အခြေခံအချက်များကိုမူ လိုက်နာဆဲပင်။

 

"ရုန်ရုန် ချင်ကော်ပိုရေးရှင်းက အလုပ်ခန့်တဲ့စံနှုန်းက တင်းကြပ်တယ်၊ တစ်ယောက်ယောက်ကြောင့် ဒါကိုနဲ့လျှော့ပေါ့ပေးမှာ မဟုတ်ဘူး၊ မင်းအာ့ကော အဲ့ကောင်လေးအတွက် အကောင်းဆုံးလုပ်ပေးပြီးပြီ၊ ကျီဖေး ချင်ကော်ပိုရေးရှင်းထဲ စဝင်တုန်းကဆို သူ စတူဒီယိုတစ်ခုကိုပဲဝင်ခဲ့တာ၊ သူ အနောက်တံခါးကဝင်တယ်ဆိုပြီး တခြားအနုပညာပရောဂျက်တွေမှာ အခွင့်အရေးပေးတာရှိလို့လား ? မဟုတ်ရင် သူ့မှာ CEO ဇနီးဆိုတဲ့ အဆင့်အတန်းရှိနေတာကို အဆင့် 18 မော်ဒယ်လ်လောက်ပဲဖြစ်မလား?" ပါးပါးချင် တင်းမာစွာပြောလာသည်။

 

ကျီဖေး: ? ဒါ ချီးကျူးတာမလား ဟုတ်တယ်ဟုတ်?

 

[ဟုတ်တယ်၊ အမှန်ပဲ၊ ငါ့မှာ ပရော်ဖက်ရှင်နယ်ကျွမ်း ကျင်မှုမရှိလို့ ငါ့ မျက်နှာကိုပဲ လုံးလုံးအားကိုးခဲ့ရတာ၊ ငါ အရမ်းကြီးတဲ့ ပရောဂျက်တွေမှာမပါနိုင်ပေမယ့်လည်း Magazine ရိုက်တာကိုသေချာလုပ်ပြီး ကုမ္ပဏီကိုအရှက်မခွဲခဲ့ဘူး]

 

"ဒါကို လက်မခံနိုင်ရင် အလုပ်လာမလုပ်နဲ့၊ ကားမောင်းသမားဆိုတော့ရော ဘာဖြစ်နေလဲ? ဘာမှမသိတဲ့သူတစ်ယောက်က ခြေလှမ်းတစ်လှမ်းနဲ့ ထိပ်ဆုံးကိုရောက်ဖို့  ဘယ်လိုမျှော်လင့်နေရတာလဲ ? ဘယ် အလုပ်မှာမဆို တစ်ဆင့်ပြီးတစ်ဆင့်တက်ဖို့ လိုတာပဲမဟုတ်ဖူးလား ?" မားမားချင်လည်း လေးနက်စွာပြောလိုက်သည်။

 

[ချန်ယွဲ့သာ တစ်ဆင့်ခြင်းဆီလုပ်တက်တဲ့ သူဆိုရင် သူ အခုဆို အလုပ်အတွေ့အကြုံမနဲရှိနေလောက်ပြီ၊ ဒါပေမဲ့ သူက အမြဲတမ်း ထိပ်ဆုံးကိုရောက်ဖို့ပဲ အိပ်မက်မက်နေတာမဟုတ်ဖူးလား။]

 

ကျီဖေး ထပ်မံဝေဖန်လိုက်သည်။ ထိုလူသည် မေ့မေ့နှင့် မသင့်တော်သဖြင့် လမ်းခွဲလိုက်တာအကောင်းဆုံးဟုထင်မိသည်။

 

လူတိုင်းတစ်လေသံတည်း ပြောလာသောအခါ ချင်ရုန်လက်ရှိအခြေအနေကိုချေပရန် အကြောင်းပြချက်တစ်ခုမှမရှာတတ်တော့ချေ။ သူ သည်းမခံနိုင်တော့ဘဲ အိပ်ခန်းတံခါးကိုလော့ချကာ မျက်ရည်များရစ်သိုင်းလာသည်။

 

ချင်းရှန့်သည် ချန်ယွဲ့ အလုပ်မ၀င်တော့ကြောင်းကြားသိရသဖြင့် ကျီဖေးအားဆက်သွယ်ကာ ချင်ရုန်၏အခြေအ နေကို မေးမြန်းခဲ့သည်။

 

ကျီဖေး သူ့အား အမှန်အတိုင်းပြောလိုက်သည်။

 

ချင်ရှန့် ထွေထွေထူးထူးအံဩမနေဘဲ "ငါသိပြီ"

 

ကျီဖေးသည် ချင်ရှန့် အတော်လေးသနားစရာကောင်းပြီး သူ့ညီမရဲ့ကိစ္စတွေထဲကိုဝင်ပါခဲ့ရာ ယခုလိုအရှုပ်အထွေးတွေနဲ့သာအဆုံးသတ်သွားသည်။

 

"ဘာပဲဖြစ်ဖြစ် မားရော၊ ပါးရော အဲ့လူကိုကန့်ကွက်ကြတယ်၊ ရှင် အလုပ်ကိုပဲအာရုံစိုက်ပြီးလုပ် စိတ်မပူနဲ့"

 

တစ်ဖက်ဖုန်းထဲရှိ အသံမှာခေတ္တရပ်တန့်သွားပြီ "ငါ စိတ်မပူပါဘူး၊ ဒါကိုပဲ မျှော်လင့်ထားတာ"

 

ကျီဖေး သူ စိတ်ထင်တာပဲလားမသိသော်လည်း ချင်ရှန့် လေသံသည် ကြိုသိနေသည့်အတိုင်းပင်။

 

ကျီဖေး: သူ တစ်ဖက်လူ လက်လျော့အောင် တမင်စီစဉ်ထားတာများ ဖြစ်နိုင်မလား ? ဆိုတော့ နဂိုတည်းက ချင်ရှန့်မှာ အကြံရှိနေတာပေါ့ ?

 

ညနေပိုင်းထိ ချင်ရုန်သည် သူ့အခန်းအားလော့ချထားဆဲဖြစ်သည်။

 

မိသာစုဝင်အားလုံး တဖြည်းဖြည်းအိမ်ပြန်ရောက်လာပြီး တစ်နေ့တာ အဖြစ်အပျက်များကိုပြန်ပြောပြလိုက်သည်။

 

ချင်ကျောက် မထီမဲ့မြင်လှောင်ပြောင်ပြောဆိုလိုက်သည်။

 

"သူက ရှင်းပြချက်တွေကို နားမထောင်ဘဲ လမ်းခွဲလိုက်တာနဲ့တင် အရမ်းခေါင်းမာပြီး ကိုယ့်ကိုယ်ကိုယ် အထင် ကြီးတတ်တဲ့ လူစားဆိုတာ သိသာတယ်၊ ငါတို့ညီမလေးကို ငါတို့ ကောင်းကောင်းကာကွယ်ထား‌ပေမယ့် သူကိုယ် တိုင်ကိုက ကိုင်းနေတာများကျိုးတောင်ကျိုးတော့မယ် ၊ တခြားသူတွေ ဘာပြောပြော သူထင်ချင်ရာပဲ ထင်နေတယ်၊ အဲ့ကောင်က ကားမောင်းရတာကိုအထင်သေးတယ်‌ပေါ့ ? ဒါကိုတောင် ရုန်ရုန်က ပြဿနာကိုမမြင်နိုင်သေးဘူး၊ ကျွန်တော့် အမြင်ပြောရဆိုရင် လမ်းခွဲဖို့က အချိန်တစ်ခုပဲလိုတာ၊ ငါ သူ့ကို အနုပညာအသိုင်းအဝိုင်းထဲကကောင်လေးတွေနဲ့ မိတ်ဆက်ပေးလိုက်မယ်၊ သူဘယ်လိုပုံစံမျိုးကြိုက်လောက်လဲ ? ငယ်ရွယ်ပြီး တက်ကြွတာမျိုး ? ချစ်စရာကောင်းပြီး ဖြူစင်တဲ့ပုံမျိုး ?"

 

ကျီဖေး ရုတ်တရက်ထလာပြီး တောက်ပသောမျက်လုံးများဖြင့် ချင်ကျောက်၏နာမည်စာရင်းကြည့်လာကာ

 

"ငါရော အဲ့ထဲက ရွေးလို့ရလား ?"

 

[ငယ်ရွယ်ပြီး တက်ကြွတာ! ချစ်စရာကောင်းပြီး ဖြူစင်တာ!]

 

ချင်ကျောက်: ? ငါ ညီမလေးအတွက် ရွေးနေတာလေ! သူက ဘာလို့ အရမ်းစိတ်အားထက်သန်နေရတာလဲ ?

 

ရုတ်တရက် ချင်ကျောက် အေးစက်သောအငွေ့အသက်ကိုခံစားမိသွားသဖြင့် အပေါ်ကိုမော့ကြည့်လိုက်သည်။ အာ့ကောရဲ့မျက်နှာက နည်းနည်းစိမ်းပုတ်နေသလိုပဲ

 

"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ ?"

 

ချင်ကျောက် အာ့ကော ကိုယ်စားမေးလိုက်သည်။

 

"သူတို့ သရုပ်ဆောင်ထားတဲ့ ဒရာမာတွေကို မကြာသေးခင်ကမှ ကြည့်ထားတာ သူတို့ တော်တော်ချောတယ်၊ သူတို့နှစ်ယောက်ကို အပြင်မှာ လူချင်းတွေ့ပြီးဆုံရရင်တော့ပိုကောင်းတာပေါ့" 

 

ကျီဖေး ဂရုမစိုက်သည့် အပြုံးနှင့်ပြန်ဖြေလာသည်။

 

ကျီဖေးနှင့် အတူ ဒရာမာကြည့်ဖူးသော ချင်ရန်သည်လည်း ခေါင်းညိတ် ယသဘောတူလိုက်သည်။

 

ချင်ကျောက် ချက်ချင်းဆိုသလို "အာ့စောင် အာ့ကောလိုရုပ်ရည်ကို အပိုင်ရထားတာတောင် တခြားသူတွေကို ကြည့်ဖို့လိုသေးလို့လား"

 

"ဒါ မဆိုင်ဘူးလေ"

 

ကျီဖေး လေးနက်သောမျက်နှာဖြင့် ပြောလာသည်။

 

[နင်တို့ဟာ နင်တို့ ဘယ်လောက်ချောချော ဒါ မတူဘူးဟ! ပိုပြီးအရသာရှိတာက လွတ်လွတ်လပ်လပ်ရယ်မောတတ်ပြီး ရှက်တက်တဲ့ကောင်ချောလေးတွေပဲ၊ အဲ့ကောင်လေးတွေအကုန်လုံး သူတို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို တီဗီမှာ ပြဖူးတယ်၊ သူတို့ရဲ့ဘော်ဒီက သေချာလေ့ကျင့်ထားမှန်း အရမ်းသိသာတယ်၊ ဘယ်သူက သိမှာလဲ ? ငါ သူတို့၀မ်းဗိုက်ကြွက်သား ထိဖို့ အခွင့်အရေးရှိချင် ရှိလာမှာပေါ့]

 

ကျီဖေး ထိုအကြောင်းကိုတွေးလေလေ ပိုစိတ်လှုပ်ရှားလေလေဖြစ်ကာ သူ့အပြုံးသည် ပိုကြီးလာတော့သည်။

 

ချင်ရန် "အဟမ်း! ငါ ရုန်ရုန်ကို ကြည့်ဖို့အပေါ်သွားလိုက်ဦးမယ်"

 

ချင်ကျောက်: "ကျွန်တော်လည်း လိုက်မယ်! သူ အခုထိ ညစာမစားသေးဘူး ကြည့်စမ်း! တော်တော်လေး ပုန်ကန်ချင်နေတယ်နဲ့ တူတယ်"

 

ထို့နောက် ၎င်းတို့နှစ်ယောက်သား လျှပ်စီးလက်သည့်ပမာထွက်ပြေးသွားကြသည်

 

ကျီဖေး အံသြသွားသည်။

 

[နေပါဦးဟ... ရုန်ရုန့်ကို နှစ်သိမ့်ပေးဖို့ ဘယ်ကောင်ချောလေးရွေးရမလဲ မဆုံးဖြတ်ရသေးဘူးလေ]

 

ချင်ရှန့်သည် အန္တရာယ်သောမျက်လုံးများနှင့် အမူအရာမဲ့စွာစိုက်ကြည့်နေသည်ကိုမြင်ချိန် သူ လှည့်ကြည့်လိုက်သည်။

 

ကျီဖေး မျက်တောင်ခတ်ပြီး သိပ်စဉ်းစားမနေဘဲ ကျန်နှစ်ယောက်နောက်ကိုလိုက်ကာ ချင်ရုန်၏အခြေအနေကို စစ်ဆေးကြည့်ရန် သွားလိုက်သည်။

 

ချင်ရှန့် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူထွက်သွားခါနီးတွင် ပါးပါးချင်နှင့် မားမားချင်၏ခြေသံကြား လိုက်ရသည်။

 

ပါးပါးချင် ရှေ့ကိုလှမ်းပြီး ချင်ရှန့်ပုခုံးပုတ်လိုက်ကာ

 

"အဟမ်း! အလှမက်တဲ့စိတ်ဆိုတာ လူတိုင်းမှာရှိတယ် မိန်းကလေးတွေက စတားတွေနောက်လိုက်ရတာ ကြိုက်တယ်... လူငယ်တွေပြောသလိုဆို ဖေးဖေးက နံရံကပ်အလှပန်းလေးပဲ ဒါပေမယ့်..." ပါးပါးချင်သည် ချင်ရှန့်နားကပ်ပြီးတိုးညှင်းသောလေသံဖြင့် "ဒီတိုင်းသာဆက်သွားနေရင် ဖေးဖေး မင်းကို လျစ်လျူရှုလာလိမ့်မယ်၊ ဒါဆို မင်းတို့အိမ်ထောင်ရေးကို ဘိုင့်ဘိုင့်လုပ်ရတော့မှာ!"

 

မားမားချင်လည်း ရှေ့ကိုလှမ်းပြီး သူ့အား မျက်စာင်းတစ်ချက်ထိုးကာ "အဲ့စကားတွေကို ပြန်သိမ်းလိုက်စမ်း! ရှင် ဖေးဖေးကို အပြစ်နေတာပဲ၊ ဘယ်လို ခင်ပွန်းမျိုးက သူ့မိန်းမကို မထိခိုင်းဘဲနေခိုင်းလို့လဲ၊ အဲ့တော့ ဖေးဖေး အစားထိုးဖို့ လူရှာတာဖြစ်သင့်တာပဲလေ"

 

(T/N : ဒါ တို့ယောက္ခမပဲ ဘယ်သူမှ တို့နဲ့မလုရဘူးနော်)

 

 

ချင်ရှန့်: သူ ဘာပြောမိလို့လဲ? သူ ဘာမှမပြောထားဘူးလို့!

 

... ကျီဖေးကိုယ်တိုင် မလုပ်တာလေ၊ ဘာလို့ သူတို့က သူကပဲ ကျီဖေးကို မထိခိုင်းသလိုထင်နေကြတာလဲ?

 

သူ စဉ်းစားမနိုင်တော့ချေ။ ချင်ရှန့် သူ့ခေါင်းမှာ ရှုပ်ထွေးသထက်‌ရှုပ်ထွေးလာသည်။

 

အပေါ်ထပ်သို့ ကျီဖေးရောက်ရှိလာချိန် ချင်ကျောက်အား ချင်ရုန်၏တံခါးဝတွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။

 

"ဟုတ်တယ်၊ ငါ အဲ့လူရမ်းကား သဘောမကျဘူး၊ မင်းတို့နှစ်ယောက် အတူရှိနေတာကို လုံးဝကန့်ကွက်တယ်"

 

အခန်းတွင်းမှ အသံတိုးတိုးတစ်ခုထွက်ပေါ်လာပြီး သူ ခုံခံချင်နေမှန်းသိသာသည်။

 

"ကော... ကော ‌အချစ်ရေးမှာ မသာယာခဲ့လို့ ညီမ ချစ်နေတာကို မနာလိုဖြစ်နေတာမလား၊ ကောက မထိုက်တန်ဘူးလို့ ညီမထင်တယ်!"

 

"မင်း!"

 

ကျီဖေးသည် စာနာစိတ်မရှိစွာတွေးလိုက်သည်။

 

[ချင်ရုန် vs ချင်ကျောက်၊ ချင်ရုန် Win ]

 

ချင်ရန် တံခါးကိုကန်ချတော့မည့်အလား ဒေါသထွက်နေသည့် ချင်ကျောက်ကိုထိန်းပြီး သက်ပြင်းချကာ

 

"ရုန်ရုန် ကျဲပါ"

 

အခန်းထဲစိတ်ဆိုးနေသော ချင်ရုန်သည် အစ်မဖြစ်သူ သူ့ဘက်တွင် ရှိလိမ့်မည်ဟုထင်ခဲ့သည်။

 

သို့သော် ချင်ရန်သည် မထိန်းနိုင်ဘဲ "တကယ်တော့ နင်နဲ့ ဒီကောင်လေးကို ငါ တကယ်သဘောမတူဘူး၊ မိန်းက လေးတွေက အဲ့လိုလူမျိုးနဲ့ ချိန်းတွေ့တာမျိုးမလုပ်သင့်ဘူး၊ ဒါ သိုက်တူးသမားအကြောင်း ပြောနေတာမဟုတ်ဘူး၊ ယောကျာ်းဝါဒီတွေကြီးစိုးနေတဲ့ လူ့အဖွဲ့အစည်းမှာ မျှတတဲ့စိတ်ဓာတ်ကိုထိန်းသိမ်းနိုင်တဲ့ ယောက်ျားမျိုးက ရှာရခက်တယ်"

 

ချင်ရန်သည် တစ်ယောက်ယောက်ကိုပြန်သတိရသွားပုံရပြီး "နင်တို့နှစ်ယောက် အတူတူရှိနေရင် နောင်တစ်ချိန်မှာ ဝေဖန်မှုတွေ၊ နာကျည်းမှုတွေကို မလွဲမသွေရင်ဆိုင်ရလိမ့်မယ်၊ နောက်ဆုံး သူ့ယောက်ျားအတ္တကြောင့် နင့်ကို အနိုင်ကျင့်တာနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ်"

 

ချင်ရန်ပြောပြီးသည်နှင့် ချင်ရုန်က "ကျဲ  သစ္စာဖောက်ခံရတာနဲ့ လူတိုင်းကို အဲ့လိုထင်မနေနဲ့!"

 

"ဒါပေမယ့် ဒီနေ့ သူ့အပြုအမူကိုအခြေခံပြီးပြောရမယ်ဆိုရင် သူ့မှာတည်ငြိမ်တဲ့စိတ်လည်း မရှိနိုင်သလို နင့်အ တွက် သူ ဘယ်တော့မှအလျှော့ပေးချင်တဲ့ စိတ်ရှိမှာ  မဟုတ်ဘူး"

 

"အဲ့ဒါ ကျဲတို့အားလုံး သူ့ကို ရက်ရက်စက်စက်ဆက်ဆံလွန်းလို့လေ၊ သူ့ကို အဲ့လောက်မြင့်တဲ့စံနှုန်းတွေနဲ့ အကဲမဖြတ်သင့်ဘူး။ သူနဲ့ အတူရှိမယ့်သူက ညီမပဲ၊ ကျဲမဟုတ်ဘူး၊ ကျဲလည်း အရင်ကမကြိုးစားခဲ့ဘူးလို့လား ? ဘာလို့ ညီမအလှည့်မှ အဲ့လိုမျိုး မလုပ်နိုင်ရတာလဲ"

 

ချင်ရုန် စကားမပြောနိုင်တော့ပေ။

 

[ချင်ရုန် vs ချင်ရန်၊ ချင်ရုန် Win]

 

ချင်ရန်နှင့် ချင်ကျောက်နှစ်ယောက်စလုံး ကျီဖေးအား ဖော်မပြနိုင်သောအမူအရာများဖြင့် ကြည့်ကာစကား ပြောရန် ဖိတ်ခေါ်သည့် အမူအရာပြုလုပ်ကြသည်။

 

[ငါ မပြောချင်ဘူး၊ အချစ်ဦးဆိုတာ အသေးစိတ်အချက် အလက်ကအစ စွဲစွဲမြဲမြဲမှတ်မိဖို့အလွယ်ဆုံးပဲ။ ဘယ် လောက်ပဲပြောပြော လေကုန်တာပဲအဖက်တင်မှာ ဒါ့ပြင်  ဟိုကောင်က လမ်းခွဲချင်တဲ့သူ၊ ဒီလိုခေါင်းမာပုံနဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးတဲ့သူဆိုတော့ ပြန်မလာမှာသေချာ ပေါက်ပဲ၊ ဘာလို့ သူ့ကို နှစ်သိမ့်နေမှာလဲ ? ရလဒ်ကဖြင့် ဆုံးဖြတ်ပြီးနေပြီကို ]

 

"...Wuwuwuwu!" (ငိုသံ)

 

ချင်ရန်၊ ချင်ကျောက် : [ချင်ရုန် vs ကျီဖေး၊ ကျီဖေး Win]

 

နောက်တစ်ပတ်အထိ ချင်ရုန်သည် ကြေကွဲနေသောနှလုံးသားကိုထိန်းကာ အိမ်တွင်တစ်ယောက်တည်းနေ နေခဲ့သည်။ သူ အရမ်းစိတ်ဆိုးနေသေးပေမယ့် ဒေါသကြီးတဲ့ကလေးမဟုတ်သလို မိသားစုနဲ့လည်းပြန်လည်သင့် မြတ်နေပြီဖြစ်သည်။ သို့သော် ချန်ယွဲ့နှင့်ပြန်လည်လက် တွဲမည့် အရိပ်အယောင်များမတွေ့ရပေ။ ကျောင်းစတက်ချိန်မှာတော့ သူ့ခရီးဆောင်အိတ်ကို စာရင်းမသွင်းဘဲ ကျောင်းဝင်းထဲမှာသာ ပြန်လည်နေထိုင်ခဲ့သည်။

 

နောက်တစ်လအကြာ နေ့လည်ခင်းတွင် ပန်းခြံနောက်ဘက်လက်ဖက်ရည်သောက်နေစဉ် မားမားချင်ထံ ရုတ် တရက်ဖုန်းဝင်လာသည်။

 

"ဟယ်လို၊ ... ပရော်ဖက်ဆာဝမ်လား၊ ကျမတို့ အဆက် အသွယ်မရတာကြာပြီ၊ ဘာကိစ္စရှိလို့လဲ ?"

 

 á€™á€Źá€¸á€™á€Źá€¸á€á€ťá€„် အစပိုင်းတွင် ပြုံးနေသေးသော်လည်း သူ့အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။

 

"ဘာ ! ရုန်ရုန်က ပြည်ပအနုပညာဖလှယ်ရေးအစီအစဉ်အတွက် လျှောက်ထားတာကို စွန့်လွှတ်လိုက်တယ်။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျမတို့ ဒီအကြောင်း ဘာမှ မကြားရသေးဘူး!"

 

"ကောင်းပြီ၊ ကျမ နားလည်ပြီ။ ကျမ သူ့ကိုမေးလိုက်ပါ့မယ်။ ရှင့်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"

 

 

 

 

မားမားချင် စိတ်လှုပ်ရှားကာ လူတိုင်းထံချက်ချင်းဆက်သွယ်လိုက်သည်။

 

ချင်ရန်သည်လည်း စိတ်အားထက်သန်စွာ အနားတွင် စောင့်ဆိုင်းနေခဲ့ပြီး ထိုအစီအစဉ်မှာ သူ့ ညီမအား ဤကျောင်းတွင် ပထမဆုံးအနေဖြင့် ပညာသင်ရန်ရွေးချယ်ခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်။ ဒီ့အတွက် သူ ဘယ်လောက်ပဲခက်ခဲနေပါစေ ပရော်ဖက်ရှင်နယ် အဆင့်မှာ သူနေရာကို ဆက်ထိန်းထားဖို့အမြဲတမ်းကြိုးစားခဲ့သည်။ အနုပညာဗိမာန်မှာ ပညာသင်ကြားရမယ့်အခွင့်အ ရေးကို သူ ဘယ်လိုလုပ်စွန့်လွှတ်နိုင်မှာလဲ ?

 

ဖုန်းအား ချိတ်ဆက်မိသောအခါတွင် မထင်မှတ်ပဲ ယောက်ျားလေး အသံထွက်ပေါ်လာသည်။

 

"ဒါ ဘယ်လိုနာမည်ကြီးလဲ ? မင်းက ဘယ်သူလဲ ?"

 

"ဒါ.. ဒါ ငါ့သမီး ချင်ရုန်ဖုန်း မဟုတ်ဘူးလား ?"

 

ချင်ရုန်သည် သူ့ မိသားစုဝင်များ၏ဖုန်း Contact အမည်များကို ကမ္ဘာကျော်ပန်းချီကားများအဖြစ် မှတ်ထားခဲ့ခြင်းဖြစ်ရာ အခြားသူများအနေဖြင့် မည်သူမည်ဝါဖြစ် သည်ကို အမှန်ပင်မပြောနိုင်ပေ။

 

မားမားချင် စကားဆုံးသည်နှင့် တစ်ဖက်က တိတ်ဆိတ်သွားသည်။

 

မားမားချင် ချင်ရုန်တစ်ခုခုဖြစ်သွားနိုင်သည်ဟု တွေးကာ ချက်ခြင်းစိုးရိမ်စပြုလာသည်။

 

[အိုး ခိုင် မော့ ! ငါ သူတို့ကို ဂရုမစိုက်မိတာ ဘယ်လောက်ကြာပြီလဲ ? ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ အချက်အ လက်တွေလွတ်သွားခဲ့တာပဲ၊ ဘာတွေ ဖြစ်နေတာလဲ ? ဒါ တော်တော်လေး ရဲရင့်လို့ပြောရမယ်။]

 

ကျီဖေး၏ ထိတ်လန့်မှုကြောင့် သူ့ ဘေးနားရှိလူနှစ်ယောက် ရုတ်တရက် သူ့ကိုလှည့်ကြည့်လိုက်ကြသည်ကို သတိမထားမိလိုက်ပေ။

 

[ချင်ရုန်က သူ့မိသားစုတွေဆီက ဘယ်လိုလျှို့ဝှက်ရမလဲ ဆိုတာ တကယ်သိသွားတာလား ? လွန်ခဲ့တဲ့ သုံးပတ်က ပဲ သူ ချန်ယွဲ့နဲ့ပြန်တွဲနေပြီ၊ နိုင်ငံခြားပညာတော်သင် စွန့် လွှတ်ရတဲ့ အကြောင်းအရင်းက ချန်ယွဲ့ဘက်က LDRS ဆက်ဆံရေးကိုငြင်းဆိုထားတာကြောင့်ကိုး၊ သူ နိုင်ငံခြားသွားရင် လမ်းခွဲမယ်လို့ပြောထားလို့ ချင်ရုန် မသွားဖို့ ဆုံးဖြတ်လိုက်တာပေါ့လေ]

 

[ဒါ... ဒါ အချစ်ကြောင့်ရူးနေတာတင် မဟုတ်တော့ဘူး ဒါ တောထဲကစားလို့ရမယ့် အသီးအရွက်လိုက်ရှာနေတဲ့သူနဲ့ တောင်တူနေပြီ။]