Ch 45
Viewers 24k

🍉 Chapter 45

 

 

ချင်ရုန်၏ပြင်းထန်သောငိုကြွေးသံသည် မားမားချင်၏ နှလုံးသားကို ပုဆိန်ဖြင့်ထုခွဲသလိုပင်။ ငိုသံမှာ တံခါးအ ပြင်ဘက်ထိတိုင် စူးစူးဝါးဝါးဆူညံလျက်ရှိသဖြင့် ပါးပါးချင်သည် ခြေလျမ်းကျယ်ကြီးများနှင့်၀င်လာခဲ့သည်။

 

သူ့အချစ်လေးငိုနေသည်ကိုမြင်လိုက်ရချိန် သူ့လက်များ သည်ချက်ချင်းတုန်လာပြီ "ဘာဖြစ်နေတာလဲ၊ မင်း အာ့ကော ဘယ်သူ့ကိုမှမစော်ကားတာ သေချာတယ်၊ နား လည်မှုလွဲတာများလား ?"

 

ချင်ရုန်သည် ရှိုက်ကြီးတငင်နှင့် "အာ့ကောက ချန်ယွဲ့ကို ကုမ္ပဏီမှာ ယာဉ်မောင်းခန့်လိုက်တယ်"

 

ပါးပါးချင် ချက်ချင်းမတုံ့ပြန်လိုက်မိပဲ "အဲ့တော့ ဘာဖြစ်လဲ"

 

မားမားချင်က "ချန်ယွဲ့က ဒီအလုပ်ကို အထင်သေးနေတာလား ?"

 

"ပါးတို့ပဲ သူ့ကိုကုမ္ပဏီလွှတ်လိုက်ဖို့ ပြောတာလေ၊ ချန်ယွဲ့က အရမ်းပြင်ဆင်ထားပေမဲ့ အဲဒီကို သူရောက်သွားတော့ ကားမောင်းခိုင်းတယ်တဲ့၊ ချန်ယွဲ့ ဘယ်လောက်တောင်စိတ်ပျက်ပြီး ဒေါသထွက်နေမလဲ မသိဘူး၊ သူ့ကို ကစားဖို့ကြိုးစားနေတာလား ? သူ့ကို ကဲ့ရဲ့လှောင်ပြောင်ဖို့ကြိုးစားနေတာလားလို့မေးတယ်၊ သူက... သမီး သူ့ကို လမ်းခွဲ‌ချင်လို့ လုပ်တာလို့ထင်သွားတော့ သမီးအကြံအ စည်အောင်မြင်ပါတယ်လို့တောင် ပြောသွားသေးတယ်၊ ပြီးတော့... သူ သမီးကို block သွားပြ"

 

"သမီး မြောင်မြောင်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် သူ သမီးကိုဒေါသထွက်နေတယ်၊ သူ့အစ်ကို အရင်က ဒီလောက်အထိ တစ်ခါမှဒေါသမဖြစ်ဘူးတဲ့၊ သမီးတို့က သူ့အတွက် အရမ်းကောင်းလွန်းနေလို့ သမီးနဲ့ဆက်မ‌တွဲချင်တော့ဘူးတဲ့လေ"

 

"ဘာလို့လဲ၊ သမီးကို ဘာလို့လိမ်ခဲ့ကြတာလဲ၊ သမီးက ပါးပါးတို့ သူ့ကိုတကယ်သိချင်နေတာလို့ ထင်ခဲ့တာ၊ အခုတော့ သမီးတို့ဆက်ဆံရေးကို ဖျက်စီးဖို့တမင်တကာ ကြိုးစားနေတာမလား ? ချန်ယွဲ့ပြောတာ မှန်တယ်။ ပါးတို့ သမီးကိုမယုံကြဘူး သမီးဘဝကို ထိန်းချုပ်ချင်နေကြတာမှတ်လား!"

 

သူ ပထမဆုံးလမ်းခွဲခြင်းခံရသဖြင့် သူ့ စကားများသည် ကမောက်ကမဖြစ်နေပြီး ခံစားချက်များကို၀မ်းနည်းစွာ ဒလဟောဖွင့်ချတော့သည်။

 

ပါးပါးချင်နှင့် မားမားချင်လည်း အံ့အားသင့်သွားသည်။ ချင်ရုန်သည် အမြဲတစေနာခံမှုရှိပြီး ဉာဏ်ကောင်းသည့် ကလေးတစ်ဦးဖြစ်ကာ ၎င်းတို့ကို ဒုက္ခမပေးခဲ့ဖူးချေ။ ဤကဲ့သို့ပေါက်ကွဲသည်ကို ပထမဆုံးအကြိမ်မြင်ဖူးသည့်အချိန်မှာ သူ့ အဖိုးနှင့် အဖွားဆုံးပါးသွားချိန်ကဖြစ်ကာ  သူ့အား အချိန်အတော်ကြာကြိုးစားပြီး နှစ်သိမ့်ပေးခဲ့ရသည်။

 

၎င်းတို့အားလုံး ထိုသို့သောရည်ရွယ်ချက်မရှိကြောင်း ကောင်းကင်သို့ပင် တိုင်တည်၍ကျိန်ဆိုနိုင်သည်။ ဒါ နားလည်မှုလွဲတာပဲဖြစ်မှာ…

 

ကျီဖေးသည် ချင်ရုန်မှာအာခေါင်ကွဲမတက် ငိုနေသည်ကို မြင်သောကြောင့် အတော်လေးလန့်သွားမိသည်။ ဒီမနက်ကတင် ချင်ရုန် သူ့ကိုကျေးဇူးတင်သွားတာလေ၊ သူ့ကြည့်ရတာ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ သူ့ရဲ့ချိုမြိန်တဲ့ စိတ်အခြေကိုဝေမျှချင်တဲ့ပုံပါ၊ အခုကျ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ငိုနေရတာလဲ ?

 

ဤလမ်းခွဲမှုသည် မုန်တိုင်းတစ်ခုပမာ မထင်မှတ်ဘဲ၀င်ရောက်လာသည်။

 

အကယ်၍ကျီဖေးသာ Gossip System မှလမ်းခွဲခြင်းကို မမြင်ခဲ့ပါက သူ အိပ်မက်မက်နေသည်ဟုထင်မိမည်။

 

ချန်ယွဲ့သည် အမှန်ပင် အရှက်ရနေသကဲ့သို့ ချင်ရုန်အား ကျိန်ဆဲလုနီးပါး ဒေါသထွက်နေသည်မှာအမှန်ပင်ဖြစ် သည်။

 

ကျီဖေးသည် ချင်ရှန့် နေရာမှအခြေအနေကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်‌သောအခါ သူ ပိုကြည့်လေလေ စကားမပြောနိုင်လေလေဖြစ်ရသည်။

 

[အမှန်အတိုင်းပြောရရင် ငါ ဒါကို သတိမထားမိခဲ့ဘူး၊ ချန်ယွဲ့ရဲ့ဒေါသကြောင့် အခုလိုဖြစ်ရတာတဲ့လား ?  ဒီကောင် လာနောက်နေတာလား ?

 

ထိုစကားများသည် ငိုယိုနေသောချင်ရုန်အား ထခုန်လုနီးပါးပင်။ စွန့်ပစ်ခံရခြင်းကြောင့် နာကျင်နေပြီဖြစ်ပြီး ယခုအခါ တစ်စုံတစ်ယောက်သည် ချန်ယွဲ့အား သူ့ရှေ့တ ပုတ်ခတ်ပြောဆိုနေလေသည်။ အနည်းတဲ့ယုန်တစ်ကောင်ဆိုလျှင်ပင် ယခုလိုအခြေအနေမျိုးမှာပြန်ကိုက်မည်မှာသေချာသည်။

 

ကံကောင်းထောက်မစွာပင် ပါးပါးချင်နှင့် မားမားချင်တို့ထံအတွေ့အကြုံများစွာရှိသောကြောင့် ချင်ရုန်အားအမြန်ပြန်ထိန်းထားနိုင်ခဲ့သည်။ ၎င်းတို့ ကျီဖေးတစ်ခုခု ရှာတွေ့ သည်ကိုတပ်အပ်သိလိုက်သည်။ အဖြစ်မှန်ကိုသိရန် ချင်ရှန့်၏ရှင်းပြချက်အား စောင့်ရန်မလိုတော့ချေ။

 

【ချန်ယွဲ့ အင်တာဗျူးသွားဖြေဖို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ၊ ချင်ရှန့် သူ့ကို HR ဌာနမှာထောက်ခံပေးခဲ့တာအမှန်ပဲ၊ ဒါပေမယ့် HR ဌာနက CEO အကြံပြုထားတဲ့သူကအရည်အချင်းမရှိတဲ့ သူတစ်ယောက်ဖြစ်နေမယ်လို့ ဘယ်ထင်မလဲ ?]

 

[ပညာမတတ်တာတော့ ထားတော့၊ သူ ဒီလောက်နှစ်တွေအကြာကြီး လူ့အဖွဲ့အစည်းထဲကျင်လည်နေခဲ့ပေမဲ့ သေချာရေရာတဲ့ အလုပ်အတွေ့အကြုံတစ်ခုတောင် သူ့မှာ မရှိခဲ့ဘူး၊ ဒါ သူ အသက်ရှင်ခဲ့တဲ့ အချိန်တွေကို အလဟသဖြုန်းတီးလိုက်သလိုပဲ မဟုတ်ဖူးလား]

 

ပါးပါးချင်နှင့် မားမားချင်လည်းအံ့ဩသွားပြီး ချင်ရုန်အား မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။

 

အစပိုင်းတွင် ပါးပါးချင် တစ်ခုခု မှားနေသည်ဟု ခံစားမိ နေသည်မှာ အံ့သြစရာမဟုတ်ချေ။ သူ ချန်ယွဲ့၏အလား အလာနှင့် ပတ်သက်၍ မသိစိတ်မှအဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်သောကြောင့် ယာဉ်မောင်းရာထူးအကြောင်းကြားသောအခါ ထိုအရာကိုမသင့်လျော်ဟု မတွေးမိခဲ့ချေ။

 

"ရုန်ရုန် ပါးကို အမှန်အတိုင်းပြောစမ်း၊ သူ့မှာ လုပ်ငန်းအတွေ့အကြုံတောင် မရှိဘူးမလား၊ မဟုတ်ရင် HR က ဘယ်လိုလုပ် သူ့ကို ယာဉ်မောင်းနေရာပေးမှာလဲ"

 

မားမားချင်လည်း ခေါင်းမော့လာပြီး "ဟုတ်လား ရုန်ရုန်"

 

၎င်းတို့သည် လုပ်ငန်းတစ်ခုစလုပ်ဖို့ပြင်ဆင်နေသည်ဟုဆိုသောကြောင့် ခေတ္တအလုပ်လက်မဲ့ဖြစ်နေသည်ဟု ထင်ခဲ့ကြသော်လည်း ကျောင်းပြီးကတည်းက သူ့ထံ သင့် တော်သည့် အလုပ်မရှိဟု ဘယ်တုန်းကမှမတွေးခဲ့ဘူးချေ။

 

ဒါ ဆန်ကုန်မြေလေးမှ မဟုတ်ရင် ဘာလဲ ?

 

[ကြည့်ရတာ သူတို့လည်း တစ်ခုခုမှားနေတာကိုသတိ ထားမိပုံပဲ၊ ဒါဆို ငါ သူတို့ကိုသတိပေးစရာ မလိုတော့ဘူး ! ]

 

ချင်ရုန်သည် ခဏလောက်အံ့အားသင့်သွားပြီး "အဲဒါ သူ့အရည်အချင်းကို အသိအမှတ်မပြုကြလို့ပါ၊ ချန်ယွဲ့က တကယ်အရည်အချင်းရှိပေမဲ့ သူ့ ပညာရေးကြောင့် အလုပ်ကောင်းကောင်းမရှာနိုင်ခဲ့ဘူးလေ၊ ခွဲခြားဆက်ဆံခံရတော့ အခွင့်ရေးကောင်းတွေကိုလွဲချော်ပြီး ကံဆိုးခဲ့ရတာ..."

 

ချင်ရုန်သည် မိဘများထံမှ သံသယများတိုးလာသော အကြည့်များနှင့် ရင်ဆိုင်ရချိန်ယုံကြည်မှုများလည်း  ပျောက်ဆုံးသွားသည်။

 

[အရည်အချင်းကို အသိအမှတ်မပြုတာတဲ့လား ? ဟုတ်မှလည်း ပြောပါဟယ်၊ ရယ်ချင်စရာ ကောင်းလိုက်တာ၊ သူ့မှာ အရည်အချင်းတောင်ရှိလို့လား၊ သူ့မှာသာ ယာဉ် မောင်းလိုင်စင် မရှိရင် HR ကအလုပ်ခန့်ချင်ရင်တောင်   သူ့ကို သန့်ရှင်းရေးအလုပ်တစ်ခုကိုပဲ စီစဉ်ပေးနိုင်မှာ၊ ပြီးတော့ သူ့မှာ Security အတွက် လိုအပ်တဲ့ ကိုယ်လုံး ကိုယ်ပေါက်တောင် မရှိဘူး။

 

ချင်ရုန်သည် သူ့ချစ်သူအားပြင်းပြင်းထန်ထန်ဝေဖန်သည်ကိုကြားချိန် ဒေါသနှင့်ဝမ်းနည်းမှုကို တပြိုင်တည်း ခံစားလိုက်ရသည်။ သူ ကျီဖေးကိုကြည့်ကာ

"အာ့စောင်..."

 

ကျီဖေးသည် ချင်ရုန် သူ့အား အကူအညီတောင်းနေသည်ဟုသာထင်ခဲ့သည်။

 

[နင် ငါ့ကိုကူပြောစေချင်တာလား? ငါ သဘောကောင်းရင်တောင် အဲ့လိုလုပ်ပေးလို့မရဘူး မေ့မေ့ရေ၊ သူတောင် CEO ထောက်ခံတဲ့သူ မဟုတ်ရင် ယာဉ်မောင်းရာထူးတောင်ရနိုင်မှာလား? ဒါက ယာဉ်မောင်းဆိုရင်တောင် ချင်ကော်ပိုရေးရှင်းကဟဲ့၊ အဲ့က ယာဉ်မောင်းတစ်ယောက်က ထိပ်တန်းခံစားခွင့်တွေနဲ့ တစ်လကို ငွေသောင်းချီဝင် ငွေရှိတယ်၊ လူတွေအများကြီး အဲ့နေရာရ ဖို့တိုက်ခိုက်နေကြရတာကို သူကတော့ စော်ကားခံရတယ်လို့ ခံစားရတယ်ပေါ့လေ]

 

[ပိုရယ်စရာကောင်းတာက သူ HR မှာ ချင်ရှန့်နာမည်ကို နောက်ခံယူပြီး သူက ဘယ်သူလဲသိလားဆိုပြီးသွားမေး နေသေးတယ်၊ ဟာသပဲ သူ့ကိုယ်သူ ဘယ်သူလို့ထင်နေလဲ! ဘုရင့် သားမက်လား ?]

 

[ချင်ရှန့် သူ့ကို မန်နေဂျာရာထူးပေးမယ်လို့ထင်နေတယ်၊ သူ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာလား ? သူ့ကိုယ်သူ ထိုက်တန်တယ်လို့ထင်တယ်ပေါ့ ? သူ့ အသားကပဲ ထူလွန်းနေတာလား? သောက်ရှက် နည်းနည်းမှမရှိတာလား ? သူ ဘုရင့်သားမက်ဖြစ်ရင်တောင် အရည် အချင်းမရှိရင် ဘောင်မ၀င်ဘူး၊ ချင်ကော်ပိုရေးရှင်းသာ အဲ့လိုမျိုး မျက်နှာလိုက်ပြီး အလုပ်ခန့်နေရင် ကုမ္ပဏီ ဒေဝါလီခံသွားတာ တော်တော်ကြာလောက်ပြီ၊ အခုလို အ ခြေအနေရောက်အောင် ဘယ်လိုလုပ်တိုးတက်နိုင်မှာလဲ?

 

[ရုတ်တရက် ချင်ရှန့်ကိုတောင် သနားသွားပြီ၊ သူ့ ညီမရဲ့ ရည်းစားကို အကဲဖြတ်ဖို့ကူညီချင်ပေမဲ့ နောက်ဆုံးကျတော့ သူ့ဂုဏ်သိက္ခာတောင် ထိခိုက်သွားသေးတယ်၊ ဒါကြိုးတွေကို တစ်ခါတည်းဆွဲဖို့ကြိုးစားသလိုပဲ... ကျစ် ကျစ် ကျစ် ရှက်ဖို့ကောင်းလိုက်တာ】

 

ကျီဖေးအမူအရာသည် မပြောင်းလဲ‌သွားသော်လည်း စိတ်ထဲတွင်တော့ ရှုံ့ချနေပြီဖြစ်သည်။ ချင်ရုန်၏မျက် ရည်များ ရုတ်တရတ်ပိုမိုများပြားလာပြီး ငြင်းဆိုတော့ သည်။

 

"သူ...သူက ကိုယ့်ကိုကိုယ် သက်သေပြချင်လို့ပါ၊ သူ ကျွန်မနဲ့ ထိုက်တန်ကြောင်း သက်သေပြချင်နေတာ… ကျေးဇူးပြုပြီး သူ့ကို ဒီအဲ့လိုမထင်ပါနဲ့၊ သူ

 

အဲ့လိုမဟုတ်ပါဘူး... သူက အဲ့လိုလူမျိုးမဟုတ်ဘူး... ဝူးဝူး"

 

ယခုတစ်ကြိမ်မှာတော့ ချင်ပါးပါးနှင့် မားမားချင်တို့ သူ့အားမနှစ်သိမ့်မခဲ့ကြပဲ ဘေးတွင်သာရပ်နေလိုက်ကြသည်။

 

"ရုန်ရုန် အဲ့တစ်ယောက်က မကောင်းဘူး" ပါးပါးချင်  ပွင့်လင်းစွာပြောလိုက်သည်။

 

"သူက မာနကြီးပေမယ့် အရည်အချင်းကျမရှိဘူး၊ သူ့ရဲ့အကန့်အသတ်ကို သူ မသိဘူး၊ ဒါ့အပြင် အကျင့်စရိုက်ကလည်း ညံ့ဖျင်းလွန်းတယ်။"

 

"မားတို့မိသားစုက သူ့အတွက်လုပ်ပေးခဲ့ပေမဲ့ သူကတော့ အထင်လွဲခဲ့တယ်၊ နင် အာ့ကောပြောတာမှန်တယ်၊ သူတို့ရဲ့တန်ဖိုးတွေက မတူဘူး၊ နင်နဲ့ သူ မလိုက်ဖက်ဘူး။"

 

ချင်ရုန်သည် မိဘများ၏စကားကိုကြားချိန်ပိုလို့ပင် စိုးရိမ်စပြုလာသည်။ သူ အသက်ရှုရခက်လာပြီး ပြင်း ပြင်းထန်ထန်ငို‌နေသောကြောင့် မျက်နှာလည်းနီရဲတွတ်လာသည်။

 

"ချန်ယွဲ့ကို ပါးတို့မှ သေချာမသိတာ၊ သူက အရမ်းတော်တဲ့လူ၊ ပါးတို့ သူ့ကိုတကယ်သိရင် သူ့ကို သဘောကျမှာ သေချာတယ်၊ မား၊ ပါး၊ အာ့စောင်… ချန်ယွဲ့ကို တခြားအလုပ်တစ်ခုပေးဖို့ ကျေးဇူးပြုပြီး အာ့ကောကိုကူပြောပေးလို့ရမလား ? သူ့ကိုယ်သူ သက်သေပြလို့ရအောင်နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးလို့ရမလား ?"