Ch 44
Viewers 24k

🍉 Chapter 44

 

 

 

ချင်ရုန်၏မျက်လုံးများသည် ချက်ချင်းနီရဲလာကာ သူ့ နှာခေါင်းသည်လည်း ချဉ်စူးလာသည်။ သူသည် အလွန်မျက်ရည်လွယ်ပုံရသည်။ သူ့ မျက်လုံးများပင် မျက်ရည်များကြောင့်မှုန်ဝါးနေပြီး ငြင်းဆန်သည့် စကားတစ်ခွန်းမျှပင် မပြောနိုင်ဘဲ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်နေသည်။

 

[အား! မရတော့ဘူး! ငါ သူငိုနေတာကို ရပ်မကြည့်နိုင်တော့ဘူး၊ ချင်ရှန့် ကလေးကိုပြောတာ အရမ်းကြမ်းတာပဲ]

 

ချင်ရှန့်: ... သူက အေးအေးဆေးဆေး အကြံဥာဏ်တစ်ခုပေးရုံလေးပါ

 

[ဒီနေ့ ချင်မိသားစုထဲက လူနှစ်ယောက်ငိုနေတာကို ငါ တွေ့ခဲ့ရတယ်။]

 

ပါးပါးချင်နှင့် ချင်ရှန့် :? နောက်တစ်ယောက်က ဘယ်သူလဲ ?

 

ချင်ကျောက်: *အဟွတ် အဟွတ် အဟွတ်*

 

[သူတို့မိသားစုက အချစ်ရေးကိစ္စနဲ့ပတ်သက်ရင် အငိုလွယ်တယ်နဲ့တူတယ်]

 

ချင်ရုန် ငိုနေဆဲပင်။

 

ချင်ကျောက်နှင့် ချင်ရန်သည် ကောင်းကင်အားအပြစ်ကင်းစွာကြည့်လိုက်ကြသည်။

 

ပါးပါးချင်နှင့် မားမားချင် : ဟင့်အင်း၊ ဘယ်ကသာ ငါတို့ ဘယ်တုန်းကမှ.... အမ်း... ရှိသလားလို့

 

ပါးပါးချင် မားမားချင်အားမကျေမနပ် မျက်စောင်းထိုးမိလိုက်သည်။ ငယ်ငယ်တုန်းကဆို သူ ငါ့ကိုအမြဲတမ်းငိုအောင် အနိုင်ကျင့်နေကျ…

 

မားမားချင်လည်း ပြန်လှည့်ကြည့်လာသည် - ရှင်ကြီးက ကျွန်မကို အရင်ငိုအောင်လုပ်တာလေ

 

ထိုစဥ် ချင်မိသားစုထဲ အချစ်ကြောင့် မငိုဖူးသည့် တစ်ဦးတည်းသောအမျိုးသားဖြစ်သူ ချင်ရှန့်သည် သူ့ခေါင်းအား ဝံ့ကြွားစွာမြင့်မြင့်မြှောက်လိုက်သည်။

 

[ချင်ရှန့်လည်း ငိုဖူးတာဖြစ်နိုင်တယ်၊ သူ အရင်က စွန့်ပစ်ခံခဲ့ရတာ မဟုတ်လား ? ဟားဟား.. ငါ မေ့နေတာပဲ! ဒီလို ရေခဲမင်းသားလေး ငိုတဲ့အခါ ဘယ်လိုပုံစံဖြစ်နေလဲဆိုတာ ငါ တကယ်ကြည့်ချင်မိသား၊  ရယ်ချင်စရာကောင်းနေမလား ? သူ ဘယ်တော့လောက်မှ ထပ်ငိုမှာပါလိမ့်၊ အဲ့ကျရင် ငါ ဓာတ်ပုံရိုက်ပြီး သိမ်းထားပစ်ဦးမယ်]

 

ကျီဖေး ထိုအကြောင်းကို ဆက်တွေးလေလေပိုရယ်မောလာလေပင်။

 

သူ့အနားရှိ ချင်ရှန့်၏မျက်နှာသည် မည်းမှောင်သွားကာ ချင်ရုန်ဘက်သို့ လှည့်လိုက်၍ "မင်း သဘောမတူရင် မင်းအတွေးကို ထုတ်ပြောလို့ရတယ်၊ မင်း စိတ်ကိုနိုင်အောင်ထိန်း၊ ငိုမနေနဲ့၊ ငါဆို ခြောက်နှစ်သားကတည်းက မငိုတော့ဘူး၊ မင်းငါ့ဆီက သင်ယူသင့်တယ်၊ အချစ်ကြောင့်ခဏခဏငိုနေတဲ့ မင်းရဲ့စန်းကောဆီက မသင်မိစေနဲ့"

 

ချင်ကျောက်: ဟေး! ဟေး! ကျွန်တော်နဲ့ဘာဆိုင်လို့လဲ ဘာလို့ဆွဲထည့်ရတာလဲ!

 

ချင်ရုန်: ငါလေး ငိုချင်နေတယ်နော်၊ ဒါပေမဲ့ အာ့စောင်ရဲ့ ပေါက်ပန်းလေးဆယ် အတွေးတွေနဲ့ အာ့ကောရဲ့ ကပျက်ကချော်ဆုံးမမှုတွေကြောင့် ငါ မျက်ရည်တောင် မကျနိုင်တော့ဘူး …

 

ထိုစဉ် ကျီဖေး နှုတ်ခမ်းများတွန့်ရှုံ့သွားသည်- [သူရူးနေတာလား? ညီမလေးလို နူးညံသိမ်မွေ့တဲ့ မိန်းကလေးက သူ့လို့ သံမဏိနှလုံးသားရှိသူဆီကနေ ဘယ်လိုလုပ်သင် ယူနိုင်မှာလဲ]

 

ချင်ရုန်: *ရွှတ်* ဟုတ်တယ်၊ အာ့စောင် မှန်တယ်…

 

ချင်ရှန့်: မဟုတ်သေးဘူးလေ၊ ငါ ပြောချင်တာက အချစ်ရေးနဲ့ပတ်သက်ပြီး တစ်ခါမှမငိုဖူးဘူးဆိုတာ ပြောချင်တာ၊ မင်း အဓိကအချက်ကိုပဲ နားထောင်လို့မရဘူးလား? ပြီးတော့ ငါငိုတာ မြင်ချင်တယ်ပေါ့ ?! ဒီတစ်သက်တော့ ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ဘူး။

 

ထိုကပျက်ကချော်အတွေးများကြောင့် လူတိုင်း၏စိတ် အား အနည်းငယ်ပေါ့ပါးသွားစေသည်။

 

ချင်ရုန် မျက်ရည်မကျတော့ပဲ ရှိုက်လျှက် ငိုသံစွက်ကာပြောလာသည်။ “သမီးတို့မိသားစုက သူ့ကိုအထင်မသေး တာ မသင့်တော်တာဘာရှိ‌သေးလို့လဲ?”

 

ချင်ရှန့် "မင်းတို့က မလိုက်ဖက်ဘူး၊ လူအချင်းချင်း ချစ် ကြိုက်တဲ့နေရာမှာ အဆင့်အတန်းမခွဲခြားပဲ ချစ်လို့ရတယ်လို့ ယုံတယ်မလား ? ဒါပေမဲ့ သူ မင်းနဲ့ စမတွဲခင်ထဲက ဒါတွေကို မစဉ်းစားခဲ့ဘူးလား ? မင်းနဲ့ သူ့ကြားမှာ ခြားနားမှုတွေရှိတယ်ဆိုတာ သူ မသိဘူးလား"

 

"ဖြစ်နိုင်တာက သူ ညီမကိုအရမ်းချစ်လို့ အခုလိုတွေးနေတာရော မဖြစ်နိုင်ဘူးလား"

 

"ဖြစ်နိုင်တယ်၊ ဒါပေမယ့် သူ မင်းကိုသာတကယ်ချစ်ရင် မင်းရှေ့မှာ ပေါ်မလာပဲမနေနိုင်ဘူး၊ သူ မင်းမိသားစုနဲ့တောင် မတွေ့ရသေးဘူး အရင်ဆုံးကန့်ကွက်နေပြီ၊ မင်းသာ သူ့ကို ငါတို့မိသားစုဆီ အစောကြီးထဲက ခေါ်လာရင် ငါတို့ဆွေးနွေးလို့ရတယ် မဟုတ်ဖူးလား" 

 

ချင်ရှန့်သည် အမြဲလိုလိုစကားပြောကျွမ်းကျင်သဖြင့် လူတိုင်း သူစကားအားဂရုတစိုက်နားမထောင်ဘဲမနေနိုင်ချေ။

 

သူ ထိုသို့ပြောနိုင်ခြင်းမှာ သူ့ကျဲနှင့် စန်းတိတို့နှစ်ယောက် စလုံးသည် နာကျင်စရာ အချစ်ရေးကိုကြုံခဲ့ရသော ကြောင့်ဖြစ်နိုင်သည်။

 

သူသည် ဤမိသားစုထဲ စိတ်ခံစားမှုများအား အရေးမပေးသည့် တစ်ဦးတည်းသောလူအနေဖြင့် ငြင်းဆန်မှုများကိုစွန့်လွှတ်လိုက်ပြီဖြစ်သည်။

 

ချင်ရုန် အံ့သြသွားသည်။ သူ  တစ်စုံတစ်ခုကို နားလည်သွားပုံပေါက်သော်လည်း မည်သို့ချေပရမှန်းမသိတော့ချေ။ သူ အချိန်အတော်ကြာ စဉ်းစားပြီးနောက်…

 

"အာ့ကော… ချန်ယွဲ့က ကောတို့လို ထူးချွန်ထက်မြက်တာ မဟုတ်ဘူး၊ သူ့ကို ကောရဲ့စံနှုန်းတွေနဲ့ ဘယ်လိုအကဲ ဖြတ်နိုင်မှာလဲ"

 

ချင်ရှန့်သည် သူ၏ယုန်လေးပမာဖြူစင်သော ညီမလေးဆီမှပြောလာသောစကားကြောင့် တုန်လှုပ်သွားသည်။

 

ထိုသည်ကိုသာ တခြားသူကြားပါက အဓိပ္ပာယ်ရှိသည်ဟုပင်ထင်ကြလိမ့်မည်။

 

အမှန်တွင် တစ်စုံတစ်ယောက်၏နောက်ခံမကောင်းမွန်လျှင်ပင် ကြိုးကြိုးစားစားနှင့် တိုးတက်ဖို့စိတ်အားထက် သန်နေသရွေ့ ၎င်းတို့အားအခွင့်အရေးပေးရမည်ဖြစ် သည်။ လူတစ်ယောက်၏တန်ဖိုးသည် အချိန်နှင့်အမျှ ချိန်ညှိနိုင်သည်။

 

[ယုန်လေးရဲ့သွားတွေက ဒီလောက်ချွန်နေမယ်လို့မထင်ထားဘူး။ သူပြောတာ အကျိုးအကြောင်းသင့်တာပဲ၊ ချင်ရှန့်တောင် သူ့ စကားကြောင့် ပြောစရာစကားမဲ့သွားရပြီ ဟားဟား]

 

ချင်ရုန်သည် ချီးမွမ်းခံလိုက်ရသဖြင့် အနည်းငယ်ဂုဏ်ယူသွားသည်။

 

သို့သော် ချင်ရှန့်သည် ကျီဖေးအားကူကယ်ရာမဲ့စွာကြည့်နေခဲ့ပြီး သူမ ဘက်လိုက်လွန်းသဖြင့် မကျေမနပ်ဖြစ်ရသည်။

 

ကျီဖေး အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်ပြီး [ချင်ရှန့်က ချင်ရုန့်ကိုမနိုင်လို့ အကူအညီတောင်းနေတာလား? အဲ့ဒါမှ ဒုက္ခ၊ ငါ ဘာပြောရမလဲ ? ကောင်လေးက အစထဲက ချင်မိသားစုကို ဘာပဲဖြစ်ဖြစ် ဆန့်ကျင်ဖို့ရည်ရွယ်ထားတယ်လို့ပဲ ပြောလိုက်ရမလား]

 

ချင်မိသားစု : !!!!

 

ချင်ရုန် ရုတ်တရက်ထိတ်လန့်သွားသည်။  ဟင့်အင်း…ချန်ယွဲ့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?!

 

ကျီဖေး ပေါ့ပေါ့တန်တန် မပြောဝံ့သော်လည်း သူ့အတွေးများကြောင့် ဘူးပေါ်သလိုပေါ်နေသည်။

 

[အဲဒီကောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလားတော့ မသိဘူး၊ ချင်ရုန်က သူတို့ ဆက်ဆံရေးကို ချင်မိသားစုဆီ အသိပေးချင်နေတာပဲ၊ ဒါပေမဲ့ ချန်ယွဲ့ကတော့ ချင်မိသားစုက သူ့ကိုကလေးလိုဆက်ဆံနေတယ်လို့ထင်တယ်၊ သူပြောတာတော့ သာမန်မိသားစုတွေဆို အဲ့လိုမဟုတ်ဘူးတဲ့၊ ချင်ရုန်က တစ်ခါမှဆေးလိပ်လည်းမသောက်ဖူးသလို၊ ဆံပင်လည်းမဆိုးဖူးဘူး၊ ရန်လည်းမဖြစ်ဖူးဘူး၊ အင်တာနက်ကဖေးလည်း ခိုးမသွားဘူး၊ ဘားတောင် တစ်ခါမှမသွားဖူးဘူး....]

 

ချင်ရုန် ထိုစကားများကိုပြန်အမှတ်ရသွားပြီး ခဏတာ အံ့အားသင့်သွားသည်...  ဒါကို သူ့ မိသားစုကိုဆန့်ကျင် တယ်လို့ထည့်တွက်လို့ရတာလား ?

 

ဒါပေမယ့် ချန်ယွဲ့က သူ့ကိုကာကွယ်ပေးနေတာလေ၊ သူပြောတာ မမှားဘူး၊ အဲ့တာတွေကို သူမှ တကယ်မလုပ်‌ ဘူးတာ၊ မြောင်မြောင်တောင် ငယ်ရွယ်တုန်း ဘ၀မှာအဲ့တာတွေမလုပ်ဖူးရင် မပြည့်စုံဘူးဆိုပြီးပြောသေးတယ်။

 

[ဟမ်... သာမာန် 2 နှစ်အရွယ် ကောလိပ်ကျောင်းသူလေးတွေ မကြုံဖူးတဲ့ အရာတွေ အများကြီးရှိတာပဲမလား]

 

ချင်ရုန် စိတ်များတုန်လှုပ်သွားသည်။ အဲ့လိုလား...?

 

[ပြီးတော့ ချင်ရုန်က ဘာလို့အဲ့အရာတွေကို လုပ်သင့်တယ်လို့ပြောတာလဲ၊ ချင်ရုန်ကအထက်တန်းကျောင်းတက်တယ်လေ အဲ့တော့ဘာဖြစ်လဲ? သူ့မိသားစုက သူ့ကို အထက်တန်းကျောင်းမပို့နိုင်တာ အမှားလား ?]

 

ချင်ရုန် အေးခဲသွားပြီး သူ့စိတ်များရှုပ်ထွေးလာသည်။ သူမ‌ ပြောစရာစကားများပျောက်နေရသည်။

 

[သူက ကိုယ့်ကိုယ်ယုံကြည်မှုတိုးလာအောင် အခြားသူတွေကိုငြင်းဆိုတာက ဆက်ဆက်ထိမခံဖြစ်နေတာရော ဟုတ်ရဲ့လား]

 

ကျီဖေး တခဏမျှ တုံ့ဆိုင်းသွားပြီး ချင်ရုန်သည်လည်း တွေဝေနေလျက်ရှိသည်။

 

ကျီဖေးသည် သူမပြောမည့်စကားကို စောင့်ဆိုင်းနေသကဲ့သို့ လူတိုင်းတိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်သည်။

 

"အဟမ်း! ချင်ရုန်ရဲ့ချစ်သူကို ဘယ်သူမှသေချာမသိတဲ့အတွက် အရမ်းကြီးမပြောသင့်ဘူး၊ ကျွန်မတို့ သူ့ကို မိသားစုနဲ့တွေ့ဖို့ ဘာလို့ အခွင့်အရေးမပေးရမှာလဲ"

 

သို့သော် ချင်ရုန် တယိမ်းတယိုင်မတ်တပ်ရပ်လိုက်ပြီး "သမီး... ပင်ပန်းနေပြီ၊ သွားပြီး အနားယူတော့မယ်"

 

[ဟမ် ? သူ အခုလေးတင်ပဲ ချင်ရှန့်ကို သတ္တိရှိရှိငြင်းဆန်နေတာ မဟုတ်ဘူးလား? အခုမှ ဘာလို့ မကျေမနပ်ဖြစ်သွားရတာလဲ?]

 

ချင်ရုန် အတွေးများစွာဖြင့် ထွက်သွားသည်။

 

အခြားသူများလည်း လူစုခွဲလိုက်ကြပြီး ကျီဖေးမထမီ ပါးပါးချင်သည် ကျေနပ်သောအကြည့်ဖြင့် သူမ ပခုံးကို ပုတ်လိုက်သည်။

 

ကျီဖေး: ?

 

ထို့နောက် မားမားချင်၊ ချင်ရန်နှင့် ချင်ကျောက်တို့သည် သူမ၏ပခုံးကိုပုတ်လိုက်ကြသည်။

 

ကျီဖေး သူမ ပခုံးပေါ်တွင် ညစ်ပတ်ခြင်းမရှိကြောင်း သေချာအောင် အတည်ပြုပြီးနောက် အနီးနားတွင် ရပ်နေသော ချင်ရှန့်ကိုမော့ကြည့်လိုက်သည်။

 

ချင်ရှန့်သည်လည်း ကျီဖေးအားပုခုံးပုတ်လာသည်။

 

"ကောင်းကောင်းပြောခဲ့တာပဲ"

 

ကျီဖေး : ?

 

ငါ ဘာပြောမိလို့လဲ ?

 

ငါ အရာအားလုံးကို ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားနေရုံပဲ မဟုတ်ဘူးလား?

 

ကျီဖေး စိတ်ရှုပ်ထွေးစွာပြန်လာခဲ့သည်။ သူမ ချင်ရုန်၏ အခန်းရှေ့မှဖြတ်သွားချိန် ဖုန်းပြောနေသည့်အသံများကို  ဝိုးတဝါးကြားလိုက်ရသည်။

 

အချစ်ဦး.... အင်း....

 

ဖြတ်ဖို့ သိပ်မလွယ်တဲ့ပုံပဲ။

 

ချင်ကျောက်နှင့် ပါးပါးချင်သည် ချင်ရှန့်နှင့်အတူတကွ ဆွေးနွေးလိုက်ကြသည်။

 

အမှန်တွင် ချင်ရုန် တက္ကသိုလ်ကျောင်းဝင်းတွင် နေထိုင်ဖို့ ပထမဆုံးအကြိမ်ခွင့်တောင်းတုန်းက ချင်ရှန့်သည် သူမ အခန်းဖော်ချန်မြောင်ကိုလည်း စစ်ဆေးခဲ့သည်။ ၎င်း၏ မိသားစုသည် သာမန်မိသားစုလေးဖြစ်ကြောင်း အတည် ပြုခဲ့သဖြင့် ၎င်း၏ကိုယ်ရေးကိုယ်တာများကို ထပ်မံမစုံစမ်းခဲ့ချေ။ အမှန်မှာ လူတစ်ဦးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မည်သို့ပင်ဆိုစေကာမှု ချင်ရုန်ကိုယ်တိုင် ဆုံးဖြတ်တက်ဖို့လိုသည်။

 

သို့သော် လက်တွဲဖော်တစ်ယောက်ဆိုပါက သေသေချာ ချာစုံစမ်းစစ်ဆေးဖို့လိုအပ်သည်။

 

ချင်မိသားစုမှ အမျိုးသားများ ဆွေးနွေးပြီးနောက် အစီ အစဉ်တစ်ခု ချမှတ်ခဲ့သည်။

 

နောက်နေ့မနက်စောစောတွင် ချင်ကျောက်သည် မနက်စာစားနေပြီး ၎င်းတို့အားရှောင်ပြေးချင်နေသော ချင်ရုန်အား တားဆီးလိုက်ကာ "နင် ဘယ်ပြေးမလို့လဲ"

 

"ဟင့်အင်း...ဟိုဟာ.. ညီမက အခန်းထဲမှာပဲ စားချင်လို့ပါ" ချင်ရုန်သည် မနေ့ညကအတိုင်း စိတ်ရှုပ်ထွေးနေပြီး လူတိုင်းကိုရှောင်ချင်နေပုံရသည်။

 

ချင်ရှန့်၏မျက်လုံးများ အနည်းငယ် မှိန်ဖျော့သွားသည်။

 

ပါးပါးချင် "အဟမ်း! မင်းတို့ မခွဲချင်ရင် ငါတို့အတင်း အကြပ်မလုပ်ဘူး၊ သူ့မှာ အလုပ်မရှိဘူးဆိုတော့ ငါတို့ကုမ္ပဏီကိုလာခွင့်ပေးမယ်၊ မင်းရဲ့ အာ့ကောဆီကို လွှတ် လိုက်"

 

ချင်ရုန်သည် ချင်ရှန့်အား မယုံကြည်နိုင်စွာကြည့်ပြီး "တကယ်...?"

 

ချင်ရှန့် ခေါင်းညိတ်ပြီး "မင်းအာ့စောင် ပြောသလိုပဲ ငါတို့အရင် သူ့ကို သေချာသိဖို့လိုတယ်"

 

ချင်ရုန်၏ မျက်နှာသည် ချက်ချင်းပင်ရွှင်မြူးသွားပြီး "ကောင်းပြီ၊ ညီမ ချက်ချင်းပြောလိုက်မယ်၊ သူ့ကို ဘယ်အချိန်လာခိုင်းရမလဲ"

 

၎င်းတို့ညီမလေးသည် တခြားယောက်ျားအတွက် အလွန်စိတ်အားထက်သန်နေသည်ကိုမြင်ချိန် ချင်အမျိုသားသုံးယောက်မှာ အနည်းငယ် မသက်မသာခံစားလိုက်ရသည်။

 

"ဒီနေ့ဆို အဆင်ပြေတယ်၊ ငါ HR ဌာနကို အကြောင်း ကြားလိုက်မယ်" ချင်ရှန့် ပြောပြီးထွက်သွားသည်။

 

ချင်ရုန် ဝမ်းသာအားရနှင့် ဖုန်းခေါ်လိုက်သည်။

 

ကျီဖေးသည် နေ့လည်စာစားဖို့ ထွက်လာသည့်အချိန် ချင်ရုန်ဆီက ကျေးဇူးတင်စကားကိုလက်ခံရရှိခဲ့သည်။

 

ကျီဖေး ပေါ့ပေါ့ပါးပါးသာပြောလိုက်သော်လည်း ချင်ရှန့်တို့၏နည်းလမ်းသည် အတော်ကောင်းပေသည်။

 

သို့သော် နေ့ခင်းဘက်တွင် ချင်ရုန်၏ပန်းချီစတူဒီယိုမှ ဒေါသူပုန်ထနေသော အော်ဟစ်သံများထွက်ပေါ်လာသည်။

 

မားမားချင်နှင့် ကျီဖေးပြေးလာသောအခါ ချင်ရုန်သည် သူ့အမေ၏ရင်ခွင်ထဲသို့လှဲချလိုက်ပြီး ကောင်းကင်ကြီးပြိုလဲသွားသလိုငိုယိုနေပေသည်။

 

"မား.... ချန်ယွဲ့ သမီးကိုလမ်းခွဲလိုက်တယ်၊ အာ့ကော သူ့ကိုစော်ကားလို့တဲ့၊ သူပြောတာ သူက သမီးနဲ့ မထိုက်တန်ဘူးလို့ပြောတယ် အူးဝါး"

 

ချင်ရုန် ထိန်းမနိုင်သိမ်းမရငိုကြွေးနေခဲ့သည်။