Ch 43
Viewers 24k

🍉 Chapter 43

 

 

 

ချင်ရုန်ခဏတာ အံ့အားသင့်သွားသည်။ ချန်ယွဲ့သည် သူမအား ယခင်က ဤမျှလောက်အထိ ကြမ်းတမ်းစွာမဆက်ဆံဖူးသော်လည်း သူ စိတ်ပူနေတာကိုသိလိုက်ရသဖြင့် သူမ အလျင်အမြန်ပြောလိုက်သည်။

 

"တောင်းပန်ပါတယ် ချန်ယွဲ့ကော ကျွန်မ အခုတစ်ခုခုဖြစ်နေလို့၊ ချက်ချင်းပြန်မဖြေနိုင်တာ"

 

"မင်းရဲ့စန်းကောက ကိုယ်တို့ရဲ့ဆက်ဆံရေးကြောင့် မင်းကိုအခက်တွေ့အောင်လုပ်နေတာလား?"

 

စိုးရိမ်နေသည့် အသံ ထွက်ပေါ်လာသည်။

 

"စိတ်မပူပါနဲ့ ချန်ယွဲ့ကော ကျွန်မ အဆင်ပြေပါတယ်။ စန်းကော နည်းနည်းဒေါသထွက်နေရုံပါ။ ကျွန်မတို့အချစ်ရေးကိစ္စကို မိသားစုကိုကြိုအကြောင်းမကြားလို့ သူစိတ်မကောင်းဖြစ်သွားတာ။ ကျွန်မ သူတို့ကို တရားဝင်ရှင်းပြလိုက်တာနဲ့ အဆင်ပြေသွားမှာပါ။"

 

မထီမဲ့မြင်အသံသည် ဖုန်းထဲမှထွက်ပေါ်လာသည်။

 

"ဒီအရွယ်ရောက်တာတောင် မင်းကို သူတို့ကချုပ်ကိုင်နေတုန်းပဲလား ? ရုန်ရုန် မင်း အရွယ်ရောက်နေပြီ လွတ်လပ်တဲ့ သူတစ်ယောက်ဆိုတာ မမေ့ဖို့လိုတယ်။ ဘယ်အရာကိုမဆို မင်းကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တယ်။ မင်းအနေနဲ့ တခြားသူတွေကို အသိပေးဖို့မလိုဘူး။"

 

"ကျွန်မက မိသားစုထဲမှာအငယ်ဆုံးဆိုတော့ အားလုံး ကျွန်မကို ဂရုစိုက်ကျတယ်လေ"ဟု ချင်ရုန်သည် အပြစ်ကင်းသောအပြုံးဖြင့် ပြောလိုက်သည်။

 

"အိုးး စကားမစပ် ကျွန်မ တကျဲ့က ကျွန်မကိုပြောဖူးတယ်..."

 

ရုတ်တရက် သူ စကားစရပ်သွားသည်။ သူ့ ချစ်ရသူအား စိတ်ဝင်စားဖွယ်သတင်းများကို အလိုလိုမျှဝေချင်သော် လည်း အစ်မအကြီးဆုံး၏သတိပေးချက်ကို သတိရကာ ချက်ချင်းရပ်လိုက်သည်။

 

"အဲဒါ ဘာလဲ ?"

 

"အာ... ဘာမှ မဟုတ်ဘူး။"

 

အနည်းငယ် ဝေဖန်လိုသောအသံသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

 

"မင်း ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားတာလား ? ချစ်သူတွေက လှို့ဝှက်ချက်တွေမထားသင့်ဘူး။ နောက်ဆုံးကျ ကိုယ်တို့က ဘဝကိုအတူတူဖြတ်သန်းကျမယ့်သူတွေလေ၊ ကိုယ်တို့က တစ်ယောက်နဲ့တစ်ယောက် အရေးကြီးဆုံးလူတွေပဲ။ ကိုယ့်ကို ကြည့်၊ ကိုယ့်မှာ မင်းကို လျှို့ဝှက်ထားတာ ဘာမှမရှိဘူး။ မင်း သိချင်တာမှန်သမျှ ကိုယ် ပြောပြတယ်။ မင်းလည်း ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ကြည့်ရတာ ကိုယ့်ဘက်ကပဲ မင်းကိုပိုချစ် နေတဲ့ပုံပဲ"

 

ချင်ရုန် မျက်မှောင်ကြုတ်ပြီး “အဲ့လို မဟုတ်ပါဘူး”

 

ချင်ရုန် ခဏမျှ တုံ့ဆိုင်းသွားကာ သူမ၏ဝမ်းတွင်းအသိသည် သူ့အားစကားမပြောနိုင်အောင် တားဆီးထား သည်။

 

အမှန်တော့၊ သူ ချန်ယွဲ့ကောအား ကိုယ်ပိုင်လှို့ဝှက်ချက်များကိုထိမ်ချန်ထားခြင်းမရှိဘဲ မျှဝေနိုင်သော်လည်း၊ ၎င်းမှာ အာ့စောင် လျှို့ဝှက်ချက်ဖြစ်နေသည်။

 

ချင်ရုန်၏တုံ့ဆိုင်းမှုကြောင့် တစ်ဖက်လူကိုစိတ်မသက်မသာ ဖြစ်စေသည်။

 

"ကိုယ်နားလည်ပြီ၊ မင်းမိသားစုက ကိုယ့်ကိုနှိမ့်ချတာလား? ကိုယ်က မင်းအတွက် မလုံလောက်ဘူးလို့ ထင်နေကြတာလား ?"

 

ချင်ရုန် အံ့အားသင့်သွားပြီး "ရှင် ဘယ်လိုတွေးလိုက်တာလဲ၊  ရှင်က အရမ်းကောင်းတာကို!"

 

"ဟက်၊ မင်းက ချင်ကော်ပိုရေးရှင်းရဲ့မင်းသမီးလေ၊ မင်းမိသားစုအမြင်မှာ ကိုယ်က အောက်ခြေလူတန်းစားပဲ" ဟု သူ ရွဲ့စောင်းပြောလိုက်သည်။

 

သူ့ရည်းစား သူ့မိသားစုအားအထင်လွဲပြီး စိတ်ထိခိုက်သွားမည်ကြောက်သဖြင့် ချင်ရုန် ချက်ချင်းထိတ်လန့်သွားသည်။

 

"ကျွန်မတို့မိသားစုက အဲ့လိုဟာတွေကို ဂရုမစိုက်ပါဘူး။ ကျွန်မ ရှင့်ကိုကြိုက်သရွေ့ အဆင်ပြေတယ်"

 

"ဒါပဲ လား? ကောင်းပြီ၊ သူတို့သဘောမတူရင်တောင် အဲ့တာ အရေးမကြီးဘူး။ ကိုယ်တို့က တစ်ယောက်ကိုတစ်ယောက်ချစ်ဖို့ပဲ၊ ကိုယ် ဆုံးဖြတ်ပြီးပြီ။ ဘယ်သူမှ ကိုယ်တို့ကို ခွဲလို့မရဘူး"

 

ချင်ရုန်သည် ထိုစကားကိုကြားချိန် အလွန်ရှက်သွားသလို နှစ်ကြိမ်ခန့် တိုးတိုးလေးညည်းညူရင်း သဘောတူညီချက်ယူလိုက်သည်။

 

ညနေပိုင်းတွင် မိသားစုတစ်စုလုံးသည် ပထမဆုံးအကြိမ်  ထမင်းလက်စုံစားကြသည်။

 

ချင်ရုန်သည် သူ့တူလေး ချင်ရှီအားပျော်ရွှင်စွာ အသိအ မှတ်ပြုခဲ့ပြီး အငယ်ဆုံးလေးအတွက် လက်ဆောင်များနှင့် အဆာပြေမုန့်များပေးခဲ့ပြီးနောက် မိသားစုထဲ သူ အငယ်ဆုံးမဟုတ်တော့သည့်အတွက် အလွန်ပျော်ရွှင်နေမိသည်။

 

ချင်ရန် ကလေးအားအနားယူဖို့ အပေါ်ထပ်ကိုမပို့ခင်အထိ အားလုံးဆိုဖာပေါ်တွင် စုထိုင်ကာစကားပြောနေခဲ့ကြသည်။

 

စကားဝိုင်း၏အဓိကအကြောင်းအရာမှာ သဘာဝကျကျပင် ချင်ရုန်၏အချစ်ရေးဖြစ်သည်။

 

ပါးပါးချင်နှင့် ချင်ရှန့်တို့ အိမ်သို့ပြန်ရောက်ပြီးနောက် အမျိုးမျိုးသော သတင်းအချက်အလက်များအားကြား သိရပြီး အခြေအနေကိုအကြမ်းဖျင်းနားလည်သွားကြသည်။

 

ချန်ယွဲ့သည် ချင်ကျောက်အပေါ် ပထမဆုံးအကြိမ်မှာပင် အလွန်ဆိုးရွားသော အမူအရာကိုပြုလုပ်ခဲ့ဖြင့် သူသည် ၎င်းကို တိုက်ရိုက်သတင်းပို့ခဲ့သည်။

 

အကြောင်းရင်းမှာ - လူအများရှေ့ထိုအပြုအမူများသည် အမျိုးသမီးများအပေါ် မလေးစားခြင်းဖြစ်သည်။ အဆုံးမှာ ယောက်ျားများကသာ ယောက်ျားများ၏အတွေးတွေကိုနားလည်ကြသည်။

 

သို့သော်ယနေ့ခေတ် ချစ်ကြိုက်နေကြသည့် လူငယ်များ သည် ၎င်းတို့၏စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိသဖြင့် လူအများရှေ့ရင်းနှီးသည့်အမူအရာများပြသလေ့ရှိသည်။

 

သို့ဖြစ်ရာ ထိုအချက်ကိုထောက်ပြရန်မဖြစ်နိုင်ပေ။

 

ပါးပါးချင် ခဏလောက်စဉ်းစားလိုက်ပြီး စပ်စုလိုက်သည်။

 

 

"မင်းတို့ပါမောက္ခက သူ့ကိုခဏဌားထားတာလို့ပြောတယ်နော်။ သူက ဘယ်လိုလုပ် မင်းနဲ့အတူရှိဖို့အားလပ်နေရတာလဲ ? သူ့မှာ တခြားအလုပ်မရှိဘူးလား ?"

 

ချင်ရုန်က "သူ စီးပွားရေးတစ်ခုစတင်တဲ့အနေနဲ့ ပန်းချီပြခန်းဖွင့်ဖို့ စီစဉ်နေတာပါ၊ လောလောဆယ် သူ့ဘာသာသူ လေ့လာနေပြီး မြောင်မြောင်နဲ့ သမီး တက္ကသိုလ်ကနေ ဘွဲ့ ရတဲ့အထိ စောင့်နေတာ၊ သူ သမီးတို့ရဲ့ ပန်းချီကားတွေကိုပြပွဲတွေကျင်းပပြီး ရောင်းနိုင်အောင်ကူညီပေးနေတာ"

 

ဒါကိုကြားတော့ ကျီဖေးကလွဲ၍ အားလုံးအံ့သြသွားကြသည်။

 

မားမားချင်က " မင်း အရင်က ဒီအနုပညာလက်ရာတွေကအဖိုးမဖြတ်နိုင်ဘူးလို့ အမြဲပြောပြောနေတာ မဟုတ်လား၊ မင်းရဲ့ပန်းချီကားတွေကို အလကားပဲပြမယ်၊ မရောင်းဘူးဆို ?"

 

ချင်ရုန် ခဏလောက် အံ့အားသင့်သွားပြီး "ဟားဟား၊ သမီး ငယ်တုန်းရွယ်တုန်း မသိတတ်ခင်တုန်းက ပြောခဲ့တာတွေပါ၊ သမီးပန်းချီကားတွေ ပိုက်ဆံများများနဲ့ရောင်းရလေ၊ ပိုကောင်းလေမဟုတ်ဘူးလား ? ရောင်းရတဲ့ ပိုက်ဆံကို ပရဟိတအတွက်သုံးတာက ပိုအဓိပ္ပါယ်ရှိတယ်လို့ ချန်ယွဲ့ကောက ပြောတယ်"

 

တစ်မိသားစုလုံး တိတ်ဆိတ်သွားကြသည်။ သူပြောတာ သည် မှားတော့ မမှားပေ - ကမ္ဘာကြီးက ဒီလိုပါပဲ - သို့ပေမယ့် တစ်နည်းနည်းနှင့် ထူးဆန်းသလိုခံစားရစေသည်။

 

ချင်မိသားစုဝင်များတွေးတောနေချိန်တွင် ကျီဖေးသည် အခြားအရာတစ်ခုကိုတွေးတောနေခဲ့သည်။

 

[ဒါဆို သူက လက်ရှိ အလုပ်လက်မဲ့ပေါ့ ? သူ့ကိုယ်သူ ထောက်ပံ့နိုင်ပါ့မလား။]

 

ထိုစကားတွေကိုပြောပြီးသည်နှင့် ချင်ရုန် ကျီဖေးကို မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ချက်ချင်းကြည့်လာသည်။

 

ဒါ အမှန်ပဲ!

 

ချင်မိသားစုဝင်များချက်ချင်းတုံ့ပြန်ပြီး ချောင်းဆိုးကာ ချင်ရုန်အားသတိပေးနေကြသည်။

 

သို့သော် ကျီဖေး၏စကားများသည် သူတို့အားသတိဝင် လာစေသည်။

 

"ဒါဆို သူ အခုဘယ်လိုနေနေလဲ ?" ချင်ကျောက်က ချက်ချင်းပင် "သူ့မိဘတွေနဲ့ နေတယ်လို့ မပြောနဲ့၊ မင်းနဲ့နေတယ်လို့ မပြောနဲ့!"

 

ချင်ရုန် ဆိုဖာပေါ်ထိုင်နေစဉ် သူ့ ခန္ဓာကိုယ်မှာတောင့် တင်းလာသည်။

 

"အာ့ကော၊ ဘယ်လိုလုပ် အြ့လိုကြားမကောင်းတာတွေထုတ်ပြောနိုင်တာလဲ? နောက်ပြီး ငါတို့ အခုမှချိန်းတွေ့ကာစ‌လေ ၊ သူ ဘယ်လိုနေပြီး ဝင်ငွေဘယ်လိုရှာနေလဲလို့ သူ့ကို ဘယ်လိုသွားမေးရမှာလဲ ? အဲဒါ ထူးဆန်းတယ်။ ဒါပေမယ့် သူ အပြင်မှာငှားနေပြီး တစ်ခါတစ်လေ ငါတို့ အကယ်ဒမီမှာ အချိန်ပိုင်းအလုပ်တွေ လိုက်လုပ်နေတာတော့ ငါ သိတယ်။ အဓိကကတော့ သူက ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ထိတွေ့မှုရှိဖို့လိုအပ်တယ်လေ။"

 

"သူ့ရဲ့မူလမေဂျာက ဒီနယ်ပယ်နဲ့ မသက်ဆိုင်ဘူးလား ?" ပါးပါးချင် မေးလိုက်သည်။

 

ချင်ရုန်သည် ရုတ်တရက် အနည်းငယ်ရှက်လာပြီး ခေါင်း ခါကာ "သူ... တစ်ခါမှ တက္ကသိုလ်မတတ်ဖူးဘူး။ သူ အ သက်မွေးဝမ်းကြောင်း နည်းပညာကျောင်းကို တက်ခဲ့တာ..."

 

[သူက တက္ကသိုလ်မတက်ခဲ့ရရုံတင်မကဘူး အထက် တန်းကျောင်းတောင် မတက်ခဲ့ရဘူး။ သူ အခု 22 နှစ်ရှိပြီ ဆိုတော့ ဒီ တွက်ချက်မှုအရ သူ ကျောင်းထွက်ပြီး လူမှုပတ်ဝန်းကျင်မှာ နှစ်အတော်ကြာနေခဲ့တာပဲ။]

 

ကျီဖေးထ့ မထီမဲ့မြင်ပြုလိုသော သဘောထားမရှိပေ။ သူ ချင်ရုန် အသေးစိတ်မဖော်ပြလာသည့် အဖြစ်မှန်များကိုဖော်ပြနေရုံသာဖြစ်သည်။

 

သို့သော်လည်း ကျီဖေး၏ထပ်ပေါင်းထည့်မှုသည် ချင်ရှန့်မှလွဲလျှင် ချင်မိသားစုဝင်များအား ၎င်းတို့၏အမူအ ရာများကို ပြောင်းလဲစေခဲ့သည်။

 

ချင်မိသားစုသည် ၎င်းတို့ သားသမီးများ၏အိမ်ထောင် ရေးနှင့် အချစ်ရေးကို ဘယ်တုန်းကမှ အနှောင့်အယှက်မပေးခဲ့သော်လည်း ဒီကွာခြားချက်မှာ ကမ္ဘာခြားနေသလို ပင်။ သူတို့၏မင်းသမီးလေးသည် အလွန်အပြစ်ကင်းစင်နေသေးသည်...

 

ထိုအချိန်မှစပြီး ချင်မိသားစုမှ အားလုံစိုးရိမ်စပြုလာကြသည်။

 

ကျီဖေး၏အတွေးများကိုကြားသဖြင့် ချင်ရုန် နှုတ်ခမ်းကိုက်ပြီး စိုးရိမ်သည့် အမူအရာနှင့်လှည့်ကြည့်လာကာ "ပညာရေးက လူတစ်ယောက်ရဲ့စရိုက်ကို ကိုယ်စားမပြုပါဘူး။ သူ ဆက်မသင်တော့တာက သူက စာညံ့တဲ့ကျောင်းသားမို့လို့ ပြီးတော့ သူ့မိသားစုရဲ့ငွေကြေးအခြေ အနေကန့်သတ်ချက်ကြောင့်ပါ။ မြောင်မြောင်ကို ပန်းချီလေ့လာဖို့ပံ့ပိုးပေးရတော့ သူ ဆက်မလေ့လာနိုင်တော့ဘူး။ သူ့ကိုအထင်သေးပြီး အဆင့်အတန်းနိမ့်တဲ့ လူလို့   မထင်ပါနဲ့၊ သမီးတို့ရဲ့အချစ်ရေးကို ဆန့်ကျင်မလို့လား?"

 

ချင်မိသားစုဝင်များ စကားပင်မပြောနိုင်ေတာ့ပေ။ သူတို့၏ ပုံမှန်အမူအကျင့်များသည် သူတို့အငယ်ဆုံးသမီးအတွက် စိုးရိမ်ပူပန်မှုနှင့် အမြဲတစေထိပ်တိုက်တွေ့နေရသည်။

 

ရုတ်တရက် ချင်ရှန့်က "ဘာလို့ ဒီလိုထင်ရတာလဲ ?"

 

ချင်ရုန် အံ့အားသင့်သွားကာ အဘယ်ကြောင့် ချင်ရှန့်သည် ထိုသို့မေးလာရသည်ကို နားမလည်ပုံပေါ်သည်။ တခြားသူများကလည်း တုံ့ပြန်မှုမရှိချေ။

 

ချင်ရှန့် အမူအရာမှာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး "အရင်က ရုန်ရုန် ငါတို့မိသားစုကို ဒီလိုစိတ်ထားမျိုးရှိတယ်လို့ တွေးလိမ့်မယ်လို့ မထင်ထားဘူး။ မင်းကို ဒီလိုတွေးအောင် ဘယ်သူလုပ်တာလဲ ?"

 

ဤစာကြောင်းသည် လေးလံခြင်းမရှိသော်လည်း၊ လူတိုင်း၏အမူအရာများကို သိမ်မွေ့စွာပြောင်းလဲသွားစေပြီး လှိုင်းဂယက်များဖြစ်ပေါ်စေသော ရေထဲသို့ကျသွားသည့် ကျောက်တုံးနှင့်တူညီသည်။

 

"မဟုတ်ဘူး... ဘယ်သူမှ မဟုတ်ပါဘူး၊ ဒါ သာမာန်အယူအဆ တစ်ခုပဲ မဟုတ်ဘူးလား?"

 

ချင်ရုန်သည် ချင်ရှန့်၏တင်းမာသောမျက်နှာအားမြင်သောအခါထိတ်လန့်သွားသည်။

 

 

[ဟင်း၊ ရီစရာကောင်းတဲ့မိန်းကလေးပဲ မင်းရဲ့အပြစ်ရှိတဲ့ပုံနဲ့ အဲ့ဒါပြောတဲ့လူက နင့်ရည်းစားဆိုတာ ငါ စစ်ဆေးနေစရာတောင် မလိုဘူး။]

 

ဒါကိုကြားတော့ ချင်ရုန် ပိုထိတ်လန့်သွားပြီး "အင်း..."

 

[မေ့မေ့က ဘယ်လိုလိမ်ရမလဲကို မသိတဲ့ပုံပဲ၊ သူ ဘယ် လောက်တောင် စိတ်ရှုပ်နေလဲဆိုတာသာ ကြည့်]

 

ချင်ရုန်: ဝူးဝူးဝူးး... ဆက်မပြောနဲ့တော့၊ ငါ ပိုပြီးလန့်လာပြီလို့

 

သို့သော် ကလေးမလေး မငြိမ်သက်မသွားခင် ချင်ရှန့်က

 

"မင်းတို့နှစ်ယောက်က မသင့်တော်ဘူး၊ မင်းကို လမ်းခွဲဖို့ ငါ အကြံပေးတယ်"ဟုသာ တိုက်ရိုက်ပြောလိုက်သည်။