🍉 Chapter 42
ချင်ရုန်နှင့် ချင်ရန်တို့ အပေါထပ်သို့တက်သွားသည်နှင့်
တပြိုင်နက် ချင်ကျောက် ချူရှင်းယွဲ့ အားစိတ်လှုပ်ရှားစွာ ခေါ်ဆောင်လာခဲ့သည်။ နှုတ်ခွန်းဆက်စကားအား
အတိုချုံးဖလှယ်ပြီးသည့်နောက်တွင် ချင်ကျောက်၏ထိတ် လန့်ဖွယ် မျက်လုံးအချက်ပြမှုများကြောင့်
မားမားချင်သည် စုံတွဲအားနေရာပေးရန်အတွက် ကျီဖေးကိုဆွဲခေါ်သွားလိုက်သည်။
တတိယဘီးများထွက်သွားသည်နှင့် ချင်ကျောက်သည် ချူရှင်းယွဲ့ရှေ့သို့ စားပွဲပေါ်မှ သစ်သီးများနှင့် အဆာပြေမုန့်များအားလုံးကိုအမြန်တွန်းပို့လိုက်သည်။
ဤအပြုအမူသည် သူ့ဘေးတွင်ထိုင်နေသောလူသည် သူမအား
အကောင်းဆုံးအရာများကို အမြဲပေးချင်နေသည့် ငယ်ရွယ်သောချင်ကျောက်ကဲ့သို့ပင် ချူရှင်းယွဲ့
အား déjà vu ခံစားချက်ကို ခံစားရစေသည်။
"ကိုယ့်ကိုကိုယ် ဒုက္ခမပေးပါနဲ့ ရှင့်ရဲ့ဒဏ်ရာက..."
ချင်ကျောက်သည် ခွဲစိတ်မှုပြုလုပ်ထာသော လက်တစ်
ဖက်ကို ချက်ချင်းပြောင်းလိုက်ပြီး ချူရှင်းယွဲ့အားအပြုံး တစ်ခုပေးလိုက်သည်။
"ကိုယ် အဆင်ပြေပါတယ်လို့ ကိုယ်မပြောခဲ့ဘူးလား
? ကိုယ့်ဒဏ်ရာတွေက ပျောက်တာအရမ်းမြန်တယ်။"
ချူရှင်းယွဲ့က စိတ်ချလက်ချ ခေါင်းညိတ်လိုက်ပြီး
“တကယ်တော့ ဒီနေ့ ရှင့်ကို ပြောချင်တာ နောက်တစ်ခုရှိသေးတယ်”
"ပြောလေ"
ချင်ကျောက်သည် ယခုအချိန်တွင် သူ၏ စိတ်ရှည်မှုအားလုံးကို
ချူရှင်းယွဲ့အားပေးထားသကဲ့သို့ အာရုံစူးစိုက်မှုရှိသည့် နားထောင်မှုပုံစံဖြင့် နားထောင်လိုက်သည်။
ချူရှင်းယွဲ့က "ကျွန်မတို့အဖွဲ့ နိုင်ငံခြားကိုသွားပြီး
တခြားသုတေသနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ကမပြောင်းလဲဘူးလို့ ကျွန်မ
မျှော်လင့်တယ်။"
ချင်ကျောက်၏မျက်လုံးများ အနည်းငယ်မှိတ်တုတ်မှိတ်
တုတ်ဖြစ်သွားသည်။
ချူရှင်းယွဲ့က "ကျွန်မတို့ရဲ့သုတေသနက နိုင်ငံခြားမှာ
လုပ်ရင် ပိုအဆင်ပြေလိမ့်မယ်။ ရှင့်ရဲ့ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်က ပရော်ဖက်ဆာကို
ချီတုံချတုံဖြစ်စေခဲ့တယ်။ ကျွန်မတို့ရဲ့ကိစ္စတွေကို ဖြေရှင်းပြီးတဲ့အချိန်ကျရင် ရှင်
လုပ်နိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်"
ချင်ကျောက် စိုးရိမ်စိတ်တွေပြင်းပြလာပြီး
"မင်းကို ကိုယ့်အနားမှာရှိနေဖို့အတွက်နဲ့ အရင်းအနှီးကိုအသုံးချဖို့ ကိုယ် ဘယ်တုန်းကမှ
မရည်ရွယ်ခဲ့ဘူး မင်းရဲ့ဘဝသစ်ကို ကိုယ် ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ ?"
ဒီအချိန်မှာ ချင်ကျောက်က မျက်လုံးတွေမှိတ်ချလိုက်ပြီး
သူ့စိတ်တွေ သိသိသာသာ ထိုင်းမှိုင်းလာကာ "ကိုယ့်မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေရှိနေတယ်ဆိုတာ
ကိုယ်ဝန်ခံပါတယ်၊ ဒါပေမယ့် မင်း အလုပ်ကို ဝင်မစွက်ဖက်ဘဲနေပြီး မင်းလည်း သုတေသနလုပ်လို့ရရင်၊
အဲဒါ ထပ်လောင်းရင်းနှီးမြှုပ်နှံမှုလို့ပြောရင်တောင် ကိုယ် လုပ်ချင်တယ်။"
ချူရှင်းယွဲ့ မျက်လုံးများသည် ခဏတာမျှယိမ်းယိုင်သွားသော်လည်း
စိတ်မှာခိုင်မာနေသည်။
"သုတေသနရဲ့ အရေးကြီးဆုံးအချက်က ငွေကအရာအားလုံးကို
ဖြေရှင်းမပေးနိုင်ဘူး။ မဟုတ်ရင် လူတွေက ငါးနှစ်ကြာအောင် သူတို့ရဲ့အိမ်ကနေထွက်သွားဖို့ဆန္ဒရှိမှာမဟုတ်ပါဘူး။
ချင်ကော်ပိုရေးရှင်းက သဘောတူညီချက်ကို ဆုံးရှုံးသွားအောင်လုပ်နေတာကို ကျွန်မတို့ခွင့်မပြုထားနိုင်ဘူး။
အပိုဆောင်းအခြေအနေတွေကို ရုတ်သိမ်းပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့နိုင်ငံခြားကိုသွားချင်တယ်"
ချူရှင်းယွဲ့၏အေးစက်သော အမူအရာအားကြည့်ပြီး ချင်ကျောက်၏နှုတ်ခမ်းများ
အနည်းငယ်တုန်ခါသွားကာ "ကောင်းပြီ၊ ကိုယ် နားလည်ပြီ၊ ကိုယ် ကောနဲ့ စကားပြောလိုက်မယ်"
အလုပ်တစ်ခုပြီးသွားသလိုပင် ချူရှင်းယွဲ့သည် နောက်တစ်ကြိမ်
ထပ်မနေချင်တော့ပေ။
"ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု နိုင်ငံခြားသွားဖို့ပြင်
ဆင်ဖို့လူတိုင်းကို အကြောင်းကြားဖို့ပြန်လိုက်ဦးမယ်။ ဘာအကြောင်းကြောင့်နဲ့မှ သုတေသနတိုးတက်မှုကို
ကျွန်မတို့ အချိန်မဆွဲနိုင်ဘူး။"
အဲဲ့ဒီနောက် သူ ထရပ်လိုက်သည်။
ချင်ကျောက်သည်လည်း ထိတ်လန့်တကြားချက်ချင်းထရပ်လိုက်သည်။
"ရှင် ဒဏ်ရာရထားတာ၊ ကျွန်မကို အပြင်လိုက်ပို့ဖို့မလိုပါဘူး"
ချူရှင်းယွဲ့သည် ချင်ကျောက်အားပြုံးပြလိုက်ပြီး "အနာဂတ်မှာ ရှင့်အတွက် အရာအားလုံး
အဆင်ပြေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"
ချင်ကျောက် ရုတ်တရက်ပြောလိုက်သည် " ကိုယ့်မှာ
အခွင့်အရေး မရှိတော့ဘူးလား? နည်းနည်းလေးတောင်မှလေ ?"
ချူရှင်းယွဲ့သည် ချင်ကျောက်အားကြည့်လိုက်ရာ သူ့မျက်လုံးများ
နီရဲလာသည်ကိုတွေ့လိုက်ရသည်။ သူမသည် ဤအခြေအနေတွင် ချင်ကျောက်နှင့် မည်သို့ဆက် ဆံရမည်နည်း၊
သို့သော် ဉာဏ်ကောင်းသောသူများသည် ၎င်းတို့၏အမှားများမှသင်ယူကြပြီး ဒဏ်ရာများပင် ကောင်းကောင်းမကျက်သေးပေ။
သို့ဖြစ်ရာ မည်သို့နောက်ပြန်လှည့်နိုင်မည်နည်း ?
"အခုလောလောဆယ် ကျွန်မ ကိုယ့်ဘ၀နဲ့ကိုယ် ကောင်း
ကောင်းနေချင်တယ်၊ ကျွန်မရဲ့ သုတေသနကိုအာရုံစိုက်နေချင်သေးတယ်။ ဖြစ်နိုင်ရင် ကျွန်မ
ငါးနှစ်လောက်ပြန်မလဘူး။ ကျွန်မ နိုင်ငံခြားမှာပဲ နှစ်ရှည်အခြေချပြီး လေ့လာမှုတွေနဲ့
သုတေသနတွေလုပ်ဖို့ စီစဉ်ထားတဲ့အတွက် ကျမတို့ ပြန်တွေ့ဖို့ခက်လိမ့်မယ်။"
ချင်ကျောက်ကအား အမှန်အပြစ်မတင်ရင်သောကြောင့် သူ့အား
မိုက်မဲစွာ စောင့်မနေစေချင်ပေ။ သူ ပြန်လာမှာ မဟုတ်ဘူး။
ထိုသို့ပြောပြီးနောက် ချူရှင်းယွဲ့သည်မဆိုင်းမတွလှည့်ထွက်သွားသည်။
ချင်ကျောက်၏ခြေထောက်များသည် ခဲများဖြင့်ဆွဲထားသလိုခံစားလိုက်ရကာ
ခြေတစ်လှမ်းမှမရွေ့နိုင်ဘဲ သူ့မျက်လုံးထဲမှ မျက်ရည်များစီးကျလာသည်။
[အို မဟုတ်ဘူး၊ သူ ထပ်ငိုတော့မှာလား ? မားမားချင်
မြန်မြန်တားလိုက်ပါဦး၊ သူ့ကိုနှစ်သိမ့်ဖို့ကြိုးစားရင်း ခိုးနားထောင်မိရင် အရမ်းစိတ်မကောင်းဖြစ်မိလိမ့်မယ်။]
နဂိုကတည်းက ရျုပ်ထွေးနေသော ချင်ကျောက်၏ ဦး နှောက်သည်
ထိုအသံကိုကြားလိုက်ရသည်နှင့် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ ကျယ်လောင်စွာအော်ဟစ်ငိုယိုလာပြီး
ဆိုဖာပေါ် ရုတ်တရက်လဲကျသွားသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုတွေ့ပြီးပြီမို့ နောက်ဆုတ်ဖို့ဘာအကြောင်းပြချက်မှမရှိချေ။
သူ ကောင်းကောင်းငိုလိုက်သည်။
[လုပ်စမ်းပါ၊ ချူရှင်းယွဲ့ သူ့ကို ငြင်းတာ ဒါ
ပထမဆုံးအကြိမ်မှမဟုတ်တော့တာ။ အဲ့တာကို အဲ့လောက်ထိစိတ် ပျက်နေဖို့ လိုလို့လား?]
ချင်ကျောက်: Waaah!!!
မင်း နားမလည်ဘူး၊ ဒါ လုံးဝ ငြင်းဆိုလိုက်တာပဲ၊
သူ နိုင်ငံခြားမှာသွားနေပြီး ဘယ်တော့မှပြန်လာမှာမဟုတ် တော့ဘူး။
[သူ့ အယူအဆကို ငါ နားမလည်ဘူး။ ခွဲခွာပြီး ဘဝသစ်စတာ
ပိုကောင်းတယ်လို့ ငါ ထင်ပေမယ့်... သူက ဘာလို့ ထာဝရနှုတ်ဆက်လိုက်ရသလို လုပ်နေရတာလဲ
?]
ချင်ကျောက်: မင်း ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတာက
အသတ်ခံရသလို နာကျင်စေတယ်။
[နိုင်ငံခြားသွားတာလေ သေဖို့သွားတာမှ မဟုတ်တာ၊
လေယာဉ်လက်မှတ်က အဲ့လောက်ဈေးကြီးလို့လား ? ချင်မိသားစုမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ရှိမယ်လို့
ငါ ထင်ခဲ့တာ?]
ချင်ကျောက်: *ရှိုက်နေ*... *ကြို့ထိုးနေ* ?
[သူတို့ ကမ္ဘာကြီးတစ်ခုတည်းမှာ ရှိနေကြတုန်းပဲလေ...
ဒီဝမ်းနည်းမှုအဆင့်က နည်းနည်းတော့ရယ်စရာကောင်းတယ် မဟုတ်ဖူးလား?]
ချင်ကျောက်: !!!!
[သူ တုံးနေတာလား ဒါမှမဟုတ် ခေါင်းမာနေတာလား ?
သူကိုယ်တိုင် မမြင်နိုင်ဘူးလား?]
ထိုအခိုက်တွင် ချင်ရန်နှင့် ချင်ရုန်တို့သည် အခြေအနေကို
စိုးရိမ်ကာ စင်္ကြန်ဆီသို့ရောက်လာကြသည်။ သူတို့ မေးမြန်းမည်အပြု ချင်ကျောက်သည် ရုတ်တရက်
မတ်တပ်ထရပ်ပြီးပြေးထွက်သွားကာ သူ့မျက်ရည်တွေ လေထဲပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
မကြာမီ အိမ်ကြီးအတွင်းရှိလူတိုင်းသည် အပြင်ဘက်မှ
ချင်ကျောက်၏အော်သံကိုကြားလိုက်ရသည်။
"ချူရှင်းယွဲ့၊ အခုပြောမှာတာကို မှတ်ထား၊
တစ်နေ့ နေ့မင်း နာကျင်နေရင်၊ ပင်ပန်းနေရင် မင်းအနားမှာ တစ် ယောက်ယောက်ကို ရှိစေချင်တယ်ဆိုရင်
ကိုယ်ရှိသေး တယ်ဆိုကို သတိရလိုက်၊ ရှေ့ဆက်ပြီး မင်းရဲ့ဘဝသစ်မှာကောင်းကောင်းနေထိုင်ပါ။"
မကြာမီပင် ချင်ကျောက်ပြန်ရောက်လာပြီး သူ့မျက်ရည်များသုတ်ပြီးဖြစ်သည်။
သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး
"အာ့ကော၊ အဲ့ဒီ အပိုဆောင်းအခြေအနေကိုဖယ်ပြီး
သူတို့ကိုနိုင်ငံခြားကို လွှတ်လိုက်ပါ။ အင်း၊ ကျနော်အဆင် ပြေပါတယ်၊ ကျနော့်အတွက် စိတ်မပူနဲ့။
သူတို့ရဲ့ပရောဂျက်မှာ ရင်းနှီးမြုပ်နှံဖို့အဆင်မပြေရင် ကုန်ကျစရိတ်အားလုံးကို ကျွန်တော်
ခံပေးပါ့မယ်။"
သူ နောက်ထပ်ဖုန်းခေါ်လိုက်မှာ "ကောင်းကော...
ကျွန်တော့်ရဲ့စတူဒီယိုကို နိုင်ငံခြားကိုရွှေ့နိုင်မယ်ထင်တယ်။ ကော ကျွန်တော်နဲ့အတူ
နိုင်ငံခြားဖျော်ဖြေရေးဈေးကွက်ကို စူးစမ်းချင်လား"
သူ ချူရှင်းယွဲ့ကို ဆက်ပြီးနှောင့်ယှက်နေပါက၊
သူ့မအား နာကျင်စရာအတိတ်အကြောင်းကိုသာ အမှတ်ရနေစေမည်ကို သူ နားလည်သည်။ သူ့အနေနှင့် ချူရှင်းယွဲ့ မပျော်ရွှင်ရခြင်း၏အဓိကဇစ်မြစ် မဖြစ်ချင်ပေ။
ဤတစ်သက်တွင် အဖိုးတန်သောကောင်မလေးကို အရယူရန်
အခွင့်အလမ်းဘယ်တော့မှ မရနိုင်တော့မှန်း သူ မသိခဲ့ပေ။ သို့သော် သူ့အနားမှာ တိတ်တဆိတ်နေချင်ပြီး
သူ တစ်စုံတစ်ယောက်ကိုလိုအပ်လာသည့်အခါ သူ့အနားမှာ ပထမဆုံးရှိပေးနိုင်ဖို့မျှော်လင့်မိသည်။
ဒါအခု သူ လုပ်နိုင်တာနဲ့ သူလုပ်ချင်တဲ့ဟာပဲ။
ချင်ကျောက်၏ဖုန်းခေါ်ဆိုမှုအား နားထောင်နေသူများ
အားလုံးအံ့ဩသွားကြသည်။
အတုန်လှုပ်ဆုံးကတော့ ကျီဖေးပင်။
[နေအုန်း၊ အဲ့တာ ငါ့ရဲ့လက်ရှိအလုပ်မဟုတ်ဘူးလား။
ငါ အလုပ်တောင် မစရသေးဘူးလေ၊ လစာလည်း မရသေးဘူး အလုပ်က အထုတ်ခံရတော့မယ်။]
သူ၏အနာဂတ်စီးပွားရေးအင်ပါယာကို စိတ်အားထက် သန်စွာစီစဉ်နေသော
ချင်ကျောက်သည် စတူဒီယိုတွင် နောက်တစ်ယောက်ရှိနေကြောင်း ရုတ်တရက် သတိရသွားသည်။ ဖုန်းထဲမှ
ကောင်းကောကလည်း ကျီဖေးအ ကြောင်းပြောလာသည်။
ချင်ကျောက် အဝေးကလူကိုကြည့်ပြီး "အိုး...
စိတ်မပူပါနဲ့ ငါ့အလုပ်အပြောင်းအရွှေ့က မြန်မြန်ဆန်ဆန် ဖြစ်မလာပါဘူး။ ငါတို့မသွားခင်
မင်းအတွက် အကုန်စီစဉ်ပေးမှာပါ... မင်းရဲ့ နာမည်ဂုဏ်သတင်းကို တည်ဆောက်ဖို့ ငါတို့မသွားခင်
မင်းကိုအလုပ်တွေများများပေးဖို့ ကောင်း ကောကို ပြောထားတယ်။ ပြီးသွားရင် အရာအားလုံးပိုလွယ်လာလိမ့်မယ်"
ကျီဖေး:...
[တကယ်တော့ အလုပ်ထုတ်ခံရတာလည်း ကောင်းသားပဲ။ တကယ်တော့
ငါ ဒီလောက်ထိဆိုးဆိုးရွားရွားအလုပ်မလုပ်ချင်ပါဘူး။]
ထိုအတွင်းစိတ်အတွေးကိုကြားလိုက်ရသော အခြားသူ များအဖို့
မရယ်မောဘဲမနေနိုင်တော့ပေ။
နောက်ဆုံးတွင် ချင်ရုန်သည် ကျီဖေး၏အတွင်းစိတ်ထဲမှ
အသံကို မတော်တဆကြားလိုက်ရသည်။ ပြောလိုက်သောစကားနှင့် အတွင်းစိတ်များအကြား ကွာခြားမှုကို
ခွဲခြားရန် သူမထံ အတွေ့အကြုံမရှိသည့်အပြင်၊ သူ့ ရှုထောင့်မှ ကျီဖေး၏နှုတ်ခမ်းများလှုပ်ခြင်းရှိ၊
မရှိ သေချာမသိနိုင်ပေ၊ အထူးသဖြင့် သူ့အကို တုံ့ပြန်မှုမရှိ သောကြောင့်ပင်။
သူအခန်းထဲပြန်ရောက်ပြီးနောက်၊ ချင်ရုန် ဖုန်းထဲသို့ဖုန်း
ခေါ်ဆိုမှုများဝင်လာသည်။
ချင်ရုန် အမြန်ပြန်ဖြေလိုက်သည်။
"မင်း ငါ့ဖုန်းတွေကို ဘာလို့မဖြေတာလဲ
?"
တစ်ဖက်ကလူက စပြီးစွပ်စွဲလာသည်။ ထို့နောက် လေသံမှာမသင့်လျော်ကြောင်းကို
နားလည်သွားပုံရပြီး၊ သူ့အသံကို နူးညံ့စေကာ "ကိုယ် မင်းကိုခေါ်လို့မရတော့ ကိုယ်စိုးရိမ်သွားတာ၊
နောက်ဆို ဒီလိုထပ်မလုပ်တော့နဲ့နော်။"