Ch 41
Viewers 24k

🍉 Chapter 41

 

 

 

ကျီဖေးသည် မှတ်ဉာဏ်များဆက်ခံထားသော်လည်း သူ ချင်ရုန်အား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ချင်ရုန်သည် နူးညံ့သောနှာခေါင်းနှင့် ချယ်ရီရောင်နှုတ်ခမ်းများဖြင့် ချစ်စဖွယ်ချိုသာသောအသွင်အပြင်ရှိသည်။ သူ့ မျက်လုံးဝိုင်းဝိုင်းများသည် ကောလိပ်ကျောင်းသူ၏အ ပြစ်ကင်းစင်သော သွင်ပြင်ကိုထိန်းထားကာ သူမ၏ နုပျိုချောမွတ်သောအသားအရေသည် မယုံနိုင်လောက်အောင်ချောမွေ့နေသည်။

 

ချင်ရုန်အား ပိုမိုတိကျစွာဖော်ပြရလျှင် သူသည် ဆင်စွယ်မျှော်စင်ပေါ်မှလောကကြီးနှင့်မသက်ဆိုင်သော မင်းသမီး တစ်ပါးကဲ့သို့ဖြစ်ပြီး၊ သူ၏နုံအအပြစ်ကင်းသောပုံပန်းသွင်ပြင်မှာ ပထမအကြည့်တစ်ချက်မှာပင် သိသာစေ သည်။

 

"အစ်ကိုကြီး လက်မနာဘူးလား ? ညီမကို ဆွဲမနေနဲ့တော့"

 

ချင်ကျောက်သည် မားရှေ့သို့ ချင်ရုန်အား မသိမသာ တွန်းထုတ်လိုက်သည်။

 

"မား မေ့မေ့ ကလေကချေကောင်နဲ့ အရမ်းအဆင်ပြေနေတာကိုတွေ့လိုက်တယ်။ သူ မကောင်းတာတစ်ခုခုမဖြစ်ခင် မား သူ့ကို သေချာစစ်ဆေးကြည့်တာကောင်းမယ်!"

 

ဒါကိုကြားတော့ ချင်ရုန် ချက်ချင်းဆိုသလို မှားယွင်းစွာအထင်လွဲခံရသလို စိုးရိမ်တကြီး ရှင်းပြဖို့ကြိုးစားခဲ့သည်။ သို့သော် သူ့ အသံသည် တိုးဖျော့နေပြီးခိုင်လုံမှု   မရှိပေ။

 

"အစ်ကိုကြီး! အကိုယွဲ့ကို အဲ့လိုပြောလို့မရဘူး။ သူက ကလေကချေ တစ်ယောက်မဟုတ်ဘူး။ လူတစ်ယောက်ကို သူတို့ရဲ့သွင်ပြင်ကြည့်ပြီး ဘယ်လိုအကဲဖြတ်နိုင်ရတာလဲ ? သူဆံပင်ဆိုးထားတာ... နားကပ်ဝတ်ထားတာ... တက်တူးထိုးထားတာနဲ့ပဲ သူက လူဆိုးတစ်ယောက်ဖြစ်ကောလား ?"

 

ချင်ရုန် စကားပြောနေစဉ်မှာပင် မျက်ရည်များရစ်သိုင်းလာသည်။ တစ်စုံတစ်ယောက်မှ သူ့အားတန်ဖိုးမရှိသူအဖြစ်ပစ်ပယ်ထားသကဲ့သို့ ဝမ်းနည်းကြေကွဲနေပုံပင်။ သူ အခိုင်အမာပြောဆိုနေသော်လည်း စကားအလွန်အ ကျွံပြန်မပြောဝံ့သလိုပင်။

 

"ဖျော်ဖြေရေးနယ်ပယ်မှာဆို နာမည်ကြီးတော်တော်များများလည်း အဲ့လိုပါလေ။ ကောလည်း တက်တူးမထိုးတာကလွဲရင် ကောဆံပင်ကို အရင်က crazy colour တွေ ဆိုးဖူးတာပဲ။"

 

"ငါအခု သူ့ပုံပန်းသွင်ပြင်အကြောင်းပြောနေလို့လား ? ငါပြောနေတာက သူ့အပြုအမူ သူ့ လုပ်ရပ်ကို..."

 

ချင်ရုန်၏မျက်နှာသည် ချက်ချင်းပင်ကြက်သွေးရောင်ပြောင်းသွားသည်။ "ကော!"

 

ချင်ကျောက် စကားကိုဆုံးအောင်တောင် မပြောနိုင်တော့ပေ။ ရွှီခနဲ လှည့်ထွက်သွားပြီး "ငါ့မှာ အခု နင်နဲ့ဖြေရှင်းဖို့ အချိန်မရှိဘူး၊ ငါ ရှင်းယွဲ့ကို သွားကြိုရဉီးမယ်!"

 

ထို့နောက် ချင်ကျောက် လှည့်ထွက်လာခဲ့သည်။

 

ချင်ရုန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သော် လည်း သူ့ အမူအကျင့်ကို မေ့လျော့သွားခြင်းမရှိပေ။

 

"မား၊ ကျဲ၊ အာ့စောင် သမီး ပြန်လာပြီ ကျေးဇူးပြုပြီး အကိုကြီးရဲ့စကားကို နားမထောင်ပါနဲ့ ယွဲ့က လူကောင်းပါ။"

 

ချင်မိသားစုသည် သူတို့သားသမီးများ၏ အိမ်ထောင် ရေးအခြေအနေများကြောင့် ယေဘုယျအားဖြင့် အလွန်ပွင့်လင်းသောစိတ်ထားရှိသည်။

 

သို့သော် သူတို့သည် ကျီဖေးထံမှ အသေးစိတ်အချက်အ လက်များကြားသိထားပြီးဖြစ်ရာ ချင်ရုန်၏မိသားစုဝင်များအနေနှင့် အခြေအနေကို ဘက်လိုက်မှုမရှိမြင်တွေ့နိုင်သည်။

 

ထိုအသွင်အပြင်နှင့် ထိုအပြုအမူကိုကြည့်ခြင်းအားဖြင့် သူသည် ဘာမှမဟုတ်သော်ငြား ပြဿနာကောင်ဖြစ်ပုံရသည်။

 

ထိုကဲ့သို့သော ကောင်၏ဘေးတွင် ရပ်နေသော သူတို့၏ ချစ်စရာကောင်းသောချင်ရုန်လေးကို သူတို့စိတ်ကူးပင်မယဉ်ကြည့်နိုင်ချေ။                                                                                                                                                                                                                     

 

မားမားချင် စိုးရိမ်တကြီးမေးလိုက်သည်။ "နင် ဘယ် တုန်းကစပြီး ငါတို့နောက်ကွယ်မှာ ချိန်းတွေ့နေခဲ့တာလဲ? သူက ဘယ်သူလဲ? သူက ကျောင်းသားလား အလုပ်လုပ်နေတာလား ? သူ့ကို သိတာ ဘယ်လောက်ကြာပြီလဲ"

 

ချင်ရန် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

 

"မေ့မေ့၊ နင် ဒီနေ့လေယာဉ်ပေါ်မတက်ခင် နင့်ကိုလာကြိုဖို့ ယာဉ်မောင်းကိုစာမပို့ထားဘူးလား ? အဲ့အစား ဒီလူက နင့်ကို အိမ်ပြန်ခေါ်လာတာလား? နင်ပြန်လာတာကို ဘာလို့ ငါတို့ကို မပြောရတာလဲ? သူ နင့်ကို မိသားစုကိုအကြောင်းမကြားဖို့ ပြောခဲ့တာလား ?"

 

ယခင်က ယောက်ျား၏လှည့်စားမှုကိုခံခဲ့ရပြီး နာကျင်ခဲ့ရသောချင်ရန်သည် ဤကိစ္စတွင် အထူးသတိရှိပြီး သတိ ထားနေခဲ့သည်။

 

ချင်ရုန်သည် ဧည့်ခန်းထဲတွင်ရပ်နေပြီး တရားရင်ဆိုင်နေရသကဲ့သို့ခံစားလိုက်ရသည်။ ကျီဖေး ဒရာမာအားနှစ် သက်နေချိန်မှာ မားမားချင်နှင့် ချင်ရန်သည် လေးနက်နေသည့်ပုံဖြစ်နေပြီး ချင်ရုန်အား ကြီးမားသည့်ဖိအားကိုခံစားရစေသည်။

 

တကယ်တော့ ဒါဟာ သူမ၏ပထမဆုံးအကြိမ် ချိန်းတွေ့ခြင်းဖြစ်ရာ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

 

"သူက ချန်မြောင်ရဲ့အကိုပါ၊ သမီးတို့က တစ်ယောက်နဲ့တစ်ယောက် သိတာကြာပါပြီ" ဟု ချင်ရုန်က အမြန်ရှင်းပြသည်။ "အမေ ချန်မြောင်ကို ယုံတယ်မဟုတ်လား ?"

 

ဒါကိုကြားတော့ မားမားချင်နဲ့ ချင်ရန်ဟာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သူက လုံးဝကြီး သူစိမ်းတစ်ယောက်မဟုတ်ဘူးပဲ။

 

[ချန်မြောင် ? အိုး ! ချင်ရုန်ရဲ့ကောလိပ်အခန်းဖော် ပြီးတော့ အချစ်ဆုံးသူငယ်ချင်း၊ သူတို့ချင်း အရမ်းရင်းနှီးကြသလို သူ ချင်အိမ်ကို မကြာခဏလာကစားလေ့ရှိတယ်။]

 

ချင်ရုန် ခေါင်းညိတ်ပြမိပြီး သာမန်အားဖြင့် ဝေးကွာနေသော သူ့ အာ့စောင်ပင် ချန်မြောင် မည်သူဆိုတာကိုသိနေသဖြင့် အံ့ဩသွားသည်။ သူ့အာ့စောင်သည် သူ့အားလုံးဝအာရုံစိုက်နေပုံရသည်။အာ့စောင် ပြောင်းလဲသွားပြီဟု ထင်ကာ အနည်းငယ်ပျော်သွားမိသည်။

 

သို့သော် ချင်ရုန် ကျီဖေးအားလှည့်ကြည့်လိုက်သောအခါ ကျီဖေးဟာ စကားမပြောနေသလို သူ့အား လုံးဝကိုကြည့်မနေသည်ကို တွေ့လိုက်ရသည်။

 

မားမားချင်သည် စိုးရိမ်တကြီးဖြင့် "ဒါဆို နင်တို့နှစ်ယောက်က ဘယ်အချိန်ကစပြီး ချိန်းတွေ့ကြတာလဲ ? မင်း မိသားစုဝင်တစ်ယောက်ယောက်ကို ဘာလို့ မပြောခဲ့တာလဲ? ငါတို့က မင်းရဲ့အချစ်ရေးကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်? ဒါပေမယ့် ငါတို့ အဲဒါကို သိဖို့လိုတယ်..."

 

ချင်ရုန်သည် လျင်လျင်မြန်မြန်ပဲ ရိုးသားစွာပြန်ဖြေလိုက်သည်။

 

"မားကိုဖုံးကွယ်ဖို့ သမီး မရည်ရွယ်ပါဘူး။ မကြာသေးခင်က ကွင်းဆင်းလေ့လာရေးခရီးမှာ သမီးတို့နှစ်ယောက်တည်း ချိန်းတွေ့ဖို့ သဘောတူခဲ့ကြတာ"

 

ချင်ရုန်သည် စကားပြောနေစဉ်မှာ မျက်နှာနီရဲလာသည်။

 

"အရင်က သူသမီးကိုလိုက်ခဲ့ပေမယ့် သမီး ချီတုံချတုံဖြစ်နေခဲ့တာ။ ဒီခရီးစဉ်အတွင်း သူက တကယ်တော်တဲ့လူတစ်ယောက်ဆိုတာ သမီး သဘောပေါက်သွားတယ်။ သူ သမီးတို့အဖွဲ့ တစ်ဖွဲ့လုံးကို ကောင်းကောင်းဂရုစိုက်ပေးတဲ့အပြင် သမီးတို့အခက်အခဲတွေကြုံလာရတဲ့အခါ သူ ရှေ့ထွက်ပြီး ပြဿနာတွေဖြေရှင်းပေးတယ်။ သူက အရမ်းသတ္တိရှိပြီး တာဝန်ယူမှုရှိတဲ့သူပါ။"

 

ချင်ရုန် စကားပြောနေစဉ်မှာ သူ့မျက်လုံးများသည် လေး စားမှုအပြည့်ဖြင့်တောက်ပနေပြီး နူးညံ့သိမ်မွေ့သော  အမူအရာသည် သူ့မျက်နှာအနှံ့ပျံ့နှံ့သွားခဲ့သည်။ သူ ပထမဆုံးအချစ်၌ကျရှုံးသွားကြောင်း ထင်ရှားသည်။

 

မားမားချင်နှင့် ချင်ရန် စိုးရိမ်နေဆဲပင်။ အဆုံးမှာ အချစ်သည် မျက်ကန်းလိုပင်။ ချင်ရုန်၏စကားများ ဟုတ်မှန်သည်ဟု မယူဆနိုင်သေးပေ။

 

မားမားချင်က "သူက နင်တို့ကျောင်းက ပန်းချီကျောင်း သားတစ်ယောက်ပဲလား" ဟု စပ်စုလိုက်သည်။

 

ချင်ရုန်က "မဟုတ်ဘူး၊ ပါမောက္ခက သူ့ကို သမီးတို့ရဲ့ကွင်းဆင်းလေ့လာရေးမှာ ကူညီဖို့ ခဏငှားထားတာ"

 

ချင်ရုန် စကားပြောပြီးသွားသည်နှင့် အခြားသူများသည် နောက်ထပ်မေးခွန်းများ မေးခါနီးတွင် ရုတ်ချည်းအသံတစ်သံဖြင့် နှောက်ယှက်ခံခဲ့ရသည်။

 

[Pfft~ ဒါဆို ချင်ရုန်ပြောခဲ့တဲ့ အထင်ကြီးစရာတွေ အား လုံးက သူ့အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပေါ့ ?]

 

 

ချင်ရုန်သည် ချက်ချင်းဆိုသလို ကျီဖေးအား ထိတ်လန့်စွာကြည့်လိုက်သည်။ မားမားချင်နှင့် ချင်ရန်သည်လည်း ဖြစ်ပျက်နေသမျှကို သဘောပေါက်ပြီး ဒီရုတ်တရက် အဖြစ်အပျက်မှာ ဝင်ရောက်စွက်ဖက်ရန်ကြိုးစားလိုက်သည်။

 

ဒါပေမယ့် ချင်ရုန်သည် စိုးရိမ်တကြီးနှင့် ရှင်းပြဖို့ကြိုး စားနေသည်ကို သူတို့တွေ့လိုက်ရသည်။

 

"ဒါပေမယ့် သူ သမီးအပေါ် အရမ်းကြင်နာပြီးနူးညံ့တယ်။ သမီး အမှားလုပ်မိရင်တောင် သူ အမြဲတမ်း စိတ်ရှည်တယ်"

 

အိုး... သူ ပြဿနာကို သတိမထားမိဘူးလား ?

 

သူ စကားပြောနေစဉ် ကျီဖေးကိုမကြည့်လိုက်မိသော ကြောင့် ချင်ရုန်သည် ကျီဖေး၏မှတ်ချက်ကို သူ ကြား လိုက်ရသည်ဟုထင်ကာ သူ့ ချစ်သူကိုသံသယဖြစ်နေ သည်ဟုခံစားရပြီး ရှင်းပြရန်အမြန်ပြေးလာခဲ့သည်။

 

ကျီဖေးသည် အနည်းငယ် ထူးဆန်းမှုတစ်ခုကိုရှာတွေ့လိုက်သည်။ အဲ့တာက ချင်ရုန်သည် စကားပြောနေစဉ် ရုတ်တရက် သူ့အားကြည့်လာခြင်းပင်။ ဒါပေမဲ့ သူ အများကြီးမတွေးမိခဲ့ပေ။ ချင်ရုန်သည် သူ့ ချစ်သူအား ထုတ်ဖော်ပြသပြီး အတည်ပြုချက်ရယူလိုခြင်းဟုသာ  ယူဆခဲ့သည်။

 

မားမားချင်နှင့် ချင်ရန် သက်ပြင်းချလိုက်သည်။

 

မားမားချင်က "ကောင်းပြီ မင်းပါးနဲ့ အာ့ကော အခုဒီမှာ မရှိဘူး။ ညနေကျ သူတို့ ပြန်ရောက်မှ ငါတို့ စကားပြောကြမယ်။ မင်း အိမ်ပြန်ရောက်နေပြီဆိုတော့ အခု အနားသွားယူလိုက်တော့။"

 

ချင်ရုန် နာခံစွာခေါင်းညိတ်လိုက်ပြီး ချင်ရန်သည် ကျီဖေး၏အခြေအနေများကိုရှင်းပြရန် အခွင့်ကောင်းယူဖို့ သူမ၏ညီမနှင့်အတူ အပေါ်ထပ်သို့လျှင်မြန်စွာလိုက်သွားသည်။

 

ခဏအကြာ ချင်ရုန်သည် ကုတင်ပေါ်တွင် အံကြိတ်ကာ ထိုင်လျှက် ချင်ရန်ကိုပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

 

"ကျဲ ? နင်..."

 

ချင်ရန်က သက်ပြင်းချပြီး "နင်ကိုယ်တိုင် ကြုံလာရင် နင် နားလည်မှာပါ။ အဲဒါကိုကြုံတဲ့အခါ နင် အရမ်းတုန်လှုပ်သွားလိမ့်မယ်လို့ ငါတို့ မျှော်လင့်ပြီးသား ဒါနဲ့ ကျီဖေးက သတိမထားမိဘူး။ ခုချိန်မှာတော့ မားမား၊ ပါးပါးနဲ့ ငါတို့ မောင်နှမတွေပဲ ကြားနိုင်မှာ"

 

"တကယ်လို့ အဲ့တာအမှန်ဆိုရင် ငါတို့ ကြားနိုင်တယ်ဆိုတာကို ဘာလို့ အာ့စောင်ကိုမသိစေချင်တာလဲ?"

 

ချင်ရန် နောက်ထပ်တစ်ကြိမ် သက်ပြင်းတစ်ချက်ချလိုက်ပြီးပြောလိုက်သည်။

 

"ဒါက မယုံနိုင်စရာပါပဲ၊ အကယ်၍ ကျီဖေးသာသိသွားရင် အဲ့တာက သူ့အပေါ်ကို ဆိုးကျိုးသက်ရောက်သွားမှာကို ငါတို့က စိုးရိမ်နေတာ။ ပုံမျန်ဆို လူတွေက သူတို့ရဲ့ အတွင်းစိတ်ထဲကအတွေးတွေကို အခြားသူတွေကကြားနေရတာကို မလိုချင်ကျဘူးလေ ဟုတ်တယ်မဟုတ်လား? ငါတို့က အဲ့ဒီကနေ အကူအညီတွေအများကြီးရပြီး...

 

 

ကောင်းပြီ ၊ အတင်းအဖျင်းတွေကိုလည်း အတူတူခံစားနိုင်တယ်၊ နင့်အာ့ကောလည်း တကယ်ကိုထိရောက်တဲ့အဖြေကို တိတ်တိတ်လေးရှာနေတာ။ အနည်းဆုံးတော့ ကျီဖေးရဲ့ အတွေးတွေ အနာဂတ်မှာမပေါက်ကြားတော့ဘူးပေါ့၊ သူ လိုချင်ရင် သူ့ကို တိတ်တဆိတ်ပျော်ရွှင်ခွင့်ပေးလိုက်ပါ။"

 

ချင်ရုန်ဟာ နားမလည်သော်လည်း ခေါင်းညိတ်လိုက်မြဲသာ..

 

ချင်ရန် ချင်ရုန်၏ခေါင်းကို ပွတ်သပ်ပြီး သူမ၏ အလေးအနက်ဆုံး အသံဖြင့် "မှတ်ထား၊ ဒါက ကျီဖေးရဲ့လျှို့ ဝှက်ချက်ပဲ။ ဒါကို အပြင်လူတွေကို ဘယ်တော့မှထုတ်မပြောမိစေနဲ့။ ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ကျီဖေးအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်။"

 

သူ့ကျဲ ထိုမျှလောက်အထိလေးလေးနက်နက်ပြောသည်က ရှားရှားပါးပါးဖြစ်၍ ချင်ရုန်သည် အခြေအနေတစ်ခုလုံးကိုသံသယရှိနေတုန်းဖြစ်သော်လည်း စိတ်အားထက် သန်စွာ ခေါင်းညိတ်လိုက်သည်။

 

သို့သော် ချင်ရန် စိုးရိမ်နေဆဲဖြစ်ပြီး ဆက်ဆံရေးတိုး တက်မှုအခြေအနေကို မေးမြန်းခဲ့သည်။ သူတို့သည် မည်သည့်မျဉ်းကိုမှ မကျော်ရသေးကြောင်း သိလိုက်သဖြင့် စိတ်သက်သာရာရသွားသည်။

 

မကြာခင်မှာပင် ချင်ရုန် ဖုန်းမြည်လာပြီး သူ့အမူအရာမှတဆင့် သူ့ ရည်းစားဖုန်းခေါ်နေခြင်းဖြစ်ကြောင်း ရှင်း ရှင်းလင်းလင်းသိလိုက်ရသည်။

 

ချင်ရုန်သည် ချင်ရန်အားမျှော်တလင့်တကြီးကြည့်လိုက်သည်။ ချင်ရန်သည် သူမအား ထား၍ထွက်ခွာခါနီးတွင် အောက်ထပ်မှငိုသံကို ရုတ်တရက်ကြားလိုက်ရသည်။

 

အဲ့ဒါ... ချင်ကျောက်ရဲ့ အသံလား ??