Ch 47
Viewers 24k

🍉 Chapter 47

 

 

 

ကျီဖေး စိတ်ထဲမှအတွေးများကိုနားထောင်ရင်း အများအားဖြင့် စိတ်ကောင်းရှိသော မားမားချင်နှင့် ချင်ရန်နှစ်ယောက်လုံးဒေါသထွက်နေကြသည်။ ဤတစ်ကြိမ်တွင် ကျီဖေး အသိပေးခြင်းမရှိဘဲ မိသားစုမှလူများကို အကယ်ဒမီသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။

 

ကျောင်းဂိတ်ပေါက်ဝ ကားပေါ်မှဆင်းလာစဉ် ချင်ရုန်ထံမှဖုန်းပြန်ဝင်လာပြီး သူ့အား တကူးတကရှာရန် မလိုတော့ပေ။

 

မားမားချင်သည် တုန်ရီနေေသာလက်များဖြင့် ဖုန်းကိုင်လိုက်သည်။ အဆုံးမှာတော့ ဤကဲ့သို့ နာခံမှုရှိပြီး အသိ ဉာဏ်ရှိသည့် သမီးလေးသည် သူ့အကြီးများအားလှည့် စားပြီး တစ်နေ့မှာ လုံးဝကိုခြားနားသည့် လူတစ်ယောက်အဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်ကို မည်သူ လက်ခံနိုင်မည်နည်း။

 

ချင်ရန် ဖုန်းယူ၍စပီကာဖွင့်လိုက်သည်။ ကျီဖေး ချက် ချင်းဆိုသလို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

 

"မား၊ သမီးကို ရှာနေတာလား"

 

[အံ့သြဖို့ကောင်းလိုက်တာ ချင်ရုန်ရဲ့အသံက သိပ်ဂရုမစိုက်ပုံတဲ့ပုံပဲ၊ သူ တကယ်ကြီးလွှမ်းမိုးခံထားရပုံပဲ။]

 

ထုံးစံအတိုင်းပင်၊ ထိုချင်ရုန်ဗားရှင်းသည် သူ့မားနှင့်ကျဲအတွက် ပိုလက်မခံနိုင်ဖွယ်ဖြစ်နေသည်။

 

"နင့် ဖုန်းကို ဘယ်သူဖြေတာလဲ ?" မားမားချင် တိုက် ရိုက်မေးသည်။

 

"အဲ့ဒါက ယောက်ျားလေးအတန်းဖော်ပါ။"

 

"ဘယ်က ယောက်ျားလေးအတန်းဖော်လဲ!"

 

"မား၊ ဘာလုပ်နေတာလဲ?"

 

ချင်ရုန်၏ လေသံသည် သူ့အမေ၏အလွန်အကျွံထိန်း ချုပ်မှုအား ညည်းညူနေသကဲ့ဖြစ်နေပြီး သူ ကျီဖေးထံမှ ဖော်ထုတ်ခံရပြီးဖြစ်ကြောင်း လုံးဝသတိမထားမိပေ။

 

"နင်..." မားမားချင် ဒေါသကြောင့်စကားမပြောနိုင်လုနီး ပါးဖြစ်သွားသည်။

 

"ရုန်ရုန်၊ နင် အခုဘယ်မှာလဲ" ချင်ရန် ချက်ခြင်းကြားဖြတ်မေးလိုက်သည်။

 

"ကျဲ ?... ညီမအခု ကျောင်းရဲ့အနုပညာစတူဒီယိုမှာ။"

 

[ဟမ် ? လိပ်ပြာသန့်ရဲ့လား ? လိမ်နေတာမဟုတ်ဖူးလား ? သူ ချန်ယွဲ့နဲ့ချိန်းထားတာဖြစ်နိုင်တယ် ကြည့်ရ အောင်...]

 

ချင်ရန်သည် အေးစက်သည့်လေသံဖြင့် "ငါတို့ အခု နင့်ကျောင်းဂိတ်ပေါက်ဝမှာ ရောက်နေတာ။ နင် အနုပညာစတူဒီယိုထဲမှာဆိုရင် ဆယ်မိနစ်အတွင်း ပရော်ဖက်ဆာဝမ်ရဲ့ရုံးခန်းကို လာခဲ့၊ နင့်ကို ငါတို့စောင့်နေမယ်!"

 

"ကျဲ!"

 

ချင်ရုန် ရုတ်တရက်ထိတ်လန့်သွားသည်။ ပရော်ဖက်ဆာဝမ်ဆိုသည်ကို ကြားလိုက်သည်နှင့် အခြေအနေဖော် ထုတ်ခံလိုက်ပြီဟု သူ တပ်အပ်သိလိုက်သည်။

 

"ညီမကို ဘာမှမပြောဘဲ ဘယ်လိုရောက်လာတာလဲ!"

 

"နင်လည်း ငါတို့ကို မပြောဘူးမဟုတ်လား ? အဲ့ဒီကို ဆယ်မိနစ်အတွင်း လာခဲ့” ဟု အစ်မကြီးတစ်ယောက်၏ မျှော်လင့်ထားသည့် တင်းကြပ်မှုကိုပြလိုက်သည်။

 

ထို့နောက် သူဖုန်းချလိုက်ပြီး မားမားချင်အားကျောင်းဝင်းထဲသို့ သွားရန်ကူညီလိုက်သည်။

 

[...ဆယ်မိနစ်၊ သူ မလုပ်နိုင်မှာကို ငါ စိုးရိမ်မိသား]

 

ချင်ရန်လည်း သူအခု ကျောင်းဝင်းထဲမှာမရှိပဲ ချိန်းတွေ့နေကြောင်းခန့်မှန်းမိသည်။ ထိုအကြောင်း သူ ပိုတွေးလေလေစိတ်ပျက်လေလေပင်။

 

သို့သော် အနောက်မှလိုက်လာနေသော ကျီဖေးပြောလိုက်သည့်စကားကို သူ မမျှော်လင့်ဘဲကြားလိုက်ရသည်။

 

[သူ အခု ငှားထားတဲ့တိုက်ခန်းမှာ သန့်ရှင်းရေးလုပ်နေတာကိုး...]

 

ချင်ရန်နှင့် မားမားချင်သည် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာကြည့်လိုက်ကာ နှစ်ယောက်သားလမ်းပေါ်တွင် ရပ်သွားကြသည်။

 

အဲ့တာ ချန်ယွဲ့ငှားထားသည့် တိုက်ခန်းဖြစ်လိမ့်မည်ဟု တွေးကြည့်ရန် မခက်ပေ။ ချင်မိသားစု၏အဖိုးတန် စတုတ္ထမြောက်သမီးသည် ယခုအချိန်တွင် ပန်းချီစတူဒီ ယိုထဲ၌ စုတ်တံကိုင်ရင်း သူ၏မျက်နှာပေါ်ဆေးရောင်များပေကျံနေလျှင်ပင် သူ သတိမထားမိနိုင်လောက်အောင်အာရုံစိုက်နေသင့်သည်။

 

ယခုတော့ ? သူ ဘာလုပ်နေတာလဲ ?

 

[သူ ရူးသွားပြီလား ?!]

 

ချင်ရန်နှင့် မားမားချင်: အမှန်ပဲ၊ အဲ့အချစ်က သူ့ အသိ စိတ်ကို ခိုးယူသွားခဲ့တာပဲ။

 

သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူတို့ဘယ်လောက်နုံအမှန်း သိလိုက်ရသည်။ ကျီဖေးထံမှ "ရူးသွပ်ခြင်း" ဟု ဖော်ပြနိုင်သည့် အခြေအနေမှာ ထိုမျှလောက်မရိုးရှင်းနိုင်ပေ။

 

[အဲဒါ အခုမှ အတူတူပြန်လာတာ မဟုတ်ဘူး၊ ချင်ရုန် ကျောင်းဝင်းထဲမှာ မနေတော့တာကြာပြီ။ သူ ချန်ယွဲ့နဲ့ အတူတူ ငှားထားတဲ့တိုက်ခန်းမှာ နေနေတာကိုး။]

 

အဲ့တာက ကြည်လင်နေသောကောင်းကင်မှ မိုးကြိုးတစ်စင်းပစ်ချသလိုပင်။

 

မားမားချင်၏ခြေထောက်တွေ ရုတ်တရက်အားနည်းသွားသည်။

 

"မား!"

 

ချင်ရန် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ့မားအား အမြန်ထူလိုက်သည်။

 

စနစ်မှပြထားသည့် ဒရာမာအားကြည့်ရှုနေသည့် ကျီဖေးသည် သူ့အား ကူညီရန်အမြန်ရောက်လာသည်။

 

[ချင်ရုန်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်က မားမားချင်ကို ဒီလောက်အထိ ထိခိုက်စေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူတို့ပြန်တွဲပြီး အတူတူနေနေကြတယ်ဆိုတာကိုသာ မားမားချင် သိသွားရင် တုန်လှုပ်ချောက်ချားပြီးဆေးရုံတန်းရောက်သွားမလား မသိဘူး?]

 

မားမားချင် အားယူကာ တုန်ရင်နေသောအသံဖြင့် ချင်ရန်အား "သွား... ရုန်ရုန်ရဲ့အိပ်ဆောင်ကို သွား၊ အခုချက်ခြင်း သွားစစ်ကြည့်"

 

[သွားကြည့်တာ ကောင်းတယ်၊ မားမားချင်လည်း ချင်ရုန်ရဲ့ပညာရေးက မှားယွင်းနေပြီ မှန်ကန်တဲ့သင်ကြားမှုကို ခံယူဖို့ အိမ်ပြန်ဖို့လိုတယ်လို့ထင်နေတာဖြစ်မယ်။]

 

ချင်ရန်လည်း အရှက်ရမှုကြောင့် မျက်နှာမှာဖြူဖျော့သွားရသည်။ သူ မားမားချင်အား ကျီဖေးထံအပ်ခဲ့ပြီးနောက် ယာဉ်မောင်းကိုခေါ်ကာ ချင်ရုန်၏အိပ်ဆောင်သို့အတူသွားခဲ့သည်။ လိုအပ်သည့် ချိတ်ဆက်မှုအားလုံးနှင့် နည်းလမ်းများအသုံးပြုပြီး ယနေ့ သူတို့ ချင်ရုန်အားအိမ်သို့ ခေါ်ကိုခေါ်ဆောင်လာရမည်ဖြစ်သည်။

 

ထို့နောက် ကျီဖေးသည် သက်လတ်ပိုင်းအရွယ်အမျိုး သမီးဖြစ်သည့် ပရော်ဖက်ဆာဝမ်အားတွေ့ဆုံရန် မားမားချင်နှင့်အတူလိုက်ပါခဲ့သည်။

 

မြတ်နိုးဖွယ်ရာ အရည်အချင်းတွေကြောင့်ဖြစ်စေ၊ ချင်မိသားစု၏မင်းသမီးလေးအပေါ် သူတို့၏အထူးဂရုစိုက်သည့် အခြေအနေကြောင့်ဖြစ်စေ၊ ပရော်ဖက်ဆာဝမ်သည် ချင်ရုန်၏အသုံးမကျသည့် အပြုအမူအားတား မြစ်ရန် အကြံပြုချင်သည့်အတွက် မားမားချင်အားဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

 

ပရော်ဖက်ဆာဝမ်သည်လည်း လိမ္မာပါးနပ်သည်။ မားမားချင်အား မြင်လိုက်သည်နှင့် တပြိုင်နက် ချင်ရုန်ထံ ချစ်သူရည်းစားဆက်ဆံရေးတစ်ခုရှိနေကြောင်း အရိပ် အမြွက်ပြောပြလာခဲ့သည်။

 

"သူ နိုင်ငံခြားကနေ လေ့လာရေးခရီးပြန်ရောက်လာပြီးကတည်းက အနေအထိုင်အဆင်မပြေဘူး။ မကြာသေးခင်ကလည်း သူ ပန်းချီဆွဲနေရင်း စိတ်တွေပျံ့လွင့်နေတာ၊ သူ့အလုပ်ကို အဆက်မပြတ်နှောင့်နှေးတာမျိုးတွေရှိနေတယ်။ ကျွန်မ သူ့ကို ကောင်လေးတစ်ယောက်လာခေါ်တ တစ်ခါတစ်လေတွေ့ဖူးတယ်... ဒါပေါ့ ဒီအသက် အရွယ်မှာ ချိန်းတွေ့တယ်ဆိုတာ ပုံမှန်ပါပဲ၊ ဒါပေမယ့် အဲ့တာကြောင့်နဲ့ သူ့အနာဂတ်ကို အနှောင့်အယှက်ဖြစ်ခွင့်မပေးနိုင်ဘူး။ ပြီးတော့ သူကအရမ်းထူးချွန်တဲ့ ပန်းချီ ဆရာတစ်ယောက်လေ။"

 

မားမားချင်၏မျက်နှာမှာ ဖြူဖျော့သွားသည်။

 

"ဒါပေါ့၊ စိတ်မပူပါနဲ့ ဒီကလေး လမ်းလွဲသွားရုံပါ၊ နောက် ပြီး ကျွန်မတို့ သူ့ကိုသေချာပြင်ခိုင်းပါ့မယ်။"

 

အစက သူတို့ ချင်ရုန်ရောက်လာရန် စောင့်မျှော်နေကြသော်လည်း ချင်ရန်သည် သူတာဝန်ပြီးသွားပြီဖြစ်ကာ ချင်ရုန် အသက်ပြင်းပြင်းရှူပြီး ပြေးမဝင်လာခင်မှာတင်ပြန်ရောက်လာခဲ့သည်။

 

"မား၊ ကျဲကျဲ၊ အာ့စောင်၊ ပါမောက္ခဝမ်"

 

ချင်ရုန်၏ ယဉ်ကျေးသိမ်မွေ့မှုသည် မူလအတိုင်းရှိ းနေသော်လည်း သူ့အားကြည့်နေသည့် လူတိုင်း၏အမူအရာမှာကောင်းမနေချေ။

 

အထူးသဖြင့် မားမားချင်နှင့် ချင်ရန်ဖြစ်သည်။

 

မားမားချင် စားပွဲပေါ်ရှိ လျှောက်လွှာဖောင်ကိုညွှန်ပြပြီး "နင့်ရဲ့ အကယ်ဒမီအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေ အားလုံးကို နင် သိပြီးသားပါ၊ အခု ဖောင်ဖြည့်လိုက်။"

 

ချင်ရုန်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသော် လည်း အဆုံးတွင် သူက "မား၊ သမီး အခုအရွယ်ရောက် နေပြီ။ သမီးမှာ သမီးရဲ့ကိုယ်ပိုင်အနာဂတ်လမ်းကြောင်းကို သမီးကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ သမီး မသွားချင်ဘူး"

 

ထိုသို့သောစကားများအား မျက်နှာချင်းဆိုင်ကြားလိုက်ရသဖြင့် မားမားချင်၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်နေရာမှ မထင်မှတ်ဘဲ ငြိမ်သက်သွားသည်။

 

"လူဆိုးလေးတစ်ယောက်ကြောင့်နဲ့ မင်း နှစ်ပေါင်းများစွာ မက်ခဲ့ရတဲ့ အိပ်မက်ကို စွန့်လွှတ်ချင်နေတာလား ?"

 

ချင်ရုန်၏မျက်နှာမှာ ဖြူဖျော့သွားပြီး ကျီဖေး၏ မှတ် ချက်ကို ကြားသည့်အချိန်တွင် သူ စကားပြောတော့မည်ဖြစ်သည်။

 

[ ကြည့်ရတာ မားမားချင် သိထားပြီးသားထင်တယ်။ မိန်းမတစ်ယောက်အနေနဲ့ ၊ မိန်းမတစ်ယောက်ရဲ့ခိုင်မာတဲ့ဆန္ဒကိုဖျက်ဆီးနိုင်ပြီး အချိန်တိုအတွင်း သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြင်းပြင်းထန်ထန်ပြောင်းလဲစေနိုင်တဲ့ အရာက ယောက်ျားတစ်ယောက်ရဲ့ သကာရည်စမ်းထားတဲ့ကျည်ဆန်တွေဆိုတာကို သဘာဝကျကျပဲ သူ သိနေတယ်လေ။]

 

ချင်ရုန်သည် ထွက်လာတော့မည့် စကားများအား မျိုချလိုက်သည်။

 

ထို့နောက် သူ ချင်ရန်ပြောသည်ကိုကြားလိုက်သည်

 

"ရုန်ရုန်၊ နင့်ရဲ့အိပ်ဆောင်ကို ငါ ရောက်ခဲ့တယ်။ စားပွဲနဲ့ ကုတင်ပေါ်မှာ ဖုန်မှုန့်တွေရှိနေတယ်။ နင် ဒါကို မိသားစုဆီကနေဖုံးထားနိုင်မယ်လို့ ထင်နေတာလား ? သုံးပတ်လောက် နင် အိမ်ပြန်မလာတာ အံ့သြစရာမဟုတ်တော့ဘူးပဲ။ ငါတို့က နင် ပုံဆွဲတဲ့နေရာမှာအာရုံစိုက်နေတယ်လို့ထင်နေကြတာ။ ရုန်ရုန်၊ နင် ငါတို့ကို တကယ်စိတ်ပျက်စေတယ်"

 

ချင်ရုန်၏မျက်နှာသည် ချက်ချင်းသွေးမရှိသကဲ့သို့ ဖြူ ဖပ်ဖြူရော် ဖြစ်သွားသည်။ ယောက်ျားတစ်ယောက်နှင့် အတူတူနေထိုင်ခြင်းသည် သူမကဲ့သို့ မိန်းမကောင်းတစ်ယောက်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်နေပြီဖြစ်ပြီး ယခုလိုဖော်ထုတ်ခံလိုက်ရသဖြင့် သူ အမှန်ပင် ကြောက်လန့်တုန်လှုပ်နေခဲ့သည်။

 

"မဟုတ်ဘူး... ကျဲတို့ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး၊ အဲ့တာ..."

 

[အဲ့တာက မင်းတို့ ပြန်ပေါင်းစည်းတဲ့အခါ ချန်ယွဲ့က မင်းကို ချင်မိသားစုက မင်းတို့ကိုခွဲထုတ်ဖို့ ဘာမဆိုလုပ်လိမ့်မယ်လို့ပြောတယ်၊ ဒါကြောင့် သူက မင်းမိသားစုကိုဖုံး ကွယ်ထားဖို့ ပြောခဲ့တာပဲ။ မင်းက တကယ်နာခံတတ်တာပဲ၊ လူဆိုးတွေနဲ့တွေ့မှာတောင် မကြောက်ဘူး။ အနှစ်နှစ်ဆယ်အတူရှိလာခဲ့တဲ့ မိသားစုနဲ့ တစ်လကြာတဲ့ရည်းစားဆက်ဆံရေးကြား ရည်းစားကိုရွေးလိမ့်မယ်လို့ ငါဖြင့် လုံးဝမထင်ထားဘူး။]

 

ချင်ရုန် စောင်းမြောင်းပြောခံရမှုကြောင့် မည်သို့စကား ပြန်ပြောရမည်မသိ၊ သူ့ ခြေလက်များအား မည်သည့်နေရာတွင် ထားရမည်မှန်းမသိတော့ပေ။

 

ထိုအမှန်တရားကိုကြားလိုက်ရသည့်အခါ မားမားချင်နှင့် ချင်ရန်တို့၏ မျက်နှာပေါ်မှ အမူအရာများမှာပိုကြောက်စရာကောင်းလာသည်။

 

"ဒီတော့ အရင်တစ်ခါဖြစ်ပြီးတာတောင်မှ နင် အခုထိမ နိုးထလာသေးဘူး။ ငါတို့က နင်နဲ့ အဲ့လူဆိုးကောင်လေးကို အခက်တွေ့အောင်လုပ်တယ်လို့ ထင်နေသေးတယ်‌ ပေါ့ ?" မားမားချင် ကြေကွဲစွာပြောသည်။

 

"သူက လူဆိုးမဟုတ်ပါဘူး၊ မားတို့အားလုံး သူ့ကိုအ ထင်လွဲနေကြတာ။"

 

ချင်ရုန်ပြောပြီးသည်နှင့် မားမားချင်သည် သူ့လက်အား မြှောက်လိုက်သည်။ ချင်ရန် တားထားခဲ့တာကြောင့်သာ မဟုတ်ရင်၊ ထိုချောမောလှပသည့်အမျိုးသမီးကြီးသည် ယခုတစ်ကြိမ်တွင် သူ့ အဖိုးတန်သမီးလေးအား ပါးရိုက်မိတော့မည်ဖြစ်သည်။

 

"မား၊ သမီးတို့အိမ်ပြန်ရောက်မှ ညီမလေးကို သင်ပေးလို့ရပါတယ်။ ဒီကိစ္စကို အရင်ရှင်းရအောင်။"

 

ချင်ရုန်လည်း ကြောက်လန့်ပြီး သူ့မျက်လုံးတွေချက် ချင်း စိုစွတ်လာသည်။

 

"မား၊ မားက သမီးကို ရိုက်ချင်တာလား ?"

 

ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးချိန်အထိ ချင်ရှန့်ပင်လျှင် ယခင်က ရိုက်နှက်ခံရဖူးသော်လည်း ချင်ရုန် ဘယ်တုန်းကမှရိုက်နှက်မခံရဖူးပေ။ ဒါ သူ ပထမဉီးဆုံးအကြိမ်ဒေါသထွက်နေသည့် မိခင်ဖြစ်သူနှင့် ရင်ဆိုင်ခဲ့ရပြီး လုံးဝအံသြသင့်သွားခဲ့သည်။

 

မားမားချင်၏မျက်လုံးများလည်း နီရဲလာသည်။ သူ ဒီသမီးကို အမှန်ပင်ရိုက်ချင်နေသည်။

 

ဒီသမီးသည် သူ ခက်ခက်ခဲခဲမွေးဖွားခဲ့ရသည့် သမီးဖြစ် ကြောင်း အသိအမှတ်မပြုနိုင်သလို အဘယ်ကြောင့် ရုတ်တရက်ခံစားလိုက်ရသနည်း ?

 

ပရော်ဖက်ဆာဝမ်သည် တင်းမာသောလေထုကိုဖြေ လျှော့ရန် သင့်လျော်သောအခိုက်အတန့်စကားစလိုက်သည်။

 

"ချင်ရုန်ကို လျှောက်လွှာအရင်တင်ခိုင်းလိုက်တာပေါ့ ? မနက်ဖြန် နောက်ဆုံးရက်ဖြစ်ဆိုတော့၊ နောက်ထပ် ကြန့်ကြာနေရင် အရမ်းနောက်ကျသွားလိမ့်မယ်"

 

ချင်ရန်သည် ချင်ရုန်အား အလျင်အမြန်တွန်းလိုက်ပြီး "သွား၊ မားကို စိတ်ဆိုးအောင်မလုပ်နဲ့"

 

သို့သော် ချင်ရုန့် ခြေဖဝါးသည်မြေကြီးပေါ် သံမှိုဆွဲရိုက်ခံထားရသကဲ့သို့ တစ်လက်မမျှမရွေ့ဘဲ အနည်းငယ်မျှသာယိမ်းယိုင်သွားသည်။