Chapter 51.2
Viewers 21k

Chapter 51.2




အားစန်း၏လပြည့်နေ့ပွဲအပြီးမှာ မိုးရွာခဲ့ပြီး ရာသီဥတုက သိသိသာသာ​အေးလာခဲ့သည်။ ခရိုင်မြို့က ရေခဲဆိုင်ကို လည်ပတ်ဖို့ မဖြစ်နိုင်တာကြောင့် မိသားစုတွေအားလုံးဆွေးနွေးပြီး ဆိုင်ပိတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျန်းချန်မင်ပြန်ရောက်လာတော့ သူက ထန်ချွန်းမင်၏အိမ်ကို စာရင်းစာအုပ်ယူဆောင်လာပြီး ဤကာလအတွင်း စာရင်းများနှင့် မိသားစုအသီးသီး၏ အမြတ်ဝေစုကို ရှင်းပြခဲ့သည်။

 

တခြားကိစ္စများကိုမပြောမီ ကျန်းချန်မင်က ပြောလိုက်သည်။ “မင်ကောအာ… မင်း အဲ့ဒီဆိုင်အတွက် ဘယ်လိုစီစဥ်ထားလဲ? ဆိုင်ပိတ်လိုက်ရင် ဖြုန်းတီးရာကျတယ်။ မင်း ရေခဲရောင်းရင်လည်း တစ်နှစ်ကို နှစ်လသုံးလလောက်ပဲ ရောင်းလို့ရလိမ့်မယ်။” အမြတ်များပေမယ့် လစ်လပ်နေသည့် အချိန်အတွင်း ဆိုင်ကိုငှားနိုင်ရင် ငှားခတွေအများကြီးပြန်ရနိုင်သည်။

  



“ဒါ…. ကျွန်တော့်မှာ စိတ်ကူးတချို့ရှိတယ်။ ဒါပေမယ့် ဒီနှစ်တော့ လုပ်လို့မရဘူး။” ထန်ချွန်းမင်က ခေါင်းကုတ်လိုက်သည်။ ရေခဲရောင်းတာက မူလတည်းက ယာယီစိတ်ကူးသာဖြစ်သည်။ ထို့အပြင် သူက ဆိုင်ကိုမငှားပဲ ဝယ်ခဲ့သည်မှာ ရေခဲလုပ်ခြင်းလုပ်ငန်းစဥ် ပေါက်ကြားသွားမှာ စိုးရိမ်လို့ဖြစ်သည်။ ကိုယ်ပိုင်ဆိုင်သုံးတာပိုကောင်း၏။

  

ထို့အပြင် ဤဆိုင်က အတော်လေးထူးခြားပြီး အနောက်ဘက်မှာ အပိုနေရာရှိသည်။ သူဆိုင်ဝယ်ပြီးနောက် နောက်ဖေးတွင် ယာယီရေခဲလှိုဏ်ဂူတူးရန် လူတစ်ယောက်ကို အထူးတောင်းဆိုခဲ့သည်။

  

“မင်းဘယ်လိုထင်လဲ? မင်ကောအာ” ကျန်းချန်မင်၏မျက်လုံးက တောက်ပလာသည်။ ဤကာလမှာ စီးပွားရေးလုပ်ရတာ အနည်းငယ်ခက်ပေမယ့် ရွာထဲမှာ လယ်လုပ်ရတာထက် စိတ်အားထက်သန်ပြီး ပြီးပြည့်စုံတယ်လို့ ခံစားရသည်။

 

လီဖုန်းက မင်ကောအာ၏အတွေးကိုနားလည်လို့ ရှင်းပြလိုက်သည်။ “အစက သူဆိုင်ဖွင့်ပြီး သိုးသားရောင်းဖို့ စီစဥ်ထားတာ။ အနောက်တောင်မှာ သိုးမွေးပြီး​တော့လေ။ ဒီနည်းနဲ့ ရေခဲရောင်းတဲ့ရာသီကို ရှောင်လို့ရတယ်။ သိုးသားက အရမ်းနာမည်ကြီးလို့ သူက နွေရာသီမှာ အချိန်ဆိုင်းထားခဲ့တာ။”

 

သူပြောပြီးသည်နှင့် ကျန်းချန်မင်၏ မျှော်လင့်တစားအမူအရာ​ကို မြင်လိုက်ရပြီး လီဖုန်း၏မျက်လုံးမှာလည်း အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူက မင်ကောအာကိုကြည့်ကာ ပြောလိုက်သည်။ “အချိန်ကျလာရင် မင်းက ဂရုစိုက်ရမယ့်သူပဲ။ မင်ကောအာက အိမ်မှာလုပ်စရာတွေရှိပြီး ကလေးနှစ်ယောက်ကို စောင့်ရှောက်ရဦးမယ်။”

 

ဝမ်မော့က သူ့ခင်ပွန်း စိတ်အားထက်သန်နေတယ်လို့ ခံစားရတာကြောင့် သူက သူ့ခါးပေါ်ကအသားကို ဆွဲဆိတ်လိုက်သည်။ ကျန်းချန်မင်က အံကြိတ်ကာ ရှက်သွားလေသည်။ “အလုပ်ဖြစ်ရင် ငါစားပွဲထိုးလုပ်လို့ရပါတယ်။” သူ့မှာလည်း ကိုယ့်ကိုယ်ကိုသိစိတ်ရှိသည်။

     

စားစရာရောင်းတာက ရေခဲမုန့်ရောင်းတာနဲ့ကွာခြားသည်။ လိုအပ်ချက်တွေ အများကြီးရှိသေးလို့ သူပိုလေ့လာချင်သေးသည်။ သူက ဤကာလမှာ အလုပ်ကြိုးစားခဲ့ပြီး စာရင်းစာအုပ်ထဲရှိ အသုံးများသော စကားလုံးအချို့ကိုပင် သိပ်နားမလည်နိုင်ခဲ့ပေ။

  

“စိတ်မပူပါနဲ့။ အစ်ကိုချန်မင်” ထန်ချွန်းမင်က အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ “အချိန်ကျရင် ဆိုင်ကိုကြည့်ရှုပေးမယ့် လူတစ်ယောက်လိုမှာပါ။ အစ်ကိုချန်မင်က စိတ်ဝင်စားတယ်ဆိုရင် ခင်ဗျားကိုခန့်ချင်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ သိုးအရေအတွက်က နည်းသေးတယ်။ ဒီကာလမှာ ခင်ဗျားက အရွယ်အလတ်စား သိုးတွေကို ရှာပြီး မွေးပေးလို့ရမလား? ရာသီဥတု​အေးနေတုန်း ခဏလောက်မွေးမြူလို့ရမယ်ထင်တယ်။” 

   

မူလက သူသည် မွေးမြူရေးအတိုင်းအထွာကို ဖြည်းဖြည်းချင်းတိုးချဲ့ရန် စီစဥ်ခဲ့သော်လည်း ဆိုင်တစ်ဆိုင်ရှိပြီး အသုံးမချခြင်းက နှမြေစရာကောင်းတာကြောင့် သူက အမြန်ဆုံးအသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

  

“ကောင်းပြီ.. ငါ့ကိုအပ်လိုက်ပါ။ ငါ မနက်ဖြန် ရှာလိုက်ပါမယ်။” ကျန်းချန်မင်က သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။

 

နောက်တစ်ခုက ရေခဲရောင်းရသည့်အမြတ်ဖြစ်၏။ ထန်ချွန်းမင်က သူတို့နဲ့စကားပြောရင်း စာရင်းစာအုပ်ကိုလှန်လိုက်သည်။ သူက စာရင်းတွေကို ရှင်းရှင်းလင်းလင်းမှတ်မိ၍ နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်ပြီး အမြတ်ငွေစုစုပေါင်းကို တွေ့လိုက်ရသောအခါ သူစိတ်ပြင်ဆင်ထားခဲ့ပေမယ့် အံ့သြတုန်လှုပ်သွားဆဲဖြစ်သည်။

 

“တစ်လအတွင်း.. ကျွန်တော်တို့ ငွေပြား၄၀၀နီးပါးရခဲ့တာလား!” ယင်းက ကြီးမားသောအမြတ်ဖြစ်သည်။ ထန်ချွန်းမင်က ဤအကြံကို စောစောမတွေးခဲ့မိလို့ နောင်တရနေသည်။ သူ နွေဦးအစမှာ ဆိုင်ဖွင့်နိုင်ခဲ့လျှင် ယခုနေ ငွေပြားတစ်ထောင်ရနိုင်လောက်သည်။ ထို့အပြင် ယင်းက ခရိုင်မြို့သာဖြစ်သည်။ ထန်ချွန်းမင်က နောက်ထပ်အမြတ်အစွန်းများကို မတွေးဝံ့တော့ပေ။

  



“ဟီး… ငါတို့ပူပြင်းတဲ့ရာသီဥတုကို ဖမ်းစားမိလိုက်ပြီ။” ကျန်းချန်မင်ကလည်း လွန်စွာဂုဏ်ယူနေ၏။ ဤလုပ်ငန်းကို တစ်ယောက်တည်းလုပ်လို့မရမှန်းလည်း သူသိသည်။ 

   

“လူချမ်းသာမိသားစုတွေကို ကျုပ်တို့ဆိုင်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ထင်ကျင့်ပိုင်ရှင်ကို ကျေးဇူးတင်ရမယ်။ ထင်ကျင့်ကလည်း​ ရေခဲအများကြီးဝယ်ခဲ့တယ်”



 

တခြားသူတွေအတွက်မူ သူတို့၏စွမ်းဆောင်ရ​ည်က ထန်ချွန်းမင်လောက်မကောင်းပဲ ပိုဆိုးသေးသည်။ သာမန်ကျေးလက်သားများအတွက်တော့ ငွေပြားအနည်းငယ်ရှာနိုင်တာ သို့မဟုတ် တစ်နှစ်ပတ်လုံး လယ်ကွင်းထဲမှာ အလုပ်ကြိုးစားပြီး ငွေဆယ့်နှစ်ပြားလောက်ရလာတာက အင်မတန်ကောင်းသည်ဟု ယူဆလို့ရသည်။

    

ဘုရားသခင်က သူတို့ကို ဂရုစိုက်လား ဂရုမစိုက်လားအပေါ်မှာလည်း မူတည်သေးသည်။ သဘာဝဘေးအန္တရာယ် သို့မဟုတ် လူလုပ်ဘေးဒုက္ခကြုံတွေ့ရပါက သူတို့တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားခဲ့လျှင်ပင် သူတို့အစာအိမ်ကိုမဖြည့်နိုင်ပဲ အခွန်အမျိုးမျိုးပေးဆောင်ရန် ခြစ်ကုတ်စုဆောင်းကြရသည်။ ယခု ငွေအမြောက်အများ ရုတ်ချည်းပေါ်လာသောအခါ သူတို့က ပူလောင်သလို ခံစားလိုက်ရသည်။

 



ရွာလူကြီးက ဆေးတံနှစ်ချက်ရှိုက်ရင်း မတော်တဆ အသက်ရှုကြပ်ကာ ချောင်းဆိုးသွားခဲ့သည်။ ရှန်းဖူလန်က သူ့နောက်ကျောကိုပုတ်ပေးကာ ဒေါသတကြီးပြောလိုက်သည်။ “ခင်ဗျား အသိဉာဏ်မရှိတာပဲ၊ ဒါကြောင့်နဲ့ လန့်သွားရလား?”

 

သာတူညီမျှ ကြက်သေသေနေသော ကျန်းရှို့နဲ့တာရှန်ကလည်း တုံ့ပြန်လာကာ ရယ်မောလိုက်ကြသည်။ သူတို့က လန့်သွားတာမဟုတ်ပဲ တစ်ရက်တည်းမှာ ငွေအများကြီးမြင်လိုက်ရ၍ ကြောက်သွားတာဖြစ်၏။

  

“ဟားဟား… နောက်နှစ်ဆိုပိုရဦးမှာ။ ငွေမြန်မြန်ခွဲလိုက်ကြရအောင်။” တစ်စုံတစ်ယောက်က ပြောဖို့တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသောအခါ ထန်ချွန်းမင်က လက်ခါယမ်းပြလိုက်သည်။  

   

“ဘာမှမပြောနဲ့။ သဘောတူထားတဲ့အတိုင်းပဲ လုပ်ကြမယ်။ ပြီး​တော့ ကျွန်တော်လည်း ခင်ဗျားတို့နဲ့တူတူပဲ။ ဒါက နဂိုတည်းက မထင်မှတ်ထားတဲ့ငွေပဲ။ ဒီတော့ ဒီနှစ်အနည်းငယ်အတွင်း ပါဝင်ပစ္စည်းရနေတုန်းမှာ ငွေများများရှာကြရအောင်”

 

သမားတော်ဟဲက ဝင်မပါပဲ ဘေးကနေနားထောင်နေသည်။ သူက ထန်ချွန်းမင်၏စကားကို ကြားလိုက်သောအခါ ကျေနပ်စွာရယ်မောလိုက်လေသည်။ ထန်ချွန်းမင်၏ စိတ်ဓာတ်က မှန်ကန်တယ်လို့သူထင်သည်။ သူက လုပ်နည်းကို စွဲစွဲမြဲမြဲကိုင်ဆောင်မထားပဲ လက်လွှတ်ဖို့ အချိန်တန်သည့်အခါ လွှတ်ပေးရမယ်ဆိုတာလည်းသိသည်။

 

တခြားကလေးတွေက အပြင်မှာဆော့ကစားနေ၍ ချော်လဲမသွားစေရန် ဤကိစ္စနဲ့ပတ်သက်ပြီး နားထောင်ခွင့်မပြုထားပေ။ လွတ်လပ်သောကလေးဖြစ်သည့် အားစန်းကသာ သမားတော်၏လက်ပေါ်ကနေ ရူးသွပ်စွာ သွားရည်ကျနေလေသည်။

 

ထန်ချွန်းမင်က အိမ်လုပ်မီးသွေးခဲတံကိုယူကာ မိသားစုတိုင်း၏ငွေကို ရေတွက်လိုက်သည်။ စာရင်းထဲရှိ ငွေ၃၈၃ ချောင်းက ဆိုင်ရှင်လစာနှုတ်ပြီးနောက် အသားတင်ဝင်ငွေဖြစ်သည်။ အညီအမျှခွဲဝေပြီးနောက် သူ့မိသားစုက ငွေပြား၉၀ကို ရရှိခဲ့သည်။ ကျန်းချန်မင်တို့ဇနီးမောင်နှံက တခြားသူများထက် ပိုရသည်။ 

   



သူတို့က ဆိုင်မှာအလုပ်ရှုပ်ခဲ့တာဖြစ်၍ လုပ်ခလစာခွဲယူသည့်အခါ ငွေပြား၈၀ရခဲ့သည်။ တခြားမိသားစုသုံးစုကတော့ ငွေပြား၇၀အသီးသီးရခဲ့သည်။ လက်ကျန်ငွေသုံးပြားကိုတော့ ထန်ချွန်းမင်က ရွာအတွက်ချန်ထားလိုက်သည်။

   

လူတိုင်းက ထိုအကြောင်းဆွေးနွေးခဲ့ကြပြီး ထန်ချွန်းမင်၏ မိထွေးမိသားစုမှလွဲ၍ မိသားစုအသီးသီးက ရွာကျောင်းအတွက် အသုံးပြုဖို့ ငွေငါးပြားထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါငွေကို ဆရာငှားရမ်းပြီး ကျောင်းလခထောက်ပံ့ရန် သုံးစွဲမည်ဖြစ်သည်။ လာမည့်နှစ်တွင် ရေခဲဆိုင်မှရရှိသော အမြတ်တစ်စိတ်တစ်ပိုင်းကို စာသင်ကျောင်းထိန်းသိမ်းရန် အသုံးပြုမည်ဖြစ်၏။

 

ထန်ချွန်းမင်က ရွာထဲမှာကျောင်းဖွင့်ဖို့ ဆရာတစ်ဦးကို ငှားရမ်းချင်ခဲ့သည်။ ကောလေးက ကျောင်းသွားပြီး စာသင်နိုင်လျှင် ပိုကောင်းလိမ့်မည်။ အမှန်တော့ သူက ထိုအကြောင်းကို စိတ်ထဲမှာသာတွေးနေပြီး ဤကမ္ဘာ၏ဓလေ့ထုံးတမ်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူက သူ့ကလေးကို အိမ်မှာပဲသင်ပေးလို့ရသည်။

 

တာရှန်နဲ့ ကျန်းရှို့က တစ်ယောက်ကိုတစ်ယောက်ပြုံးကြည့်ကာ ပြောလိုက်သည်။ “ဒါအရမ်းကောင်းတယ်။ ငါတို့ တာမောင်းနဲ့အာမောင်းကို ရွာပြင်က ကျောင်းပို့စရာမလိုတော့ဘူး။ သူတို့ ငါတို့ရွာ​ကကျောင်းကို တိုက်ရိုက်တက်လို့ရတယ်။ အဲ့ဒါက ကျောင်းလမ်းခရီးအတွက် အချိန်သက်သာလိမ့်မယ်။” 

 



အားလုံးက ငွေယူကာ ထွက်ခွာသွားပြီးနောက် ဟဲလောင်က အားစန်းကိုဖက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငွေသုံးရတာကြိုက်တဲ့ မင်းဖေ​ဖေကို ကြည့်လိုက်ပါဦး.. သူက ပျော်နေတုန်းပဲ။”



 

“အာ….” အားစန်းလေးက လက်သီးဆုပ်ပြီး တစ်ခုခုကိုထောက်ခံသလို အော်လိုက်လေသည်။

 



လီဖုန်းက ငွေကို လောဘတကြီး ရေတွက်နေသော ထန်ချွန်းမင်ကိုကြည့်ကာ သူ့မျက်လုံးထဲကအပြုံးမှာ ပိုမိုပြင်းထန်လာသည်။ သူက​ပြောလိုက်သည်။ “မင်ကောအာက ဒီလိုပဲကြည့်ကောင်းပါတယ်။” သူက ငွေကိုချစ်ပေမယ့် လောဘမကြီးပေ။ ကံအားလျော်စွာ သူက ပြန်လာကြည့်ခဲ့သည်။ မဟုတ်ပါက သူ ဤလူ၏ပုံစံကို လွတ်သွားလိမ့်မယ်။

 

သမားတော်ဟဲက လူငယ်မောင်နှံကို အပြုံးတစ်ခုဖြင့်ကြည့်ကာ အားစန်းကိုချီပြီး အပြင်ထွက်သွားခဲ့သည်။ “အားစန်းလေး .. အဘိုးကိုအဖော်ပြုပေးတာ မင်းပဲရှိတယ်။ အဘိုးက အားစန်းကို အပြင်မှာဆော့ဖို့ခေါ်သွားပြီး အင်းအစ်ကိုပေါက်စကို သွားရှာမယ်။”

 

“အာ….”

  

“ဟေ.. သမားတော်ဟဲဘယ်ရောက်သွားတာလဲ? သူ အခုလေးတင် အခန်းထဲမှာရှိနေတာ။” ပြုံးပြုံးရွှင်ရွင် ငွေရေတွက်နေသော ထန်ချွန်းမင်က မော့ကြည့်လိုက်ပြီး အဘိုးကြီးပျောက်သွားတာကို တွေ့လိုက်ရသည်။

 

နောက်တစ်နေ့မှာ ဝမ်ယင်ရောက်လာသောအခါ သူက ငွေကိုလွှင့်ပစ်မလိုပင်ဖြစ်သွားပြီး သံသယဖြင့်မေးလိုက်လေသည်။ “ဘာလို့အဲ့လောက်များနေတာလဲ? မင်းရဲ့ဝေစုကိုပါ ပေးလိုက်တာမလား?”

  

“ဘယ်လိုဖြစ်နိုင်မှာလဲ!” ထန်ချွန်းမင်က မျက်လုံးလှိမ့်ပြလိုက်သည်။ သူနဲ့ သူ့မိထွေး၏ဆက်ဆံရေးက အတော်လေးထူးဆန်းသည်။ သူတို့က ရင်းနှီးပေမယ့် ကျန်းရှိုနဲ့တခြားသူတွေလောက် အဆင်မပြေပေ။ သို့သော် သူတို့ဆက်ဆံရေးက ကျန်းရှို့နဲ့တခြားသူတွေထက် ခိုင်မာတာကို သူသိသည်။ “ကျွန်တော် စာရင်းစာအုပ်ထုပ်ပြရမလား?” 

  

“ထားလိုက်တော့. . မင်းပြလည်း ငါမှနားမလည်တာ။ မင်းငါ့ကိုမထောက်ပံ့ဘူးဆိုတာ သိရင်ပဲရပါပြီ။” ဝမ်ယင်က ဤထိတ်လန့်စရာအချက်အလက်ကို လက်ခံရန် အသက်ပြင်းပြင်းရှူပြီး မငြင်းပဲ တည်တည်ငြိမ်ငြိမ် လက်ခံခဲ့သည်။ ထန်ချွန်းမင်က သူ့မိထွေး၏နောက်ကျောကို အံ့အားသင့်သလိုကြည့်လိုက်သည်။

  

“ဒီနည်းကကောင်းပါတယ် ဖေဖေ ..” လီဖုန်းက နောက်ကနေ လှမ်းပြောလိုက်သည်။

 

ထန်ချွန်းမင်ကလည်း ရယ်လိုက်သည်။ ဟုတ်တယ်… ဒါကောင်းတယ်.. သူတို့ပိုနီးကပ်သွားလျှင် သူနေရခက်နေလိမ့်မည်။

 

ရွာလူကြီးက ဤရက်ပိုင်းမှာ အလုပ်ရှုပ်နေသည်။ သို့သော် သူက ပျော်ရွှင်နေ၏။ တခြားရွာမှရွာလူကြီးများ ရောင်းဖွင့်နိုင်ပြီးမှ သူကျောင်းဖွင့်မည့် အလှည့်ရောက်လာခဲ့သည်။ မျိုးနွယ်စုနှင့် ကျေးရွာအု​ပ်စုရှိ တခြားအကြီးအကဲများပင်လျှင် သူ အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ မ​ပြောနိုင်တော့ပေ။

 

ယခင်က မွမ်းမံပြင်ဆင်ထား၍ တိုက်ရိုက်အသုံးပြုနိုင်သော ဘိုးဘွားပိုင်ခန်းမတွင် ကျောင်းကိုထားရှိခဲ့သည်။ စားပွဲနှင့် ကုလားထိုင်များပြုလုပ်ရန် လက်သမားတစ်ဦးကိုငှားခဲ့သည်။ ရွာလူကြီးက ယခုချိန်တွင် တခြားအရာများနဲ့ အလုပ်ရှုပ်မနေပဲ ဆရာရှာရမည့် အရေးကြီးကိစ္စနှင့် ရှုပ်နေတာဖြစ်သည်။ ဆရာ၏အရည်အသွေး​က ကလေးများ၏ အနာဂတ်ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်နေသော​ကြောင့်ဖြစ်သည်။

 

သူ့သားနှစ်ယောက် ကျောင်းဆရာများအကြောင်းပြောပြတာကို သူမကြာခဏကြားခဲ့ဖူးသည်။ တချို့ဆရာများက ပညာတတ်များဖြစ်ကြသော်လည်း အချို့မှာ ပညာသိပ်မတတ်ရုံမကပဲ ကျောင်းသားများကိုပါ မုန်းတီးကြသည်။

   

ထို့​ကြောင့် ဆရာကိုရှာရုံမကပဲ ဆရာ၏အကျင့်စရိုက်ကိုလည်း စုံစမ်းသင့်သည်။ ရက်အတော်ကြာ​ပြေးလွှားပြီးနောက်​ နောက်ဆုံးတွင် အသက်ကြီးသောပညာရှင်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူက သူ့ကို ငွေသုံးပြားလစာပေးမည်ဟု ကတိပေးကာ စိုက်ပျိုးရာသီကုန်ဆုံးပြီးလျှင် ရွာမှာ စာလာသင်ပေးဖို့ ညှိနှိုင်းခဲ့သည်။ 

 

သတင်းက ရွာထဲပျံ့သွားတော့ တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ကျေးလက်သို့​ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသော ရွာသားများက ကျောင်းနေအရွယ်ကလေးများရှိသော မိသားစုများကို သတင်းမေးရန် ထွက်လာခဲ့သည်။ ကျောင်း၏အခြေအနေနှင့် ကလေးများကို ကျောင်းပို့ရန် ကျောင်းလခဘယ်လောက်လိုအပ်လဲ သူတို့ကသိချင်နေတာဖြစ်သည်။



 

မတိုင်ခင်က ရှန်းဖူလန်သည် ထန်ချွန်းမင်၏အိမ်မှာ ကလေးကူထိန်းပေးဖို့ အချိန်ရှိခဲ့သော်လည်း ယခုအခါတွင် လူများစွာက သူ့အိမ်ကိုနေ့စဥ်လာရောက်ကြ၍ သူ့မှာ သူတို့ကိုရှင်းပြရုံမျှဖြင့် အားလပ်ချိန်မရှိခဲ့ပေ။

    

ရွာလူကြီးကလည်း ထိုနည်းအတိုင်းပင်။ ဆရာရှာခြင်းကိစ္စရပ်ပြီးသည်နှင့် ရွာကိုပြန်လာသောအခါ သူ့အိမ်တွင် လူကြီးများရောက်နေခဲ့သည်။ ဘိုးဘွားပိုင်ခန်းမမှာ လှုပ်ရှားမှုများရှိနေ၍ ကျောင်းဖွင့်သည့်ကိစ္စကို ကောက်ချက်ချခဲ့တာဖြစ်ပေမည်။ သို့သော် သူတို့အားလုံးက ဆရာငှားဖို့ပိုက်ဆံ ဘယ်ကရသလဲ သိချင်နေကြသည်။ 

    


ရွာလူကြီးက တခြားသူများထက် ပိုမိုသက်တောင့်သက်သာရှိသော ဘဝမှာနေထိုင်ရသော်လည်း သူ့မှာ ခရိုင်တွင်ပညာသင်ကြားနေသည့် သားနှစ်ယောက်ရှိ၍ ဝန်ထုပ်ဝန်ပိုးက ပေါ့ပါးမနေပေ။