Chapter 51.3
မူလက ရွာလူကြီးသည် ဤကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရန် အချိန်ရှာချင်ခဲ့သော်လည်း ယခုမူ သူက ဘယ်သူ့ကိုမှရှာဖို့ မလိုတော့ပေ။ သူက မိသားစုအနည်းငယ်ကို ပိုက်ဆံမပေးစေချင်ပေမယ့် ရွာသားများကိုလည်း အသိမပေးချင်ခဲ့ပေ။ ဤသည်မှာ ပရဟိတတစ်ခုဖြစ်ပြီး ရွာထဲမှတခြားမိသားစုများက ၎င်းမှ ဘယ်လိုအကျိုးအမြတ်ရခဲ့လဲ သိသင့်ပြီး သူတို့နောက်ကွယ်မှာ မနာလိုဖြစ်ကာ ဂုဏ်သိက္ခာမထိခိုက်စေဖို့ဖြစ်သည်။
“ဟုတ်ပါတယ်…အဲ့ဒါက ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာတို့ရဲ့ ကြင်နာမှုကြောင့်ပါ။ သူတို့က ငါတို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုရှာပေးခဲ့တယ််။ ငါတို့ပိုက်ဆံနည်းနည်းရလာတော့ သူတို့က ရွာအတွက် လက်တွေ့လုပ်ဆောင်ချင်ခဲ့တာ။ ငါက ဆရာရှာပြီးရင် အားလုံးကို အသိပေးမယ်လို့တွေးခဲ့တာ။ စောစောပြောလိုက်ရင် အားလုံးစိတ်ပျက်နေရမှာစိုးလို့။ ဆရာတစ်ယောက်ရှာရတာ မလွယ်ဘူး။”
ရွာလူကြီးက လီဖုန်းနှင့် ထန်ချွန်းမင်ကို အလေးပေးဖော်ပြပြီး အနာဂတ်မှာ သူတို့ကိုစောင့်ရှောက်ပေးရန် ရွာအကြီးအကဲများကို တောင်းဆိုနေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်မိသားစု၏တတိယဦးလေးကို ပြောနေတာဖြစ်၏။ ယခုချိန်တွင် ရွာလူကြီးက သူ့ကိုယ်သူရူးသွားပြီလို့ ထင်နေပြီး မင်ကောအာ၏ကလေးများ မိသားစုသစ်ပင်မှာပါမည့်ကိစ္စကို မပြောပြခဲ့ပေ။
ယခုအတိုင်းပဲကောင်းပါ၏။ မင်ကောအာက ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့၍ အနာဂတ်မှာ ကလေးနှစ်ယောက်က လီမိသားစု၏မိသားစုသစ်ပင်တွင် ပါဝင်လာမည်ဖြစ်သည်။ မိသားစုထဲမှာ ကန့်ကွက်မှုအများကြီးရှိမှာမဟုတ်ဘူးလို့ သူယုံကြည်သည်။ သူတို့က လူတစ်ယောက်၏အကူအညီကိုယူပြီးလျှင် ထိုလူကို ဆန့်ကျင်လို့မရပေ။
“မင်းက တစ်ခုခုပဲ။ မင်းက အားလုံးကိုဖုံးကွယ်ထားပြီး ပြီးသွားမှပြောပြခဲ့တာပဲ။ ငါတို့သိရင် ငါတို့လည်း လူရှာပေးလို့ရတာပေါ့။ ဒါပေမယ့် မင်းက ဒီကိစ္စမှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဟားဟား နောင်တစ်ချိန်မှာ ငါတို့ကလေးတွေ သူများကျောင်းသွားပြီး ကျောင်းတက်စရာမလိုတော့ဘူး။” ဤသည်မှာ ရွာလူကြီးကိုထောက်ခံသော လီမိသားစု၏ လူကြီးဖြစ်သည်။ သူက သတင်းကိုကြားဖူးပေမယ့် ဤမျှလောက်ရုတ်ရုတ်သဲသဲဖြစ်မယ်လို့ မတွေးခဲ့ပေ။
“ဖုန်းရှောင်ကျစ်နဲ့မင်ကောအာအတွက် မလွယ်ပါဘူး။ ကံကောင်းတာက သူတို့ရွာကို ဂရုစိုက်နေသေးလို့ပေါ့။ ငါ့အမြင်အရဆို လူတော်တော်များများက သူတို့အတွက် အလုပ်လုပ်ပေးနေပြီး ငွေရှာနေကြတယ်။ နောင်မှာ ငါတို့ရွာက သူတို့ကိုပိုဂရုစိုက်ပေးရမယ်။ စိတ်ပျက်အောင်မလုပ်မိစေနဲ့။”
ဤသည်မှာ လူတော်တော်များများက ရွာကနေအကျိုးအမြတ်ရခဲ့လို့ဖြစ်သည်။ လူတစ်ချို့က ယခင်ကအဖြစ်အပျက်များကို တွေးတောကြသည်။ သူတို့က ထိုမိသားစုမျိုးကို ရွာမှနှင်ထုတ်လို့မရပေ။ သို့ဆိုလျှင် ဖျင်ရှန်ရွာက ဒုက္ခရောက်သွားလိမ့်မည်။ တခြားအကြောင်းတွေမပြောလျှင်ပင် ဖုန်းရှောင်ကျစ်၏ သူငယ်ချင်းများက သေချာပေါက် ရွာကိုကာကွယ်ပေးနိုင်သည်။
ကျောက်မိသားစု၏တတိယဦးလေးက လက်ကိုခါယမ်းကာ တစ်ခုခုပြောချင်ပေမယ့် အဆုံးမှာပါးစပ်ပိတ်လိုက်ရသည်။ အားလုံး၏အမူအရာကိုကြည့်ကာ သူတို့အားလုံး ရွာလူကြီးကိုထောက်ခံမှန်း သူသိသည်။ တကယ်တော့ မိသားစုတိုင်းမှာ လူငယ်လေးတွေရှိ၍ လူတိုင်းက သူတို့မိသားစုမှာ ပညာရှင်တစ်ယောက်ရှိလာဖို့ မျှော်လင့်သည်။
လူတစ်ယောက်က ရွာစာရင်းစာအုပ်ကိုကြည့်လိုက်တော့ အားလုံးလှူထားသော ငွေများကိုတွေ့လိုက်ရသည်။ ခဏလောက်စဥ်းစားပြီးနောက် သူကပြောလိုက်သည်။ “ငါတို့ နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်သွားလို့ရတယ်။ ဒါပေမယ့် နောက်နှစ်တွေမှာ ဘယ်လိုလုပ်မလဲ?” ရွာသားများက လစဥ်လစာ ငွေသုံးပြားမတတ်နိုင်ကြပေ။
ရွာလူကြီးက ဤကိစ္စကို အရင်တည်းက တွေးပြီးပြီဖြစ်ပြီး မိသားစုများနှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။ သူတို့အတွက် ဤငွေက ကောင်းကင်ပေါ်က ကျလာသောငွေလိုပင်။ ဒါကြောင့် သူတို့က ထပ်ပေးဖို့ မတွန့်တိုခဲ့ကြပေ။ “မြို့ထဲကအလုပ်ကို နောက်နှစ်မှာဆက်လုပ်မှာ။ ပြီးရင် ငါတို့မိသားစုတွေ ပိုက်ဆံတချို့ထုတ်လို့ရလိမ့်မယ်။ ဖြစ်နိုင်ရင် ဒီငွေကို ငါတို့ရွာထဲက ဘိုးဘွားပိုင်မြေမှာ ဧကအနည်းငယ်လောက်ချဲ့ပြီး ကျောင်းအတွက် သီးသန့်သုံးလို့ရတယ်။ ဒီလိုဆိုရင် ငါတို့ကျောင်းက ရေရှည်လည်ပတ်နိုင််လိမ့်မယ်။ မင်းမှာ ဆန္ဒရှိရင် မင်းလည်းနည်းနည်းပေးလို့ရတယ်။ လူတိုင်းရဲ့ထည့်ဝင်လှူဒါန်းမှုတွေကို မျိုးဆက်သစ်တွေသိအောင် မိသားစုသစ်ပင်မှာ မှတ်တမ်းတင်ထားမှာ။”
“မင်းက သေချာတွေးထားတော့ ငါတို့ငြင်းစရာမရှိပါဘူး။”
တကယ်တော့ တစ်စုံတစ်ယောက်က ငွေပေးနေသရွေ့ သူတို့မှာ ကန့်ကွက်စရာသိပ်မရှိပေ။ သူတို့က ယခုချိန်မှာ ငွေပေးသူကို မစော်ကားနိုင်ပေ။ မဟုတ်ပါက သူတို့၏အရှုံးသာဖြစ်ပေမည်။
ရွာလူကြီးနှင့် သူ့မိသားစုက ထန်ချွန်းမင်၏မိသားစုနှင့်အတူ ဘယ်လိုစီးပွားရေးလုပ်ပြီး ငွေမြန်မြန်ရခဲ့လဲ မသိချင်သူမရှိပေ။ တစ်လပဲကြာပြီး မိသားစုတစ်စုက ငွေငါးပြားထုတ်ပေးနိုင်ခဲ့သည်။
သူတို့လက်ထဲမှာ အများကြီးကျန်နေဦးမည်။ တကယ်မနာလိုစရာကောင်းလေသည်။ သို့သော် တခြားမိသားစုသာဆိုလျှင် သူတို့က ၎င်းကိုဖုံးကွယ်ထားပြီး ရွာအတွက် ရက်ရောကြမှာမဟုတ်ပေ။ ထို့ကြောင့် သူတို့ပြန်လျှင် သူတို့အိမ်က လူငယ်များကို နေရာတကာအနှောင့်အယှက်မဖြစ်စေဖို့ သတိပေးရပေမည်။
လူကြီးတွေထွက်သွားတော့ အများစုက စိတ်ကျေနပ်ခဲ့သည်။ သူတို့အတွေးကိုသေချာမသိသော လူအနည်းငယ်လည်းရှိသည်။
ယခင်က လူတစ်ချို့သည် လီစုန့်ကမ်းဘက်က ရပ်တည်ပေးခဲ့ပေမယ့် ယခု လီဖုန်းက သူတို့ကမျက်နှာကို ဖြတ်ရိုက်ခဲ့ပုံရသည်။ သူတို့က အရှက်ရနေခဲ့သည်။ လီဖုန်းက သူ့ဦးလေးနှင့်ဆက်ဆံရေးကို ပြေလည်စေရန်မကြိုးစားခဲ့ပဲ လီမျိုးရိုးမဟုတ်သူများကို အကူအညီပေးခဲ့သော်လည်း သူတို့က ယခုချိန်မှာ ဘာမှပြောလို့မရနိုင်ပေ။
သို့သော် သူတို့က လီဖုန်း၏အပြုအမူကို နားမလည်ခဲ့ပေ။ တာရှန်၏မိသားစုက အဆင်ပြေပြီး သူတို့က လီမိသားစုဝင်တွေဖြစ်ပေမယ့် ကျန်းချန်မင်ကရော ဘာလို့လဲ? သူတို့က တခြားမိသားစုမှ လူတွေဖြစ်သည်။ သူတို့က လီမိသားစုဝင်တွေ အများကြီးရှိတာကို လီမိသားစုကို ဘာလို့ဂရုမစိုက်တာလဲ?”
ကျောက်မိသားစု၏ တတိယဦးလေးက အိမ်ကိုဒေါသတကြီးပြန်လာခဲ့သည်။ သူက အခန်းထဲမှာတစ်ယောက်တည်းရှိပြီး ဆေးတံရှိုက်လိုက်သည်။ ယခုချိန်တွင် မိသားစုထဲက ဘယ်သူကမှ မဆူညံရဲကြပေ။
သူ့အမြင်တွင် ထန်ချွန်းမင်၏လုပ်ရပ်က ကျောက်မိသားစုကို ဆန့်ကျင်ရန် ရွာသားတွေကို အကူအညီတောင်းနေခြင်းဖြစ်သည်။ သူက ယခုချိန်မှာ ကောင်းမှုကုသိုလ်ပြုရန် ငွေသုံးနေပြီး အချိန်ကျလာရင် ကျောက်မိသားစု၏ မိသားစုသစ်ပင်ထဲမှာ ပါဝင်ချင်လိမ့်မည်။ ကျောက်မိသားစုက သူ့ကိုတားလျှင် တခြားမိသားစုတွေက ကျောက်မိသားစုကို အပြစ်တင်လိမ့်မည်။
တတိယဦးလေးက ကျောက်မိသားစုကို ရွာမှာ အကောင်းဆုံးလို့ထင်ခဲ့သည်။ ကျောက်မိသားစုမှာ စတုတ္ထအဆင့်အရာရှိတစ်ဦးရှိသည်။
သူသည် ထိုအချိန်က သစ်ပင်အကိုင်းအခက်၏ ကလေးအဖြစ်သာရှိသေးသော်လည်း ထိုအချိန်က မိသားစု၏ဂုဏ်ကျက်သရေမှာ ဖျင်ရှန်ရွာမှလယ်သမားများ တစ်ခါမှမမြင်ဖူးသည့်အရာဖြစ်တာကို သူသိသည်။
ကျောက်မိသားစုက ဆုတ်ယုတ်ကျဆင်းသွားပြီး သူတို့မိသားစုက နေရာအနှံ့ပျံ့ကျဲနေသော်လည်း သူ ထိုအချိန်က ဘုန်းကျက်သရေကို သတိရဆဲဖြစ်ကာ ဖျင်ရှန်ရှာသို့ ပျံဝဲလာသော ကျောက်မိသားစု၏ အကိုင်းအခက်တွင် သူ့ဘိုးဘေးများ၏ ဘုန်းကျက်သရေကို လက်ဆင့်ကမ်းလိုသည်။
ထို့ကြောင့် သူက ကျောက်လောင်စန်းအပေါ်မှာ မျှော်လင့်ချက်ကြီးမားခဲ့သည်။ အကြောင်းမှာ ကျောက်လောင်စန်းတွင် ရာထူးမြင့်အရာရှိတစ်ယောက်၏ ကိုယ်ရေးကိုယ်သွေးရှိလို့ဖြစ်သည်။ အချိနိကြာလာသည်နှင့်အမျှ ကျောက်မိသားစုကို အရာရှိအဆင့်သို့ ထပ်မံခေါ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
ဖျင်ရှန်ရွာနဲ့ပတ်သက်သော တတိယဦးလေး၏ ခံစားချက်က သူ့လူငယ်မျိုးဆက်လောက်ပင် မသန်မာပေ။ တစ်နေ့မှာ ကျောက်မိသားစုက ဖျင်ရှန်ရွာမှာ ထွင်ခွာသွားရမယ်လို့ သူယုံကြည်ခဲ့သည်။
ကျောက်မိသားစုက တစ်နေ့မှာ ကြွယ်ဝချမ်းသာလာလျှင်ပင် ဖျင်ရှန်ရွာကိုထောက်ပံ့ဖို့ တစ်ခါမှမတွေးဖူးပေ။ သို့သော် ယခုမူ လွန်ခဲသည့်နှစ်များအတွင်း ကျောက်လောင်စန်းက ရွာ၏ပထမဆုံးပညာရှင်ဖြစ်လာခဲ့သည်။ သို့သော် ဂုဏ်သရေများစွာကို မခံစားခဲ့ရပဲ တောင်သူလယ်သမားများ၏ လွှမ်းမိုးမှုကို ခံစားခဲ့ရသည်။ ကျောက်မိသားစုနဲ့ မသက်ဆိုင်ရင် တတိယဦးလေးက ခံစားနေရပါ့မလား?
“အထဲဝင်ခဲ့။” သူက သူဆေးတံကိုခေါက်ကာ သူ့သားငယ်လေးကို ခေါ်လိုက်သည်။ “ရက်အနည်းငယ်ကြာရင် ခရိုင်မြို့ကိုသွားပြီး ကျောက်လောင်စန်းရဲ့အိမ်ထောင်ရေးကိစ္စကို မေးခဲ့ပါ။ ပိုက်ဆံနည်းနည်းယူသွားပေးလိုက်။ ဒါမှ သူခရိုင်ကျောင်းမှာ စာကြိုးစားပြီး နာမည်တစ်ခုရလာမှာ။”
“အဖေ… ..” သားငယ်လေးက ဆို့နင်ပြီး ခုန်တက်မိမလိုဖြစ်သွားသည်။.
“ကောင်းပါပြီ.. မင်းဘာတွေတွေးနေတာလဲငါသိတယ်။ တတိယကလေး ရပ်တည်နိုင်မှ ငါတို့မိသားစုဆက်ရှင်သန်နိုင်မှာ။ အဲ့နေ့ရောက်ရင် ငါဘာလို့ တွန်းအားပေးခဲ့လဲ မင်းနားလည်လာလိမ့်မယ်။ မင်းက ဒီလိုဂုဏ်သရေမျိုးကို မမြင်ဖူးဘူး။”
သူ့အဖေ မှတ်ဉာဏ်တွေထဲနစ်မွန်းနေတာကို တွေ့လိုက်ရတော့ အငယ်ဆုံးသားက တံခါးဆောင့်ပိတ်ကာ ဒေါသတကြီးထွက်သွားခဲ့သည်။ သူ့အမြင်မှာ သူ့ဝမ်းကွဲက သူတို့ကျောက်မိသားစုထံက ပိုက်ဆံတွေကို စုပ်ယူသည့် ကပ်ပါးကောင်ဖြစ်သည့်အပြင် ယခုမူ သူ့မိသားစုမှ ငွေကိုလည်း စုပ်ယူနေခဲ့သည်။ သူ့အဖေက သူတို့ကို ပုန်ကန်ဖို့တွန်းအားပေးနေသည်။
မင်ကောအာနှင့် ဆက်ဆံရေးကောင်းသူများ ယခုဘယ်လိုကြွယ်ဝချမ်းသာနေလဲကြည့်ပါ။ ဦးလေးကျောက်၏မိသားစုကလည်း သူတို့ထက် ပိုအဆင်ပြေနေပေမယ့် ဦးလေးကျောက်က ကျောက်မိသားစုဝင်ဖြစ်နေသေးသည်။
သူက မင်ကောအာကို နည်းနည်းကြင်နာပြပြီး နည်းနည်းလေးသာ ကူညီခဲ့သည်။ သို့သော် မင်ကောအာက သူတို့မိသားစုကို ကောင်းကောင်းစောင့်ရှောက်ထားသည်။ ဒါကဘာလဲ? သူဟာ ကျေးဇူးတရားနဲ့ အမုန်းတရားကြားက ကွဲပြားမှုကို အလေးထားကြောင်းပြနေသည်။ သို့သော် ကျောက်မိသားစုသည် မူလက သူတို့၏သားအရင်းကို မောင်းထုတ်ခဲ့ပြီး သူတို့နဲ့ရန်သူဖွဲ့ခဲ့သည်။ သူတို့က ဒါကိုဘယ်လိုသည်းခံနိုင်မှာလဲ?
ထိုနေ့တွင် အကြီးအကဲလူကြီးများ အိမ်ပြန်ရောက်သောအခါ တချို့မိသားစုများက ပျော်ရွှင်နေပြီး တချို့ကတော့ အိမ်တွင် ပစ္စည်းများပစ်ခွဲကာ ပွက်လောရိုက်နေခဲ့သည်။
ရွာထဲက ကလေးအများစုမှာလည်း ပျော်ရွှင်နေပြီး ဆောင်းဦးပေါက်လျှင် ကျောင်းတက်လို့ရပြီလို့ သူတို့မိသားစုမှ လူကြီးများက ပြောခဲ့သည်။ သူတို့က တာမောင်းနှင့် အာမောင်းကိုလည်း အားကျစရာမလိုတော့ပဲ စာသင်လို့ရခဲ့ပြီဖြစ်သည်။ ဤကလေးများက ဘိုးဘွားပိုင်ခန်းမထဲရှိ စားပွဲနှင့်ခုံအရေအတွက် တိုးလာတာကိုကြည့်ရန် ဘိုးဘွားပိုင်ခန်းမသို့ နေစဥ်ပြေးသွားဖို့ မစောင့်နိုင်တော့ပေ။
ထိုသို့သော မျှော်မှန်းချက်ဖြင့် ဆောင်းဦးရာသီကိုရောက်လာပြီး တစ်ရွာလုံးအလုပ်ရှုပ်နေကြသည်။ သာယာသောရာသီဥတုမှာ ကောက်ပဲသီးနှံများရိတ်သိမ်းရန် သူတို့က နေ့ညအလုပ်ရှုပ်နေသော်လည်း စိတ်ထဲမှာတော့ ပျော်ရွှင်နေသည်။ ဤနှစ်တွင် ဘုရားသခင်ကြင်နာပေးခဲ့သည်။ ရာသီဥတုကလည်း ကောင်းတာကြောင့် စပါးရိတ်သိမ်းမှုက ယခင်နှစ်ထက်ပိုများလာပြီး သူတို့မှာ မျှော်လင့်ချက်များပိုရှိလာခဲ့သည်။
ထန်ချွန်းမင်၏အိမ်နောက်ဘက်ရှိ တောင်ရှင်းလင်းရေး ခေတ္တရပ်တန့်ခဲ့သည်။ ငှားထားသာလူများက သူတို့မြေမှာအလုပ်လုပ်ဖို့ ပြန်ခဲ့ရသည်။ လီဖုန်းက သူတို့ကို သူတို့အလုပ်ပြီးမှ ပြန်လာဖို့ပြောခဲ့သည်။ အားလုံးက စိတ်အားထက်သန်စွာ သဘောတူခဲ့သည်။ ဒီလိုလစာများပြီး တည်ငြိမ်တဲ့အလုပ်ကို ဘယ်မှာသွားရှာလို့ရမလဲ?
ယခုအခါ လီဖုန်းက ထန်ချွန်းမင်၏မြေကိုရှင်းပစ်ရန် အကြောင်းပြချက်ပိုများလာခဲ့သည်။ သူက ၎င်းကိုကိုင်တွယ်ဖို့ အလုပ်များနေသော်လည်း ထန်ချွန်းမင်၏ မြေဧကအနည်းငယ်မှာ ရွာသားများ၏ အာရုံစူးစိုက်မှုကို ရရှိနေဆဲပင်။ လူတိုင်းက ထန်ချွန်းမင်၏မြေရိုင်းမှ အထွက်နှုန်းကို စောင့်မျှော်နေခဲ့သည်။ အထွက်နှုန်းက သူတို့ထက်များနေလျှင် သူတို့က နောက်နှစ်တွင် မင်ကောအာထံမှ မျိုးစေ့တွေဝယ်မှာဖြစ်၏။
တောင်ပေါ်မြေက တခြားမြေများထက် ဆိုးရွားပြီး ခြောက်သွေ့တာကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် မကြာခဏရေလောင်းပေးဖို့လိုသည်။ သို့သော် ယင်းက တခြားမိသားစု၏အခြေအနေဖြစ်သည်။ ထန်ချွန်းမင်၏ မြေဧကအနည်းငယ်က တခြားသူတွေထက် စိမ်းလန်းစိုပြေသည်။
ဂျုံနှံများက လေးလံပြီး တခြားမိသားစုများထက် ပိုပြည့်သည်။ မြေယာနည်းသောမိသားစုအချို့က မင်ကောအာ၏မြေကို ကူရိတ်သိမ်းပေးရင်း ရလဒ်ကို စောစောကြည့်ခွင့်ရခဲ့သည်။.
သူ့လက်ထဲက ဂျုံကိုကြည့်ပြီး သူက စိတ်ထဲကနေ ချီးကျူးလိုက်မိသည်။ “ဒီမြေဧကရဲ့အထွက်နှုန်းက တောင်ခြေက လယ်မြေကောင်းတွေထက် မနည်းဘူး။” ရာသီဥတုကောင်းမွန်သည့် စပါးရိတ်သိမ်းနှစ်တွင် တောင်ခြေရှိ ကောင်းသောမြေက တစ်ဧကလျှင် ၃၀၀ကီလိုဂရမ်ထွက်ရှိသည်ဟု ယူဆနိုင်သည်။
မင်ကောအာ၏ဂျုံစပါးကို ရိတ်သိမ်းချိန်တွယ်လိုက်သောအခါ အစကနေအဆုံးထိ အလုပ်ရှုပ်နေသော လီဖုန်းသည်ပင် အံ့အားသင့်သွားခဲ့သည်။ ၎င်းက မျှော်မှန်းထားသည်ထက် ပိုများပြီး ကီလိုဂရမ်၅၀၀နီးပါးရှိကာ ထိုတောင်ပေါ်မြေ၏အထွက်နှုန်းထက် နှစ်ဆပိုများလေသည်။
ဤကိန်းဂဏန်းများကို အစီရင်ခံပြီးသည်နှင့်တစ်ပြိုင်နက် သူတို့၏ကိုယ်ပိုင်လယ်ကွင်းများမှာ အလုပ်ရှုပ်နေကြသော မိသားစုများက ထိတ်လန့်တကြား ပြေးထွက်လာခဲ့သည်။ မိသားစုတော်တော်များများက လီဖုန်းနှင့်ထန်ချွန်းမင်ထံ တိုက်ရိုက်ပြေးသွားကာ နောက်နှစ်မျိုးစေ့များအကြောင်း မေးခဲ့လေသည်။
အပိုစပါးက ခက်ခက်ခဲခဲရသည့်ငွေဖြစ်တာကြောင့် သူတို့က ဘယ်လောက်ပဲကုန်ကျပါစေ ဝယ်မှာဖြစ်သည်။