Chapter 48.1
ရာသီဥတုပိုပူလာပြီး ထန်ချွန်းမင်၏ အိပ်ငိုက်သောလက္ခဏာများ တော်တော်သက်သာလာခဲ့သည်။ လီဖုန်းက ထန်ချွန်းမင်၏ မီးဖွားချိန်ကို လွတ်သွားမှာစိုးရိမ်တာကြောင့် ပြောပြီးတာနဲ့ ချက်ချင်းထွက်သွားခဲ့သည်။ သို့သော် သူက ထန်ချွန်းမင်နှင့် အားလင်းကို အိမ်မှာထားခဲ့ရတာက စိတ်မချပေ။
သို့ဖြစ်၍ ထွက်မသွားခင်မှာ သူက ထန်ချွန်းမင်ကို အဖော်ပြုပေးရန် ကျန်းရှို့အားမှာခဲ့သည်။ ကျန်သည့်ကိစ္စရပ်များကိုတော့ တာရှန်၏လက်ထဲအပ်ခဲ့သည်။
ကျန်းရှို့က ထုံးစံအတိုင်းပင် မငြင်းခဲ့ပေ။ သူကလည်း လီဖုန်းထွက်သွားတော့ ထန်ချွန်းမင်ကို စိတ်ပူနေခဲ့သည်။ လီဖုန်းရှိနေစဥ်မှာ ထန်ချွန်းမင်က အားလင်းနှင့် နှစ်ယောက်တည်းရှိနေခဲ့သော်လည်း ယခင်တစ်ခေါက် ခိုးမှုအပြီးမှာ လီဖုန်းက ဘယ်လောက်တောင်နိုးကြားနေလဲ သူနဲ့တာရှန် သိခဲ့သည်။
တစ်ဖက်လူက ခြံထဲမှာဆူညံသံကြားတိုင်း အပြေးလာလေ့ရှိသည်။
ခြံထဲမှာ ကြက်ကောင်ရေ ၃၀၀ ကျော် ဖမ်းမိခဲ့သည်။ သူတို့က ၎င်းတို့ကို တခြားသူများ၏အိမ်မှာသာ ဝယ်လို့ရသည်။ ထန်ချွန်းမင်က ယခုလေးတင် ကြက်ကိုရေတိုက်အစာကျွေးကာ အိမ်ထဲပြန်လာခဲ့သည်။
ပထမတော့ ကြက်နှစ်ကောင်က ဤနေရာမှာကျန်နေခဲ့ပြီး အားလင်းက နေ့တိုင်းကြက်ဥကောက်လေ့ရှိသည်။ ကြီးလာသောကြက်များက တောင်နောက်ဘက်ရှိ ကြက်ခြံကို ရွှေ့သွားခဲ့၍ အားလင်းက ခဏတာမျှ ငိုခဲ့လေသည်။
ထို့နောက် ထန်ချွန်းမင်က အားလင်းကိုချော့ရန် ကြက်ဥကောက်ပြီး ရောင်းခိုင်းပါ့မယ်ဟု ကတိပေးခဲ့ရသည်။ ယခင်ဘဝက ကလေးရှိခဲ့သော သူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်များက ကလေးများကို ကတိအလွယ်မပေးဖို့ မှာခဲ့သည်မှာ အံ့သြစရာမရှိပေ။ မဟုတ်ပါက လူကို ခေါင်းကိုက်စေမှာဖြစ်၏။ ထိုအတွက်ကြောင့် ထန်ချွန်းမင်သည် အားလင်းပျော်ရွှင်စေရန်အတွက် ကြက်ခြံမှ ကြက်မအကောင်ရေ နည်းနည်းဝယ်ယူခဲ့သည်။
နောက်ဆုံးမှာ အားလင်းက စိတ်ဆိုးပြေသွားလေ၏။
မိဘဖြစ်ရတာမလွယ်ပေ။ သူ ပိုက်ဆံရှာနေဖို့ပဲ အာရုံစိုက်လို့မရချေ။ အနာဂတ်မှာ သူ အားလင်းအတွက် ကြက်ဥရောင်းကာ ပိုက်ဆံစုရမည်။
ထိုအကြောင်းသိပြီးနောက် ကျန်းရှို့က ကလေးကိုသိပ်အလိုလိုက်သည့် ထန်ချွန်းမင်ကို ကြိတ်ရယ်နေသည်။ ကံအားလျော်စွာ အားလင်းက လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်ဖြစ်သည်။ သူ့ကောင်လေးနှစ်ယောက်သာဆိုလျှင် သူတို့တာရှန်ဆီမရောက်ခင် သူ့လက်ထဲမှာ တင်ပါးအရိုက်ခံရမည်ဖြစ်သည်။
ထန်ချွန်းမင်က အမှားလုပ်မိလို့ ကတိချိုးဖျက်ခဲ့မိတယ်လို့သာ ရှင်းပြနိုင်ခဲ့သည်။
ရှောင်ဟွာက စပျစ်ခင်းအောက်တွင် လဲလျောင်းနေစဥ် ရှောင်ဟေးနဲ့ရှောင်သိုက်က အိမ်ထဲတွင် လျှာထုတ်ကာ လဲလျောင်းနေ၏။
ကလေးသုံးယောက်က သူတို့အတွက် သီးသန့်ထားရှိပေးသော စာဖတ်ခန်းတွင် လက်ရေးလှလေကျင့်နေ၏။ ထန်ချွန်းမင်က သူတို့ကို အိမ်စာပေးထားခဲ့တာဖြစ်၏။
ကျန်းရှို့က ပန်းထိုးပစ္စည်းများကို ယူဆောင်လာကာ ပန်းထိုးရင်း ထန်ချွန်းမင်နှင့် စကားပြောပြီး ထန်ချွန်းမင် အပ်ချုပ်နေတာကို စောင့်ကြည့်နေ၏။ ထန်ချွန်းမင်က ကတ်ကြေးကိုကောက်ယူကာ ဝမ်းနည်းစွာဖြင့် အဝတ်အစားညှပ်နေရသည်။
ကံအားလျော်စွာ ခဏလောက်လုပ်ပြီးနောက် သူ့လက်တွေက တဖြည်းဖြည်းပြန်ကောင်းလာပြီး ယင်းမှာ မူလကိုယ်ချန်ခဲ့သော စွမ်းရည်များဖြစ်၏။ သူက စိတ်ထဲ၌ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူ့အရင်ဘဝက ထိုနာမည်ကြီးဒီဇိုင်နာများနှင့် အပ်ချုပ်သမားအများစုမှာ အမျိုးသားတွေဖြစ်တာကြောင့် အဝတ်စားချုပ်ရတာက ကိစ္စကြီးမဟုတ်ပေ။ ဤအချက်ကြောင့် ယောကျာ်းမပီမသဖြစ်လာသည်ဟု မဆိုလိုပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပန်းထိုးခြင်းအလုပ်ကိုတော့ လုံးဝထိမှာမဟုတ်ပေ။
သူ ယခင်က အားလင်းအတွက် အဝတ်အစားနှစ်စုံချုပ်ပေးပြီး ယခုမူ သူက လီဖုန်းပြန်လာလျှင် အံ့အားသင့်စရာပေးရန် လူကြီးဝတ်စုံချုပ်နေ၏။ ထန်ချွန်းမင်က ဇနီးကောင်းတစ်ဦး၏လမ်းကြောင်းသို့ ဦးတည်နေပြီဟု ခံစားလိုက်ရသည်။
“အို့… အဲ့နေ့ကိစ္စကို မင်းမသိလောက်ဘူး… ငါလည်း တခြားကောတွေဆီက ကြားခဲ့တာ။” ကျန်းရှို့က ပြန်သတိရသွားသည်။ “ရိတ်သိမ်းမြေမှာ အဲ့နေ့က လီစုန့်ကမ်းရဲ့ဇနီးနဲ့ သူ့ကောလေးလုပ်ခဲ့တာ အရမ်းရှက်ဖို့ကောင်းတယ်။”
“အာ? အဲ့ဒီကောက ဘာထပ်လုပ်ခဲ့တာလဲ?” သူ့ကို တရားပို့ချတဲ့အပြင် တစ်ခုခုလုပ်ခဲ့သေးတာလား?
“မှန်တယ်… သူတို့က ကိုယ့်အရှက်ကိုယ်ခွဲခဲ့တာပဲ။” ကျန်းရှို့က အထင်သေးသလိုပြောလိုက်သည်။ “သူတို့က စစ်သားစားပွဲဝိုင်းကိုသွားပြီး လီဖုန်းရဲ့ဆွေမျိုးတွေပါဆိုပြီး တစ်ခုခုပြောခဲ့တယ်။ လီဖုန်းအနားမှာမရှိတဲ့အချိန် သွားခဲ့တာပဲ။ သူတို့က လူတွေကို အဆင့်အတန်းခွဲခြားဖို့ ကြိုးစားနေတာ။ ပြီးတော့ အဲ့ဒီကောလေးရဲ့အပြုအမူက….. ငါက အိမ်ထောင်သည်ကောတစ်ယောက်ဆိုပေမယ့် အဲ့ဒါကိုပြောရမှာတောင်ရှက်တယ်။”
ထန်ချွန်းမင်က ကြောင်အသွားသည်။ “သူဘာလုပ်နေတာလဲ? သူလက်ထပ်ဖို့ အဲ့ဒီထဲကတစ်ယောက်ကို ရွေးချင်တာလား?”
ကျန်းရှို့က မျက်စောင်းထိုးလိုက်သည်။ “သူက မတုံးဘူး။ ယွိမုနဲ့ တခြားသူတွေက တင်းကျိုးခရိုင်ကလာပြီး အရာရှိတွေမှန်း သူသိတယ်။ သူ တကယ်လက်ထပ်နိုင်ခဲ့ရင် မြို့ပေါ်မှာ ဘဝကောင်းစားဖို့ အဲ့ဒီလူနောက်လိုက်သွားလို့ရတယ်မလား? ဒါပေမယ့် သူတို့က လူတိုင်းကို ငတုံးတွေလို မဆက်ဆံသင့်ဘူး။ သူတို့က အာရုံအစိုက်မခံရပဲ လျစ်လျူရှုခံလိုက်ရတယ်။ သူတို့က ဆွေမျိုးတွေပါဆိုပြီး ပြောခဲ့တာတောင်လေ….”
ထန်ချွန်းမင်က ရယ်မိသွားသည်။ ရက်အနည်းငယ်နေပြီးနောက် ထိုလူတွေက သူနဲ့ လီဖုန်းကို ထိုကိစ္စပြန်မပြောပြခဲ့ပေ။ ကျန်းရှို့ပြောတာမှန်သည်။
ဤနေရာကိုရောက်ရှိလာသူများက လီဖုန်းနဲ့ ထိုဆွေမျိုးများကြားရှိ ဆက်ဆံရေးကို မသိကြဘူးလို့ သူတို့က ထင်နေခဲ့တာပင်။ တခြားသူများအပြင် ပေါက်တက်ကရပြောတတ်သူ ယွိမုကလည်း သူမလာခင်က အားလုံးကိုပြောပြခဲ့လောက်သည်။
သူတို့စကားပြောကာ ရယ်မောနေစဥ် လူတစ်ယောက်က ခြံတံခါးလာခေါက်ခဲ့သည်။ ကျန်းရှိုက လက်ထဲကပစ္စည်းများကို အောက်ချကာ တံခါးဖွင့်ဖို့သွားခဲ့သည်။
ထန်ချွန်းမင်က ဂရုမစိုက်ပေမယ့် ခဏစောင့်ပြီးနောက် ကျန်းရှို့ပြန်ရောက်မလာပဲ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“မင်း..ဒီမှာဘာလုပ်နေတာလဲ? မင်းကို ဒီနေရာမှာမကြိုဆိုဘူး.. မင်ကောအာက မင်းကိုဧည့်ခံဖို့ အချိန်မရှိဘူး။”
“...ခင်ဗျားက မင်ကောအာမဟုတ်ဘူး။ ဒါက ခင်ဗျားအိမ််မဟုတ်ဘူး။ ခင်ဗျားစကားကို ဘာလို့နားထောင်ရမှာလဲ? ပြီးတော့ ကျွန်တော်နဲ့ မင်ကောအာရဲ့ဆက်ဆံရေးက ခင်ဗျားထက် ပိုရင်းနှီးတာယ်။ ကျွန်တော်တို့ကဆွေမျိုးတွေပဲ…..”
သူ့နောက်ကအသံက ရင်းနှီးနေသည်။ ဒါက အဲ့ဒီနေ့တုန်းက ရိတ်သိမ်းမြေမှာ သူ့ကို ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ သင်ခန်းစာပေးခဲ့တဲ့ ကောလေးမလား? သူ ဒီမှာဘာလုပ်နေတာလဲ? ထန်ချွန်းမင်က စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး ခါးကိုင်ကာ လျှောက်ထွက်သွားခဲ့သည်။
ခြံတံခါးရှေ့တွင် တစ်ယောက်က အထဲဝင်ချင်တာကို တစ်ယောက်ကဝင်ခွင့်မပေး၍ တစ်ယောက်နဲ့တစ်ယောက်တွန်းနေကြသည်။
ကောအာလေးက ထန်ချွန်းမင်ထွက်လာတာကိုတွေ့တော့ အော်လိုက်သည်။ “မင်ကောအာ… ကျွန်တော့် ဝမ်းကွဲအစ်ကိုဖုန်း အိမ်မှာမရှိတာကိုသိတယ်။ ဒါကြောင့် ခင်ဗျားနဲ့သီးသန့်စကားပြောဖို့လာခဲ့တာ။ ဒီလူက ဘာလို့ငါ့ကို အထဲဝင်ခွင့်မပေးတာလဲ? အစ်ကိုလီဖုန်းက ကျွန်တော့်ရဲ့ဝမ်းကွဲအရင်းပါ။”
ဆိုလိုရင်းက သူ့မိသားစုက တာရှန်တို့မိသားစုထက် သူနဲ့ပိုရင်းနှီးတာဟူ၍ပင်။
ထန်ချွန်းမင်နှင့် ကျန်းရှို့တို့က ထိုကော၏အရေထူမှုကို လျှော့တွက်မိခဲ့သည်။ ထန်ချွန်းမင်က ဆယ်ကျောသက်အရွယ်နဲ့ ငြင်းခုံရမှာပျင်းရိနေ၏။ မဟုတ်ပါက သူက လူကြီးဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ပြောဦးမည်။
သို့သော် ယခုချိန်မှာ သူ၏လျစ်လျူရှုမှုက တခြားသူများ၏အမြင်တွင် လိုက်လျောမှုတစ်ခုဖြစ်နေကြောင်း သူသိလိုက်ရသည်။ ဒါမှမဟုတ် သူ့ကိုအနိုင်ကျင့်လို့ရတယ် ထင်နေတာလား?
ဒါမှမဟုတ် အဲ့ဒီနေ့က ရွာရင်ပြင်မှာ ပြောခဲ့တဲ့စကားတွေက အလုပ်ဖြစ်တယ်လို့ ထင်နေတာလား?
“အစ်ကိုရှို့ ဝင်ခွင့်ပြုလိုက်ပါ။” သူ အရင်က ဂရုမစိုက်ပေမယ့် လူကြီးတစ်ယောက်အဖြစ် သူ ထိုကလေးကို မဖြေရှင်းနိုင်ဘူးလို့ မထင်ပေ။
“ဟင်း….. ကြည့်… မင်ကောအာက ကျွန်တော့်ကိုဝင်ခွင့်ပေးတယ်။ ခင်ဗျားက ဒီနေရာကို ခင်ဗျားအိမ်လို့ထင်နေတာလား” ကောအာလေးက ကျန်းရှို့ကို မောက်မာစွာကြည့်လိုက်ပြီး ခြံဝန်းထဲလျှောက်သွားကာ မျက်နှာပေါ်က အပြုံးကြီးဖြင့် ပြောလိုက်လေသည်။
“မင်ကောအာ… ကျွန်တော် ခင်ဗျားကို အဖော်ပြုပေးမယ်။ ခင်ဗျားမှာ စကားပြောဖော်ရှိရင် အချိန်ကုန်မြန်လိမ့်မယ်။ ပြီးတော့ တခြားကိစ္စတွေလည်း ကူညီပေးလို့ရပါတယ်။ ခင်ဗျားဗိုက်ကြီးနဲ့ အလုပ်လုပ်ရတာ အဆင်မပြေလောက်ဘူး။”
ထန်ချွန်းမင်က ဤကောအပေါ် ကောင်းသောထင်မြင်ချက်မရှိသလို သူ့စကားတွေကို အလေးမထားမှန်းလည်း ကျန်းရှို့သိပေမယ့် သူက တစ်ခုခုအလွန်အကျွံလုပ်မိမှာစိုး၍ ထန်ချွန်းမင်ဆီ အမြန်ပြန်သွားခဲ့သည်။
ထွက်မသွားခင် လီဖုန်းက မင်ကောအာကို သူ့ဆီအပ်ခဲ့တာမို့ သူက ထိုကောကို သတိထားစိုက်ကြည့်လိုက်သည်။ သူက ထိုကော၏အတွေးကို လျှော့မတွက်ဝံ့ပေ။
ဤအပြုံးက အားလင်းနှင့်ယှဥ်လျှင် အတုယောင်ဆန်လွန်းသည်ဟု ထန်ချွန်းမင်တွေးလိုက်သည်။ သူ့အတွေးအားလုံးက သူ့မျက်နှာပေါ်မှာပေါ်နေသည်။
သူကို မထီမဲ့မြင်ပြုကာ ခယဝယလုပ်နေသော တစ်စုံတစ်ယောက်ကိုကြည့်ရင်း အကြာကြီးကြည့်မိလျှင် သူ့မျက်လုံးများပျက်စီးသွားမှာကိုပင် စိုးရိမ်မိသည်။
သူက သူ့စကားကို စောင့်မျှော်နေသည်။ သူမပြောလျှင် ထန်ချွန်းမင်က သူ့ကိုပြောခိုင်းမှာဖြစ်၏။ သူက မျက်ခုံးပင့်ကာ ပြုံးပြလိုက်သည်။ “မင်းငါ့အတွက် တွေးပေးတာကောင်းတယ်။ အားဖုန်းထွက်သွားကတည်းက ငါအဆင်မပြေဘူး။ အရင်က ဒါတွေအားလုံးကို အားဖုန်းတစ်ယောက်တည်းလုပ်ခဲ့တာ။”
“အခု အားရှို့နဲ့ ငါမပြီးမှာစိုးရိမ်တယ်။ အားရှို့…. သိုးခြံကို ဒီနေ့ရှင်းဖို့လိုတယ်။ ရာသီဥတုပူပြီး အနံ့အသက်ထွက်နေတော့ ငါတို့နေ့တိုင်းသန့်ရှင်းရေးလုပ်ရတယ်။ ပြီးတော့ တင်းကုပ်နဲ့ကြက်ခြံကိုရောပဲ။ အို… ငါတို့မြေယာကိုသန့်ရှင်းရေးလုပ်ရဦးမယ်။”.
ကျန်းရှို့သာ ထန်ချွန်းမင်ပြောတာကို နားမလည်ခဲ့လျှင် သူတကယ်တုံးအလို့ဖြစ်မည်။ မင်ကောအာက ဆိုးသွမ်းပေမယ့် ဤအကြံက တကယ်ကိုပြီးပြည့်စုံသည်။ ဤကောအာလေးက အိမ်မှာတော့ အလုပ်မလုပ်ချင်ပေ။ သူ သူ့ကိုယ်သူ မြို့ပေါ်က ကောအဖြစ်ခံယူထားကြောင်း သူ့အစ်ကိုကောင်းက နာမည်ကောင်းဖြန့်ပြီးပြီဆိုတာ သူမသိခဲ့ပေ။
သို့ဖြစ်၍ သူက ချက်ချင်းပင်ပြောလိုက်၏။ “ဟုတ်တယ်… ငါ အခုလေးတင် အလုပ်လုပ်ဖို့ ခြံထဲသွားမလို့..ညီလေးက အချိန်ကိုက်ရောက်လာတာပဲ။ ငါအကူအညီလိုတယ်။”
ကောအာလေး၏မျက်နှာက ယင်ကောင်စားမိသလို ဖြူဖျော့သွားသည်။ သူက ရည်ရွယ်ချက်တစ်ခုကြောင့် ဤနေရာမှာ စကားပြောဖို့လာခဲ့တာဖြစ်ပေမယ့် ဤညစ်ပတ်သောအလုပ်များကို မလုပ်နိုင်ပေ။
ဝမ်းကွဲကိုသွေးဆောင်ခဲ့သော ဤအရှက်မရှိသည့်ကောက သူ့ဝမ်းကွဲကို ဘယ်လိုဆက်ဆံခဲ့လဲ ရွာသားများမြင်သင့်သည်။ သူက တခြားသူများရှေ့မှာ လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နေ၏။
ထိုနေရာတွင် မလှုပ်မယှက်ရပ်နသော ကောအာလေးကို မြင်လိုက်လျှင် ထန်ချွန်းမင်က ဂရုမစိုက်ပဲ ခွေးခြေခုံကိုကိုင်ကာ ကျန်းရှို့နောက်ကနေ ခြံအသစ်ကိုလိုက်သွားခဲ့သည်။ ကျန်းရှို့က သူ့ကိုတားချင်ခဲ့သည်။ မင်ကောအာက ဤဗိုက်ကြီးဖြင့် အလုပ်တွေလုပ်ဖို့ အဆင်မပြေပေမယ့် ထန်ချွန်းမင်က သူ့ကို အကြည့်တစ်ချက်ပေးလာတော့ သူရုတ်ချည်းနားလည်သွားခဲ့သည်။
ထန်ချွန်းမင် ဘာလှုပ်ရှားမှုမှမလုပ်ပဲ သူ့ပတ်ဝန်းကျင်က လူတွေကို ဘယ်လိုအမိန့်ပေးမလဲ။ ထန်ချွန်းမင်ကလည်း အလုပ်ရှုပ်နေခဲ့သည်။ ကောအာလေးတစ်ယောက်က သူများအိမ်မှာထိုင်ပြီး ဇိမ်နဲ့နေလို့ရပါတော့မလား?
“ဒီတိုင်းအလုပ်လုပ်နေသလို ဟန်ဆောင်လိုက်။” ကျန်းရှို့က အသံတိုးကာ ထန်ချွန်းမင်ကို အကြံပေးလိုက်သည်။
“သူကြာကြာနေနိုင်မယ်မထင်ဘူး?” ထန်ချွန်းမင်က သရော်လိုက်သည်။ သူက ဤနေရာကိုလာပြီး မောက်မာကာ လူတွေ သူ့ကိုစောင့်မျှော်ရအောင် လုပ်နေ၏။ သူ့ကိုစကားပြောရတာ အင်မတန်ပင်ပန်းသည်။ ထန်ချွန်းမင်က ဘောင်းဘီတိုနှင့် အရှည်ဝတ်လေ့ရှိသော သူ့ကိုယ်သူနဲ့ အားရှို့ကို နေသားကျနေ၍ စကတ်ဝတ်ထားသော လူကိုတွေ့သောအခါ မသက်မသာဖြစ်မိသည်။
သူတို့ခြံသစ်ကိုရောက်တော့ သူတို့နောက်ကနေ နေရခက်စွာ လိုက်လာသော ကောအာလေးကိုတွေ့လိုက်ရသည်။ သူက သူ့မျက်ဝန်းထဲရှိ လောဘကို မဖုံးကွယ်နိုင်ခဲ့ပေ။