Chapter 47.3
Viewers 21k

Chapter 47.3





ကြက်ခြံတစ်ခုလုံးကို ဦးလေးလျို၏ သားဖြစ်သူဇနီးမောင်နှံအား လွှဲပြောင်းပေးကာ သူတို့က နေထိုင်ဖို့နေရာနှင့် တစ်လကို ဝမ်းငါးရာရရှိပေမည်။ သူတို့က မြို့ထဲမှာပင် ဤအလုပ်မျိုးကို ရှာတွေ့မည်မဟုတ်ပေ။

 

ဦးလေးလျိုက ကောငယ်လေး ရှောင်ကျူးကျိကိုခေါ်လာသည်။ ​ရှောင်ကျူးကျိ၏အကျင့်စရိုက်က သူ့မိဘတွေလိုပင် တစ်သီးတစ်သန့်နေသော ကောတစ်ယောက်ဖြစ်၏။

  

“မင်အားမော့…ဦးလေးဖုန်း. “ ကောငယ်လေးက ရှက်ရှက်ဖြင့်ခေါ်လိုက်ပြီး ထန်ချွန်းမင်၏နောက်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။

   



“အားလင်းနဲ့ကစားချင်လို့လား?” ငါ့အိမ်ကိုလာဖို့ မင်းဘိုးဘိုးကိုပြောလိုက်။ ဦးလေးလျို… ကလေးက အပြင်ထွက်ကစားချင်ရင် လိုက်ပို့ပေးလိုက်ပါ။” 

    



ကလေးက သူ့အိမ်ကိုလာပြီး အားလင်းတို့နဲ့ ကစားရတာကြိုက်ပေမယ့် သူက ခဏခဏမလာပေ။ သူ ထန်ချွန်းမင်တို့အား နှောင့်ယှက်မိမှာကို လူကြီးတွေက မလိုလားတာဖြစ်မည်ဟု ထင်လိုက်သည်။

 

ဦးလေးလျိုက နှစ်ကြိမ်ရယ်မောလိုက်သည်။ “ဒီကလေးက ဦးလေးကို ဘယ်လိုအဖော်ပြုရမလဲ သိတယ်။ ဦးလေးအားရင် သူ့ကိုခေါ်လာပါ့မယ်။ မင်ကောအာ… ဒါတွေက မင်းနဲ့ဖုန်းရှောင်ကျစ်ရဲ့ကျေးဇူးပါ။ မင်းတို့သာအလုပ်မပေးရင် သူတို့က တုတ်နဲ့ရိုက်လည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဦးလေးက သူတို့ရဲ့အနာဂတ်ကိုစိတ်ပူနေတာ။”

 

သူ့မှာကလေးနှစ်ယောက်ရှိပြီး ကွယ်လွန်သွားသော ကောအာဘေးက အရှက်အကြောက်ကြီး၍ ဖြောင့်ဖြောင့်မတွေးနိုင်ပဲ သက်သေသွားခဲ့သည်။ သူက အလုပ်ကြိုးစားဖို့ပဲသိသည်။ သူသာ စိတ်ဓာတ်ကြံ့ခိုင်ခဲ့လျှင် သူ့ကလေးမှာ ဤအကျင့်စရိုက်ရှိလာမှာမဟုတ်ဘူးလို့ ဦးလေးလျိုက တစ်ခါတစ်လေ တွေးတတ်သော်လည်း ယခု ကလေးများက ကြီးပြင်းလာပြီဖြစ်၍ သူပြောင်းလဲလို့်မရတော့ချေ။

  

“ဦးလေးလျိုက ဘယ်သွားမှာမို့လို့လဲ? ဘယ်လိုပဲဖြစ်ဖြစ် အားလင်းက ခင်ဗျားကို အဘိုးလျိုလို့ခေါ်တာပဲလေ။” ထန်ချွန်းမင်က ဘာသိဘာသာ လက်ဝေ့ယမ်းပြပြီး သူဘယ်သူ့အတွက်လုပ်ပေးခဲ့လဲဆိုတာ အရေးမကြီးပေ။ သူက ရင်းနှီးသူများနှင့် ယုံကြည်လို့ရသူများအတွက် သေချာပေါက်လုပ်ပေးမှာဖြစ်၏။

 

မင်ကောအာ၏စကားက ယဥ်ကျေးတယ်ဆိုတာ သူသိသည်။ ပြတ်ပြတ်သားသားပြောရလျှင် ကျောက်မိသားစုက အားလင်းကို ကျောက်မိသားဝင်အဖြစ် မသတ်မှတ်သလို မင်ကောအာကလည်း အားလင်းကို ကျောက်မိသားစုဝင်အဖြစ် မသတ်မှတ်ချေ။

     



မင်ကောအာက သူ့ကိုဂရုစိုက်လို့ သူ့သားနဲ့သမက်ကို အလုပ်ခန့်ပေးခဲ့မှန်း သူကောင်းကောင်းသိသည်။ လူတွေက ကျေးဇူးသိတတ်ပြီး ကြင်နာမှုကိုပြန်ပေးဆပ်ကာ သူတို့၏အသိတရားကို မလွန်ဆန်သင့်ပေ။

  



“မင်ကောအာ…ဦးလေး မင်းနဲ့ဆွေးနွေးစရာရှိတယ်။” ဦးလေးလျို၏မျက်နှာပေါ်က အမူအရာမှာ သတိရှိလာပြီး သူက လီဖုန်းကိုမရှောင်ခဲ့ပေ။

 

ထန်ချွန်းမင်နှင့် လီဖုန်းက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဦးလေးလျို မည်သည့်စကားကို လေးလေးနက်နက် ပြောလာမလဲ သူတို့မသိခဲ့ပေ။ “ဦးလေး.လျို… ဘာလဲပြောပါ။”

  

“အဲ့ဒါက… ဟွမ်မိသားစုက ကလေး.. သူ့ကို ရွာလူကြီးအိမ်မှာ ကျွေးမွေးစောင့်ရှောက်ထားရဆဲပဲ။ ငါ စဥ်းစားနေတာ။” သူက သူ့မြေးအကြီးဆုံးကိုကြည့်ကာ အံကြိတ်ရင်းပြောလိုက်သည်။ “သူ့ကို့အိမ်ခေါ်လာပြီး ရှောင်ကျူးကျိအတွက် ဇနီးငယ်လေး*အဖြစ် ပျိုးထောင်ချင်တယ်။”

    

ထုံယန်ရှီးလား?**



(ကလေးသတို့သမီး)

  



ထန်ချွန်းမင်က အံ့အားသင့်သွားသည်။ မူလက ဟွမ်မိသားစုမှ ကောလေးလို့ကြားသောအခါ ဦးလေးလျိုက ထိုကလေးကိုမွေးစားမယ်လို့ ထန်ချွန်းမင်ထင်ခဲ့သည်။

   



ဥိးလေးလျို ကလေးတွေကိုသဘောကျတာ သူသိပေမယ့် သူက ထုံယန်ရှီးဆိုသည့် နာမည်လို့ မထင်ခဲ့ပေ။ တစ်နည်းနည်းဖြင့် သူဤနေရာသို့ရောက်ခါစမှာ အားလင်းက ထုံယန်ရှီးဖြစ်လုနီးပါးဖြစ်ခဲ့သည်။

 



ထို့အပြင် ရှောင်ကျူးကျိက အလွန်ငယ်ပြီး သူ့အဘိုးက သူ့ကိုလက်ထပ်ပေးဖို့ ကောတစ်ယောက်ရှာချင်သည်။ ထန်ချွန်းမင်က ရှောင်ကျူးကျိကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပေမယ့် သူ့လို ခေတ်သစ်လူသားတစ်ယောက်က ထိုအရာကို လက်ခံပေးလို့မရနိုင်ဖြစ်နေ၏။ 

 

လီဖုန်းက မင်ကောအာ၏ပခုံး​ကိုဖိကာ ဦးလေးလျိုကိုပြောလိုက်သည်။ “ဦးလေးလျို… ခင်ဗျား ကောလေးကို တိုက်ရိုက်မွေးစားရင် ဟွမ်မိသားစု ခင်ဗျားအိမ်ကိုရောက်လာမှာစိုးလို့ သူ့ကို ကလေးသတို့သမီးအဖြစ် ပျိုးထောင်ချင်တာလား?”

      

ကလေးသတို့သမီးအဖြစ်မွေးလျှင် ကောလေးက ဟွမ်မိသားစုဝင်မဖြစ်တော့ပေ။ ဟွမ်မိသားစုကလည်း အနာဂတ်မှာ လာနှောင့်ယှက်လို့မရတော့ပေ။ တကယ်တော့ သူ မွေးစားခံရသည်ဖြစ်စေ ကလေးသတို့သမီးအဖြစ် ပျိုးထောင်ခံရသည်ဖြစ်စေ ဦးလေးက ဟွမ်မိသားစု ထပ်ပေါ်လာမှာကို စိုးရိမ်စရာမလိုပေ။

    



လီဖုန်းက ဟွမ်မိသားစု အန်ဖျင်ခရိုင်မှာ တစ်သက်လုံးပေါ််မလာစေရန် ယွိမုထွက်မသွားခင် အပြီးဖြေရှင်းခိုင်းခဲ့သည်။

 

“ဦး​လေး အဲ့ဒါကိုစိတ်ပူတာ…” ဦးလေးလျိုကပြောကာ ရှက်နေ၏။ သူက ယခုလိုလုပ်ပြီး မင်ကောအာကို စော်ကားနေတယ်လို့ ခံစားခဲ့ရသည်။ တကယ်တော့ ကောလေး၏ မွေးဖခင်က မင်ကောအာကိုလုပ်ကြံခဲ့သည်။ ထိုအကြောင်းတွေးကြည့်လိုက်တော့ သူက ရင်ထဲမှာ စိတ်မကောင်းဖြစ်ကာ ပြောလိုက်၏။ “ရှန်းဖူလန်ကိုပဲ အပြင်မှာမိသားတစ်ခု ရှာခိုင်းလိုက်ပါ့မယ်။”

  



“ဦးလေးလျို” ထန်ချွန်းမင်ကလည်း တုံ့ပြန်လို​က်သည်။ သူကပြုံးပြီးခေါင်းခါပြလိုက်သည်။ “ဦးလေးလျို…ဘာတွေပြောနေတာလဲ? ကျွန်တော်က ထုံယန်ရှီးနဲ့ပတ်သက်ပြီး စိတ်ပူတာပါ။ ကျွန်တော့်သားလေး အားလင်းက ထုံယန်ရှီးအခြေအနေကို ရောက်လုနီးပါးဖြစ်ခဲ့တာ။ ဒါပေမယ့် ဦးလေးလျိုလို မိသားစုကောင်းတစ်ခုက အဲ့ဒီကောလေးအတွက် မကောင်းတဲ့နေရာမဟုတ်ပါဘူး။ သူ့ကို ကျွန်တော်တို့မသိတဲ့ မိသားစုလက်ထဲအပ်လိုက်ရင် ရှန်းဖူလန်နဲ့ ရွာသားတွေ စိတ်ပူနေရလိမ့်မယ်။ ဦးလေးလျိုရဲ့အကျင့်စရိုက်ကို မသိတဲ့လူရှိလို့လား?”

 

၎င်းက ကလေးတစ်ယောက်သာဖြစ်၍ ထန်ချွန်းမင်က ဘယ်လိုဒေါသပုံချနိုင်မှာလဲ? ထို့အပြင် သူက ဦးလေးလျို၏မိသားစုကို ကောင်းကောင်းသိသည်။ ထိုမိသားစုက ကလေးကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ပေ။

 

ထုံယန်ရှီးဆိုတာကတော့ ထန်ချွန်းမင် လျစ်လျူရှုလိုက်မည်။ ဤသည်မှာ ခေတ်သစ်လူ့အဖွဲ့အစည်းမဟုတ်ပေ။ ကလေးတွေ မွေးကတည်းက စေ့စပ်ထားတာ ပုံမှန်ဖြစ်၏။ သူ ဒေါသတကြီး ကန့်ကွက်နေလျှင် ထူးဆန်းသွားလိမ့်မည်။

 

လီဖုန်းက ဦးလေးလျိုကိုတစ်ချက်ကြည့်ကာ ဦးလေးလျိုက မင်ကောအာ သတိမထားမိသည့်အရာကို သတိရသွားခဲ့သည်။ သို့သော် လီဖုန်း မကန့်ကွက်တာကိုတွေ့တော့ သူက စိတ်လိုလက်ရပြုံးလိုက်သည်။ “ကလေးမွေးစားချင်တဲ့ တခြားမိသားစုတွေရှိမရှိ ကြည့်ဖို့ ငါ ရွာလူကြီးနဲ့ ရှန်းဖူလန်အိမ်ကို စကားသွားပြောလိုက်ပါမယ်။”



ဦးလေးလျိုက ကူညီဖို့သွားခဲ့ပြီး ယခုချိန်မှာ သူ​က ထန်ချွန်းမင်အတွက် ပိုလုပ်ပေးချင်မိသည်။ လီဖုန်းက ထန်ချွန်းမင်နှင့် ဖြေးဖြေးလျှောက်သွားသည်။ သူတို့ခုတ်ထွင်ထားသောမြေက ခုနှစ်ဧက ရှစ်ဧကလောက်ရှိပြီး ခြံစည်းရိုးခတ်ထားသည်။ အထဲက သစ်ပင်ရှည်များကတော့ လောလောဆယ်မရှင်းသေးပေ။

     

အစေ့များကို နေရာလွတ်မှာ ကြဲချခဲ့ပြီး ယခုအခါ စမ်းရေနည်းနည်းရောနှောကာ ရေလောင်းထားခြင်းကြောင့် အညှောက်များပေါက်ခဲ့သည်။ အစပိုင်းမှာတော့ ယင်းက အစိမ်းရောင်ကော်ဇောနဲ့တူပြီး သက်တောင့်သက်သာရှိလှသည်။

 



“ဒီနေရာကို လင်မယားနှစ်ယောက် အပင်စိုက်ပျိုးဖို့ချန်ထားမယ်။ သူတို့ကိုယ်တိုင် အရွက်တွေခူးစားလို့ရတယ်။ ဟိုနေရာမှာ မင်းပြောသလို ရေကန်တူးဖို့ ပြင်ဆင်ထားတယ်။ မင်ကောအာ… သူတို့ ငါး၊ ဘဲတွေမွေးလို့ရတယ်။”

    

ကြက်ခြံနှစ်ခြံကြားမှာ မိသားစုနှစ်စု စီမံခန့်ခွဲဖို့ အဆင်ပြေတယ်။ အားလုံးက အစပဲရှိသေးသော်လည်း လီဖုန်းက မင်ကောအာ၏ပြောစကားကို အောင်မြင်စေချင်ပြီး အကျိုးအမြတ်က လယ်ယာစိုက်ပျိုးခြင်းထက် ပိုကြီးလာလိမ့်မည်ဟု ခံစားရသည်။

  

“ကောင်းပြီ…ကျွန်တော်တို့ ရေကန်ဘေးမှာ မိုးမခပင်တွေ တန်းစီစိုက်မယ်။ ​နောင်မှာ အားလင်းနဲ့အတူ မိုးမခပင်အောက်မှာထိုင်​ပြီး ငါးမျှားလို့ရပြီ။” ထန်ချွန်းမင်က ထိုလမ်းကြောင်းကိုညွှန်ပြကာ စိတ်ကူးယဥ်ခဲ့သည်။

 

လီဖုန်း၏မျက်ဝန်းက နွေးထွေးပြီး စိတ်ကျေနပ်ကြောင်းပြနေ၏။ အကြောင်းမှာ သူက မင်ကောအာ၏ စိတ်ကူးထဲမှာပါဝင်ပြီး မင်ကောအာက သူ့ကို မိသားစုလို သတ်မှတ်ထားလို့ဖြစ်သည်။ “ကောင်းပြီ… ကိုယ် မိုးမခင်ပင်စိုက်ဖို့ လူတွေကိုခေါ်လိုက်မယ်။ အခုတော့ မင်းပင်ပန်းနေပြီ အိမ်ပြန်ကြမယ်။”



  



“ဟုတ်ကဲ့” ထန်ချွန်းမင်က ကူကယ်ရာမဲ့ပြောလိုက်၏။ ဒါက ဘာလို့နှိပ်စက်ညှဥ်းပန်းတဲ့ အဆုံးသတ်လို့ထင်နေတာလဲ?

 



အပြန်လင်းမှာ လီဖုန်းက ကိစ္စတစ်ခုပြောပြခဲ့သည်။ “မင်ကောအာ… မင်းရဲ့ မွေးဖွားချိန်နီးလာတာကို ငါသတိထားမိတယ်။ မင်းက ငါနဲ့ သမားတော်ကြားက ဆက်ဆံရေးကိုသိမှာပါ။ မင်းကိုဂရုစိုက်ပေးလို့ရအောင် သူ့ကိုခေါ်ဖို့ အချိန်တစ်ခုရှာသင့်တယ်လို့ ထင်တယ်။”

    



သူပြောပြီးသည်နှင့် သူက မင်ကောအာ၏ဗိုက်ကိုကြည့်လိုက်သည်။ သူသည်ကား ဤအရာများကို မကြုံဖူးပေမယ့် ရက်နီးလာသည်နှင့်အမျှ စိုးရိမ်လာလေဖြစ်သည်။

   

တစ်ခါတစ်လေ သူသည် ညသန်းခေါင်တွင် မင်ကောအာကို စစ်ဆေးရန် နံရံပေါ်တက်လာလေ့ရှိသည်။ ညမှာ တစ်ခုခုဖြစ်လျှင် မင်ကောအာကို ဂရုစိုက်ဖို့ လူမရှိလို့ဖြစ်၏။

 

ထန်ချွန်းမင်ကလည်း လီဖုန်း၏ထိတ်လန့်မှုကို မြင်နိုင်သည်။ သူစိတ်ရှုပ်နေတာကိုတွေ့တော့ ထန်ချွန်းမင်က အနည်းငယ်စိတ်​အေးသွားသည်။ ၎င်းက အတားအဆီးတစ်ခုသာဖြစ်၏။ ကျော်ဖြတ်နိုင်လျှင် သူ့မှာ တောက်ပသော အနာဂတ်ရှိလာမှာဖြစ်၍ ကြီးကြီးမားမားကိစ္စမဟုတ်ပေ။

 



သူက သမားတော်ဟဲကိုလည်းသိသည်။ ယင်းက လီဖုန်းကို စစ်တပ်ထဲမှာ ကယ်တင်ခဲ့သည့် သမားတော်အိုကြီးဖြစ်သည်။ နောက်တော့ သူက သူ့ကို စစ်တပ်ထဲမှာ ဂရုစိုက်ပေးပြီး ဆေးပညာဗဟုသုတများကို သင်ကြားပေးခဲ့သည်။

    

လီဖုန်းက အစပိုင်းတွင် ရှင်သန်ဖို့ ရုန်းကန်ခဲ့ရ​ပြီး နောက်ပိုင်းမှာ​တော့ မြောက်ပိုင်းစစ်မြေပြင်တွင် သူ၏အောင်မြင်မှုနှင့် စွမ်းရည်များ ပြသနိုင်ခဲ့သည်မှာ ဤသမားတော်အိုကြီး၏ ကျေးဇူးကြောင့်ဖြစ်၏။ 

   

ထန်ချွန်းမင်က သဘာဝအလျောက် ကျေးဇူးတင်မိပေမယ့် စိုးရိမ်စွာမေးလိုက်သည်။ “သမားတော်ဟဲရဲ့ အိမ်မှာ တခြားမိသားစုဝင်တွေမရှိဘူးလား? ကျွန်တော်တို့ သူ့ကိုခေါ်ရင် သူ့မိသားစုက တစ်ခုခုပြောရင်ရော?”

  



“ကိုယ်အရင်တစ်ခေါက်က သေသေချာချာ မရှင်းပြခဲ့ရဘူး။ ဟဲလောင်က ဧကရာဇ်ဟောင်းလက်ထက်မှာ နန်းတော်ကနေအပြစ်ပေးခံပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်။ အဲ့ဒီချိန်တုန်းက သူ့မှာ အိမ်ထောင်ကျပြီးသား ကောတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် သူ့ခမည်းခမက် မိသားစုက သူ့ကိုမကူညီပဲ နောက်ကျောဓားနဲ့ထိုးခဲ့တယ်။”

      

“နောက်တော့ သူအပြစ်ပေးခံရပြီး တစ်နှစ်အကြာမှာ သူ့သား ဆုံးသွားတဲ့သတင်းကို မြောက်ဘက်ကနေ ကြားခဲ့ရတယ်။ ဧကရာဇ်အသစ် နန်းတက်တော့ ဟဲလောင်က သူ့သားအတွက် လက်စားချေချင်ခဲ့တယ်။ ဒါကြောင့် သူက သူ့နာမည်ကိုရှင်းပေးပြီး ခမည်းခမက်တွေကို တိုင်ကြားဖို့ လူတစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။”

     

“အဆုံးမှာ သူ့ခမည်းခမက်တွေက ဇာတ်သိမ်းမလှခဲ့ဘူး။ ဒါပေမယ့် ဟဲလောင်ကလည်း တစ်ဦးတည်းကျန်ခဲ့တယ်။ ကိုယ် အစက သူအသက်ကြီးလာတဲ့တစ်လျှောက် ပြုစုစောင့်ရှောက်ပေးချင်ပေမယ့် သူက လက်ခံဖို့ငြင်းဆန်ခဲ့တယ်။”

  

လီဖုန်းက အနည်းငယ်စိတ်မသက်မသာဖြင့် ပြောလိုက်သည်။ သူက သူ့ကောလေးကိုပြောဖို့ အခွင့်အရေးရှာခဲ့သည်။ မူလကတော့ သူ ပြန်လာပြီး သူ့ဦးလေးသိမ်းပိုက်ထားသော ပစ္စည်းများကို ပြန်ယူကာ သမား​တော်ဟဲနှင့် အတူနေဖို့ တင်ကျိုးခရိုင်ကို ပြန်သွားချင်ခဲ့တာဖြစ်၏။ အစီအစဥ်များက အပြောင်းအလဲများကို လိုက်မမီပဲ သူ ဤနေရာတွင် ပိတ်မိနေခဲ့သည်။

 

ထန်ချွန်းမင်က သူ့ကိုကြည့်​ကာ သူ့အတွေးကိုခန့်မှန်းလိုက်သည်။ “ကောင်းပါပြီ။ သမားတော်ကို အမြန်သွားခေါ်လိုက်ပါ။ သမားတော်အိုကြီးက တစ်ယောက်ထဲ ခက်ခက်ခဲခဲနေနေရတာ။ ပြီးတော့ သူ့ကို ဒီခေါ်လိုက်တာကောင်းပါတယ်။ ကျွန်တော့်မှာ အသေးစားဖျားနာမှုတွေရှိရင် ခင်ဗျား ဟူလန်ကျုံးကို ခေါ်စရာမလိုတော့ဘူး။ ကျွန်တော် ဟူလန်ကျုံးရဲ့ သင်ခန်းစာကို နေ့တိုင်းနားထောင်စရာမလိုတော့ဘူး။ အဘိုးကြီးနှစ်ယောက်ကလည်း တစ်ယောက်ဆီကတစ်ယောက် ဆေးပညာလေ့လာလို့ရတယ်။”

  


“ကောင်းပြီ!” လီဖုန်းက အမြန်သဘောတူလိုက်သည်။