Chapter 47.2
အစောပိုင်းမှာ သတင်းမျှဝေခဲ့သည့်လူက သူ့ရင်ထဲမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူဌေးရဲ့ပုံရိပ်ကို မဖျက်စီးမိလိုက်ပါဘူးနော်။ သူ သူဌေးနဲ့ ဒီည စာရင်းရှင်းရတော့မှာလား? ဒါဆို သူဌေးက မနက်ဖြန်မှ စာရင်းရှင်းမှာလား?
သူတို့အိမ်ပြန်ရောက်သည့်အခါ ထန်ချွန်းမင်က လီဖုန်းကို တစ်ခြမ်းစောင်းပြုံးပြ၍ စလိုက်လေသည်။ “အို… ဒီတော့ ခင်ဗျားကို သူတို့ကောနဲ့ လက်ထပ်ပေးဖို့ စိတ်အားထက်သန်နေတဲ့လူ ရှိခဲ့တာပေါ့? ပြီးတော့ အဲ့ဒါအရာရှိရဲ့သားလား?”
လီဖုန်းက ဤစကားအမျှင်မပြတ်သူလေးကို ကောက်ချီကာ ရိုက်ပစ်လိုက်ချင်သည်။ အကြောင်းမှာ ဤပျင်းစရာစကားများကိုပြောရန် သူတို့မှာ အချိန်မရှိလို့ပင်။ သို့သော် မင်ကောအာ၏မျက်လုံးများကိုကြည့်လိုက်တော့ လီဖုန်းက သူ့နှာခေါင်းကိုထိကာ အိပ်ပျော်နေသော အားလင်း၏မျက်နှာနှင့် လက်ကို ရေနဲ့သုတ်ပေးလိုက်သည်။
သုတ်ပြီးနောက် သူသည် မင်ကောအာ၏လက်နှင့်မျက်နှာကိုဆေးရန် ရေတစ်ဇလုံလဲလိုက်သည်။ သူ့မျက်လုံးက အနည်းငယ်ချီတုံချတုံဖြစ်ကာ သူက နေရခက်စွာပြောလိုက်သည်။ “ကိုယ်မင်းကို ဒီအကြောင်းတွေ မပြောပြခဲ့လို့လား?”
“လူတစ်ယောက်က ခင်ဗျားကို လက်ထပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ခင်ဗျားက လက်မခံခဲ့ဘူးလို့ပဲ ပြောခဲ့တာ။” လီဖုန်းက ရိုးရိုးရှင်းရှင်း ပြောပြခဲ့သည်။ သူသာ သူ့နောက်ကလူ၏စကားကို အာရုံမစိုက်ခဲ့လျှင် အလယ်တွင် ရှုပ်ထွေးသော ဖြစ်ရပ်တစ်ခုရှိသည်ကို သူသိခဲ့မှာမဟုတ်ပေ။ “ခင်ဗျားက အဲ့ဒီကောကိုရှောင်ဖို့ နုတ်ထွက်ခဲ့တာလား?”
“ဘယ်လိုဖြစ်နိုင်မှာလဲ!” လီဖုန်းက ဉာဏ်နီဉာဏ်နက်များသော ကောကိုစိုက်ကြည့်ကာ “ကိုယ့်ရဲ့နုတ်ထွက်စာက အဲ့ဒီမိသားစုနဲ့ လုံးဝမဆိုင်ဘူး။ ကိုယ်ပင်ပန်းနေလို့ တစ်ဖက်သတ်မရပ်တည်ချင်ရုံပဲ။ အေးအေးချမ်းချမ်းနေချင်လို့ ဒီကိုပြန်လာချင်ခဲ့တာ။”
သူ့မိဘတွေနေခဲ့သော ဤနေရာကိုကြည့်ရန်နှင့် သူအဆုံးသတ်သင့်သည့်အရာကို အဆုံးသတ်ရန်ဖြစ်၏။ သူသာ မင်ကောအာနှင့်မတွေ့ခဲ့လျှင် သူနေဖို့မဖြစ်နိုင်ပေ။
“ကျွန်တော်နားလည်ပါပြီ။ ခင်ဗျားပြန်တော့.. ယွိမုနဲ့တခြားလူတွေကို အကြာကြီးမစောင့်ရစေနဲ့။” ထန်ချွန်းမင်က လီဖုန်းကို မသိမသာ လက်ဖြင့်ထိုးခဲ့သည်။
လီဖုန်းက ရေကိုသွန်ချလိုက်ပြီး ထန်ချွန်းမင်၏မျက်နှာကိုကြည့်လိုက်သည်။ ထန်ချွန်းမင်က စိတ်မရှည်ဖြစ်ခါနီးတွင် သူက ပြောလိုက်၏။ “မင်ကောအာ… မင်းတကယ်စိတ်မဆိုးဘူးလား?”
ထန်ချွန်းမင်က ရယ်မောလိုက်လေသည်။ “ကျွန်တော် အစတည်းက စိတ်မဆိုးပါဘူး။ စိတ်ဆိုးစရာဘာရှိလို့လဲ? မြန်မြန်သွားတော့… ကျွန်တော်အိပ်ချင်ပြီ။”
လီဖုန်းက စိတ်သက်သာရာရသွားပြီး သူ့ကိုတံခါးဝလိုက်ပို့ပေးဖို့ မင်ကောအာကိုပြောလိုက်သည်။ ထန်ချွန်းမင်က စိတ်မဆိုးပေ။ လီဖုန်းက ထိုကောကို သဘောကျပြီး လက်ထပ်ချင်ခဲ့တာမဟုတ်ပေ။
သူဘာလို့မနာလိုဖြစ်ရမှာလဲ? ထို့အပြင် တခြားသူများ၏အမြင်တွင် သူ့မှာ မုဆိုးဖိုဆိုသည့်အတိတ်ရှိသည်။ သူဆိုသည့် ထန်ချွန်းမင်က စျေးနိမ့်သွားပြီး အကူအညီမဲ့နေသည်ဟူ၍ပင်။ သူက အတိတ်က “မင်ကောအာ” မဟုတ်ကြောင်းလည်း ငြင်းလို့မရပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဤခန္ဓာကိုယ်မှာ ပြန်လည်မွေးဖွားလာပြီး ဤကိုယ်ကချန်ခဲ့သည့် အရာအားလုံးက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံရမည်။
သူကျေးဇူးတင်မိသည်မှာ မူလကိုယ်က ဖြေရှင်းရခက်ခဲသော ကိစ္စများကို မချန်ထားခဲ့တာပင်။ ကျောက်တာဟူ အသက်ရှင်နေသေးလျှင် သူ့လို အရွယ်ရောက်အမျိုးသားတစ်ယောက်က ထိုလူနဲ့ ဆိုးရွားသောဘဝမှာ နေထိုင်နိုင်မှာမဟုတ်ပေ။ မဟုတ်ပါက သူက ထိုလူကိုဖြစ်စေ သူ့ကိုယ်သူဖြစ်စေ ရူးအောင်လုပ်မိလိမ့်မည်။
သူတို့ကွာရှင်းခဲ့လျှင်ပင် အားလင်း၏ကံကြမ္မာက သူ့ကိုခေါင်းကိုက်စေလိမ့်မည်။ သူ့ကိုခေါ်လာဖို့ လွယ်မှာမဟုတ်ပေ။
ကျောက်တာဟူ ပြန်မလာနိုင်တော့တာကို ဝမ်းသာမိသော်လည်း အပြင်ပိုင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး အေးစက်သည့် ထန်ချွန်းမင်က ထိုအကြောင်းကိုမတွေးရမနေနိုင်ပေ။
ထိုညတွင် လက်ကျန်အသားအားလုံးကို ရောင်းချခဲ့ပြီး အများစုကို ကျင်းကျိကယူသွားခဲ့ကာ ကျန်အသားများကို ရွာသားများအား စျေးနည်းနည်းဖြင့် ရောင်းချခဲ့သည်။ ထန်ချွန်းမင်လျှင်ပင် တောဝက်သားနှင့် ကတိုးသမင်သားတချို့ကိုဝယ်ရန် ငွေသုံးခဲ့သည်။
တောဝက်ကလေးများကတော့ ရွာလူကြီး ဆုံးဖြတ်ချက်ချခဲ့သည်။ အိမ်မှာမွေးဖို့ ယူသွားချင်သူများက သူတို့ကို အသိအမှတ်ပြုကြောင်း အမှတ်အသားအဖြစ် ငွေနည်းနည်းပေးရသည်။ ငွေကို မိသားစုက သီးသန့်သုံးမှာမဟုတ်ပဲ ရွာအတွက် ထိန်းသိမ်းထားမှာဖြစ်၍ ရွာသားများက ကန့်ကွက်စရာမရှိပဲ တောဝက်ကလေးများကို အမြန်ခေါ်သွားခဲ့သည်။
ကျန်းရှို့လည်း အိမ်မွေးဝက်တစ်ကောင်၏ ထက်ဝက်စျေးဖြင့် တစ်ကောင်ရခဲ့ပြီး ယခုနှစ်ကုန်တွင် ဝက်သတ်သောအခါ ထန်ချွန်းမင်ကိုပေးမည်ဟု ပြောခဲ့သည်။
ရွာလူကြီးက သူရရှိသောငွေအားလုံးကို စာရင်ပြုစုပြီး ထန်ချွန်းမင်၏အလုပ်ပြီးပါက ဘိုးဘွားပိုင်ခန်းမကို ပြန်လည်မွမ်းမံရန် လူတွေငှားရမ်းမည်ဟု ပြောခဲ့သည်။ တခြားအသုံးစရိတ်များကို ရွာအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဖြစ်၏။
နောက်တစ်နေ့တွင် လီဖုန်းက တောင်ထိပ်ကို ဆက်လက်ရှင်းလင်းရန် လူတွေကို တောင်ပေါ်သို့ ပို့ဆောင်ခဲ့ရသည်။ ထန်ချွန်းမင်က တာမောင်းနှင့် သူ့သူငယ်ချင်းများကိုခေါ်ကာ အလုပ်တစ်ခုပေးခဲ့သည်။ ကစားဖော်အနည်းငယ်က လီဖုန်းနှင့် သူ့သူငယ်ချင်းများ၏ အနောက်ကိုလိုက်ကာ တောင်ပေါ်က တောရိုင်းသီးနှံများကိုရှာလို့တွေ့လျှင် သူတို့ကိုပြန်လာပြောဖို့ဖြစ်သည်။
ထန်ချွန်းမင်က တောင်ထိပ်များကိုရှင်းလင်းပြီး သီးပင်များကို ပြန်လည်စိုက်ပျိုးဖို့ အစီအစဥ်မရှိပေ။ ထိုအစား သူက ဒေသဆိုင်ရာပစ္စည်းများကို အခြေခံ၍ ကျိုးကြောင်းဆီလျော်စွာ ဖြန့်ဖြူးဖို့စီစဥ်ခဲ့သည်။ တောင်ပေါ်တွေမှာ စီးပွားဖြစ်သီးနှံတချို့ရှိပြီး အားလုံးကိုရှင်းပစ်ဖို့ အဆင်မပြေပေ။
တောရိုင်းသစ်အယ်ပင်များ၊ တောစပျစ်သီးများ၊ ချဥ်သော ဇီးပန်းသီး၊ ဘယ်ရီသီးခြောက်၊ ဆေးဖက်ဝင်အပင်များရှိတာကို သူမှတ်မိသည်။ တကယ်တော့ ဤအရာများကို ကောင်းကောင်းထိန်းသိမ်းလျှင် ငွေရှာလို့ရသည်။
တာမောင်းက အလွန်ပျော်ရွင်နေသည်။ သူက သက်တူရွယ်တူ လူတစ်စုကိုစည်းရုံးကာ သူ့ကိုပေးထားသော တာဝန်ကိုထမ်းဆောင်ရန် လီဖုန်းနဲ့အတူ တောင်ပေါ်တက်သွားခဲ့သည်။ ရွာထဲက လူကြီးများက သူတို့လုံခြုံရေးအတွက် ယုံကြည်မှုရှိသည်။ ပုံမှန်အားဖြင့် သူတို့ကလေးများက တောင်အစွန်အဖျားမှာ တောရိုင်းအသီးအနှံများ သွားခူးလေ့ရှိသည်။
ရက်အနည်းငယ်အကြာတွင် လီဖုန်း၊တာမောင်းနှင့် သူတို့၏သူငယ်ချင်းများက ရိတ်သိမ်းမှုများကို ပြုလုပ်ခဲ့သည်။ ထန်ချွန်းမင်၏အစီအစဥ်အရ သူတို့က တောင်ခြေမှ လယ်မြေများကိုရှင်းလင်းကာ ကြက်စခန်းနှစ်ခုကိုဆောက်လုပ်ပြီး ခြံကျယ်ကြီးနှစ်ခြံ ခြံစည်းရိုးခတ်ကာ မူလကမွေးထားခဲ့သော ကြက်များကို ထိုနေရာသို့ပြောင်းရွှေ့ခဲ့သည်။ ယခုမူ သူတို့က ကြက်မွေးမြူသူများနေထိုင်ရန် တောင်ခြေတွင် အိမ်တစ်လုံးဆောက်နေ၏။
လီဖုန်းက ယွိမုနှင့် တခြားသူများအား အလုပ်ကူလုပ်ပေးရန် ဆက်နေစေချင်သည်။ သူတို့က တောင်ခြေကိုသာ ခုတ်ထွင်ရှင်းလင်းရသေးပြီး မြေတစ်ဝက်ပင် မပြီးသေးပေ။
သို့သော် စစ်တပ်က သူတို့ကိုစောင့်နိုင်မှာမဟုတ်တာကြောင့် သူက ရက်ပေါင်းများစွာ အလုပ်ကြိုးစားပေးခဲ့သည့် စစ်သားများကို ပြန်လွှတ်လိုက်ရသည်။ မပြန်ခင်မှာ ယွိမုက ထန်ချွန်းမင်ကို သူ့သူဌေးအကြောင်းတိုင်ကြားခဲ့သည်။
လူတွေထွက်သွားတာကိုကြည့်ပြီး ထန်ချွန်းမင်ကပြုံးကာ ပြောလိုက်သည်။ “ဒီတစ်ခေါက်က သူတို့အတွက်ခက်ခဲမှာပဲ။ သူတို့က ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးဖို့ လာခဲ့သလိုပဲ။” သူတို့ကိုဆုချရန် ထန်ချွန်းမင်က ဟင်းကောင်းကောင်းချက်ကျွေးခဲ့သည်။ နောက်ဆုံးတွင် ယွိမုက မင်ကောအာချက်ထားသော အစားအစာကို ဘာကြောင့်အမြဲတစေ အော်ဟစ်တောင်းဆိုနေသည်ကို ထိုစစ်သားများ နားလည်သွားကြသည်။
သူ့ဌေးက သူ့ကောလေး ဟင်းချက်မှာကိုအမြဲတားခဲ့တာ အံ့သြစရာမရှိပေ။ သူတို့ မင်ကောအာ၏လက်ရာကိုစားပြီးလျှင် တခြားသူများချက်တာကို မစားချင်တော့မှာစိုး၍ ဖြစ်၏။ သူဌေးက ပိုပိုပြီး အကျင့်ယုတ်လာခဲ့သည်။
“အဝေးကြီးလိုသေးတယ်။ နီးလာရင် တောင်တစ်ခုလုံးကိုရှင်းဖို့ လူပိုခေါ်လိုက်မယ်” လီဖုန်းက မကျေမနပ်ပြောလိုက်သည်။
ထန်ချွန်းမင်က သူ့ကိုတစ်ချက်ကြည့်ရုံဖြင့် နားလည်သွားသည်။ “အချိန်ယူပါ။ အခုရှင်းထုတ်ပစ်ရင်တောင် မြက်တွေချည်းထူထပ်နေလိမ့်မယ်။”
စိုက်ပျိုးခြင်းက အဆင့်ဆင့်လုပ်ဆောင်ရမည်။ တစ်တောင်လုံးကို မြန်မြန်ဘယ်လိုရှင်းမလဲ? “ခင်ဗျား ကြက်ခြံစောင့်ဖို့ လူရှာပြီးပြီလား? လူရရင် ခြံထဲကအကောင်တွေကို အရင်ရွှေ့ပြီး ခြံထဲမှာမွေးမြူလို့ရတယ်။”
ပထမဦးစွာ သူတို့ကို နေရာလွတ်စမ်းရေဖြင့် ပျိုးထောင်ပြီး ကြက်ပေါက်လေးတွေ နေသားကျပြီး ခံနိုင်ရည်မြင့်မားလာသောအခါတွင် သူတို့ကိုတောင်ခြေရင်းသို့ လွှတ်ပေးမည်။
ထို့အပြင် ကြက်မွေးမြူသည့်နေရာတွင် မြက်မျိုးစေ့တချို့ဖြန်းကာ စမ်းရေနှင့်ရောစပ်ပြီး ပျိုးထောင်ရမည်။ ဤနည်းဖြင့် ကြီးပြင်းလာသောကြက််များက လူကြိုက်များမှာသေချာသည်။
“ကိုယ် လူနှစ်ယောက်ကိုတွေ့ထားတယ်။ မင်ကောအာ…” လီဖုန်းက မင်ကောအာကိုကူတွဲကာ လမ်းလျှောက်နေရင်း ဆွေးနွေးလိုက်သည်။ “တစ်ယောက်က ဦးလေးလျိုရဲ့သား၊ တစ်ယောက်က ဦးလေးထျဲ။ နှစ်ယောက်လုံးက ရိုးသားတဲ့လူတွေပါ။ သူတို့မဟုတ်တာလုပ်မှာကို စိုးရိမ်ဖို့မလိုဘူး။ သူတို့က ကြက်တွေကို ပျိုးထောင်ဖို့ အကောင်းဆုံးလုပ်လိမ့်မယ်။”
ထန်ချွန်းမင်သိသော ဦးလေးလျို၏သားက ရိုးသားသောလူတစ်ယောက်ဖြစ်သည်။ သူက တိတ်ဆိတ်သော လူရိုးလေးဖြစ်ပြီး စကားနည်းသည်။
သို့ပေမယ့် မင်းသူတို့ကို ပြောပြပေးနေသမျှတော့ သူတို့က သေချာပေါက်ပြီးပြည့်စုံနေမှာဖြစ်ပြီး အပြစ်ရှာလို့ရမှာမဟုတ်ချေ။ လူတွေက ပစ္စည်းများကို သူတို့လက်ထဲအပ်လိုက်မှသာ စိတ်အေးရလိမ့်မည်။ ထို့အပြင် သူ့အပြင် ဦးလေးလျိုကလည်း ယုံကြည်လို့ရလေသည်။
ဦးလေးထျဲကတော့ ထန်ချွန်းမင်နှင့် အဆက်အဆံသိပ်မလုပ်ပေမယ့် လီဖုန်းက သူနဲ့ပတ်သက်သည့် ကိစ္စများကို ပြောပြဖူးသည်။ လီဖုန်း၏မိဘများ အသက်ရှင်နေစဥ်နှင့် ကွယ်လွန်ပြီးနောက် ဦးလေးထျဲက လီဖုန်း၏မိသားစုကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်။ မြောက်ဘက်သို့မပို့မီတွင် ဦးလေးဖြစ်သူက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သည်။ သို့သော် ဦးလေးထျဲ့က သူ့ကိုညစာခေါ်ကျွေးလေ့ရှိသည်။ ဦးလေးထျဲက လက်ယက်ကျွမ်းကျင်သည်။ ရွာမှာအများဆုံးသုံးသော ခြင်းတောင်းများက သူ့မိသားစုဆီမှဖြစ်၏။
သို့သော် သူ ငယ်ငယ်တုန်းက ခြေထောက်ကျိုးသွားခဲ့ပြီး ထိုအချိန်တည်းက မသန်မစွမ်းဖြစ်လာခဲ့သည်။ သူ့မှာ သူ့ကိုယ်သူထောက်ပံ့ရန် ကျွမ်းကျင်မှုတစ်ခုရှိသော်ငြား သူ့ဇနီးနေမကောင်းဖြစ်လျှင် ငွေချေးရတာကြောင့် ဘဝက ခက်ခဲနေဆဲဖြစ်၏။
လီဖုန်းက သူ့အပေါ်ကောင်းပေးခဲ့သူများကို အမြဲအမှတ်ရခဲ့တာကြောင့် သူက ဤအခွင့်အရေးကိုသုံးကာ ဦးလေးထျဲကို ဂရုစိုက်ပေးချင်သည်။ သေချာတာက ယင်းမှာ မင်ကောအာ၏ သဘောတူညီချက်ကိုလည်း လိုအပ်သည်။
လီဖုန်းက တစ်ဖက်သတ် ဆုံးဖြတ်ချက်မချချင်ပေ။ သို့သော် လီဖုန်းပြောပြပြီးနောက် ထန်ချွန်းမင်က လူလတ်ပိုင်းအမျိုးသားကို မှတ်မိသွားသည်။ သူ ထိုနေ့က ထိုဦးလေးကို စပါးအခြောက်ခံနယ်မြေမှာတွေ့တော့ ထိုလူက သူ့ကိုကြင်ကြင်နာနာ ပြုံးပြခဲ့သည်။ ယင်းမှာ လီဖုန်းကြောင့်ဆိုတာ သိသာပေမယ့် သူက တခြားလူတွေလို သူနဲ့ရင်းနှီးဖို့ကြိုးစားပြီး အလုပ်တောင်းခဲ့တာမျိုးမရှိပေ။
ယခု ဤတောင်ကုန်းပေါ်တွင် အလုပ်လုပ်ရန် အလုပ်သမားငှားရမ်းနေတာကို လူတိုင်းသိတာကြောင့် ထန်ချွန်းမင်က သူ့ထံကြိုတင်ချဥ်းကပ်လာသူများကို စိတ်မဆိုးပေ။ သူက လူအင်အားလိုအပ်နေ၍ အလုပ်ကြိုးစားသူများကို ငြင်းဆိုရန် အကြောင်းပြချက်မရှိပေ။
“အဲ့ဒါခင်ဗျားဆုံးဖြတ်ပါ။ ကျွန်တော်ကန့်ကွက်စရာမရှိဘူး။ ခင်ဗျားသူတို့နဲ့စကားပြောပြီး ပြီးစီးသွားရင် အိမ်ကိိုဘယ်သူအရင်သွားစောင့်မှာလဲ ကြည့်လိုက်ပါ။” ကြက်ခြံနှစ်ခုရှိသည်။ သူတို့က ပထမတစ်ခြံကို အရင်သုံးပြီး ကြက်ကောင်ရေတိုးလာမှ တခြားတစ်ခုကိုသုံးမည်။
“ကောင်းပြီ။ ဒါဆို ကိုယ် ဦးလေးလျိုကိုအရင်ပြောလိုက်မယ်။ အစပိုင်းဆိုတော့ စောင့်မယ့်လူက ပိုသတိရှိဖို့လိုတယ်။” ကြက်ဖမ်းဖို့တောင်ပေါ်ကဆင်းလာသည့် တောရိုင်းတိရစ္ဆာန်များကိုလည်း စောင့်ကြည့်ရမည်။ ယခုမှ သန့်ရှင်းရေးလုပ်ထားပေမယ့် ဦးလေးလျို၏သားက ငယ်သေးသည့်အတွက် သေချာစွာသန့်စင်ထားတယ်ဆိုတာ အာမခံချက်မရှိပေ။
“ကောင်းပြီ..” ထန်ချွန်းမင်က သူ့ကိုစိတ်ပူပေးသော လူတစ်ယောက်ရှိနေ၍ အပူအပင်ကင်းသော သူဌေးတစ်ယောက်လို ပျော်ရွှင်နေသည်။
အိမ်ဆောက်ပြီးနောက် ထန်ချွန်းမင် သွားကြည့်ခဲ့သည်။ ဦးလေးလျို၏သားက အိမ်ကိုသပ်ရပ်စွာပြင်ဆင်နေသည်။ သူရောက်လာတာကိုတွေ့တော့ သူက ကမန်းကတန်းထွက်လာသည်။ သူက ပြောစရာစကားမရှိသလိုပင် လျှာကိုထိန်းသိမ်းထားပေမယ့် သူ့မျက်လုံးအစုံက ကျေးဇူးတင်စကားများနှင့် ပြည့်နှက်နေခဲ့သည်။