Chapter 48.2
Viewers 21k

Chapter 48.2




    

ဤခြံထဲက ဟင်းသီးဟင်းရွက်များ ဘယ်လောက်အဖိုးတန်လဲ ရွာကလူအားလုံးသိကြပြီး ဟင်းသီးဟင်းရွက်ရောင်းလို့ရသော ငွေများက အဝတ်အစားနှင့် လက်ဝတ်ရတနာများဝယ်လို့ရသည်။

 

ထိုကောအာက သူ့ဆံပင်ပေါ်မှာ ငွေရောင်ဆံညှပ်ကို ချိန်ညှိကာ ခြံအသစ်ထဲသို့ ခြေဖျားထောက်ဝင်လာခဲ့သည်။ လမ်းကိုမနက်ကရေလောင်းထားတာကြောင့် တချို့နေရာမှာ ဗွက်ထနေပြီး သူ့ဖိနပ်ထဲသို့ မတော်တဆဝင်သွားခဲ့သည်။

   

ထိုကောအာက သူတို့ကို ရွံရှာသလိုကြည့်လိုက်ပေမယ့် သူ့ရှေ့မှာ တဖြည်းဖြည်းဝေးကွာသွားသော လူနှစ်ဦးကိုကြည့်လိုက်ရာ သူက ကတိဖျက်လို့မရတော့ပေ။ မဟုတ်ပါက သူ ထန်ချွန်းမင်နဲ့နီးကပ်ပြီး သူနဲ့သူ့ဝမ်းကွဲအစ်ကိုဖုန်း၏ဆက်ဆံရေးကို တိုးတက်အောင်လုပ်နိုင်မည်မဟုတ်ပေ။

 



သူတို့ သိုးခြံကိုရောက်တော့ ကျန်းရှို့က ကျောက်ပြားခင်းထားသောကြမ်းပြင်ကို ရေနဲ့ဆေးကြောနေသည်။ ရေသည် ကုန်းစောင်းမှအညစ်အကြေးများကို တစ်ဖက်ခြမ်းမှာ တူးထားသော မြေသြဇာတွင်းထဲ သယ်ဆောင်သွားမည်ဖြစ်သည်။ 

   

အပေါ်မှာ အဖုံးလေးတစ်ခုရှိပြီး ပတ်ချာလည်မှာ ပန်းပင်များကို စိုက်ပျိုးထားတာကြောင့် ခြံထဲမှာ အနံ့အသက်သိပ်မရှိပေ။ သို့သော် ရေက အပြင်သို့ အညစ်အကြေးသယ်ဆောင်လာပြီး ထိုကောအာလေး၏ စကတ်အသစ်ကို စင်သွားခဲ့သည်။ ထိုကောက ချက်ချင်းပင် ထအော်သည်။ “ငါ့ရဲစကတ်အသစ်!”

 

ကျန်းရှို့က တံမြက်စည်းကိုချပြီး လျှောက်ထွက်လာရင်း ဘွင်းဘွင်းပြောလိုက်သည်။ “ဘာဖြစ်လို့လဲ? ဒါက ကျေးလက်ကလူတွေ အလုပ်လုပ်ရတဲ့ပုံစံပဲလေ။ မင်းလုပ်ချင်ရင် မြန်မြန်လုပ်… မင်ကောအာလည်း လုပ်နေတာကိုမတွေ့ဘူးလား?”

 

“မင်း! ဒီကိုမလာနဲ့!” ကောလေးက ရွံရှာစွာနောက်ဆုတ်လိုက်ပြီး ထောင်ချောက်ကို မတော်တဆနင်းမိသွားတာ​ကြောင့် နောက်တစ်ကြိမ် ထပ်အော်လိုက်လေသည်။ သူက လှည့်ကာ ကမန်းကတန်း ထွက်ပြေးသွားလေသည်။

 

ကျန်းရှို့က တံမြက်စည်းဖြင့် လက်တစ်ဖက်ထောက်ကာ ကိုယ်ကိုကိုင်းပြီး ရယ်မောလိုက်သည်။ “သူ မခံနိုင်ဘူးလို့ ငါမထင်ထားဘူး။ စုန့်ကမ်းမိသားစုက ဒီလိုကောမျိုးကို မြို့ထဲမှာ လက်ထပ်ပေးပြီး ဘဝကောင်းရဖို့ စိတ်ကူးမယဥ်သင့်ဘူး။”



  

“ကောင်လေးနဲ့ သူ့မိသားစုဆက်ဆံရေးက ပိုဆိုးလာတာ မအံ့သြတော့ဘူး။ ဘယ်သူက ခံနိုင်မှာလဲ? ဟင်း! သူ နောက်တစ်ခါ လာရဲသေးလား ကြည့်ကြတာပေါ့!”

   

သူက ဘာမှမလုပ်ရသေးပဲ သည်းမခံနိုင်ဖြစ်ခဲ့သည်။ သူက သူ့ကိုယ်သူ မြို့ထဲကအရာရှိ၏သားဟု အမှန်တကယ်ထင်မှတ်နေ၏။ ထန်ချွန်းမင်က ဤလူအမျိုးအစားများကို အထင်သေးသည်။

  

“ကောင်းပြီ… ပြီးရင်သွားရအောင်။ ဒါပေမယ့် သူက ကံကောင်းတယ်။ သူက ထောင်ချောက်လေးကိုပဲနင်းမိတာ။” ထန်ချွန်းမင်က အလုပ်ဆက်လုပ်ချင်ပေမယ့် ကျန်းရှို့က သူ့ကို အပေါ်ယံပင်လုပ်ခွင့်မပြုခဲ့ပေ။

   



လူတစ်ယောက်က မနက်အစောပိုင်းမှာ သိုးခြံကိုရှင်းပေးခဲ့​တာကြောင့် ၎င်းက ရှင်းလင်းနေသည်။ လီဖုန်း ထွက်သွားမှာကို သူသိတာ​ကြောင့် ရှောင်ကျူးကျိ၏အားမူက မနက်တိုင်းလာကူပေးပြီး အားလုံးပြီးမှ ကြက်ခြံထဲသို့သွားရန် ထန်ချွန်းမင်ကိုပြောခဲ့သည်။

 

သိူ့ဖြစ်၍ ကျန်းရှို့က အနံ့လုံးဝမထွက်အောင် ကြမ်းသုတ်ပြီး ထန်ချွန်းမင်ကို ပြန်လိုက်ပို့ခဲ့သည်။

   

.

သူက သူ့အင်္ကျီလက်ကိုမြှောက်ကာ ရှူရှိိုက်လိုက်သည်။ “အနံ့လုံးဝမရှိတော့ဘူး။ ပန်းရနံ့ပဲရတယ်။ မင်းအိမ်ထဲအရင်ပြန်ဝင်နှင့် ငါတံခါးပိတ်၊ လက်ဆေးပြီးလာခဲ့မယ်။”



နောက်ရက်အနည်းငယ်တွင် လီစုန့်ကမ်းမိသားစုမှ ကောလေးပြန်မလာတော့ပေ။ သူရောက်လာရင် အလုပ်ခိုင်းမှာကြောက်နေ၏။ သူက အိမ်မလုပ်မလုပ်ချင်တဲ့အတွက် တခြားမိသားစုအိမ်က ညစ်ပတ်တဲ့အလုပ်ကို ဘယ်လိုသွားလုပ်နိုင်မှာလဲ?

 

ရှန်းဖူလန်က ထိုကိစ္စကိုသိပေမယ့် ၎င်းက ထန်ချွန်းမင်ပြောပြတာမဟုတ်ပေ။ ထန်ချွန်းမင်က သူ့ကို သတင်းပို့ဖို့ ရည်ရွယ်ချက်မရှိပေ။

    

ထိုအစား ​ကျန်းရှို့က ဤကိစ္စကို ရှန်းဖူလန်အားပြောပြပြီး လီစုန့်ကမ်းမိသားစု ပြဿနာမရှာစေရန် ကာကွယ်သင့်တယ်လို့ ထင်ခဲ့သည်။ ဒါမှ လီမိသားစုက ဤမိသားစုကို မဖိနှိပ်နိုင်မှာဖြစ်၏။ လီဖုန်းက ယခုချိန်၌ အိမ်မှာမရှိ၍ ရွာသားတွေက ထန်ချွန်းမင်ကို စောင့်ကြည့်နေသည်။



ရှန်းဖူလန်က ထန်ချွန်းမင်၏အိမ်ကိုလာဖို့ အချိန်မရှိခဲ့ပေ။ ဟွမ်မိသားစု၏ ကောငယ်လေးက ဦးလေးကျောက်၏အိမ်မှာ အခြေချပြီးမှသာ သူ့မှာ လမ်းလျှောက်ဖို့ အားလပ်ချိန်ရှိလာခဲ့သည်။ မဟုတ်ပါက သူက အိမ်မှာကလေးကို တစ်ယောက်တည်းထားခဲ့လို့မရပေ။



 

ဦးလေးကျောက်က ရှန်းဖူလန်ကို ဆေးဖိုးဝါးခ ပြန်ပေးချင်ခဲ့သည်။ သူ့အမြင်မှာ သူတို့မိသားစုက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူတို့က​ ဆေးဖိုးဝါးခပေးသင့်သည်။

      



ရှန်းဖူလန်က ငြင်းခဲ့သည်။ သူ ဆေးဝယ်​တုန်းက ပြန်တောင်းဖို့မစဥ်းစားခဲ့ပေ။ ထို့အပြင် ဦးလေးကျောက်၏မိသားစုက ကလေးကိုမွေးစားခြင်းဖြင့် သူ့ပြဿနာကြီးကို ဖြေရှင်းပေးခဲ့​တာပင်။

  

“လီမိသားစုက လူကြီးတစ်ယောက်က လီစုန့်ကမ်းရဲ့အိမ်ကိုသွားပြီး မင်းတို့အိမ်ကို ထပ်မလာဖို့ သတိပေးခဲ့တယ်။” ရှန်းဖူလန်က အဖြစ်အပျက်ကိုသိပြီးနောက် လုံးဝအားနာမနေတော့ပေ။ သူ ထိုမိသားစုအား ဂရုဏာပြဖို့ မလိုအပ်ပေ။ 

    

သူတို့အိမ်ကိုသွားပြီး သူတို့အား ဆုံးမရန် ရှန်းဖူလန်က လူကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့သည်။ “သူတို့က ဘယ်လိုလူတွေလဲ? မင်းကိုအခွင့်ကောင်းယူပြီး မင်းဆီက အကူအညီလိုချင်နေတာလား? သူတို့က တခြားလူတွေကို မျက်ကန်းလို့ ထင်နေတာလား?”

 

နောက်တော့ ရှန်းဖူလန်က ရိတ်သိမ်းမြေမှာ ဖြစ်ပျက်ခဲ့တာကို သိသွားခဲ့ပြီး လီစုန့်ကမ်းမိသားစုနဲ့ပတ်သက်ပြီး ပြောစရာပျောက်ရှိသွား၏။ ဒီလိုဖြစ်လာမှာကို ကြိုသိခဲ့ရင် သူတို့အစတည်းက ဘာလို့လုပ်ခဲ့လဲ? ၎င်းက ပြန်ဆက်လို့မရတော့သည့် ကြိုးထုံးတစ်ခုဖြစ်၏။ သူတို့ ဒီလိုအရှက်မရှိပြုမူရင် ဖုန်းရှောင်ကျစ်က သူတို့လုပ်တာကို မေ့သွားမယ်ထင်လား… သူတို့ဘယ်လောက်တောင် အရေထူလိုက်လဲ?



  “ကျွန်တော်အဆင်ပြေတယ်။ သူက ကလေးပဲရှိ​သေးတာ။ သူ့ကို ဒီလောက်ဒေါသထွက်ဖို့ မတန်​​ပါဘူး။”

    

ထန်ချွန်းမင်က အကြံပေးလို​က်သည်။ သူ တကယ် ထိုသို့တွေးသည်။ သူ ထိုနေ့က စိတ်မကြည်သဖြင့် ချက်ချင်းပင် ပြန်လည်ခုခံပြီး အလွန်ထိရောက်မှုရှိခဲ့သည်။ ကောအာလေးက အပြင်မှာ သတင်းလျှောက်ဖွလျှင်ပင် ဘယ်သူမှ သူ့ကိုယုံမှာမဟုတ်ပေ။ သူ့ဝမ်းကွဲရဲ့ ဇနီးလောင်းကို အလုပ်နည်းနည်းကူလုပ်ပေးရတာ ဘာမှားလို့လ?

  

“မင်းသာ ကိုယ်ဝန်မလွယ်ထားရရင် ဘယ်သူက မင်းကိုစိတ်ပူနေပါ့မလဲ?” ရှန်းဖူလန်က မကျေမနပ်ပြောလိုက်သည်။ ထန်ချွန်းမင်က သူ့နှာခေါင်းသူသာ ထိနိုင်တော့သည်။

   

“အရင်တုန်းကဆိုရင် မင်းလက်ထဲမှာ ဒီကောလေးထွက်ပြေးသွားမယ်လို့ ငါယုံမှာမဟုတ်ဘူး။”





ယခင်ကဆိုလျှင် ဖြစ်နိုင်ချေရှိသော်လည်း လက်ရှိမင်ကောအာက အနစ်နာခံမည့် လူမျိုးမဟုတ်​ပေ။ ဤမင်ကောအာက ပိုကောင်းသည်။

 

ဘယ်လိုပဲဖြစ်စေ ကျန်းရှို့နှင့် ရှန်းဖူလန်က လီဖုန်း၏ပြန်အလာကို စောင့်မျှော်နေကြသည်။ မိသားစုမှာ ယောကျာ်းလေးမရှိလျှင် အဆင်မပြေပေ။ သူထွက်သွား​တာနဲ့ မိသားစုကို တစ်စုံတစ်ယောက်က အခွင့်အရေးယူချင်ခဲ့သည်။ လီဖုန်းရှိနေလျှင် ထိုကောလေးက သူတို့အိမ်ကိုလာရဲမှာမဟုတ်ပေ။

 

အဆုံးမှာ သူတို့က ရွာအဝင်ပေါက်သို့ မြင်းလှည်းတစ်စီးချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ရှန်းဖူလန်နှင့် သူ့သူငယ်ချင်းများက သက်ပြင်းချလိုက်လေသည်။

 



ထန်ချွန်းမင်က တံခါးဆီကို အမြန်ပြေးသွားခဲ့သည်။ အနှီလူမရှိလျှင် သူ့ဘေးမှာတစ်ခုခုလိုနေတယ်လို့ ခံစားရပြီး သူ့အတွက် အဆင်မပြေခဲ့ပေ။ သူ့အပေါ် အရမ်းကောင်းတဲ့ လီဖုန်းကိုပဲ အပြစ်တင်ရမလား? ဒီလိုဆိုရင် သူ့ကိုယ်သူအရင်ဆုံး ကြိမ်းမောင်းရလိမ့်မည်။

 

အားလင်းကို ပြုစုစောင့်ရှောက်မည့်သူလည်းမရှိ၊ သူ့ကို ရေခပ်လာပေးမယ့် လူလည်းမရှိ၊ ဘယ်သူကမှ သူ့ထမင်းပန်းကန်ထဲကို ဟင်းထည့်မပေးကြပေ။ ညတွင် ဘေးကင်းလုံခြုံရေးအတွက် သူ့နားထဲမှာ သတိပေးမယ့်လူလည်းမရှိပေ။ သူက နည်းမျိုးစုံဖြင့် စိတ်မသက်မသာဖြစ်ခဲ့ရသည်။

 

သူ့အပြင် အားလင်းသည်လည်း ဦးလေးဖုန်း ဘယ်တော့ပြန်လာမလဲ အကြိမ်ပေါင်းများစွာမေးခဲ့သည်။ သူက နေ့ရက်ရေတွက်နည်းကို သင်ယူပြီးပြီဖြစ်၍ ဦးလေးဖုန်းထွက်သွားခဲ့သည့်​ နေ့ရက်များကို နေ့တိုင်းရေတွက်လေ့ရှိသည်။

  



“ဖေဖေ… သားအခုတည်းက ဦးေလးဖုန်းကို အဖေလို့ခေါ်သင့်လား?”

  

“ဘာလို့လဲ.. အားလင်းက မခေါ်ချင်လို့လား?” ထန်ချွန်းမင်က သူ့သားကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူ့သား၏မျက်နှာပေါ်မှာ ရှုပ်ထွေးသောအမူအရာရှိနေသည်။ တခြားသူဆီက တစ်ခုခုကြားခဲ့ရလို့လား?

  

“ဖေဖေ.. ဦးလေးဖုန်းက အဖေ့ထက်ကောင်းတယ်။” အားလင်းက တကယ်ကိုရှုပ်ထွေးနေသည်။ ဦးလေးဖုန်းက သူ့အဖေဖြစ်လာရင် သူ့ကိုမချစ်တော့ပဲ သူနဲ့မကစားတော့ပဲ သူ့ကို အမြင့်မမြှောက်ပေးပဲ သူမြင်းပေါက်လေးမွေးတာကို တားမြစ်တော့မှာလား?

 

ထန်ချွန်းမင်က ထိုစကားကြားသောအခါ ရယ်မောလိုက်ပြီး တစ်ချိန်တည်းမှာပင် သက်ပြင်းချမိသည်။ ကျောက်တာဟူက ဖခင်တစ်ဦးအဖြစ် ဆိုးရွားသောမှတ်ဉာဏ်များကို ချန်ထားခဲ့၍ အားလင်း၏ ဖခင်တစ်ယောက်အပေါ် ထင်မြင်ချက်မှာ ယခုလိုဖြစ်နေ၏။

    

ဆန့်ကျင်ဘက်တွင် လီဖုန်းက အမှတ်တရကောင်းများ သယ်ဆောင်လာပေး၍ အားလင်းက ဦးလေးဖုန်းကို သူ့ဖခင်ဖြစ်ခွင့်ပေးဖို့ တုံ့ဆိုင်းနေသည်။

  

သူက အားလင်းကိုဖက်ကာ ပြောလိုက်ရသည်။ “ဒါဆို မင်းသူ့ကိုဦးလေးဖုန်းလို့ခေါ်။ တစ်နေ့ကျရင် အားလင်းဆန္ဒရှိမှ နာမည်ပြောင်းခေါ်လို့ရတယ်။”

  

“ဟုတ်ကဲ့” အားလင်းက ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။

 



ထိုအချိန်တွင် အားလင်းက အပြင်ပြေးထွက်သွားကာ တာမောင်းနှင့်အာမောင်းက သူ့နောက်လိုက်သွားခဲ့သည်။ သူတို့လည်း ဦးလေးဖုန်းကို လွမ်းနေသည်။ ဦးလေးဖုန်းရှိနေလျှင် အလွန်တင်းကြပ်ပေမယ့် သူတို့ကိုစောင့်ကြည့်ဖို့ မည်သူမှမရှိသည့်အခါ သူတို့က ယောက်ယက်ခတ်နေခဲ့သည်။

  

မြင်းပေါ်တွင် လူတစ်ယောက်ထိုင်နေ၏။ ယင်းမှာ ရှစ်ရက်ကိုးရက်နီး​ပါး ခရီးထွက်ခဲ့သော လီဖုန်းဖြစ်၏။ သူက ဖုန်မှုန့်တွေပေကျံနေပေမယ့် သူ့မျက်လုံးတွေက တောက်ပနေသည်။ သူက ခြံတံခါးဝမှ အပြင်ကိုရပ်ကြည့်နေသော လူကို ချက်ချင်းပင် သတိထားမိခဲ့သည်။

 

အသက်ကြီးသော အမျိုးသားတစ်ဦးက လှည်းပေါ်တွင်ထိုင်ကာ မုတ်ဆိတ်သပ်နေသည်။ သူက လှည်းကိုမှီထားပြီး သူ့ရှေ့က ရွာကို စိတ်ဝင်တစားကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မြင်းစီးနေသော လီဖုန်းကို တစ်ခုခုမေးလိုက်သည်။ လီဖုန်းက လှည်းဘေးကမြင်းကို ဖြည်းဖြည်းချင်းစီးကာ ရှေ့ကိုလက်ညိုးထိုးပြရင်းဖြေလိုက်သည်။

 



အော်သံနှင့်အတူ မြင်းက ခြံရှေ့မှာရပ်သွားသည်။ လီဖုန်းက တံခါးဝမှာရပ်နေသော ထန်ချွန်းမင်ကို အကြိမ်ရေများစွာကြည့်လိုက်သည်။ ထန်ချွန်းမင် မပိန်သွားပဲ ခွဲခွာရသည့် ရက်အတောအတွင်း အသားအရေ မဆိုးရွားမှသာ သူစိတ်အေးနိုင်တော့သည်။ ထို့နောက် သူက တ​ခြားသူများကိုနှုတ်ဆက်ပြီး နောက်လှည့်ကာ အဘိုးအိုအား လှည်းပေါ်မှဆင်းနိုင်ရန် ကူညီပေးလိုက်သည်။

  



“ဒါက သမားတော်ဟဲဖြစ်မယ်။ ကျွန်တော့် မျိုးရိုးနာမည်က ရှန်းပါ။ ကျုပ်က ရွာလူကြီးဖြစ်ပြီး အားဖုန်းရဲ့ ဦးလေးပါ။ အားဖုန်းပြန်လာတော့ သမားတော်ဟဲအကြောင်း ပြောပြခဲ့တယ်။ သူအပြင်မှာရှိနေတုန်းက သူ့ကိုစောင့်ရှောက်ပေးမယ့် သမားတော်ရှိခဲ့တာ ကံကောင်းလှပါတယ်။ ခင်ဗျားက သူ့ကျေးဇူးရှင်ပါ။” ရှန်းဖူလန်က အဘိုးအိုကို ကျေးဇူးစကားပြောနေခဲ့သည်။

 

သမားတော်ဟဲက အသက်ခြောက်ဆယ် ခုနှစ်ဆယ်အရွယ်ဖြစ်ပေမယ့် သူ့မျက်နှာက နီမြန်းနေပြီး ခရီးသွားခြင်း​ကြောင့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာမပြပေ။ သူ့မျက်လုံးများကတောက်ပနေပြီး သူက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရှန်းဖူလန်အား အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ရှန်းဖူလန်…. မင်းအရမ်းယဥ်ကျေးလွန်းပါပြီ။ ကျုပ်အစက လက်တစ်ဖက်ကမ်းပေးဖို့ပဲ ရည်ရွယ်ခဲ့ပေမယ့် ဒီလိုမျိုး ကံပါလာမယ်လို့ မထင်ထားခဲ့ဘူး။ နောက်ကျရင် ရှန်းဖူလန်က ကျုပ်ကိုဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။”

     

သူက လီဖုန်းကိုလှည့်ပြောလိုက်သည်။ “မင်း… မင်းရဲ့ဇနီးလောင်းကို ငါနဲ့မိတ်ဆက်ပေးလို့ရအောင် ဒီခေါ်လာဖူးလား? ဘယ်လိုလူမျိုးက မင်းရဲ့နှလုံးသားကိုရခဲ့လဲ ငါသိချင်တယ်။”

 

လီဖုန်းက ပြုံးကာ ထန်ချွန်းမင်ထံလျှောက်သွားစဥ် ရှန်းဖူလန်က သမားတော်ဟဲနှင့် စကားပြောနေသည်။ သမားတော်ဟဲ ​ပြောလို့ပြီးတော့ သူက ထန်ချွန်းမင်၏လက်မောင်းကို တွဲထားနှင့်ပြီးဖြစ်၏။ ထိုနည်းဖြင့် လီဖုန်းက ဘာမှပြောစရာမလိုခဲ့ပေ။ သမားတော်ဟဲက သူ့ကောကို သိသွားပြီဖြစ်၍ သူ့မျက်ဝန်းထဲမှာ အံ့အားသင့်ရိ​ပ်ရှိ​နေခဲ့သည်။

 

လီဖုန်း အရင်က သူ့ကိုပြောပြဖူးသော်လည်း ဘယ်လိုကောမျိုးက ဤကလေး၏နှလုံးသားကို ချုပ်ကိုင်နိုင်ခဲ့လဲ သူမသိခဲ့ပေ။ သူယခုတွေ့ဆုံမှသာ ထိုကောလေးက ဝတ်ပြုဆုတောင်းကာလသို့ရောက်နေပြီး ကိုယ်ဝန်လွယ်ထားရမှန်း သိတော့သည်။

   



ယခုမူ သူ့ဆီသို့ တည်ငြိမ်အေးဆေးစွာရောက်လာသော ထိုကောကိုကြည့်ကာ လီဖုန်းကလည်း ကောငယ်လေးတစ်ယောက်ကို ချီထားသဖြင့် သူ့အမူအရာက ဘယ်လောက်တောင် နူးညံ့နေခဲ့လဲ မှားစရာမရှိပေ။

  



“သမားတော်ဟဲ… ကျွန်တော်က ထန်ချွန်းမင်ပါ။ ခင်ဗျားခရီးပန်းလာရပါပြီ။ အထဲဝင်ပြီး အနားယူလိုက်ပါ။”

  

“အင်းပါ..အင်းပါ..” သမားတော်ဟဲက ပြုံးလိုက်သည်။ သူဟာ တည့်တိုးဆန်သော ကောတစ်ယောက်ဖြစ်နေ၍ ပထမဆုံးအမြင်က ကောင်းနေလေသည်။

 

သူဟာ ဖုန်းရှောင်ကျစ်၏ လူကြီးအစစ်မဟုတ်၍ သေချာပေါက် သူ၏ရွေးချယ်မှုကို ဝင်စွက်ဖက်မှာမဟုတ်ပေ။ သို့ပေသိ ဖုန်းရှောင်ကျစ် သူ့ကောလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာကို သူတွေ့ချင်သည်။

    

သူ့ရှေ့ကကောမှာ ကြည်လင်သောမျက်ဝန်းနှင့် သဘောထားကြီးသောအပြုအမူရှိသည်။ တခြားသော ကျေးလက်သား ကောအာများနှင့် မတူညီပေ။ ဝတ်ပြုဆုတောင်းခြင်းနှင့် ကိုယ်ဝန်လွယ်ထားရခြင်းသည် အတက်အကျများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး မရေမတွက်နိုင်သော မုန်တိုင်းများကို မြင်ခဲ့ရသည့် လူကြီးတစ်ယောက်အတွက် ကြီးမားသောကိစ္စမဟုတ်ချေ။

 

သမားတော်ဟဲ၏အမူအရာက မင်ကောအာကို သဘောကျကြောင်း လီဖုန်းသိလိုက်သည်။ သူက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး အလိုလိုက်ခံရသော ကလေးကဲ့သို့ ပြုမူနေသည့် အားလင်းကိုပြောလိုက်သည်။ “သူ့ကို အဘိုးဟယ်လို့ခေါ်ပါ။ အခုကစပြီး အဘိုးက အိမ်မှာတူတူနေတော့မှာ။”