Chapter 44.2
Viewers 21k

Chapter 44.2




ထိုသို့ဖြင့် သူတို့က လွှတ်ပေးလိုက်ပြီး နစ်နာသူမိသားစုကို ကံဆိုးသည်ဟုပြောကာ အနာဂတ်မှာ ပိုသတိထားခိုင်းလိမ့်မည်။ ဟွမ်မိသားစုက သနားစရာကောင်းတာကြောင့် သူတို့အများကြီးမခိုးခဲ့လျှင် ခွင့်လွှတ်ပေးသင့်သည်ဟု တချို့မိသားစုများကလည်း ​ပြောလာခဲ့သည်။ 

  

ဘာပဲပြောပြော မင်းက ကောင်းမှုကုသိုလ်စုပြုံလုပ်လျှင် မင်းမိသားစုက ကောင်းတယ်လို့ သတ်မှတ်ခံရလိမ့်မည်။ ဟွမ်စစ်ကုံး၏ နှောင့်ယှက်ခံခဲ့ရသော လူတွေက ဒေါသထွက်သွားခဲ့သည်။

 



သူတို့ဘဝလေးကောင်းစားနေတာ သူတို့အပြစ်လား? ယင်းက တကယ်ကို ဒေါသထွက်စရာပင်။ ဟွမ်မိသားစု၏ဇနီးက သူ၏သနားစရာကောင်းသော နောက်ခံကိုအသုံးချကာ တစ်နေကုန်ငိုနေလေ၏။ သူ အရှုံးမပေးနိုင်၍ သူ့ဒေါသကို ထိန်းထားရမည်။

 

ယခု တစ်စုံတစ်ယောက်က ဤစကားများကို​ပြောလာ၍ သူတို့က “မှန်တယ်”လို့ဆိုကာ ချီးကျူးထောက်ခံဖို့ မစောင့်နိုင်ခဲ့ကြပေ။ တကယ်တော့ ဤကလေးက ပညာတတ်ပြီး သူပြောတာတွေက သူတို့ကို စိတ်သက်သာရာရစေသည်။ သူတို့ဘာလို့ အရင်က မတွေးမိခဲ့ရတာလဲ? အမှန်မှာ ပညာတတ်များက ပို၍နားလည်မှုရှိကြသည်။

 

ရွာလူကြီးနှင့် အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသီးသောအပြုံး​ကို တပ်ဆင်လိုက်ကြသည်။ ဤစကားများက သူတို့ရင်ထဲထိသွားပြီး သူတို့က ဟွမ်မိသားစုကို ကိုင်တွယ်ဖြေရှင်းရမည်။ မဟုတ်ရင် ဘယ်သူက သူတို့ရွာမှာ ကောင်းကောင်းနေရဲတော့မှာလဲ? ရွာထဲက လူတွေနှင့်အတူတူ ကြွယ်ဝချမ်းသာလာအောင် ကူညီပေးချင်တဲ့သူ ရှိလာပါတော့မလား? သူတို့မဖြေရှင်းနိုင်လျှင် တခြားသူတွေ စိတ်ပျက်သွားလိမ့်မည်။

  

“အမှန်တိုင်းပြောပါရစေ။” ရွာအရေးမှာ ဝင်မပါဖူးသော ဦးလေးကျောက်လျိုက ဤတစ်ကြိမ်မှာ ဝင်ပြောခဲ့သည်။ “မင်ကောအာက ဘယ်လိုလူမျိုးလဲ? မနာလိုတဲ့လူကလွဲရင် သူ့အမှားကို ဘယ်သူထောက်ပြနိုင်လဲ? မင်ကောအာက ဘယ်သူ့ကိုမှ မနှောင့်ယှက်ပဲ ဥစ္စာရှာခဲ့တာ။ ကျုပ် မင်ကောအာဆီက ဟင်းသီးဟင်းရွက် ပျိုးပင်တချို့ဝယ်ပြီး မြို့ပေါ်မှာနေ့တိုင်းရောင်းတယ်။”

  

“ကျုပ်ပိုက်ဆံရှာလာနိုင်တာ သူ့ကြောင့်ပဲ။ မင်းကိုယ်မင်းမေးကြည့်ပါ။ ဘယ်သူက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်း ပြောချင်မှာလဲ? မင်ကောအာ ဒီလိုလုပ်တာ မလုံလောက်လို့လား? ဒီလူက အမှားနဲ့အမှန်ကို မခွဲခြားတတ်တာနဲ့ပဲ ကျုပ်တို့က ထန်ချွန်းမင်ကို ရွာပြင်ထုတ်ပြီး လူတွေရဲ့ ငွေကြေးအရင်းအမြစ်ကို ဖြ​တ်တောက်ပစ်ရမှာလား?”



  



“ဦးလေးကျောက်… ခင်ဗျား တကယ်ငွေရှာနိုင်ခဲ့တာလား? နော​က်ကျရင် ကျုပ်တို့ရော မင်ကောအာဆီက ဟင်းသီးဟင်းရွက်ပျိုးပင်တွေ ဝယ်လို့ရလား?” ခြံပြင်က လူတစ်ယောက်က ချက်ချင်းဆိုသလိုပင် ​မေးလာခဲ့သည်။

 

လီဖုန်းနှင့် ထန်ချွန်းရုံက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ ဒေါသကို ဖိနှိပ်ထားသော လီဖုန်းက ဦးလေးကျောက်လျိုကိုယ်စား​ ပြောပေးခဲ့သည်။ “မင်ကောအာက သူ့ဆီက ပျိုးပင်တွေကို မရောင်းပေးဘူးလို့ မပြောဖူးဘူး။ အလကားလိုချင်တဲ့လူတွေကတော့ ကျုပ်တို့အိမ်ကို လာလို့မရဘူး။”

  



“ငါ ပိုက်ဆံရှာနိုင်တာကို ရွာထဲက လူအကုန်သိကြတယ်မလား? ငါမြို့ပေါ်မှာ ဟင်းသီးဟင်းရွက်ရောင်းနေတာကို သူတို့မြင်ကြတယ်လေ။” ဦးလေးကျောက်လျိုလည်း ပြောလိုက်သည်။

 



ဆွေးနွေးသံများက ပို၍ပင် ကျယ်လောင်လာသည်။ ဦးလေးကျောက်လျို မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်ရောင်းတာကို အမှန်တကယ်ပင် မြင်ဖူးသူရှိသည်။ ထို့အပြင် သူနဲ့အတူ ဟင်းသီးဟင်းရွက်စျေးကို သွားခဲ့သူများကလည်း မြင်ခဲ့သည်။

   



ဦးလေးကျောက်လျို၏ ဟင်းသီးဟင်းရွက်များက သူတို့ထက် စျေးကြီးရုံတင်မကပဲ အမြန်လည်း ရောင်းထွက်ခဲ့သေးသည်။ လူတွေက စျေးမှာစောင့်နေကြပြီး မျက်စိတစ်မှိတ်အတွင်း ဝယ်ယူအားပေးကြလေသည်။







လတ်တလောတွင် သူ၏မြေးအကြီးဆုံးက ဝတ်စားဆင်ယင်မှု ပိုသားနားလာပြီး သူ့မျက်နှာပေါ်တွင် အမြဲလိုလိုအပြုံးရှိနေတာကို လူတစ်ချို့မြင်ခဲ့ရသည်။ သူငွေမရှာနိုင်ဘူးလို့ပြောလျှင် ဘယ်သူမှယုံမှာမဟုတ်ပေ။

 

တချို့လူတွေက ရွာထဲက အတင်းအဖျင်းများကို နားမထောင်ခဲ့သင့်ဘူးလို့ နောင်တရနေသည်။ မင်ကောအာက ပိုက်ဆံကိုပဲစိတ်ဝင်စားတာကြောင့် တန်ဖိုးမရှိသော ပျိုးပင်များကိုသုံးပြီး ရွာသားများထံမှ ငွေရှာချင်နေတာလို့ သူတို့က ပြောခဲ့ကြသည်။

    

ထိုအချိန်တွင် မိသားစုတစ်ခုမှ အပိုဆောင်းစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ပျိုးပင်များကို အလကားပေးသင့်သည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။ ဘယ်သူကမှ ၎င်းတို့ကိုရောင်းဖို့ ဂရုမစိုက်ကြချေ။ တွန့်တိုသောမိသားစုများကပင် သူတို့နောက်ကွယ်မှာ စကားလုံးအနည်းငယ်ပြောခဲ့သည်။ သို့ဖြစ်၍ အားလုံးက တိတ်နေပြီး သူတို့ကို ရယ်စရာလို့ မှတ်ယူခဲ့ကြသည်။



မထင်မှတ်ထားသည်မှာ မင်ကောအာနှင့် ရင်းနှီးသောမိသားစုများက ငွေရှာန်ိုင်ခဲ့ပြီး သူတို့ကို မနာလိုဖြစ်စေခဲ့သည်။ သူတို့က လူမှားယုံမိတာကို နောင်တရနေသည်။

 

မင်ကောအာက သူတို့ဘယ်လောက်ရှာနိုင်လဲ ဂရုမစိုက်ပဲ သူတို့အား ပျိုးပင်ထပ်ဝယ်ခွင့်ပေးခဲ့သည်။ သူ့လယ်က ကောက်ပဲသီးနှံများက တခြားသူများထက် ပိုကောင်းလာတာကိုတွေ့လျှင် သူတို့က မင်ကောအာဆီမှ အစေ့နည်းနည်းရချင်ခဲ့သည်။

    



သို့သော် ဤကိစ္စတွင် သူတို့က မင်​ကောအာအတွက် တရားမျှတမှုကိုရှာပေးပြီး ဆုံးရှုံးမှုတစ်စုံတစ်ရာကို ခံစားခွင့်မပေးနိုင်ချေ။ အကြောင်းမှာ သူတို့အားလုံးအတူတူ ငွေရှာချင်သေးသည်။

 

ရလဒ်အနေဖြင့် လူတိုင်းက ဟွမ်မိသားစုကို ရန်လိုစွာကြည့်လိုက်သည်။ ဟွမ်စစ်ကုံးလို လူယုတ်မာတစ်ယောက်ရှိနေရင် ဘယ်သူက အနာဂတ်မှာ ချမ်းသာလာတော့မလဲ?

  

“ဦးလေးလျိုပြောတာမှန်တယ်။ ဟွမ်စစ်ကုံးက ဒီနှစ်တွေမှာ ကောင်းတာဘာမှမလုပ်ထားဘူး။ သူမှားလား မှန်လား အဘိုးကြီးဟွမ်လည်းသိတယ်!”

  

“ထန်မိသားစုက လူငယ်လေးပြောတာ ပိုဆီလျော်တယ်။ ဒီလိုမိသားစုရှိရင် ရွာမှာ ဘယ်သူမှ အေးအေးချမ်းချမ်း နေရမှာမဟုတ်ဘူး။ သူတို့ကို မောင်းထုတ်သင့်တာကြာပြီ”

  

“ဟုတ်တယ်…ဟွမ်မိသားစုက အကျင့်ပျက်ခဲ့တာကြာပြီ။ သူတို့လက်စားချေခံရမှာမကြောက်ဖူးလား? အရင်တုန်းက အရမ်းကောင်းတဲ့ကောလေးတစ်ယောက်က ဟွမ်မိသားစုမှာ လက်ထပ်ခဲ့ပေမယ့် အဆုံးမှာ သူ နှိပ်စက်ခံရပြီး သေသွားခဲ့တယ်။”

  

“ရွာလူကြီး… မျိုးနွယ်စုအကြီးအကဲ… ခင်​ဗျားတို့ သူတို့ကို ဒီလိုလွှတ်ပေးနေလို့မရဘူး။ ကျုပ်တို့ဖျင်ရှန်ရွာက ရွာရဲ့နာမည်ကိုဖျက်စီးမယ့်သူ အလိုမရှိဘူး။ ​နောက်နောင် ဘယ်သူက ကျုပ်တို့ဖျင်ရှန်ရွာမှာ လက်ထပ်ရဲတော့မှာလဲ?”

 

ဟွမ်မိသားစုအား ရှုတ်ချသောအသံများက ပိုမိုကျယ်လောင်လာသည်။ တချို့လူတွေက သူတို့ကို တံတွေးနဲ့ပင် ထွေးခဲ့ကြသည်။ ဦးလေးကျောက်က တင်းတိမ်ရောင့်ရဲသောအပြုံးဖြင့် နောက်ဆုတ်သွားခဲ့သည်။ သူက လူတိုင်း၏စိတ်ခံစားချက်ကို တမင်တကာနှုတ်ဆက်ထားသည်။ 

   

တစ်​ယောက်ယောက်က သူ့မိသားစု၏ ဟင်းသီးဟင်းရွက်အရောင်းကိစ္စကိုပင် မေးလာခဲ့သည်။ နောင်မှာ ဟင်းသီးဟင်းရွက်လာဝယ်လျှင် မင်ကောအာက ရောင်းပါဦးမလားလို့ တစ်ယောက်ယောက်က မေးလာ၍ မင်ကောအာက ငွေပေးသူတိုင်းကို ရောင်းမယ်လို့ သူပြောလိုက်သည်။ ဒါ​ကြောင့်ပဲ သူ ယခုလို ဝင်ပြောခဲ့​တာဖြစ်၏။

 



လူကောင်းတွေကို ဆုချပြီး လူဆိုးတွေကို အပြစ်ပေးသင့်သည်။ ကျောက်မိသားစုမှ ထိုလူများအကြောင်းကို တွေးတောရင်း ဦးလေးကျောက်၏မျက်လုံးက မှေးမှိန်သွားပြန်သည်။

 

ဟွမ်ဇနီးမောင်နှံက အံ့အားသင့်သွားသည်။ သူတို့က တစ်ရွာလုံး၏ ရှုတ်ချခံရသော ပစ်မှတ်ဖြစ်လာမယ်လို့ မထင်ခဲ့ပေ။ ထို့အပြင် ဤလူများ၏ပြောစကားအရ သူတို့ ဖျင်ရှန်ရွာမှ မောင်းထုတ်ခံရမည့်ပုံပင်။

   

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ဖျင်ရှန်ရွာက ထွက်သွားရင် သူတို့ဘယ်လိုနေကြမလဲ? ထိုအချိန်တွင် ဟွမ်ဇနီးမောင်နှံက သူတို့၏​မြေးငယ်လေးကို သတိရသွားပြီး ထောင့်တစ်နေရာမှာ ငိုနေသော ထိုကလေးကို အမြန်ဖက်လိုက်သည်။ “မင်းတို့က ငါတို့မိသားစုကို သေအောင်ဖိအားပေးကြမှာလား? ငါတို့ရဲ့သနားစရာမြေးလေးက သူ့အားမူကိုဆုံးရှုံးခဲ့ရတာ မကြာသေးဘူး။ တခြားသူတွေကလည်း သဘောမကျကြဘူး။ ငါ့ရဲ့သနားစရာကောင်းတဲ့မြေးလေး သေသွားတာကို မြင်ချင်ကြတာလား?”

  

“မင်းက မြေးရှိတာကို မှတ်မိသေးတာပေါ့။ မင်းတို့ရဲ့မြေလေးကို အရင်ကဘယ်လိုဆက်ဆံလဲ လူတိုင်းသိကြတယ်။ မင်းမှာ ဒီလိုရည်ရွယ်ချက်ရှိတယ်ဆိုရင် မင်းရဲ့ကလေးကို ဒီလိုပိန်အောင်ထားပါ့မလား? မင်းက ကလေးကိုနှိပ်စက်ပြီး သူများတွေကို အပြစ်တင်နေတယ်။” ဘယ်သူကမှ ဟွမ်မိသားစုအတွက် ကောင်းတာမပြောပေးတော့ပဲ လူတစ်ယောက်က ပက်ခနဲပြန်ပြောခဲ့သည်။

 

မှန်သည်။ ဟွမ်စစ်ကုံး၏ဇနီး မီးဖွားပြီး သေဆုံးသွားတော့ သူ့ကို ဟွမ်အားမူက ကံဆိုးတယ်လို့ သတ်မှတ်ပြီး ဤကလေးကိုပင် သဘောမကျခဲ့ပေ။ ထို့အပြင် ဤမြေးငယ်သည် ယောကျာ်းလေးမဟုတ်ပဲ ကောလေးတစ်ယောက်ဖြစ်တာ​ကြောင့် ဟွမ်ဇနီးမောင်နှံက ပိုလို့တောင် မကျေနပ်ဖြစ်ခဲ့သည်။

   

ထိုသို့သောမိသားစုတွင် ရှင်သန်နိုင်ခဲ့တာ ဘုရားသခင်၏ကောင်းချီးဖြစ်သည်။ သူ့သားကိုစိတ်ပူနေချိန်မှာ သူ့မြေးလေးကို ဘယ်လိုဆက်ဆံခဲ့လဲ သူတို့မမြင်လိုက်ရလို့လား? ဒါမှမဟုတ် ကလေးတတ်နင်းမိမှာကို မကြောက်ကြတာလား?

 



“မင်းတို့…. “ ဟွမ်အားမူက မူးမေ့လုမတတ်ပင်။ သူက ကလေးကို ကမန်းကတန်းဒူးထောက်ခိုင်းကာ ခေါင်းကိိုဖိပြီး ​ပြောလိုက်လေသည်။ “မြန်မြန် ဒူးထောက်ပြီး မင်းအဖေကိုလွှတ်ပေးဖို့ ဦးလေးနဲ့ အဘိုးတို့ကို တောင်းပန်လိုက်။ မင်းအဖေက အမှားကိုသိပြီမို့ ထပ်လုပ်ရဲမှာမဟုတ်ဘူး။”

 



ကလေးလေးက ကြောက်လွန်းလို့ အော်ငိုပြီး လူတစ်ချို့က သူ့ကိုမကြည့်ရက်နိုင်လို့ ခေါင်းလှည့်လိုက်ကြသည်။ သို့သော် သူတို့က ဟွမ်မိသားစုကို အလွတ်ပေးမှာမဟုတ်တာကြောင့် သူတို့က ရွာလူကြီးနှင့် အကြီးအကဲများကို ကြည့်လိုက်ကြသည်။

  

“ဘာလို့ငိုနေတာလဲ… ကံဆိုးကောင်ရဲ့… ဒါတွေအားလုံးက မင်းအပြစ်ပဲ ကျက်သရေမရှိတဲ့ကောင်.. မင်းက မွေးလာတည်းက မင်းအဖေကို ကံဆိုးမှုတွေ သယ်ဆောင်လာပေးခဲ့တာ။” ဆူပူကြိမ်းမောင်းရင်းဖြင့် သူက ကလေး၏ပါးစပ်ကို ဆွဲဆိတ်လိုက်ပြီး ကလေးက အလွန်ကြောက်လန့်ကာ ရှိုက်ရင်းဖြင့် ကြို့ထိုးသွား​လေသည်။

  

“တော်လောက်ပြီ!” ရွာလူကြီးက ဒေါသထွက်သွားသည်။ “မင်းဘာလို့ ကလေးကိုရိုက်နေတာလဲ? မင်းမှာအစွမ်းအစရှိရင် မင်းရဲ့သားကို ကောင်းကောင်းဆုံးမလို့မရဘူးလား? အရင်တစ်ခေါက် မင်းရဲ့သား မကောင်းတာလုပ်ရင် သူ့ကိုဒီရွာက နှင်ထုတ်မယ်လို့ မင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား? အခုချက်ချင်း မင်းရဲ့သားကိုခေါ်ပြီး မင်းတို့ဟွမ်မိသားစု ရွာထဲက ထွက်သွားတော့။ ဖျင်ရှန်ရွာက မင်းတို့လိုလူတွေကို မကြိုဆိုဘူး!”

  



“ဘာ?!” ဟွမ်အားမူက အော်လိုက်သည်။

 

ဟွမ်ဖခင်က ထိတ်လန့်သွားပြီး ဘာတုံ့ပြန်မှုမှမရှိတော့ပဲ မြေပြင်ပေါ်မှာ ထိုင်ချလိုက်သည်။

 

ဟွမ်စစ်ကုံးက ပတ်ဝန်းကျင်ကို ကြောင်တက်တက်ကြည့်လိုက်သည်။

 

လီဖုန်းက ရလဒ်ကို ကျေနပ်နေခဲ့သည်။ သူ ဤလူကို အစိုးရရုံးထဲပစ်ချချင်ပေမယ့် ရွာလူကြီးကိုလည်း မျက်နှာသာပေးရဦးမည်။ ထို့အပြင် ထိုကဲ့သို့လူများ ရွာမှထွက်သွားသည်နှင့် တစ်ပြိုင်နက် မင်ကောအာရှေ့မှာ နောက်တစ်ကြိမ် မျက်စိစပါးမွေးစူးစရာ အဖြစ်မခံနိုင်ပေ။

 

ထန်ချွန်းရုံက ကလေးကိုတွေ့သည့်အခါ စိတ်ပျော့သွားသော်လည်း သူက သူ့အစ်ကိုအား ဒုက္ခပေးသူများကို ကလေးအတွက်နဲ့ ရွာမှာဆက်နေခွင့်မပြုနိုင်ပေ။ သူတို့ ဘာတွေထပ်လုပ်မလဲ ဘယ်သူကသိမှာလဲ? သူတို့ သူ့အစ်ကိုရှေ့မှာ ပြဿနာထပ်ရှာမှာကို သူတွေးပင်မတွေးရဲပေ။ သူ့အစ်ကိုက ယခုကိုယ်ဝန်ရှိနေပြီး တစ်ခုခုဖြစ်သွားလျှင် ယင်းမှာ အသက်နှစ်ချောင်းဖြစ်၏။ သို့ဖြစ်၍ သူက မျက်နှာလွှဲခဲပစ်ကာ စိတ်ကိုတင်းထားရသည်။

 

တာရှန်က ထန်ချွန်းရုံပခုံးကို ပုတ်လိုက်ပြီး ဤသည်မှာ လုပ်သင့်လုပ်ထိုက်တာဖြစ်ကြောင်း ပြောလိုက်လေသည်။ သူတို့ ယခုတစ်ကြိမ်မှာ ဟွမ်မိသားစုကို သနားနေလျှင် ထိုလူတွေက ပိုအတင်းရဲလာလိမ့်မည်။ ဟွမ်မိသားစုမှ လူကြီးတွေဘယ်လောက်ပဲ ငိုယိုအသနားခံပါစေ ရွာအကြီးအကဲများကလည်း ဤတစ်ကြိမ်မှာတော့ ခွင့်မလွှတ်ပေးချင်ခဲ့ပေ။

   

ထို့အပြင် ဟွမ်မိသားစုက တစ်ခုခုထပ်မံဖြစ်ပွားလျှင် ဖျင်ရှန်ရွာမှ ထွက်သွားမည်ဟု ကတိပေးခဲ့ဖူးသည်။ ထန်ချွန်းမင် ဘာမှမဖြစ်သွားတာ ကျေးဇူးတင်ရမည်။ မဟုတ်ပါက လီဖုန်းသည်ကား သူတို့ကို လွယ်လွယ်လွှတ်ပေးမည်မဟုတ်ချေ။

 

နာမည်ကောင်းအမြဲရှိခဲ့သည့် တတိယဦးလေးကျောက်က ဤတစ်ကြိမ်မှာ ရောက်မလာခဲ့ပေ။ ရွာလူကြီးက သူ့ကို ကျောက်မိသားစုအတွက် ရပ်တည်ခွင့်မပေးခဲ့တာကြောင့် တတိယဦးလေးက ဒေါသထွက်ကာ ပြောခဲ့လေသည်။



“မင်းမှာလုပ်စရာတစ်ခုခုရှိရင် ငါ့ကိုမလာခိုင်းနဲ့။ မင်းငါ့ကို အတင်းလာခိုင်းရင် မင်း ကျောက်မိသားစုရဲ့ကိစ္စကို ဖြေရှင်းပေးရမယ်။”