Chapter 44.1
Viewers 21k

Chapter 44.1




“ရက်စက်ကြမ်းကြုတ်တဲ့လူ”

           

သတိပေးချက်: ဤအပိုင်းတွင် ကလေးသူငယ်ညှဥ်းပန်းနှိပ်စက်ခြင်းအား သရုပ်ဖော်ထားသည်။



“ဖေဖေ…. စကားမပြောပါနဲ့တော့…..” ဘယ်သူမှ ဘာမှမပြောနိုင်ခင်မှာ ဟွမ်စစ်ကုံးက အော်ဟစ်လိုက်ပါတော့သည်။ ဒါသူ့ကို သေတွင်းထဲတွန်းပို့နေတာမဟုတ်ဘူးလား?

  

“ဟင်း… မင်းအစောထဲက စိတ်ပိုင်းဖြတ်ပြီးရင် မင်းရဲ့သား လမ်းလွဲသွားမှာမဟုတ်ဘူး!” သူ့သားကို အလွန်စိတ်ပျက်နေသော မျိုးနွယ်စုအကြီးအကဲမှပြောလိုက်သည်။ ယခု ဇာတ်လမ်းထွင်ဖို့ နောက်ကျသွားလေပြီ။

  

“ဦးလေးဟွမ်ကြားချင်တယ်ဆိုရင်တော့ ဟွမ်စစ်ကုံး ညသန်းခေါင်မှာ ဘာလုပ်ခဲ့လဲနားထောင်ကြတာပေါ့!”

   

ရွာလူကြီးက ထိုဇနီးမောင်နှံ၏အပြုအမူကို မခံမရပ်နိုင်ဖြစ်နေသည်။ ကံအားလျော်စွာ ဖုန်းရှောင်ကျစ်နဲ့ သူ့လူများက ညသန်းခေါင်မှာ လူကိုခေါ်လာခဲ့သည်။ ရွာလူကြီးက သူ့ကို တိုက်ရိုက်ဝန်ခံခိုင်းပြီး ဟွမ်စစ်ကုံးအား လက်မှတ်ထိုးစေသည်။ ဖုန်းရှောင်ကျစ်၏နည်းလမ်းများနှင့် ဟူလန်ကျုံး၏ပြစ်ဒဏ်က မရှိမဖြစ်လိုအပ်ခဲ့သည်။

 

ရွာလူကြီးက ဟွမ်စစ်ကုံး လက်မှတ်ထိုးထားသည့် စာရွက်စာတန်းကို ထုတ်ယူကာ သူ့ဘေးနားရှိ ပညာတတ်လူငယ်လေးတစ်ယောက်ကို ပေးခဲ့ပြီး နေရာမှာတင်ဖတ်ပြခိုင်းခဲ့သည်။

 

ဟွမ်စစ်ကုံးက ညသန်းခေါင်မှာ ပိုက်ဆံခိုးရန် အိမ်ထဲခိုးဝင်ခဲ့သည်ဟု ဝန်ခံထားသည်။ ထန်ချွန်းမင်က ကျင်းကျိစားသောက်ဆိုင်နှင့် လုပ်ငန်းကြီးလုပ်နေ၍ မကြာခဏ ငွေရရှိသည်ဟု သူ တခြားသူထံမှကြားခဲ့သည်။ ထန်ချွန်းမင်က အိမ်မှာနေသော ကောတစ်ယောက်ဖြစ်၍ ခုခံနိုင်စွမ်းမရှိပေ။ သူက ငွေကို နာခံမှုရှိရှိ လွှဲပေးရလိမ့်မည်။ သို့ပေမယ့် သူက ခြံနံရံကိုကျော်တက်ပြီးခါစ အိမ်ထဲမဝင်ရသေးခင်မှာ ခြံထဲရှိ တောရိုင်းတိရစ္ဆာန်၏ အကန်ခံခဲ့ရပြီး ခွေးတစ်ကောင်၏ တင်ပါးကိုက်ခံခဲ့ရသည်။

 

ဟွမ်ဖခင်၏မျက်နှာမှာ ပြာနှမ်းသွားပြီး ပြောစရာပျောက်ရှသွား၏။ သူက သူ့ဇနီးနှင့်မတူစွာ ခေါင်းပင်မထောင်နိုင်တော့ချေ။ သူပြောပြီးသည့်စကားကို မတည်လို့မရသလို တခြားသူ၏မျက်နှာကိုလည်း မကြည့်ဝံ့ပေ။

    

သူတို့ သူ့ကိုရယ်မောနေလောက်သည်။ သူက ထရပ်လိုက်ပြီး နောက်လှည့်လိုက်သည်။ သူက တံတိုင်းခြေရင်းမှာ ထောင်ထားသော ထမ်းတိုင်ကိုကိုင်ကာ ပြေးယူပြီး မာန်ဖီလိုက်သည်။ “ရွာလူကြီးဖြေရှင်းစရာမလိုပါဘူး။ ဒီကောင် နောက်နောင် အပြင်မှာ မဟုတ်တာတွေမလုပ်အောင် ကျုပ်သူ့ခြေထောက်ကို ရိုက်ချိုးလိုက်ပါမယ်!”

 

ဟွမ်မိသားစုရဲ့အားမူက သူ့သားလေးကို အရိုက်ခံခိုင်းပါ့မလား? သူ့ခင်ပွန်းက သူ့သားကို ထမ်းတိုင်နှင့် ပြေးရိုက်တော့မည့်ဆဲဆဲတွင် သူက ငိုတာရပ်ပြီး သူ့သားဆီကို အပြေးအလွှားသွားခဲ့သည်။

   

“ခင်ဗျားက ကျုပ်သားကိုရိုက်ရဲတယ်ပေါ့… ကြည့်… စစ်ကုံးက ခြေထောက်ကျိုးနေတာကို နောက်တစ်ဖက်ချိုးလိုက်ရင် သူအသက်ရှင်နိုင်ဦးမလား? သနားစရာကောင်းတဲ့ စစ်အာလေး…မင်းက အားမူရဲ့တစ်ဦးတည်းသောသားပါ။ မင်းအစ်ကိုသာ အသက်ရှင်ခဲ့ရင် မင်းနဲ့မင်းသားလေး ဒီလိုဖြစ်လာပါ့မလား… သခင်ကြီး…. ခင်ဗျား ကျုပ်သားကိုရိုက်လို့ကတော့ ကျုပ်ခင်ဗျားကိုသေအောင်သတ်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က ကျုပ်သားလေးမရှိပဲ အသက်မရှင်နိုင်ဘူး!”

 

အရူးတစ်ယောက်လိုပင် သူက နောက်တစ်ကြိမ်ထလာပြီး ဟွမ်စစ်ကုံး၏ဖခင်ထံသို့ ပြေးသွားပြီး ထိုလူကို သူ့လက်ဖြင့် အရူးတစ်ယောက်လို ကုတ်ခြစ်လိုက်​လေသည်။ ဟွမ်စစ်ကုံး၏ဖခင်က ထမ်းတိုင်ကိုကိုင်ထား၍ သူ့ဇနီးကိုကိုင်တွယ်ရန် ထမ်းတိုင်ကို အသုံးမပြုနိုင်တာကြောင့် သူက မကြာခင်မှာ အရှုံးပေးခဲ့သည်။

   

ခဏအကြာတွင် သူ့မျက်နှာနှင့်လည်ပင်းက လက်သည်းကုတ်ခြစ်ရာများဖြင့် သွေးစွန်းနေလေသည်။ သူတို့နှစ်ယောက်က မြေပြင်ပေါ်မှာ လုံးထွေးနေပြီး ဖုန်မှုန့်တွေက လုံးထွေးသွားလေသည်။

 

သူတို့​မြေးလေးက ဘေးသို့လွင့်ထွက်သွားပြီး ကြောင်တစ်ကောင်လို ထိတ်လန့်တကြားငိုတော့သည်။

 

မျိုးနွယ်စုအကြီးအကဲများ၏ နဖူးများတွင် သွေးကြောများ တဆတ်ဆတ်တုန်လာပြီး သူတို့က တခြားသူ၏အိမ်တွင် တစ်ရွာလုံးရှေ့မှာ သူတို့ကိုယ်သူတို့ အရှက်ခွဲနေသည်။ ရွာလူကြီးက ဒေါသထွက်လွန်းလို့ တစ်ခုခုကိုကောက်ကိုင်ကာ ပစ်ပေါက်ပြီး အော်လိုက်လေသည်။ “မင်းတို့ရန်ဖြစ်ချင်ရင် ကိုယ့်အိမ်ကိုယ်ပြန်ကြ။”

   

“မင်းသူ့ကို သတ်ပစ်ရင်တောင် ငါတို့ကိစ္စမဟုတ်ဘူး။ ဟွမ်စစ်ကုံးကို အစိုးရရုံးကို တိုက်ရိုက်ပို့မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က သူ့ကို သွန်သင်မဆုံးမချင်သလို ကောင်းကောင်းလည်းမလုပ်နိုင်ဘူးလေ!”

 

ထိုဇနီးမောင်နှံကိုသိသူများက သူတို့သရုပ်ဆောင်နေတာကိုသိသည်။ ယင်းမှာ သူတို့သားလေးဟွမ်စစ်ကုံး​ကို ပြစ်ဒဏ်လျှော့ပေးလို့ရလိုရငြားဖြစ်၏။ ဟွမ်ဖခင်သာ သူ့သားကို တကယ်ရိုက်ချင်ရင် သူ့ဇနီးက တားလို့ရမှာတဲ့လား? သူက သူ့ဇနီးတားမှာကို သိသလျက်နဲ့လုပ်ခဲ့တာပင်။ သူတို့က တခြားသူများရှေ့မှာ လုပ်ခဲ့တာဖြစ်၍ ဘယ်သူမှ သူတို့ကို အပြစ်တင်တော့မှာမဟုတ်ပေ။ အဆုံးမှာ ဟွမ်ဇနီးမောင်နှံလိုချင်သောအရာမှာ ကိစ္စကိုမဖြေရှင်းပဲ လွှတ်ထားလိုက်ခြင်းဖြစ်၏။

 

ဤခြိမ်းခြောက်မှုအပြီးမှာ လင်မယားနှစ်​ယောက်က ရန်ဖြစ်တာကိုရပ်လိုက်ပြီး မြေပြင်ပေါ်မှာ ရှက်ရွံစွာထိုင်ချလိုက်သည်။

     

ဟွမ်မိသားစု၏ဇနီးက ဆွဲဆွဲငင်ငင်ငိုကြွေးလိုက်သည်။ “ခင်ဗျားလူတွေကို ဒီလိုအနိုင်ကျင့်လို့မရဘူး။ စစ်အာ…. မင်းအားမူကိုပြောပါ… သူတို့ကဒီလိုဝန်ခံဖို့ တွန်းအားပေးခဲ့တာလား? သူက တခြားသူတွေပိုက်ဆံရတာမြင်တော့ စိတ်ဖောက်ပြန်သွားတာပဲ။ ငါတို့အရမ်းဆင်းရဲလို့ ပိုက်ဆံမပေးနိုင်တာ ငါတို့ မိသားစုရဲ့အပြစ်ပါ။”

 

“ခင်ဗျားပြောတာအကျုံးမဝင်ဘူး။ ငါတို့က ငါတို့ရဲ့နောက်ဆုံးကျန်တဲ့သားလေးကိုတောင် မကာကွယ်နိုင်ခဲ့ဘူး။ ဒီကောက ရိုးသားမှုမရှိပဲ တစ်နေကုန် ယောကျာ်းတွေနဲ့ ပရော်ပရည်လုပ်နေတာ။ မဟုတ်ရင် ငါ့သားက သူ့အိမ်ထဲကို ခိုးဝင်ပါ့မလား? ဟမ်! သူက ကျောက်မိသားစု မောင်းထုတ်လိုက်တဲ့ အရှက်မရှိတဲ့ကောင်ပဲ။”

 

ဟွမ်စစ်ကုံးက ရံဖန်ရံကာ ညည်းတွာနေပြီး မြေပြင်ပေါ်မှာ မျက်နှာအုပ်ကာ လဲလျောင်းနေ၏။ သူက သူ့ကိုကာကွယ်ပေးရန် သူ့အားမူအား တိတ်တဆိတ်အချက်ပြနေ၏။

 



သူ့သား၏အပြုအမူမှာ မလျော်ကန်သလို သူ့လက်နှင့်ခြေကလည်း မသန့်ရှင်းဘူးလို့ ဟွမ်အားမူက မပြောခဲ့ပဲ သူက ထန်ချွန်းမင်ကိုသာ ညစ်ပတ်သည့်ရေများ လောင်းချခဲ့သည်။ ဤစကားသာမှန်ပါက ထန်ချွန်းမင်က ရွာသားများ၏ တံတွေးခွက်ထဲ နစ်မြုပ်သွားပေမည်။

   

ခြံဝင်းအတွင်းရှိလူများသည် အရူးတစ်ယောက်လို ဝုန်းဒိုင်းကြဲနေသော ဟွမ်အားမူကိုကြည့်နေသည်။ ဘယ်သူကမှ ဤကဲ့သို့အမှားအမှန်ကို ရှုပ်ထွေးနေမည်မဟုတ်ချေ။

  

ကျယ်လောင်သောပေါက်ကွဲသံက ဟွမ်အားမူ၏ လည်ချောင်းထဲက ငိုသံကို ဆို့နင်သွားစေပြီး အမျိုးသား၏တင်ပါးအောက်ရှိ ခွေးခြေခုံမှာ တစ်စစီကွဲသွားလေသည်။ လူအများက ကြောက်လန့်တ​ကြား နောက်ဆုတ်လိုက်တော့ လီဖုန်းထွက်ပေါ်လာခဲ့သည်။

     

မြေပြင်ပေါ်က အပိုင်းအစတွေကိုကြည့်လိုက်တော့ ရွာလူကြီးက သူ့ရင်ဘတ်ကိုပုတ်ချင်နေ၏။ သူ ၎င်းကို သေချာမမြင်လိုက်ရသလို ဖုန်းရှောင်ကျစ်က ထိုခွေးခြေခုံကို ဘယ်လိုခွဲလိုက်သလဲ သူမသိပေ။

   

သို့သော် သူက ဟွမ်ဖခင်ကို သနားစိတ်မရှိပါပေ။ သူနဲ့တန်သည်! သူ မင်ကောအာကို ဘယ်လောက်တောင်မုန်းနေလို့ ဒီလိုမဟုတ်မမှန်စွပ်စွဲရတာလဲ? သူသည်ကား ဖုန်းရှောင်ကျစ်နှင့် မင်​​ကောအာ၏ဆက်ဆံရေးကို အမြဲဆန့်ကျင်ခဲ့ပြီး မသက်မသာခံစားခဲ့ရသော်ငြား မင်ကောအာမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကလေးသာမရှိလျှင် သူဟာ အကောင်းဆုံးအိမ်ထောင်ဖက်ဖြစ်လာမှာကို သူသိသည်။.

   

ထို့အပြင် သူနဲ့ဖုန်းရှောင်ကျစ်ကြားမှာ ဘာတွေဖြစ်နေသည်ကို သူအတိအကျသိသည်။ ဖုန်းရှောင်ကျစ်က မင်ကောအာကို သဘောကျနေခဲ့တာသိသာသည်။ မင်ကောအာကတော့ ကျောက်မိသားစုမှ ခွဲထွက်ပြီးကတည်းက အိမ်ကထွက်တာရှားလေ၏။

 

ရက်စက်ကြမ်းကြုတ်သောလီဖုန်းက တစ်လှမ်းချင်းနီးကပ်လာသည်။ ဟွမ်စစ်ကုံးက တစ်ခုခုမှားယွင်းနေတာကိုသိသွားပြိး အပြင်ကို မသိမသာလှမ်းကြည့်လိုက်သည်။ သူက သေးပေါက်ချမိမတတ် ကြောက်နေမိသည်။ သူ့အားမူကလည်း ​ကြောက်လွန်းလို့ ခေါင်းထဲက မျက်လုံးကျွတ်ထွက်လာတော့မလို ဖြစ်နေ၏။ သူက ပုန်းအောင်းချင်သော်လည်း နောက်ဆုတ်ရန်နေရာမရှိပေ။ သူက တုန်တုန်ယင်ယင်ဖြင့် စကားပြောလိုက်သည်။ “မင်း…. မင်းဘာလုပ်ချင်တာလဲ…. ရွာလူကြီးနဲ့ အကြီးအကဲတွေ ဒီမှာရှိတယ်နော်။”

 

လီဖုန်း၏ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကြောင့် ရွာလူကြီးနှင့် အကြီးအကဲများပင် ထိတ်လန့်သွားကြသည်။ ရွာရှိတခြားလူများသည် သူတို့ လီဖုန်းနှင့် သွားရှုပ်လို့မရဘူးလို့တွေးကာ နောက်ဆုတ်လိုက်ကြသည်။ သူ့ဦးလေးပြောတာမှန်သည်။ ဤရက်စက်တတ်သည့်သူကို မင်ကောအာအား စောင့်ရှောက်ခွင့်ပြုလိုက်တာကောင်းသည်။

  

“ရွာလူကြီး… မျိုးနွယ်စုအကြီးအကဲ… ကျုပ်တို့ဖျင်ရှန်ရွာကို သနားညှာတာမှုပြချင်လို့ ကိစ္စကို ရွာတွင်းမှာ ကိုင်တွယ်ခွင့်ပြုခဲ့ပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်ကို ကြမ်းတမ်းအောင် တွန်းအားပေးခဲ့တယ်။”

  

“ဒါဆိုကောင်းပြီ… ဒါဆို သူ့ကို အစိုးရရုံးပို့ပြီး ညလယ်ခေါင်မှာ အိမ်ဖောက်ထွင်းမှုအတွက် ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်သင့်သလဲ အစိုးရကိုမေးလိုက်မယ်။ ပြီးတော့ ဟွမ်မိသားစုအစား ကျုပ်က ဒီခြေထောက်ကို ဂရုစိုက်ပေးမယ်။”

 

သူပြောပြီးသည်နှင့် ဟွမ်စစ်ကုံး၏ အကောင်းပကတိခြေထောက်အား ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။ အချိန်မီ မရှောင်လိုက်နိုင်သော ဟွမ်စစ်ကုံးက လူးလိမ့်ကာ ငိုကြွေးပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားလေသည်။ ဒီီလူသတ်သမားက သူ့​ခြေထောက်ကိုချိုးခဲ့တယ်!

 

ဟွမ်ဖခင်ရှေ့တိုးပြီး တစ်ခုခုပြောချင်နေတာကိုမြင်တော့ လီဖုန်းက သူ့ကိုအေးစက်စွာ စိုက်ကြည့်လိုက်ပြီး တားလိုက်သည်။ “ခင်ဗျားမလုပ်နိုင်လို့ ကျုပ်လုပ်လိုက်တာ! အစ်ိုးရရုံးမှာ တရားသွားစွဲလိုက်!”

   



ဟွမ်ဖခင်က စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။

   

ဟွမ်အားမူက အလားတူလှည့်ကွက်ကို သုံးချင်သော်လည်း သူက အလွန်ထိတ်လန့်ကာ တုန်လှုပ်နေ၏။

 

ရွာလူကြီးအိမ်အပြင်ဘက်မြင်ကွင်းက လူတွေနဲ့စည်ကားနေသည်။ တချို့လူတွေက ပွဲကြည့်ပြီး လောင်စာထပ်ထည့်နိုင်ရန် ​ဟွမ်ဇနီးမောင်နှံ ဇာတ်လမ်းထွင်မှာကို စောင့်မျှော်နေခဲ့သည်။

  

ထန်ချွန်းမင် ဤရွာမှာ ဆက်မနေလျှင် အကောင်းဆုံးဖြစ်၏။ သို့သော် သူတို့က ဤမြင်ကွင်းကိုမြင်ခဲ့ရပြီး လီဖုန်းက ခြံပြင်ကို အေးစက်စက်ကြည့်နေသည်ကို တွေ့လျှင် တချို့လူတွေက သူတို့အတွေးများပေါ်သွားပြီဟုတွေးကာ မလုံမလဲဖြစ်သွားလေ၏။ သူတို့က ဆက်မနေရဲတော့ပဲ အရှ​က်ကွဲကာ ထွက်ပြေးသွားကြ၏။

 

ထန်ချွန်းရုံထွ​က်လာပြီး ရွာလူကြီးနှင့် အကြီးအကဲများကို ဦးညွတ်ကာပြောလိုက်သည်။ “ကျွန်တော့်သဘောထားက အစ်ကိုလီဖုန်းနဲ့တူတူပါပဲ။ ကျွန်တော် ဖျင်ရှန်ရွာက လူတွေကို အရှက်မရစေချင်ဘူး။ အဲ့ဒါ​က ကျွန်တော်တို့ကျန်းရှန့်ရွာနဲ့ တစ်ရွာပဲဝေးလို့ ကျွန်တော်က တိတ်တဆိတ်ဖြေရှင်းချင်ခဲ့ပေမယ့် ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။”

     

သူက ဟွမ်မိသားစုကို လက်ညိုးထိုးက မကျိန်ဆဲနိုင်၍ နောက်ဆုံးတွင် မျက်နှာနီရဲသွားလေ၏။ “မင်းက မင်းအမှားကို ပြန်မသုံးသပ်ရုံတင်မကပဲ သူများကိုစွပ်စွဲခဲ့သေးတယ်။ မင်းက ငါ့အစ်ကိုကို သေအောင်ဖိအားပေးချင်မှတော့ အစိုးရနဲ့ ရင်ဆိုင်လိုက်တာပဲကောင်းတယ်။”

  

“ဒါက ညသန်းခေါင်မှာ ပြစ်မှုကျူးလွန်တဲ့ သူခိုးတွေရဲ့ အပြစ်လား ဒါမှမဟုတ် ငွေနည်းနည်းပဲရှာနိုင်တဲ့ လူတွေကို ပြစ်မှုကျူးလွန်မိအောင် တွန်းအားပေးနေတဲ့ တခြားမိသားစုတွေရဲ့အပြစ်လား? ရွာသူဌေးတွေနဲ့ မြို့သူဌေးတွေက သူတို့အတွက် စဥ်းစားပေးပြီးမှ ဥစ္စာရှာရမှာလား?

 

ထန်ချွန်းရုံက အလွန်ဒေါသထွက်နေသည်။ သူ့အစ်ကိုသာ အရင်ကလို စိတ်ပျော့ညံ့လျှင် ဤစကားလုံးများက သူ့အစ်ကိုကို ​သေအောင်တွန်းအားပေးလိမ့်မည်။ ထန်မိသားစု၏အမျိုးသားတစ်ယောက်နှင့် သူ့အစ်ကို၏ တိတိအဖြစ် သူက ငယ်နေသည့်တိုင် သူ့အစ်ကိုအတွက် တရားမျှတမှုရှာပေးရမည်။.

 

ခြံတွင်းနှင့်အပြင်ရှိ လူတွေက ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဤလူငယ်၏စကားက ကျိုးကြောင်းသင့်တယ်လို့ တွေးနေ၏။ တစ်ရွာတည်း၌ တချို့မိသားစုများက အတော်လေးချမ်းသာသည်။

    .



ဟွမ်စစ်ကုံးက ပစ္စည်းခိုးဖို့ အိမ်သို့ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်း မဟုတ်ပါပဲ ၎င်းသည် သေးငယ်သောခိုးမှုသာဖြစ်၏။ သူဖမ်းမိခဲ့လျှင်ပင် ဟွမ်အားမူက ငိုယိုပြပြီး​ ဤကိစ္စကို လိုက်နာဖို့ဆန္ဒမရှိခဲ့ပေ။