Cahpter 43.3
ဟွမ်စစ်ကုံးမှာ ညီအစ်ကိုသုံးယောက်ရှိပေမယ့် အသက်ရှင်ကျန်ရစ်သူမရှိတော့တာကြောင့် သူက မိသားစုထဲမှာ တစ်ဦးတည်းရှိ၍ အလွန်ပျက်စီးနေလေ၏။ အစပိုင်းမှာတော့ သူက နည်းနည်းအပျင်းထူပေမယ့် တခြားသော ကြီးကြီးမားမားပြဿနာမရှိပေ။ သူက အတော်လေးကြည့်ကောင်းတာကြောင့် ကောတစ်ယောက်ရှာဖို့ အသက်ကြီးနေသည့်တိုင် ကျန်းလန်ဟွာက သူ့ကို သဘောကျဆဲပင်။
ကျန်းလန်ဟွာကိုယ်တိုင်က ဟွမ်စစ်ကုံးကို အရင်ရွေးချယ်ခဲ့တာဖြစ်ပြီး သူ့မိသားစုကို အောင်သွယ်တော်လုပ်ပေးစေချင်ခဲ့သည်။ သို့သော် ကျန်းလန်ဟွာ၏မွေးမိသားစုက ဖျင်ရှန်ရွာတွင် လှည့်ပတ်မေးမြန်းခဲ့ရာတွင် သူတို့က ပျင်းရိသောဟွမ်စစ်ကုံးကို သိပ်သဘောမကျခဲ့ပေ။
ထိုအစား သူတို့က လက်ရှိဟန်ကျိမိသားစုကို နှစ်သက်ကြသည်။ သူတို့မိသားစုက ဟွမ်စစ်ကုံးမိသားစုထက် ပိုအဆင်ပြေသည်။ ကျန်းလန်ဟွာ၏ခုခံမှုက အချည်းနှီးဖြစ်သွားပြီးနောက် သူက သူ့လက်ရှိခင်ပွန်းဖြစ်သူကို လက်ထပ်ခဲ့ရသည်။
ယခုမူ ဟွမ်စစ်ကုံးသည် ကျန်းလန်ဟွာအပေါ် ခံစားချက်ရှိမရှိကို မည်သူမှမသိပေ။ ကျန်းလန်ဟွာက ရှင်းသန့်သောရုပ်ရည်ဖြင့် ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းသည်။ ဟွမ်စစ်ကုံး အိမ်ထောင်ကျသွားပေမယ့် သူ့ဇနီးက မီးဖွားရန် အခက်အခဲရှိပြီး ကလေးမွေးဖွားပြီးနောက် ဆုံးပါးသွားခဲ့သည်။ ယခုဟွမ်စစ်ကုံးသည် ကလေးတစ်ယောက်နှင့် မုဆိုးဖိုဖြစ်လာပြီး ယင်းက သူ နောက်အိမ်ထောင်ပြုဖို့ ပို၍ပင်ခက်ခဲသွားခဲ့သည်။
ဘာလို့လဲ? ၎င်းမှာ ဟွမ်စစ်ကုံး၏မိဘများက သူတို့သားလေးကို တုန်နေအောင်ချစ်၍ ဟွမ်စစ်ကုံးက ပျင်းရိနေလို့ဖြစ်သည်။ သူ သူ့ဇနီးနဲ့ လက်ထပ်ပြီးနောက်မှာ သူသည် အိမ်နှင့်အပြင်ကိစ္စအလုံးစုံကို သူ့ဇနီးထံတွန်းပို့ခဲ့သည်။
ရွာသားများ၏အမြင်တွင် ထိုလူက ဟွမ်မိသားစု၏ လူမဆန်အောင် နှိပ်စက်ခံခဲ့ရသည့် သနားစရာကောလေးတစ်ယောက်ဖြစ်၏။ ထို့အပြင် ဟွမ်စစ်ကုံးက ရုပ်ဆိုးသော သူ့ဇနီးကိုမချစ်ပေ။ သူ့ဇနီး အိမ်မှာအလုပ်လုပ်နေစဥ် သူသည် ရွာပြင်က တခြားကောများနှင့် ရှုပ်လေ့ရှိသည်။
တစ်ခေါက်ကဆိုလျှင် တခြားရွာမှ အမျိုးသားတစ်ယောက်က သူ့အား ဖျင်ရှန်ရွာထိ လိုက်ရိုက်ခဲ့သည်။ ရွာလူကြီးက ပြန်လည်ဖြေရှင်းပေးသည့်အချိန်တွင် ဟွမ်မိသားစုက လျော်ကြေးအနည်းငယ်ပေးပြီး ပြေလည်သွားခဲ့သည်။
ယခုမူ သူ့ဇနီးဆုံးပါးသွား၍ သူ့မှာ စကားပြောစရာ တခြားကောများ မရှိတော့ပေ။ ဟွမ်စစ်ကုံးက သူ့နေရက်များကို ပျင်းရိပျင်းတွဲဖြတ်သန်းရင်း ပို၍ပင် ရမ်းကားလာခဲ့သည်။ မြေးလေးတစ်ယောက်ရှိသည့် လူအိုကြီးနှစ်ယောက်က သူ့ကို မထိန်းချုပ်နိုင်ခဲ့သလို မိသားစုကလည်း ပိုက်ဆံမစုနိုင်ခဲ့ပေ။ သူတို့မှာရှိသမျှငွေများကို ဟွမ်စစ်ကုံးက သိမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖြုန်းတီးကာ အဘိုးကြီးတွေဆီမှ ထပ်တောင်းလေ့ရှိသည်။
သူ ဤမျှလောက်ဆိုးမည်ဟု ထန်ချွန်းမင်မထင်ထားခဲ့ပေ။ အမှန်တိုင်းဆိုရသော် သူ့မိဘများမှာ တာဝန်ရှိသည်။ သူတို့က သူတို့သားကို အလိုလိုက်ထားပြီး သူအမှားလုပ်သည့်အခါ အချိန်မီမတားဆီးကြ၍ သူ့အကျင့်စရိုက်က တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး အဆုံးမှာ သူက နာမည်ဆိုးနဲ့ကျော်ကြားလာခဲ့သည်။ သနားစရာကောင်းသည့် လူများက သေဆုံးသွားသည့်ဇနီးနှင့် ကျန်ရစ်ခဲ့သည့် ကလေးဖြစ်၏။
ရွာလူကြီးက လတ်တလော ကံမကောင်း အကြောင်းမလှစွာဖြင့် သူ့ဆီမှာ တစ််ခုပြီးတစ်ခုဖြစ်ပေါ်နေသည်။ အစပိုင်းတွင် ကျောက်မိသားစုက လူများသည် မြို့ကိုသွားပြီး တရားမျှတမှုကိုရှာပေးရန် ညသန်းခေါင်မှာ လာနှိုးခဲ့သည်။
ညဆိုလျှင် ကောင်းကောင်းအိပ်ရတာရှားသည့် ရွာလူကြီးက ဒေါသူပုန်ထသွားခဲ့သည်။ သူက အပြင်ကလူတွေကိုဆူဖို့ ဆုံးဖြတ်လိုက်ပြီး ညသန်းခေါင်က လူအိပ်ချိန်လို့ ပြောချင်ခဲ့သည်။ တစ်ခုခုဖြစ်လျှင် နက်ဖြန်မနက်မှဆွေးနွေးလို့ရသည်။
သို့သော် သူ တံခါးဖွင့်ပြီး ဖုန်းလောင်ကျစ်၊ တာရှန်နှင့် အကျွမ်းတဝင်ရှိလှသော ကလေးတစ်ယောက်ကိုတွေ့လိုက်ရာ ရွာလူကြီးရင်ထဲက ဒေါသမှာ သိသိသာသာ လျော့သွားလေသည်။ တာရှန်က အကြောင်းစုံကို သေချာရှင်းပြပြီးနောက် ရွာလူကြီး၏ ငြိမ်းသွားသော ဒေါသများ ထပ်ပေါ်လာခဲ့သည်။
ဟွမ်စစ်ကုံး… မင်းက ပြဿနာထပ်ရှာလိုက်ပြန်ပြီ! အရင်က မင်းကိုအရေးမယူတာ မင်းမိသားစုက ဒီလိုအသက်အရွယ်နဲ့ တောင်းပန်ခဲ့ပြီး မင်းနဲ့သနားစရာကောင်းတဲ့ဇနီးကြောင့် လွှတ်ပေးခဲ့တာလေ။ အခု မင်းက သေချင်နေတာပဲ! ဒီတစ်ကြိမ်တော့ မင်းကို ဘယ်သူမှမကယ်နိုင်တော့ဘူး!
“ဟွမ်စစ်ကုံး… မင်းက အရမ်းတော်တာပဲ… အသက်ရှင်ရပင်ပန်းနေပြီလား?” ရွာလူကြီး၏မျက်လုံးက ဟွမ်စစ်ကုံး၏ခန္ဓာကိုယ်ကို အပေါက်ဖောက်ချင်နေသည့်အလား ဒေါသူပုန်ထနေသည်။
ရှန်းဖူလန်က အဝတ်အစားလဲပြီး ရောက်လာသည်။ သူက တစ်ခုခုကို ယောင်ဝါးဝါးကြားလိုက်ရပြီး သူမြင်လိုက်ရသော အခြေအနေကြောင့် လန့်ဖျပ်သွားခဲ့သည်။ “ဒါဟွမ်စစ်ကုံးလား? သူက ညသန်းခေါင်မှာ မင်ကောအာရဲ့အိမ်ကို သွားခဲ့တာလား?!” သူ့အသံက စူးရှပြီး ဒေါသကိုပြနေခဲ့သည်။ ထို့နောက် သူက စိုးရိမ်တကြီးမေးလိုက်သည်။ “မင်ကောအာ အဆင်ပြေရဲ့လား?”
“ကျွန်တော့်အစ်ကို အခုအိမ်မှာရှိတယ်။ မိုးလင်းရင် သမားတော်နဲ့စစ်ဆးခိုင်းလိုက်ပါမယ်။ ရွာလူကြိးက သူ့ကိုဂရုစိုက်ပေးလို့ သူအခုလို အေးချမ်းတဲ့ဘဝရလာတာလို့ ကျွန်တော့်အစ်ကိုဆီက ကြားခဲ့တယ်။”
“ချွန်းရုံက ကျွန်တော်အစ်ကိုကိုယ်စား ရွာလူကြီးနဲ့ ရှန်းဖူလန်ကို ကျေးဇူးတင်ပါတယ်။” ထိုအချိန်တွင် ဟွမ်စစ်ကုံးရောက်လာပြီး ရွာလူကြီးနှင့် သူ့ဇနီးကို ဦးညွတ်လိုက်သည်။
ရွာလူကြီးက အကျွမ်းတဝင်ရှိလှသော ကောင်လေးကို မှတ်မိသွားသည်။ မှောင်နေဆဲဖြစ်ပြီး သူတို့က ခဏခဏမတွေဖူးတာကြောင့် မြင်မြင်ချင်းမမှတ်မိနိုင်ခဲ့ပေ။ ယခု သူ၏အတွင်းစိတ်က အော်ဟစ်လိုက်လေသည်။
နောင်တွင် ပြဿနာရှာခြင်းမှကာကွယ်ရန် ဟွမ်စစ်ကုံးကို ယခုချက်ချင်း သတ်ပစ်လိုက်ချင်သော်လည်း ယခုမူ တခြားရွာက လူတစ်ယောက်က ကြားဝင်စွက်ဖက်လာသဖြင့် သူ ဤကိစ္စကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ဖို့ လိုလာသည်။ မဟုတ်လျှင် ထန်မိသားစုက သူ့ကို အလွတ်ပေးမှာမဟုတ်ပေ။
ရွာလူကြီးက ခေါင်းကိုက်လာသည်။ ဟွမ်စစ်ကုံးတစ်ယောက်တည်းဆိုလျှင် ကိုင်တွယ်ရလွယ်လိမ့်မည်။ သို့သည်တိုင် ပြဿနာမှာ သူ့နောက်ရှိ လူအိုကြီးစုံတွဲဖြစ်၏။
ငိုယိုတောင်းပန်ကာ သနားစရာမြေးငယ်လေးကို ခေါ်လာပါက တစ်ယောက်ယောက်က သူတို့ဘက်လိုက်ပြီး ပေါ့ပါးသည့်ပြစ်ဒဏ်ပေးဖို့ သေချာပေါက်ပြောလိမ့်မည်။ ယခင်တစ်ခေါက်က သူသည်ကား ဖိအားများစွာကို ခံခဲ့ရပြီး ငွေပေးပြီးဖြေရှင်းရန် ဟွမ်မိသားစုအား ဖိအားပေးခဲ့ရသည်။
ကလေးက ယဥ်ယဥ်ကျေးကျေး ပြောနေသော်လည်း သူ၏သွယ်ဝိုက်ထားသော ဆိုလိုရင်းက သိသာသည်။ သူဟာ သူ့အစ်ကိုအတွက် တရားမျှတမှုရှာဖို့ ဆုံးဖြတ်ထား၏။
ရွာလူကြီးက မိုးမလင်းခင် ဖြေရှင်းဖို့ ဆုံးဖြတ်ထားသည်။ ဟွမ်စစ်ကုံး၏ဝန်ခံမှုနှင့် ငြင်းဆိုလို့မရသောသက်သေအဖြစ် ဟွမ်စစ်ကုံးက ဤတစ်ကြိမ်မှာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူ အသက်ရှင်လျက် အရေခွံမခွာခံရမချင်း ရပ်တန့်သွားမည်မဟုတ်။
လီဖုန်းဝင်လာပြီးနောက် သူကိုင်ထားသောလူကို အောက်ပစ်ချလိုက်သည်။ ထိုအချိန် ရွာသူကြိးက ဟွမ်စစ်ကုံးကို ဒေါသတကြီးကန်လိုက်သော်လည်း မြေပြင်ပေါ်မှလူ၏ နာကျင်စွာညည်းတွားသံနှင့် သွေးရနံ့ကိုရလိုက်သည်။ သူက တုန်လှုပ်သွားပြီး လီဖုန်းက လူရိုင်းများကို သတ်ခဲ့ကြောင်း သတိရသွားသည်။
ယခုတော့ သူ့အချစ်ဆုံးဖြစ်သည့် မင်ကောအာက စော်ကားခံလိုက်ရ၍ သူ ဟွမ်စစ်ကုံးကို မည်သို့လွတ်ပေးမည်နည်း။ ဘယ်သူမှ သေသွားလို့မရပေ။ သူက ဟွမ်စစ်ကုံး၏အခြေအနေကို စစ်ဆေးကာ သူ့ပါးစပ်မှ အဝတ်စကိုထုတ်ယူလိုက်သည်။
ဟွမ်စစ်ကုံးက ရုတ်တရက် ထအော်သည်။ “ငါ့ခြေထောက်…. ကျိုးသွားပြီ… ကျိုးသွားပြီ… သမားတော်ခေါ်ပေးပါ…. သမားတော်ခေါ်ပေးပါ… အရမ်းနာတယ်။”
ရွာလူကြီးက သူ့ခြေထောက်ကိုကြည့်ကာ သူ့ခြေထောက်တစ်ဖက် လိမ်သွားတာကို ယောင်ဝါးဝါးမြင်လိုက်ရပြီး သူ့ဘောင်းဘီတွင် သွေးထွက်နေသော စိုစွတ်မှုအမှတ်အသားရှိနေသည်။ သူ ဟွမ်စစ်ကုံးကိုမုန်းသော်လည်း သမားတော်ခေါ်ပေးဖို့လိုသည်။ သူက မတ်တပ်ထရပ်ပြီး လီဖုန်းနှင့် တခြားသူတွေကိုပြောလိုက်သည်။ “ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ငါ လူကြီးတွေကိုခေါ်ပြီး သေချာဆွေးနွေးမှာပါ။ ငါတို့ဟွမ်စစ်ကုံး လုံးဝလွှတ်မပေးတော့ဘူး။ ဒါပေမယ့် အခု သူ့ခြေထောက်ကို သမားတော်ပြပေးရမယ်… မဟုတ်ရင်…”
သူက အော်ဟစ်နေသော ဟွမ်စစ်ကုံးကို စက်ဆုပ်ဖွယ်ကြည့်လိုက်သည်။ မဟုတ်ပါက ဟွမ်စစ်ကုံးတစ်ခုခုဖြစ်သွားလျှင် သူပြစ်တင်ခံရလိမ့်မည်။ နောက်ဆုံးအဖြစ်အပျက်က ဖျင်ရှန်ရွာကို အရှက်ရစေခဲ့သည်။
ရှန်းဖူလန်ကလည်း ဟွမ်စစ်ကုံးကို စက်ဆုပ်သလိုကြည့်ကာ လျှောက်ထွက်လာပြီး ပြောလိုက်သည်။ “ကျွန်တော် သူ့ကို သွားခေါ်လိုက်မယ်။ ဟူလန်ကျုံးက မင်ကောအာရဲ့အခြေနေကို စစ်ဆေးဖို့ အချိန်ကောင်းပဲ.. မိုးလင်းတဲ့ထိစောင့်စရာမလိုဘူး။”
“ ကျေးဇူးပါ…ရှန်းဖူလန်” ထန်ချွန်းရုံက ကျေးဇူးတင်စကားပြောလိုက်သည်။ ရွာလူကြီးက သူ့အစ်ကိုဘက်ကလို့ ပြောလို့ရသည်။
ထိုညက လူတော်တော်များများနိုးလာပြီး ကောင်းကောင်းအိပ်မပျော်ခဲ့ကြပေ။ ရွာတွင် ခွေးမွေးထားသော မိသားစုရာကျော်ရှိ၍ ထန်ချွန်းမင်အိမ်မှ ဆူညံသံများက ညသန်းခေါင်တွင် ဟောင်တတ်သည့် တခြားမိသားစု၏ခွေးများကို ထိတ်လန့်စေခဲ့သည်။ ထန်ချွန်းမင်၏ အိမ်အနီးတွင် နေထိုင်သူများက ပို၍ပင် သတိရှိကြသည်။
တချို့က ညသန်းခေါင်မှာနိုးလာပြီး ရုတ်ရင်းဆန်ခတ်ဖြစ်မှုကို တွေ့လိုက်ရသည်။ ထန်ချွန်းမင် ညဘက်မှာ လုယက်ခံရကြောင်း သူတို့သိသည်။ သို့သော် သူခိုးမိသွားပြီဖြစ်၍ လူအများစုက ပြန်အိပ်ကြပြီး မိုးလင်းသည်အထိ စောင့်ဆိုင်းခဲ့ကြသည်။ သို့ပေမယ့် တချို့သော သဘောကောင်းသူများက ညသန်းခေါင်မှာ ရွာလူကြီးအိမ်ကို လိုက်သွားခဲ့ကြသည်။
မနက်မိုးလင်းတော့ ရွာရှိလူအများစုက နိုးထလာပြီး သူတို့၏အလုပ်များသောနေ့ကို စတင်ကြသည်။
ဟူလန်ကျုံးက ထန်ချွန်းမင်၏သွေးခုန်နှုန်းကို လာရောက်စစ်ဆေးခဲ့ပြီး ဆောင်ရန်ရှောင်ရန်များကို ပြောပြီးနောက် အနားယူခိုင်းခဲ့သည်။ ထန်ချွန်းမင်က ကျန်းရှို့၏အကြံဉာဏ်အတိုင်း အိပ်ရာဝင်ခဲ့ပါ၏။
ဤသည်မှာ လီဖုန်းရောက်ရှိနေခြင်းကြောင့် သူစိတ်သက်သာရာရခဲ့ခြင်းဖြစ်သည်။ အိပ်ရာမဝင်ခင်က သူက သူ့ညီလေးအားရုံကို စောင့်ရှောင်ပေးဖို့ ကျန်းရှို့အား မှာခဲ့သည်။ ဖြစ်ပျက်ပြီးနောက် အားရုံက အချိန်မီ ကျောင်းတက်နိုင်ပါ့မလား သူမသိပေ။
ထို့ကြောင့် နေမြင့်လာသောအခါ ထန်ချွန်းမင်က အိပ်မောကျသွားခဲ့ပြီး အိပ်ရေးဝနေသော အားလင်းက သူ့အားမူဘေး လဲလျောင်းကာ အိပ်ရာထမည့် အရိပ်အယောင်မရှိပေ။
တာမောင်းနှင့် အာမောင်းက မနက်စောစောထလာပြီး သူတို့မိဘတွေကို အကြာကြီးလိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ပေ။ သူတို့က အပြင်ကို ပြေးထွက်သွားပြီး မင်အားမော့၏တံခါးဝတွင် ရပ်ကာ သူတို့ကို လက်ပြနှုတ်ဆက်နေသော အားမူကို တွေ့လိုက်ရသည်။
ရွာလူကြီးအိမ်တွင် လူများစွာစုဝေးနေပြီး မိုးလင်းသည်နှင့်တစ်ပြိုင်နက် ထန်ချွန်းမင်၏အိမ်ထဲကို သူခိုးဝင်လာသည့် သတင်းပျံ့နှံ့သွားသည်။
လူတိုင်းက ခြံဝင်းထဲမှာစုကာ ဟွမ်စစ်ကုံး၏ဒဏ်ရာများကို ဟူလန်ကျုံးက စစ်ဆေးပေးပြီး အရိုးဆစ်ကို ပြုပြင်ပေးခဲ့သည်။ ဟွမ်စစ်ကုံးက ခြံလယ်ရှိကုတင်ပေါ် ပစ်တင်ခံလိုက်ရပြီး ဘယ်သူကမှ သူ့ကို အိမ်ထဲမသယ်သွားပဲ အနားယူဖို့သာ ပြောခဲ့သည်။ ဒဏ်ရာကို စစ်ဆေးပေးသရွေ့တော့ ကောင်းပါ၏။ တစ်ညလုံးနှိပ်စက်ခံရပြီးနောက် ဟွမ်စစ်ကုံး၏မျက်နှာက ဖြူဖျော့လာခဲ့သည်။
ဖြစ်ပျက်ခဲ့တာကိုသိပြီးနောက် ဟူလန်ကျုံးက အရိုးဆက်ခြင်းလုပ်ငန်းစဥ်တွင် သူ့ကို မညှာခဲ့ပေ။ ဟွမ်စစ်ကုံး၏အော်သံက အိမ်နီးနားချင်းများကို နိုးစေခဲ့ပြီး လူတစ်ချို့က မေးမြန်းရန် ရွာလူကြီးအိမ်ကိုရောက်လာခဲ့သည်။
ဟွမ်မိသားစုမှ လင်မယားက သူ့သား၏အခြေအနေကို သိသွားခဲ့သည်။ သူက သူ့မြေးလေးကို ရွာလူကြီးအိမ်သို့ ခေါ်လာခဲ့ပြီး အိမ်ထဲဝင်တာနဲ့ အော်ဟစ်ငိုကြွေးတော့သည်။ “ရွာလူကြီး… ကျုပ်ရဲ့သားဘာဖြစ်သွားတာလဲ? ခြေထောက်တွေ ဘယ်လိုကျိုးသွားတာလဲ? ဘယ်ခွေးကောင်က အကြင်နာတရားမဲ့ရတာလဲ? ဘယ်သူငါ့သားကို ခြေထောက်ချိုးသွားတာလေ။ ရွာလူကြီး…. ခင်ဗျား ကျုပ်သားလေးကို ဂရုစိုက်ပေးပါ။ သူ ဒီနှစ်တွေမှာ အရမ်းခက်ခဲခဲ့တာ။ ဒီခွေးက ငါ့သားလေးကို ရက်အနည်းငယ်လောက်တောင် အေးဆေးနေခွင့်မပေးဘူးပဲ… ငါရဲ့ သနားဖို့ကောင်းတဲ့မြေလေးကို ဘာလုပ်ရတော့မလဲ…”
သက်ကြီးရွယ်အိုတချို့က ဒေါသထွက်ပြီး မုတ်ဆိတ်များပင် ထောင်လာသည်။ အမှားအမှန်မခွဲခြားတတ်သော လူတစ်စုနှင့်တွေ့သည့်အခါ သူတို့ကိုသူတို့ ရှင်းပြရခက်လေသည်။ ဟွမ်မိသားစုမှ ဇနီးမောင်နှံနှစ်ဦးက အစောပိုင်းထဲက ဟွမ်စစ်ကုံးကိုဆုံးမရန် ဆန္ဒရှိခဲ့ပါက ဟွမ်စစ်ကုံး ယခုလို ရမ်းကားနေမှာမဟုတ်ပေ။
“ပိတ်ထားစမ်း!” ရွာလူကြီးက သနားညှာတာမှုမရှိ အော်လိုက်လေသည်။ “မင်းရဲ့ကလေးကို ညသန်းခေါင်မှာ ဘယ်သွားမလဲ မမေးခဲ့ဘူးလား? မင်းအိမ်မှာငြိမ်ငြိမ်နေရင် ဘယ်သူက မင်းအိမ်ထဲဝင်ပြီး မင်းခြေထောက်တွေကို ချိုးမှာလဲ? အရင်တစ်ခေါက်ကလည်း မင်းရဲ့ကလေးကို သေချာထိန်းဖို့ ငါပြောခဲ့တယ်။သူထပ်ပြီး အမှားလုပ်ရင် ဘယ်သူမှအသနားခံလို့မရဘူး။”
“အဲ့ဒီတုန်းက မင်းငါ့ကို ဘယ်လိုကတိပေးခဲ့လဲ? ကံကောင်းတာက ဘာမှမဖြစ်လို့ပေါ့ မဟုတ်ရင် မင်းရဲ့ကလေးကိုတွေ့ဖို့ မင်းယာမန်ကို သွားနေရလောက်ပြိ!”
ယုတ္တိမတန်သည့် လူများကို ရွာလူကြီးက ဘယ်လိုကိုင်တွယ်ရလဲသိသည်။ သူ၏နောက်ဆုံးစကားက ဟွမ်ဇနီးမောင်နှံကို ထိတ်လန့်သွားစေသည်။
ထို့နောက် ဟွမ်မိသားစုမှ ဇနီးမောင်နှံသည် ရွာလူကြီးနှင့် သက်ကြီးရွယ်အိုတချို့၏ ဖော်ရွေခြင်းမရှိသည့် မျက်နှာများကို တွေ့လိုက်ရသည်။ သူတို့သားလေး ဘာလုပ်ခဲ့လဲ သူတို့သေချာမသိပေ။ လူတစ်ယောက်က သူ့သားလေး ခြေထောက်ချိုးခံရလို့ ရွာလူကြီးအိမ် မြန်မြန်သွားဖို့သာပြောခဲ့သည်။
သို့ဖြစ်၍ သူတို့က ချက်ချင်းရောက်လာကြသည်။ သူတို့က အစပြုခြင်း၏နိယာမကို နားမလည်သော်လည်း ပြဿနာပိုကြီးလေ အပြစ်ကျူးလွန်သူက ပြစ်ဒဏ်ပိုခံရလေဆိုသည်ကို နားလည်သည်။ သူတို့သားလေးကို ခြေထောက်ချိုးခဲ့တဲ့ လူဆိုးကို ဘယ်လိုအလွတ်ပေးနိုင်မှာလဲ?
မထင်မှတ်ထားသည်မှာ ကိစ္စက သူတို့တွေးထားသည်နှင့် လုံးလုံးကွဲပြားနေသည်။ ဟွမ်စစ်ကုံး၏အားမူက လန့်ဖျပ်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော သားဖြစ်သူထံပြေးသွားခဲ့သည်။ သူက ကြမ်းပြင်ပေါ်သို့ တွန်းခံလိုက်ရသော သူ့မြေးလေးကိုပင် ဂရုမစိုက်ပေ။ ဟွမ်စစ်ကုံး၏ဖခင်က သူ့မြေးကို ထူပေးပြီး ဘေးမှာထားခဲ့သည်။
ဟွမ်စစ်ကုံး၏အားမူက သူ့သားကို လက်နှစ်ဖက်ဖြင့်ရိုက်ကာ ဆူပူလိုက်သည်။ “မင်းအသုံးမကျတဲ့ကလေး… မင်းဘာလုပ်ခဲ့လဲ အားမူကိုပြောပြစမ်းပါ… တစ်ခုခုမှားသွားရင် ဒီမှာရှိတဲ့လူကြီးတွေကို တောင်းပန်လိုက်။”
“ဘာခက်လို့လဲ? ငါတို့ဟွမ်မိသားစုက မျိုးနွယ်စုရဲ့ အထောက်အပံ့မရှိတဲ့ မိသားစုသေးသေးလေးဆိုပေမယ့် ဖျင်ရှန်ရွာကတော့ အဲ့လိုမဟုတ်ဘူး။ အားလုံးက ကျိုးကြောင်းဆီလျော်ပြီး မင်းမှာတစ်ခုခုပြောစရာရှိရင် မင်းရဲ့အားမူနဲ့ ရွာလူကြီးတွေကို ပြောပါ။ မင်းက မင်းအားမူကို ဒေါသထွက်ပြီး သေစေချင်တာလား?”
“မင်းဘာတွေပြောနေတာလဲ? အဘိုးကြီးဟွမ်? ငါတို့ဖျင်ရှန်ရွာက တခြားမျိုးနွယ်စုတွေကို အနိုင်ကျင့်တယ်လို့ ပြောချင်တာလား? မင်းရှင်းရှင်းပြောစမ်း… ငါတို့ရွာက မင်းရဲ့ကလေးကို ဒီနေ့အပြစ်ပေးရင် ငါတို့က တခြားမျိုးနွယ်စုက မင်းတို့လိုလူတွေကို အနိုင်ကျင့်တယ်လို့ ဆိုလိုတာလား?”
ခြံထဲကတစ်ယောက်က ဟွမ်စစ်ကုံးအားမူ၏စကားကို ကြားသွားပြီး စိတ်မသက်မသာဖြစ်ကာ ချက်ချင်းဆိုသလိုပင် တန်ပြန်ထိုးနှက်ခဲ့သည်။
“ဟုတ်တယ်. .မင်းရဲ့ သားက ညသန်းခေါင်ကြီး သူများအိမ်ထဲခိုးဝင်တာ ကျိုးကြောင်းသင့်သလား? ပြောစမ်းပါ… ဟွမ်စစ်ကုံး ဒီနှစ်တွေမှာ ကောင်းတာလုပ်ခဲ့တာရှိသလား? ဟွမ်စစ်ကုံး ဒီအခြေအနေကိုရောက်လာတာ မင်းကြောင့်ပဲ။ မင်းက ကလေးကို ဒီလိုသွန်သင်ခဲ့တာ။ မင်းက ဟွမ်မိသားစုနဲ့ မတန်ဘူး။”
သူတို့အားလုံးက ကျေးလက်သား ကောများဖြစ်ပြီး နေ့စဥ်အသေးအဖွဲရန်ဖြစ်မှုများတွင် သူတို့နှုတ်က ဓားသွားအလား ထက်ရှသည်။ ဟွမ်စစ်ကုံး၏အားမူက ဒေါသထွက်လွန်းလို့ ဆူညံပူညံလာပြောနေသည့် ထိုလူ၏မျက်နှာကို ကုတ်ဆွဲပစ်ချင်နေသည်။
“ရွာလူကြီး…. မျိုးနွယ်စုအကြီးအကဲတို့…. ဒီတစ်ကြိမ်တော့ ကလေးဖေဖေရဲ့ချစ်ခြင်းမေတ္တာကြောင့် ခွင့်လွတ်ပေးလိုက်ပါ။ ရွာလူကြီး… ကလေး အမှားလုပ်မိရင်ပြောပါ။ နောက်နောင် ပြဿနာမရှာအောင် သူ့ခြေထောက်တစ်ဖက်ကို ကျုပ်ရိုက်ချိုးလိုက်ပါမယ်။”
ဟွမ်မိသားစု၏အိမ်ထောင်ဦးစီးက ရုတ်တရက်ဒူးထောက်ကာ ကောင်းကင်နှင့် မြေကြီးကို လက်ညိုးညွှတ်ပြလိုက်သည်။